Chapter 69
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး - အခန်း ၆၉


ဒီအချိန်မှာပဲ ဆိုင်ယာသည် တစ်ခုခုလွဲနေပြီလို့ ခံစားလိုက်ရသည်။

တစ်စုံတစ်ယောက်က သူတို့၏လျှို့ဝှက်ချက်ကို ရုတ်တရက်ဖော်ထုတ်လာပါက သူတို့သည် ရှက်ရွံ့ကြရမှာဖြစ်သည်။ သို့သော် လူနာတင်မက အဝေးယူသွားခံခဲ့ရသည်ဟု ဖလော်ရီအခိုင်အမာဆိုခဲ့သူပင် ဆိုင်ယာကို လှောင်ပြောင်လာခဲ့သည်။

"အဲလိုပြောတဲ့ပုံပဲ။ငါက သခင်လေးကို ဘယ်ကခိုးခဲ့တာတုန်း။ဘယ်သူ့ဆီကလဲ"

ဒီလိုကိစ္စကိုမကိုင်တွယ်နိုင်တော့သကဲ့သို့ ဆိုင်ယာသည် ဖလော်ရီကို လှည့်ကြည့်လိုက်သည်။ သူမက လူနာအပေါ် အကြွေးတင်ထားသော်လည်း အစွန်းသို့တွန်းချခံရလုနီးပါးဖြစ်ချိန်တွင် ဆိုင်ယာလည်း သစ္စာရှိထောက်ထားရန်မဖြစ်နိုင်တော့ချေ။

"လေဒီ ဖလော်ရာဖလော်ရီပဲ...! လေဒီဖလော်ရီက သခင်လေးနဲ့ စကားပြောနေတုန်း နင်ကအဲဒီလူကို ခေါ်ထုတ်သွားတယ်ဆိုတဲ့။အဲ့တာ ဘာကိုဆိုလိုတာလဲ"

ဒီကျေးဇူးကြောင့်ပဲ မနှစ်တုန်းကလိုပင် ထပ်မံဖမ်းခံခဲ့ရသော ဖလော်ရီသည် လန့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။

လူနာ ထိုလူကို ခိုးသွားခဲ့တာဆိုပေမယ့် ဆိုင်ယာပြောသလို သူ့ကို မေးခွန်းထုတ်ရအောင် သူမတို့က အဲ့လောက်မရင်းနှီးနေပေ။

လူနာသည် ရင်းနှီးသော မျက်နှာကြောင့် စကားများပျောက်ဆုံးသွားခဲ့ရသည်။ 

ထပ်ပြီး သူမပဲလား။သူတို့အရင်ဘဝမှာ ဘယ်လိုမျိုးဆိုးရွားတဲ့အဆက်အဆံရှိခဲ့လို့ ဒီလိုမျိုးခဏခဏတွေ့နေရတာလဲ။ ပြီးတော့ မလိုမုန်းထားအလိမ်အညာတွေပါ ပါလိုက်သေးတယ်....

"ကောင်းပြီလေ။ငါက သခင်ငယ်လေးကို လေဒီဖလော်ရာဆီက တကယ်ယူခဲ့တာဆိုရင် အခုပြန်ပေးမယ်"

"...လေဒီ"

ထိုအချိန်တွင် အန်းသန့်စ်၏ မျက်လုံးများကို ပြူးကျယ်သွားခဲ့သည်။ သူက အမြဲတမ်းအခြေအနေများကို ချောမွေ့စွာ ကိုင်တွယ်တတ်သူမို့ ဒါက သူ့အတွက်တော်တော်ထူးဆန်းနေသည်။ မည်သို့ပင်ဖြစ်စေ လူနာသည် ထပ်ပြီး တင်းမာစွာ ပြောလိုက်သည်။

"သခင်လေး...ရှင်က အဲ့မိန်းမနဲ့တွေ့ပြီးမှ ကျွန်မဆီလာခဲ့တာဆိုရင် ကျေးဇူးပြုပြီး ပြန်သွားပါတော့"

ဒါပေါ့ သူမ တကယ်ဆိုလိုတာတော့မဟုတ်ပေ။ အန်းသန့်စ်က သူမကိုကျော်ပြီး တခြားသူကို ရွေးချယ်မယ်ဆိုတာက မဖြစ်မှမဖြစ်နိုင်ဘဲ....

