ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၆၁
"အမ်း စိတ်မရှိပါနဲ့... ဒါပေမယ့် ဘာအတွက်ကျေးဇူးတင်တာလဲ မေးလို့ရမလား"
"အို- အန်းသန့်စ်ရဲ့ဘက်ကို လိုက်ပေးတဲ့အတွက် ကျေးဇူးတင်တာပါ။ အဲဒါက တွေ့ရခဲတယ်လေ"
အဲ့ဒါက ဘက်လိုက်တာမျိုး မဟုတ်ဘဲ မြင်သမျှ အတိုင်းအမှန်ပြောတာဖြစ်တာကြောင့် ကျေးဇူးတင်ခံရသည်က နည်းနည်းတော့ ကို့ရို့ကားယားနိုင်ပေသည်။
"အာ မဟုတ်ဘူး။အဲ့လို မဟုတ်ဘူးရယ်။ ကျွန်မက အခြေအနေ အတိုင်းပဲ သုံးသပ်ပြလိုက်တာပါ"
"ဒါပေမယ့် လေဒီကလွဲရင် ဒီလိုမျိုးလူမရှိသေးဘူး"
အကြောင်းတစ်ချို့ကြောင့် စစဖြစ်သည့်အကြိမ်အနည်းငယ်မှလွဲ၍ သူ့မိဘများပင် ထိုကဲ့သို့ စီရင်ချက်မချနိုင်ခဲ့ပေ။ဒီတိုင်း သူတို့သားလေးမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတယ်လို့ပဲ ရိုးရိုးရှင်းရှင်းပဲ ထင်ခဲ့ကြသည်။
တစ်စုံတစ်ခုက စွဲလန်းအောင်လုပ်ထားသလိုမျိုးဖြစ်ခဲ့ပြီး သူဘာလို့ ဖယ်ဆန့်ကို ဒေါသတွေ ထွက်နေတာလဲဆိုသည့်အပေါ် သူတို့ တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့နည်းလာကြသည်။လုံးလုံး လျစ်လျူရှုထားသလိုပင် ဖြစ်ခဲ့သည်။
သို့သော် ဒီနေ့မှာတော့ လူနာ၏ ဇာတ်လမ်းကို ကြားလိုက်ရပြီး သူတို့မှားသွားကြောင်း သိလိုက်ရသည်။ ကုလားကာတစ်ခု ပွင့်လညသလို ခံစားခဲ့ရသည်။
"ဘာပဲဖြစ်ဖြစ်၊ ကားလ်တွန်ရဲ့ ပြောဆိုချက်တွေကို တလျှောက်လုံး မသေမချာဖြစ်နေခဲ့တာ။ဒါပေမယ့် အခု လေဒီလူနာရဲ့ စကားကိုကြားတော့ နားလည်သွားပါပြီ။ အလုပ်ထုတ်ပစ်ခံရတာကို သူ့ဘာသာသူ မတရားဘူးထင်နေတာပဲ"
မားကွစ်မြို့စားကတော်က တောက်ပသော အပြုံးဖြင့် အကြောင်းအရာကို ပြောင်းလဲခဲ့သည်။
"ဒီကိစ္စထဲ ငါတို့သား ပါဝင်နေတော့ ငါတို့ဘက်နေ အဆုံးစွန်ဆုံး ကူညီချင်ပါတယ်။ ငါတို့မှာ ရှေ့နေကောင်းကောင်းတစ်ဦးရှိတယ်။ဒါကြောင့် သူ့ကို ဒီကို မကြာမီ ပို့ပေးလိုက်ပါမယ်။လေဒီလူနာက ဘာမှလုပ်စရာမလိုပါဘူး။ ရှေ့နေက ဒါကို သူ့ဘာသာသူ ကိုင်တွယ်ဖို့ လုံလောက်တဲ့ အရည်အချင်းရှိတယ်"
ရို့စ်မယ်ရီက ပဟေဠိဆန်သော အကြည့်ဖြင့် ပါးစပ်ကို ဖွင့်လိုက်သည်။
"အမေ ပြောတာက ရိုယာ့အကြောင်းဆိုရင် သူဒီမှာနေနေတာ တစ်လတောင်ကျော်ပြီထင်တယ်"
"...ရိုယာက ဒီမှာနေနေတာလား"
မားကွစ်မြို့စားက မျက်ခုံးတွန့်ပြီး မေးလာခဲ့သည်။
ထိုအချိန်တွင် အခြားမိသားစု၏ရှေ့နေကို စာနာစိတ်မရှိစွာ အသုံးချခဲ့မိသော လူနာ သည် အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဒါက အသေးအမွှားကိစ္စတောင်မဟုတ်နေပေ - သူမသည် သူ့ကို စာတောင်ပို့ခိုင်းပြီး လွတ်လွတ်လပ်လပ် အသုံးချခဲ့မိသည်။
