Chapter 88
Viewers 13k

🌌Extra 4

အမှောင်စိတ်ဝင်စားမှုများ



“စိုးရိမ်စရာ မလိုပါဘူး...သာမန်အဖျားတစ်ခုပဲ…” 

ပေါ့ပေါ့ပါးပါးအ၀တ်အစားဝတ်ထားသည့် ဆရာဝန်က သူ့နားကြပ်ကို ဖယ်လိုက်ပြီး လုမော့ စိတ်ချလက်ချ ရှိစေရန် နှစ်သိမ့်လိုက်၏။

“အမျိုးသမီးဇာ့ဂ်တစ်ကောင်ရဲ့အဆင့်နဲ့ အဲ့ဒါက ဘာမှ အများကြီး သက်ရောက်မှာမဟုတ်ဘူး...”


သူက အသက်ကြီးသော အမျိုးသမီးဇာ့ဂ် တစ်ယောက်ဖြစ်ပြီး အချိန်က သူ့ကို နူးညံ့သိမ်မွေ့သော စိတ်ထားရှိစေခဲ့၏။ အရက်စက်ဆုံးနှင့် အရှက်တတ်ဆုံး အမျိုးသားဇာ့ဂ် အမျိုးအနွယ်ပင်လျှင် သူ့ရှေ့တွင် ငြိမ်သက်သွားလိမ့်မည်ဖြစ်သည်။


"ကျေးဇူးတင်ပါတယ် ဒေါက်တာလိုက်..." 

လုမော့က ပြောပြီး မေးလိုက်၏။

"ဒါပေမယ့် သူက... အရွယ်အစား သေးသွားရုံမဟုတ်ဘဲ မှတ်ဉာဏ်လည်း ဆုံးရှုံးသွားတာ...အဲ့ဒါ ဘာဖြစ်တာများလဲ..."


ရုတ်တရတ် ဗီဇပြောင်းသွားတာ မဖြစ်နိုင်ဘူးလား...


ဘယ်လိုပဲဖြစ်ဖြစ် သေးသွားစရာ အကြောင်းမရှိဘူး မလား...


“estrusကာလထဲကို ဝင်ပြီးရင် အမျိုးသမီးဇာ့ဂ်တွေက ထူးဆန်းတဲ့ အကြောင်းပြချက်တွေနဲ့ ထူးထူးခြားခြား ပြောင်းလဲမှုတွေ ကြုံရတတ်ပါတယ်…” 

ဒေါက်တာလိုက်က ရှင်းပြသည်။ 

"ဒီကာလကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်သရွေ့တော့ ဒါက ဘာမှ အရေးမကြီးပါဘူး..."


လုမော့ အံ့အားသင့်သွားသည်။ 

" estrusကာလ ဟုတ်လား..."


"ဟုတ်ပါတယ်..." 

ဒေါက်တာလိုက်က ခေါင်းညိတ်သည်။ 

"ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ဒီပြောင်းလဲမှုတွေက စိတ်ပိုင်းဆိုင်ရာအရပါပဲ...မင်းရဲ့ အမျိုးသမီးမှာ မင်းနဲ့ မဝေမျှချင်ဘူးဆိုတဲ့ အတွေးမျိုးရှိနိုင်တယ်..."


လုမော့က ဒေါက်တာလိုက်ကို နားမလည်နိုင်စွာ ကြည့်နေခဲ့ပြီး လေးစားအပ်သည့် ဆရာဝန်က သူ့ကို ရိုးရိုးရှင်းရှင်းကြည့်ကာ ပြောလိုက်၏။

 "အကြောင်းရင်းကို ရှာတွေ့တာ အကောင်းဆုံးဖြစ်မှာပါ...ဒီလိုမှမဟုတ်ရင် နောက်နှစ်မှာလည်း ဒီလိုမျိုးဖြစ်ရင် မင်းအတွက် ဥတွေထွက်လာဖို့ ခက်ခဲလိမ့်မယ်..."


...........................


“အားလုံး စိတ်က ဖြစ်တာပဲ...”


