Chapter 68
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၆၈


လူနာသည် လန့်ဖျပ်သွားပြီး လှည့်ကြည့်လိုက်ရာ အန်းသန့်စ်ကိုတွေ့လိုက်ရသည်။ သူကစိတ်ဝင်တစားဖြင့် လူနာ၏ဆံပင်ကို အသာအယာထိလိုက်သည်။

"ကိုယ် စံအိမ်ဘက်ရောက်တော့ မင်းကသွားနှင့်ပြီလို့ ကြားခဲ့တယ်။ကိုယ့်မှာ နောက်ကျသွားပြီဆိုပြီး ဘာလုပ်ရမလဲလို့ တွေးနေတာ။ဒါပေမယ့် ကံကောင်းချင်တော့ ဒီမှာလေဒီ့လောက် တောက်ပတဲ့လူမရှိဘူးလေ။ဒါကြောင့် ကိုယ် မင်းကို လွယ်လွယ် ရှာတွေ့သွားတာပဲ"

လူနာသည် သူပြောသည့်အတိုင်း တကယ်ပင်တောက်ပနေသောကြောင့် ရှာရလွယ်ကူသော်လည်း မိန်းမပျိုလေးများမှာ ၎င်းကို ကွဲပြားစွာ ဘာသာပြန်လိုက်ကြပြီး သူတို့၏ နီရဲနေသော မျက်နှာများကို ယပ်တောင်များနောက်တွင် ကွယ်ထားလိုက်ကြသည်။

"မတွေ့ရတာကြာပြီပဲ သခင်လေးဗင်းဆင့်"

အရွယ်ရောက်ခြင်းအခမ်းအနားတွင် အန်းသန့်စ်နှင့် တွေ့ဆုံခဲ့သော ကဲလ်ရန်က သူ့ကို ပထမဆုံး နှုတ်ဆက်လာခဲ့သညါ။ အန်းသန့်စ်ကလည်း သူမကို အသိအမှတ်ပြုဟန်ဖြင့် ယဉ်ကျေးစွာ ပြန်နှုတ်ဆက်လိုက်သည်။

"မတွေ့တာကြာပြီ"

၎င်းက အထူးအဆန်းမဟုတ်သော်လည်း တစ်ချို့မိန်းမပျိုများအတွက်တော့ မဟုတ်နေပေ။

အန်းသန့်စ်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သောသူများက သူတို့၏ အံ့အားသင့်နေသည့် အမူအရာများကို ယပ်တောင်နောက်၌ ဖုံးကွယ်လိုက်ကြသည်။

အရွယ်ရောက်ခြင်းအခမ်းအနားပါတီပွဲပြီးကတည်းက လူနာ နှင့် အန်းသန့်စ်တို့ ချိန်းတွေ့နေကြသည်ဟု ကောလာဟလများ ထွက်လာခဲ့သော်လည်း ယခုတည့်တည့်ကြီးရင်ဆိုင်လိုက်ရသဖြင့် မည်သို့တုံ့ပြန်ရမည်ကို မသိကြတော့ချေ။

"ဒီကသူတွေကရော...."

ထို့ကြောင့် အန်းသန့်စ်သည် ရှေ့မတိုးဘဲ မိန်းမပျိုလေးများကို ဦးစွာစကားပြောခဲ့လိုက်သည်။

သူတို့ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်သော်လည်း တရားဝင် နှုတ်ဆက်စကားများဖလှယ်ဖို့ စကားစလာခဲ့သည်။ လူနာက သူတို့ကို အလိုက်တသိ မိတ်ဆက်ပေးလိုက်သည်။

"အိုး..အဖွဲ့ထဲက မိန်းမပျိုတွေလေ။ကျွန်မသူငယ်ချင်းလည်းဖြစ်သလို လေဒီရို့သ်မယ်ရီရဲ့သူငယ်ချင်းတွေဆိုလည်းဟုတ်တာ်"

"တွေ့ရတာဝမ်းသာပါတယ် ကျွန်တော့်နာမည်က အန်းသန့်စ်ဗင်းဆင့်ပါ"

