Chapter 135
Viewers 11k

🥰 Chapter 135 ✅


ချိုက်ဝမ်လွမ့်ကြားသောအခါ ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။ ဒီသမီးလေးက သူ့ရဲ့သမီးပဲမဟုတ်လား....


" သမီးတစ်ယောက်လို တွေးရဲ့လား " ဆိုတာ သူမဘာကိုဆိုလိုချင်တာလဲ’


ချိုက်ရီရှီးက သူမ၏အမှားကို သတိမထားမိသေးပေ။ သူမက မျက်ရည်များကို ချုပ်ထိန်းလိုက်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။ 


ချန်းရှောင်မေက တံခါးတွင်စောင့်နေသည်။ ချိုက်ရီရှီးထွက်လာသည်ကို မြင်သောအခါ သူမကချက်ချင်း ချိုက်ရီရှီး၏ လက်ကို ဆွဲလာ၏။ 


"မင်းအဖေ အလွန်အကျွံတော့မလုပ်ဘူးမလား”


ချိုက်ရီရှီး စိတ်တည်ငြိမ်အောင်လုပ်ပြီး ပြောလိုက်သည်။


"မေမေ...စိတ်မပူပါနဲ့... သမီးအဆင်ပြေပါတယ်... ကျေးဇူးပြုပြီး ဖေဖေ့ကို စည်းရုံးပေးပါဦး... သမီးရဲ့အခြေအနေကို သမီးကောင်းကောင်းသိပါတယ်”


ချန်းရှောင်မေ သက်ပြင်းချ၍ ပြောလိုက်သည်။ 


"ဒီအကျင့်ကို မင်းဘယ်သူဆီကရလာလဲ မသိတော့ဘူး ... ကောင်းပြီ ကိုယ့်အခန်းကို ပြန်ပြီး နားတော့... ဒေါသတွေထွက်မနေနဲ့ဦး... ကျန်းမာရေးအတွက်မကောင်းဘူး” 


ချန်းရှောင်မေ စာကြည့်ခန်းထဲသို့ ဝင်လာသည်ကို ကြည့်ရင်း ချိုက်ဝမ်လွမ့် ပြောလိုက်သည်။


"ကိုယ်ဒီနေ့ ယောင်ကျိကျိုးကို ထိထိရောက်ရောက် စော်ကားလိုက်မိတယ်... သူက သူ့မိန်းမကိုတော့ တော်တော်လေး ဂရုစိုက်သား... ကိုယ်တို့သာ ချိုက်မိသားစုကို ကာကွယ်ချင်တယ်ဆိုရင် သူ့မိန်းမဆီကနေ အခွင့်အရေးရှာရမယ်”


...


အိမ်သို့ပြန်လာသည့်လမ်းတွင် ယောင်ကျိကျိုးက တိတ်ဆိတ်နေကာ လေထုကလေးလံနေသည်။ 


သူတို့ဆေးရုံမှထွက်လာသည့်အချိန်မှစ၍ မင်လျိုရီက တက်ကြွနေခဲ့သည်။ သူမက အမူးသမားလေးဖြစ်နေပြီး တစ်လမ်းလုံး စကားပြောမရပ်နိုင်ချေ။ ဘယ်သူက သူမကို အာရုံစိုက်နေလဲဆိုတာ ဂရုမစိုက်ဘဲ ဆက်တိုက်ပြောနေလေသည်။ 


ထို့နောက် သူမက ရုတ်တရက် မသက်မသာ ခံစားလာရသည်။ သူမက ပါးစပ်ကို လက်နှင့်အုပ်ရင်း ဆိုလာသည်။


"ယောင်ကျိကျိုး...ကျွန်မ အန်ချင်လာသလိုပဲ” 


ယောင်ကျိကျိုးက မျက်မှောင်ကြုတ်လိုက်ကာ မင်လျိုရီ၏ကျောကိုပုတ်ရင်း ပြောလိုက်သည်။


"ခဏနေရင်အိမ်ရောက်တော့မယ်... ပျားရည်နည်းနည်းသောက်ပြီးသွားရင် သက်သာသွားလိမ့်မယ်”


မင်လျိုရီက ယောင်ကျိကျိုး မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ချက်ချင်း လက်မြှောက်၍ လက်မကိုသုံးကာ သူ့မျက်ခုံးများကို ဖြေပေးလိုက်သည်။


