Chapter 134
Viewers 11k

🥰 Chapter 134 ✅


လူနာတင်ယာဥ်က ဆေးရုံသို့ချက်ချင်းရောက်သွားသည်။ ဆရာဝန်က ဖျော်ရည်နမူနာအား စမ်းသပ်ရန်ပေးလိုက်ပြီး မင်လျိုရီကိုတော့ သွေးစစ်ရန်ခေါ်လာလိုက်သည်။ 


ရလဒ်များကိုစောင့်နေစဥ်အတွင်း ယောင်ကျိကျိုးက မင်လျိုရီကို ဖက်ထားကာ လုံးဝမလွှတ်ပေးပေ။


ယခုတစ်ကြိမ်တွင် နေမကောင်းဖြစ်နေတာက သူချစ်ရတဲ့မင်လျိုရီဖြစ်နေသောကြောင့် သူ့နှလုံးသားလ်ည်းနာကျင်နေသည်ကို နားလည်သွားခဲ့သည်။ သူသည်သာ ဆေးအခတ်ခံရသူဖြစ်လိုက်ချင်မိသည်။ 


သူနာပြုက ရလဒ်အား ဆရာဝန်ထံ ရှုပ်ထွေးနေသည့် အမူအရာဖြင့်ပေးလာသည်။ ဆရာဝန်လည်း ရလဒ်ကို တွေ့သောအခါ ထိတ်လန့်သွားသည်။ သူက ဖုန်းကိုကိုင်၍ ဓာတ်ခွဲခန်းကိုခေါ်လိုက်သည်။ 


“ဟယ်လို...ဓာတ်ခွဲခန်းကလား... မင်လျိုရီရဲ့ သွေးနမူနာတွေကျန်နေသေးလား... နောက်တစ်ကြိမ်ထပ်စစ်ပေးပါဦးနော်... ကျေးဇူးပြုပြီး သေချာလေးလုပ်‌ပေးပါ”


ယောင်ကျိကျိုး စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လိုက်သည်။ 


သိပ်မကြာခင်မှာပဲ ဒုတိယအကြိမ်ရလဒ်ရောက်လာတော့သည်။ 


ဆရာဝန်ကို ရလဒ်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ 


"မင်လျိုရီ...ဟုတ်တယ်မလား... သွေးထဲက အယ်လ်ကိုဟောပမာဏက ပုံမှန်မူးယစ်နှုန်းကိုရောက်နေပြီး သွေးထဲက ဖွဲ့စည်းပုံတွေကလည်း ယူလာတဲ့ နမူနာနဲ့ အတူတူပဲ...ဆေးခတ်ထားတဲ့ လက္ခဏာမရှိပါဘူး..."


သူတို့၏အဝတ်အစားများကို ကြည့်၍ ဆရာဝန်က သူတို့မှာ ချမ်းသာလိမ့်မည်ဟု မှတ်ယူလိုက်သည်။ သူတို့က သောက်ထားကြလျှင်လည်း လူနာတင်ယာဥ်မခေါ်သင့်ပေ။ ၎င်းက ဆေးဘက်ဆိုင်ရာပစ္စည်းများကို ဖြုန်းတီးပစ်ရာရောက်သည်။ 


ဆရာဝန်က မနေနိုင်ဘဲ ပြောလိုက်သည်။


"ဒီလိုဖြစ်ရပ်မျိုးအတွက် ဆေးရုံကိုလာဖို့ မလိုပါဘူး ... လူနာတင်ယာဥ်ခေါ်တာလည်း နည်းနည်းလေးပိုသွားသလိုပဲ... အိမ်ပြန်ရောက်ရင် ပျားရည်သောက်ပြီးနားလိုက်ပါ... စိတ်ပူနေသေးတယ်ဆိုရင် ဇီဝကမ္မဖြစ်စဥ်ကို ကောင်းကောင်းလည်ပတ်စေတဲ့ ဆေးတွေညွှန်းပေးလိုက်ပါ့မယ်... အဲ့လိုလုပ်စေချင်လား” 


ယောင်ကျိကျိုး၏ အေးစက်နေသည့်အမူအရာများက နောက်ဆုံးတွင် ပြေလျော့သွားသည်။ သူက ဆရာဝန်​၏ မကျေမနပ်ဖြစ်နေမှုများကို လျစ်လျူရှုလိုက်သည်။ 


"ကောင်းပါပြီ...ဆရာ...ကျေးဇူးပြုပြီး ဆေးညွှန်းပေးပါ”


မင်လျိုရီက ယောင်ကျိကျိုးရင်ဘတ်၏ အတက်အကျကို ခံစားနေရင်း မူးနောက်၍အိပ်ချင်သလို ဖြစ်လာသည်။ သူမက မျက်လုံးများကို ဖွင့်၍ ပြောလိုက်၏။ 


"ကျွန်မတို့အခု အိမ်ပြန်လို့ရပြီလား” 


ယောင်ကျိကျိုးက မင်လျိုရီ၏နဖူးလေးကို နမ်း၍ ပြောလိုက်သည်။ 


"အမူးသမားလေး...ခဏနေရင် အိမ်ရောက်သွားလိမ့်မယ်”


...