ဒေါက်တာလိုက် အခန်းထဲမှ ထွက်သွားသောအခါ လုမော့ သက်ပြင်းချလိုက်သည်။ သူက လက်ဆန့်ပြီး လင်း၏ နွေးထွေးသောပါးပြင်ကို ဆုပ်ကိုင်လိုက်သည်။ သူလုပ်လိုက်သည်နှင့် လင်း၏ မသိစိတ်မှ ခေါင်းရွေ့လျားသွားပြီး လုမော့၏ လက်ဖဝါးထဲသို့ သူ့မျက်နှာကို ပိုနက်အောင် အပ်ထားလိုက်သည်။


သူ့စိတ်ထဲ နွေးထွေးသော ဖက်ထုပ်လက်တစ်ဆုပ်စာကို ကိုင်ထားသလို ခံစားရသည်။


ရှည်လျားပြီး ထူထဲသော မျက်တောင်များက လုမော့၏ လက်ဖဝါးကို ပွတ်တိုက်လိုက်ရာ အနည်းငယ်ယားယံသောခံစားမှု ဖြစ်ပေါ်လာသည်။


ပြဿနာပဲ…


လင်း၏စိတ်ထဲတွင် ယခုချိန်၌ သူက စစ်တပ်ထဲမ၀င်ရသေးချေ။ သူ့အတိတ်က သိခဲ့သည့် ပုဂ္ဂိုလ်များက မစ္စတာလိုက်ယင်နှင့် ဝမ်ကောသာ ဖြစ်ကောင်းဖြစ်နိုင်၏။


သို့သော် မစ္စတာလိုက်ယင်က ဆုံးပါးသွားခဲ့ပြီး ဝမ်ကောက ယခု မည်သည့်နေရာကို ခရီးထွက်နေကြောင်း မသိခဲ့ချေ။ 


လုမော့၏ မျက်နှာက စိုးရိမ်မှုဖြင့် ညှိုးသွားသည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ကောကို ဦးစွာဆက်သွယ်ရန် ကြိုးစားသင့်သည်။


သူ... လင်းကို ဤအခြေအနေတွင် ရက်အကန့်အသတ်မရှိ နေခွင့်မပြုနိုင်ချေ။ 


ငါ အရင်သေသွားလိမ့်မယ်…


ဒေါက်တာလိုက်က လင်းကို လုံလောက်စွာ အနားယူရန် လိုအပ်ကြောင်း အကြံပေးခဲ့သည်။


သူ၏ မြင့်မားသောအဆင့်ကြောင့် ဤပြင်းထန်သော အဖျားက နေ့တစ်ဝက်အတွင်း သူ့အလိုလို ပြေသွားနိုင်သည်။


လုမော့က သူ့စိတ်ရှုပ်ထွေးမှုကို ပြသလိုက်၏။

 "သူကို ဆေးတချို့ မပေးသင့်ဘူးလား..."


လုမော့၏ တောင်းဆိုမှုကို ဒေါက်တာလိုက်က လုံးဝသတိမထားမိပုံရသည်။ သူက စိတ်ရှုပ်သောအမူအရာဖြင့် လုမော့ဘက်သို့ လှည့်မသွားမီ သုံးစက္ကန့်ပင် ရပ်တန့်နေခဲ့သည်။


"လူငယ်တွေပဲ ဆေးဝါးလိုတာပါ... ဒီလို အသေးစားဒဏ်ရာမျိုးက ဆေးလိုအပ်ရင် သူ့ကိုယ်သူ ပြန်လည်နာလန်ထူနိုင်စွမ်းကို ထိခိုက်စေလိမ့်မယ်..."


လုမော့: "..."


ဆရာဝန်က စိတ်ပျက်လက်ပျက်နှင့် သူ့ကို နှောင့်ယှက်သူသဖွယ်ကြည့်လိုက်၏။


[ဒီလို ကြေးများတာမျိုး...အခုခေတ် ဇာ့ဂ်မျိုးနွယ်က ပိုပိုပြီး ထိရှလွယ်လာတာပဲ...]


ဒေါက်တာလိုက်က အင်ပါယာကြယ် တစ်ခုလုံးရှိ ဆရာဝန်အနည်းငယ်ထဲမှတစ်ဦးဖြစ်ပြီး အလွန်လေးစားခံခဲ့ရသည်။ သူက အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ အိမ်လိုက်ကြည့်ကုသခြင်းမျိုး မပြုတော့သော်လည်း လုမော့က ခြွင်းချက်မရှိသူဖြစ်သည်။


အဖိုးတန် S အဆင့်အမျိုးသားဇာ့ဂ်က တစ်ခုခု ကြီးကြီးမားမား ဖြစ်သွားသည်ဟု သူထင်ခဲ့သောကြောင့် ဒေါက်တာလိုက်က အမြန်လာခဲ့သော်လည်း…


ဒါပဲလား...


