Chapter 160
Viewers 49k

💘Chapter 160

 များများဆက်သွယ်ပေး




ချန်ရှီဟွိုက် ဝူအိမ်မှာ ထွက်သွားသည့်အခါ မျက်နှာတွင် ဖြူဖျော့နေ၏။ ဒီနေ့တွင် သူ့အတွက် ထင်မှတ်မထားသည့် ရလဒ်ဖြစ်သွားခဲ့သည်။ 


သူတစ်ချိန်လုံး လျစ်လျူရှုထားခဲ့သည့် သူ့မြေးက ချန်မိသားစုမှ ထွက်သွားပြီးနောက် ထိုကဲ့သို့ အဆင့်အတန်းတစ်ခု ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူက ကျူးကောယွီ၏ တပည့်ဖြစ်ကာ ဝူမိသားစုသား၏ ဂျူနီယာညီလေးပင်ဖြစ်နေသေးသည်။ 


ချန်လီနှင့် ဝူကျိုက်လင်ကြားက ဆက်ဆံရေးကိုသာ စောသိခဲ့လျှင် ပွဲမတိုင်ခင် ရက်အနည်းငယ်က အရှက်ရစေသည့် ချန်ချင်းအစား ချန်လီကို မည်သို့ဖြစ်နေပါစေ၊ ပြန်ခေါ်လာပြီး အတွင်းရေးမှူးဝူ၏ မွေးနေ့ကို တက်ရောက်ခိုင်းလိုက်မိမှာဖြစ်သည်။ 


ချန်ချင်း၏ အမူအရာများလည်း ကောင်းမနေချေ။ သူက ချန်လီအား စကားပင်သေချာမပြောတတ်သည့် အရူးတစ်ယောက်ဟု အမြဲတမ်း ထင်ခဲ့သည်။ သို့သော် တကယ်တမ်းလက်တွေ့တွင်တော့ ချန်လီက ဝူမိသားစုသား၏ ဂျူနီယာညီလေးဖြစ်နေကာ ယခုအချိန်တွင် သူတို့ချန်မိသားစုလိုအပ်နေသည့် ဆက်ဆံရေးကို ကိုင်ဆုပ်ထားလေသည်။ 


ချန်လီက အရူးတစ်ယောက်သာဖြစ်သည်။ သူ့လို အရူးတစ်ယောက်က ဘာကြောင့် ထိုကဲ့သို့ ဆက်ဆံရေးမျိုးများ ရှိနေရတာလဲ။


မြေးအဖိုးနှစ်ယောက်က အတွေးစီကိုယ်နှင့် ကားထဲတွင် ထိုင်ရင်း စကားမပြောကြချေ။ အစိုးရခြံဝန်းထဲမှ ထွက်လာပြီး ခဏအကြာလောက်တွင်မှ ကားစထွက်ကတည်းက မှေးနေခဲ့သည့် ချန်ရှီဟွိုက်က ပြောလာခဲ့သည်။ 


“ဒီတစ်ခေါက် မြို့တော်ကို သွားတဲ့အခါကျရင် ချန်လီနဲ့များများ ဆက်သွယ်ပေး...သူက မင်းရဲ့ ညီလေးပဲလေ”


‘အခု သူက ခင်ဗျားကြီးအတွက်အသုံးဝင်လာတော့ ကျုပ်ညီလေး ဖြစ်သွားပြီပေါ့လေ’ ချန်ချင်းက စိတ်ထဲတွင် သရော်၍ ပြောလိုက်သည်။ သို့သော်လည်း မျက်နှာတွင်တော့ အတွေးများကို ထုတ်မပြလိုက်ဘဲ နာနာခံခံနှင့် ပြောလိုက်သည်။ 


“ဟုတ်ကဲ့ပါ...ကျွန်တော် ချန်လီနဲ့ အဆင်ပြေဖို့ ကြိုးစားကြည့်ပါ့မယ်”