"အာ ဟုတ်တယ်။ သခင်လေးအန်းသန့်စ်ရဲ့ တောင်းဆိုချက်အရ ကျွန်မဒုက္ခရောက်တုန်းက သူကူညီခဲ့တာ။ သူက ကျွန်မကို ကိစ္စအမျိုးမျိုးမှာ ကူညီပေးခဲ့ပါတယ်။ တကယ်တော့ သူလည်း ဒီပြဿနာကို ကိုင်တွယ်နေပြီးသားပါ။ စောစောက မပြောမိတဲ့အတွက် တောင်းပန်ပါတယ်"
တိတ်ဆိတ်မှုတစ်ခုက လူနာ၏ စကားများ နောက်မှလိုက်လာခဲ့သည်။ သူတို့ မကျေမနပ်ဖြစ်သွားကြတာကြောင့်ဟု သူမထင်ခဲ့သော်လည်း အံ့သြစရာကောင်းစွာပင် ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
"အဲ့ကလေးက သူ့ကို လာကူညီပေးဖို့ လွှတ်ခဲ့တာလို့ ပြောနေတာလား..."
"အာ ဟုတ်ကဲ့။ သခင်လေးက စေတနာနဲ့ လုပ်ခဲ့တာပါ။ ကျွန်မ သူ့ကို မကြာခင် ပြန်ပို့ပေးပါ့မယ်။ ကျွန်မ သူ့ကို ကျွန်မသဘောနဲ့ ဒီမှာ ထားခဲ့မိတာပါ"
"စေတနာလား…အန်းသန့်စ်ကလေ…"
အန်းသန့်စ်နှင့် မကိုက်ညီသော ဂုဏ်ရည်ပြနာမဝိသေသနက ရောက်လာသည့်အတွက် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့မှာ ခေတ္တမျှဆွံ့အသွားခဲ့သည်။ သူတို့ အခုဘယမသူ့မကြောင်းပြောနေတာလဲဆိုတာပင် နားမလည်နိုင်တော့ပေ။
"အိုး ဟုတ်ကဲ့…"
တစ်စုံတစ်ခုကို သံသယဝင်နေသလိုမျိုး မရှင်းမလင်းတုံ့ပြန်မှုကြောင့် လူနာ အနည်းငယ် ကသိကအောက်ဖြစ်သလို ခံစားလိုက်ရသည်။စောနကတည်းစ နားမလည်နိုင်သော တုံ့ပြန်မှုတစ်ခုဖြစ်သည်။
"အိုး… မစိုးရိမ်ပါနဲ့! အန်းသန့်စ်ရဲ့ရှေ့နေပဲဖြစ်ဖြစ် လေဒီရဲ့ရှေ့နေပဲဖြစ်ဖြစ်၊ အားလုံးအတူတူပါပဲ။ သူ့ကိုသုံးဖို့ အားမနာနဲ့နော်။သူက လေဒီလူနာကို ကူညီနေပြီဆိုတာသိတာနဲ့တင် ကောင်းပါတယ်။ ငါတို့ကို သက်သာရာရစေတယ်။ တကယ်ကံကောင်းတယ်"
သို့သော် သူမ အံ့အားသင့်ပြီး ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မားကွစ်မြို့စားကတော်သည် အလွန်သဘောကျသွားခဲ့သည်။သူမက တခြားသူ၏ရှေ့နေကို လွတ်လွတ်လပ်လပ် အသုံးချနေတယ်လို့ ပြောပေပေမဲ့ သူတို့ကတော့ အရမ်းကြိုဆိုနေပုံရသည်။
မားကွစ်မြို့စားက ဘာမှပြန်မပြောသော်လည်း သူ့မျက်လုံးများထဲမှာမူ နူးညံ့မှုအပြည့်ဖြင့် မကျေနပ်မှုဆိုတာ တစ်စိုးတစ်စိမှမရှိပေ။
အန်းသန့်စ်၏ရှေ့နေအား သူမ၏ကိုယ်ပိုင်ရှေ့နေကဲ့သို့ပင် သုံးရကြောင်း လူနာကြားချိန်တွင် တစ်ခုခုမှားနေပြီဟု သူမသဘောပေါက်သွားရသည်။
လိုအပ်တာထက် အလွန်ဖော်ရွေနေသော စိတ်ထား၊ နူးညံ့သောလေသံ၊ တောက်ပသော အပြုံးနှင့် မိသားစုရှေ့နေကိုပင် လွတ်လပ်စွာ သုံးစွဲရန် ယဉ်ကျေးပျူငှာစွာပြောနေသည်။
၎င်းက မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့က သူမကို သဘောကျကြောင်း သက်သေပြခဲ့သော်လည်း ၎င်းမှာ ထူးခြားချက်တစ်ခုရှိနေသည်။
'ငါ ဘာလုပ်မိခဲ့ပါလိမ့်...'