..................


လုမော့က လင်းကို ကုတင်ပေါ်တင်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူက လင်း၏ နွေးထွေးသောမျက်နှာကို သူ့လက်ဖြင့်ထိလိုက်သည်နှင့် လင်း၏မသိစိတ်က သူ့ခေါင်းကို ရွှေ့ကာ လုမော့၏ လက်ဖဝါးထဲသို့ မှီလာသည်။


သူ့အတွက် အမှီပြုလောက်အောင် ကြီးကျယ်သည့် နေရာနွေးနွေးကို ရှာတွေ့ပြီး လုမော့ကို ပွေ့ဖက်ရန် သူ့လက်များကို အလိုလိုဖြန့်ကျက်လိုက်သလိုပင်။


လုမော့က သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ ဆရာဝန်က သူ့ကို အထူးတလည် အကြံပေးခဲ့၏။

 "လေးစားရတဲ့ အမျိုးသားဇာ့ဂ်...အလွန်အကျွံ စိုးရိမ်ပူပန်မှုက အမျိုးသမီးဇာ့ဂ်တွေအတွက် မကောင်းဘူးလို့ သတိပေးရမယ် ထင်ပါတယ်....မဟုတ်ရင်"


သူ အဆုံးထိ မပြောခဲ့သည်မှာ - မဟုတ်ရင်တော့ ဒီလိုမျိုး ထာဝရဖြစ်နေတော့မှာပဲ…


ဒေါက်တာလိုက်၏ ရှည်လျားသော ဆေးဘက်ဆိုင်ရာအသက်မွေးဝမ်းကျောင်းမှုတွင် မရေမတွက်နိုင်သော အလားတူဖြစ်ရပ်များကို တွေ့ခဲ့ရသည်။


အမျိုးသမီးဇာ့ဂ်များက အမျိုးသားဇာ့ဂ်များ၏ ထူးဆန်းသော ပေါ့ပေါ့ပါးပါး ချစ်ခြင်းမေတ္တာကို ချစ်သက်သေအဖြစ် လွဲမှားစွာ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ 

အမျိုးသားဇာ့ဂ်က စိတ်ဝင်စားမှု ဆုံးရှုံးသွားသောအခါ အမျိုးသမီးဇာ့ဂ်က အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ပေ။


သို့သော် ထိုအရာက လင်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုလည်း ထိခိုက်နိုင်သည်ဟု လုမော့ယုံကြည်ခဲ့သည်။


ဇာ့ဂ်များမှာ အဖျားငါးဆယ်ဒီဂရီက အသေးအဖွဲကိစ္စတစ်ခုဟု ယူဆရသည့် မျိုးစိတ်တစ်ခုဖြစ်၏။ သို့ဖြစ်၍ မည်သည့်အရာမဆို ဖြစ်နိုင်၏။


ယခုအခါ လုမော့ အကျပ်ရိုက်နေပြီဖြစ်သည်။


လင်း၏ နွေးထွေးသော ခန္ဓာကိုယ်က သူ့အပေါ် ဖိကပ်သွားသည်။ ဤအခြေအနေမျိုးမှာပင် သူက မလုံခြုံသလို ခန္ဓာကိုယ်ကို နည်းနည်းလေးကွေးထား၏။


မနက်ခင်းတုန်းကလည်း ပိုးကောင်သဖွယ် သူ့ကိုယ်သူ စောင်နှင့် ပတ်ထား၏။


လုမော့က လင်းကို တွန်းထုတ်သင့်သည်ဟု ခံစားမိသော်လည်း လင်း၏ မျက်ခုံးများ ပြေလျော့သွားသည်ကို မြင်လိုက်ရသည်။


လင်း သတိမရသေးတဲ့အတွက် နည်းနည်းလေးကျီစယ်ဆော့ကစားတာက နာကျင်မှာမဟုတ်ဘူးမလား...


တောင်းပန်ပါတယ် ဒေါက်တာလိုက်ရေ...


“လိုချင်တယ်...”

လင်းက လုမော့၏ ရင်ခွင်ထဲတွင် ကွေးကောက်ကာ ကယောင်ကတမ်း တိုးတိုးလေး ပြောနေသည်။ လုမော့က လင်း၏ စကားကို ဂရုတစိုက် နားထောင်ပြီး နားစွင့်လိုက်သည်။

“လိုချင်တယ်... စာရွက်...”


