အပိုင်း ၁၁၇
Viewers 11k

🥰 Chapter 117 ✅


မကြာမီအချိန်အတွင်း ယောင်ကျိကျိုးတစ်ကိုယ်လုံး ရွှဲရွှဲစိုသွားတော့သည်။ 


အရင်က ခပ်ပွပွအ၀တ်များသည် ယခုတွင် ယောင်ကျိကျိုး၏အသားနှင့် ကပ်နေကာ ကြွက်သားအမြောင်းလိုက်ကို မြင်နေရသည်။


ယောင်ကျိကျိုးက အေးစက်စက် မျက်နှာထားနှင့်ပင်ဖြစ်ကာ ရေစိုနေသည့်ကိုယ်ကို ဂရုပင်မစိုက်ချေ။ 


မင်လျိုရီက ရုတ်တရက် ရပ်လိုက်ပြီး ယောင်ကျိကျိုးအား တပတ်ဖြင့်အုပ်လိုက်သည်။ 


"ရွှဲကုန်ပြီ" 


မင်လျိုရီက လျင်မြန်စွာ ပြောလိုက်သည်။ 


"မြန်မြန် အ၀တ်သွားလဲရအောင်" 


ယောင်ကျိကျိုးက ဂရုသိပ်မထားဘဲ ရေစိုနေသည့် အ၀တ်များကို ချွတ်ဖို့ပြင်လိုက်သည်။ 


မင်လျိုရီက ချက်ချင်းပင် ယောင်ကျိကျိုး၏ လက်များကိုဖိထားလိုက်ပြီး သူမ၏နူးညံ့သည့် အသံလေးက အမိန့်သံဖြင့် တီးတိုးပြောလိုက်သည်။ 


"မချွတ်ပါနဲ့ဆိုနေ အိ‌န္ဒြေရှိစမ်းပါ" 


"အချစ်လေး ကိုယ်တို့ရောက်နေတာ ကမ်းခြေလေ အူပုပ်ကလေးလုပ်နေတာလား" 


ယောင်ကျိကျိုးက ရယ်လိုက်သည်။ 


...


၀မ့်သဲဖာက ပိုက်ဆံရပြီးနောက် သူ၏လုပ်ငန်းကိုစတော့သည်။ 


ထိုနေ့ညတွင် ၀မ့်သဲဖာက ရှန်ဟိုင်းပရောဂျက်၏ အောင်မြင်နိုင်ချေများကို ပြုစုထားသည့် တင်ပြလွှာများကို ယောင်ကျိရန်ဆီ ပို့ပေးလိုက်သည်။ 


ည ၁၁ နာရီတွင် ယောင်ကျိရန် သူ၏ဟိုတယ်ခန်းတွင် အွန်လိုင်းမီတင်တစ်ခု ပြုလုပ်နေခဲ့သည်။ ၀မ့်သဲဖာ၏ မက်ဆေ့ကိုတွေ့တော့ သူကခဏစောင့်ပေးရန် အချက်ပြလိုက်ပြီး ၀မ့်သဲဖာကလဲ လက်ပြန်ပြကာ အလုပ်ဆက်လုပ်ဖို့ အချက်ပြလိုက်သည်။ 


ဆယ်မိနစ်အကြာတွင်တော့ ယောင်ကျိရန်သည် သူ၏နောက်ဆုံးသောအလုပ်ကို အပြီးသတ်နိုင်ခဲ့ပြီး ပင်ပန်းစွာဖြင့် အကြောဆန့်လိုက်တော့သည်။ 


၀မ့်သဲဖာက ချက်ချင်းပင်ပြောလိုက်သည်။


"ဒုဥက္ကဌ သန်းခေါင်ရောက်နေပါပြီ...နေ့တိုင်း အလုပ်များတာပဲနော် ပင်ပန်းလိုက်တာ" 


"အလုပ်ကြိုးစားပေးလို့ ကျေးဇူးပဲ မစ္စတာ၀မ့်"


ယောင်ကျိရန်က ပြုံးကာပြောလိုက်သည်။


"မင်းကို ရီပို့တင်ဖို့ ကျန်နေသေးတယ်"