"တွေ့ရတာ...ဝမ်းသာပါတယ်"

"ဟယ်..လို"

ကံကောင်းထောက်မစွာဖြင့် အန်းသန့်စ်၏သဘောထားမှာ ယခင်ကကဲ့သို့ အလွန်ယဉ်ကျေးဖော်ရွေနေခဲ့သည်။

အရင်က သူနဲ့တွေ့ဖူးသည့် ကဲလ်ရန်ကလွဲ ကျန်မိန်းမပျိုလေးများမှာ ချီတုံချတုံ ဖြစ်နေသော်လည်း ပုံမှန်လိုပင် နှုတ်ဆက်စကား ဖလှယ်လိုက်ကြသည်။

"အစ်ကို နှုတ်ဆက်တာ ပြီးသွားရင်ကျေးဇူးပြုပြီး ထွက်သွားပေးပါ"

၎င်းကို မကျေမနပ်ကြည့်နေသော ရို့စ်မယ်ရီက ထွက်သွားရင် ပြောလိုက်သည်။ မိန်းကလေးအချင်းချင်း ဆွေးနွေးစရာရှိတာကြောင့် ယောက်ျားက ထွက်သွားပေးသင့်သည်။

သူမက အန်းသန့်စ်ထံမှ လှောင်ပြောင်ရယ်မောလာမည့်တုံ့ပြန်မှုကို မျှော်လင့်ခဲ့သည်မှာထင်ရှားသော်လည်း မမျှော်လင့်စွာပဲ အန်းသန့်စ်သည် လူနာထံ သူ့လက်ကို ကမ်းပေးလာခဲ့သည်။

"ဒါက...ဘာလဲ"

"ကိုယ်တို့ အတူသွားသင့်တယ်။မင်း ကိုယ့်ကို ပစ်ထားခဲ့မယ်လို့တော့ မပြောမှာသေချာတယ်မလား"

မွေးနေ့တုန်းက ရှက်စရာကောင်းသော အဖြစ်အပျက်က စိုးရိမ်စရာ မရှိသည့်ပုံပင်။အစကတော့ လူနာသည် ရှက်စရာကောင်းတာတစ်ခုကို လုပ်ခဲ့သူဖြစ်တာမို့ စိုးရိမ်သင့်သောသူဖြစ်ခဲ့သည်။

ဒါပေမယ့် သူမ စာကိုမပြန်သောသူတစ်ယောက်၏လက်အား ရုတ်တရက် ဆုပ်ကိုင်ရန် ရည်ရွယ်ချက်မရှိနေပေ။

၎င်းကို သူမျှော်လင့်ထားသည်ဖြစ်စေ မမျှော်လင့်သည်ဖြစ်စေ အန်းသန့်စ်သည် လူနာအနား တိတ်တဆိတ်ကပ်ပြီး တိုးတိုးလေးငါးစာချလိုက်သည်။

"ကိုယ့်မှာ မင်းကို ရွှေတွင်းကိစ္စပြောစရာရှိတယ်။အဲ့ဒါက အရေးကြီးတယ်"

"အိုး...ကျွန်မက သခင်လေးကို ဘယ်လိုပစ်ထားနိုင်ရမှာလဲ။ ရို့စ်မယ်ရီနဲ့ အားလုံး ငါ ခဏလောက် သွားလို့ရမလား"

လူနာက တောက်ပစွာပြုံးပြီး အန်းသန့်စ်၏ငါးစာကို ချက်ချင်းယူလိုက်သည် ။ တောက်ပသော အပြုံးကြောင့် မည်သူမျှပင် သံသယမဝင်နိုင်ပေ။

အခြားအမျိုးသမီးများက လူနာ သူ့ချစ်သူနှင့် ခဏလိုက်သွားမည်ဟု ပြောလာသည့်အပေါ် စိတ်မရှိပေ။တချို့က ရှက်သွေးဖြာပြီး အားပင်ကျနေလိုက်ကြသေးသည်။

"လေဒီလူနာ...!"