လုမော့:"..."


သူ့ကိုယ်ဟန်အနေအထားကိုထိန်းကာ အိပ်ယာဘေးစားပွဲအံဆွဲကိုဖွင့်ကာ စာရွက်နှင့် ဘောပင်ကို ထုတ်ပြီး လင်းအား ပေးလိုက်သည်။


လင်းက လုမော့၏လက်ကို မျက်လုံးမှေးကြည့်လိုက်ပြီး ကိုးရို့ကားရားဖြင့် စာရွက်နှင့် ဘောပင်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏ ခွေးခြေရာနှင့် တူသော လက်ရေးဖြင့် တစ်လုံးချင်းစီ ရေးချလိုက်၏။ 


လုမော့က သူ စာရွက်ပေါ်တွင် ရေးထားသည့် မညီမညာစာလုံးများကို ကျွမ်းကျင်စွာ ဖတ်လိုက်၏။

 "မျောက်တစ်ကောင်က ငှက်ပျောသီးကို စားတယ်၊ လူသတ်လက်နက်က ထန်ပုံစံပဲ...”


ဤစာကိုရေးပြီးနောက် လင်းက လေးနက်သော ပညာရှိစကားအချို့ကို ရေးသားထားသကဲ့သို့ ကျေနပ်သွားပုံရသည်။ သူ လုမော့၏ ပခုံးပေါ် ခေါင်းမှီကာ အိပ်ပျော်သွားခဲ့သည်။


လုမော့ စာရွက်ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ သူက ၎င်းကို အံဆွဲအောက်ခြေတွင် တိတ်တဆိတ် ဝှက်ထားပြီး မျက်ရည်များ စီးကျလာသည်။


"ငါ့မိန်းမက ကမ္ဘာပေါ်မှာ ချစ်ဖို့ကောင်းဆုံးပဲ..."


..................


လင်းက နေမကောင်းခြင်းကို မုန်း၏။


မကျန်းမမာဖြစ်ခြင်းက သူ၏ လှုပ်ရှားသွားလာမှုကို လုယူသွားကာ ထောင့်တစ်နေရာတွင် ခွေခွေခွေခွေလေး ကျန်ရစ်ခဲ့ပြီး သတိရှိရှိ ခွန်အားအနည်းငယ်ကို အသုံးပြုကာ ရှာမတွေ့စေရန် ဆုတောင်းခဲ့သည်။


သူ၏ ရှည်လျားပြီး ကြမ်းတမ်းသော အကြောက်တရားကြောင့် ဖျားနာခြင်းနှင့်အတူ ပါလာသည့် ဝေဒနာအားလုံးကို ခံနိုင်ရည်ရှိရန်လို၏။


ထို့ကြောင့် သူနေမကောင်းကြောင်း သိလိုက်ရချိန်တွင် သူ့အသိစိတ်က အင်္ကျီလက်ထဲကို ရောက်သွားပြီး သူ့ကိုယ်သူ နိုးကြားနေအောင် ထိုနေရာတွင်ဝှက်ထားသည့် ချွန်ထက်သော သတ္တုအပိုင်းအစဖြင့် လက်ဖဝါးကို ထိုးဖောက်လိုခဲ့၏။


သို့သော် သူ ဘာကိုမှ ရှာမတွေ့ချေ။


ဤအဝတ်အစားများက သူ့ကိုယ်ပိုင်မဟုတ်သည်ကို သူ မေ့သွား၏။


အားလုံးပြီးသွားပြီ...


သူ နွံ့အိုင်ထဲသို့ နစ်မြုပ်ကာ တက်ရန် ရုန်းကန်နေရသော်လည်း အေးစက်သော ရွှံ့များက သူ့ကို ဆွဲချကာ အမှောင်ထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်စေပြီး ခိုကိုးရာမဲ့ ဖြစ်စေ၏။


သို့သော် သူ အံ့သြသွားသည်မှာ  ရွှံ့အောက်တွင် သူထင်ထားသည့်အတိုင်း ဘာမှမဟုတ်ပေ။


အေးစက်ပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် အသက်ရှူကြပ်ကာ သူ့ဘဝကို အမှောင်ထဲတွင် အဆုံးသတ်မည်ဟု သူမျှော်လင့်ခဲ့သည်။