"အမြဲတမ်းမျက်မှောင်ကြုတ်မနေနဲ့လေ... အချိန်တစ်ခုရောက်လာရင် အရေးအကြောင်းတွေ ပေါ်လာလိမ့်မယ်... ဟီးဟီး စိတ်မပူနဲ့ ...ကျွန်မမှာ နည်းလမ်းရှိတယ်”


ပြောပြီးနောက် မင်လျိုရီက ခေါင်းကိုစောင်းလိုက်ကာ ညာဘက်လက်ကို သူမနှုတ်ခမ်းတွင် ထားလိုက်သည်။ လက်ခလယ်နှင့် လက်မကို အားအနည်းငယ်နှင့် ဖိလိုက်ချိန်တွင် စမ်းရေစက်လေးက သူမ ပါးစပ်ထဲသို့ ကျသွားလေသည်။ 


‌ယောင်ကျိကျိုး မှင်သက်သွားသည်။ ရေစက်ကလေးပေါ်လာသည့် အခိုက်အတန့်တွင် ယောင်ကျိကျိုး ရင်းနှီးနေသည့် အေးမြသောရနံ့လေးကိုရလိုက်သည်။ သူမလက်ချောင်းများက ရေများကျလာနိုင်သည်ကို ယောင်ကျိကျိုး မယုံနိုင်ချေ။ 


မင်လျိုရီ စမ်းရေစက်လေးကို သောက်သုံးပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။ ခဏကြာပြီးနောက် မင်လျိုရီက သတိပြန်ကပ်လာသကဲ့သို့ မျက်လုံးများကို ပြန်ဖွင့်လာသည်။


ယောင်ကျိကျိုး ပြောစရာစကားမရှိတော့ပေ။ မင်လျိုရီက ပဟေဠိဖြစ်နေသည့် မျက်နှာဖြင့်မေးလာသည်။ 


"ကျွန်မတို့ဘာလို့ ကားထဲမှာရှိနေတာလဲ... အခုလေးတင် ပွဲမှာရှိနေတာမဟုတ်ဘူးလား”


ယောင်ကျိကျိုး တိတ်တဆိတ်တွေးလိုက်သည်။ 


‘ဒီအမူးသမားလေးက မှတ်ဉာဏ်တွေပျောက်သွားတာလား’


ယောင်ကျိကျိုး နှလုံးခုန်များမြန်လာပြီး ဘာမှမမြင်ခဲ့သလို ဟန်ဆောင်ရမည်လား ၊ လျိုရီကို တိုက်ရိုက်မေးလိုက်ရမည်လား မသိတော့ပေ။ 


ယခုလေးတင်မြင်လိုက်ရသည့်မြင်ကွင်းက ယောင်ကျိကျိုး၏ ဤကမ္ဘာကြီးအား နားလည်နိုင်စွမ်းတို့ကို ကျော်လွန်နေခဲ့သည်။ ထို့နောက် သူက မျက်လုံးပြန်မြင်ရသည့် ညကိုသတိရသွားသည်။ သူ မှားနေတာ ဖြစ်နိုင်သည်။ ၎င်းက အစစ်အမှန်ဆိုလျှင် နောက်တစ်ကြိမ်ထပ်ရှိလာလိမ့်မည်။ နောက်တစ်ကြိမ် သူမေးလျှင် အတူတူဖြစ်နေလိမ့်မည်။ 


ယောာင်ကျိကျိုးက သူ့ကိုယ်သူ စိတ်ငြိမ်အောင်လုပ်ပြီးပြောလိုက်သည်။


 â€œá€œá€­á€™á€šá€™á€ąá€Źá€şá€–ဝ္ဏ်ရည်က အရက်ပြင်းတွေနဲ့ ရောထားတာကို မင်းသတိမထားမိဘူးလား”


မင်လျိုရီ ပဟေဠိဖြစ်သွားသည်။ 


"အရက်ပြင်း...အဲ့ဒါက သောက်လို့တော့မကောင်းဘူး... ဒါပေမယ့် အဲ့ဒါက အရက်ပြင်းလို့တော့မထင်ရပါဘူး”


“ဘယ်နေရာတွေ မသက်မသာဖြစ်နေသေးလဲ” 


ယောင်ကျိကျိုး မေးလိုက်သည်။ 


“ကျွန်မအဆင်ပြေပါတယ်...တကယ်ကိုပြေတာ”


မင်လျိုရီ ခေါင်းခါ၍ပြောလိုက်သည်။ သူမငုံ့ကြည့်လိုက်ရာ လက်တွင်ပတ်တီးကိုတွေ့လိုက်ရသည်။ သူမမေးလာ၏။ 


"ရှင်ကျွန်မကို သွေးဖောက်ခဲ့သေးတယ်?”