ဖလော်ရီက အဓိပ္ပါယ်မဲ့စွာ အာချောင်ထားခဲ့မှန်း သိသော်လည်း လူနာသည် ရိုးရှင်းသောအကြောင်းပြချက်ဖြင့် ရည်ရွယ်ချက်ရှိရှိပြောခဲ့လိုက်သည်။ သူမသည် ဤအခွင့်အရေးကို အသုံးပြုပြီး ယခုအချိန်အထိ မှားယွင်းသောစွပ်စွဲခံရသော သူမနာမည်ကို ရှင်းလင်းလိုခဲ့သည်။

ဆိုင်ယာသည် အန်းသန့်စ်အား လူနာမှ သူမအိမ်သို့လာပြီး ချက်လက်မှတ်နှင့်ပစ်ပေါက်ခဲ့ချိန်တွင် တစ်ကြိမ်တွေ့ခဲ့ဖူးသော်လည်း သူမမှတ်မိသည်မှာ ရယ်စရာကောင်းလှသည်။

လူနာ၏ရည်ရွယ်ချက်ကိုနားလည်သော်လည်း အန်းသန့်စ်သည် သူ၏မကျေနပ်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ လူနာက 'ဘာတွေ အရူးထနေတာလဲ ဒီလူက ငါ့အပိုင်ပဲ ' ဟုပြောရန် သူမျှော်လင့်ခဲ့သည်။

အန်းသန့်စ်သည် နားမလည်နိုင်သော စိတ်ပျက်အားငယ်မှုတစ်ခုကို ခံစားလိုက်ရပြီး ကြောင်နေဆဲဖြစ်သော ဖလော်ရီထံသို့ ရုတ်ခနဲ လှည့်ကြည့်လိုက်သည်။

"မင်းက ဘယ်သူလဲ"

သူသည် ထိုမိန်းမမျက်နှာကို မမှတ်မိတာကြောင့် ပိုလို့ပင် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

'သူ့ကို ဒီလိုစိတ်အနှောက်အယှက်ဖြစ်စရာအခြေအနေထဲ တွန်းပို့ခဲ့တဲ့ ဒီမိန်းမက ဘယ်သူကြီးလဲ'

ထိုအချိန်တွင် ဖလော်ရီသည်လန့်ပြီး အထစ်အထစ်ဖြစ်သွားခဲ့သည် ။ သူတို့ မရင်းနှီးဘူးဟု သူမထင်သော်လည်း သူမကို လုံးဝမမှတ်မိဖြစ်မယ်လို့တော့ သူမမမျှော်လင့်ထားပေ။

"ကမ္ဘာပေါ်ကဘယ်သူက ငါ မင်းကို လေဒီလူနာအတွက် ချန်ထားခဲ့တယ်လို့ပြောတာလဲ"

"လေဒီဖလော်ရီ..."

အန်းသန့်စ်၏ကဲ့ရဲ့ရှုံ့ချခြင်းကိုခံရသော်လည်း ဖလော်ရီသည် အဖြေမပေးဘဲပါးစပ်ပိတ်နေတာကြောင့် ဆိုင်ယာက သူမထံမှ အဖြေကို အသည်းအသန်ရှာဖွေလာခဲ့သည်။

ဒီလိုဆက်သွားပါက စိတ်ထားကောင်းဖြင့် ကူညီခဲ့သော ဆိုင်ယာသည် ဝေဖန်မှုများလက်မှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။

ဘာလိုလုပ်မလဲ...

