Chapter - 35
(တိုက်ပွဲ)
B3 စွန့်ပစ်ကြယ်သည် ဖက်ဒရေးရှင်း၏ မြို့တော်နှင့် သိပ်မဝေးဘဲ တောင်တန်းများနှင့်ပြည့်နေသောကြောင့် ပုန်းခိုရန် အလွန်အဆင်ပြေသည့်နေရာ ဖြစ်သည်။
အနီရောင်အင်္ကျီကို ဝတ်ဆင်ထားသောလူသည် သစ်ပင်တစ်ပင်ကို မှီ၍ရပ်နေသောကြောင့် သစ်ပင်၏အရိပ်သည် ထိုလူ၏အရိပ်နှင့် တစ်ထပ်တည်းကျနေလေသည်။ သူ၏အနောက်တွင် ကောင်းကင်ပေါ်သို့ ပျံသန်း၍ရသည့် ယာဥ်အမျိုးအစားပေါင်းများစွာရှိနေပြီး ပင်လယ်ဓါးပြ အများစုလည်းရှိနေကာ သူတို့သည် အုပ်စုလိုက်ဝိုင်းဖွဲ့၍ သားကောင်ကို မီးကင်၍စားနေကြသည်။
ထိုအချိန်တွင် ထိုလူက သူ့ဓါးပေါ်ရှိသွေးများကို သုတ်နေလေသည်။ သွေးများဖြင့် စွန်းထင်းနေသော ဓါးအားသန့်စင်ရန် လက်ကိုင်ပဝါတစ်ထည်ကိုသာသုံးနေခြင်းဖြစ်ပြီး ထိုသူ၏မျက်နှာတွင် အပြုံးတစ်ခုရှိနေသည်။
ထိုဓားကို အဖိုးတန်ဆုံးနှင့် အရှားပါးဆုံးသော ငွေထည်အမျိုးအစားဖြင့် ပြုလုပ်ထားပြီး ထိုကဲ့သို့သောဓါးမျိုးကို ပင်လယ်ဓားပြခေါင်းဆောင် ချင်းယင် သာလျှင် ပိုင်ဆိုင်နိုင်လေသည်။
"ဘာလို့ မဆေးပစ်လိုက်တာလဲ"
ချင်းယင်က လုပ်လက်စအလုပ်ကို ခဏရပ်ပြီး နောက်လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ မျက်နှာကိုလည်း အဝတ်ဖြင့် ကာထားသောကြောင့် သူမ၏မျက်နှာအားရှင်းရှင်းလင်းလင်း မမြင်ရပေ။
"ဆေးလိုက်ရင် နှမြောစရာကြီးလေ"
ချင်းယင်က ပြုံးလိုက်ပြီး ထပ်ပြောလိုက်သည်။
"ဒီသွေးတွေက အဖွဲ့ချုပ်ရဲ့ ဗိုလ်မှူးကု ...သူ မသေခင် နောက်ဆုံး အသက်ရှူသံတွေစွန်းထင်းနေတာဆိုတော့...ဆေးပစ်လိုက်ရမယ်ဆိုရင် နည်းနည်း နောင်တရစရာများဖြစ်နေမလားလို့..."
ထိုအမျိုးသမီးက ခေါင်းငုံ့ကာ ပြောလိုက်သည်-
"ကုရှင်းချီ သေခါနီးအခြေအနေရောက်နေပြီလို့ ကျွန်မတို့ သတင်းရထားပါတယ်...အခု အဖွဲ့ချုပ်ကလည်း ကမောက်ကမဖြစ်နေပြီးတော့ အခု ကိစ္စမှာ ကျောင်းမြန်လည်း ပါနေပါတယ်"
အမျိုးသမီးက ရှေ့သို့တိုးကာ ရွှေတွေ အပြည့်ပါသောအိတ်ကို ချင်းယင်ရှေ့သို့ ချပေးလိုက်လေသည်။
"ဒါက ကုရှင်းချီကို သတ်ပေးဖို့ ပင်လယ်ဓါးပြအဖွဲ့က ကျေကျေနပ်နပ်ကြီး ကူညီပေးလို့ Dark Phoenix က ကျေးဇူးတင်ကြောင်းပြတဲ့ သင်္ကေတပါ..."