“ပြီးတော့...ဝေ့ချန်နဲ့လည်း ပိုပြီးတွေ့ပေးဖို့ ကြိုးစားထား...သူ့ဆီက သင်ယူရင်းနဲ့ ဆက်ဆံရေးကောင်းတစ်ခု ဖြစ်လာနိုင်တယ်” 


ဒီတစ်ခေါက် ဝေ့ချန်က ချန်လီအား ချန်မိသားစုကို ပြန်လာခြင်းမှ တားဆီးခဲ့ပြီး ချန်ရှီဟွိုက်၏ စိတ်အနှောင့်အယှက်ဖြစ်ရသည့် အကြောင်းအရင်းအများစုက ဝေ့ချန်ဆီမှ အစပြုခဲ့သော်လည်း ဝေ့ချန်၏ စွမ်းရည်များကတော့ သံသယဖြစ်ဖွယ်မရှိချေ။ 


ချန်ရှီဟွိုက်က နှစ်ပေါင်းများစွာ ကြာအောင် နေခဲ့ပြီး စိတ်လိုက်မာန်ပါ ပြုမူတတ်သည့် အရွယ်ကို ကျော်လွန်သွားပြီဖြစ်သည်။ ဝေ့ချန်နှင့် ပေါင်းသင်းဆက်ဆံရာမှ ချန်ချင်း အများကြီး သင်ယူနိုင်သည်။ ထို့ကြောင့် တားဆီးနေမည် မဟုတ်ပေ...။ ထို့အပြင် ချန်လီ ချန်မိသားစုသို့ ပြန်လာနိုင်မလာနိုင်က ဝေ့ချန်၏ သဘောထားအပေါ်တွင် မူတည်နေသည်။ ချန်ချင်းသာ‌ ဝေ့ချန်နှင့် ဆက်ဆံရေးကောင်းကောင်း တည်ဆောက်ထားပါက ချန်ချင်း၏ စည်းရုံးမှုနှင့်ဆိုလျှင် ချန်လီအား ချန်မိသားစုသို့ ပြန်ပို့ရန်ကိစ္စကို ဝေ့ချန် အလွယ်တကူငြင်းတော့မည်မဟုတ်ချေ။ 


ချန်ရှီဟွိုက်၏ စိတ်အခြေအနေက ကောင်းမွန်လာသော်လည်း မျက်နှာအမူအရာက မပြောင်းမလဲဘဲ ရှိနေလေသည်။ 


ချန်ချင်းက နောက်တစ်ကြိမ် နာနာခံခံဖြင့် ခေါင်းညိတ်လိုက်သော်လည်း ဒေါသများကို ခံစားနေရသည်။


 သူက ဘာကြောင့် ဝေ့ချန်နှင့် ဆက်ဆံရေးတည်ထောင်ရန်ကြိုးစားရမည်လဲ...။ အတိတ်တုန်းက ဝေ့ချန်ကပဲ သူနှင့် တစ်ချိန်လုံးရှိနေခဲ့တာပဲမလား...။


“ဒါပေမယ့် အရမ်းလည်း နီးနီးကပ်ကပ်မနေသင့်ဘူး” ချန်ချင်းက ချက်ချင်း သဘောတူလာသည်ကို တွေ့သောအခါ ချန်ရှီဟွိုက် သူ့ကို သတိပေးလိုက်သည်။ 


ချန်မိသားစုနှင့် ဝေ့မိသားစုက တစ်မိသားစုတည်း မဟုတ်ဘဲ ပြိုင်ဘက်များဖြစ်ကြသည်။ ချန်ချင်းနှင့် ဝေ့ချန်တို့ ဆက်ဆံရေးကောင်းခြင်းက ကောင်းသော်လည်း ခံစားချက်များ ငြိတွယ်သွား၍တော့ မဖြစ်ပေ။ သူတို့ အသုံးချနိုင်သည့် ဆက်ဆံရေးမျိုးသာ ထိန်းထားသင့်သည်။ 


