Chapter 64
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၆၄


အန်းသန့်စ်သည် လူနာ၏အိမ်သို့ အလျင်အမြန်ရောက်ရှိလာခဲ့ပြီး အချိန်ကိုစစ်ဆေးလိုက်သည်။ မကြာခင် သန်းခေါင်ကျော်တော့မည်ဖြစ်သည်။

အေးစက်သောလေက အထပ်ထပ်တိုက်ခတ်လာပြီး သူ့ပါးပြင်များကို စပ်ဖျင်းဖျင်းခံစားရစေသော်လည်း သူအချိန်မီရောက်လာသည့်အတွက် အဆင်ပြေသည်။

အန်းသန့်စ်သည် နှင်းဆီဥယျာဉ်ကို အမြန်ဖြတ်ရင်း မြင်းကို ဝင်ပေါက်နားတွင် အလျင်အမြန် ချည်နှောင်ပြီးနောက် အထဲမှ တစ်ယောက်ယောက်က သူ့ကို ပထမထပ် လှေကားကနေ လှမ်းခေါ်လာခဲ့သည်။

"ဟင်... သခင်လေး အန်းသန့်စ်…"

လူနာပင်။ သူမသည် အနည်းငယ် ထွေနေပုံရပြီး သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက လှေကားလက်ရန်းပေါ်တွင် မှီထားသည်။သူမက သူမီဆီ လျှင်မြန်သောခြေလှမ်းများဖြင့်လာနေသော အန်းသန့်စ်ကို တခစ်ခစ်ရယ်ရင်း နှုတ်ဆက်လိုက်သည်။

"ရှင်ဘာလို့နောက်ကျနေတာလဲ"

"ကိုယ် အလုပ်နည်းနည်းရှုပ်နေလို့ပါ"

အန်းသန့်စ်သည် ပုံမှန်အတိုင်း တုံ့ပြန်ပြီး သူ့ကုတ်အင်္ကျီကို ချွတ်ကာ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထား၍ သူ့အား ပြန်လည်ဆုံဆည်းခြင်း ပျော်ရွှင်မှုမှ စိုးရိမ်မှု ဖြစ်စေသော လူနာပေါ်တွင် လွှမ်းခြုံပေးလိုက်သည်။

"ဒီလောက်အေးနေတာကို မင်း ဘာလို့ဒီမှာရှိနေရတာလဲ။ ဘာလို့အထဲမှာပဲ မနေတာလဲ"

"သခင်လေးရဲ့ မွေးနေ့က ပြီးတော့မှာပေမယ့် ရောက်မလာသေးလို့ စောင့်နေတာ။ပြီးတော့ ကျွန်မ နည်းနည်း မူးထွေထွေနဲ့ ပူနေသလိုခံစားရလို့လည်းပါတယ်"

သူမသည် သူ့ကို အေးနေသည့်ကြားကပင စောင့်ဆိုင်းနေကြောင်း ကြားလိုက်ရတော့ အန်းသန့်စ်သည် အရှိုက်ကို ပစ်ထိုးခံလိုက်ရသလို ခံစားမိသွားခဲ့သည်။ အထဲဝင်ပြီး နွေးထွေးအောင်လုပ်ဖို့ပြောသင့်ပေမယ့် စကားလုံးများက လွယ်လွယ်နဲ့ ထွက်မလာခဲ့ပေ။

"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ။ ရှင်အသက်တစ်နှစ်ကြီးလာပြီနော်"

အန်းသန့်စ်က ဘာမှပြန်မပြောတာကြောင့် လူနာသည် သူမ၏ဝိုင်ဖန်ခွက်ကို သူ့ပါးပြင်ဆီ ခပ်ပါးပါးလေး ကပ်လိုက်သည်။

"အနှစ်တစ်ရာထိ မသေဘဲ အသက်အရှည်ကြီးနေရပါစေ။ ဒါမှ ရှင်အိုမင်းခြင်းအကြောင်း ကြွားလုံးထုတ်နိုင်မှာလေ။ အိုး ဟုတ်သားပဲ ရှင် နေမကောင်းလည်းမဖြစ်သင့်ဘူး။အဲ့ဒါက ပိုက်ဆံအများကြီးကုန်တာသိလား။ပြီးတော့ အခုခေတ်မှာ ဖျားနာနေတာကများတော့ အသက်ရာကျော်လောက်မနေနိုင်ကြဘူး"