"ဟုတ်တယ်...မင်းဆေးခတ်ခံရတယ်ထင်လို့ ဆေးရုံကိုသွားပြီး သွေးစစ်ခဲ့တာ”


မင်လျိုရီခေါင်းငုံ့လိုက်ပြီး ပြောလိုက်သည်။ 


"ကျွန်မတော့ သွားပါပြီ...ဒါကအရမ်းရှက်ဖို့ကောင်းတာပဲ” 


ယောင်ကျိကျိုးက သူမ၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။


"ရှက်စရာဘာရှိလဲ... ကိုယ်ကတော့ သေလောက်အောင်ကြောက်သွားခဲ့တာ”


မင်လျိုရီခေါင်းမော့၍ ယောင်ကျိကျိုးကို ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် နှုတ်ခမ်းနီရာကို တွေ့လိုက်သည်။ သေချာမကြည့်ပါက သတိထားမိလောက်မည်မဟုတ်သော်လည်း လမ်းမီးများကကားထဲသို့ ကျရောက်လာတိုင်း နှုတ်ခမ်းနီရာက ဖျော့တော့စွာ ပေါ်လာသည်။ 


မင်လျိုရီက ယောင်ကျိကျိုး၏ မျက်နှာကိုကြည့်၍ ထူးဆန်းနေသည့်အမူအရာဖြင့် မေးလာသည်။


"ရှင် ကျွန်မ မူးနေတဲ့ အချိန်အတွင်း ဖောက်ပြန်ခဲ့တာလား”


ယောင်ကျိကျိုးက မင်လျိုရီအား ခေါင်းရှုပ်စွာဖြင့် ကြည့်လာသည်။


“ရှင့်မျက်နှာမှာ နှုတ်ခမ်းနီရာရှိနေတယ်”


မင်လျိုရီ ပြောလိုက်သည်။ 


ယောင်ကျိကျိုး ချက်ချင်း ရယ်မောလာ၏။ 


"ကြောင်လေးတစ်ကောင်နမ်းတာ ခံလိုက်ရတာ”


မင်လျိုရီ၏အသံထဲတွင် ဝမ်းနည်းမှုများရောနှော ပါဝင်နေပြီး ပြောလာ၏။


"အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်... အဲ့ဒါက မိန်းမနှုတ်ခမ်းနီရာမှန်း အသိသာကြီးကို”


“သေချာကြည့်ပါဦး”


ယောင်ကျိကျိုး ပြောလိုက်သည်။ 


မင်လျိုရီက စိတ်ဆိုးစွာဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ကြည့်၍ အေးစက်စွာပြောလိုက်သည်။


"မကြည့်ဘူး”


ထို့နောက် သူမက ယောင်ကျိကျိုးရင်ခွင်ထဲမှ ရုန်းထွက်ကာ ကားတံခါးကို တစ်‌ယောက်တည်း မှီနေလိုက်သည်။ အပြင်ဘက်မှ မြင်ကွင်းများကို ကြည့်နေသည့်အလား ပြတင်းပေါက်အပြင်ကိုသာ ကြည့်နေလိုက်သည်။ 


ထိုအချိန်တွင် မင်လျိုရီ၏ဗိုက်မှ အသံထွက်လာသည်။ ညစာစားပွဲတွင် ဘာမှစားမထားရဘဲ ဆေးရုံအထိတောင် သွားခဲ့ရသည်ဆိုတော့ ယခုတွင် သူမဆာနေလေပြီ။ 


“အိမ်ကို ညစာပြင်ထားဖို့ပြောလိုက်”


ယောင်ကျိကျိုးက ကျောက်ချမ်းကို ပြောလိုက်သည်။



🥰