အပိုင်း၁၁၉
Viewers 11k

🥰 Chapter 119 ✅


ယောင်ကျိကျိုး၏လက်က မင်လျိုရီ၏နားရွက်ဖျားလေးအား ပွတ်သပ်နေသည်။ 


ယောင်ကျိကျိုး မျက်လုံးမှိတ်ထားသော်လည်း မင်လျိုရီသည် ဖျော့တော့နေသည့် သူ​၏၀မ်းနည်းမှုတစ်စုံတစ်ရာကို ခံစားမိလိုက်သည်။ 


နှစ်ဉီးကြားရှိ အကွာအဝေးသည် နီးသထက်နီးလာခဲ့ပြီး ယောင်ကျိကျိုးသာ အနည်းငယ်ရှေ့တိုးလိုက်လျှင် သူတို့နှစ်ယောက် နမ်းမိတော့မည်ဟု မင်လျိုရီခံစားလိုက်ရသည်။ 


ယောင်ကျိကျိုးသည် အမှန်တကယ်နမ်းချင်ခဲ့သော်လည်း ဘေးနားတွင် လူအများအပြားရှိနေတာကြောင့် သူတို့ရှေ့တွင် အနမ်းတစ်ခုကို ပုံမဖော်ချင်ခဲ့ပေ။ သူက လျင်လျင်မြန်မြန်ပဲ တည်ငြိမ်အောင်ပြုလုပ်လိုက်ပြီးနောက် အပြုံးတစ်ခုက မျက်နှာတွင် ပေါ်ထွက်လာသည်။ 


ယောင်ကျိကျိုးသည် မင်လျိုရီကို ဖြတ်ခနဲ နမ်းလိုက်ပြီး သူမ နားနားသို့ငုံ့ကာ စိတ်ဆန္ဒပြင်းပြစွာဖြင့် ပြောလိုက်သည်။ 


"လက်ဆောင်ကျတော့ယူလာပြီး ကိုယ့်အတွက် စီးကရက်တော့ မပါလာဘူးလား" 


မင်လျိုရီသည် ယောင်ကျိကျိုး၏စနှောက်မှုနှင့် ရှေ့ကဆွဲဆောင်မှုများကြောင့် ကြက်သေသေသွားသည်။ ထိုခံစားချက်သည် သူမနားထဲတွင် ကူးသန်းသွားလာနေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အမွှေးအမျှင်များထောင်ကုန်တော့သည်။ 


တီးဝိုင်းသည် အချိန်တစ်ခုအကြာထိသီဆိုခဲ့ပြီး ယခုတွင် ထိုအဆိုတော်နှစ်ယောက်အတွက် နားချိန်ဖြစ်သည်။ ယောင်ကျိကျိုးသည် သီချင်းသံရပ်တန့်သွားတော့မှ မင်လျိုရီနားမှ ခွာသွားခဲ့သည်။ 


‌ရှန်းလွေ့သည် ဖျော်ဖြေသူများကိုတစ်ခုခုစားရန် အချက်ပြလိုက်သည်။ သူတို့လဲ ခေါင်းငြိမ့်ကာ စင်ပေါ်မှဆင်းသွားကြသည်။ နှစ်ဦးလုံးသည် စကားများများစားစား မပြောခဲ့ကြပေ။ 


"ကျွန်မ ဟိုနားမှာ ဆေးလိပ်သွားသောက်ဦးမယ်" 


အမျိုးသမီးက ပြောလဲပြော မက်တပ်ရပ်လိုက်သည်။ မင်လျိုရီက အမျိုးသမီးကိုကြည့်ကာ မတ်တပ်လိုက်ရပ်လိုက်တော့ ထိုအမျိုးသမီးက ကြောင်အသွားခဲ့သည်။ 


မင်လျိုရီက ရှက်ကိုးရှက်ကန်းအကြည့်ဖြင့် ပြောလိုက်၏။ 


"စီးကရက်တစ်လိပ်လောက် ရမလား" 


‌သူမသည် မင်လျိုရီအား သာမန်ပဲတစ်ချက်ကြည့်ကာ စီးကရက်တစ်လိပ်ထုတ်ပေးခဲ့သည်။ သူမက မင်လျိုရီကို ကမ်းပေးလိုက်ပြီး အနှောင့်ယှက်မခံချင်သည့်