လူနာသည် သူမဘာသာ စကားပြောနေရင်း အန်းသန့်စ်အား အသက်ရှည်ရန် ဆုတောင်းပေးခဲ့သည်။

၎င်းက သဘောကျစရာကောင်းသော စကားဝိုင်းမှ ဝေးကွာနေသော်လည်း အန်းသန့်စ်သည် ၎င်းကို အလေးအနက်ထားကာ သူလုပ်ပါ့မယ်ဟု ပြောခဲ့သည်။

"အာ အခုမှ စဉ်းစားမိတယ်....ကျွန်မ ရှင့်ကို လက်ဆောင်ရှိခဲ့ပေမယ့်… ကျွန်မတို့အားလုံး စားမိသွားကြပြီ။ လေဒီရို့စ်မယ်ရီက အဲဒါကို ဒီတိုင်းထားရင် မကောင်းဖြစ်သွားမယ်ဆိုလို့... ရှင်က နောက်ကျတော့ ကျွန်မတို့မှာ ရွေးချယ်စရာမရှိခဲ့ဘူးလေ။ရှင် စောစောလာခဲ့သင့်တယ်။ ရှင်ဘာလို့ ဒီလောက်နောက်ကျနေတာလဲ။ နောက်နေ့တောင်ကူးခါနီးနေပြီ"

လူနာသည် ဝိုင်ဖန်ခွက်ကို အချိန်မရွေး ပစ်ချမိတော့မလိုမျိုး လှုပ်ယမ်းကာ သူ့ကိုပြောလာခဲ့သည်။ အန်းသန့်စ်က ဖန်ခွက် ပြုတ်ကျမည် စိုးတာကြောင့် သူမလက်ထဲမှ ဖန်ခွက်ကို အမြန်ဆွဲယူလိုက်သည်။

"…ဒါက အန္တရာယ်ရှိတယ်။ ကိုယ် ပေးခဲ့တဲ့ ဖန်ခွက်ကရော"

"အဲ့ဒါက သခင်လေးနဲ့ ကျွန်မ ဝိုင်အတူသောက်မယ့်အချိန်အတွက်လေ။ ကျွန်မတို့ အတူတူဝိုင်မသောက်ရသေးဘူး"

လူနာက ဖန်ခွက်ကိုပြန်ယူရန် လက်ကိုလှမ်းလိုက်ပြီး သူမ၏လက်ဖြင့် အန်းသန့်စ်၏ပါးပြင်ကို ညင်သာစွာထိကပ်လိုက်သည်။

"အိုး ဘုရားရေ…ဘာလို့ ဒီလောက်အေးနေတာလဲ။ ဒီအေးနှုန်းနဲ့ဆို ရှင့်ပါးပြင်က ခဲသွားတော့မယ်။ ရှင် အဆင်ပြေရဲ့လား"

အမူးလွန်နေသည့်ကြားမှပင် သူမသည် အအေးဒဏ်ကို သတိထားမိပုံရသည်။ လူနာက သူမ၏နွေးထွေးသော လက်ဖဝါးဖြင့် အန်းသန့်စ်၏ပါးပြင်ကို နွေးထွေးစေလိုက်သည်။

သို့သော် ကံမကောင်းစွာဖြင့် သူ့ပါးပြင်က ပူနွေးလာမည့်အစား လူနာ၏လက်သည် တဖြည်းဖြည်း အေးစက်လာခဲ့သည်။ အန်းသန့်စ်က သူ့လက်အိတ်ကို ချွတ်လိုက်ပြီး သူ့ပါးပြင်ကို ‌နွေးထွေးအောင်လုပ်ပေးနေသော လူနာ၏လက်ပေါ် ထပ်တင်ထားလိုက်သည်။

"အရမ်းအေးတယ်... မင်း အထဲကို ဝင်သင့်တယ်"

ထို့နောက် အန်းသန့်စ်သည် လူနာ၏လက်ကိုဖယ်ပြီး အကွာအဝေးတစ်ခု ဖန်တီးလိုက်သည်။

ရှားပါးလှသည့် မွေးနေ့ဂုဏ်ပြုစကားကြောင့်ဖြစ်စေ သို့မဟုတ် လေထုကြောင့်ပဲ ဖြစ်စေ မရင်းနှီးသော ခံစားချက်တစ်ခုက သူ့ကို လွှမ်းခြုံသွားခဲ့သည်။