ချင်းယင်က ပြုံးလိုက်ပြီး ထိုအိတ်ကို ဘေးဖယ်လိုက်ကာ သူ၏ဓါးကိုပဲ ဆက်၍ သုတ်နေလေသည်။
ထိုအမျိုးသမီးသည် ချင်းယင်၏ လျစ်လျူရှုခြင်းကို ဂရုမစိုက်သော်လည်း ပင်လယ်ဓါးပြအဖွဲတွင် ဤမျှ ငွေကြေးမပြတ်လပ်ကြောင်းလည်း သူမသိလေသည်။
သို့သော် ဤသည်မှာ သူမတို့၏ ရည်ရွယ်ချက်ဖြစ်နေသည်ပင်....။
ဒါဆို....သူတို့ကို ဘာလို့ ကူညီရတာလဲ....။
Dark Phoenix ၏ ရည်ရွယ်ချက်မှာ သူတို့သည် အဖွဲ့ချုပ်ကို ဖျက်ဆီးရန် နှင့် ပြသနာများဖန်တီးကာ သူတို့၏ စမ်းသပ်ချက်ကို ဆုံးခန်းတိုင်ရန် အသက်ရှင်နေသည့် လူများကို ဖမ်းဆီးရန် ဆန္ဒရှိကြသည့်အတွက် ရိုးရှင်းလေသည်။
ဒါဆိုရင် ပင်လယ်ဓားပြအဖွဲ့ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ......။
အမျိုးသမီးက သူမရှေ့မှ အမျိုးသားကို လှမ်းကြည့်လိုက်သည်။
ထိုသူ၏ အသားအရည်မှာ နီစပ်စပ်ဖြင့် ဖြူဖျော့နေပြီး ပါးရိုးများက မျက်လုံးအောက်တွင် အနည်းငယ် ထင်းထွက်နေကာ မည်းမှောင်ပြီး အားနည်းသည့် အသွင်မျိုးဖြစ်သည်။
သူမ သူ့ကို ကြည့်လိုက်လျှင် နတ်ဆိုးတစ်ကောင်ကဲ့သို့ ထူးဆန်းနေသော်လည်း လှပသော မြင်ကွင်း တစ်ခုကို မွေးဖွားပေးသကဲ့သို့ ခံစားမိသည်။
သူ၏မျက်နှာသွင်ပြင်သည် ဆွဲဆောင်မှုရှိကာ ချောမောသည်ဟု ပြော၍ရသော်လည်း လှပသည်ဟု ပြောလျှင် ပိုမှန်သည်။ သူ၏ ပတ်ဝန်းကျင်သည် နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းနေသည်ဟု ခံစားရသော်လည်း ထိုသူသည် သူမတို့၏ သူရဲကောင်းပင်ဖြစ်သည်။
ဤအလှတရားသည် ထိန်းချုပ်၍မရနိုင်သည့် အတွေးများကိုဖြစ်စေနိုင်သော ဖော်ပြရန် မစွမ်းနိုင်သည့် ရုပ်ရည်မျိုးဖြစ်သည်။
အမျိုးသမီးက မမေးဘဲမနေနိုင်တော့ပေ..
"နင်ဘာလို့ ငါတို့ကို ကူညီပေးနေတာလဲ"
ပင်လယ်ဓားပြများသည် ဇာစ့်များနှင့် အမြဲတစေ ကူးသန်းရောင်းဝယ်မှုပြုကာ လူအများကို လုယက်သတ်ဖြတ်ရန် လျှို့ဝှက်ခြိမ်းခြောက်မှုများနှင့် အကြံအစည်များကို ပူးပေါင်းလုပ်ဆောင်ကြပြီး အဖွဲ့ချုပ်မှ ဗိုလ်ချုပ်များကို နှိုးဆွပေးရန် အပေးအယူလုပ်လေ့ရှိကြသည်။
ချင်းယင်က ပြုံးပြီး ပြန်ဖြေလိုက်သည်-
"တစ်စုံတစ်ယောက်ကြောင့်..."
ချင်းယင် ရယ်လိုက်သောအချိန်တွင် သူ၏မျက်တောင်များက တဖျပ်ဖျပ် ခတ်သွားပြီး သူ၏နှုတ်ခမ်းလွှာများက အချိန်အကြာကြီးစောင့်ကြည့်နေသည့် သားကောင်ကို မြင်လိုက်ရသကဲ့သို့ အထက်သို့တွန့်ကွေးသွားကာ လှပသောမျဥ်းကွေးလေးတစ်ကြောင်း ဖြစ်တည်သွားသည်။
အမျိုးသမီးက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
-------xxxx-------
ဖက်ဒရေးရှင်း ပင်မစစ်သင်္ဘော၏ မှောင်မဲနေသော လမ်းလျှောက်လမ်းတစ်နေရာတွင်
ဆိုးသွမ်းသောအကြည့်ဖြင့် မျက်နှာထက်တွင်ပြည့်နှက်နေသော သူနာပြုသည် သူမ၏ခါးကြားမှ ဓါးမြှောင်တစ်ချောင်းကိုဆွဲထုတ်ကာ စီဆဲလ်အားထိုးလိုက်လေသည်။
အရာအားလုံး ရုတ်တရက် ဖြစ်သွားသော်လည်း စီဆဲလ်သည် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အလင်းတန်း ထွက်လာသည့် ဘေးဘက်ကိုလျှပ်စီး လက်သကဲ့သို့ အလွန်လျင်မြန်စွာရှောင်တိမ်းကာ သူနာပြု၏ လက်ကောက်ဝတ်ကို သေချာစွာ ဆုပ်ကိုင်လိုက်သဖြင့် သူမ၏မျက်နှာသည် နာကျင်မှုကြောင့် ဖြူဖျော့သွားကာ သူမ၏လက်များ ပျော့ပျောင်းသွားသည်။
"အာ့!"
