ဝေ့မိသားစု၏ စာအုပ်ဆိုင်ရှိ စာအုပ်ကူးနေသော အခြားသူများမှာ လူပေါင်းစုံနှင့် အခန်းတစ်ခန်းထဲတွင် နေကြရသော်လည်း ယန်ကျင်းဇီကတော့ မတူဘဲ အခန်းတစ်ခန်းထဲတွင် တစ်ယောက်တည်း ရှိနေသည်။
ဤအခိုက်အတန့်တွင် သူသည် သူ၏ စာရေးစားပွဲရှေ့တွင် မတ်တပ်ရပ်နေ၏။
သုံ့ကူကောင်တီမှ သာမန်လူများသည် တိုတောင်းသော အင်္ကျီများနှင့် ဘောင်းဘီတို့ကို ဝတ်ဆင်ကြသည်။ မိသားစုက မချမ်းသာလျှင် အမျိုးသမီးများကလည်း ဘောင်းဘီများကို ဝတ်ဆင်ကြ၏။ အဆုံးတွင်မူ ၎င်းက ပိုမိုအဆင်ပြေပြီး စရိတ်ပိုသက်သာသည် – ဘောင်းဘီအပေါ်မှ စကတ်အပိုတစ်ထည် ဝတ်ဆင်ခြင်းဟာ အထည်သားများကို ပိုမိုကုန်ကျစေသည်ပင်။
သို့သော် ချမ်းသာသူများသည် ပို၍ ဂရုတစိုက် ၀တ်ဆင်လေ့ရှိကြသည်။ အမျိုးသမီးများသည် စကတ်ရှည်များကို ၀တ်ဆင်ရမည်ဖြစ်ပြီး အမျိုးသားများသည် ရင်ဘတ်ပေါ်၌ ခေါက်ထားသည့် အပိုင်းကြီးများ ပါရှိသော ဝတ်ရုံရှည်များကို ဝတ်ဆင်လေ့ရှိသည်။
အမှန်ပင်၊ မတူညီသော ပုဂ္ဂိုလ်များတွင် မတူညီသော အဝတ်အစားများ ရှိကြပြီး သူတို့သည် ကိုယ်ကျပ်အင်္ကျီများနှင့် အလားတူတို့နှင့်လည်း တွဲဖက်ဝတ်ဆင်ကြမည်ဖြစ်သည်။
ယန်ကျင်းဇီသည် ချမ်းသာသူ မဟုတ်ပေ။
ရာသီဥတုက အေးလာသော်ငြား သူ့တွင် သူ့အတွက် ချုပ်ထားသော ချည်သားအင်္ကျီနှင့် ချည်သားဘောင်းဘီရှည်တို့ ရှိပြီး ယခု သူသည် ချည်သားအင်္ကျီနှင့် ချည်သားဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားပြီး မတ်တပ်ရပ်လျက် စားပွဲတွင် စာရေးနေသည်။
သူ့အရပ်က မြင့်လွန်းသဖြင့် သူသည် အောက်ကို အများကြီး ငုံ့ထားရသည်။
အကျဉ်းချုပ်ဆိုရလျှင် လုံးဝ ပုံရိပ်မရှိချေ။
လီ Xiucai နှင့် အခြားသူများ၏ ပုံစံမှာ အထူးဆွံ့အသွားပုံပေါ်နေသည်။ ဒါပေမယ့် ဒီအချိန်မှာ ယန်ကျင်းဇီက စာစရေးပြီ!