“ကျွန်တော်သိပါပြီ” ချန်ချင်း ပြန်ဖြေလိုက်သည်။ သူလည်း ထိုသို့ မြင်မိသည်။ သူ့အပေါ် ဝေ့ချန်၏ ကြိုးစားအားထုတ်မှုများကိုပင် သူရယ်ချင်မိသည်။


ကျန်ရှိနေသည့် ခရီးက စကားအပြောအဆိုမရှိဘဲ ဆက်သွားခဲ့သည်။ ထို့နောက် ပင်မအိမ်သို့ တိတ်ဆိတ်စွာဖြင့် ပြန်ရောက်လာခဲ့ကြသည်။ ချန်ချင်းက ကားထဲမှမထွက်လိုက်ဘဲ ဒရိုင်ဘာက သူ့ကို သူ့မိသားစုအိမ်သို့ ပြန်လိုက်ပို့ပေးလိုက်သည်။


ချန်ရှီဟွိုက် မြင်ကွင်းထဲမှ ပျောက်သွားသည်နှင့် ချန်ချင်း၏ တောင့်တင်းနေသည့် ကျောက ချက်ချင်း ပြေလျော့သွားကာ နောက်မှီပေါ်သို့ လဲကျသွားတော့သည်။ အစောပိုင်းနွေဦး၏ ရာသီအခြေအနေကြောင့်နှင့် ဝူကျန်းနှင့် တွေ့ရန်အတွက် ချန်ချင်းက ထူထူထဲထဲ ဝတ်ထားခဲ့သည်။ အဝတ်အစားများက အနည်းငယ် ကြပ်နေကာ ‌ကျောမှ နာကျင်မှုများကလည်း ပြင်းထန်လှသည်။ သို့သော်လည်း သူက ချန်ရှီဟွိုက်အရှေ့တွင် မသက်မသာဖြစ်မှုများကို ပြသ၍ မဖြစ်ပေ။ 


ယခုတွင်တော့ ချန်ရှီဟွိုက်မြင်ကွင်းထဲတွင် မရှိတော့သောကြောင့် ချန်ချင်းက အပေါ်ဝတ်ကို ချွတ်လိုက်သည်။ နာကျင်မှုက သူ့နဖူးတွင် ချွေးအလွှာပါးလေးကို ဖြစ်ပေါ်လာစေသည်။ သူ့အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် ချန်ချင်း မတ်တပ်ဆက်မရပ်နိုင်သော်လည်း ဆိုဖာပေါ်သို့ လှဲချလိုက်သည်။


ထိုအချိန်တွင် တုလီရွှင်း အိမ်၌ ရှိနေ၏။ ချန်ချင်း၏ ပုံစံကိုကြည့်၍ ချန်ရှီဟွိုက်၏ အပြစ်ပေးခြင်းခံလာရကြောင်း သူမ သိလိုက်သည်။ သူမက ချန်ချင်းထံသို့ လျှောက်လာကာ အကျီကိုလှန်၍ ဒဏ်ရာများကို ညင်သာစွာ ထိလိုက်သည်။ စိုးရိမ်မှုများက သူမ မျက်နှာပေါ်သို့ တစ်ခဏဖြတ်ပြေးသွားပြီးနောက် ဂုဏ်သိက္ခာရှိသည့်ပုံစံကို ပြန်ထိန်းထားလိုက်သည်။ 


“ကောင်းပြီ...ဒါကို သင်ခန်းစာလို့ သဘောထားလိုက်...မင်းကို အရေးကြီးတဲ့ အခြေအနေတွေမှာ အလျင်စလိုမလုပ်ဖို့ သင်ပေးလိုက်တာပဲ...စိတ်မရှည်တာက အမှားတွေကိုဖြစ်စေတယ်”


သူမက သွားတောင်းပန်ခြင်း၏ ရလဒ်ကို မမေးလိုက်ချေ။ သူမက ချန်မိသားစု၏ ကိစ္စများကို ဝင်ပါလေ့မရှိသော်လည်း ယခုအချိန်တွင်တော့ ချန်ရှီဟွိုက်ကို မနာကျည်းရန် ခက်ခဲလှသည်။ ဤ ညှာတာမှုမရှိသည့် ကြာပွတ်ရာများက ချန်ချင်းကို သူ့မြေးဟုပင် သဘောမထားကြောင်း ဖော်ပြနေလေသည်။ 