"ရှင် ကရော"

"ကိုယ်က လေဒီရဲ့ မွေးနေ့ဆုတောင်းကို ရပြီးပြီလေ။ကိုယ့်အတွက် ဒါကလုံလောက်ပါပြီ။ကိုယ် ပြန်သွားရမယ်။ လုပ်စရာတွေရှိသေးတယ်"

တစ်ညလုံး မအိပ်ဘဲနေရရင်တောင်မှ စာရွက်စာတမ်းများကို လုပ်ဖို့ သူစိတ်ကူးထားခဲ့သည်။ အဲဒါက သူ့စိတ်နှင့် နှလုံးသားကို အနည်းငယ် ငြိမ်သက်သွားစေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဟု ထင်ပေသည်။

"ရှင့် မွေးနေ့ဟာကို.... ဒီလိုမျိုးကြီး ထွက်သွားတော့မလို့လား"

"အင်း။ဘာပဲဖြစ်ဖြစ် ကိုယ့်မွေးနေ့က မကြာခင်ပဲ ပြီးတော့မှာမလား"

"ဒါဆို ကျွန်မ ရှင့်အတွက် သီချင်းဆိုပေးရမလား။ မွေးနေ့သီချင်းလေ"

အန်းသန့်စ် မတုံ့ပြန်ရသေးခင်မှာပင် လူနာသည် အလိုလို သီချင်းဆိုလာခဲ့သည်။ မယ်လိုဒီနှင့် စာသားများက မရင်းနှီးသော်လည်း တစ်ခုတော့ သိသာထင်ရှားပေသည်။

'အာ...လေဒီလူနာက သီချင်းဆိုတဲ့နေရာမှာ အရည်အချင်းမရှိဘူးပဲ'

လူနာသည် သီချင်းဆိုရာတွင် အရမ်းဆိုးရွားနေပေသည်။ မည်သို့ပင်ဖြစ်စေ တစ်နည်းနည်းနဲ့တော့ ချစ်စရာကောင်းနေပေသည်။တစ်စုံတစ်ခု ရိုးသားစွာ လွဲချော်နေတာတော့ ထင်ရှားသည်။

"Happy birthday to you, happy birthday to you, happy birthday dear သခင်လေး အန်းသန့်စ် ဝူး~!"

အန်းသန့်စ်သည် သီချင်းကို လေးလေးနက်နက် နားမထောင်နိုင်ခင်မှာပဲ လူနာက ဝမ်းသာအားရ လက်ခုပ်တီးကာ အဆုံးသတ်လိုက်ခဲ့သည်။

အန်းသန့်စ်သည် မရင်းနှီးသော စာသားများကြောင့် မျက်လုံးများပြူးကျယ်နေပြီး လူနာကို ထူးဆနစွာ ကြည့်လိုက်သည်။

"ဘာလို့လဲ။ရှင် တစ်နေရာရာမှာ နာနေလို့လား"

ကံမကောင်းစွာဖြင့် လူနာ၏ သီကုံးရေးစပ်ထားပုံရသော အမူအယာကို မြင်ရသဖြင့် အဲပဒါက မူရင်းစာသားပင် ဖြစ်ပုံရသည်။ အကြောင်းပြချက်အချို့ကြောင့် ဗလာဖြစ်သော ခံစားချက်ကို ခံစားလိုက်ရသည်။

"မဟုတ်ပါဘူး။ကိုယ် သွားသင့်ပြီလို့ ထင်တယ်။ မင်းလည်း ဝင်သင့်ပြီ"

"ရှင် သွားတာကိုကြည့်နေအုံးမယ်။ ဂရုစိုက်နော်"

လူနာသည် မြင်းပေါ်တက်နေသော အန်းသန့်စ်ကို လက်ဝှေ့ယမ်းလိုက်သည်။အန်းသန့်စ်က သူမရှေ့မှာ ခဏရပ်ပြီး သူ့လက်ကို ညင်သာစွာ ပြန်ဝှေ့ယမ်းပြခဲ့သည်။