သို့သော် ၎င်းကအတော်လေး ဆန့်ကျင်ဘက် ဖြစ်ခဲ့၏။ သူ့ကို နွေးထွေးမှုတစ်ခုခုက ထုပ်ပိုးထားသလို ခံစားရ၏။


ထိုနှစ်သိမ့်မှုခံစားမှုက နှင်းများထူထပ်နေပြီး နှင်းထု၏ အလေးချိန်ကြောင့် သစ်ပင် အကိုင်းအခက်များ ပြိုကျလုနီးပါးဖြစ်နေသည် အအေးဆုံးဆောင်းရာသီတွင် အခန်းကျဉ်းလေးထဲ ရှိနေပုံမျိုးပင်။


သို့သော် အခန်းကျဉ်းလေးထဲတွင် တောက်လောင်နေသော မီးဖိုနှင့် သူ ထိတွေ့နေသော အရေပြား၏ လက်မတိုင်းက သူ့ကို နွေးထွေးစေသည်။


မသိစိတ်အရ သူ့ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်ပြီး နောင်တတရား၏ အော်မြည်သံကို ခံစားလိုက်ရသည်။


သူ အစောကတည်းက ထိုသို့ဖြစ်မည်ဆိုသည်ကို သိခဲ့လျှင် ဤမျှဒုက္ခခံနေရမည် မဟုတ်ပေ။


ဤခံစားချက်မျိုးဖြင့် သေဆုံးရသည်က ကြောက်စရာကောင်းပုံမပေါ်ချေ။


သူ၏ မှုန်ဝါးနေသော အသိစိတ်တွင် လင်း သူ့သွားများကို ညင်သာစွာ ညှစ်ဖွင့်လိုက်သည်ကို ခံစားလိုက်ရပြီး ပူနွေးပျစ်နှစ်သော အရာတစ်ခု သူ့ပါးစပ်ထဲသို့ စိမ့်ဝင်လာသည်။ ၎င်းက အရသာကောင်းလှ၏။


မျိုချပြီးနောက် အစာက လျင်မြန်စွာ အကျိုးသက်ရောက်လာသည်။


၎င်းက သူ့အား ခွန်အားပေး၍ ပြန်လည်ကောင်းမွန်လာစေသည်။


လင်းက နွံ့အိုင်တွင်းမှ ဖြည်းညှင်းစွာ ထွက်လာသည်ဟု ခံစားမိသည်။ အတိတ်တွင် သူ ဤနေရာသို့ ရောက်ချိန်၌ အမြဲတမ်း ကျေးဇူးတင်နေမိသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူစိတ်ပျက်စရာအရိပ်အမြွက်ကို ခံစားလိုက်ရ၏။


အချိန်ကာလတစ်ခုကြာပြီးနောက်တွင် လင်း သူ့ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး မျက်လုံးများကို ဖွင့်လိုက်သည်။


တောက်ပသော အဝါရောင်အလင်းတန်းတစ်ခုက သူ့မျက်လုံးများကို နှုတ်ဆက်လိုက်ပြီး ခဏအကြာတွင် ၎င်းက မွန်းတည့်နေမင်းဖြစ်ကြောင်း သိလိုက်ရသည် ။


"နောက်ဆုံးတော့ မင်း နိုးလာဖို့ ဆုံးဖြတ်လိုက်ပြီပဲ..."


အသံက သူ့နားကို ကပ်လာပြီး သူ့လက်ရှိအခြေအနေကို နောက်ဆုံးသဘောပေါက်လိုက်ခြင်းကြောင့် လင်း၏မျက်ခွံများ လှုပ်ယမ်းသွား၏။


အို ဘုရားရေ...


တကယ်တော့ သူက ဒီ မနှစ်မြို့ဖွယ်အမျိုးသားဇာ့ဂ်‌ပေါ် ခြေပစ်လက်ပစ် ထိုင်နေတာပဲ... 

သူတို့ အလွန်နီးကပ်နေသည်ဖြစ်၍ အမျိုးသားဇာ့ဂ်၏အသက်ရှုသံကိုပင် ခံစားနိုင်သည်။


ဒီ့ထက် ပိုဆိုးတာတော့ မရှိလောက်တော့ဘူး...


