Chapter 140
Viewers 11k

🥰 Chapter 140 ✅


နောက်တစ်နေ့မနက်စောစောတွင် မင်လျိုရီက ယောင်ကျိကျိုး၏ ရင်ခွင်ထဲတွင်နိုးလာခဲ့သည်။ 


ယောင်ကျိကျိုးက ညင်သာစွာဖြင့် အသက်ရှူနေသည်။ နေ့တိုင်း သူမအကွာအဝေးတစ်ခုထားခဲ့သော်လည်း ယောင်ကျိကျိုး အရင်မနိုးခင်အချိန်တွင် သူ့ရင်ခွင်ထဲမှ အမြဲတမ်းနိုးထလာရစမြဲပင်။ 


မနက်တိုင်း ထိုကဲ့သို့ ဖြစ်နေသည်မှာ ရက်အနည်းငယ်လောက်ရှိပြီဖြစ်သည်။ ယခင်က မင်လျိုရီမှာ ယောင်ကျိကျိုး၏ ချောမောသည့်မျက်နှာကို ခံနိုင်ရည်ရှိခဲ့သည်။ သို့သော်လည်း ယနေ့တွင် တစ်ခုခုက ကွာခြားနေသည်။ မနေ့ညက လုပ်ခဲ့သည့် အရာများကြောင့် ဖြစ်နိုင်သည်…။ 


မင်လျိုရီက တိတ်ဆိတ်စွာဖြင့် မျက်လုံးများကို ဖွင့်လိုက်ပြီး ယောင်ကျိကျိုး၏လည်တိုင်ကို ကြည့်လိုက်သည်။ မနေ့ညက သူမ၏ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကိုက်ရာကလုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ ၎င်းက မင်လျိုရီအား မကျေမနပ်ဖြစ်စေသည်။ 


ယောင်ကျိကျိုး နိုးမလာသေးသည်ကို အခွင့်ကောင်းယူ၍ မင်လျိုရီက ယောင်ကျိကျိုး၏ လည်တိုင်ကို နောက်တစ်ကြိမ် ထပ်ကိုက်လိုက်သည်။ 


“အာ့…”


ယောင်ကျိကျိုးသည် သူ့လည်တိုင်မှနာကျင်မှုကို ခံစားလိုက်ရပြီး သူ့မိန်းမလေး၏ လက်ချက်ဖြစ်ကြောင်းသိလိုက်သည်။ ထို့ကြောင့် နာကျင်နေလျှင်တောင်မှ သူက မင်လျိုရီကို တွန်းမပစ်လိုက်ပေ။ 


“အဲ့ဒါကျွန်မကို အပြစ်ပေးလို့…ရှင်ပြန်ခံရတာ”


မင်လျိုရီပြောလိုက်သည်။


"ရှင်ကကျွန်မကို အနိုင်ကျင့်နေတာ”


ပြောပြီးနောက် မင်လျိုရီက ယောင်ကျိကျိုး၏ ရင်ခွင်ထဲမှ ထွက်ပြေးတော့သည်။ 


မင်လျိုရီ၏ တပ်ဆုတ်သွားသည့်အမူအရာကိုကြည့်ရင်း ယောင်ကျိကျိုး စိတ်ထဲတွင် ရယ်လိုက်သည်။ သူ့မိန်းမလေးက အလွန်ချစ်ဖို့ကောင်းပြီး တိတ်တဆိတ်လက်စားချေရဲသည်အထိ ထက်မြက်သည်ဟု တွေးလိုက်သည်။


ယခင်က မင်လျိုရီမှာ ယောင်ကျိကျိုးအား နတ်ဆိုးဘုရင်တစ်ယောက်ကဲ့သို့ ကြောက်ရွံ့ပြီး သူဒေါသထွက်မည်ကို စိုးရိမ်ပုံပေါ်ခဲ့သည်။ နောက်ပိုင်းတွင်တော့ ထိုအကြောက်တရားက ဖြေးဖြေးချင်း ပျောက်ကွယ်လာခဲ့သည်။ သို့သော် ယောင်ကျိကျိုး၏ မျက်လုံးများနှင့်ခြေထောက်များကြောင့် သူကစဥ်းစား၍စကားလုံးများကို ဂရုတစိုက်ပြောရသည်။ 


မင်လျိုရီက ယောင်ကျိကျိုးထက် ပိုငယ်သော်လည်း သူ့အတွက်ကြောင့် သူမမှာ အလုပ်ရှုပ်နေရပြီး သူ၏ အစားအစာနှင့် နေ့စဥ်လိုအပ်သည်များကိုလည်း ဂရုစိုက်ပေးရသည်။ သူမက သူ၏တောင်းဆိုချက်များကို လုံးဝ မငြင်းဆန်ဖူးပေ။ 