နောက်ဆုံးတစ်ခေါက်ကနှင့် မကွာခြားသော အခြေအနေတစ်ခုတွင် ဖလော်ရီ၏နှလုံးသည် ပေါက်ကွဲထွက်လုနီးပါးခုန်စပြုလာခဲ့သည်။

သူမ တတ်နိုင်ပါက ထွက်ပြေးမှာဖြစ်သည်။သို့သော် လူတိုင်းက သူမကို ဝိုင်းထားကြသည်။ ထွက်ပြေးရန်ကြိုးစားပါက ချက်ချင်းဖမ်းမိမှာ ထင်ရှားသည်။

ထိုသို့ဆိုလျှင် သူမသည် စံအိမ်အပြင်ကို တစ်သက်လုံး ဘယ်တော့မှ မထွက်ရဲလောက်အောင်ကိုပင် အရှက်ရသွားလိမ့်မည်ဖြစ်သည်။ သူမ၏စိုးရိမ်မှုများကြားတွင် ဖလော်ရီသည် သူမ၏အဆိုးဆုံးကဒ်ကိုထုတ်ကစားခဲ့သည်။

"ရှင် ဘာလို့ ကျွန်မကိုမသိချင်ယောင်ဆောင်နေတာလဲဟင်"

၎င်းသည် ထိုသခင်လေးကို သစ္စာဖောက်ပြီး ပန်းနုသွေးရန် အစီအစဉ်ပင်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လိမ်ညာတညမဟုတ်ပေ။ အိမ်အကူနှင့် အစောင့်တပ်သားများက သူမအတွက် သက်သေများဖြစ်ပေးနိုင်သည်။

သူမသာ သူကလူနာပဲလ်ဆီက ဆွဲဆောင်ခံရပြီး သူမကို ခက်ခဲစေရန် မသိချင်ဟန်ဆောင်ထားတယ်ဟုပြောပါက တစ်နည်းနည်းဖြင့် ဒီအခြေအနေထဲကနေ ရုန်းထွက်နိုင်လောက်မှာဖြစ်သည်။

ရုတ်တရက် သူကိုယ်တိုင်ပါ ဒုက္ခရောက်သွားမှန်းသိလိုက်ရတော့ အန်းသန့်စ်၏ အမူအရာက ကြမ်းတမ်းလာခဲ့သည်။

"ဘာဖြစ်တယ်"

"သခင်လေး … သခင်လေးက အဲ့မိန်းမလှည့်စားတာကို ခံနေရတာပါ။သူမက ချစ်သူရှိနေတာပေမယ့် သူများကို ညှဉ်းဆဲဖို့ သခင်လေးနဲ့တွေ့နေတာပါ!"

သူမ၏စကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ဒီလို အဓိပ္ပါယ်မဲ့သည့် နည်းလမ်းကို သူမ ဘယ်လိုလုပ်ရွေးချယ်နိုင်ရတာလဲ။

အမှန်တကယ်ပင် အဆိုးဆုံးထဲက အဆိုးဆုံးကို ရွေးချယ်ခဲ့တာကြောင့် လူနာသည် ဖလော်ရီကို ဟားတိုက်လှောင်လိုက်သည်။

"တကယ်လား။ဒါဆို ငါ့ချစ်သူက ဘယ်သူလဲ"

"…အဲဒါကအန်းသန့်စ်ဗင်းဆင့်ပဲ မဟုတ်ဘူးလား!"

အံ့ဩစရာပဲ သူမဘာလို့ ဒီလိုပြန်မေးနေရတာလဲ။ အနည်းဆုံးတော့ ဝန်ခံပြီး တောင်းပန်သင့်တယ်မဟုတ်ဘူးလား။

လူအများ ပိုသနားစေအောင် ရည်ရွယ်ချက်ဖြင့် ဖလော်ရီသည် သူမ၏ရင်ဘတ်ထဲက လက်ကိုင်ပုဝါကို ထုတ်ပြီး မျက်လုံးထောင့်များကို တို့သုတ်လိုက်သည်။

သို့သော်...

"ဒီတော့ ငါက အဲ့ဒီအန်းသန့်စ်ဗင်းဆင့်ပဲ။လေဒီလူနာက အတိအကျငါ့ကို ဘာလှည့်စားခဲ့လို့လဲ"

အန်းသန့်စ်၏ စိတ်တိုဒေါသထွက်နေသော စကားလုံးများနောက်တွင် ဖလော်ရီသည် မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

"ဟေး မင်းဘာလို့မဖြေတာလဲ။ ငါက လေဒီလူနာရဲ့ချစ်သူပဲကို မင်းဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲလို့ ငါမေးနေတယ်လေ"