သူမ ဘာမှ သိပ်မပြောခဲ့ပါဘူး… သူမပြောတာဆိုလို့ ကားလ်တွန်က သူမကို ဘယ်လို လှည့်စားခဲ့တာလဲဆိုတာပဲ ဖော်ထုတ်ခဲ့တာကို။ထို့အပြင် သူမသည် အန်းသန့်စ်အား ၏ကိစ္စကြား ဆွဲထည့်ခဲ့ပြီး သူ့အား အကြမ်းဖက်မှုကို ထပ်ပြုမူလာစေခဲ့သည်။
ဘာဖြစ်သွားသည်ကို နားမလည်နိုင်ဘဲ လူနာသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။ အမှားကိုပြင်ရန် သူမသိဖို့ လိုအပ်ပေမယ့် ဘာမှားခဲ့မှန်းမသိတာက ပြောရခက်စေသည်။
"သူ့ရဲ့အမှားတွေကို သိအောင် ကားလ်တွန်နဲ့ စကားပြောရမယ်။ ဒီနည်းလမ်းက လေဒီလူနာအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဘူး"
ခဏအကြာတွင် သူမ အရာအားလုံးနားလည်သည်ဟုပြောသော မားကွစ်မြို့စားကတော်သည် တောက်ပသောအပြုံးဖြင့် စကားဝိုင်းကို အဆုံးသတ်ခဲ့သည်။ သူတို့သည် ကားလ်တွန်အကြောင်း ဆွေးနွေးရန် အချိန်များစွာ ကုန်ဆုံးခဲ့ပြီးဖြစ်သောကြောင့် အရာအားလုံးကို လက်စသက်ရန် အချိန်တန်ပြီဖြစ်သည်။
ဒါပေါ့ နေက မြင့်နေသေးလို့ စကားဆက်ပြောဖို့က ပြဿနာတော့မဟုတ်ပေမယ့် အခုမှ တွေ့သောသူအပေါ် မရိုင်းချင်တာကြောင့် ထိန်းထားလိုက်ကြသည်။
"ကျွန်မဘက်က ကောင်းကောင်း ဧည့်မခံနိုင်ခဲ့လို့ တောင်းပန်ပါတယ်"
လူနာသည် စကားဝိုင်း၏ အဓိကအကြောင်းအရာမှာ အန်းသန့်စ်နှင့် သူမအကြောင်းဖြစ်မည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် အဓိကအချက်များကိုသာ ပြောပြီး ပြန်ကြတော့မည်ဟု ဆိုကာ ထိုင်ခုံများမှ အမြန်ထလိုက်ကြသည်။
"မဟုတ်တာ မင်း ပြင်ဆင်ထားတဲ့ အရသာရှိတဲ့ ကွတ်ကီးနဲ့ လက်ဖက်ရည်နဲ့တင် ဧည့်ဝတ်ကျေပွန်မှုက လုံလောက်ပါတယ်။ ပြီးတော့..."
