Chapter 65
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၆၅ 


"နင် စာကို သဘောမကျဘူးလားဟင်...ငါ အဲ့ဒါကို အရမ်းအလျင်စလို ပေးလိုက်မိတာလား"

သူမ မနက်စာစားပြီးသည့်အထိ စောင့်လိုက်သင့်သည်။ ထူးဆန်းစွာ စိတ်မကောင်းဖြစ်သွားရင်း ရို့စ်မယ်ရီသည် လူနာ ခေါင်းငုံ့ထားသည်ကိုတွေ့လိုက်ရသည်။

"ဟင့်အင်း အဲ့လိုမဟုတ်ပါဘူး...ငါ အဲ့လိုမျိုးတစ်ခါမှ မတွေးဖူးဘူး။ငါ ဒီလိုမျိုး အရင်က တစ်ခါမှ မရဖူးလို့…"

ဖယ်ဆန်သည် ထိုသို့သော အရာများကို ပေးပို့တတ်သော လူအမျိုးအစား မဟုတ်ပေ။သူက တစ်ခါတစ်လေပဲ လာလည်တတ်တာဖြစ်သည်။ ဘယ်ရွန်မြို့စားကတော့ နှုတ်ခွန်းဆက်ကတ်ကို လက်ခံရရှိဖူးသော်လည်း လူနာကတော့မဟုတ်ပေ။

ရုတ်တရက် ရို့စ်မယ်ရီသည် လူနာ၏ ဝမ်းနည်းဖွယ်အတိတ်ကို ရှာဖွေတွေ့ရှိပြီးနောက် သူမ၏ ဝမ်းနည်းမှုကို မဖုံးကွယ်နိုင်တော့ဘဲ နှုတ်ခမ်းကိုကိုက်လိုက်မိသည်။

ကောက်ကျစ်သောသူအချို့ကြောင့် ကောင်းမွန်ပြီး ချောမောသော လူနာမှာ ဒုက္ခရောက်ခဲ့ရသဖြင့် သူမ ဒေါသထွက်မိသည်။

"နင် ဒီနေ့ရော မနက်ဖြန်ရော အများကြီးရလိမ့်မယ်။ ပြီးတော့ နင်လည်း စာများများရေးသင့်တယ်။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး မြန်မြန်ဖတ်တော့။ ငါ့အမေနဲ့ အဖေက နင့်ပြန်စာကို စိတ်အားထက်ထက်သန်သန်နဲ့ စောင့်နေကြတာ။ ငါလည်း အဲ့လိုပဲ"

လူနာသည် တောက်ပသော မျက်လုံးများဖြင့် စာအိတ်ကို ဆုတ်ဖြဲလိုက်သည်။အဲ့ဒါက အရမ်းမျက်စိဖမ်းစားစရာ သိပ်မရှိဘဲ ပုံမှန်လိုပင်။

ပြောရမယ်ဆိုရင် အဲ့ဒါက အရမ်းစိတ်၀င်စားစရာတော့မကောင်းပေ။ လူနာသည် လာမည့်နှစ်အတွက် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထားသည့် စာကိုကြည့်ကာ အနည်းငယ်ပြုံးလိုက်သည်။

ထင်ထားသည့်အတိုင်း အနည်းငယ် စိုးရိမ်စရာဖြစ်စေသည့် စာကြောင်းအချို့လည်းရှိပေသည်။

"နှစ်သစ်ပါတီလား… ငါ တက်ဖို့ရည်ရွယ်ချက်မရှိဘူး။ဘယ်လိုလုပ်ရမလဲ"

"အယ်?!"