လူနာနှင့် တွေ့တိုင်း မရင်းနှီးသော ခံစားချက်များနှင့် ထူးဆန်းသည့် အတွေးများက ပေါ်ပေါ်လာသော်လည်း အဲ့ဒါက အရမ်းဆိုးပုံမပေါ်တာကြောင့် သူ့နှလုံးသားက ခိုင်းစေသည့်အတိုင်း လိုက်နာရန် ဆုံးဖြတ်လိုက်သည်။

ခဏအကြာတွင် အချိန်များကျော်လွန်ပြီး နေ့ကူးသွားခဲ့သည်။လက်ကို ခဏလောက်ဝှေ့ယမ်းနေခဲ့သော အန်းသန့်စ်သည် အချိန်များကုန်ဆုံးသွားသည်ကို သတိမထားမိဘဲ မကြာမီမှာပဲ အမှောင်ထဲ၌ ကမန်းကတန်း ပျောက်သွားခဲ့သည်။

သူ့ပုံသဏ္ဍာန်က တဖြည်းဖြည်း သေးသွားသည်ကို ကြည့်ပြီး လှေကားပေါ် မှီနေသည့် လူနာက ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

ထို့အတွက်ကြောင့် သူမ၏ ပခုံးထက်ရှိ ခြုံထားသော ကုတ်အင်္ကျီက ပြုတ်ကျသွားခဲ့သည်။ ထိုမှသာလျှင် အန်းသန့်စ်သည် သူ၏ အပေါ်ကုတ်အင်္ကျီမပါဘဲ အေးစက်သောလေထဲသွားပြီ ဖြစ်ကြောင်း လူနာ သဘောပေါက်သွားခဲ့ရသည်။

* * *

"အဲဒါ...တကယ်ပဲလား!"

နေ့ကူးသွားပြီးနောက် မနက်စောစော အိပ်ယာထလာသည့် ရို့စ်မယ်ရီက က လော်ရာကို အံ့သြတကြီး မေးလိုက်သည်။ ပါးပြင်များ နီမြန်းနေသော လော်ရာက အတည်ပြုလာခဲ့သည်။

"ဟုတ်ပါတယ်ဆို! ဘယ်လောက်တောင် ရိုမန့်တစ်ဆန်လိုက်လဲ...! သခင်လေးအန်းသန့်စ်က သူ့အင်္ကျီကို သခင်မလေးလူနာအပေါ် လွှားခနဲခြုံပေးလိုက်တာ။သခင်မလေးကလည်း သူ့အတွက် သီချင်းတစ်ပုဒ် တောင်ဆိုပေးခဲ့သေးတယ်။ သူက မွေးနေ့ဆုတောင်းတွေကိုပဲ လက်ခံပြီးတော့ နေ့ကူးသွားတာနဲ့ ထွက်သွားခဲ့တာ ဝတ္ထုထဲက မြင်ကွင်းတစ်ခုလိုပဲ။ ဒါကြောင့် အားလုံးက စိတ်အားထက်သန်စွာနဲ့ ကြည့်နေမိခဲ့ကြတော့ နှစ်သစ်ကူးသွားမှန်းတောင် မသိလိုက်ကြဘူး"

သီချင်းက မကောင်းသည့်အပိုင်းကိုတော့ ချန်လှပ်ထားခဲ့သည်။ သခင်မလေးလူနာ၏ ချို့ယွင်းချက်ကို ဒီလောက်ရိုဆန်သော မြင်ကွင်းနှင့် တွဲထားဖို့ မလိုအပ်ပေ။

ရို့စ်မယ်ရီသည် အန်းသန့်စ်က သူမအိပ်ပျော်နေချိန်တွင် သူရဲဘောကြောင်သော လုပ်ရပ်တစ်ခုလုပ်ခဲ့ကြောင်းကို ကြားလိုက်ရတော့ ဒေါသများထွက်လာခဲ့တော့သည်။

"သူက ငါ့ရဲ့ ရှားရှားပါးပါး ညအိပ်နေရတဲ့အချိန်မှာ ဘယ်လို လုပ်လာနိုင်ရတာလဲ...! နင်ကရော ငါ့ကိုဘာလို့မနှိုးလိုက်တာလဲ!"