မားကွစ်မြို့စားကတော်သည် ခဏရပ်ပြီး တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လာခဲ့သည်။
"အမှန်ဆို ငါတို့ဘက်ကတောင် ဧည့်ဝဝ်ကျေပွန်ပေးသင့်တာပါ။ပြီးတော့ ဒီမှာ လေဒီလူနာဆီ ကပ်စားနေတဲ့ လူနှစ်ယောက်ရှိတဲ့ပုံပဲ"
မနက်ဖြန်မှစပြီး ဧည့်ဝတ်ကျေချင်လို့ လာလည်ပါလားဟု သူမပြောချင်သော်လည်း သူမက နည်းနည်းအရှက်အကြောက်ကြီးသည်။ သူမမျှော်လင့်ထားသည့်အတိုင်း လူနာ၏မျက်နှာကိုမြင်ရပြီး စကားစမြည်ပြောခဲ့ကာ သူမက မည်သို့သောလူဖြစ်ကြောင်း အတည်ပြုပြီးခဲ့တာကြောင့် အနာဂတ်ကိုသာ စိတ်ရှည်ရှည်နဲ့ စောင့်မျှော်နေရမည်ဖြစ်သည်။
ကျေနပ်စရာကောင်းသော စကားဝိုင်းပြီးနောက်တွင် သူတို့သည် မှန်ဥယျာဉ်မှ ထွက်လာခဲ့ကြသည်။
"ဒါဆို ကျေးဇူးပြုပြီး ဘေးကင်းစွာ ပြန်ပါနော်။ ဒီနေ့အတွက် ဝမ်းမြောက်မိပါတယ်"
မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် ရထားပေါ်မတက်မီလေးတွင် လူနာအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ခဲ့ကြသည်။
ခေတ္တမျှ နှုတ်ခွန်းဆက်စကား ပြီးဆုံးပြီးနောက် မားကွစ်မြို့စားကတော်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး သူမ၏ပါးစပ်ကို သတိထားကာ ဖွင့်လိုက်သည်။
"အမ်...ရိုင်းစိုင်းချင်တာတော့ မဟုတ်ပေမယ့်... ငါတို့ရဲ့ အန်းသန့်စ်ဘယ်မှာရှိလဲဆိုတာ သိလား။သူက မြို့တော်မှာ ရှိနေတယ်လို့ ကြားမိတယ်…"
တကယ်တော့ သူတို့စတွေ့ကတည်းက မေးချင်သောမေးခွန်းတစ်ခုဖြစ်သည်။အန်းသန့်စ်သည် ဗင်းဆင့်နယ်မြေသို့ ဆင်းသွားသည့်အချိန်မှစ သူတို့၏စာများကိုပြန်ကြားခြင်းမရှိသလို သူ့ကိုတွေ့ရန် သွားသောအခါတွင်လည်း မတွေ့ချင်ဟုပြောသဖြင့် အိမ်မှထွက်သွားချိန်မှ ယခုချိန်အထိ သူ့မျက်နှာကိုမြင်ခဲ့ရသည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။
သူ့ဘာသာသူ ချမ်းသာလာပြီး အမှီအခိုကင်းပြီးကတည်းက အဆက်အသွယ် လုံးဝပြတ်သွားခဲ့သည်။
သူ ကောင်းကောင်းစားနေလား.. ဘယ်လောက် ကြီးလာပြီလဲ.. ဘယ်လိုနေလဲ ဆိုတာ သူမ အရမ်းသိချင်နေခဲ့သည်။ ထို့ကြောင့် သူမသည် သတ္တိမွေးကာမေးလိုက်ချိန်တွင် လူနာသည် အံ့အားသင့်သွားပြီး မျက်တောင်ခပ်ကာ ပြန်ဖြေလာခဲ့သည်။
"ကျွန်မ တောင်းပန်ပါတယ်။ တကယ်တော့ သူအခု ဘယ်မှာလဲဆိုတာ ကျွန်မ တကယ်မသိဘူး။ တစ်ချိန်ချိန်ကျရင်ရော အလည်လာဖို့ရှိမယ်ထင်တယ်"