အော်သံနှင့်အတူ အန္တရာယ်ရှိသော ဓားမြှောင်သည်လည်း မြေပေါ်သို့ ပြုတ်ကျသွားသည်။
လွတ်မြောက်ရန် အခွင့်အရေးမရှိမှန်းသိလိုက်သောကြောင့် သူနာပြု၏ မျက်လုံးထဲတွင် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်သွားပြီး လျှာကို ကိုက်ပြီးသတ်သေရန်ကြိုးစားလေသည်။
ထို့ကြောင့် စီဆဲလ်သည် သူ၏လက်ဖြင့် သူနာပြု၏ မေးရိုးကို ဟထားလိုက်သည်။
“ဟာ့… ဟာ့…”
သူနာပြုသည် နာကျင်စွာစူးရှစွာ အော်ဟစ်ပြီး မအော်နိုင်တော့သောအချိန်တွင် ဆက်ငိုနေခဲ့သည်။
စီဆဲလ်က သူမအား ဖမ်းချုပ်ပြီး ခေါ်ဆောင်သွားစေသည်။
စီဆဲလ်က ပြုံးလိုက်ကာ
"ဘာမှ စိတ်မပူနဲ့....ဒါတွေပြီးသွားရင် မင်းပါးစပ်ကို ငါကူပိတ်ပေးမယ်...ပြီးရင်တော့ မင်း ဘာဖြစ်နေတယ်ဆိုတာကို ငါတို့ကိုပြောပြရမယ်..."
စီဆဲလ်က ကတ်စပါအား ဒီကိစ္စအားလွှဲပေးလိုက်ပြီး သူမအား စစ်ဆေးရန် အမိန့်ပေးလိုက်သည်။
ကတ်စပါသည် သံသယဖြစ်ဖွယ် တစ်ခုကို ရှာတွေ့ခဲ့သောကြောင့် IP လိပ်စာအားအခြေခံကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဤသည်မှာ အတွင်းရေးမှူးရုံးရှိ လူထံမှ မက်ဆေ့ချ်ဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်းကို တာမီနယ်မှ တဆင့် စီဆဲလ်အား တင်ပြခဲ့သည်။
Dark Phoenix မှသစ္စာဖောက်သည် အမှန်ကို အတွင်းရေးမှူးရုံးမှဖြစ်သည်။
စီဆဲလ်သည် ခေါင်းကို ခါယမ်းလိုက်ကာ မြေပြင်ပေါ်တွင် ပြုတ်ကျကျန်ခဲ့သော သူနာပြု ၏ ဖုန်းကို ကောက်လိုက်ပြီး စိတ်သက်သာရာရသွားသည်။
ဒါက ..... အဆိုးထဲမှ ကံကောင်းမှုတစ်ခုပင်။
အကောင်းဆုံးရလဒ်များရရှိစေရန်အတွက် ပေါက်ကွဲစေတတ်သောသတင်းများကို အသေးဆုံး မှသည် အကြီးဆုံးအထိ တစ်ဆင့်ပြီးမှတစ် ဆင့် ပို့ပေးသင့်သည်။
သူနာပြု၏ပထမဆုံး ဗီဒီယိုသည် ဆရာဝန်နှင့် စစ်သားသေဆုံးမှုနှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပြီး ကျောင်းမြန် ၏ဒဏ်ရာကိုကုသရန် အပင်များ တစ်ပင်နှင့်တစ်ပင် ရောစပ်နေသည့်ဗီဒီယိုဖြစ်သည်။
ဆေးဖက်ဝင်အပင်များကို အသုံးပြုခြင်းသည်ပင် လူများကို ရူးသွယ်စေနိုင်ပြီး ဟောင်လုလုကို သုံးသည်သာဆိုရင်တော့ဖြင့်.......