"ခဏနေရင်ပြန်တွေ့ကြမယ်လေ ရို့စ်မယ်ရီ။ငါတို့ စကားခဏလေးပြောပြီး ပြန်လာခဲ့မယ်။ ဟုတ်ပြီလား"

ဒါပေါ့ ရို့စ်မယ်ရီကတော့ တော်တော်စိတ်မကောင်းဖြစ်သွားတာကြောင့် ဒီကိစ္စနှင့်ရင်းနှီးနေသော လူနာက သူမကို အမြန်နှစ်သိမ့်ပေးလိုက်သည်။ ခဏပဲသွားမှာမို့လို့ ထပ်ပြောဖို့ရာဘာမှမရှိတော့ပေ။

"ရို့စ်မယ်ရီရေ ငါတို့ ဥယျာဉ်ထဲမှာ လမ်းလျှောက်ကြရင်ရော ဘယ်လိုလဲ။ တော်ဝင်ဥယျာဉ်မှာလည်း ဆောင်းရာသီမှာ ပွင့်တဲ့ပန်းတွေရှိတယ်"

"အဲ့လိုလုပ်ကြရအောင်။ငါ ပန်းတွေကိုကြိုက်တယ်"

ထို့အပြင် အခြားအမျိုးသမီးငယ်များက ရို့စ်မယ်ရီကို နှစ်သိမ့်ဖို့အတွက် ဥယျာဉ်ထဲ လမ်းလျှောက်ကြရန် အကြံပြုလာသောကြောင့် ရို့စ်မယ်ရီလည်း ထပ်ပြီး တွန်းအားမပေးနိုင်တော့ပေ။

နောက်ဆုံးတွင် ရို့စ်မယ်ရီသည် သူမ၏ စိတ်ပျက်မှုကိုဖုံးကွယ်ပြီး ဥယျာဉ်ဆီသို့ သွားခဲ့သဖြင့် လူနာအတွက် အန်းသန့်စ်နှင့် စကားပြောရန် အချိန်ရခဲ့သည်။

လူနာသည် အန်းသန့်စ်၏လက်ကိုဆွဲကာ အဖွဲ့မှ ဖြည်းညှင်းစွာထွက်သွားခဲ့သည်။ ထို့နောက် သူမက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"ဘာလို့လဲ။ကျွန်မ ရွှေတွင်းမှာ တစ်ခုခုဖြစ်လို့လား"

"ဟင့်အင်း ကိုယ်ပြောချင်တာက မင်းရဲ့ရွှေတွင်းတူးဖော်ရေးလုပ်ငန်းစဉ်တွေက အရမ်းချောချောမွေ့မွေ့ဖြစ်နေတယ်လို့ပါ...."

"…ဟမ် ခွင့်လွှတ်ပါ"

အန်းသန့်စ်၏ ကြီးကြီးမားမားမဟုတ်သောအကြောင်းကြောင့် လူနာ၏ မျက်လုံးများက စူးရှသွားခဲ့သည်။ ထိုသို့သောတုံ့ပြန်မှုကို မျှော်လင့်ထားပုံရသော အန်းသန့်စ်က မှုန်ကုပ်ကုပ်ပြုံးလိုက်သည်။

"ကိုယ် ဒီလိုမျိုး တစ်ခုခုမလုပ်ရင် မင်းက ကိုယ့်ကို အကြည့်တောင်ပေးလာမှာ မဟုတ်ဘူးလေ။ မင်းက ကိုယ့်ထက် မင်းသူငယ်ချင်းတွေကို ပိုကြိုက်နေတာကြီးကို..."

"စာတွေမပြန်တဲ့သူက ရှင်လေ"

ကြည့်ပါအုံး ဘယ်သူက အရင်လျစ်လျူရှုပြီး အခုလိုမျိုးလာပြောနေတာလဲ။

ကောလဟာလများက ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့သော်လည်း ပါတီပွဲကို သူမတစ်ယောက်တည်း တက်ရောက်ခဲ့ရသည်။ အန်းသန့်စ်ကို ဆက်သွယ်ခဲ့သော်လည်း သူ့ဆီကတုံ့ပြန်မှုမရခဲ့ပေ။