ဒီလောက် ရူးမိုက်ပြီး မြုံစိစိပြိုင်ဘက်ကိုတောင် သူ စိတ်မဆိုးနေပေ။ဖယ်ဆန်ကို အချိန်အကြာကြီး သည်းခံခဲ့ရတာကြောင့် အန်းသန့်စ်သည် အတော်လေး စိတ်ရှည်နေပြီဖြစ်သည်။

နောက်ထပ် အပြစ်တင်စရာတွေ လာဖို့မရှိတော့တာကြောင့် လူနာသည် ဖလော်ရီနှင့်အတူ တောင့်တင်းနေသော ဆိုင်ယာကို လှည့်ကြည့်လိုက်သည်။

"ငါ မိတ်ဆက်ပေးတာ နောက်ကျသွားတယ်။ နင် ငါ့ကို လေဒီဂရန်းဒါဆီ မရောင်းစားခင်မှာ ပြောခဲ့မယ်ဆိုရင် ပိုကောင်းခဲ့မှာ။လေဒီဆိုင်ယာ နင် သူ့ကို နင်အိမ်မှ တစ်ခါတွေ့ခဲ့ဖူးပေမယ့် ကြည့်ရတာမမှတ်မိပုံပဲနော်။ ဒါက ငါ့ရဲ့ချစ်သူ သခင်လေး အန်းသန့်စ်ဗင်းဆင့်လေ"

ချောမွေ့သောအပြုံးဖြင့် လူနာသည် ချစ်ခင်ကြင်နာပုံပေါ်စေရန် အပိုအနေနဲ့ အန်းသန့်စ်၏ ရင်ဘတ်ပေါ်သို့ အနည်းငယ်မှီချလိုက်သည်။ဒီလိုအခြေအနေမျိုးမှာ ပြုံးနေရတာ အံ့သြစရာတော့ကောင်းပေသည်။

မမျှော်လင့်ထားသော ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကြောင့် အန်းသန့်စ်သည် အံ့အားသင့်သွားကာ ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ သို့သော် မကြာမီတွင်ပင် သူသည် ဘာမျှမဖြစ်သလိုမျိုး လူနာ၏ခါးကို လက်ဖြင့်ရစ်ပတ်ကာ ဖက်ထားလိုက်သည်။

ထိုမှပင် ဆိုင်ယာသည် ထိုသူကို အရင်က ဘယ်မှာတွေ့ဖူးမှန်း ပြန်သတိရသွားခဲ့သည်။ ဖယ်ဆန်ကြောင့် အထီးကျန်နေသော သူမထံသို့ လူနာသည် ချက်လက်မှတ်ပေးရန် ရောက်လာခဲ့ပြီး ထိုသူသည် လူနာနှင့်အတူ လိုက်ပါလာသောသူဖြစ်သည်။

ဆိုင်ယာသည် လူနာကိုပဲ စိတ်ထဲလုံးလုံးလျားလျား ရှိနေခဲ့သောကြောင့် အာရုံမစိုက်ခဲ့မိသော်လည်း ယခုပြန်တွေးကြည့်မှ သူမနှင့်အတူ ထိုလူရှိနေခဲ့သည်ကို သတိရမိသွားသည်။

"ဒါမျိုးပြောရတာ ထူးဆန်းပေမယ့် ငါက သခင်လေးကလွဲပြီး တခြားဘယ်သူနဲ့မှ မတွေ့ခဲ့ဘူး"

၎င်းက လူနာ၏ရှင်းပြချက် အဆုံးပင်ဖြစ်သည်။ အရွယ်ရောက်ခြင်းအခမ်းအနားတွင် သူတို့ကို မြင်ခဲ့ဖူးသူများရှိတာကြောင့် သူတို့ကိုယ်စား စပ်စုနေသူများကို ရှင်းပြပေးခဲ့သည်။

ထိုလူက အမှန်တကယ်ပင် ကောလဟာလထွက်နေသော အန်းသန့်စ်ဗင်းဆင့် ဖြစ်သည်။သူတို့သည် အချိန်အကြာကြီးချိန်တွေ့နေခဲ့ကြတာဖြစ်ပြီး ပါတီပွဲတွင် တွဲတောင်ကခဲ့ကြသေးသည်။

