ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၆၂
မားကွစ်မိသားစုမှထွက်ခွာပြီးနောက် ရိုယာ အိမ်ပြန်ရောက်လာခဲ့သည်။ သူက ကားလ်တွန်ကလွဲပြီး ကျန်အစေခံများထံမှရရှိထားသော အလုပ်ရပ်စဲရေးသဘောတူညီချက်စာရွက်စာတမ်းများကို လူနာအား ပေးပြီး မေးလာခဲ့သည်-
"အားလုံးအဆင်ပြေသွားရဲ့လား"
သူက မားကွစ်ဇနီးမောင်နှံအကြောင်း မေးမြန်းနေခြင်းဖြစ်သည်။ သူတို့က ထိုကဲ့သို့သောလူများမဟုတ်ကြောင်း သူသိသော်လည်း လူနာကို ရိုင်းရိုင်းစိုင်းစိုင်းမေးခွန်းများမေးမိခဲ့မည်ကို စိုးရိမ်သည်။
လူနာက တောက်ပြောင်သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"အင်း။ ကျွန်မ ကောင်းကောင်းရှင်းပြတော့ သူတို့သဘောပေါက်သွားပြီး သူတို့ကိုယ်တိုင် ကိုင်တွယ်မယ်လို့ ပြောခဲ့တယ်"
"နားလည်ပါပြီ"
မားကွစ်မိသားစုက ၎င်းကို ကိုင်တွယ်မည်ဟု ပြောပါက ၎င်းမှာ သေချာပေါက် မှန်ပေလိမ့်မည်။
ဒါက အဆင်ပြေသွားတာပဲ။ ရိုယာ ပြုံးလိုက်သည်။
"ဒါပေမယ့် ရှင် ကားလ်တွန်ကို ဘယ်လို စည်းရုံးမှာလဲ။ ဗင်းဆင့်မားကွစ် မိသားစုတောင် ပါ၀င်နေတာ မြင်လိုက်ရတော့ သူက ဥပဒေအရ တရားမစီရင်ဘဲနဲ့ အေးအေးဆေးဆေး နားထောင်မယ့်ပုံမရဘူး"
လူနာသည် ချောချောမွေ့မွေ့ ဖြစ်မလာမှာကို စိုးရိမ်နေသော်လည်း ရိုယာက သူမ၏စိုးရိမ်မှုများကို သက်သာစေခဲ့သည်။
"စိတ်မပူပါနဲ့။ သူတို့နှစ်ယောက်လုံးက ကားလ်တွန်ကို အချိန်အတော်ကြာ သိခဲ့ကြတော့ သူ့ကို ကောင်းကောင်း စည်းရုံးနိုင်မှာပါ"
ဒါပေါ့ သူကောင်းကောင်းနားမထောင်ရင် သူ့ကို နားထောင်အောင် ဆောင်ရွက်ပေးမယ့်သူတွေ ရှိသော်လည်း ရိုယာသည် ဒီလောက်အထိ ရှင်းပြဖို့ မလိုအပ်ဘူးလို့ မြင်ပေသည်။
"ဒါဆို တော်ပါသေးရဲ့။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"
စိတ်ပူပင်မှုအားလုံး ပြေပျောက်သွားပြီး လူနာသည် စိတ်သက်သာရာရကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။
"ကျွန်တော် ဒီကိစ္စကို ချက်ချင်း ရှင်းလိုက်ပါမယ်"
သူက လူနာဆီ သူပေးခဲ့သည့် သဘောတူညီချက်များကို ပြန်ယူလိုက်သည်။
တစ်ဖန် လူနာသည် အထီးကျန် တိတ်ဆိတ်စွာ လက်ဖက်ရည်ပြန်သောက်နေရင်း အဝေးမှ ချဉ်းကပ်လာသော ရထားကို မြင်လိုက်ရသည်။