သုမသည် တောင်းတောင်းပန်ပန်ဖြင့် ခဲယဉ်းသော ညဘက်တည်းခိုခွင့်ကို ရရှိခဲ့သည်။ ဒါပေါ့ မားကွစ်မြို့စား နဲ့ မားကွစ်မြို့စားကတော်ဆီက စာကို လူနာဆီပို့ပေးခဲ့ခြင်းဖြင့် ရရှိခဲ့သောအခွင့်အရေးတစ်ခုဖြစ်သည်။

ဒါကြောင့် ဒီနှစ်ကုန်ညကို လူနာနှင့်အတူ ကုန်ဆုံးပြီး နှစ်သစ်ကို မအိပ်ဘဲ ကြိုဆိုဖို့ ရည်ရွယ်ထားခဲ့သည်။

သို့သော် သူမ အိပ်ပျော်နေစဉ် အန်းသန့်စ်က ထိုအခွင့်အရေးကို လုယူသွားတာကြောင့် ဒေါသဖြစ်မိသွားသည်။

"သခင်မလေးလူနာက လေဒီရို့စ်မယ်ရီကို နှိုးဖို့ ကြိုးစားပေမယ့်...‌လေဒီက မထနိုင်ခဲ့တာလေ"

"အိုး ဘုရားရေ…"

လူနာက သူမကိုနှိုးဖို့ ကြိုးစားခဲ့သည်ဆိုသော အမှန်တရားက ရို့စ်မယ်ရီကို စိတ်ပျက်သွားစေခဲ့သည်။ သူမသည် ယခုကဲ့သို့နေထိုင်မှုပုံစံမျိုးကို ဆယ်နှစ်ကျော်ကြာ ထိန်းသိမ်းထားခဲ့ရသောကြောင့် မပြင်နိုင်ခဲ့ပေ။

ဒါတွေအားလုံးက အန်းသန့်စ်ကြောင့်ပဲ။ သူသာ ထွက်မပြေးခဲ့ဘူးဆိုရင် သူမလည်းတခြားမိန်းမပျိုတွေလိုမျိုး လွတ်လပ်တဲ့ဘဝမျိုးကို ခံစားနိုင်မှာပဲ။

နှစ်သစ်ကူး ပထမနေ့မှာတင် ရို့စ်မယ်ရီသည် အန်းသန့်စ်အပေါ် မုန်းတီးမှုနှင့်အတူ ဒေါသတကြီး လမ်းစလျှောက်ခဲ့သည်။

သူမသည် စာလေ့လာခြင်း သို့မဟုတ် စာရွက်စာတမ်းများကို ကြည့်ရခြင်းတို့ကြောင့် အချိန်အကြာကြီး ထိုင်ရသဖြင့် နံနက်ခင်းလမ်းလျှောက်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။

* * *

ထိုအချိန်တွင်လူနာသည် အိပ်ပျော်ရာမှ နိုးလာခဲ့သည်။ အစောကြီးနိုးလာတာကြောင့် သူမထပ်အိပ်နိုင်သော်လည်း ထူးဆန်းသော မြင်ကွင်းများကို ရုတ်တရက်ပြန်သတိရမိသွားသည်...

ထိုအခြေအနေများကြောင့် လူနာ ဆက်မအိပ်နိုင်တော့ပေ။

'မနေ့က ဘာဖြစ်သွားခဲ့တာလဲ'

လူနာသည် သူမပါးပြင်ကို ဗလာဖြစ်စွာ ပွတ်သပ်လိုက်သည်။အန်းသန့်စ်ပါးပြင်ကို သူမလက်ဖြင့် အုပ်ကိုင်ခဲ့ပြီးတော့ သူ့မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သီချင်းတောင် ဆိုပေးခဲ့လိုက်သေးသည်။ ဒါကအံ့ဩစရာပဲ! အဲ့ဒါမျိုးက ချစ်သူတွေပဲ လုပ်နိုင်တဲ့ကိစ္စလေ

'ငါက အရက်မူးနေလို့ထားပါတော့။ ဒါပေမယ့် အန်းသန့်စ်က ဘာလို့ ဒီလောက် ငြိမ်နေခဲ့ရတာလဲ။ သူရူးနေတာလား'

ဒါမှမဟုတ် အရမ်းအေးနေလို့များလား။ မဟုတ်သေးပါဘူး အရမ်းအေးနေလို့ဆိုရင် သူ့ကုတ်အင်္ကျီ ပြန်ယူသွားမှာပေါ့။

ဒါဆို သောက်ကျိုးနည်း ဘာလို့လဲ။ သူဘာလို့ ဒီလောက် ရှက်စရာကောင်းတာကို ခွင့်ပြုရတာလဲ။