ပွဲပြီးသွားပြီးနောက် ရှောက်မော့ကယောင်ကျိကျိုး၏ဖုန်းကို လက်ခံရရှိလိုက်သည်။ သူလည်း စိတ်သက်သာရာရသွား၏။ 


ဖုန်းချပြီးနောက် ရှောက်မော့က ချိုက်ဝမ်လွမ့်အား မင်လျိုရီအဆင်ပြေကြောင်း ပြောလိုက်သည်။ ချိုက်ဝမ်လွမ့်လည်း စိတ်သက်သာသွားသောကြောင့် သက်ပြင်းချလိုက်သည်။ ချိုက်ရီရှီးကတော့ တည်တည်ငြိမ်ငြိမ်ရှိနေသည်။ မင်လျိုရီ ဘာသောက်လိုက်လဲ သူမတစ်ယောက်သာသိ၏။ ချိုက်ရီရှီးက အရူးမဟုတ်‌‌ပေ။ ဘယ်လိုလုပ် သူမအဖေမွေးနေ့မှာ ဆေးခတ်ပါ့မလဲ ။ သို့သော် သူမကယောင်ကျိကျိုး ထိုသို့ ပြုမူလာလိမ့်မည်ကိုတော့ မမျှော်လင့်ခဲ့မိပေ။ 


ချိုက်ရီရှီး၏အမြင်တွင် မင်လျိုရီနှင့်ယောင်ကျိကျိုးတို့က အပေါ်ယံတွင်သာ လိုက်ဖက်ညီသည့်ပုံဖြစ်နေပြီး အတွင်းမှာတော့ ကွဲအက်နေသည်ဟုထင်နေခဲ့သည်။ အစားထိုးတစ်‌ယောက်ကို ယောင်ကျိကျိုး မျက်လုံးထဲမှာ ဘယ်လိုလုပ်တန်ဖိုးထားပါ့မလဲ ။ သို့သော်လည်း ယနေ့မြင်ကွင်းက သူမကို အံ့အားသင့်သွားစေသည်။ 


ယနေ့တွင် ဧည့်သည့်အများအပြားတက်ရောက်လာကြပြး အများစုမှာ ချမ်းသာသည့်မိသားစုများမှ ဖြစ်ကြသည်။ သူတို့က ထိုကဲ့သို့သော မြင်ကွင်းမျိုးကို အကြိမ်ပေါင်းများစွာ မြင်ဖူးသောကြောင့် မအံ့ဩကြပေ။ ပါဝင်ပတ်သက်နေကြသည့် သူမျာအားလုံး အဆင်ပြေသည်ကိုကြားသိရသောအခါ သူတို့လည်း စိတ်သက်သာသွားကြသည်။ သို့သော်လည်း ဆက်နေကြရန် စိတ်မပါတော့ကြသောကြောင့် အလျင်အမြန်ပဲ ပြန်ကုန်ကြသည်။ 


ချိုက်မိသားစု အိမ်သို့ပြန်ရောက်သောအခါ ချိုက်ဝမ်လွမ့်က ချက်ချင်း ချိုက်ရီရှီးအား စာကြည့်ခန်းထဲသို့ ခေါ်လိုက်သည်။ ချိုက်ဝမ်လွမ်က လုံခြုံရေးစောင့်ကြည့်ကိရိယာကို စစ်ဆေးခဲ့ပြီး စားပွဲထိုးကိုလည်း မေးမြန်းခဲ့သည်။ စားပွဲထိုးလေးက ဘာကိုမှ ချန်လှပ်မထားရဲဘဲ ချိုက်ဝမ်လွမ့်အား အားလုံးပြောပြခဲ့၏။ 


ချိုက်ရီရှီးက အမြဲလိုလို အမှီအခိုကင်းကင်းနေခဲ့သည်။ သူမက နှစ်ပေါင်းများစွာကြာအောင် နိုင်ငံခြားတွင်နေခဲ့ပြီး ပြန်လာချိန်၌ သူမမိဘများနှင့်ဆုံလျှင် ကလေးတစ်ယောက်ကဲ့သို့သာ ပြုမူတတ်သည့် အသက်အရွယ်ကို ကျော်လွန်သွားပြီဖြစ်သည်။ 


သို့သော်လည်း ချိုက်ဝမ်လွမ့်၏နှလုံးသားထဲတွင်တော့ ချိုက်ရီရှီးက ငယ်ရွယ်သည့်ကြင်နာတတ်သော မိန်းကလေးတစ်ယောက် အဖြစ်ရှိနေဆဲပင်။ သို့သော် ယခုအချိန်တွင်‌တော့ ချိုက်ဝမ်လွမ့်မှာ သူ့သမီးကိုကြည့်လျှင် သူစိမ်းတစ်ယောက်ကိုသာ မြင်ရတော့သည်။