၎င်းသည် အလွန်ရင်းနှီးပြီး သူမမကြာခဏမြင်ခဲ့ဖူးသော ရထားဖြစ်ကာ လူနာ ၏နဖူးတွင် အတွန့်တစ်ခုပေါ်လာခဲ့သည်။
"ငါ သူ့ကို ခဏလောက် မလာဖို့ပြောခဲ့တယ်မလား။ ဘာတွေဖြစ်နေတာလဲ"
"မင်း မလာဖို့ပြောရင် ကိုယ်ကပိုတောင်လာချင်သေးတယ်။ ဒီနေ့အထိ မလာခဲ့နဲ့လို့ ဘာလို့ပြောတာလဲ။ မင်းပဲပြောတော့ အလုပ်များနေတယ်ဆို အခုကြည့်ရတာတော့ အရမ်းပျင်းနေပုံပဲ။ ပြီးတော့-"
အန်းသန့်စ်က လူနာ၏ ဝတ်စားဆင်ယင်မှုကို စစ်ဆေးရန် အချိန်ခဏယူခဲ့လိုက်သည်။
"မင်း....ဒီနေ့ အရမ်းလှနေတယ်။ ဘာလို့ဒီလောက် ပြင်ဆင်ထားတာလဲ"
ဒါကိုကြားတော့ အန်းသန့်စ်၏ ရထားကို ပြင်ဆင်နေသည့် အစေခံက ရှက်ရွံ့စွာဖြင့် သူ့ပါးစပ်ကို တင်းတင်းစေ့ထားလိုက်သည်။
တစ်ဖက်တွင် လူနာကမူ မျက်တောင်တစ်ချက်မခတ်ဘဲ တုံ့ပြန်ခဲ့သည်။
"ဘာကလှတာလဲ။ကျွန်မက ဒီတိုင်းရိုးရိုးရှင်းရှင်းလေးပဲ ပြင်ဆင်ထားတာကို"
"ဒါကြောင့်ပဲ ကိုယ်မေးနေတာလေ။မင်း အလုပ်ရှုပ်နေတာ်ဆိုပြီး ဘာလို့ ဒီလိုပြင်ဆက်ထားတာလဲလို့"
"ကျွန်မ ပြင်ပြင် မပြင်ပြင် ဘာကိစ္စရှိလို့လဲ"
မားကွစ်မိသားစု လာရောက်ခဲ့ကြောင်းကို သူမ မပြောပြချင်သောကြောင့် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
အန်းသန့်စ်သည် လူနာ၏မျက်လုံးများကို တိတ်တဆိတ်စိုက်ကြည့်လာခဲ့ပြီး သိသာထင်ရှားသည့်အတိုင်းတုံ့ပြန်လာခဲ့သည်။
"ကိုယ်တို့က ချိန်းတွေ့နေကြတာလေ။ဒါကြောင့် ကိုယ်ဒီလောက်တော့ မေးလို့ရတယ်။ တခြားယောက်ျားတစ်ယောက်က မင်းကို သဘောကျသွားရင် ကိစ္စကရှုပ်ထွေးသွားလိမ့်မယ်"
"ဟမ်"
သူတို့က တကယ်စိတ်ဝင်စားလို့ ချိန်းတွေ့နေကြတာမှမဟုတ်တာ သူဘာကိုဆိုလိုတာလဲ။
လူနာမှ နားမလည်သည့် တုံ့ပြန်မှုကို ပြသလာသောကြောင့် အန်းသန့်စ်သည် ထပ်လောင်းရှင်းပြလိုက်သည်။
"ကိုယ့်အနားမှာ တစ်ယောက်ယောက်မရှိလာခင်အထိ ကိုယ်မထွက်သွားဖို့ ဆုံးဖြတ်ထားတာကို မမေ့နဲ့နော်။ လေဒီသာ ကိုယ့်ကို စွန့်ပစ်သွားရင် ကိုယ်တစ်ယောက်တည်း ကျန်နေခဲ့ရလိမ့်မယ်"
သူမ တွေးခဲ့သလိုပါပဲ။သူက နှစ်ဖက်စလုံး win-win အခြေအနေအတွက်လရည်မှန်းပြီး တစ်ယောက်တည်း သာမာန်ဘဝအတိုင်း နေထိုင်ဖို့ စိတ်ကူးကို စွန့်လွှတ်ရန် အကြံပေးလာခဲ့သည်။