အဲ့တော့ စောနက လေဒီဂရန်းဒါ အခိုင်အမာ ပြောခဲ့တာတွေက ဘာအကြောင်းလဲ။ ပွဲကြည့်နေသူများက တီးတိုးပြောကြတော့သည်။

အဖြစ်မှန်ကို အတိအကျပင်မသိသေးဘဲ ထိုအမျိုးသားတစ်ဦးအား သူမက တစ်စုံတစ်ဦးထံမှ လုယူသွားခြင်းဖြစ်သည်ဟု ဆိုခြင်းက အဓိပ္ပါယ်မဲ့လှသည်။

လူတိုင်းရှေ့၌ ရယ်စရာကောင်းသော စကားများ ထုတ်ပြောခဲ့သည့် ဆိုင်ယာသည် မျတ်တောင်ပင်မခပ်နိုင်ဘဲ ကြောင်အငေးမောနေခဲ့သည်။

ဖလော်ရီသည်လည်း အေးစက်တောင့်ခဲနေပုံရပြီး မလှုပ်ရှားတော့ပေ။

"နားလည်မှုလွဲတာ ရှင်းလင်းသွားရင် ငါ့ကို ပြန်တောင်းပန်မယ်လို့ မျှော်လင့်ပါတယ်။ ယောက်ျားတွေကို နှစ်ခါတောင် လုယူခဲ့တယ်လို့ စွပ်စွဲခံရတာက ထိပ်လန့်စရာကောင်းလွန်းတယ်။ ငါ အဲ့လိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး"

အကယ်၍ သူမသည် လူအများရှေ့တွင် တောင်းပန်ခံရမည်ဆိုပါက ယခင်က မဟုတ်မမှန်သော ကောလဟာလများကို ယုံကြည်သူ တစ်ယောက်မျှ ကျန်တော့မည်မဟုတ်ပေ။၎င်းကို မမျှော်လင့်ထားသောအခွင့်အရေးဟုသတ်မှတ်ပြီး လူနာသည် ဆိုင်ယာကို တိုက်တွန်းလိုက်၏။

"နင် အရင်တစ်ခါကလို ငိုပြီးရှောင်ပြေးဖို့မစဉ်းစားလောက်ဘူးလို့ ငါမျှော်လင့်တယ်။ ငါ နင့်ထွက်ပြေးတာကို နှစ်ခါတောင် မမြင်ချင်ဘူး။ဒီတစ်ခါတော့ နင် ငါ့ကို သေချာတောင်းပန်မယ်လို့ မျှော်လင့်တယ် "

"ငါ၊ ငါ…"

ဆိုင်ယာသည် အထစ်အထစ်ဖြစ်သွားခဲ့သည်။ သူမက ကြီးမားသောအမှားတစ်ခုကို ကျူးလွန်မိကြောင်း သိသာရှင်းလင်း နေသော်လည်း လူနာ တောင်းပန်ရန် သူမကိုယ်သူမ မဆွဲခေါ်နိုင်ပေ။

မဟုတ်ဘူး သူမလုပ်ချင်တာဖြစ်သည်။ သူမအတိတ်က ခံစားခဲ့ရသော ဝေဒနာများအားလုံးကို ပွေ့ဖက်ထားရသလို ခံစားနေရသည်။

ထို့အပြင် သူမ ထွက်လည်းမပြေးနိုင်တာကြောင့် အဆိပ်လှောင်အိမ်ထဲ ပိတ်မိနေသော ကြွက်တစ်ကောင်ဟု ခံစားနေရသည်။ ကိုယ့်ကိုကိုယ် အန္တရာယ်ရှေ့ တွန်းပို့ခဲ့သည့် ရူးမိုက်သော ကြွက်တစ်ကောင်ပင်ဖြစ်သည်။

ဆိုင်ယာက မှန်ကန်သောစကားကို မဖော်ပြလာသေးသောကြောင့် လူတိုင်းသည် သူမ၏ အကြောင်းပြချက် သို့မဟုတ် တောင်းပန်လာမှုကို စောင့်ဆိုင်းနေခဲ့ကြသည်။

"လေဒီဆိုင်ယာ.."