တုလီရွှင်းက စိတ်ခံစားချက်များကို ထုတ်မပြလိုက်ချေ။ သူမ၏ အပြုအမူများက တည်တည်ငြိမ်ငြိမ် ရှိနေသေး၏။


ချန်ချင်း ဒီတစ်ခေါက်တွင် သင်ခန်းစာရခဲ့သော်လည်း ဤပုံစံဖြင့် တုလီရွှင်း၏စကားပြောခံလိုက်ရခြင်းက သူ့ကို ဝမ်းနည်းစေသည်။ သူ မငိုသော်လည်း မျက်လုံးများကတော့ နီရဲလာခဲ့သည်။ 


အဆုံးတွင်တော့ တုလီရွှင်း မနေနိုင်တော့ပေ။ သူမက မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများနှင့် ပြည့်နေပြီး လက်ဆန့်လိုက်၍ ချန်ချင်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ 


“အမေ...အဖိုးက ကျွန်တော့်ကို အဲ့ဒီ့အရူးနဲ့ များများအဆက်အသွယ်လုပ်စေချင်နေတယ်” 


ချန်ချင်းက ဝမ်းနည်းမှုများကို ဖိနှိပ်လိုက်ပြီး တုလီရွှင်းနှင့် ကိစ္စများကို ဝေမျှလိုက်သည်။ တကယ်တမ်းတွင် သူက ထိုအရူးကို မတွေ့စေချင်ပေ။ သူ့ကိုတွေ့ခြင်းက သူ့ကို အရှက်ရစေ၏။


တုလီရွှင်း၏အကြည့်များ နက်မှောင်သွား၍ ပြောလိုက်သည်။ “မင်းအဖိုး ပြောတဲ့အတိုင်း လုပ်လိုက်ပါ”


“ဒါပေမယ့်...အမေ...” ချန်ချင်းက ပါးစပ်ဖွင့်၍ တစ်ခုခုပြောလိုက်ချင်သော်လည်း  သူ့အဖိုး၏ စကားများကို မငြင်းဆန်နိုင်ကြောင်း သတိရသွားတော့သည်။ 


“အားချင်း...စိုးရိမ်ဖို့မလိုဘူး” တုလီရွှင်းက ချန်ချင်း၏နဖူးကို ညင်သာစွာ ထိလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ 


“မင်းပိုင်တာကို...အမေ စောင့်ကြည့်ထားပေးမယ်”


......


အချိန်များက ကုန်ဆုံးသွားပြီး ဆောင်းရာသီပိတ်ရက်က အဆုံးသတ်သို့ ရောက်လာလေသည်။


 စာသင်နှစ်အသစ်တစ်ခု စတင်လာပြီး ချန်လီက Qတက္ကသိုလ်၏ အနုပညာဌာနမှ ကျောင်းသားအဖြစ် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း Qတက္ကသိုလ်သို့ ပထမဆုံးအကြိမ်‌ရောက်လာသည်နှင့် ယှဥ်ကြည့်လျှင် သူ၏ ဂုဏ်ပုဒ်များက ပို၍ သိသာထင်ရှားလာခဲ့သည်။ 


အိပ်မက်ဖလား၏ ရွှေတံဆိပ်ဆုရခဲ့သူအနေဖြင့် သူ၏ ပန်းချီကားများမှာ ယခုဆိုလျှင် သန်းချီတန်နေပြီဖြစ်ပြီး အနုပညာခရီးလမ်းတွင် ကြိုးစားနေကြသည့် ပန်းချီကျောင်းသားများအတွက် လက်လှမ်းမမှီသည့် အောင်မြင်တစ်ခုဖြစ်လေသည်။ 