အလား ချက်ချင်းလှည့်ထွက်သွားသည်။ 


မင်လျိုရီက ကျေးဇူးတင်လိုက်ပြီး ချက်ချင်း ယောင်ကျိကျိုးကို ပေးလိုက်သည်။ 


"ဒီမှာ ရှင်လိုချင်တဲ့ စီးကရက်"


ယောင်ကျိကျိုးသည် အရပ်ရှည်ပြီးပိန်ပါးသည့် အမျိုးသမီး၏ စီးကရက်ကို အနံ့ခံကြည့်ပြီးပြောလိုက်သည်။


"စီးကရက်ကောင်းပဲ..ဒါပေမဲ့ အခုက အချိန်မကျသေးဘူး" 


မင်လျိုရီက အံ့ဩသွားသည်။ 


ခုနကပဲ ဆေးလိပ်သောက်ချင်တယ်ပြောပြီး အခုကျ မသောက်ချင်ပြန်ဘူးလား...


'ဘာလို့အဲလောက် အပြောင်းအလဲမြန်ရတာလဲ ရာသီဥတုထက်တောင် ဆိုးသေးတယ်' 


သို့သော်လည်း သူမက ယူလာပြီးပြီဖြစ်၍ ပြန်ပေးလို့လဲမကောင်းပေ။ မသောက်လျှင်လဲ ရိုင်းရာကျဦးမည်။ မင်လျိုရီသည် စီးကရက်တစ်လိပ်နှင့် လမ်းပျောက်နေတော့သည်။ 


မစ္စတာဟဲသည် မူမမှန်တာကိုတွေ့တော့ ချက်ချင်း မေးလာခဲ့သည်။ 


"မဒမ် ကျွန်တော့်ကိုပေးလိုက်ပါ" 


မင်လျိုရီ မသိလောက်ပေမဲ့ မစ္စတာဟဲကတော့ သိသည်။ ဥက္ကဌက ဘယ်သောအခါမှ အပြင်လူဆီမှ ထိုကဲ့သို့သောအရာများကို လက်ခံလေ့မရှိပေ။ 


မဒမ်က တစ်စုံတစ်ယောက်ထံတွင် ကိုယ်‌တိုင်တောင်းယူခဲ့သော်လည်း ယောင်ကျိရန်သည် ရှန်ဟိုင်းမြို့တွင် ရှိနေလေသည်။ ထို့အပြင် ယောင်ကျိရန်သည် အမြဲလိုလို အကြံအဉာဏ်များဖြင့် ပြည့်နေပြီး ယခုလို အရေးကြီးသည့်အချိန်တွင် ပြဿနာတစ်စုံတစ်ရာ အဖြစ်မခံနိုင်ပေ။ 


မင်လျိုရီက မစ္စတာဟဲကို တိတ်တဆိတ် ချီးကျူးလိုက်သည်။ ယောင်ကျိကျိုး၏ရှေ့တွင် သူတစ်ယောက်သာ အခြေအနေကို ထိန်းချုပ်ပေးနိုင်သည်။ 


အမျိုးသမီးက နားချိန်ပြီးဆုံးပြီး‌နောက် ပြန်ရောက်လာခဲ့သည်။ 


စားဖိုမှူးသည် အသားဖြင့်ဧည့်ခံပေးနေသည်။ မင်လျိုရီက ယောင်ကျိကျိုးကိူ ကမာပေးလိုက်ပြီး စားသောက်ပွဲကို တဖန်ပြန်စခဲ့သည်။ 


ဖျော်ဖြေသူနှစ်ယောက်သည် ရိုးရိုးရှင်းရှင်းသာ စားသုံးခဲ့ပြီး ဖျော်ဖြေရန်စတိတ်စင်ပေါ်သို့ ပြန်တက်လာသည်။ အမျိုးသမီး၏လက်ချောင်းများသည် သေသပ်ကျွမ်းကျင်စွာဖြင့် အီလက်ထရောနစ် ကီးဘုတ်ကို တီးခတ်နေခဲ့သည်။ သူမ​၏အရှိန်အဝါသည် သီဆိုသူအောက် ငုပ်လျှိုးမနေဘဲ နှစ်ဦးသားသည် ပြီးပြည့်စုံစွာ လက်တွဲညီညီဖျော်ဖြေကြသည်။ 