ထို့နောက် ယောင်ကျိရန်သည် ၀မ့်သဲဖာထံမှ ဖိုင်ကိုယူလိုက်ပြီး ပရောဂျက် ဆက်လက်လုပ်ဆောင်ဖို့ရန်အတွက် အလွန်အသုံး၀င်သော တင်ပြမှုကို လှန်လှောကြည့်လိုက်သည်။ ဘက်ဂျက်ရီပို့လဲပါ၀င်ကာ အရင်အတွေ့အကြုံအရ ဘက်ဂျက်သည် အလွန်သင့်တင့်သည်။ 


ထိုဖိုင်နှစ်ခုအရ ပရောဂျက်သည် ကောင်းမွန်ပြီး ဆက်လက်လုပ်ဆောင်၍ရသည်ဟု ဆိုလိုသည်။


"ယောင်ကျိကျိုးရော ဒီရီပို့တွေ ဖတ်ပြီးပြီလား" 


ယောင်ကျိရန်က ဒီတိုင်းမေးလိုက်သည်။ 


ဝမ့်သဲဖာက သူ၏ခေါင်းကိုကုတ်ကာ ပြောလိုက်သည်။ 


"ဥက္ကဌက တစ်ချက်တောင်လာမကြည့်ဘူး" 


ယောင်ကျိရန်လဲ ခေါင်းငြိမ့်ကာ ရီပို့ကို သူ၏အတွင်းရေးမှူးအားပေးကာ အထက်ရုံးကို ချက်ချင်းပေးပို့ပြီး လျှော့ချနိုင်တဲ့ နေရာရှိသေးမလား ပြန်တွက်ချက်ဖို့ မေးခိုင်းလိုက်သည်။


ယခုအချိန်သည် အချိန်မှန် နေရာမှန် လူမှန်များက သူ့ဘက်တွင်ရှိနေပြီး ယောင်ကျိရန်သည် ရှန်ဟိုင်းပရောဂျက်က နောက်တစ်ဆင့်ကို တက်နိုင်မည့်လှေကားဟု တစ်ထစ်ချယုံကြည်နေခဲ့သည်။ 


၀မ့်သဲဖာက ရီပို့တင်ပြီးနောက် သူကချက်ချင်းမပြန်သေးဘဲ နဘေးတွင် တွေဝေစွာဖြင့် ရပ်ကြည့်နေခဲ့သည်။ 


ယောင်ကျိရန်က ၀မ့်သဲဖာ၏ ပုံစံကိုကြည့်ကာ စိတ်၀င်တစားမေးလိုက်သည်။ 


"မစ္စတာ၀မ် ပြောစရာရှိလို့လား" 


၀မ့်သဲဖာက ချက်ချင်းပဲ ပြောလိုက်သည်။


"ဒုဥက္ကဌ သိမလားတော့မသိပေမဲ့ ဒီပရောဂျက်က ရပ်နားထားတာ တစ်နှစ်လောက်ရှိပြီ ကျွန်တော်တို့ အစက စုထားတဲ့အလုပ်သမားတွေကလဲ အလုပ်မရှိတော့ ထွက်ကုန်ကြပြီ ခင်ဗျားသာ ဒီပရောဂျက်ကို တကယ်တာ၀န်ယူမယ်ဆို ကျွန်တော် အစပျိုးကာလကစပြီး အားလုံးကို စီမံပေးပါ့မယ်" 


ယောင်ကျိရန်က ၀မ့်သဲဖာကိုကြည့်ကာ ထိုလူဘာကိုဆိုလိုမှန်း နားမလည်နိုင်ဖြစ်နေသည်။ 


ဝမ့်သဲဖာက ပို၍တည့်တိုးဆန်လိုက်သည်။ 


"အလုပ်သမားတွေပြန်လာတော့ သိပ်မကျေနပ်ကြဘူး သူတို့ကို အနည်းဆုံးတော့ စိတ်ခွန်အားပေးမှရမယ်ထင်တယ်" 


ယောင်ကျိရန်က ထိုအရာကပုံမှန်ပဲဆိုတာ သိတာကြောင့် ပြောလိုက်သည်။ 


"အထက်ကို မင်းဘယ်လောက်လိုလဲပဲ တင်ပြလိုက်"