လင်း၏မျက်နှာက လျင်မြန်စွာ ပူနွေးလာပြီး သူ ထထိုင်ရန် ရုန်းကန်လိုက်၏။

 "ငါ...ငါ... မရည်ရွယ်ပါဘူး..."


သို့သော် စိတ်လှုပ်ရှားမှုကြောင့် သူက ပြင်းထန်သောရောဂါတစ်ခုမှ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်းကို မေ့သွားကာ အဖြစ်အပျက်များက ဆက်တိုက်ဆိုသလိုပင် သူ့စွမ်းအင်ကို ကုန်ဆုံးသွားစေခဲ့၏။ ထရပ်လိုက်ခြင်းကြောင့် နောက်အခိုက်အတန့်တွင် သူ့ခြေလက်များ အားနည်းသွားကာ ကံမကောင်းစွာနှင့် လဲကျသွားပြီး ခေါင်းကို အနည်းငယ်စောင်းမိကာ လုမော့ကို တိုက်ရိုက်ပစ်တိုက်မိသွား၏။


လင်း၏မျက်လုံးများ ပြူးကျယ်သွားကာ စိမ်းမှောင်သော မျက်လုံးတစ်စုံ တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်နေမိ၏။ သူ့စိတ်ထဲတွင် စိတ်ပျက်အားငယ်နေမိသည်။


သူတို့နမ်းခါနီးအချိန်တွင် အမျိုးသားဇာ့ဂ်က သူ့လက်ကို လှမ်းဆွဲပြီး သူတို့ကြားထဲကို ထည့်ပေးလိုက်၍ လင်းက အမျိုးသားဇာ့ဂ်၏ လက်ဖဝါးကို နမ်းလိုက်မိသည်။


အာ...


လင်းက သူ့ခံစားချက်များကို နားမလည်မီတွင် အမျိုးသားဇာ့ဂ်၏ လှောင်ပြောင်သရော်ခြင်းနှင့် အထင်အမြင်သေးခြင်းများဖြင့် ပြည့်နေသော မျက်လုံးများက ကျဉ်းမြောင်းသွားသည်ကို တွေ့လိုက်ရသည်။


လင်း၏ မျက်နှာကို အမျိုးသားဇာ့ဂ်က အနည်းငယ် ပင့်လိုက်ပြီး သူ့မျက်နှာနှင့် ခပ်ခွာခွာထားကာ ပြောလိုက်သည်။

"မင်း ကိုယ့်ကို အရူးအမူးဖြစ်နေတာ နားလည်ပါတယ်...ဒါပေမယ့် ဒီလို ရိုင်းစိုင်းတဲ့ ချဉ်းကပ်မှုနဲ့ ဖြားယောင်းသွေးဆောင်ဖို့ ကြိုးစားတာက ကိုယ့်အတွက်တော့ ရယ်စရာပဲ..."


လုမော့၏ စကားအဓိပ္ပါယ်ကို နားလည်ပြီးနောက် လင်း၏ မျက်နှာက ချက်ချင်းနီရဲသွားသည်။


သူ မတ်မတ်ရပ်ရန် ရုန်းကန်ရင်း ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်၏။

"ဘယ်သူ..ဘယ်သူက မင်းကို သွေးဆောင်ခဲ့တာလဲ...မင်း...ဘယ်သူက... ငါ့ကို ချုပ်နှောင်ထားတာလဲဆိုတာ ရှင်းနေတာပဲကို..."


မဟုတ်ရင် မြေကြီးပေါ်ကနေ အိပ်နေရာကနေ ကုတင်ပေါ်မှာ ရောက်နေပြီးတော့ ဒီအမျိုးသားဇာ့ဂ်နား ဘယ်လို ကပ်နေနိုင်မှာလဲ...


"ဟင်း..."

အမျိုးသားဇာ့ဂ်က နှာမှုတ်လိုက်၏။

"သတိမေ့နေချိန်မှာတောင် ကိုယ့်ကို ဘယ်သူက တွယ်ကပ်နေတာလဲ...မင်း ကိုယ့်ကို တင်းတင်း ကြပ်ကြပ် ဖက်ထားပြီး ဒါလင်လို့ခေါ်နေသေးတယ်..."


သူကုတင်ပေါ် ပြန်လှဲပြီး လက်နှစ်ဖက်ကို ဖြန့်လိုက်၏။

 "ကြည့်လေ...ငါမင်းကို မကိုင်ထားဘူးလေ..."