"အဲဒါအတွက် ကိုယ်တောင်းပန်ပါတယ်။ ကိုယ်အလုပ်တွေရှုပ်ပြီး ပြည်နယ်ကိုပါ သွားခဲ့ရလို့ပါ။ အဆင်မပြေတဲ့ပြဿနာအချို့ရှိနေလို့လေ"

"ပြဿနာလား။ ဘာဖြစ်တာလဲ"

"အခုတော့ ဖြေရှင်းပြီးသွားပါပြီ"

"အာ…သိပါပြီ"

သူမ အနည်းငယ် စိုးရိမ်သွားခဲ့သော်လည်း ရုတ်တရက်ပြီးဆုံးသွားခဲ့သည်။ပုံမှန်လိုမျိုး ပြဿနာကိုဖြေရှင်းပြီးသွားသည့်အတွက် ထပ်ပြောစရာမရှိတော့ပေ။

သူမ ပါးစပ်ကိုပိတ်လိုက်သည်။ဤတစ်ကြိမ်တွင်တော့ အန်းသန့်စ်က လူနာကိုမေးလာခဲ့သည်။

"နောက်ထပ် ရွှေတွင်းဆိုတာကရော ဘာလဲ"

အချိန်တိုလေးအတွင်းမှာပဲ သူကြားခဲ့ရပေသည်။အမှန်တိုင်းပြောရရင် ရို့စ်မယ်ရီပြောသည်မှာ အသံကျယ်သောကြောင့် မကြားခဲ့ဘူးဆိုရင် သူ့နားကိုတောင် သံသယဖြစ်စရာလိုလောက်သည်။

လူနာက ရွှေတွင်းအကြောင်း အကျဉ်းချုံး ရှင်းပြလိုက်သည်။ လူတိုင်းက အရမ်းစိတ်လှုပ်ရှားနေကြသော်လည်း သူမကတော့ နည်းနည်းစိုးရိမ်မိသည်။

"စိုးရိမ်စရာလိုလို့လား။ မင်းလိမ်ပြောနတာမှမဟုတ်တာ။ ဒီကျေးဇူးကြောင့်နဲ့ မင်းအဆင့်က သိသိသာသာ ပိုမြင့်လာတယ်လေ"

ရွှေတွင်းတစ်တွင်းရှိတာနဲ့တောင် လူတွေက သူမအပေါ်မှာ ဖားယားချင်လာကြပြီး နှစ်တွင်းတောင်ရှိပါက သူမခြေထောက်ကိုပင် လာနမ်းချင်ကြလိမ့်မည်။

"ရွှေတွင်းကို စွန့်လွှတ်ရမယ့် အခြေအနေမျိုး ကြုံလာရရော ဘာလိုလုပ်မလဲ"

"ဒါဆိုရင်တောင်မှ မင်း ရွှေတွင်းပိုင်တယ် ဆိုတဲ့အချက်က မပြောင်းလဲသွားဘူး။ ဒီအင်ပါယာမှာ မင်းကို လျှော့တွက်နိုင်မယ့်သူ ဘယ်သူမှမရှိဘူး။ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဘဲ သတ္တုတွင်းကို တိုးတက်အောင် လုပ်နိုင်မယ့်သူ မရှိဘူး"

အန်းသန့်စ်က အကြံဉာဏ်မဟုတ်သော အကြံဉာဏ်ကို ပေးလာခဲ့ပြီး သူမမှာရှိသည်အရာများနှင့် ပိုယုံကြည်မှုရှိရှိ လုပ်ဆောင်ဖို့ ပြောခဲ့သည်။ 

ရွှေတွင်းတစ်ခုရှိတာနဲ့တင် ကြွားလို့မကုန်တာကို ဘာလို့ စိတ်ပူနေရတာလဲ။

"ရှင်က တကယ်ကို...အကောင်းမြင်တတ်တာပဲ"

"မင်းလည်း အရင်က အကောင်းမြင်တတ်တာပဲလေ မဟုတ်ဘူးလား။ ဟမ်"

