Chapter 98
Viewers 13k

🌌Extra 12.2



57I:

ဟား ဟား...တင်ဆက်သူက သနားစရာကောင်းလိုက်တာ...


58I:

ဘာလဲ...ဘာလဲ... ဘာဖြစ်ပြန်ပြီလဲ...


59I:

ဓာတ်ပုံတစ်ပုံ တင်လိုက်ပြီ...တင်ဆက်သူက နေရာမှာ မလှုပ်ရှားဘဲ ပြုံးပြုံးကြီးနဲ့ အရုပ်လိုတောင့်တောင့်ကြီး နေနေတယ် [ ဓာတ်ပုံ ]


60I:

ဟားဟားဟား... သူ browser ကို ဖွင့်လိုက်တာနဲ့ လုမော့ ဘာတွေဖြစ်နေတယ်ဆိုတာ သိလိုက်ပုံရတယ်... သူက S အဆင့်အမျိုးသားဇာ့ဂ်လို တကယ် အသက်ရှင်နေတယ်လို့ ပြောဖို့ လုံခြုံနေပြီးလား...တင်ဆက်သူက သူ့စိတ်စွမ်းအားကြောင့် တိုက်ရိုက် ထိတ်လန့်သွားခဲ့တယ်လေ... နောက်ဆုံးတော့ သူက A အဆင့်အမျိုးသားဇာ့ဂ်ပဲလေ.... ရုပ်တုတစ်ခုလို ပြောင်းလဲသွားတာ... ရယ်စရာကောင်းလွန်းတယ်...


61I:

သေစမ်း...လုမော့ရဲ့ browser က ဘာလျှို့ဝှက်ချက်တွေရှိလဲဆိုတာ ငါ သိချင်တယ်...


62I:

အစကတည်းက အတော်လေးကို မယဉ်ကျေးခဲ့တာမို့ သူတို့ ရှုပ်ယှက်ခတ်နေတာက ပုံမှန်ပါပဲ... စကားမစပ် သတိထားမိလား...ထောင့်နားလေးမှာ ဗိုလ်မှူးလင်း အိပ်ပျော်နေတာ...


[ဓာတ်ပုံတစ်ပုံကို တင်ထားသည်။ ဗိုလ်မှူးလင်းက ဆိုဖာပေါ်တွင်ထိုင်ကာ ခေါင်းစောင်းပြီး မှိန်းနေပုံ...jpg ]


63I:

ဟမ်... ယေဘုယျအားဖြင့်ဆို ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးဇာ့ဂ်တွေက ပိုပြီး တက်ကြွနေသင့်တယ် မဟလား...နောက်ဆုံးတော့ သူတို့မှာ "ရေ" နဲ့ နေ့ရောညပါ "အဆီအနှစ်" ပေးဖို့ အမျိုးသားဇာ့ဂ်တွေရှိတယ်လေ...


64I:

အမျိုးသားဇာ့ဂ်က သူ့ကို စိတ်မကျေမနပ်ဖြစ်စေတာကြောင့်က လွဲရင်ပေါ့…


65I:

ကျေးဇူးပြုပြီး အဲလို မဟုတ်ပါစေနဲ့...


66I:

အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားပုံ...jpg


67I:

ဒီရက်ပိုင်း ငါ သကြားလုံးအတုတွေ စားနေမိတယ်လို့တော့ မပြောနဲ့နော်... ဒါက တော်တော်အဆိပ်ပြင်းတယ်...


68I:

ကိုယ့်အတွက်ကိုယ် ပြသနာတွေ မဖန်တီးပါနဲ့ ဟုတ်ပြီလား... ငါက ဆေးကျောင်းသား တစ်ဦးဖြစ်တော့ ဒီဖြစ်စဉ်ကို ငါ့ဆရာပြောပြဖူးတာကို အမှတ်ရမိတယ်...သေချာတာကတော့ မင်းတို့တွေပြောနေတာကြောင့် မဟုတ်ဘူး...ဒါပေမယ့် အဲ့ဒါဘာကိုဆိုလိုတာလဲ...ငါ့ဆရာကို မေးရဦးမယ်... ငါ မမှတ်မိတော့ဘူး...