ဤအချိန်တွင် သူသည် ကြီးမားသော စာရွက်တစ်ရွက်ကို ရွေးပြီး *နဂါးများနှင့် မြွေများနှင့်အတူ ရေးသားကာ ကဗျာတစ်ပုဒ်ကို ချရေးလိုက်သည် : “ ဤလောကတွင် သန့်ရှင်းသော ရေတစ်ခွက်ကဲ့သို့ မနောက်မကျိဘဲ မင်းအရာရှိတစ်ဦးအဖြစ် အောင်မြင်သော အလုပ်အကိုင် ရရှိပါစေ။ အရှေ့လေးပင်လယ်မှ မင်္ဂလာရှိသော လေပြည်တို့ တိုက်ခတ်လျှင် ထူးကဲများပြားသော ကံကောင်းမှုတို့က ဧကန်အမှန် လိုက်ပါလာလိမ့်မည်။ ”
( T/N note : etran မှာ မရှင်းလို့ သေချာမသိပေမယ့် ကြည့်ရတာတော့ ယန်ကျင်းဇီရဲ့ စာရေးပုံက အားအပြည့်ပါတာကို ပြောချင်တာ ထင်တယ်။ )
ယခင်က ယန်ကျင်းဇီသည် သေးငယ်သော စာလုံးပုံစံဖြင့် ရေးသားခဲ့သော်ငြား ဤအချိန်တွင်မူ ၎င်းကို ကြီးမားသော စာလုံးပုံစံဖြင့် ရေးခဲ့သည်။
စာလုံးသေးများနှင့် စာလုံးကြီးများကို ကွဲပြားခြားနားစွာ ရေးသားရသည်။ စာရေးပြီးနောက် ယန်ကျင်းဇီသည် စိတ်မကျေနပ်ပေ။
သို့ရာတွင် လီ Xiucai နှင့် အခြားလူများသည် အံ့အားသင့်နေကြပြီဖြစ်သည်။
အံ့ဩစရာကောင်းလောက်အောင်ပဲ ဒီယန်တက စကားလုံးတွေကို မှတ်မိတယ်!
သူက ဒီလိုကောင်းမွန်တဲ့ လက်ရေးလှကိုလည်း ရေးလိုက်သေးတယ်!
ဤလက်ရေးဟာ အလွန်အားမာန်ပြည့်ပြီး ခမ်းနားလှရာ ရေးသားသူသည် သဘောထားကြီးသူ ဖြစ်ရပေမည်။
လီ Xiucai နှင့် အခြားသူတို့သည် ယန်တကို ကြည့်ပြီး မတွေးမိဘဲ မနေနိုင်ပေ — ယန်တအကြောင်း အရင်တုန်းက သူတို့ ကြားခဲ့ရတဲ့ ကိစ္စတွေအကုန်လုံးက အမှားတွေများလား?
အံ့အားသင့်နေကြသော လီ Xiucai နှင့် အခြားသူတို့ ချီးမွမ်းခါနီးတွင် ယန်ကျင်းဇီ၏ စကားကို ကြားလိုက်ရသည် : “ ဒီလက်ရေးလှကို ကောင်းကောင်းမရေးမိဘူး... ”
စကားပြောပြီးနောက် ယန်ကျင်းဇီသည် သူ့စုတ်တံကို ကောက်ကိုင်ပြီး စာရွက်သစ်ကို ပြောင်းကာ ထပ်ရေးလိုက်ပြန်သည်။
စာရေးပြီးနောက် ယန်ကျင်းဇီသည် စိတ်မကျေနပ်သေးဘဲ ၎င်းကို တတိယအကြိမ် ထပ်ရေးလိုက်သည်။
လီ Xiucai နှင့် အခြားသူများ : “ ... ” ပထမဆုံးအကြိမ်တွင် ဤလူက လုံလုံလောက်လောက် ကောင်းကောင်းရေးခဲ့သည်ဟု သူတို့ ထင်ခဲ့ကြသည်။ ဒါပေမယ့် ရလဒ်က... သူက ပိုကောင်းအောင် ရေးနိုင်တာလား?
လက်ရေးလှရေးသော ဆရာအများအပြားသည် လက်ရာကောင်းများကို ရေးသားနိုင်ကြသော်ငြား ၎င်းက မှန်ကန်သော နေရာနှင့် အချိန်တို့အပေါ်တွင်လည်း မူတည်နေသေးသည်။ သို့သော် ဤလူက... ဘယ်လိုလုပ် သူက ဒီလောက်တောင် ပေါ့ပေါ့ပါးပါး ဖြစ်နေရတာလဲ?