အန်းသန့်စ်၏မေးခွန်းကြောင့် လူနာက သူမသည် အလွန်အပြုသဘောဆောင်ပြီး အေးဆေးတည်ငြိမ်ကြောင်း နားလည်ခဲ့သည်။ ယခင်က မြို့စားကြီး၏ နေအိမ်သို့ သွားရောက်လည်ပတ်ချိန်၌ ကြုံခဲ့ရသော အစေခံများ၏ ရိုင်းစိုင်းမှုကိုပင် အပြုသဘောဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။

"ပြီးတော့ အခုဟာက အကောင်းမြင်တာပဲမဟုတ်ဘူး လက်တွေ့လေ။မင်းမှာ လက်ကောင်းတစ်ခုရှိရင် ဘယ်လိုသုံးရမလဲဆိုတာ သိထားသင့်တယ်။ဒါ့အပြင် မင်းလက်က ရွှေပဲမလား... လူတိုင်းကလိုချင်နေကြတာလေ"

ထိုသို့ပြန်ဖြေသော အန်းသန့်စ်က လူနာကို ခဏလောက် စိုက်ကြည့်လိုက်သည်။ ၎င်းက နားမလည်နိုင်သော အကြည့်ဖြစ်နေသော်လည်း တစ်ခုကတော့ သေချာပေသည်။ စိုးရိမ်နေမယ့်အစား ကိုယ့်တန်ဖိုးကိုမြှင့်တင်ဖို့ ရဲရဲသာကြွားဝါလိုက်!

ဒီအတွက်ကြောင့် လူနာ အနည်းငယ် စိတ်ပျက်သွားမိသည်။ ဆိုးဆိုးရွားရွားမဟုတ်တာကို မလိုအပ်ဘဲ စိုးရိမ်ပူပန်မိနေသည်ဟု ခံစားရသည်။

ရုတ်တရက် ကိစ္စအများအပြားရှိလာခြင်းက သူမကို ခဏတာအဆိုးမြင်သွားစေခဲ့။ သို့သော်လည်း သူ့ကျေးဇူးကြောင့် သူမ စိတ်သက်သာရာရသွားသည်။ လူနာက နှုတ်ခမ်းကိုပင့်တင်ပြီးပြုံးလိုက်ချိန်တွင် တစ်ယောက်ယောက်က လူနာနှင့် အန်းသန့်စ်ကို သတိပြုမိသွားသည်။

"မဖြစ်နိုင်ဘူး...! သူတို့နှစ်ယောက်က ဘာလို့ဒီနေ့မှာလည်းအတူရှိနေကြတာလဲ...?!"

၎င်းက ဖလော်ရီပင်။

ဆိုင်ယာရောက်လာဖိူ့ကို စောင့်ဆိုင်းနေသော သူမသည် လူနာ နှင့် အန်းသန့်စ်ကို ရှာတွေ့ခဲ့သည်။ 

အဲ့မိန်းမက သူမချိန်းတွေ့နေတဲ့ အရူးဆိုက်ကိုပတ်ကောင်ကို ဘယ်မှာပစ်ချခဲ့လို့ ဒီလူနဲ့ ဆက်တွေ့နေသေးရတာလဲ။

"ဘာမှားလို့လဲ လေဒီဖလော်ရီ"

ဖလော်ရီက အခြေအနေသိပ်မကောင်းနေတာကိုမြင်လိုက်ရတော့ သူမနှင့်အတူပါလာသော အမျိုးသမီးတစ်ဦးက မေးလိုက်သည်။ ထိုမေးခွန်းကို ဖလော်ရီက လူနာ နှင့် အန်းသန့်စ်ကို လက်ညှိုးထိုးပြပြီး ပြန်ဖြေလိုက်သည်။

"အဲ့မိန်းမ! သူမက လွန်ခဲ့တဲ့ရက်က နင့်ကိုငါပြောပြခဲ့တဲ့လူနဲ့ အတူရှိနေတယ်…!"

"ဟယ်!"