အသားကင်အနည်းငယ်စားပြီးနောက် မင်လျိုရီသည် အီလာတာကြောင့် ရေခဲပုံးမှအအေးပုလင်းကို ယူကာ ခွက်ထဲထည့်ပြီး တစ်ကျိုက်တည်းနှင့် တစ်၀က်ကျိုးအောင် သောက်ချလိုက်သည်။ ပင်မှည့်ဖျော်ရည်သည် အေးမြမြနှင့် အရသာရှိလှသည်။ 


ယောင်ကျိကျိုးသည် တစ်ခုခုမှားနေပြီဟု ခံစားမိပြီးမေးလိုက်သည်။ 


"ဘာသောက်နေတာလဲ" 


မင်လျိုရီက ပြန်ဖြေလိုက်သည်။ 


"ပင်မှည့်ဖျော်ရည်နေမယ် တကယ်ကောင်းတယ် သောက်ကြည့်မလား"


"သေချာကြည့်လိုက်ပါဦး အဲဒါကဘာလဲလို့" 


ယောင်ကျိကျိုးက ပြောလိုက်သည်။ 


မင်လျိုရီက ပုလင်းကိုကိုင်ကာ သေချာကြည့်လိုက်သည်။ ထိုအခါမှ ပင်မှည့်သီးဖြင့်လုပ်ထားသည့် အရက်ဖြစ်ပြီး အယ်လ်ကိုဟောလ် ၄ ရာခိုင်နှုန်းပါ၀င်သည်။ 


မင်လျိုရီ နောက်တစ်ကြိမ် ဆွံ့အရပြန်သည်။ 


"အဲတာကြောင့် အရက်နံ့မရတာကိုး...၄ ရာခိုင်နှုန်းပဲပါတယ် ဘာမှတော့မဖြစ်လောက်ပါဘူး" 


"တခြားဟာပြောင်းသောက်လိုက်" 


ယောင်ကျိကျိုးက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ 


"ရပါတယ်" 


မင်လျိုရီက ပြောလိုက်သည်။ 


"ကုန်အောင်သောက်လိုက်တော့မယ် နှမျောစရာကြီး" 


ယောင်ကျိကျိုးက ခေါင်းငြိမ့်ကာဘာမှမပြောတော့ပေ။ 


သူမက စားသောက်ရင်း ကျန်ရှိနေသည့် အရက်များကုန်စင်အောင် သောက်ခဲ့သည်။ 


မင်လျိုရီသည် တစ်ခါမှ အရက်မသောက်ဖူးချေ။ သစ်သီးအရက်သည် သိပ်မများသော်လည်း မင်လျိုရီက စိတ်လှုပ်ရှားစွာနှင့် မြန်မြန်သောက်ခဲ့သည်။ 


သိပ်မကြာခင်မှာပင်  အရက်အစွမ်းကပြတော့သည်။ မင်လျိုရီ သူမမျက်နှာနီလာသည်ကို ခံစားမိပြီ မျက်ခွံများက လေးလံလာခဲ့သည်။ 


"မဒမ်" 


ရှောင်ဖန်းက ပြောလိုက်၏။ 


"ပင်ပန်းနေရင် ပြန်သွားပြီးနားမလား" 


မင်လျိုရီက ခေါင်းခါလိုက်သည် 


"ဟင့်အင်း မပင်ပန်းပါဘူး နေလို့ရပါသေးတယ်" 


ယောင်ကျိကျိုးက လက်ဆန့်ကာ သူမနှဖူးကိုစမ်းကြည့်လိုက်တော့ အနည်းငယ်နွေးနေတာကို ခံစားလိုက်ရသည်။ သူက လက်မြှောက်ကာ ရှန်းလွေ့အား လှမ်းခေါ်လိုက်သည်။ 


ယောင်ကျိကျိုးက ဆို၏။


"ငါ့ဇနီးသောက်တာများသွားတယ် ဒီနေ့တော့ဒီလောက်ပဲ...ပိုက်ဆံကအရင်ပြောထားတဲ့အတိုင်းပဲ"



🥰