လူနာသည် သူမကသာ အန်းသန့်စ်၏ပါးပြင်ကို ပထမဆုံးဖုံးအုပ်ခဲ့သူသော်လည်း သူမအရက်မူးနေတာကြောင့်ဟုတွေးကာ မနေ့ညကကိစ္စအတွက် အန်းသန့်စ်ပေါ် အပြစ်ပုံချလိုက်သည်။

အဲ့ဒါက ဘာလို့ပဲဖြစ်ဖြစ် ရှက်စရာကာင်းတာကြောင့် တခြားသူများကို မမြင်စေချင်ပေ။ တစ်စုံတစ်ယောက်မြင်သွားပါက နားလည်မှုလွဲမှားစေနိုင်သောမြင်ကွင်းတစ်ခုသာဖြစ်သည်။

၎င်းကိုတွေးပြီး လူနာသည် အိပ်ယာကထလိုက်ချိန်တွင် အန်းသန့်စ်ထွက်သွားပြီးနောက် မြင်ကွင်းကို ပြန်သတိရမိသွားခဲ့သည်။

'...ရူးချင်တာပဲ!!'

လှေကားထစ်ပြတင်းပေါက်နားတွင် တဒါဇင် သို့မဟုတ် ထိုမျှမကသော မျက်လုံးများက လှည့်လာကြကာ လူနာကို အတည်ပြုပြီးနောက် အလျင်စလို ပြန့်ကျဲသွားခဲ့ကြသည်။

သူမ ဖမ်းမိခံခဲ့ရသည်... အော်ဟစ်ရအောင်အထိတော့ အံ့သြစရာ မဟုတ်ပေ။ သူမသည် ဘယ်ရွန်စံအိမ်မှာထဲစ အကြိမ်ပေါင်းများစွာ ဖမ်းမိခံခဲ့ရသည်။ လူနာအတွက် လျှို့ဝှက်ချက်ဆိုတာ မရှိခဲ့ပေ။

ဒါပေမယ့် အဲ့အချိန်တုန်းက လူနည်းနည်းပဲရှိခဲ့တာလေ။အခုက အစေခံအသစ်တွေရော အကုန်လုံးက သူမနဲ့ အန်းသန့်စ်ကို ပြောင်ပြောင်တင်းတင်း ခိုးစူးစမ်းနေခဲ့ကြတာ‌!

ဒါပေါ့ မြင်သာသည့် နေရာမှာ ဒီလိုမျိုးလုပ်တာ မကောင်းတဲ့မှန်းနားလည်ပါတယ်။ ဒါကြောင့် ‌ဒါကတစ်စုံတစ်ယောက်ကို အပြစ်မတင်နိုင်သော ပြဿနာတစ်ခုပင်ဖြစ်သည်။

'အရက်ကြောင့် မမှတ်မိသလိုမျိုး ဟန်ဆောင်ပြီး ခပ်ပြောင်ပြောင်ပဲ အပြင်ထွက်ရမယ်။ဟုတ်တယ် အဲ့ဒါက အကောင်းဆုံးပဲ'

လူနာသည် တွေးတောမှုကို ရပ်လိုက်ပြီး သက်ပြင်းချကာ အစေခံများကို ခေါ်လိုက်သည်။

"မင်္ဂလာနံနက်ခင်းပါ"

"သခင်မလေး ခံစားရအဆင်ပြေရဲ့လား"

"မနက်စာပြင်ဖို့ အမ်မာကိုပြောလိုက်ပါ့မယ်"

ကံကောင်းထောက်မစွာဖြင့် သူတို့ထဲမှ ဘယ်သူကမှ မနေ့ညက အဖြစ်အပျက်များကို ထုတ်မပြောလာခဲ့ကြပေ။

"ငါ အဆင်ပြေပါတယ်။ ငါ ရို့စ်မယ်ရီ နဲ့ မနက်စာစားလိုက်မယ်။သန့်စင်မယ့်ရေ ယူလာခဲ့ပေးပါ"

လူနာသည် စိတ်သက်သာရာရသွား ပြင်ဆင်မှုများလုပ်ကာ အောက်ထပ်သို့ဆင်းသွားခဲ့သည်။ ထို့နောက် လော်ရာသည် ခန်းမအလယ်တွင် အစေခံများထံမှ အစီရင်ခံစာများ လက်ခံနေသည်ကို သူမတွေ့လိုက်ရသည်။