မားကွစ်မြို့စားကတော်၏မေးခွန်းမှာ အံ့သြစရာမဟုတ်ပေ။ သို့သော်လည်း လူနာသည် သူဘယ်မှာနေမည်ကို သူမစိုးရိမ်ခြင်းမရှိခဲ့မိခြင်း သဘောပေါက်သွားခဲ့သည်။
ဒါကေမယ့် မြို့တော်ကိုရောက်တာကို အနည်းဆုံး ကိုယ့်မိဘတွေကိုတော့ ဆက်သွယ်သင့်တာပေါ့။ မားကွစ်မြို့စားကတော်က သူမကလေး အကြောင်းကို အခြားသူထံက မေးမြန်းနေရသည်မှာ အလွန်သနားစရာကောင်းလှသည်။
"ကျွန်မတို့ ပြန်တွေ့ရင် သေချာမေးလိုက်ပါ့မယ်။ ပြီးတော့ မြို့စားကတော်ကို ဆက်သွယ်ဖို့ ကျွန်မပြောလိုက်ပါ့မယ်"
"မဟုတ်တာ အဲ့လိုလုပ်ဖို့ မလိုပါဘူး။ သူနေကောင်းတဲ့ပုံပေါ်တယ်ဆိုရင် စိတ်သက်သာရာရပါပြီ"
မားကွစ်မြို့စားကတော်၏ အပြစ်ကင်းသော အပြုံးသည် တည်ငြိမ်နေခဲ့သည်။
"ကဲ ဒါဆိုသွားကြစို့။ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
နောက်ဆုံးနှုတ်ဆက်ပြီးနောက် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော် တို့သည် ရထားပေါ်သို့တက်သွားခဲ့ကြသည်။ ထိုအချိန်မတိုင်မီအထိ ကုန်ပစ္စည်းအိတ်လိုမျိုး ကျန်ခဲ့သော ရို့စ်မယ်ရီက လူနာ၏လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူမ မသွားချင်ကြောင်းပြသလာခဲ့သည်။
ဒီကိစ္စကြောင့် တစ်ချိန်လုံး သူတို့၏အမူအရာများကို ထိန်းထားခဲ့သော မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့၏မျက်လုံးများက အေးစက်လာခဲ့သည်။
"မကြာခင် ပြန်လာပြီးကစားလေနော် ရို့စ့်မယ်ရီ။ ငါ နင့်ကိုစောင့်နေပါ့မယ်"
ရို့စ်မယ်ရီကို ကျွမ်းကျင်စွာ ချော့မော့နိုင်ခဲ့သော လူနာ၏ ကျေးဇူးကြောင့် မားကွစ်မြို့စားမိသားစုသည် ရန်ပွဲမရှိဘဲ ရထားစထွက်နိုင်ခဲ့သည်။
ရို့စ်မယ်ရီသည် သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ပြတင်းပေါက်မှ ထုတ်ပြီး သူမ၏လက်ကို ပြင်းထန်စွာဝှေ့ယမ်းနေခဲ့ရာ လူနာသည်လည်း သူမ၏လက်ကို အကြာကြီးဝှေ့ယမ်းပြီး နှုတ်ဆက်ခဲ့ရသည်။
"သူတို့က လူကောင်းတွေပဲနော် သခင်မလေး"
ရထားက မမြင်ရလောက်အောင် သေးငယ်သွားချိန်တွင် လော်ရာသည် နွေးထွေးသော အပြုံးနှင့် ပါးစပ်ကို ဖွင့်လိုက်သည်။
"အဲ့တာ အမှန်ပဲ။ သူတို့က တကယ့်ကို လူကောင်းတွေပဲ။ ငါသတိထားရမယ့်ဟာ ဘာတစ်ခုမှ မမေးကြဘူး"
အန်းသန့်စ်နှင့်သူမ အကြောင်းမေးလာပါက သူတို့သည် ပေါ့ပါးသော ဆက်ဆံရေးသာရှိကြောင်း သူမ ငြင်းဆိုမည်ဖြစ်သော်လည်း သူတို့မမေးခဲ့ပေ။ ထိုသို့သောလူများသည် သူတို့တွဲနေကြောင်းသိရပါက 'နားလည်ပြီ' ဟုသဘောတူကြပြီး သူတို့ အချိန်မရွေး လမ်းခွဲလိုက်လျှင်ပင် ဆိုးရွားသည့်အရာများကို ပြောမှာမဟုတ်ပေ။