"မရဘူး" 


၀မ့်သဲဖာက ချက်ချင်းပဲ လက်ကိုဝေ့ရမ်းကာပြောလိုက်သည်။


"ယောင်မိသားစုက ခွင့်ပြုမှာမဟုတ်ဘူး"


"ဘယ်လောက်လိုချင်လို့လဲ မင်းကို ငါ့ရဲ့ကိုယ်ရေးကိုယ်တာ စရိတ်ထဲက ပေးလိုက်မယ်" 


ယောင်ကျိရန်က အံကြိတ်ကာပြောလိုက်သည်။ 


သဲဖာက သူ၏လက်သုံးချောင်းကို ချက်ချင်းထောင်လိုက်သည်။


"ယွမ်သုံးသောင်းထဲလား" 


‌ယောင်ကျိရန်က မေးလိုက်သည်။


၀မ့်သဲဖာက ခေါင်းခါကာ လက်သုံးချောင်းထောင်ထားဆဲပင်။ 


"ယွမ်သုံးသိန်းလား" 


ယောင်ကျိရန်က အံ့ဩသွားသည်။ 


ထိုအခါမှ ၀မ့်သဲဖာက ခေါင်းငြိမ့်ကာပြောလိုက်သည်။ 


"ယွမ်သုံးသိန်းတောင် နည်းနေသေးတယ် အဲအလုပ်သမားတွေက ပိုက်ဆံမရှားဘူး သူတို့ဘယ်နေရာမှာမဆိုရှာလို့ရတယ် ရှန်ဟိုင်းပရောဂျက်က မကောင်းတဲ့သတင်းတွေရှိတယ် ကျွန်တော် ဒီဈေးနဲ့သူတို့ကို ညှိနှိုင်းတာတောင် အရှက်မဲ့ရာကျနေပြီ" 


ယောင်ကျိရန်ကား ဆွံ့အနေခဲ့သည်။


တကယ်ကို ဟာသပဲ။ ယောင်ကျိရန်ကိုယ်တိုင်လဲ ငွေလိုနေခဲ့သည်။ သူက ၀မ့်သဲဖာကို ယွမ်နှစ်သိန်းပေးပြီးသည့်အပြင် နောက်ထပ် ယွမ်သုံးသိန်းကိုပါ လိုချင်နေသည်။ 


သူတို့နှစ်ယောက်လုံး ရုတ်ချည်း အနေခက်သွားကြသည်။ 


ယောင်ကျိရန်က အသက်၀၀ရှူကာပြောလိုက်သည်။ 


"ငါ ရုံးပြန်ရောက်မှ ပိုက်ဆံပေးနိုင်မယ် ခဏတော့စောင့်ပေး" 


၀မ့်သဲဖာကပြုံးကာ လောကွတ်စကားပင်ပြောလိုက်သည်။ 


"ဒုဥက္ကဌရဲ့ ပထမဆုံးတိုက်ပွဲမှာ အောင်မြင်ပါစေဗျာ" 


၀မ့်သဲဖာ အခန်းထဲမှထွက်သွားပြီး တံခါးပိတ်ပြီးတော့ သူ၏မျက်နှာပေါ်မှ အပြုံးက ချက်ချင်းပျောက်ကွယ်သွားတော့သည်။ 


အရင် ယောင်ကျိကျိုးတုန်းက ၀မ့်သဲဖာမထိန်းချုပ်နိုင်ခဲ့သော်လည်း ဒုဥက္ကဌကတော့ လှည့်စားဖို့ရာ အင်မတန်လွယ်ကူသည်။ 


...


ညအချိန်တွင်တော့ လူတိုင်းသည် ပျော်ရွှင်စွာဖြင့် ဗီလာခြံထဲတွင် ကမ်းခြေဘာဘီကျူးပါတီအတွက် ပြင်ဆင်နေကြသည်။ 


ရှန်းလွေ့က ကမ်းခြေတွင် စီမံခန့်ခွဲပေးနေခဲ့သည်။



🥰