ပန်းချီလက်ရာများက အမှန်တကယ် ရင်သပ်ရှုမောဖွယ်ရာ ကောင်းသည့်တိုင် မည်သူကမှ ချန်လီကို မနာလိုမဖြစ်ကြချေ။  သူ၏ ကြောက်ရွံ့တတ်သော သဘာဝရှိသည့် အော်တစ်ဇင်ကြောင့်သာ မဟုတ်လျှင် အတန်းတက်တိုင်း သူ့ဆီမှ သင်ကြားချင်သည့် ပန်းချီကျောင်းသားများဖြင့် ဝိုင်းရံနေလိမ့်မည်ပင်။ 


သူနှင့် အတန်းဖော်များက အတန်းထဲတွင် သိပ်အဆက်အဆံမရှိကြချိန်တွင် ချန်လီက သူတို့ လက်ခံလာသည်ကို သတိထားမိလာသည်။ ထိုအကြောင်းအရင်းကြောင့်ပဲ ပထမဆုံးနေ့၏ အတန်းပြီးနောက် ချန်လီက စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချလိုက်သည်။ 


သူ၏ အကြောက်တရားများနှင့် မလုံခြုံမှုများကို ကျော်လွှားရန် အဖွဲ့တစ်ခုထဲသို့ ဝင်ချင်မိသည်။ 


'အဲဒါက သူတွေးထားသလို ကြောက်ဖို့မကောင်းလောက်ဘူးမလား…'


ထို့ကြောင့် ကျောင်းတက်သည့် ဒုတိယနေ့တွင် မနက်စာစားပြီးနောက် ချန်လီက ဝေ့ချန်ကို ရဲဝင့်စွာဖြင့် တောင်းဆိုလိုက်သည်။ ဒါက သူ့ရဲရင့်မှု၏ ပထမဆုံးခြေလှမ်းဖြစ်သည်။


“အားချန်…ကျွန်တော့်ကို စက်ဘီးတစ်စီးလောက်ဝယ်ပေးလို့ရမလား” ချန်လီက ပေါင်မုန့်ကို ဝါးနေရင်း ဝေ့ချန်က တလေးတနက်ဖြင့် ကြည့်လိုက်သည်။ 


“ဘာလို့ စက်ဘီးလိုချင်တာလဲ” ဝေ့ချန်က ပဟေဠိဖြစ်သွားသော်လည်း သံသယဝင်မိသည်။ ယုခအချိန်တွင် ချန်လီ၏ခံစားချက်များကို သေချာမသိတော့ပေ။ 


ချန်လီက ချက်ချင်း ပြန်မဖြေလာပေ။ သူက ပေါင်မုန့်ကို ပြီးသည်အထိ ဖြေးဖြေးချင်း ဝါးနေပြီးမှ ပြောလာသည်။ 


“ကျောင်းကို ကိုယ့်ဘာသာကိုယ် သွားကြည့်ချင်လို့”


ချန်လီ၏ အမူအရာများက လေးနက်နေသော်လည်း သူ၏ အကြည့်များတွင် တုံ့ဆိုင်းမှုများ ကျန်နေသေးသည်။ ဝေ့ချန်က ထိုမသေချာမှုများကို အလွယ်တကူရှာတွေ့လိုက်သည်။ ချန်လီက သူ့ဘာသာသူ ကျောင်းတက်ရန် ဆုံးဖြတ်ထားသော်လည်း လူတွေနှင့် ထိတွေ့ဆက်ဆံရမည်အား ကြောက်နေရသည်ကို သူသိသည်။ 


သို့သော် ဝေ့ချန်က မငြင်းလိုက်ချေ။ ထိုအစား သူက လက်ဆန့်၍ ချန်လီ၏ ဆံပင်များကို ဖွ၍ နူးညံ့စွာပြောလိုက်သည်။ 


“ရတာပေါ့…ဒါပေမယ့် လီလီကြိုးစားမှရမယ်” ချန်လီ တွန့်ဆုတ်နေချိန်တွင် သူ၏ စကားများက အားဖြစ်စေ၏။