ကံကောင်းစွာဖြင့် ထိုဗီဒီယိုသည် တည်းဖြတ်နေဆဲဖြစ်ပြီး ၎င်းကို မပို့ရသေးပေ။
စီဆဲလ်က ပြန်တွေးကြည့်မိလိုက်ရာ ဟောင်လုလု ကိုသုံးသည့် ကိစ္စမှာ လျှို့ဝှက်ထားရမည်ဖြစ်ပြီး ထိုမှသာ ကုရှင်းချီ ပြန်ကောင်းလာသည့်အခါ သူတို့အား မည်သည့်ပြသနာမှ မရှာနိုင်မည်ဖြစ်သည်။
စီဆဲလ်သည် ၎င်းကို လျှို့ဝှက်ထားရန် ကတ်စပါအား ဆက်သွယ်လိုက်ပြီး ကတ်စပါထံတွင် ယာယီအပ်နှံထားခဲ့ပြီး ဆေးပေးခန်းသို့ပြန်လာခဲ့သည်။
"အခြေအနေ ဘယ်လိုရှိလဲ"
ကျောင်းမြန်က မျက်ခုံးကိုတွန့်ချိုးကာ ပြောလိုက်သည်-
"ဗိုလ်မှူးကု ရဲ့ အခြေအနေက တဖြေးဖြေးနဲ့ တည်ငြိမ်လာနေပြီ ဒါပေမယ့် သူ့ရဲ့တပ်သားကတော့ စိုးရိမ်ရတယ်.."
အချို့သော စိုးရိမ်ဖွယ် အခြေအနေများသည် သူတို့ရှေ့မှ စစ်သားကဲ့သို့ သူတို့မျက်စိအောက်တွင် အချိန်မရွေး သေဆုံးသွားနိုင်သည် ကို ရည်ညွှန်းခြင်းဖြစ်သည်။
အမှန်တွင် ကုရှင်းချီနှင့် သူ၏ တပ်သားမှာ အခြားသူများနှင့် မတူဘဲ အခုချိန်ထိ တောင့်ခံလာနိုင်သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
ခေါင်းဆောင်တစ်ယောက်အဖြစ် ကုရှင်းချီသည် အခြားသူများထက် ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာသာလွန်ဆုံးဖြစ်ပြီး နောက်ဗိုလ်ကြီး၏ ကာယစွမ်းရည်မှာလည်း ထူးခြားသောကြောင့် အင်းဆက်အဆိပ်ကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။
စီဆဲလ်သည်လည်း အရင်က အဆိပ်မိဖူးသော်လည်း သူလဲကျမသွားခင်တွင် သူ၏စစ်တပ်နှင့် နိုင်ငံတစ်ခုကိုရအောင်သိမ်းပိုက်ပြီး လက်နက်ချသည့် စာချုပ်ကို ချုပ်ဆိုနိုင်သည်အထိ အားအင်တွေ ကျန်ရှိနေသေးသည်။
"ဒီး....ဒီး...!"
'ပင်မစစ်သင်္ဘောသည် ဦးတည်ရာဖြစ်သည့် မြို့တော်ရှိ လေဆိပ်သို့ ရောက်ရှိပါတော့မည်'
လေယာဥ်၏ စနစ်မှ အသံထုတ်လွှင့်မှုသည် ထွက်ပေါ်လာသည်။
စီဆဲလ်က အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်-
"ကိုယ်တို့ ပင်မသင်္ဘောမှာ ရန်သူဘက်က သစ္စာဖောက် တစ်ယောက်ပါလာခဲ့တယ်...အခု ကျောင်းမြန်ရဲ့ အပင်ကုထုံးအသစ်က စတားကွန်ရက်မှာ ပြန့်နှံ့သွားပြီးတော့ လူတွေက ဆန္ဒပြဖို့ လေဆိပ်မှာ ပိတ်ထားကြတယ်.."