“ လူကြီးမင်းလီ၊ မင်း ဘယ်လိုလက်ရေးလှမျိုး လိုချင်လဲ? ဒါအဆင်မပြေရင် ငါ မင်းအတွက် စာအုပ်တစ်အုပ် ကူးပေးနိုင်တယ်။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်း ငါ့ကို အာမခံပေးဖို့ ဆန္ဒရှိနေသရွေ့။ ”
“ မင်း... စာအုပ်ကူးတာလား? ” လီ Xiucai က မေးသည်။
“ ဟုတ်တယ်။ ငါ့မိသားစုကို ထောက်ပံ့ဖို့အတွက် မကြာသေးခင်ကစပြီး စာအုပ်ဆိုင်မှာ စာအုပ်လာကူးတယ်။ ” ယန်ကျင်းဇီသည် သူ့အနားရှိ ယခုလေးတင် ကူးယူ၍ပြီးသွားသော စာရွက်များကို ညွှန်ပြသည်။
လီ Xiucai နှင့် အခြားသူတို့သည် ယန်ကျင်းဇီ ကူးယူခဲ့သည်များကို တွေ့ပြီး ပြောကြသည် : “ ဆိုးဝါးလိုက်တဲ့ ဖြုန်းတီးမှု! ဆိုးဝါးလိုက်တဲ့ ဖြုန်းတီးမှု! ”
“ ဒီလောက်ကောင်းတဲ့ စကားလုံးတွေနဲ့ ဘယ်လိုလုပ်ပြီး မင်းက စာအုပ်ကူးရဲရတာလဲ! ”
“ ဒီလောက်ခမ်းနားတဲ့ လက်ရေးလှတွေက / ရွှေတစ်ထောင် / ပေးရင်တောင် ရှာရခက်တယ်! ”
…...
ယန်ကျင်းဇီက ချက်ချင်း မေးသည် : “ ငါ့လက်ရေးလှတွေက အရမ်းတန်ဖိုးရှိလား? မင်းတို့ ဝယ်ချင်လား? ”
လီ Xiucai နှင့် အခြားသူများ : “ ... ” သူတို့ ပြောလိုက်တဲ့ / ရွှေတစ်ထောင် / က သာဓကတစ်ခုသက်သက်ပဲ။ စာသင်သားတစ်ယောက်အနေနဲ့ မင်း သာမန်ငွေအကြောင်း မပြောလို့မရဘူးလား?
သေချာတာပေါ့၊ သူတို့၏စိတ်ထဲတွင် အတွေးများကိုယ်စီ ရှိလင့်ကစား လီ Xiucai နှင့် အခြားသူများက မတွန့်ဆုတ်ဘဲ ပြောလိုက်ကြသည် : “ ငါ ဝယ်ချင်တယ်! ”
သို့သော်... သူတို့သည် Three Character Classic စာအုပ်က လက်ရေးလှဆရာတစ်ဦး၏ လက်ရာဟု ယခင်က တွေးခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် မြင့်မားသော ဈေးနှုန်း ပေးရန် ဆန္ဒရှိခဲ့ကြသည်။ အခုကရော?
အလျှော့အတင်းလုပ်ပြီးနောက် နောက်ဆုံးတွင် ယန်ကျင်းဇီသည် စာလုံးကြီးကို တစ်လုံးလျှင် ဝမ် ၅၀ နှင့် စာလုံးသေးကို တစ်လုံးလျှင် ဝမ် ၂၀ ဖြင့် ဈေးညှိနှိုင်းခဲ့သည်။
အဲ့ဒါက Three Character Classic တစ်အုပ်ကို ဝမ် ၂၀,၀၀၀ ကျော်တောင် ရှိတယ်!
ဤကာလတွင် ကြေးပြားများနှင့် လဲလှယ်သည့် ငွေတုံးပမာဏဟာ ငွေသတ္တုဈေးနှုန်းပေါ်တွင် အလွန်မူတည်နေသော်ငြား အများအားဖြင့် ဝမ်တစ်ထောင်ကျော်ကို ငွေတစ်တုံးနှင့် လဲလှယ်နိုင်ပြီး ဝမ် ၂၀,၀၀၀ က ငွေတုံး ၂၀ ဖြစ်သည်။
ငွေရှာနည်းပဲ!