“ဒူးထောက်စမ်း”


ချိုက်ဝမ်လွမ့် အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။ ချိုက်ရီရှင်းက သူမဘာမှမမှားခဲ့ဟုထင်သော်လည်း နာနာခံခံနှင့် ဒူးထောက်လိုက်သည်။ သူမ ဒူးထောက်နေသော်လည်း ချိုက်ရီရှီးက လည်တိုင်ကို ဖြောင့်ဖြောင့်ထားကာ ခေါင်းငုံ့ရန် လုံးဝစိတ်ကူးမထားပေ။


“ဒီလိုရှက်စရာကောင်းတဲ့ကိစ္စမျိုး ဘယ်လိုတောင်လုပ်နိုင်ရတာလဲ”


ချိုက်ဝမ်လွမ့်ပြောလိုက်သည်။


"ငါဖုံးနိုင်တဲ့ ကိစ္စသာမဟုတ်ခဲ့ဘူးဆိုရင် ချိုက်မိသားစုရဲ့ဂုဏ်သတင်းက မင်းကြောင့် လုံးဝပျက်စီးသွားတော့မလို့... ပြီးတော့ ငါတို့ရဲ့နှစ်တစ်ရာ အမွေအနှစ်တွေလည်း ဖျက်ဆီးခံလိုက်ရမှာ” 


ချိုက်ရီရှီး ပြောလာ၏။


"သမီးဘာလုပ်နေလဲ သမီးသိတယ်... ယောင်ကျိရန်က အနှေးနဲ့အမြန် ယောင်ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်လာမှာ... သူတို့ဒီနေ့လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရအောင်လုပ်မယ်”


“အတင့်ရဲလိုက်တာ”


ချိုက်ဝမ်လွမ့်က ဒေါသဖြင့် အော်ဟစ်လိုက်သည်။ 


“ရယ်စရာတစ်ခုပဲ”


ချိုက်ရီရှီး ပြောလာပြန်သည်။


"ဖေဖေ....ဒီတစ်ကြိမ်တော့ သမီးကို ယုံကြည်ပေးပါ... ယောင်မိသားစုရဲ့ စတော့တွေ သိသိသာသာ တက်နေတယ်... ပြီးတော့ အခု ကျိရန်ကရှန်ဟိုင်းပရောဂျက်ကို ယူထားတယ်... ယောင်ကုမ္ပဏီက ယောင်ကျိရန်ရဲ့ အပိုင်ဖြစ်လာဖို့ သိပ်မလိုတော့ဘူး”


ချိက်ဝမ်လွမ့်ချက်ချင်းတုံ့ပြန်လိုက်သည်။


"သမီး...မရူးမိုက်စမ်းနဲ့ ... ယောင်မိသားစုရဲ့ ကိစ္စတွေက ဒီလိုရိုးရှင်းလိမ့်မယ်လို့ တကယ်ပဲထင်နေတာလား... ယောင်ကျိကျိုး ကိုမာဝင်နေတဲ့ အချိန်မှာတောင်မှ သူ့ရာထူးဖြစ်တဲ့ ဥက္ကဌဆိုတာကို ဖယ်ရှားမပစ်ခဲ့ဘူးလေ... အခု သူနိုးလာပြီ... ဘယ်သူက သူ့ကို ဘာလုပ်လို့ရမှာလဲ...  အဲ့ဒီကောင်လေး ယောင်ကျိရန် အရူးလုပ်တာမခံနဲ့”


ချိုက်ရီရှီးက ဆက်ရှင်းပြချင်သော်လည်း ချိုက်ဝမ်လွမ့်က ပြောလိုက်သည်။


"တော်လောက်ပြီ... ပထမတော့ မင်းရဲ့လက်ထပ်ပွဲကို မနှောင့်ယှက်ချင်ပေမယ့် အခုကိစ္စကိုကြည့်ရင်း ယောင်ကျိရန်က ဘာမှကောင်းကျိုးမရှိဘူး... သူနဲ့တွေ့တာရပ်လိုက်တော့... ဒီလက်ထပ်ပွဲကို ငါဘယ်တော့မှသဘောတူမှာမဟုတ်ဘူး” 


ချိုက်ရီရှီး ဝမ်းနည်းသွားကာ အသက်ရှူသံများ လေးလံလာသည်။ သူမပြောလိုက်၏။


"ကျွန်မကို ရှင့်သမီးလို့ရော တွေးရဲ့လား... ကျွန်မအချစ်ကိုရပ်ဖို့ ရှင့်မှာဘာလုပ်ပိုင်ခွင့်တွေများရှိလို့လဲ... ကျွန်မက ကျွန်မအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့လုပ်နေတာ”



🥰