ရို့စ်မယ်ရီက မယုံကြည်နိုင်သော တုံ့ပြန်မှုကို ပြသလာခဲ့သည်။

"ဘာလို့လဲ။ နှစ်သစ်ပါတီက တော်ဝင်မိသားစု အပါအဝင် မြို့စားအနွယ်ဝင်တွေအားလုံး တက်ရောက်ကြတဲ့ အရေးကြီးဆုံးပွဲ မဟုတ်ဘူးလား"

"အဲဒါကြောင့်ကို ငါမကြိုက်တာ

အဘယ်ကြောင့်ဆိုသော် ဖယ်ဆန်လည်း ထိုနေရာတွင် ရှိနေမှာဖြစ်သောကြောင့်ပင်။ သူ့ကို တရားဥပဒေနဲ့အညီ စီရင်ခဲ့ပေမယ့် သူသည် အလွန်စိတ်ပျက်စရာကောင်းသော ဇာတ်ကောင်တစ်ယောက်ဖြစ်သည်။ မင်းနဲ့မလိုက်ဖက်သည့် သူတစ်ယောက်ကို တလိုတလားနှင့်တွေ့ရန် မလိုအပ်နေပေ။

သို့သော် ရို့စ်မယ်ရီကတော့ ကွာခြားစွာ တွေးပေသည်။ သူမသည် လူနာကို ထိုပွဲတက်ဖို့ လုံးဝလိုအပ်ကြောင်း အခိုင်အမာပြောဆိုကာ သူမကို စတင်ဆွဲဆောင်ခဲ့သည်။

"ပြီးခဲ့တဲ့ တစ်ခေါက်က နင်နဲ့ ငါ့ကြားက ရင်းနှီးမှုကို သိပ်မပြနိုင်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် နှစ်သစ်ပါတီမှာ ငါတို့ ဘယ်လောက်ရင်းနှီးလဲဆိုတာကို ပြချင်တယ်လို့...!"

ဒါပေါ့ ဒါက အထူးဆွဲဆောင်နိုင်စွမ်းတော့ မရှိခဲ့ပေ။ ကွာခြားမှုရှိလာမည်မဟုတ်မှန်းသိသော်လည်း ရို့စ်မယ်ရီသည် အရှုံးမပေးဘဲ လူနာကို ဆက်လက်စည်းရုံးခဲ့သည်။

"ငါတို့ အဖွဲ့ထဲက လေဒီတွေကလည်း မျှော်လင့်တကြီး စောင့်နေကြတာ။ အခု အငယ်ဆုံးဖြစ်တဲ့ ငါက အရွယ်ရောက်လာပြီဆိုတော့ လူတိုင်းက ငါတို့ကို နှစ်သစ်ပါတီမှာတွေ့ဖို့ တကယ်မျှော်လင့်နေကြတာ"

ဒါပေါ့ အဖွဲ့ထဲက မိန်းမပျိုများနှင့် သူမကို ဆွဲဆောင်ရန် ကြိုးစားခြင်းသည် အလုပ်မဖြစ်နေပေ။ သူတို့က သူမဘက်ရှိ ကောင်းသောသူများဖြစ်သော်လည်း ရင်းနှီးလားဟု မေးပါက အဖြေမှာ 'အင်း... မရင်းနှီးသေးဘူး' သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထပ်ပြောလာသောစကားများကိုတော့ လျစ်လျူရှုလို့မရတော့ပေ။

"အဲ့ဒါအပြင် ကောလာဟလတွေက စတင်ပြန့်နေပြီမို့ နင့်ကိုယ်နင် လူရှေ့ပိုပြသင့်တယ်။ အတိတ်က ကောလဟာလတွေ အားလုံးက လုံးဝမမှန်ဘူး။ အခုပျံ့နေတဲ့ ကောလာဟလအသစ်တွေကမှ အမှန်ပဲ။ အဲ့လူတွေက ဆိုးတယ်! အဲ့လိုမျိုးပြောသင့်တယ်လေ။ တိတ်တိတ်နေဖို့က အရမ်းမတရားဖြစ်လွန်းတယ် မဟုတ်ဘူးလား"

ထိုစကားများသည် ရို့စ်မယ်ရီ အခုအချိန်အထိ ပြောခဲ့သမျှ စကားများထဲ အယုံကြည်ရဆုံးဖြစ်သည်။ထို့အပြင်ယခု ကောလဟာလများအသစ်များ ပြန့်နှံ့သွားပြီဖြစ်တာကြောင့် ကိုယ့်ကိုကိုယ် လူရှေ့ပိုပြသပေးပြီး ယုံကြည်မှုရှိရှိ တုံ့ပြန်ရန် လိုအပ်သည်။