အမှန်ပင်၊ ဤလူများက ယန်ကျင်းဇီကို Three Character Classic မရေးခိုင်းချေ။ လီ Xiucai သည် သူ၏ ကိုယ်ပိုင်ကဗျာများ စုစည်းမှုကို ထုတ်ပြီး ယန်ကျင်းဇီကို ကူးယူစေသည်။ အခြားတစ်ဦးက သူ၏ ကိုယ်ပိုင်မူဝါဒအတွေးအခေါ်ကို ထုတ်ယူကာ ယန်ကျင်းဇီကို ကူးယူခိုင်းသည်။
ယခု ရောက်လာသော Xiucai ငါးဦးတို့တွင် သူ့ကို ရေးစေချင်သော တစ်စုံတစ်ရာများ ကိုယ်စီရှိကြသည်။ စကားမစပ် သူတို့သည် စာလုံးကြီးအချို့ကိုလည်း သူ့အား ရေးစေသည် — အခြေခံအားဖြင့် အားလုံးဟာ ကောင်းချီးစကားများ ဖြစ်ကြသည်။
ယန်ကျင်းဇီသည် သူ့စုတ်တံကို ကောက်ကိုင်ပြီးသည်နှင့်တပြိုင်နက် စတင်ရေးသားပြီး လီ Xiucai ၏ စာကို ဦးစွာရေးသားလိုက်သည်။
စာရေးနေစဉ်တွင် ယန်ကျင်းဇီသည် တခြားလူများကို မေးသည် : “ စာလုံးပုံစံ ပြောင်းချင်လား? ” ဤလူများ၏ စကားများအရ သူတို့က ဤအရာများကို လက်ဆောင်ပေးရန် ယူသွားပြီး အခြားသူများထံမှ အကြံဉာဏ် တောင်းခံမည်ဖြစ်သည်။ လူတိုင်းက တူညီတဲ့ လက်ဆောင်တွေကို ပေးမယ်ဆိုရင် မကောင်းလောက်ဘူးမလား?
“ အာရုံပျက်မခံနဲ့။ ” လီ Xiucai က ပြောသည်။ စကားပြောပြီးနောက် သူသည် ယန်ကျင်းဇီက စကားပြောနေလျှင်တောင်မှ သူ့လက်ရေးက အလွန်ကောင်းမွန်ပြီး အလွန်မြန်ဆန်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ အဲ့အရှိန်က... တကယ် အားကျစရာပဲ!
ယခုအခါတွင် ပြည်နယ်ဆိုင်ရာ စာမေးပွဲမှ စာမေးပွဲတစ်ခု ပြီးဆုံးရန် ကိုးရက်ကြာသည်။ ပမာဏအများအပြား ရှိသော မေးခွန်းများအပြင် ၎င်းမှာ နှေးကွေးသော စာရေးနှုန်းနှင့်လည်း သက်ဆိုင်သည်။
လူအများစုသည် စာအမြန်ရေးနိုင်ရန်အတွက် ကောင်းမွန်စွာ စာရေးရန် အာရုံမစိုက်ကြချေ။ သူတို့သည် တစ်နာရီအတွင်း စာလုံးရေ နှစ်ထောင် ရေးနိုင်သော်လည်း ကောင်းကောင်းမွန်မွန် ရေးသားချင်လျှင်တော့ တစ်နာရီအတွင်း စာလုံးရေ တစ်ထောင်ကိုသာ ရေးနိုင်သည်။
ဒါပေမယ့် သူ့ရှေ့က ဒီလူကရော ဘယ်လိုလဲ?
စုတ်တံက သူ့လက်ထဲတွင် အမြန်ရွေ့လျားနေသည်။ သူ့အရှိန်နဲ့ သူက တစ်နာရီအတွင်းမှာ စာလုံးရေ သုံး၊လေးထောင်လောက်တောင် ရေးနိုင်လောက်တယ်!
ယန်ကျင်းဇီသည် တစ်နာရီလျှင် စာလုံးရေ ၄၀၀၀ နှုန်းတွင်သာ ရှိနေသေးပြီး တစ်ရက်လျှင် ငါးနာရီ စာရေးပါက စာလုံးရေ ၂၀,၀၀၀ ရေးသားနိုင်သည်။
ယခုဆိုလျှင် စာလုံးတစ်လုံးကို ဝမ်နှစ်ဆယ် ဖြစ်ရာ စုစုပေါင်းမှာ ငွေတုံး လေးရာ ဖြစ်သည်။
ပညာရှိတွေက ငွေရှာတာ တကယ် တော်တာပဲ!