သူမ သူ့ကို ပွင့်လင်းလာပြီးနောက်ပိုင်းတွင် အမူအရာသေးသေးလေးများကို ပြုလုပ်လာခဲ့သည်။ သို့သော်လည်း ယောင်ကျိကျိုးက သူ့မိန်းမလေးမှာ သူ့ကို လုံးလုံးမချစ်သေးကြောင်း ကောင်းကောင်းသိသည်။ ယောင်ကျိကျိုးအပေါ် သူမ၏ကြင်နာမှုများမှာ သူမ၏နဂိုရှိရင်းစိတ်ထားကြောင့်သာဖြစ်သည်။ အနည်းဆုံးတော့ သူမကို သူချစ်သလောက် သူ့ကို မချစ်သေးဟု ယောင်ကျိကျိုး သေချာသိသည်။ 


ယောင်ကျိကျိုးက ထိုအကြောင်းကို စိတ်မပူပေ။ မင်လျိုရီက ယောင်ကျိကျိုး၏ခံစားချက်ကို သေချာ နားမလည်သေးပါက သူ့ဘက်မှအကြိမ်အနည်းငယ်လောက် ဝန်ခံပြရလဲစိတ်မရှိပေ။ သူမအဆင့်သင့်မဖြစ်သေးသရွေ့ ယောင်ကျိကျိုး စောင့်နိုင်သည်။ 


မင်လျိုရီအတွက်ကတော့ ယောင်ကျိကျိုးက သူမကို အပိုင်သိမ်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ 


မနက်စာစားပြီးနောက် ယောင်ကျိကျိုးက ဗီဒီယိုအစည်းအဝေးလုပ်ရန် စာကြည့်ခန်းသို့သွားလိုက်သည်။ ယောင်ကျိကျိုး စခရင်ပေါ်တွင် ပေါ်လာသည်ကို အတွင်းရေးမှူးဟဲမြင်သောအခါ သူ့လည်တိုင်ပေါ်မှ ကိုက်ရာကို ချက်ချင်း သတိထားမိလိုက်သည်။ 


ဟဲရှန့် ချက်ချင်း သူ၏အုပ်ချုပ်ရေးမှူးရာထူးကို သုံး၍ ဗီဒီယိုကိုပိတ်ကာ ယောင်ကျိကျိုးအား လည်တိုင်ထက်မှ ကိုက်ရာအကြောင်းပြောလိုက်သည်။ 


“အိုး…ငါသိတယ်”


ယောင်ကျိကျိုးက တည်ငြိမ်စွာပြန်ဖြေလိုက်သည်။ သူ၏တည်ငြိမ်တည့်အသံထဲတွင် ဂုဏ်ယူမှုများ အနည်းငယ်ရောထွေးပါဝင်နေသည်။ 


အတွင်းရေးမှူးဟဲက ချက်ချင်းသူ၏ပြောင်းလဲမှုကို သတိထားမိလိုက်သည်။ သို့သော် ဘာကြောင့် အဲ့လိုဖြစ်နေလဲတော့ သူမသိပေ။


ဗီဒီယိုအစည်းအဝေးတရားဝင်မစခင်တွင် ကျောက်ချမ်းက ပလာစတာပြင်ဆင်ပေးပြီး ယောင်ကျိကျိုးကို ကူ၍ကပ်ပေးလိုက်သည်။ 


‌ဟဲရှန့်က ကျောက်ချမ်းကို အလွန်သိချင်မိသည်။ကျောက်ချမ်းက ဥက္ကဌတွေးနေသည်ကို အမြဲတမ်း သိနေပုံရသည်။ ကျောက်ချမ်း၏ တည်ငြိမ်မှု ၊ အာရုံစိုက်မှုတို့နှင့်ဆိုလျှင် ကိုက်ရာကိုသတိထားမိပြီး ဥက္ကဌကို သတိပေးလိမ့်မည်ပင်…။


သို့သော် သူကသတိမပေးခဲ့ပေ။ ကျောက်ချမ်းမှာ ယောင်ကျိကျိုးက ထိုကိုက်ရာအပေါ်တွင် ဂုဏ်ယူမှုများရှိနေကြောင်းကို နားလည်ပြီးဖြစ်နေလောက်သည်။ 