စောစောက ထွက်သွားခဲ့သော ဖယ်ဆန်သည် ဆိုင်ယာဆီသို့ ပြန်ရောက်လာခဲ့သည်။ တုန်ယင်နေသော ဆိုင်ယာအနီးသို့ချဉ်းကပ်လာချိန်တွင် လူနာကို သတိပြုမိသွားသည်။

"…!"

ပါတီပွဲတွေကို စိတ်မဝင်စားဘူးဆိုပြီး ကြောက်စရာကောင်းသည့် တုံ့ပြန်မှုကို ပြသခဲ့သော သူမက ဘယ်တုန်းက ဒီလိုလှလှပပဝတ်ဆင်ထားပြီး မျိုးမစစ်ကောင်အန်းသန့်စ်နဲ့အတူ ပါတီပွဲကို တက်ခဲ့တာလဲ!

သူတို့ အရမ်းရင်းနှီးနေပုံ ပေါက်သည်ကို မြင်လိုက်ရတော့ ဖယ်ဆန်၏ မျက်နှာက ရက်စက်ကြမ်းကြုတ်စွာ တင်းမာသွားခဲ့တော့သည်။ သူက ဆိုင်ယာ အဆင်ပြေမပြေကို ဦးစွာစစ်ဆေးရန် လိုသော်လည်း တောက်ပနေသော လူနာကိုမြင်လိုက်ရချိန်မှာတော့ သူ့တွင် နားချိန်မရှိတော့ပေ။

ဖယ်ဆန်သည် စကားတစ်ခွန်းမှ မပြောဘဲ လူနာကို စူးစူးစိုက်စိုက်ကြည့်နေစဉ်တွင် အန်းသန့်စ်သည် ရှေ့သို့ တိုးလာခဲ့သည်။

"မင်းရဲ့ချစ်သူက ငါ့ချစ်သူ‌လူနာအပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွပ်စွဲပြောဆိုခဲ့တယ်။ အဲ့ဒီတော့ နစ်နာသူဖြစ်ဟန်ဆောင်နေတာကို ရပ်ပြီး တောင်းပန်ပေးလို့ရမလား"

လူနာကို ဗီလိန်လက်မှ ကာကွယ်သကဲ့သို့ပင် ထိုမြင်ကွင်းသည် ဖယ်ဆန်၏ စိတ်ကို တိုက်စားသွားခဲ့သည်။

"ဒါက အဓိပ္ပါယ်မဲ့တာပဲ။ မင်း တစ်ခုခုကို ထပ်ကြံစည်နေတာပဲဖြစ်ရမယ်။မင်းက ငါတို့ ငယ်ငယ်ကတည်းက ဒီလိုမျိုးပဲမလား။ ညစ်ပတ်တဲ့လှည့်ကွက်တွေသုံးပြီး ငါပိုင်ဆိုင်တာကိုခိုးဖို့ မင်း မတွန့်ဆုတ်နေဘူးလေ"

ဖယ်ဆန်သည် အန်းသန့်စ်၏မဖြေရှင်းနိုင်သောအတိတ်ကိုထိပုတ်လာခဲ့သည်။

သူ့စိတ်ထဲမှာတော့ အန်းသန့်စ်သည် သူ့ကို အမြဲတမ်းယုတ်မာသော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ လက်ရှိအခြေအနေအား မသေချာသော်လည်း အန်းသန့်စ်ဘက်က စက်ဆုပ်ဖွယ်ကောင်းသော အရာတစ်ခုကို ထပ်မံအကွက်ချခဲ့ကြောင်း ထင်ရှားသည်။

သူ၏ ကောက်ကျစ်မှုကြောင့် စွန်းထင်းနေသော လူနာသည်လည်း ဒီအခြေအနေကို လျှို့ဝှက်ကြံစည်ထားတာဖြစ်ပေမည်။

"မင်းက ဒီလိုယုံမှားသံသယလွန်ကဲတဲ့ ထင်ယောင်ထင်မှားတွေကြားမှာ နေနေတုန်းပဲလား။ မင်းဘဝက သနားစရာပဲ။မင်း မယုံရင် မင်းချစ်သူကို မေးကြည့်လိုက်ပေါ့ ဟုတ်ပြီလား။သူမ ဘာအမှားလုပ်မိတာလဲဆိုတာကို"