တစ်စုံတစ်ယောက်က ဝယ်ယူချင်လျှင် သူသည် နောက်ဆုံးအချိန်အထိ စာရေးသားရန် ဆန္ဒရှိသည်ဟု ယန်ကျင်းဇီ တွေးမိသည်။
“ မင်းက စာလုံးပုံစံ ပြောင်းနိုင်သေးတာလား? ” လူတစ်ယောက်က မေးသည်။
“ ကိုးကားစရာ စာအုပ်တစ်အုပ် ရှိရင် ငါ လိုက်ရေးနိုင်တယ်။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ စာအုပ်ဆိုင်မှာ လက်ရေးလှစာအုပ်တွေ ရှိတယ်။ ”
ပညာရှင်အများအပြားသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး စာလုံးပုံစံ ပြောင်းလဲမည်ဟု ချက်ချင်း အချက်ပြလိုက်ကြသည် – သူတို့အားလုံးက ဤလက်ရေးလှကို အသုံးပြု၍ ကျိုးလူကြီးမင်းကို လက်ဆောင်ပေးရန် စီစဉ်ထားလျှင် အားလုံးက မတူညီသည်မှာ ပိုကောင်းသည်။
သူတို့အားလုံးဟာ လက်ရေးလှစာအုပ်များကို သွားရှာကြသည်။
ယန်ကျင်းဇီသည် လီ Xiucai ၏ ကဗျာစုစည်းမှုကို လျင်မြန်စွာ ကူးယူပြီးနောက် အခြားလက်ရေးလှစာအုပ်များမှ စတင်လေ့လာသည်။
သူသည် ယခုတလော စာအုပ်များစွာကို ကူးယူနေခဲ့ပြီး စုတ်တံက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပုံရသည်။ သူ ရေးချင်တဲ့ ဘယ်စာလုံးအမျိုးအစားမျိုးကိုမဆို ရေးနိုင်လာတယ်!
ဤအချိန်တွင် လက်ရေးလှစာအုပ်ကို ဖတ်ကာ လေ့ကျင့်ပြီးနောက် သူသည် ချက်ချင်းပင် စာလုံးပုံစံကို ပြောင်းလဲကာ မူဝါဒအတွေးအခေါ်တစ်ပုဒ်ကို ရေးသားလိုက်သည်။
ထို့နောက် နောက်ထပ်စာလုံးပုံစံကို လေ့လာသည်...
ယန်ကျင်းဇီသည် အလွန်အလေးအနက်ထား၍ လေ့လာနေသည်။ ဘာပဲဖြစ်ဖြစ် ဒီဟာတွေကို အနာဂတ်မှာ ငွေရှာဖို့ အသုံးပြုနိုင်တယ်!
ပြီးနောက် ထိုပညာရှိများက ယခုအချိန်၌ ပြောစရာမရှိတော့ပေ။
သူတို့အားလုံးသည် ကောင်းကင်ဘုံ၏ ဂုဏ်ရှိသော သားရတနာများ ဖြစ်ပြီး သူတို့က အလွန်အစွမ်းထက်သည်ဟု အမြဲထင်ခဲ့ကြသော်ငြား ရလဒ်ကမူ စာမတတ်သော လူဆိုးတစ်ဦးက ရက်အနည်းငယ် သင်ယူမှုလေးဖြင့် သူတို့ထက် များစွာ သာလွန်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
သူတို့က တုံးလွန်းနေသလားဟု လူတိုင်း တွေးမိကြသည်။
မဟုတ်ဘူး၊ မဟုတ်ဘူး။ သူတို့က တုံးလွန်းတာ မဟုတ်မှန်း သေချာတယ်။ ဒီလူဆိုးကောင်က အရမ်းအစွမ်းထက်လွန်းနေလို့ဆိုတာ သေချာတယ်!
ဤသည်က လူဆိုးကောင်လည်း မဟုတ်ချေ... သူတို့သည် သူ့ကို လူဆိုးကောင်ဟု ခေါ်ရန် အလွန်ရှက်ရွံ့နေကြပြီး အားလုံးက ခေါင်းလှည့်ပြီး ကိုးကွယ်ဆည်းကပ်ချင်နေကြသည်...
သူတို့ စာရေးနေစဉ် ကောင်တီအောက်ရုံးတရားသူကြီးကျူးက အပြင်ဘက်မှ ဝင်လာသည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် စာအုပ်ဆိုင်သို့ ရောက်လာပြီးနောက် အနည်းငယ် နောင်တရမိသည်။
သူသည် မင်းစေအနည်းငယ်၏ စကားတို့ကို နားထောင်ကာ လူဆိုးယန်တကို လာရှာသည်။
သူသည် ထိုယန်တအကြောင်းကို မေးမြန်းပြီးပြီဖြစ်သည်။ ယန်တက တစ်ခါမှ ကျောင်းမတက်ဖူးချေ။ ဘယ်လိုလုပ်ပြီး အဲ့လိုလူက စာအုပ်ဆိုင်မှာ စာအုပ်ကူးနိုင်ပါ့မလဲ?