လူနာသည် အန်းသန့်စ်ကိုစွန့်ပစ်ရန်ရည်ရွယ်ချက်မရှိသောကြောင့် ထိုကဲ့သို့သော ဆုံးမစကားကိုမလိုအပ်ပေ။ သူမ ကတိပေးထားခဲ့သည့်အတိုင်း တစ်ယောက်ယောက်က သူ့အနားရောက်လာမယ့်အချိန်အထိ ဒီဆက်ဆံရေးကို ဆက်သွားဖို့ တကယ် ရည်ရွယ်ထခဲ့သည်။
"အဲဒီလို အဓိပ္ပာယ်မရှိတဲ့စကားတွေ မပြောပါနဲ့။ သခင်လေးကလွဲပြီး တခြားဘယ်သူနဲ့မှ ဆက်ဆံဖို့ ရည်ရွယ်ချက်မရှိဘူး"
၎င်းက အလွယ်တကူ နားလည်မှုလွဲနိုင်သော စကားဖြစ်သော်လည်း အန်းသန့်စ်ကတော့ လုံးဝနားလည်မှုမလွဲမိပေ။
သူမက သူ့ကို စိတ်မဝင်စားဘူးဆိုတာ သူကောင်းကောင်းသိသည်။
သူတို့ ဒီလို အရူးစကားတွေ ပြောနေချိန်မှာပဲ လော်ရာသည် အိမ်ကြီးထဲကနေ ထွက်လာခဲ့သည်။
သူမလက်ထဲတွင် စာရွက်စာတမ်းအချို့ရှိနေသည်ကို မြင်လိုက်ရပြီး အစေခံများထံမှရရှိသော အစီရင်ခံစာအချို့ကို စီစဉ်နေပုံရသည်။
အန်းသန့်စ်အပေါ် တကယ်အမြင်ကောင်းရှိသော သူမက အပြုံးတစ်ဝက်နှင့် သူ့ကို နှုတ်ဆက်လာခဲ့သည်။
"သခင်လေး အန်းသန့်စ်! ရောက်နေတာလား။ အချိန်ခဏလောက် မတွေ့ရလို့ အရမ်းစိတ်မကောင်းဖြစ်နေတာ”
ဒီစကားအပေါ် အန်းသန့်စ်က တောက်ပသည့် အပြုံးတစ်ခုဖြင့် တုံ့ပြန်ခဲ့သည်။
"ကျွန်တော်ရောပဲ။ ဒီလို အဖြစ်အပျက်မျိုးနဲ့ ကြုံခဲ့ရပေမဲ ဝင်လို့မရဘဲ မဆုံနိုင်လို့ ဝမ်းနည်းနေတာ"
"အိုး ကျွန်မက သခင်လေး ခါတိုင်းလိုပဲ ဝင်ထွက်သွားလာနိုင်ပြီး တွေ့နိုင်ဖို့မျှော်လင့်နေတာ။ဒါပေမယ့် အခုကိစ္စမရှိတော့ဘူး နောက်ကျရင်တော့ ပြန်တွေ့လို့ရပြီ"
ဒါက ရိုးရှင်းသော တုံ့ပြန်မှုတစ်ခု မဟုတ်ခဲ့ပေ။ ဝင်ခွင့်ကို ဘာလို့ တားမြစ်ထားရကြောင်း သူမ သိသကဲ့သို့ အဖြေတစ်ခုဖြစ်သည်။
ထို့နောက် လော်ရာသည် အန်းသန့်စ်၏ ငါးစာကိုချိတ်မိသွားသည်။ လက်ဖက်ရည်သောက်နေသောလူနာသည် သူမကို မတားနိုင်ဘဲ ဒီတိုင်းအေးခဲနေပြီး လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာချလိုက်သည်။
အန်းသန့်စ်က မျက်နှာပေါ် အပြုံးများဖျောက်လိုက်ပြီး လူနာကို ပြန်ကြည့်လာခဲ့သည်။
"ကြည့်ရတာ အဲဒါက ကိုယ်နဲ့ သက်ဆိုင်တဲ့ ပုံပဲ။ လျှို့ဝှက်ထားတယ်ဆိုတော့ ရို့စ်မယ်ရီတော့ မဟုတ်လောက်ဘူး"