69I:

ကောင်းပြီ...အခုတော့ စိတ်အေးအေးထားပါဦး...


တင်ဆက်သူကို ကယ်တင်ဖို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ယာယီ ရပ်တန့်ထားတာမို့ အခု ငါတို့ အရင်တိုက်ရိုက်ထုတ်လွှင့်မှုအပိုင်းတွေကိုပဲ ပြန်ကြည့်ပြီး ခံစားနိုင်ကြမှာ...


70I:

+1


ဗိုလ်မှူးလင်းရဲ့မျက်နှာပေါ်က ပြောစကားမဲ့ပြီး နင်နေတဲ့အမူအရာက ငါ့ကို အကြိမ်တိုင်း ရယ်မောစေတယ်...


71I:

ဟားဟားဟား...


[တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု‌တွေကို ဒီမှာ ချန်ထားတယ်... ]


———


123l:

ဟေး... အချိန်အတော်ကြာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒီမြင်ကွင်းကို ဖမ်းယူနိုင်ခဲ့ပြီ... ငါ့ကင်မရာအရည်အသွေး ကောင်းတာမို့ အဲ့အခိုက်အတန့်ကို ဖမ်းယူနိုင်ခဲ့တာ... တင်ဆက်သူက browserကိုနှိပ်လိုက်တာနဲ့ ရောက်သွားတဲ့ လုမော့ရဲ့ အမြန်ဝင်ရောက်မှု မျက်နှာပြင်ပါ... ဒါပေမယ့် ငါတကယ်နားမလည်ဘူး ဒါက ဘာလဲ...


မူရင်းပိုစတာ (OP) မှာ စခရင်ရှော့တစ်ခု တင်ထားတယ်...


ကြည့်ရတာ နည်းနည်းရှင်းနေတဲ့ပုံမှာ အဲ့ဒါက ပန်းရောင်ဝဘ်ဆိုဒ်တစ်ခုဖြစ်တာကို မင်းတွေ့နိုင်တယ်...


124l:

ဟားဟား၊ အဲဒါက နာမည်ကြီး စိတ်ကူးယဉ်ဝတ္ထုဆိုဒ်မဟုတ်ဘူးလား...လုလင်း fanficတွေ မဖတ်ရင်တော့ မသိကြမှာမဟုတ်ဘူး...


125l:

အပေါ်ထပ်က တစ်ယောက်က အံ့ဩဖွယ် တစ်ခုခုကို ပြောနေတဲ့ပုံပဲ...49 ခုမြောက် ပို့စ်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်သုံးသပ်ကြည့်ကြစို့...လုမော့က သူ မသိဘူးလို့ပဲ ယုံကြည်ချက်ရှိရှိ ပြောခဲ့တာ...


126l:

ဒါပေမယ့် သူ ရှင်းရှင်းလင်းလင်းကို သိနေတယ်...


127l:

ပြီးတော့ သူ့အဆင့်က တော်တော်မြင့်တယ်နော်... ငါလို နေရာတိုင်းက fanfic တွေကိုဖတ်ပြီး မှတ်ချက်ပေးတဲ့သူတောင်မှ ဒီလောက်အဆင့်မမြင့်ဘူး...သူကတော့ အကုန်လုံးကို ရှင်းရှင်းလင်းလင်းကို သိနေတာ...


128l:

ကောင်းပြီ... ငါတကယ်နားမလည်ဘူးဟေ့...အား…ဘယ်ဘက်အပေါ်ထောင့်မှာ နည်းနည်းတွန့်နေပေမယ့် အရေးမကြီးပါဘူး...ငါ အဲဒါကို မပြင်တတ်ဘူး...


129l:

မဟုတ်ဘူး...မဟုတ်ဘူး...အရေးကြီးတယ်… ကျွမ်းကျင်တဲ့ အယ်ဒီတာရေ...ကျေးဇူးပြုပြီး ပြင်ပေးပါ...အဲဒါ လုမော့ရဲ့ အသုံးပြုသူနာမည်(username)....