အမျိုးသမီးက ရုတ်တရက် အံ့သြသွားပြီး ဖလော်ရီ၏ လက်ညှိုးနောက် လိုက်ကာကြည့်လိုက်သည်။ ထို့နောက် ဖလော်ရီပြောသည့်အတိုင်း လူနာသည် အလွန်ချောမောသော သခင်လေးတစ်ဦးနှင့် ပေါ့ပေါ့ပါးပါး စကားပြောနေတာကိုတွေ့လိုက်ရသည်။

"ဘုရားရေ… သခင်လေးဗင်းဆင့်ရော ဘာလုပ်နေတာလဲ။ သူမက လေဒီဖလော်ရာရဲ့လူကို ခိုးတာနဲ့တင်မဝလို့ နှစ်သစ်ပါတီအထိ အတူတက်ပြီး လာကြွားနေတာလား...!"

သူမသည် လူနာ၏ ယုတ်မာသောအကြောင်းများအားလုံးကို ဘာမှမသိသေးပုံရသော ခပ်ချောချောလူငယ်လေးအား သွားထုတ်ဖော်ပြောချင်သည့်ဆန္ဒရှိသော်လည်း ဖလော်ရီ၏သူငယ်ချင်းဖြစ်သော သူမမှာ အဝတ်အစားဆိုင်တွင် အလောင်းအစားရှုံးခဲ့သောသူဖြစ်နေသည်။

ဆိုလိုသည်မှာ သူမတွင်လည်း လောင်းကြေး နှစ်ခုရှိနေသေးသည်။

သူတို့နှစ်ယောက် ခပ်ခွာခွာမတ်တပ်ရပ်နေကြပြီး ဘာလုပ်ရမှန်းမသိနေချိန်မှာပဲ ဆိုင်ယာက ဖယ်ဆန်နှင့်အတူ ပေါ်လာကာ ဖလော်ရီကို နှုတ်ဆက်လာခဲ့သည်။

"လေဒီ ဖလော်ရီ၊ လေဒီ ၀င်ဒီ။နင်တို့ အစောကြီးရောက်လာကြတာပဲ"

"အာ! လေဒီဆိုင်ယာ!"

"လေဒီဆိုင်ယာ...!"

မိန်းမပျိုနှစ်ယောက်သည် ဆိုင်ယာ၏လက်တစ်ဖက်စီကို ပျော်ရွှင်စွာ ဆုပ်ကိုင်လိုက်ကြသည်။ သူတို့၏ မျက်လုံးတွေ တောက်ပနေကာ မျှဝေစရာတွေ အများကြီးရှိနေပုံရသည်။

"မတွေ့တာကြာပြီ။ ကျွန်တော့်မှာ နှုတ်ဆက်စရာ လူတချို့ရှိလို့ ခဏသွားလိုက်ပအုံးမယ်"

တဖြေးဖြေး စကားစရှည်လာနိုင်သည်ဟုတွေးကာ ဖာဆန်သည် တိုတိုတုတ်တုတ် နှုတ်ဆက်ပြီး ထိုင်ခုံမှ ထသွားခဲ့သည်။ ဖယ်ဆန်ပါရှိနေရင် ပိုကောင်းလိမ့်မည်။ သို့သော်လည်း ဆိုင်ယာရှိနေကတည်းက ကောင်းနေပြီးသားဖြစ်သည်။

ဖလော်ရီက လူနာ နှင့် အန်းသန့်စ်ကို လက်ညှိုးထိုးပြပြီး ဆိုင်ယာအား အခြေအနေကို အမြန်ရှင်းပြလိုက်သည်။

"ဟိုမှာ၊ ဟိုမှာ။ ဟိုနားမှာတွေ့လား! သခင်လေး ဗင်းဆင့်က ဘာဖြစ်သွားမှန်း ငါမသိပေမယ့် သူမက ငါစိတ်ဝင်စားနေတဲ့လူကို ခေါ်လာခဲ့တယ်!"