ဆိုင်ယာသည် အံကြိတ်ကာ ဖယ်ဆန်၏အင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။ ထိုမှသာ ဖယ်ဆန်သည် ဆိုင်ယာထံသို့ အကြည့်ပြောင်းကာ သူမကို ထောက်ပံ့ခဲ့သည်။

ဘာတွေဖြစ်ခဲ့လဲမသိသော်လည သူ့ကြည့်ရတာ တစ်စုံတစ်ယောက်ကို ရိုက်နှက်ဖို့ အဆင်သင့်ဖြစ်နေပုံရသည်။

သို့သော် ဖယ်ဆန်က ဆိုင်ယာကိုသံသယမရှိခဲ့ပေ။သူမကို လုံးလုံးလျားလျား ယုံကြည်တာကြောင့် မဟုတ်ချေ။ ထိုအစား သူက အန်းသန့်စ် နှင့် လူနာကို လုံးဝမယုံကြည်နိုင်ဘဲ ၎င်းသည် ထောင်ချောက်တစ်ခု ဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ လူနာက ပြီးခဲ့သည့် ရုံးချိန်းစစ်ဆေးမှုတုန်းကတောင် သူ့ကို လှည့်စားခဲ့တာမဟုတ်ချေဘူးလား။

"ငါကတော့ လေဒီဆိုင်ယာရဲ့ အပြစ်ကင်းမှုကို ယုံတယ်။ မင်း ငါ့ကို နောက်ဆုံးတစ်ခါက လှည့်စားခဲ့သလိုပဲ ဒီတစ်ကြိမ်လည်း မင်းတို့ သူ့ကို လှည့်စားခဲ့တာဖြစ်ရမယ်"

ထိုစကားကြောင့် ဆိုင်ယာ၏ မျက်စံများ က လှုပ်ခပ်သွားခဲ့သည်။ လွန်ခဲ့သောအခိုက်အတန့်အထိပင် သူမသည် ကြီးလေးသောအမှားတစ်ခုကို ကျူးလွန်ခဲ့မိသည်ဟု တွေးခဲ့မိသော်လည်း ယခုအခါမှာတော့ ဖယ်ဆန်၏ စကားများက အမှန်ဖြစ်နိုင်သည်ဟု သူမခံစားခဲ့ရသည်။

မဟုတ်ဘူး သေချာပေသည်။ လူနာ နှင့် အန်းသန့်စ်တို့က သူမကို လူရှေ့သူရှေ့တွင် အရှက်ရစေမည့် ထောင်ချောက်တစ်ခုကို ဆင်ခဲ့တာဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် ထိုသို့သော အပြုအမူများကို လုပ်ဆောင်နိုင်စွမ်းရှိသူများဖြစ်သောကြောင့် 'ဘာလို့လဲ' ဟု တွေးနေစရာတောင်မလိုနေပေ။

ဖယ်ဆန်၏ နှစ်သိမ့်မှုကြောင့် အနည်းငယ် တည်ငြိမ်သွားခဲ့သော ဆိုင်ယာသည် သူမ၏ ခေါင်းကို တိတ်တဆိတ်ညိတ်လိုက်သည်။

"သူ ရူးသွားခဲ့တာ။ တကယ့်ကိုပဲရူးနေတာ"

စောင့်ကြည့်နေခဲ့သော အန်းသန့်စ်သည် ကျိန်ဆဲချင်စိတ်နှင့် ထုတ်ဖော်ပြမိတော့မည့် ခံစားချက်များကို ပြန်ထိန်းလိုက်သည်။ လူနာ၏ ခံစားချက်များကလည်း အတူတူပင်ဖြစ်သည်။

လူတစ်ယောက်က ဘာလို့ဒီလောက် အပြောင်းအလဲမရှိနိုင်ရတာလဲ။ဆိုင်ယာက နည်းနည်းတော့ ကွာခြားလောက်မှာပါလို့ ငါ ထင်ခဲ့ပေမယ့် မဟုတ်ဘူးပဲ။သူတို့က တကယ့်ကို ဒီပုတ်ထဲကဒီပဲပဲ။