ငါတို့နဲ့ အတူတူ အော်ဟစ်နေကြတဲ့ ပရိသတ်တွေကြားမှာ သူ ရှိနေတာလား... လုမော့က သူတို့ထဲက တစ်ယောက် ဖြစ်နိုင်မလား...


130l:

ကျွမ်းကျင်အယ်ဒီတာရေ...ကျေးဇူးပြုပြီး ပြင်ပေးပါဦး...


131l:

ကျွမ်းကျင်အယ်ဒီတာရေ...ကျေးဇူးပြုပြီး ပြင်ပေးပါဦး...


———


156l:

ကောင်းပြီ... ငါစမ်းကြည့်မယ်...


157l:

ဒီဇာ့ဂ်တစ်ယောက် ကျန်းမာဘေးကင်းပါစေ...


158l:

ဒီဇာ့ဂ်တစ်ယောက် ကျန်းမာဘေးကင်းပါစေ...


———


196l:

ငါလုပ်နိုင်ခဲ့ပြီ...ငါ ပုံကို ဖမ်းနိုင်ခဲ့တယ်...ဓာတ်ပုံက ဘယ်ဘက်ထိပ်နားထောင့်မှာ ရှင်းနေတယ်...


197l:

[လုလင်းက တကယ့်အစစ်ပါ] ကောင်းပြီ၊ နင်တို့တွေ ပြင်းထန်နေပြီဆိုတာ ငါသိတယ်.... ငါ ဒီနာမည်ကို တစ်ခါမှ မမြင်ဖူးဘူးဆိုတော့ သိပ်မှတ်ချက်မပေးတော့ဘူး...


198l:

......


199l:

.............


199l:

...............


200l:

မင်း ဘာတွေဖြစ်နေတာလဲ............


201l:

အာ...အပေါ်ကလူတွေက ဖိုရမ်တွေနဲ့ ရင်းနှီးပုံမပေါ်ဘူး...မှန်တယ်မလား...တကယ်ဆို အသုံးပြုသူတွေက သူတို့အမည်တွေကို ပြောင်းလဲပေမယ့် IP လိပ်စာက ထူးခြားတယ်လေ... မင်းတို့ နည်းနည်းရှာလိုက်မယ်ဆို တူညီတဲ့ IP လိပ်စာရှိသူတွေက တူညီတဲ့လူတွေဆိုတာ တွေ့ရလိမ့်မယ်...


202I:

..............


203I:

စူးစမ်းချင်စိတ်နဲ့ ငါ အသုံးပြုသူတချို့ကို စစ်ဆေးကြည့်ခဲ့တာ...အခုတော့ လုံးဝရှော့ပဲ... စီးကရက်ကိုင်ထားတဲ့ ငါ့လက်တွေ နည်းနည်းတုန်နေပြီ... ငါစစ်ဆေးခဲ့တာ ဘယ်သူလဲဆိုတာ မင်းသိလား...


204I:

ဘယ်သူလဲ....


205I:

ဘယ်သူလဲ....


206I:

ငါရောပဲဆို...


207I:

ကြောက်စရာကောင်းလွန်းလိုက်တာ...ငါထင်တာတော့ ငါ မပြောသင့်ဘူးလို့...


208I:

အား...အား...အား...အား...မြန်မြန်ပြောပါ...


209I:

ငါသေမှာမကြောက်ဘူး ငါလုပ်မယ်...အခေါင်းထဲကနေ အော်ရမယ်ဆိုရင်တောင်မှပေါ့....


လုမော့ရဲ့ IP လိပ်စာက "ငါ့အမျိုးသမီးပါတနာက နေ့တိုင်း ပိုချစ်စရာကောင်းလာတယ်'' နဲ့ အတူတူပဲ...


210I:

နားမလည်သေးတဲ့ ဇာ့ဂ်တွေရှိတာပဲ… "လွှမ်းမိုးတတ်တဲ့ အမျိုးသားဇာ့ဂ်က ငါ့ကို ချစ်သွားပြီ” ဆိုတဲ့နာမည်ကို နာမည်ကို “ငါ့အမျိုးသမီးပါတနာက နေ့တိုင်း ပိုချစ်စရာကောင်းလာတယ်” ဆိုတဲ့ စာရေးသူက နာမည်ပေးထားတာပဲ...