မနေ့ညက တော်တော်နောက်ကျအောင်အထိ ပါတီပွဲကျင်းပခဲ့ကြပေမယ့် အခုမနက်အစောကြီးပဲရှိသေးတာတောင် အားလုံးကအဆင်ပြေနေကြပုံရသည်။

သူတို့ ဒီလောက် သန်မာဖို့ ပုံမှန်ဘာလုပ်ကြတာလဲ။ သူတို့ကိုကြည့်နေရင်းမှ လူနာ၏အကြည့်များသည် တောက်ပသောမျက်နှာဖြင့် နှုတ်ဆက်လာသော လော်ရာထံဖမ်းခံလိုက်ရသည်။

"မင်္ဂလာနံနက်ခင်းပါ သခင်မလေး! သခင်လေးအန်းသန့်စ်လည်း မနက်စာတူတူစားသွားရင် ကောင်းမှာပဲ။ နည်းနည်းတော့ ဝမ်းနည်းမိတယ်"

ဟုတ်ပါတယ် လော်ရာက သူမသခင်မကို အန်းသန့်စ်အကြောင်း ပြောရဲသည့် အစေခံ အနည်းငယ်ထဲက တစ်ယောက်ပင်ဖြစ်သည်။

နှစ်သစ်၏ပထမနေ့မှာတင် ရှက်သွေးမဖြာချင်တာ လူနာသည် အတင်းကာပြုံးလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။

"ရို့စ်မယ်ရီရော သူမထပြီလား"

"ဟုတ်ကဲ့ သခင်မလေး။သူမ စောစောထနေတာ။အခု ဥယျာဉ်ထဲ လမ်းလျှောက်နေတယ်။ နာရီအနည်းငယ်လောက်တော့ရှိပြီ"

အကြောင်းအရာကို အောင်မြင်စွာပြောင်းလဲပြီးနော် လော်ရာသညါ ရို့စ်မယ်ရီ၏နေရာကို ပြောကာ အစေခံများထံပြန်သွားခဲ့သည်။

ထို့နောက် လူနာသည် မနေ့ညက အန်းသန့်စ်နှင့်တွေ့ခဲ့သော လှေကားထစ်သို့ရောက်လာခဲ့ပြီး ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသော ရို့စ်မယ်ရီကို ရှာဖွေလိုက်သည်။

သူမက လှေကားထစ်နှင့် မနီးမဝေးရှိ ဥယျဉ်ထဲတွင် လမ်းလျှောက်နေခဲ့သည်။ လူနာက ရို့စ်မယ်ရီကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ရို့စ်မယ်ရီ နင် အစောကြီးနိုးနေတာပဲ။ ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"

ရို့စ်မယ်ရီသည် ဘယ်တုန်းကမှ စိတ်ဆိုးခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မဖြစ်ခဲ့သလိုမျိုး တောက်ပသောအပြုံးဖြင့် လူနာဆီသို့ ပြေးလာခဲ့သည်။

"ငါရောပဲ။ ငါလည်း မျှော်လင့်ပါတယ်"

ထိုသို့ပြန်ပြောပြီးနောက် ရို့စ်မယ်ရီသည် ခဏလောက်စောင့်ဟုဆိကာ ပျောက်ကွယ်သွားခဲ့သည်။ထို့နောက် ခဏအကြာတွင် စာအိတ်နှစ်ခုဖြင့် ပေါ်လာခဲ့သည်။

"ဒါက နှစ်သစ်ကူးကတ်လေ။ တစ်ခုက ငါရေးထားတာ။ နောက်တစ်ခုက ငါ့မိဘတွေ ရေးပေးခဲ့တာ။ ငါ့စာကို အရင်ဖတ်ရမယ်နော်။ ဟုတ်ပြီလား"

လူနာက ကြင်နာစွာ ပြုံးပြမည်ဟု သူမလုပ်ပါ့မယ်ဟု မျှော်လင့်ထားသော်လည်း အကြောင်းတစ်ခုခုကြောင့် သူမသည် လက်ထဲ၌ စာနှစ်စောင်ကိုကိုင်ကာ သူမ၏ အံ့အားသင့်သော အမူအရာကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

TK Team