အရင်အချိန်များက ပုန်းအောင်းခေဲ့ပြီး ထိုသို့ပြုလုပ်ရန်ပျက်ကွက်ခဲ့သူမှာ လူနာပဲဖြစ်သည်။ သူမ ဘာမှ မလုပ်ခဲ့တာကြောင့် ဆိုးရွားသော ကောလာဟလများသည် နှင်းများကဲ့သို့ ဖုံးလွှမ်းသွားပြီး အမှန်တရားလိုလို ပျံ့နှံ့သွားခဲ့သည်။

မူရင်း လူနာလည်း ဒီလိုပင်ဖြစ်သည်။ ပြန်တွေးကြည့်ပါက သူမက ကြွားဝါတတ်သော ဇာတ်ရုပ်မျိုး မဟုတ်ပေ။

မဟုတ်ဘူး သူမသည် ဆိုင်ယာနှင့်ပင် တစ်ခါတလေမှ တွေ့ဆုံတာဖြစ်ပြီး သူတို့တွေ့ကြတိုင်း တိုက်တိုက်ဆိုင်ဆိုင်ပင် ဆိုင်ယာ၏ သူငယ်ချင်းများနှင့် အမြဲတိုးပြီး ပြဿနာတက်ခဲ့ရသည်။ ဒါကြောင့် သူမလုပ်ခဲ့တာတွေအတွက် တိကျသေချာသောဖော်ပြချက်များမရှိခဲ့ပေ။

'ပြန်တွေးကြည့်လိုက်မှ အဲ့ဒါကလုံးဝ အဓိပ္ပာယ်မရှိတာပဲ။မြင်ရတဲ့အမြင် ပြောင်းရုံနဲ့တင် အကောင်းနဲ့အဆိုးက ပြောင်းပြန်ဖြစ်သွားရတယ်။ ငါလည်း ဘာမှမလုပ်ခဲ့ဘူး။ ဒါပေမယ့် ငါ့ပတ်ဝန်းကျင်ကလူတွေ ထိခိုက်ဒဏ်ရာရရတယ်။ ပစ္စည်းတွေက ဖျက်စီးခဲ့ရတယ်။ ကြောက်စရာကောင်းတဲ့လက်ဆောင်တွေတောင်မှရခဲ့ရတယ်'

အဆုံးတွင် သေခြင်းတရားကိုတောင် ရခဲ့ပေသည်။ အဲဒီလူဆိုး ဖယ်ဆန် ဖန်တီးခဲ့သည့် နားလည်မှုလွဲမှားမှုက အကြောင်းအရင်းဖြစ်သည်။ ဒါပေမယ့် လူနာကတော့ ဘာဆိုဘာမှမလုပ်ခဲ့ဖူးပေ။

တိတ်ဆိတ်နေခဲ့ခြင်း၏ ရလဒ်မှာ ဆွံ့အသူကဲ့သို့ ဆက်ဆံခံရခြင်းသာ ဖြစ်သည်ကို သဘောပေါက်ပြီးနောက် လူနာသည် အလျှင်အမြန်ဆုံးဖြတ်ခဲ့လိုက်သည်။

သူမ ကျိန်ဆဲခံရသည့် စကားများကြားရရင်တောင်မှ သူတို့နှင့်မျက်နှာချင်းဆိုင်တွေ့ပြီး ငြင်းဆိုတာက ပိုကောင်းသည်။

"ကောင်းပြီလေ။ ငါတက်မယ်။ လေဒိရို့စ်မယ်ရီ ပြောတာ မှန်တဲ့ပုံပဲ။ ငါ အခုချိန်အထိ တိတ်တဆိတ်နေခဲ့မိလို့ ဆုံးရှုံးစရာတွေရှိခဲ့ရတာ"

" နင် ဆုံးဖြတ်ချက်ကောင်းတစ်ခု ချခဲ့တာပဲ။ နင့်ဘက်မှာ ငါအပါအဝင် မြို့စားအနွယ်ဝင်အတော်များများရှိမှာမို့လို့ အဆင်မပြေလုံးဝဖြစ်မှာမဟုတ်ဘူး"