211I:

အား...အား...အား...


212I:

အား...အား...အား...


213I:

အား...အား...အား...


.....


299l:

ငါ စောစောတုန်းက ဆေးကျောင်းသားပါ...ငါအခု ပြန်ရောက်လာပြီ...ငါ့ဆရာ့ကို မေးပြီးတဲ့နောက် သူက ငါ့မေးခွန်းကို နည်းနည်းအံသြသွားပေမယ့် အဖြေပေးခဲ့ပါတယ်... အမျိုးသမီးဇာ့ဂ်ရဲ့ အဲဒီအပြုအမူက ဆိုးရွားတဲ့ လက္ခဏာမျိုးမဟုတ်တဲ့အပြင် ဆန့်ကျင်ဘက်အနေနဲ့ ကောင်းတဲ့ လက္ခဏာပါ...ရှားရှားပါးပါး ဖြစ်ပေါ်လာတာမျိုးတဲ့...ရှေးခေတ်အမျိုးသမီးဇာ့ဂ်တွေက ကိုယ်ဝန်ဆောင်နေတုန်း ရန်သူအများကြီးနဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ရင်ဆိုင်ခဲ့ရတာမို့ သူတို့က ၂၀၀ ရာခိုင်နှုန်း သတိရှိဖို့ လိုအပ်တယ်တဲ့... အချိန်ကြာလာတာနဲ့အမျှ အမျိုးသမီးဇာ့ဂ်တွေက ကိုယ်ဝန်ဆောင်ချိန် အရမ်းအာရုံစိုက်တဲ့ အကျင့်တွေ တဖြည်းဖြည်း ပျောက်ကွယ်သွားကြတယ်... ဒါပေမယ့် အမျိုးသမီးဇာ့ဂ်တစ်ယောက်က စိတ်ပိုင်းဆိုင်ရာ လုံလုံလောက်လောက် လုံခြုံမှုကို ခံစားရမယ်ဆို ဒါမှမဟုတ် သူစုပ်ယူတဲ့ အာဟာရကို အလိုလို ကျေနပ်နေမယ်ဆို သူက ဒီလိုအိပ်ငိုက်တဲ့ အခြေအနေကို ရောက်ရှိသွားမှာတဲ့...တချို့ဆို အသိုက်လုပ်တဲ့သဘောနဲ့ အမျိုးသားဇာ့ဂ်ရဲ့အနံ့ရှိတဲ့ အဝတ်အစားတွေနဲ့ ပစ္စည်းတွေကိုယူပြီး ဘေးမှာ ထားကြတယ်တဲ့...အများစုဖြစ်လေ့ရှိတာက ကိုယ်ဝန်ဆောင်နှောင်းပိုင်း ကာလတွေမှာတဲ့... ဆိုလိုတာက ဇာ့ဂ်ဥလေးတွေ ရောက်လာဝောာ့မှာပေါ့... အရမ်းကောင်းတာပဲ... ဒါကြောင့် မင်းတို့ရဲ့ စိုးရိမ်မှုတွေ အားလုံးက မလိုအပ်ပါဘူး... ဒါပေမယ့် ငါဘာလို့ "အား...အား...အား..." တွေကိုပဲ မြင်နေရတာလဲ… ငါ့ကို အောက်ဆင်းကြည့်ခွင့်ပြုပါဦး...


300l:

အိုကေ... မင်းပို့စ်ရဲ့ screenshot က နေရာအနှံ့ ပေါက်ကွဲနေပြီ...ပြေးတော့...ငါ သဘောကျပေမယ့် ကျေးဇူးပြုပြီး ပြေးလိုက်တော့...မိုက်မဲတဲ့ ကလေးရေ...



---- ဤပို့စ်ကို ပိတ်လိုက်ပါပြီ။ ကျေးဇူးပြု၍ အကြောင်းမပြန်ပါနှင့်----



🌌🌌🌌