ဒီလူ မှန်တာပဲ။
ဘာပဲဖြစ်ဖြစ် သူက သွက်လက်ပြီး လူတွေကို ကောင်းကောင်းဖတ်နိုင်ပေသည်။
ထိုမှသာ သူမက အန်းသန့်စ် ငါးစာကိုချိတ်မိသွားကြောင်း သိလိုက်ရသော လော်ရာသည် တိတ်တဆိတ် နောက်ပြန်ဆုတ်ပြီး အိမ်ကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
"ကိုယ်တို့က အချင်းချင်း ဆက်နိုင်မှာဆိုတော့ အနီးကပ်လူပဲဖြစ်ရမယ်။ ဒါပေမယ့် ကိုယ့်မှာ အနီးကပ်လူတွေ မရှိဘူးဆိုတော့… မိသားစုများလား။ အမ်း ကိုယ့်မိဘတွေလား"
"…"
သူ ဘယ်လိုလုပ်ပြီး အားလုံးကို တပြိုင်ထဲ ခန့်မှန်းနိုင်ရတာလဲ။
လူနာ မတုံ့ပြန်လာသောကြောင့် အန်းသန့်စ်သည် ဒီအဖြေပဲဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
"ကိုယ့်မိဘတွေလာခဲ့တာလား"
သူမ အဖြေကိုအဆုံးသတ်မပြောခဲ့သော်လည်း ယခုတော့ ဘာမှဖုံးကွယ်မထားနိုင်တော့ပေ။ သူတို့ မဆုံဖြစ်ခဲ့တာမို့ တော်သေးတယ်ပြောရမည်။ဒါကြောင့် ဘာမှဆက်ပြီးဖုံးကွယ်ထားစရာ အကြောင်းမရှိတော့၍ လူနာ သက်ပြင်းအသာချလိုက်သည်။
"ဟုတ်တယ်။သူတို့ လာသွားကြတာ။ ကားလ်တွန်က မတရားခံရတယ်ဆိုပြီး မားပွစ်မြို့စားဆီ သွားခဲ့တဲ့ပုံပဲ။သူက ဖိနှိပ်ခံရတယ်လို့ ခံစားရတယ်ဆိုပြီး ပြောခဲ့သေးတယ်တဲ့"
သူဆက်မေးနေမယ်ဆိုတာ သိသာတာကြောင့် လူနာသည် ဒီနေ့ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ရှင်းပြခဲ့လိုက်သည်။ အန်းသန့်စ်လည်း ပါဝင်ပတ်သတ်နေသည့်အတွက် ကားလ်တွန်၏ ပြောကြားချက်မှန်သမျှကို သူမ ထည့်သွင်းပြောခဲ့လိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့က အဲ့အကြောင်းကြောင့် လာခဲ့တာပဲ။အခု သေချာ သိသွားတော့ သူတို့ပဲ ကိုင်တွယ်လိုက်မယ်လို့ ပြောခဲ့တယ်။ ဒီလိုနဲ့ ပြီးသွားတာ။ကျွန်မက ကျွန်မတို့အကြောင်း ပြောလာရင် အဲဒါက ဒီလောက် လေးနက်တဲ့ ဆက်ဆံရေး မဟုတ်ဘူးလို့ ရှင်းပြမလို့ဘဲ ဒါပေမယ့် သူတို့က ဘာမှ မပြောလာခဲ့ဘူး"
"ကိုယ်တို့ရဲ့ဆက်ဆံရေးက အပေါ်ယံပဲမဟုတ်ဘူး"
အန်းသန့်စ်က ထူးဆန်းသောအပိုင်းကို ထောက်ပြလာတာကြောင့် လူနာ မျက်မှောင်ကြုတ်လိုက်မိသည်။