တစ်ခုခုဖြစ်ခဲ့ရင်‌ သူမကိုယ်တိုင် ဖန်ပုလင်းကိုရိုက်ခွဲပြီး ရိုက်နှက်ပစ်မယ်ဟု ရို့စ်မယ်ရီက ပြောလာခဲ့တာကြောင့် လူနာ ညင်သာစွာပြုံးလိုက်မိတော့သည်။

"အဆင်ပြေပါတယ်။ တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် ငါကိုယ်တိုင် ဖန်ပုလင်းကွဲကို ကိုင်ထားလိုက်မယ်။အဲ့ဒါ အန္တရာယ်များတာမို့ လေဒီ၊ နင်က ငါ့နောက်မှာဘဲပုန်းလိုက်။ ဒီကိစ္စတွေကို သက်ဆိုင်ရာပါတီမှာတင် ပြေလည်အောင်ဖြေရှင်းရမယ်"

တခြားသူများ ဝင်ရောက်စွက်ဖက်ခြင်းအတွက် ကောင်းမွန်သော ရလဒ်ကို သူမ မမြင်ဖူးပေ။ဒါကြောင့် သူမကိုယ်တိုင်လုပ်လိုက်တာက ပိုကောင်းသည်။

သို့သော် ၎င်းကို ကာကွယ်စကားအဖြစ် နားလည်မှုလွဲသွားသော ရို့စ်မယ်ရီသည် သူမ၏ခံစားချက်ကို မဖုံးနိုင်တော့ပေ။

အခြေအနေက ပြေလည်သွားပုံရတာကြောင့် သူတို့နှစ်ယောက်ကို တိတ်တဆိတ်ကြည့်နေသည့် လော်ရာက စကားဝိုင်းကို ရုတ်တရက် ကြားဖြတ်လာခဲ့သည်။

"သခင်မလေး၊ ဒါဆို အဝတ်အစားအတွက်ကျတော့ရော ဘယ်လိုလုပ်မှာလဲ"

"အဝတ်အစားလား။ နှစ်သစ်ပါတီက ဘယ်တော့။အဲ့ဒါက တစ်ခါတလေ ဇန်န၀ါရီလဆန်းပိုင်းနဲ့ လလယ်ပိုင်းကြားထင်တယ် ဟုတ်တယ်မလား။ အချိန်သိပ်မရှိဘူး...အဲ့ဒီတော့ ပြီးခဲ့တဲ့တစ်ခေါက်က ဂါဝန်ကိုပဲ နည်းနည်းပြောင်းလိုက်တာ ပိုကောင်းမယ်ထင်တယ်"

အမှန်တော့ အချိန်အလုံအလောက်ရှိပေသည်။ဒါက အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး သူမသည် ထိုလှပသောဝတ်စုံကို တစ်ခါဝတ်အဖြစ် မဖြုန်းတီးပစ်ချင်ပေ။

အလှဆင်မှုအသေးစိတ်တွေကို ပြောင်းလဲလိုက်ရုံဖြင့် အသစ်တစ်ထည်လိုဖြစ်သွားနိုင်တာကြောင့် လူနာသည်ထိုသို့လုပ်ရန်တွေးလိုက်သည်။ထို့နောက် ထူးထူးခြားခြား ပြုံးနေသော ရို့စ်မယ်ရီက လက်ဟန်ပြလိုက်သည်။

"မစိုးရိမ်ပါနဲ့။တကယ်တော့ ငါ ဒီလိုမျိုးဖြစ်မယ်ဆိုတာကိုကြိုသိနေလို့ ဂါဝန်ဒီဇိုင်းစာရင်းကို ယူလာခဲ့တယ်။ ဒီတစ်ခါရော နောက်ထပ် ဂါဝန်ချုပ်ကြရင် ဘယ်လိုလုပ်လဲ။ နှစ်သစ်နဲ့ ဆောင်းရာသီကို အထိမ်းအမှတ်အနေနဲ့ နှင်းတွေ ဝိုင်းပြီး အလှဆင်ထားသလိုမျိုးလေ"

၎င်းကို စောင့်နေသလိုပဲ အစေခံတစ်ယောက်က စာရင်းကို ပေးလာခဲ့သည်။ အရွယ်ရောက် ပါတီပွဲ ပြီးတာ မကြာသေးသော်လည်း ဝတ်စုံဒီဇိုင်းအသစ်များက စာရင်း၏ အရှေ့ဘက်တွင် ပြည့်နေခဲ့သည်။