စာအုပ်ကူးရတာက အရမ်းလွယ်မနေဘူး!
သို့သော်လည်း သူက ဤနေရာသို့ ရောက်ရှိနေပြီးဖြစ်သည်... အပြင်ဘက်တွင် ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်သော လူငယ်လေးတစ်ဦးသာ ရှိသည်ကို တွေ့သော် ကောင်တီအောက်ရုံးတရားသူကြီးကျူးက မေးသည် : “ မင်းတို့ဆိုင်ရှင် ဘယ်မှာလဲ? ”
“ Xiucai အချို့ ရောက်လာလို့ ဆိုင်ရှင်က သူတို့ကို အနောက်ခြံဝန်းထဲကို ခေါ်သွားပါတယ်။ ” လူငယ်လေးက ပြန်ဖြေသည်။
ဘာလို့ Xiucai တွေ အများကြီးက ဒီစာအုပ်ဆိုင်ကို လာကြတာလဲ? သွားကြည့်ရမယ်။ တရားသူကြီးကျူးသည် သူ့ဘေးမှ သူ့အစေခံနှင့်အတူ ချက်ချင်းပင် အနောက်ခြံဝန်းထဲသို့ လျှောက်သွားသည်။
ရလဒ်ကမူ အနောက်ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် သူသည် ခြံဝန်းထဲရှိ သက်ကြီးပင်ပု ဘွန်ဆိုင်းပင်များစွာပေါ်၌ လှန်းထားသော စာရွက်အချို့ကို တွေ့လိုက်ရသည်။
အသစ်ရေးထားသော စကားလုံးများကို အတူတကွ မစည်းနှောင်နိုင်သေးချေ။ ၎င်းတို့ကို ပထမဦးစွာ အခြောက်ခံရန် လိုအပ်သောကြောင့် လီ Xiucai နှင့် အခြားသူတို့သည် ယန်ကျင်းဇီ ကူးယူထားသော စာရွက်များကို ယူပြီး အနီးအနားတွင် အခြောက်လှန်းကြသည်။
“ ကောင်းလိုက်တဲ့ လက်ရေး! ” ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ဖြတ်သွားပြီး စာရွက်ပေါ်ရှိ စကားလုံးများကို တစ်ချက်ကြည့်လိုက်ရာ အံ့ဩမဆုံး ဖြစ်သွားရသည်။ သူ့ကို ပိုပြီး အံ့ဩစေတာကတော့ စာရွက်တစ်ရွက်ကို ကောက်ကိုင်ကြည့်လိုက်တဲ့အခါမှာ မင်စိုနေတာကို သူ တွေ့လိုက်ရလို့ပဲ!
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် Jinshi တစ်ဦး ဖြစ်ပြီး ပညာရှင်အများအပြားနှင့် ဆက်သွယ်ခဲ့ဖူးသော်လည်း ဤကဲ့သို့ ကောင်းမွန်သော စကားလုံးများကို ရေးသားနိုင်သူ အနည်းငယ်ကိုပင် မကြုံတွေ့ဖူးသေးပေ။
/ ဤအမဲလိုက်ခြင်းအတွက် စိတ်လှုပ်ရှားနေလျက် / ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် စာရေးသားသူနှင့် စကားပြောချင်သော်ငြား ဤအခိုက်အတန့်တွင် နောက်ထပ်စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။
ထိုစာရွက်ပေါ်မှ လက်ရေးသည် အစောက သူ ဖတ်ခဲ့သည့်တစ်ခုနှင့် ကွဲပြားသည်။ ဒါပေမယ့် ဒါကလည်း ကောင်းတယ်!
နေဦး၊ ဒီမှာ တတိယလက်ရေး ရှိသေးတယ်။
ဒါက... ဒီမှာ လက်ရေးလှ ယှဉ်ပြိုင်နေကြတဲ့ လက်ရေးလှရေးဆရာသုံးယောက် ရှိနေတာလား?