"ကိုယ့်မှာ လေဒီလူနာတစ်ယောက်ပဲရှိသလို လေဒီမှာလည်း ကိုယ်တစ်ယောက်ပဲရှိတာ မဟုတ်ဘူးလား"
"အဲ့ဒါကမမှားပေမယ့် နည်းနည်း ထူးဆန်းတဲ့ စကားဖြစ်သွားမယ်လေ"
ဒါက မှန်ကန်သည့် ပြောဆိုချက်တစ်ခု ဖြစ်သော်လည်း ထူးဆန်းနေသည်
"မမှားဘူးဆိုရင် အဆင်ပြေတယ်လေ"
အန်းသန့်စ်သည် အကြောင်းတစ်ခုခုကြောင့် တင်းတင်းမာမာပြန်ဖြေလာခဲ့ပြီး သွားရတော့မည်ဟုဆိုကာ ထိုင်ခုံမှထလိုက်သည်။
"အခုချက်ချင်းလား"
စောနမှအိမ်ကိုရောက်လာတာကို မိနစ်အနည်းငယ်ပဲရှိသေးတယ် ပြန်တော့မလို့လား။ ဒါဆို အစထဲစဘာလို့လာခဲ့သေးလဲ။
အန်းသန့်စ်တွင် အားလပ်ချိန်မရှိမှန်း သူမသိသော်လည်း စပ်စုကာမေးသည်။
"အင်း။ ကိုယ်ဒီကို ဒါပို့ဖို့ပဲ လာခဲ့တာ"
သူက လူနာကို စာရွက်စာတမ်းတစ်ထပ် ကမ်းပေးလာခဲ့သည်။
အတိုချုံးကြည့်ရရင် ဒါက အလုပ်အစီရင်ခံစာပဲဖြစ်သည်။ အကြိမ်တိုင်း ပေးပို့နေခဲ့သည့် အသေးစိတ် အစီရင်ခံစာများနှင့် မတူဘဲ ၎င်းသည် အတိုချုံးပြီး အရေးကြီးသော အချက်တစ်ချို့ကိုသာ ဖော်ပြထားသည်။
"ဒါက နှစ်ကုန်အစီရင်ခံစာလေ။ နှစ်သစ်ကျရင် အသေးစိတ်အချက်တွေ ထပ်ပို့ပေးမယ်"
"အစေခံနဲ့ လွှတ်လိုက်ရင်ရနေတာကို။ရှင် ဘာလို့ အလုပ်ရှုပ်ခံပြီးလာခဲ့တာလဲ"
"ကိုယ်တို့ မတွေ့တာကြာပြီမို့လို့ လူကိုယ်တိုင် လာပေးချင်ခဲ့တာ။ကိုယ် အခုကစပြီး တော်တော်အလုပ်ရှုပ်တော့မှာ"
"အမြဲတမ်း အဲ့လိုပြောခဲ့တာပဲ"
အန်းသန့်စ်၏စကားကို လုံးဝမယုံသော လူနာက နှုတ်ခမ်းစူလိုက်သည်။
အန်းသန့်စ်သည် အနည်းငယ် ရိုးသားစွာပြောသော်လည်း တစ်ခါတည်း မယုံကြည်ခံလိုက်ရကာ အကြောင်းတစ်ခုခုကြောင့် သူ့ပါးစပ်ထဲ ခါးသက်သွားသလို ခံစားလိုက်ရသည်။
"ဂရုစိုက်သွားအုံး။ကျွန်မ စာရွက်စာတမ်းတွေကို သေချာကြည့်လိုက်ပါ့မယ်"
လူနာသည် သူမလက်ကို ဝှေ့ယမ်းပြလိုက်သည်။ အန်းသန့်စ်သည် ခဏလောက် ပြန်ဝှေ့ယမ်းပြလာခဲ့သည်။
ဘဝမှာ အသက်နှစ်ဆယ်ကျော် နေထိုင်လာခဲ့သည့်အတွင်း တစ်စုံတစ်ယောက်အား လက်ပြကာနှုတ်ဆက်ရမည်ဟု သူတစ်ခါမှမတွေးခဲ့မိပေ။သို့သော် သူထင်သလောက် ရှက်စရာမဟုတ်နေသလို သိပ်မဆိုးပေ။
"မင်းလည်း သာယာတဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်ဖို့ ကိုယ်မျှော်လင့်ပါတယ်"