ချန်လီက ကောင်းမွန်သည့် ခြေလှမ်းတစ်ခုစရန် ကြိုးစားနေခြင်းဖြစ်သည်။ ချနလီက ခေါင်းညိတ်လိုက်ပြီး မျက်လုံးထောင့်တွင် အပြုံးဖျော့ဖျော့လေး ဖြစ်ပေါ်လာပြီး ဝေ့ချန်ကိုပြုံးပြလာသည်။


ဝေ့ချန်မနေနိုင်ဘဲ အရှေ့သို့ ကိုင်းလိုက်၍ ချန်လီ၏ နှုတ်ခမ်းထောင့်၌ ရပ်လိုက်ကာ လျှာထုတ်၍ ချန်လီ၏ နှုတ်ခမ်းထောင့်၌ ပေနေသည့် ယိုများကို လျက်လိုက်သည်။ ၎င်းက သူ့လက်ထဲရှိ ပေါင်မုန့်မှယို၏ အရသာထက် အဆပေါင်းများစွာ ချိုလေသည်။ 


ဤတစ်ခဏလေးပြီးနောက် ဝေ့ချန်က အရေးကြီးသည့် မေးခွန်းကို မေးလိုက်သည်။ “လီလီ…စက်ဘီးစီးတတ်လား”


ချန်လီက ခေါင်းခါ၍ ဝေ့ချန်အား တိကျသေချာမှုများဖြင့် ကြည့်လာ၏။ “အားချန်…ကျွန်တော့်ကိုသင်ပေး” 


“အင်း…ကိုယ်မင်းကို သင်ပေးမယ်” ဝေ့ချန်က မျက်လုံးတွင် အပြုံးများဝေနေလျက် ပြန်ပြောလိုက်သည်။ 



ဝေ့ချန်အလုပ်ပြီး၍ ချန်လီကိုသွားကြိုသည့်အခါ နောက်ဆုံးပေါ် စက်ဘီးအသစ်တစ်စီးက သူတို့ အိမ်တံခါးဝသို့ ရောက်နေပြီဖြစ်သည်။ ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် ချန်လီ စက်ဘီးကို တွေ့လိုက်ရသည်။ 


ချန်လီက ဝေ့ချန်ကို အံ့ဩစွာဖြင့်ကြည့်လိုက်၏။ ဝေ့ချန် ဤမျှလောက် မြန်မြန်ကြီး ဝယ်ပေးလိမ့်မည်ဟု သူထင်မထားခဲ့ချေ။ 


“ကိုယ်မင်းအတွက် စက်ဘီးဝယ်ထားပေးတယ်…ဆုလေးများရနိုင်မလား” ဝေ့ချန်က ချန်လီ၏ လက်ကိုဆွဲ၍ စက်ဘီးဆီသို့ ခေါ်လာရင်း မေးလိုက်သည်။ မျက်နှာတွင် အမူအရာမဲ့နေသော်လည်း မျက်လုံးတွင်တော့ ညင်သာမှုများဖြင့် ပြည့်နေလေသည်။ 


တုံ့ဆိုင်းခြင်းမရှိဘဲ ချန်လီက ဝေ့ချန်၏ ပါးကို နမ်းလိုက်သည်။ ထို့နောက် ဤဆုက မလုံလောက်သေးဟု တွေးမိသောကြောင့် ဝေ့ချန်၏ မျက်နှာကို လှည့်လိုက်ကာ နှုတ်ခမ်းများကို နမ်းလိုက်ရင်း ပြင်းပြပြီး ချိုမြိန်သည့် အနမ်းတစ်ခုကို ဆုအဖြစ်ပေးလိုက်သည်။ ဝေ့ချန်က ထိုဆုကိုကြိုက်လိမ့်မည်ဟု ချန်လီသေချာသိသည်။ 