၎င်းကို တွေးမိလေလေ၊ ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ပိုပိုပြီး စိတ်လှုပ်ရှားလာကာ ဤလက်ရေးလှဆရာများ ရေးသားထားသည်တို့ကို တစ်မျိုးတစ်ဖုံ မကျေမနပ်ဖြစ်မိလာသည်။
ဒီကဗျာက လက်ရာမြောက်ပြီး သာမန်ဖြစ်လွန်းလို့ သူ့အမြင်ကို တကယ် မဖမ်းစားနိုင်ဘူး!
ထို့အပြင် ဤမူဝါဒအတွေးအခေါ်က လက်တွေ့အဖြစ်မှန်ကို ဂရုမစိုက်ချေ။ အဲ့အစား တကယ့်အစစ်က ကျယ်ကျယ်ပြန့်ပြန့် လူသိများတဲ့ မူဝါဒအတွေးအခေါ်တွေ တချို့ဆီကနေ ထုတ်ထားတဲ့ အပိုင်းအစ ထင်မြင်ချက်လေးတစ်ခုသက်သက်ပဲ!
လက်ရေးလှရေးဆရာ၏ စကားလုံးများက ကောင်းမွန်သော်လည်း အသိပညာဟာ ပျမ်းမျှသာ ရှိသည်...
ကောင်တီအောက်ရုံးတရားသူကြီးကျူးက ဤသို့စဉ်းစားနေစဉ် လီ Xiucai က စာရွက်အခြောက်လှန်းရန် ထပ်မံထွက်လာပြန်သည်။
“ ကျူးလူကြီးမင်းလား? ” လီ Xiucai သည် ကောင်တီအောက်ရုံးတရားသူကြီးကျူးကို တွေ့သွားပြီး အလျင်စလို အရိုအသေပြုလိုက်သည်။ ပညာရှင်တစ်ဦးသည် ကောင်တီအောက်ရုံးတရားသူကြီးကဲ့သို့ အရာရှိတစ်ဦးကို တွေ့လျှင် ဒူးထောက်အရိုအသေပြုစရာ မလိုသော်ငြား ပညာရှင်တစ်ဦး၏ ကျင့်ဝတ်ကို လိုက်နာရန်တော့ လိုအပ်ဆဲဖြစ်သည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် အာမခံပေးသူ ဖြစ်သော လီ Xiucai နှင့် ယခင်က တွေ့ဖူးသည် : “ မင်းက... ဒါကို မင်း ရေးထားတာလား? ” လီ Xiucai ရဲ့ လက်ရေးက အံ့ဩစရာကောင်းလောက်အောင် အရမ်းပြောင်မြောက်တာလား? ဘာလို့ သူက နာမည်မကြီးတာလဲ?
“ ကျူးလူကြီးမင်း၊ ငါ ဒါတွေ မရေးထားပါဘူး။ ” လီ Xiucai က ပြောသည်။
“ ဒါဆို ဘယ်သူ ရေးတာလဲ? ” ကောင်တီအောက်ရုံးတရားသူကြီးကျူးက မေးသည်။
“ ကျူးလူကြီးမင်း၊ မင်း... ယန်တအကြောင်း ကြားဖူးလား? ” လီ Xiucai က မေး၏။
“ သူက ဘာဖြစ်လို့လဲ? ” ကောင်တီအောက်ရုံးတရားသူကြီးကျူးက ဆက်မေးသည် : “ သူ ရေးထားတာလား? ”
“ သူ ရေးတာ။ အကုန်လုံးကို သူ ရေးထားတာ။ ” လီ Xiucai က ဖြေသည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူး : “ ... ” အဲ့ဒီ့ယန်တက မင်းစေတွေအပြင် လီ Xiucai ကိုပါ သူ့အတွက် စကားကောင်းတွေ ပြောပေးဖို့ လုပ်ဆောင်နိုင်လောက်အောင် အရမ်းအစွမ်းထက်တာလား?
သူ ဘာလိုချင်တာလဲ?