သူမစကားအတိုင်း လူနာသည် ယောက်ျားလေးတစ်ယောက်နဲ့ အတူရှိနေခဲ့သည်။ ဆိုင်ယာ မျက်မှောင်ကြုတ်လိုက်မိသည်။ အနည်းငယ်ကွာဝေးနေသော်လည်း မျက်နှာပေါက်က ရင်းနှီးနေပုံရသည်။

သူဘယ်သူလဲ။ ငါသူ့ကိုဘယ်မှာတွေ့ဖူးတာလဲ။

ထိုကဲ့သို့ ထူးခြားသောလူကို သူမမှတ်မိနိုင်စရာအကြောင်းမရှိသော်လည်း ဘယ်လောက်စဉ်းစားစဉ်းစား သတိရလာခြင်းမရှိပေ။ မကြာသေးခင်ကဖြစ်ခဲ့သော ရှုပ်ထွေးပြီး ဝမ်းနည်းစရာအဖြစ်အပျက်များစွာကြောင့် ဆိုင်ယာ၏မှတ်ဉာဏ်သည် ဗျောက်သောက်ဖြစ်နေပုံရသည်။

"ငါဘာလုပ်သင့်သလဲဟင်။ ငါဝမ်းနည်းလွန်းလို့ ချက်ခြင်း မူးလဲတော့မလိုပဲ…!"

ဆိုင်ယာက အတွေးထဲနစ်နေကာ တုံ့ပြန်လာခြင်းမရှိသောကြောင့် ဖလော်ရီသည် စကားဝိုင်းကို ပြန်လည်နိုးကြွရန် ကြိုးစားခဲ့သည်။ သူမ၏ မျက်နှာက ချက်ချင်းဖြူဖျော့လာပြီး မျက်လုံးများနီရီလာခဲ့သည်။

မကြာသေးခင်က ဒေါသများ ပွက်ပွက်ဆူခဲ့ရသော သူမကိုယ်တိုင်နှင့်တူပေသည်။ ဆိုင်ယာသည် ဆက်လက်ထင်ကြေးမပေးနေတော့ဘဲ ထိုလူကလည်း မြို့စားအနွယ်ဝင်ဖြစ်တာကြောင့် ပါတီပွဲတစ်ခုခု၌ မြင်ဖူးခဲ့တာဖြစ်မည်ဟုတွေးလိုက်သည်။

လူနာ နှင့် အန်းသန့်စ်တို့ကတော့ စကားပြောနေကြဆဲပင်။ ရံဖန်ရံခါ သူတို့ သည် အတူရယ်မောကြပြီး လူနာက အန်းသန့်စ်လက်မောင်းကို အသာအယာ ရိုက်တတ်သေးသည်။ အငွေ့အသက်က လုံးဝရင်းနှီးနေဟန်ရှိသည်။

သူတို့ ဘာလို့ဒီလောက် ပေါ်ပေါ်ထင်ထင် ရင်းနှီးနေကြတာလဲ။ 

ဆိုင်ယာသည် သူမ၏ ဒေါသကို မျိုသိပ်လိုက်ပြီး သူတို့ကို ဦးစွာ နှုတ်ဆက်လိုက်သည်။

"မတွေ့တာကြာပြီ"

"…ဟင်။အာ ဟုတ်တယ်…မတွေ့တာကြာပြီ"

မထင်မှတ်ထားသောသူကြောင့် လူနာ၏ တုံ့ပြန်မှုက အနည်းငယ်နောက်ကျသွားသည်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ခဲ့သော နောက်ဆုံးအကြိမ်မှာ ဂရန်းဒါမားကွစ်စံအိမ်၌ ဖြစ်သည်။ထိုအချိန်တုန်းကတောင် သူမကတုန်လှုပ်ခြောက်ခြားနေသော အမူအရာနှင့် မျက်ရည်ကျသည့် ပွဲတော်တစ်ခုကျင်းပခဲ့သေးသည်။

ဆိုင်ယာက နားလည်မှုလွဲခဲ့သော်လည်း အခုတော့သိသွားတာ ဖြစ်နိုင်သည်။ လူနာသည် အနည်းငယ်မျှော်လင့်ချက် ရှိလာသလိုခံစားလိုက်ရသည်။ ၎င်းက တော်တော်လေး တုန်လှုပ်ဖွယ်ကောင်းသည့် အထင်အမြင်လွဲမှု ဖြစ်တာကြောင့် ယခုတွင် သူတို့ကြား ပြန်လည်ပြေလည်သွားနိုင်ဖွယ်ရှိသည်။