"အရမ်းကောင်းတာပဲ! သခင်မလေးကို ပထမဆုံးအကြိမ်အဖြစ် တွေ့တဲ့လူ အများကြီးရှိမှာဆိုတော့ ကျက်သရေအရှိဆုံးနဲ့ အလှဆုံးဂါဝန်ကို ရွေးချယ်ရမယ်။ဟမ့် ကျွန်မတို့ကို ဆင်းရဲလို့ဆိုပြီး နှိမ်ချတဲ့ သူတွေကို ပြန်ပြပေးလိုက် သခင်မလေး"

ထိုသို့သော တွန်းအားများနှင့်အတူ အတိတ်က နာကျင်စရာ အမှတ်တရများကိုပါ ထည့်ပြောလာသောကြောင့် ငြင်းဆန်ရန် မဖြစ်နိုင်တော့ပေ။

'ဟုတ်တယ်၊ ငါ ဝင်သမျှပိုက်ဆံတွေကို စုထားပြီး ဘာလုပ်ရမှာလဲ။ ချမ်းသာတဲ့သူက ပိုက်ဆံပိုသုံးရင် စီးပွားရေးက ပိုဖွံ့ဖြိုးတယ်တဲ့"

လူနာ ရရှိသည့် ဝင်ငွေပမာဏနှင့် နှိုင်းယှဉ်ပါက အဝတ်အစားသည် အလွန်စျေးကြီးသော်လည်း ၎င်းက ပုံးတစ်ပုံးထဲ ရေတစ်စက် ကျဆင်းသွားသလိုဖြစ်သည်။

ဘယ်အချိန် ရှာတွေ့နိုင်မလဲဆိုတာ မသေချာသော်လည်း အနာဂတ်တွင် စိန်တွင်းများ ရှာတွေ့ဖို့ရန်လည်းကျန်သေးတာကြောင့် ထိုပမာဏက ဖုန်မှုန့်လိုပင် သေးငယ်သွားလိမ့်မည်ဖြစ်သည်။

"ကောင်းပြီ။ ဒါပေမယ့် အခြေခံ ဒီဇိုင်းကို အရင်တစ်ခုက အတိုင်းပဲ ထားပြီး ကျန်တာကိုပဲ ပြောင်းလိုက်မယ်။ နားလည်တယ်မလား"

"ဒါပေါ့"

ရို့စ်မယ်ရီကတော့ လုံလောက်ပြီဟူသော ပုံစံဖြင့် တောက်ပစွာ ပြုံးနေလေတော့သည်။

* * *

စာချုပ်ပေါ်ရှိ လက်မှတ်ကို စစ်ဆေးနေသော ဖယ်ဆန်သည် ကျေနပ်စွာ ပြုံးလိုက်သည်။ အန်းသန့်စ်နှင့် ဆက်ဆံနေသော ကုမ္ပဏီကြီးများက သူ့လက်ထဲ ရောက်လာခဲ့ပြီဖြစ်သည်။

"ဒါတွေအားလုံးက မင်းကျေးဇူးကြောင့်ပါ လေဒီဆိုင်ယာ"

ဖယ်ဆန်သည် ရုံးခန်းရှိဆိုဖာပေါ်တွင် ထိုင်နေပြီး သူ့ကို ကြည့်နေခဲ့သော ဆိုင်ယာကို ပြောလိုက်သည်။

အမှန်တကယ်ပင် ဒါတွေအားလုံးက သူမ ကျေးဇူးတွေဖြစ်သည်။ သူမသည် သူမမိသားစုမှတဆင့် သူ့အတွက် ဖောက်သည်များစွာနှင့် ချိတ်ဆက်ပေးခဲ့သည်။ ဒါပေါ့ သူမမရှိရင်တောင်မှ သူသည် ဖောက်သည်များကို တနည်းနည်းဖြင့် ဆက်သွယ်ပြီး လုယူနိုင်သော်လည်း အချိန်တော်တော်ယူရလိမ့်မည်ဖြစ်သည်။