* * *
စံအိမ်ကို မမြင်နိုင်တော့သော်လည်း သူမ၏လက်ကို ဝှေ့ယမ်းနေဆဲဖြစ်သောကြောင့် ရို့စ်မယ်ရီသည် မားကွစ်မြို့စားကတော်ထံမှ တိတ်တဆိတ် အငေါက်ခံခဲ့ရသည်။
"ရို့စ်မာရီ၊ ကျေးဇူးပြုပြီး ထိုင်ပါတော့"
လူနာကို သဘောကျပုံရခဲ့ကာ နွေးထွေးသောအကြည့်နှင့် လေသံဖြင့်ဆက်ဆံခဲ့သော သူမသည် အခုတော့ အတော်လေး အေးစက်နေပြီဖြစ်သည်။ ရို့စ်မယ်ရီသည်လည်း ဗလာဖြစ်သော အမူအရာဖြင့် ထိုင်နေခဲ့သည်။
လူနာကိုပြသခဲ့သော ပုံရိပ်နှင့်မတူဘဲ မားကွစ်မိသားစုသည် အလွန်တိတ်ဆိတ်နေသည်။ သူတို့သည် လိုအပ်တာထက် တခြားအများကြီး ပြောရတာမကြိုက်တာကြောင့် စကားပြောရတာကို နှစ်သက်သော ရို့စ်မယ်ရီသည်ပင် သူမမိဘများနဲ့ဆို စကားများကို သိမ်းထားတန်သည်။
ထို့ကြောင့် သဘာဝအတိုင်း သူတို့ တိတ်ဆိတ်စွာ ပြန်လာခဲ့ကြသော်လည်း အကြောင်းတစ်ခုခုကြောင့် မားကွစ်မြို့စားကတော်သည် ရို့စ်မယ်ရီကို ဦးစွာစကားစလာခဲ့သည်။
"ဒီနှစ်မှာဆို လေဒီပဲလ်က အသက်ဘယ်လောက်ရှိပြီလဲ"
"လူနာလား။သူမက ဒီနှစ်က အသက်နှစ်ဆယ်လေ"
"ဒါဆို အန်းသန့်စ်နဲ့ နှစ်နှစ်ကွာတာပဲ"
အသက်အရွယ် ကွာခြားချက်က အလွန်ကိုက်ညီသည်။မားကွစ်မြို့စားကတော်သည် အလွန်လေးနက်သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။ရို့စ်မယ်ရီက ပြီးသွားပြီလို့ ထင်ခဲ့သော်လည်း ဒီတစ်ကြိမ်မှာတော့ မားကွစ်မြို့စားက ရို့စ်မယ်ရီကို မေးလာခဲ့ပြန်သည်။
"သူတို့ တွဲနေတာ ဘယ်လောက်ကြာပြီလဲ"
"သူတို့က ဘယ်မှာတွေ့ကြတာတဲ့လဲ။ ပဲလ်နယ်မြေမှာ ရွှေတွင်းရှိတယ်ဆိုတော့ ဗင်းဆင့်နယ်မြေမှာ တွေ့ခဲ့ကြတာများလား"
သူမဖြေပြီးသည်နှင့် မေးခွန်းများဆက်တိုက်ထွက်လာခဲ့သည်။ လူနာနှင့် အန်းသန့်စ်တို့ တွေ့ဆုံမှုကစ လူနာကြိုက်သည့် အစားအစာများအထိပါ။
အဲဒီ့နောက်မှာတော့ ရို့စ်မယ်ရီ၏ အမူအရာက တဖြည်းဖြည်း အေးစက်လာခဲ့သည်။သူမ စောစောက သူမခံစားခဲ့ရသော စိုးရိမ်ပူပန်မှုက လက်တွေ့ဖြစ်လာဖို့ ပိုနီးစပ်လာခဲ့သည်။ မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့သည် သူမ၏ လူနာကို ခေါ်ဆောင်သွားပြီး အန်းသန့်စ်ကို ထိုးပေးနိုင်သည်ဟူသော စိုးရိမ်မှုဖြစ်သည်။
"သမီးလည်း မသိဘူးလေ။လူနာကို စောစောက ဘာလို့ တိုက်ရိုက်မမေးလိုက်လဲ"