အန်းသန့်စ်၏ နှုတ်ဆက်စကားဖြင့် ရထားသည် ထွက်ခွာသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့အမူအရာက အေးစက်လာခဲ့သည်။
လူနာ၏ 'ကျွန်မတို့ ဆက်ဆံရေးက ဒီလောက်လေးနက်တာမဟုတ်' ဟူသောစကားသည် သူ့စိတ်ထဲ၌ စွဲနေခဲ့သည်။
'တကယ် ရူးချင်စရာပဲ'
မကြာသေးခင်ကစ သူဘာလို့ ဒီလိုဖြစ်နေခဲ့ရတာလဲ။ လူနာ၏ စကားအဆုံးသတ်ချိန်တွင် သူ့မျက်နှာအမူအရာကို ချက်ချင်းမထိန်းနိုင်ခဲ့သောကြောင့် ရှက်သွားမိသည်။
သူ တကယ်ကို စိတ်လွတ်သွားတာဖြစ်ရမည်။ သူက တလျှောက်လုံး ရူးနေခဲ့တာလို့ ယုံကြည်ခဲ့သော်လည်း ကြည့်ရတာမဟုတ်ပုံပင်။
တစ်စုံတစ်ဦးကို တိုင်ပင်လျှင် သူ အလှောင်ပြောင်ခံရမည်မှာ ရှင်းနေသောကြောင့် အန်းသန့်စ်သည် မြင်းဇက်ကြိုးကိုသာ တင်းတင်းဆွဲလိုက်တော့သည်။
* * *
အားလပ်ရက်အနည်းငယ်ကြာပြီးနောက်၊ တစ်နှစ်တာ၏နောက်ဆုံးနေ့က နီးကပ်လာခဲ့သည်။
ထို့အပြင် ကားလ်တွန်ဆီက စာချုပ်ကို ကျေကျေနပ်နပ် ရပ်စဲမယ်ဟူသော စာတစ်စောင်ရောက်လာခဲ့သည်။ သူ့အမှားကို သိပြီး မြို့တော်ကနေ ထွက်ခွာဖို့ သဘောတူလာခဲ့သည်။
လူနာသည် ခေါင်းလေးစောင်းကာ ရိုယာ ကို မေးလိုက်သည်။
"ဘယ်ဟာက သူ့ကို ဒီလောက် နူးညံ့သိမ်မွေ့အောင် ဆွဲဆောင်နိုင်ခဲ့တာလဲ"
သူက အမ်မာထံ တောင်းပန်စာတစ်စောင်တောင် ပို့လာခဲ့သေးသည်။ သူက တခြားလူတစ်ယောက်ပုံပေါက်တာမို့ သူမ မကူညီနိုင်ဘဲ သိချင်နေမိသည်။
"အမ်း...ကောင်းပြီ။သူ့ရဲ့ ခေါင်းမာမှုက အလုပ်မဖြစ်တော့ဘူးဆိုတာ သဘောပေါက်သွားလို့နေမှာပေါ့"
မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့ ပြန်ရောက်လာပြီးနောက်တွင် ကားလ်တွန်က သာမန်လူတစ်ဦးဖြစ်တာကြောင့် လူနာနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူးဟု ရှင်းပြခဲ့သည်။
ဒါပေါ့ အဲ့ဒါက ရှင်းပြတယ်ဆိုပေမယ့် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်တို့၏ ခြိမ်းခြောက်မှုများလည်း ပါဝင်နိုင်ဖွယ်ရှိသည်။သို့သော် ထိုသို့ ဖော်ပြထားခြင်းတော့မရှိပေ။
လက်တွေ့ဆန်ပြီး ဉာဏ်ကောင်းသော လူနာသည် မြို့စားအနွယ်ဝင်များ၏ နတ်ဆိုးဆန်သောဘက်ခြမ်းကို မသိသလို ပြုမူခဲ့သည်။ မလိုအပ်သော အတွေးများဖြင့် သူမကိုသူမ ထိတ်လန့်မနေချင်ပေ။