ထိုသို့ဆိုပါက အန်းသန့်စ်သည်လည်း သူ့ကို တုံ့ပြန်ရန် နည်းလမ်းရှာလာခဲ့လိမ့်မည်ဖြစ်သည်။ ထိုမျိုးမစစ်ကောင်မှာ အလွန်နိမ့်ကျရက်စက်ပြီး ရုန်းထွက်လာမှာ သေချာသည်။

"ရှင်ပြောသလိုပဲပေါ့...ဒါပေမယ့် ကျွန်မ ဘာလုပ်ရမှန်းမသိဘူး။ကျွန်မ ဘာမှထူးထူးခြားခြားမလုပ်ခဲ့ဘူးရယ်..."

ဆိုင်ယာသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သော်လည်း ဖယ်ဆန်မှ သူမ၏ခါးကို ဖက်ပြီး ချီးကျူးလာမှုအပေါ် ကျိုးနွံစွာ ငြင်းဆန်ခဲ့သည်။

ထို့နောက် သူမသည် စောင့်ဆိုင်းနေသကဲ့သို့ သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ အနည်းငယ် စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။

"ဒါပေမယ့် ကြည့်ရတာ ရှင် လျော်ကြေးအများကြီးပေးလိုက်ရပုံပဲ။ အဆင်ပြေရဲ့လားဟင်။ ပြီးတော့ ရှင် အန်းတဲရိစ့်ဂိုဏ်းထက် ပိုကောင်းတဲ့ သဘောတူချက်စာချက်တွေကို လုပ်ထားတာလည်း ကျွန်မသိတယ်…"

ဖောက်သည်များနှင့် အန်းသန့်စ်၏ စာချုပ်ပါ ကောင်းကျိုးများကို ထည့်သွင်းစဉ်းစားပြီး ဖယ်ဆန်သည် ကြီးမားသော လျော်ကြေးများပေးခဲ့ရသဖြင့် သူ၏တစ်သက်တာတွင် ဆုံးရှုံးမှုများကို ပြန်ကာမိနိုင်မည်မဟုတ်ပေ။

တုံ့ပြန်တဲ့အနေဖြင့် ဖယ်ဆန်သည် အတော်လေးကို ယုံကြည်ချက်ရှိသော အသံဖြင့် ပြန်ဖြေလာခဲ့သည်။

"အဲဒါအတွက် စိတ်မပူပါနဲ့။ ကိုယ့်တို့ အဲ့လျော်ကြေး အားလုံးကို ရှင်းပစ်ဖို့ သိပ်မကြာတော့ပါဘူး"

"ဘယ်လိုမျိုးလဲ"

ထိုသို့သော နည်းလမ်းမျိုးရှိမည်ဆိုပါက ပိုပြီးပြည့်စုံသွားမည်ဖြစ်သည်။ သူမစိုးရိမ်စိတ်များကို ဖြေလျှော့ဖို့ရာ ဆိုင်ယာသည် မြစိမ်းရောင်မျက်လုံးများကို တဖျတ်ဖျတ်ခတ်ကာ မေးလိုက်သည်။

"ကိုယ်တို့ ဖောက်သည်တွေအားလုံးနဲ့ အသားတင်အမြတ်ငွေ စာချုပ်ကို ချုပ်ခဲ့ကြတယ်မလား။ ထုတ်ကုန်တွေ ဖြန့်ဖြူးဖို့၊ သိုလှောင်ဖို့နဲ့ စီမံခန့်ခွဲဖို့အတွက် ကုန်ကျစရိတ်တွေကို နုတ်ပြီး ကျန်တဲ့ဟာ‌ကို မျှဝေကြဖို့ သဘောတူခဲ့ကြတာ"

"ကျွန်မ အဲ့ဒါကိုသိတယ်။ အသားတင်အမြတ်ငွေရဲ့ 80% ကို ပေးဖို့ သဘောတူခဲ့တာမလား"

ဖြန့်ဖြူးမှုအတွက် လိုအပ်သော ပမာဏမှ လွဲပြီး အမြတ်ရငွေ၏ 80%ကို ပေးခြင်းသည် အလွန်ရှားလှသည်။