"ဗုန်း..."

လင်းက လုမော့ကိုကြည့်လျက် မီးတောင်ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး သူ့စိတ်မျ လွတ်ထွက်သွားသည်။


အဲ...အဲဒါ တကယ်လား...


အမျိုးသားဇာ့ဂ်ကို ကြည့်ရသည်မှာ သေချာနေပုံရပြီး သူ့အမူအရာမှာ အထင်အမြင်သေးခြင်းနှင့် ပြည့်နှက်နေသောကြောင့် လင်းက သူပြောသည်ကို သံသယမဝင်နိုင်ဖြစ်ခဲ့ရသည်။


ထို့အပြင် သေချာစွာ တွေးတောကြည့်သောအခါတွင် သူ သက်တောင့်သက်ဖြစ်သလို ခံစားခဲ့ရသည်။


ဒါဆို ငါက တစ်ဖက်လူကို ကိုယ့်ဘာသာ တွယ်ကပ်နေမိတာလား...


လင်းက တိတ်တဆိတ်ဖြင့် လုမော့ကိုယ်ပေါ်မှ ဆင်းကာ သူ့အနားတွင် ဒူးထောက်ပြီး ခေါင်းငုံ့၍တိုးတိုးပြောလိုက်သည်။

"တောင်းပန်ပါတယ်..."


သူက လုမော့ကို စိတ်လှုပ်ရှားစွာ တောင်းပန်နေစဥ် သူ့ပုခုံးပေါ်မှ ငွေရောင်ဆံပင်များက သူ့ပခုံးထက်တွင် လျော့တိလျော့ရဲကျသွား၏။


..........


အမျိုးသားဇာ့ဂ်က တိတ်ဆိတ်နေသဖြင့် လင်းကို ပို၍ပင် ကြောက်ရွံ့သွားစေသည်။ 


ငါ… ငါ ဒီ့ထက်မက ဒေါသထွက်စရာ တစ်ခုခုကို လုပ်ခဲ့သမိတာလား...


အမျိုးသားဇာ့ဂ်က အသံထွက်ပြီးတောင် မပြောနိုင်လောက်အောင် များလွန်းနေတာလား...


လင်း၏တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။


သူက အသက်မပြည့်သေးသော်လည်း ဇာ့ဂ်မျိုးနွယ်၏ အောက်ခြေတွင် တစ်သက်လုံး ရုန်းကန်ခဲ့ရသည်။ ငယ်စဉ်ကတည်းက အမျိုးသမီးဇာ့ဂ်နှင့် အမျိုးသားဇာ့ဂ်ကြားရှိ အရာများကို သူသိရှိခဲ့သည်။


ယခုအချိန်တွင်မူ သူက ထိုအရာများကို ဖုံးကွယ်ရန်ပင် ကျင့်သားရလာခဲ့သည်။


တစ်စုံတစ်ယောက်၏ ကုတင်အောက်တွင် သူက အပေါ်မှ ထွက်ပေါ်လာသော အသံများကို နားထောင်ရင်း ခံစားချက်ကင်းမဲ့နေသလို အိပ်ပျော်နိုင်ခဲ့၏။


သို့သော် ယခုချိန်တွင် သူ့စိတ်ကို ထိန်းထား၍မရတော့ပေ။


အမျိုးသားဇာ့ဂ်ကို တွယ်ကပ်မိ၍ သူ့စိတ်ခံစားချက်က ပေါက်ကွဲထွက်တော့မလိုပင်။


သ့ခေါင်းကို ငုံ့ထားကာ မျက်လုံးများပြူးကျယ်လာပြီး လက်ဆယ်ချောင်းကို ထိတ်လန့်တကြား တွန့်လိမ်နေသည်။ သူ မည်သည့်စကားများ ပြောနေမိကြောင်းကိုပင် မသိတော့ပေ။


"ငါ ဘာပဲလုပ်မိခဲ့တာဖြစ်ဖြစ်....မင်းကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုတွေအတွက် ဖြည့်ဆည်းပေးမှာပါ..."


အမျိုးသားဇာ့ဂ်က သူ့ကို တိတ်တဆိတ် ကြည့်နေသည်။


အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူက သူ၏ခြေထောက်များကို လှုပ်လိုက်ပြီး အသံနက်ကြီးနှင့် ပြောလိုက်၏။

"ဒါဆို ဒါကို ဝတ်ထားလိုက်..."