ရို့စ်မယ်ရီသည် သူတို့ကို ဆက်မတုံ့ပြန်တော့ဘူးဟု ဆုံးဖြတ်လိုက်ပြီး လက်နှစ်ဖက်ကိုပိုက်ကာ ပြတင်းပေါက်အပြင်ကိုသာ ကြည့်နေလိုက်သည်။ အမှန်တွင် သူမ၌ သူတို့၏မေးခွန်းများအတွက် အဆင်ပြေသော အဖြေများ ရှိပေသည်။ သို့သော်လည်း လူနာကို အခြားသူများနှင့် ဝေမျှရသလို ခံစားရသောကြောင့် မကြိုက်ပေ။
လျစ်လျူရှုခံလိုက်ရသော စုံတွဲသည် ရို့စ်မယ်ရီ ၏ အေးစက်စက် ဘေးတိုက်မျက်နှာကို ကြည့်ရင်း ပါးစပ်ပိတ်သွားကြသည်။ သို့သော် သူတို့က ဒီလိုမျိုး လွယ်လွယ်နဲ့တိတ်တိတ်လေး လွှတ်ပေးမယ့် သူမျိုး မဟုတ်ကြချေ။
တစ်ခဏမျှ စဉ်းစားပြီးနောက် မားကွစ်မြို့စားသည် ရို့စ်မယ်ရီ၏ပါးစပ်ကိုဖွင့်လာစေရန် နည်းဗျူဟာတစ်ခုကို ထုတ်သုံးလိုက်သည်။
"ကောင်းကောင်းဖြေရင် အခုကစပြီး ပိတ်ရက်မဟုတ်ရင်တောင် အလုပ်ပြီးတာနဲ့ အပြင်ထွက်ခွင့်ပေးမယ်"
ဘာဖြစ်တယ်။ ဒီအတွက်နဲ့လား
ရို့စ်မယ်ရီသည် သူမ၏ မျက်လုံးများကို ပြူးကျယ်ပြီး မားကွစ်မြို့စားကို စိုက်ကြည့်လိုက်သည်။
"အခု မင်းက အရွယ်ရောက်နေပြီဆိုတော့ အဆင်ပြေလောက်မှာပါ"
ဒါပေါ့ ဒီအတွက်ကြောင့်နဲ့ ဘာမှပြောင်းလဲမှာမဟုတ်ဘဲ အချိန်ဇယားကိုသာ တင်းတင်းကြပ်ကြပ် ဖြည့်ဖို့ ရည်ရွယ်ထားတာဖြစ်သော်လည်း ရို့စ်မယ်ရီ၏ အတွေးကတော့ မတူပေ။
သူမ၏ လေ့လာမှုများကို တစ်နည်းနည်းဖြင့် အမြန်အပြီးသတ်ပြီးတာနဲ့ အပြင်ထွက်ရမယ်ဟု ဆုံးဖြတ်ခဲ့သည်။
"အဲဒါဆိုရင်… သမီးသိတာပဲ ပြောပြမယ်နော်။ လေဒီလူနာက အရမ်းကောင်းတဲ့သူတစ်ယောက်လေ။ သူမက အံ့သြဖွယ်ကောင်းပြီးတော့ ပညာလည်းရှိသေးတယ်။သမီး သုမကို ပထမဆုံး မြင်တဲ့အချိန်က..."
မားကွစ်စုံတွဲက သေချာအာရုံစိုက်နားထောင်ခဲ့ကြသည်။ ဒါပေါ့ နောက်ဆက်တွဲ အကြောင်းတွေက လူနာကိုကြွားနေတာဖြစ်ပေမယ့်လို့ပေါ့။
သူမက သူတို့နှစ်ယောက် အချစ်ရေးအပေါ်တော့ သိပ်ဖောက်သည်ချဖို့ရည်ရွယ်ချက်မရှိ။ထို့အပြင် သူတို့နှစ်ယောက် စတင်ချိန်းတွေ့ချိန်တုန်းက သူမ မရှိခဲ့တာကြောင့် အဲ့အကြောင်းလည်း သေချာမသိနေခဲ့ပေ။
သို့သော် ဒါကိုပဲ နိဒါန်းဟုမှတ်ယူကာ မားကွစ်စုံတွဲသည် ရို့စ်မယ်ရီ၏ စကားများကို ဆက်လက်နားထောင်ခဲ့ကြသည်။
အတည်ပေါက်လေထု လွှမ်းခြုံထားသော မားကွစ်မိသားစုရထားတွဲသည် လူနာ၏အိမ်ကြီးမှ ဝေးရာဆီသို့ ရွေ့သွားစဉ် အမည်မသိရထားတစ်စင်းသည် ၎င်းကိုကျော်ဖြတ်ကာ နှင်းဆီစံအိမ်သို့ ဦးတည်သွားခဲ့သည်။
TK Team