တကယ်ကိုပင် ဝေ့ချန်က ဆုကိုသဘောကျကာ မလုံလောက်သေးဟုပင် ခံစားလာရ၏။ ချန်လီက လူချင်းခွာလိုက်သည့်အခါ ဝေ့ချန်က အရှေ့သို့တိုးလာပြီး ချန်လီကို နံရံတွင် ကပ်လိုက်၍ ပြင်းပြသည့် အနမ်းများကို ပို၍တောင်းခံလိုက်သည်။ 


ချန်လီမငြင်းလိုက်ချေ။ ဤဆုက ဝေ့ချန်တကယ်ကို ဆန္ဒရှိနေသည့်အရာဖြစ်ကြောင်း သေချာသိသောကြောင့် လေးလေးနက်နက်ဖြင့် ပေးနေမိ၏။


ညစာစားပြီးနောက် ချန်လီ့အား စက်ဘီးစီးသင်ပေးရန် ဝေ့ချန်က စက်ဘီးအသစ်ကို တွန်း၍ ချန်လီနှင့်အတူ အောက်ထပ်သို့ ဆင်းလာလိုက်သည်။  


ဝေ့ချန်က စက်ဘီးတွင် အပြစ်အနာအဆာရှိ၊မရှိ သေချာစစ်လိုက်ပြီး သေချာအောင် သူအရင်စီးကြည့်လိုက်သည်။ ပြီးမှ ချန်လီအား မည်သို့ စက်ဘီးစီးရမည်ကို တစ်ဆင့်ပြီးတစ်ဆင့် သင်ပေးလိုက်သည်။


ချန်လီက တကယ်ကို တော်ပြီး ကောင်းမွန်သည့် ဟန်ချက်ရှိ၏။ နာရီဝက်လောက်ကြာပြီးနောက် တုန်တုန်လှုပ်လှုပ်ရှိနေသေးသော်လည်း တည်ငြိမ်သောစည်းချက်ဖြင့် အကွာအဝေးတစ်ခုကို စီးနင်းနိုင်ခဲ့သည်။ ယုံကြည်ချက်များတိုးလာရင်း သူက ခြေနင်းကိုအရှိန်ပြင်းပြင်းဖြင့် နင်းလိုက်သော်လည်း စိတ်လှုပ်ရှားနေခြင်းကြောင့် ဟန်ချက်ပျက်သွားကာ စက်ဘီးက တစ်ဖက်သို့ ယိုင်သွားတော့သည်။ 


ဝေ့ချန်က ချန်လီအား တစ်ချိန်လုံး နီးနီးကပ်ကပ်ကြည့်ပေးနေ၏။ စက်ဘီးကယိုင်သွားသည်နှင့် ဝေ့ချန်က လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သို့သော်လည်း လဲကျသည်ကို မတားနိုင်လိုက်ဘဲ နှစ်ယောက်လုံး လမ်းဘေးမြက်ခင်းပေါ်သို့ ပြုတ်ကျသွားတော့သည်။ ဝေ့ချန်က သူ့ကိုယ်သူ ကူရှင်တစ်ခုကဲ့သို့ ပြုမူလိုက်ကာ ချန်လီကို ရင်ခွင်ထဲတွင် မြဲမြံစွာ ဖက်ထားလိုက်၏။


“လီလီ…နာသွားသေးလား” နှစ်ယောက်အတူ ပြုတ်ကျသွားသည့်တိုင် ဝေ့ချန်က ချက်ချင်း ချန််လီ ထိခိုက်သွားမည်ကို စိုး၍ အခြေအနေကို ချက်ချင်း စစ်ဆေးလိုက်သည်။


ချန်လီက လျင်မြန်စွာပဲ ခေါင်းခါလိုက်သည်။ ဝေ့ချန်က သူ့ကို သေချာကာကွယ်ခဲ့သောကြောင့် သူ လုံးဝ မနာပေ။ တကယ်တမ်း သူက ဝေ့ချန်ကို ပို၍ စိတ်ပူမိ၏။


ဝေ့ချန်ကို စိုးရိမ်တကြီးကြည့်၍ ချန်လီ မေးလိုက်လေသည်။ 


“အားချန်…အဆင်ပြေရဲ့လား"



💘