အကယ်၍ လင်းက ယခုအချိန်တွင် စိတ်တည်ငြိမ်နေပါက အမျိုသားဇာ့ဂ်၏ အသံတွင် အနည်းငယ် တုန်ခါနေမည်ကို သေချာသိနိုင်လိမ့်မည်။


ကံမကောင်းစွာဖြင့် သူ ယခုအချိန်တွင် စိတ်မတည်ငြိမ်နိုင်သေးပေ။ သူ့နာမည်ကိုပင် မသိတော့သလောက်ပင်။


သူက အမျိုးသားဇာ့ဂ်၏ လှုပ်ရှားမှုကို လိုက်နာပြီး သူ့လက်ကို ဆန့်တန်းနိုင်ခဲ့သည်။ ထို့နောက်တွင် အေးစက်ပေါ့ပါးသောအရာတစ်ခုက သူ့လက်ကောက်ဝတ်တစ်ဝိုက်တွင် ချိတ်သွားပြီး "တင်"ခနဲ အသံထွက်လာသည်။


လင်း ညင်သာစွာဖြင့် သူ့လက်ကို ပင့်လိုက်သောအခါ အမည်းရောင်လက်ပတ်ကြိုးကို တွေ့လိုက်ရ၏။ သူ မဝံ့မရဲ မေးလိုက်၏။

“ဒါက ဘာလဲ...”


အနက်ရောင်ဆံပင်၊ မျက်လုံးစိမ်းနှင့် အမျိုးသားးဇာ့ဂ်က သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်သည်။ 


လင်း၏ တစ်ကိုယ်လုံး ကြက်သီးထသလို ခံစားလိုက်ရပြီး သူ့အလိုလို နောက်ပြန်မှီကာ သူ့ကိုယ်သူနှင့် အမျိုးသားဇာ့ဂ်ကြား အကွာအဝေးကို တိုးမြှင့်လိုက်သည်။


အမျိုးသားဇာ့ဂ်က ပါးစပ်ထောင့်ကို ပင့်ကာ လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်ပြလိုက် သည်။

''ဒါကို အစေခံလက်ပတ်လို့ခေါ်တယ်...မင်း ဝတ်ပြီးရင် ပြေးလို့မရတော့ဘူး..."


လင်း: "ဟင်..."


အမျိုးသားဇာ့ဂ်က ခပ်တည်တည် ရှင်းပြ၏။

“မင်း အခုလေးတင် ပြောတယ်လေ...မင်း ဘာမဆိုလုပ်ချင်စိတ်ရှိတယ်ဆို...ဒါကြောင့် စာချုပ်က အခုအသက်ဝင်သွားပြီ...”


"အခုကစပြီး လင်းက လုမော့ရဲ့ အစေခံပဲ...ထာဝရအတွက်..."


လင်း: "..."


"စကားမစပ်…" 

လုမော့က လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ကာ လင်း၏ ခေါင်းကို အခြားတစ်ဖက်နှင့် ပျင်းရိစွာ ပုတ်လိုက်၏။

 "မင်း ဘာမှ မလုပ်ရသေးဘူး..."


"ဒါပေမယ့် အခုက အရမ်းနောက်ကျနေပြီမလား..."


လင်း လုမော့ကိုကြည့်ကာ သူ့တစ်ကိုယ်လုံး ဖြည်းညှင်းစွာ ကွဲအက်ပြီး ပြာများဖြစ်သွားသလို ခံစားလိုက်ရသည်။


ဒါက ဘယ်...ဘယ်လိုဟာသမျိုးလဲ...


ဒီအမျိုးသားဇာ့ဂ်က တကယ်ပဲ ကမ္ဘာပေါ်မှာ အဆိုးဆုံးနဲ့ စက်ဆုပ်ရွံရှာစရာအကောင်းဆုံး အမျိုးသားဇာ့ဂ်ပဲ...


အားးးးးးးးးးးးးသေစမ်း...ငါ အလိမ်ခံလိုက်ရပြီ...


...................................


စာရေးသူ၏မှတ်ချက်- ဒါကို မရေးခင် လင်းက စလို့ကောင်းမယ်လို့ ငါဘယ်တော့မှ မထင်ခဲ့ဘူး...ငါ တောင့်ခံမနိုင်တော့ဘူး...ဟားဟား…



🌌🌌🌌