ဟဲရှန့် အနည်းငယ်ရှက်ရွံ့သွားသည်။ ယောင်ကျိကျိုးအနောက်သို့ လိုက်ခဲ့သည်မှာ နှစ်အနည်းငယ်ရှိပြီ ဖြစ်သော်လည်း လအနည်းငယ်လောက်သာ ယောင်ကျိကျိုးကို ဂရုစိုက်ပေးရသေးသည့် ကျောက်ချမ်းလောက် သူမသိသေးပေ။ 


အနာဂတ်တွင် အချိန်ရလျှင် ကျောက်ချမ်းဆီမှ သင်ယူရမည်ဟု ဟဲရှန့်တွေးလိုက်သည်။ 


…


နေ့လည်ဘက်တွင် လူတိုင်းကို အံ့ဩသွားစေသည်မှာ ဝမ်မိသားစု၏အမွေဆက်ခံသူ ဝမ်ခယ့်အာ အလည်ရောက်လာခြင်းပင်။


ထိုနေ့က လူနာတင်ယာဥ်သို့ သူမကိုတွဲ၍ပို့ပေးခဲ့သူမှာ ဝမ်ခယ့်အာဖြစ်ကြောင့် မင်လျိုရီသိသည်။ ထို့ကြောင့် သူမအလွန်ကျေးဇူးတင်မိသည်။ သဘာဝကျစွာပင် သူမက ဝမ်ခယ့်အာထံသို့ ကြင်နာမှုများ ၊ စိတ်အားထက်သန်မှုများဖြင့် လျှောက်သွားလိုက်သည်။ 


“ကျေးဇူးတင်ပါတယ်”


မင်လျိုရီပြောလိုက်သည်။


 â€œá€Ąá€˛á€ˇá€”္အက ကျေးဇူးတင်ပါတယ်"


စကားလေးအနည်းငယ်နှင့်တင် ဝမ်ခယ့်အာက မင်လျိုရီအပေါ်တွင် အမြင်ကောင်းများရှိသွားတော့သည်။ အထက်တန်းလွှာမှ လူများစွာနှင့်မတူဘဲ မင်လျိုရီက လှပပြီး အပြစ်ကင်းစင်သည်။  


ဝမ်ခယ့်အာက ယခုမှနိုင်ငံကိုပြန်ရောက်လာပြီး ထိုချမ်းသာသည့် အမွေဆက်ခံသူများ ၊ မဒမ်များနှင့် မိတ်ဆွေဖွဲ့ရန် ပျင်းရိလှသည်။ သူမက မင်လျိုရီကဲ့သို့ ရိုးရှင်းသည့်လူနှင့်သာ မိတ်ဆွေဖွဲ့ချင်မိ၏။ 


သို့သော်လည်း မိတ်ဆွေဖွဲ့ရန်မှာ စိတ်ရင်းမှန်ရန်လိုအပ်သေးသည်။ ဝမ်ခယ့်အာက ယနေ့တွင် အခြားရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်းဖြစ်သောကြောင့် မင်လျိုရီ၏မျက်လုံးကို ရင်မဆိုင်ရဲဖြစ်နေသည်။ 


အချိန်အတော်ကြာပြီးနောက် ယောင်ကျိကျိုး၏အလုပ်ပြီးသွားပြီး ကျောက်ချမ်းက သူ့ကိုသူတို့ရဗိရာသို့တွန်းလာပေးသည်။ 


ကျောက်ချမ်းကိုမြင်သောအခါ ဝမ်ခယ့်အာ၏ မျက်လုံးများ တောက်ပသွားသည်။ မွေးနေ့ပွဲတွင် သူမ သူ့ကို တွေ့လိုက်သည့်အချိန်မှစ၍ သူမအကြည့်များက သူ့ဆီတွင်သာ မြဲမြံနေခဲ့သည်။ 


ချမ်းသာပြီးအင်အားကြီးသည့် လူအုပ်ကြီးအရှေ့တွင် ကျောက်ချမ်းက ယောင်ကျိကျိုးဘေးတွင် ရိုရိုကျိုးကျိုးဖြင့် ရပ်နေခဲ့သည်။ သူ့တွင် ချောမောသည့် မျက်နှာအစိတ်အပိုင်းများရှိပြီး အရပ်လည်းရှည်သည်။ 


ထို့အပြင် ကျောက်ချမ်း၏ အကျင့်စရိုက်မှာတည်ကြည်ပြီး ယောင်ကျိကျိုး၏ တောင်းဆိုချက်များကို အချိန်တိုင်း ပြီးပြည့်စုံစွာဖြည့်ဆည်းပေးလိမ့်မည်။ သူ့တစ်ကိုယ်လုံးကလည်း သန့်ရှင်းသပ်ရပ်သည်။



🥰