ကျောင်းမြန်က အံ့အားသင့်သွားပြီး အယ်လန်လည်း အနည်းငယ် စိတ်ရှုပ်သွားလေသည်။
"ဒါပေမယ့် စိတ်မပူပါနဲ့။"
စီဆဲလ်က ရယ်မောပြီး ဆက်ပြောလေသည်-
"အစပိုင်းမှာ အားလုံးက ခက်ခဲကြတာပဲလေ...အခု ပင်မသင်္ဘောပေါ်မှာ စစ်တပ်နှစ်တပ်ပါတယ်..ပြီးတော့ လေဆိပ်မှာ စစ်တပ်နှစ်ခု ကြိုရောက်နေလိမ့်မယ်...ပေါင်းလိုက်ရင် စစ်တပ်လေးခုဆိုတော့ ..ကိုယ်တို့ အဆင်ပြေပြေထွက်လို့ရဖို့က သေချာသလောက်ရှိပါတယ်"
ကျောင်းမြန် က လူနာနှစ်ဦး၏ ဒဏ်ရာများအား ပိုးဝင်ခြင်းမှကာကွယ်ရန် ကာကွယ်မှုများကိုထပ်လုပ်ခဲ့သည်။
စီဆဲလ်က ဖို့ဒ် ကိုလှည့်ကြည့်ပြီး ပြောလေသည်- "အခြေအနေက ထူးခြားနေပြီ..ခင်ဗျားရဲ့ အသစ်လေးတွေက ဒီအခြေအနေကို အကြောင်းပြပြီး ကျုပ်တို့ကို ထားသွားဖို့ စိတ်မကူးနဲ့...ကျုပ်ကို အရှက်မခွဲနဲ့...အဖွဲ့ချုပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ဆေးဘက်ဆိုင်ရာ အရာရှိတစ်ယောက်လိုပဲ ပြုမူပေးကြပါ..."
"....."
ဖိုဒ့်က သူ့မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်သည်။
ကျန်ဆရာဝန်များနှင့် သူနာပြုများ၏ မျက်နှာများမှာလည်း အဖြူတစ်လှည့် အပြာတစ်လှည့် ဖြစ်နေကြပြီး သူကိုယ်တိုင်ပါ သတိလစ်ချင်နေသည်။
ဖိုဒ့် က ပြော၏။
” ကျုပ်တို့ အဖွဲ့ က လုပ်နိုင် ပါတယ် "
ဖို့ဒ်က သူ၏အဖွဲ့ကို လှည့်မေးလိုက်သည်-
"ငါတို့လုပ်နိုင်တယ် မဟုတ်လား"
"ဟုတ်ကဲ့”
ဘေး ပတ်ဝန်းကျင်မှ ယူနီဖောင်း ဝတ်ထားသူများမှပြန်ဖြေခဲ့သည်။
သူတို့အားလုံး တစ်ကြိမ်လောက် အလောင်း အစား လုပ်ကြမည်။
စီဆဲလ်က ကျောင်းမြန်ဘေးသို့တိုးလာပြီး တိုးတိုးလေးပြောလိုက်သည်။
"သင်္ဘောပေါ်က ဆင်းရင် သတိထားဆင်းပါ....အောက်မှာ မင်းကို ကျိန်ဆဲနေတဲ့သူတွေအများကြီးရှိနိုင်တယ်..."
ကျောင်းမြန်က ပြုံးပြီး ပြန်ပြောလေသည်-
"အရင်ကထက်တော့ ပိုဆိုးမှာ မဟုတ်ပါဘူး"
စီဆဲလ်က ပြုံးလိုက်ပြီး ကျောင်းမြန်၏ဆံပင်များကို ပွတ်ကာ အရမ်းဂုဏ်ယူနေရသလို ခံစားလိုက်ရသည်။
ပင်မစစ်သင်္ဘောသည် ဖြည်းညှင်းစွာ ဆင်းသက် လာလေသည်။
လူနာနှစ်ဦးကို ဖန်ပေါင်းချောင်ထဲတွင် ထည့်ထားပြီး အပြင်သို့ ဖြည်းဖြည်းချင်း သယ်ထုတ်လာလေသည်။
ဆေးအဖွဲ့သည် လူနာနှစ်ဦးအား မတ်စ်များ တပ်ပေးကာ အထပ်ထပ် စောင့်ကြပ်ကြပြီး မည်သည့်စကားမှမပြောဘဲ ခေါင်းငုံ့ကာ ရှေ့သို့လျှောက်သွားခဲ့သည်။
ကျောင်းမြန် နှင့် စီဆဲလ်တို့သည် ဘေးချင်းကပ်လျက်ဖြင့် ရှေ့မှလျှောက်သွားကြပြီး အယ်လန်က နောက်မှလိုက်ကာ ဘေးနှစ်ဖက်စလုံးနှင့် အဆုံးတွင် စီဆဲလ်၏ အမှတ်၁၂တပ်ဖွဲ့မှ စောင့်ကြပ်ပေးလေသည်။
"ဗိုလ်ချုပ်ကြီး စီဆဲလ် ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး"
"ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်....ဗိုလ်ချုပ်ကြီး စီဆဲလ်"
"ဗိုလ်ချုပ်ကျောင်းက အပင်တွေကို တကယ်ပဲသုံးခဲ့တာလား"