"ဒါနဲ့ စကားမစပ် သခင်လေး အန်းသန့်စ်က မကြာသေးခင်ကစ ဒီကိုလာခဲနေသလိုပဲ။လေဒီတို့ နှစ်ယောက် ရန်ဖြစ်ထားကြတာလား တစ်ခုခုဖြစ်တာလား"
"မဟုတ်ဘူး၊ ရန်ဖြစ်တာမဟုတ်ဘူး။ ကျွန်မတို့သာရန်ဖြစ်ခဲ့ရင် ကျွန်မ အိမ်ကသူတွေ ဆူတာခံရမှာပေါ့။ သူက နည်းနည်းလေး အလုပ်ရှုပ်လာတော့မယ်လို့ ပြောခဲ့တယ်။ အဲဒါကြောင့် ဖြစ်နိုင်တယ်"
"အဲ့လိုလား။ ဒါပေမယ့် ဘယ်လောက်ပဲအလုပ်တွေရှုပ်နေပါစေ အထူးသဖြင့် ဒီနေ့ သူ့မွေးနေ့မှာတော့ သူလာလည်မယ်လို့ ထင်တယ်"
ချစ်သူတွေဖြစ်တာကြောင့် မွေးနေ့လောက်တော့ ဆုံကြသင့်သည်။ သူက ထိုသို့ တွေးခဲ့သော်လည်း အန်းသန့်စ်၏ မမျှော်လင့်ထားသော လျစ်လျူရှုမှုကြောင့် ပဟေဋိဖြစ်ခဲ့ရသည်။ ထို့နောက် လူနာ၏ အမူအရာ ရုတ်တရက် တင်းမာလာတာကို သူတွေ့လိုက်ရသည်။
"မင်းမသိဘူးလား"
ဒါက သူတို့ချစ်သူ၏ မွေးနေ့ကို မသိသောသူတစ်ယောက်၏ တုံ့ပြန်မှုပင်။ လူနာက ပြန်မတုံ့ပြန်လာခင် မျက်တောင်အနည်းငယ်ခတ်လိုက်သည်။
"သူ ကျွန်မကို မပြောခဲ့ဘူး"
"အိုဘုရားရေ။သူ ဒီဟာကြောင့် ဝမ်းမနည်းနေဖို့ မျှော်လင့်တယ်"
"မဟုတ်ဘူးနော် အန်းသန့်စ်က ကျွန်မ သူ့မွေးနေ့ကို မသိဘူးဆိုတာ သိလောက်တယ်"
သူမသိသည်ဖြစ်စေ မသိသည်ဖြစ်စေ အရေးမကြီးပေ။ သူမ၏ လျစ်လျူရှုသောအဖြေကြောင့် ရိုယာသည် သူ့သခင်လေးအတွက် စိတ်မကောင်းဖြစ်ကာ သူ့နဖူးသူ ထိလိုက်သည်။
"ဒီလိုမျိုး လျစ်လျူရှုတတ်တဲ့အတွဲက ဘယ်လိုမျိုးရှိနေရတာလဲ။ဘာပဲဖြစ်ဖြစ် အခုက အချိန်သိပ်မနှောင်းသေးဘူး။ ကျွန်တော်တို့ လက်ဆောင်တစ်ခုခုပြင်ဆင်ပြီး သူ့ဆီလာလည်ကြရင်ရော ဘယ်လိုလဲ"
"အဲဒါကကောင်းသားပဲ"
သူ့မိသားစုနှင့် ဆက်ဆံရေးမကောင်းတာကြောင့် သူ့မွေးနေ့ကို တစ်ယောက်တည်း ကုန်ဆုံးရသည်မှာ ထင်ရှားသည်။ အနည်းဆုံးတော့ ကိတ်မုန့်ပို့ဖို့ တွေးလိုက်ရင်း လူနာသည် အန်းသန့်စ်နှင့် နောက်ဆုံးအကြိမ်တွေ့ချိန်က ဘယ်မှာနေလဲမမေးလိုက်ရတာကို သတိရမိသွားသည်။
"ဒါပေမယ့် ရိုယာ...ရှင် သခင်လေး ဘယ်မှာနေလဲဆိုတာ သိလား"
"…ဟမ်"
သူမ ချစ်သူဘယ်မှာနေလဲဆိုတာကို တခြားသူတွေဆီ မေးတဲ့ ဒီလိုလူနဲ့ သူ ဘယ်လိုဆက်လုပ်ရတော့မှာလဲလို့!