သို့သော် အခြေအနေမှန်မှာ လူနာ ၏မျှော်လင့်ချက်နှင့် ဆန့်ကျင်ဘက်သို့ ဦးတည်နေခဲ့သည်။

"ငါ နင့်ကို အကြံဘယ်လောက်ပေးပေး နင်က အဲ့ဒါကို ထပ်လုပ်နေတုန်းပဲနော်"

ဆိုင်ယာက ပြောပြီးသည်နှင့် အန်းသန့်စ် နှင့် လူနာတို့၏ မျက်နှာပေါ်ကအပြောင်းအလဲကို ကြည့်လိုက်သည်။

"သူများလူကို ကြောင်တောင်နှိုက်ရတာပြီး နန့်ပြရတာက နင့်ရဲ့ဝါသနာလား။ သူများတွေ စိတ်ဒုက္ခရောက်တာကို ကြည့်ရတာ ပျော်နေလား"

ရုတ်တရက်ပေါ်လာပြီး အဓိပ္ပါယ်မရှိသော စကားများပြောနေတာကြောင့် လူနာသည် မျက်မှောင်ကြုတ်ကာ ဆိုင်ယာကို မေးလိုက်သည်။

"နင် အခု ဘာတွေလာပြောနေတာလဲ"

"နင်မသိသလို ဟန်ဆောင်တော့မှာလား။ ပြီးခဲ့တဲ့တစ်ခေါက်ကလိုမျိုး နင်ငြင်းတာနဲ့ ငါက ထပ်ပြီးအလိမ်ခံမယ် ထင်နေတာလား"

၎င်းက ရုပ်ပိုင်းဆိုင်ရာမပါသေးသော်လည်း ရန်ပွဲတစ်ခုလိုဖြစ်လာတာကြောင့် ပတ်ဝန်းကျင်ရှိ မျက်လုံးများက သူတို့အပေါ်ကျလာခဲ့သည်။

လူနာက ထိုသို့အခြေအနေနှင့် ရုတ်တရက်ရင်ဆိုင်လိုက်ရတာကြောင့် စိတ်ရှုပ်သွားသော အန်းသန့်စ်က အခြေအနေကို ရှင်းပြရန် မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ"

"ကျွန်မလည်း မသိဘူးလေ...နင် ဘာလို့မျိုး ဒီလိုရုတ်တရက် လာလုပ်ရတာလဲဆိုတာပြောပေးရန် ကျေးဇူးတင်မိမှာပဲ"

လူနာက မသိဟန်ဆက်ကစားနေတာကြောင့် ဆိုင်ယာ၏ မျက်လုံးများ ပိုစူးရှလာခဲ့သည်။ ၎င်းက လူနာမှ ဖလော်ရီ၏လူကို ခိုးယူသွားတာ တစ်ခုတည်းကြောင့် မဟုတ်ပေ။

သူမ၏ နာကျင်စရာအတိတ်က မှတ်ဉာဏ်များ ပြန်ပေါ်လာသောကြောင့် ဒေါသကို မထိန်းနိုင်တော့ချေ။

"နင် ဒါကို အဆုံးထိ ဆက်လုပ်နေမှာလား။ နင် ငါ့ကိုလုပ်သလိုမျိုး ငါ့သူငယ်ချင်းရဲ့လူကို ခိုးသွားတာလေ!"

"…ဘယ်လို"

မယုံနိုင်စရာကောင်းသော ပြောကြားချက်ကြောင့် လူနာသည် ဆွံ့အသွားပြီး တောင့်တင်းသွားခဲ့သည်။ သူမတင်မက ပတ်ဝန်းကျင်သည်လည်း အတူတူပင်ဖြစ်သည်။

ထိုအချိန်တွင် ဆိုင်ယာ၏စကားများကို တွေးတောနေခဲ့သော အန်းသန့်စ်က ရယ်မောကာ မေးလာခဲ့သည်-

"လေဒီလူနာက ငါ့ကို တခြားသူဆီက ခိုးတယ်လို့ မင်းပြောနေတာလား"

TK Team