"ဒီလို အညစ်အကြေးတွေနဲ့ဆက်ဆံဖြေရှင်းဖို့ မလိုဘူး။ နောက်မှ တရားဝင်ကန့်ကွက်ထုချေလွှာတင်ဖို့ လုပ်ကြတာပေါ့။ အခုလောလောဆယ်တော့ လေဒီ့ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်တာ ပိုကောင်းတယ်"

ဒါကိုပြောပြီးသည်နှင့် ဖယ်ဆန်က လူနာ နဲ့ အန်းသန့်စ်ကို တစ်ချက်အမြန်ကြည့်လိုက်ပြီး နေရာကနေ တုံ့ဆိုင်းခြင်းမရှိ လျှင်မြန်စွာထွက်သွားခဲ့သည်။ စိတ်ပိုင်းဆိုင်ရာကျေနပ်အောင်အောင်ပွဲခံပြီး အမြန်ထွက်သွားသလိုပင်။

အန်းသန့်စ်သည် ဆိုင်ယာ နှင့် ဖယ်ဆန်ကိုဖမ်းရန်ကြိုးစားလိုက်သော်လည်း လူနာက သူ့အင်္ကျီစကိုဆွဲကိုင်လာခဲ့သည်။

"ထားလိုက်တော့။ ကျွန်မတို့သာ သူတို့ကို အခုဖမ်းရင် အဲ့စိတ်ပျက်စရာကောင်းတဲ့ စကားတွေကို သညါးခံနေရအုံးမှာပဲ"

"ဒါဆို ကိုယ်တို့က သူတို့ကို ဒီတိုင်းလွှတ်ပေးလိုက်ရမှာလား"

လူနာက ပတ်ဝန်းကျင်ကို အဓိပ္ပာယ်ရှိရှိ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် မြို့စားအနွယ်ဝင်များသည် အဓိပ္ပာယ်မဲ့သောစကားများ ပြောဆိုသွားပြီး ပျောက်ကွယ်သွားကြသော သူတို့နှစ်ဦးအား လှောင်ပြောင်နေကြသည်ကို မြင်လိုက်ရသည်။

"ဒါက အဆုံးမဟုတ်သေးဘူး။အခုမှအစပဲရှိသေးတယ်။ မြို့တော်အနှံ့ ပြန့်နှံ့ဖို့က သိပ်မကြာတော့ဘူး ဟုတ်တယ်ဟုတ်"

တစ်စုံတစ်ဦးကို ဖျက်ဆီးရန် လူထုအမြင်ကို အသုံးပြုခြင်းကဲ့သို့ ထိရောက်သော နည်းလမ်းမရှိတော့ပေ။ ၎င်းက သူမ ယခုအချိန်အထိ ခံစားခဲ့သော နည်းဗျူဟာလည်းဖြစ်သည်။

ထို့အပြင် တခြားပါဝင်သူများလည်းရှိသေးသည်။ မပြီးသေးပေ။

"ပြီးတော့ ဒီအခြေအနေတွေကို ကြိုးကိုင်နေတဲ့ တခြားတစ်ယောက်ရှိသေးပုံပဲ။ သူတို့ကိုဖမ်းဖို့ဆို အဲ့ဒီလူကို အရင်ဖမ်းဖို့လိုတယ်"

ထိုအချိန်တွင် ဖြည်းညှင်းစွာ နောက်ပြန်ဆုတ်နေသော ဖလော်ရီသည် လျှပ်စီးနဲ့ထုခံရသလိုမျိုး ရပ်တန့်သွားခဲ့သည်။

"အချိန်ကောင်းပဲ။ နင် နောက်ဆုံးတစ်ခေါက်က လွတ်သွားခဲ့တာကို ကြားတယ်မလား။ တစ်ခါ ထွက်ပြေးတာကို ငါ ခွင့်လွှတ်နိုင်ပါတယ် ။ ဒါပေမယ့် နှစ်ခါထွက်ပြေးလို့တော့မရဘူး။နင်ထပ်ပြီး ဘာမှမသိပါဘူးလို့ ပြောပြီး ထွက်ပြေးမယ်ဆိုရင်... ဟင်းဟင်း သိတယ်မလား"

အစေခံလုပ်ရမယ်ဟူသော စကားမှန်းသိတာကြောင့် ဖလော်ရီသည် အသက်ရှုကြပ်သွားပြီး ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်တော့သည်။

TK Team