ရိုယာက သက်ပြင်းချကာ ပြန်ဖြေလိုက်သည်။
"ဟင့်အင်း မသိဘူးလေ…"
သေချာတာပေါ့ သူလည်းဘယ်သိပါ့မလဲ
ရိုယာ မသိသလို သိလည်းမသိချင်နေပေ။
"ဒါဆို ဂိုဏ်းကရော။မားချက်စ်ဂိုဏ်းက တော်တော်ကြီးတာဆိုတော့ ဘယ်မှာလဲ ရှင်သိတယ်မလား"
"ဟင့်အင်း..."
စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေမဟုတ်တာကြောင့် သိရန်မလိုအပ်ပေ။
ထို့ကြောင့် အဆုံးတွင် အန်းသန့်စ် မည်သည့်နေရာတွင်နေသည် သို့မဟုတ် သူဘယ်မှာအလုပ်လုပ်သည်ကို ဘယ်သူမျှမသိကြချေ။အန်းသန့်စ်၏ချစ်သူဖြစ်သောသူမရော ရင်းနှီးသည့် ရှေ့နေဖြစ်သော ရိုယာပါ မသိကြပေ။
အန်းသန့်စ်အတွက် အရေးကြီးသော လူနှစ်ယောက်စလုံးက တိတ်ဆိတ်သွားကြပြီး တစ်ယောက်ယောက်အပေါ် ပြစ်တင်ရှုတ်ချရန်တောင်မှ ခက်ခဲနေခဲ့သည်။ ဒီနေ့ကပဲ ထူးထူးခြားခြား အေးနေတာလားမသိသော်လည်း ရုတ်တရက် တစ်နေရာကနေ လေအေးများ တိုက်ခတ်လာသလို ခံစားကြရသည်။
"အာ! ဒါနဲ့ သခင်လေးအန်းသန့်စ်ရဲ့ ရထားထိန်းက အိမ်မှာ ကျန်ခဲ့တယ်မလား။ ကျွန်တော်တို့ သူ့ကို မေးလို့ရတယ်လေ"
ကံကောင်းထောက်မစွာဖြင့် လုံးဝမျှော်လင့်ချက်မရှိနေတာတော့ မဟုတ်ခဲ့ပေ။အန်နာကို လေ့ကျင့်ပေးနေဆဲဖြစ်သော အန်းသန့်စ်၏ ရထားထိန်းသည် စံအိမ်ကြီးတွင်ရှိနေခဲ့သည်။
အန်းသန့်စ်၏တည်နေရာအကြောင်း ရထားထိန်းကို အပြေးအလွှားမေးမြန်းခဲ့ပြီး လူနာသည် ကိတ်မုန့်နှင့်ဝိုင်အချို့ကိုဝယ်ယူကာ အန်းသန့်စ်ကို သွားရှာဖွေခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် သူမဘက်မှ သူ့ထံသို့ ဦးစွာချဉ်းကပ်ခြင်းဖြစ်သောကြောင့် သူမည်သို့တုံ့ပြန်မည်ကို စိတ်လှုပ်ရှားမိသည်။
TK Team