မည်သို့ပင်ဆိုစေကာမူ ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ယန်တက ဤကဲ့သို့ ကောင်းမွန်သော စကားလုံးများကို ရေးသားနိုင်လိမ့်မည်ဟု မယုံကြည်ပေ။
လီ Xiucai သည် ကောင်တီအောက်ရုံးတရားသူကြီးကျူး၏ အသွင်အပြင်ကို မြင်သောအခါ ကောင်တီအောက်ရုံးတရားသူကြီးကျူး၏ အတွေးကို သိရှိပြီး ချက်ချင်း ပြောလိုက်သည် : “ ကျူးလူကြီးမင်း၊ အထဲဝင်ပြီး သွားကြည့်လို့ရပါတယ်။ ”
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် လီ Xiucai ကို သံသယဖြင့် ကြည့်ပြီး အိမ်ထဲသို့ လီ Xiucai ၏ နောက်မှ လိုက်ဝင်သွားသည်။
ထို့နောက်တွင်တော့ သူသည် တစ်ချက်ကြည့်ရုံဖြင့် အလွန်ခပ်ကြမ်းကြမ်းဆန်သော ချည်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက သူ့စားပွဲတွင် တစ်စုံတစ်ရာ ရေးသားနေသည်ကို တွေ့လိုက်ရသည်။ ထိုသူက အလွန်အာရုံစိုက်ပြီး ရေးသားနေသဖြင့် သူ၏ ရောက်ရှိလာမှုကို မသိချေ။
တကယ်တော့ ယန်ကျင်းဇီသည် ကောင်တီအောက်ရုံးတရားသူကြီးကျူး ရောက်ရှိလာသည်ကို သိရှိသော်ငြား ယခုအခါတွင် သူသည် တောင်သူလယ်သမား ဆင်းရဲသားတစ်ဦး ဖြစ်သည်။ သူသည် ကောင်တီအောက်ရုံးတရားသူကြီးကို တွေ့လျှင် ဒူးထောက်ရမည်ဖြစ်သည်။ သို့ရာတွင် သူသည် တကယ်ပင် ဒူးမထောက်ချင်သောကြောင့် သတိမပြုမိဟန်ဆောင်နေခဲ့သည်...
ယန်ကျင်းဇီသည် စာအုပ်ကို ဆက်လက်ကူးယူသည်။
ကောင်တီအောက်ရုံးတရားသူကြီးကျူးသည် ရှေ့တိုး၍ တစ်ချက်ကြည့်ကာ အံ့အားသင့်သွားသည်။
ဤလူ၏ လက်များက အလွန့်အလွန် ကြမ်းတမ်းပြီး ဖူးဖူးမှုတ်ခံထားရသော စာသင်သားတစ်ဦး၏ လက်များနှင့် လုံးဝ မတူချေ။ သို့သော် သူ့လက်ရေးကမူ...
ဒီလက်ရေးက ပညာရှင်အများစုထက် သာတယ်!
ပိုအရေးကြီးသည်မှာ သူ့ရှေ့မှ ဤလူက အမှန်ပင် ယန်တ ဖြစ်လိမ့်မည်။ ဝေ့မိသားစု၏ သခင်လေးကို ဖြားယောင်းခေါ်ဆောင်သွားသော ယန်တ။
သူသည် ကောင်တီရုံးမှ မင်းစေများက ပေါက်တတ်ကရများ ပြောနေကြသည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် အဲ့ဒါက တကယ်တဲ့လား?
ဒီယန်တ၊ ဘယ်လိုလုပ်ပြီး သူက ဒီလိုစကားလုံးကောင်းတွေကို ရေးသားနိုင်ရတာလဲ?
သူက အနိုင်ကျင့်တတ်တဲ့လူ လုံးဝ မဟုတ်ဘူးမလား? သူက ငယ်ငယ်ကလေးဘဝတုန်းကတည်းက ကျောင်းအပြင်ဘက်ကနေ ခိုးနားထောင်ပြီး စာလေ့လာဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာလား?
ကောင်တီအောက်ရုံးတရားသူကြီးကျူး အံ့
အားသင့်နေစဉ် ယန်ကျင်းဇီသည် နောက်ထပ်စာရွက်တစ်ရွက်ကို ရေးသား၍ ပြီးဆုံးသွားသည်။
စာရွက်ကို ဘေးဖယ်ထားလျက်ဖြင့် ယန်ကျင်းဇီသည် ကောင်တီအောက်ရုံးတရားသူကြီးကျူးကို ကြည့်လိုက်သည် : “ စာလုံးတစ်လုံးကို ဝမ် ၂၀... မင်း လိုချင်လား? ”