ကနဦး၌ အခြားသူများအား 80% ပေးချေမည်ဆိုပါက ဖယ်ဆန်အတွက် ကျန်ငွေမှာ 20% သာဖြစ်သည်။

သို့သော် ဖယ်ဆန်သည် အမြတ်အများဆုံးရရန် အစီအစဉ်ကို ကြိုတင်စီစဉ်ထားခဲ့သည်။

"ဟုတ်တယ်။ အဲ့ဒါကြောင့် ကိုယ်တို့က မြို့စားကြီးမိသားစုအောက်မှာ ကြားခံတွေထည့်ဖို့ စီစဉ်ထားတယ်"

"… ကြားခံတွေလား"

ဆိုင်ယာသည် နားမလည်နိုင်ပုံ ရသဖြင့် ဖယ်ဆန်က သူမ၏ပါးပြင်ကို ပွတ်သပ်ရင်း ရှင်းပြလိုက်သည်-

"ကြားခံတွေက ကော်မရှင်ခအဖြစ် သတ်မှတ်ထားတဲ့ ပမာဏကို ယူလိမ့်မယ်။အဲ့လိုမျိုး နှစ်ခုထည့်လိုက်မယ်ဆိုရင် ကိုယ့်ဘက်ကို ကျလာမယ့် ပမာဏက သိသိသာသာ တိုးသွားလိမ့်မယ်"

"…!"

နောက်ဆုံးတွင် ဆိုင်ယာသည် ဖယ်ဆန်၏စကားကို နားလည်သွားခဲ့သည်။ အမြတ်ငွေ၏ 80% ရှယ်ယာမှာ ပထမတွင် ကောင်းမွန်သော စာချုပ်တစ်ခုကဲ့သို့ ထင်ရသော်လည်း ၎င်းသည် အမှန်တကယ်တွင် ကောက်ကျစ်သောထောင်ချောက်တစ်ခုဖြစ်သည်။

ဖယ်ဆန် ထည့်သွင်းမည့် ကြားခံအဖွဲ့များက ကော်မရှင်ခအမျိုးမျိုးကို စုပ်ယူပြီးနောက် ကျန်ငွေများမှာ တစ်ပဲခြောက်ပြာသာဖြစ်လာမည်ဖြစ်သည်။

အဲဒီ တစ်ပဲခြောက်ပြားထဲကနေ 80% ယူခြင်းသည် ပမာဏ အများကြီး ရမှာ မဟုတ်ချေ။ ကျန်ငွေများအားလုံးသည် ဖယ်ဆန်၏လက်ထဲသို့ကျသွားလိမ့်မည်ဖြစ်သည်။

"အဲ့လို စာချုပ်မျိုးလား… ကြားထဲမှာ ရပ်စဲဖို့ ဖြစ်နိုင်ချေရောမရှိဘူးလား"

ဆိုင်ယာသည် သူမသာဆိုရင် စာချုပ်ကိုချက်ချက်ရပ်ပစ်လိုက်မှာဖြစ်တာကြောင့် သတိထားပြီး မေးလိုက်သည်။

တုန့်ပြန်မှုအနေဖြင့် ဖယ်ဆန်သည် သူမ၏ဆံပင်ကို သပ်ပေးလာပြီး စိတ်မပူဖို့ ပြောခဲ့သည်။

"အဲ့လိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ကိုယ်တို့ဘက်က လျော်ကြေးကြီးကြီးမားမား ပေးထားရတော့ စာချုပ်သက်တမ်းကို အနှစ်တစ်ရာအထိ ပေးလာခဲ့ကြတယ်။ ကြည့်ရတာ လူတိုင်းက ကိုယ်တို့မိသားစုနဲ့ အချိန်အကြာကြီး ဆက်ဆံချင်တဲ့ပုံပဲ"

ဖယ်ဆန်သည် အတော်လေး ဝမ်းသာအားရ ပြုံးနေသော်လည်း ဆိုင်ယာကတော့ မပြုံးနိုင်ခဲ့ပေ။ ဖယ်ဆန်ပြောတာသာ မှန်သည်ဆိုပါက ၎င်းသည် လိမ်လည်လှည့်ဖြားသော စာချုပ်တစ်ခုပင် ဖြစ်နေသည်။

TK Team