Chapter 139
Viewers 11k

🥰 Chapter 139 ✅


ယောင်ကျိကျိုးသည်ယခင်က သူ၏ချစ်ခြင်းမေတ္တာဝန်ခံခြင်းက ဟန်ဆောင်နေခဲ့ခြင်းဟုသာ မင်လျိုရီ အမြဲတွေးခဲ့သည်။ သူမသည် မူလအဆုံးသတ်အား ပြောင်းလဲရန် အကောင်းဆုံးကြိုးစားနေသော်လည်း အဓိကဇာတ်လိုက်ယောင်ကျိကျိုး၏ အဆုံးသတ်ကိုပါ သက်ရောက်မှုရှိသွားလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ 


ထို့အပြင် မူလမင်လျိုရီနှင့် ယောင်ကျိကျိုးတို့က နောက်ဆုံးတွင် ကွာရှင်းခဲ့ကြသည်။ 


မင်လျိုရီ၏ တုံ့ပြန်မှုကင်းမဲ့နေသည့်အမူအယာကိုကြည့်၍ သူ့မိန်းမ၏နှလုံးသားကို အနိုင်ယူရန် အလွန်ခက်ခဲလိမ့်မည်ဟု ယောင်ကျိကျိုး ခံစားလိုက်ရသည်။ ထိုသို့ဆိုမှတော့ သူပို၍ တည့်တိုးဆန်ရပေတော့မည်။ 


ယခုလေးတွင် ရှိနေသည့် ညင်သာမှုများက အတုအယောင်များဖြစ်သကဲ့သို့ ယောင်ကျိကျိုးက ထိုင်လိုက်သည်။ သူပြောလိုက်သည်။


"ကောင်းပြီ…ဒီနေ့ကိစ္စအတွက် အပြစ်ဒဏ်ကို မေ့ထားလိုက်ရအောင်”


မင်လျိုရီမျက်လုံးများကို ဖွင့်လိုက်သည်။


 â€˜á€Ÿá€Żá€á€şá€á€šá€şâ€Śá€Ąá€˛á€ˇá€’ဍကမသ ယောင်ကျိကျိုးအစစ်ပဲ'


မင်လျိုရီက အသံသေးသေးလေးဖြင့် မေးလိုက်သည်။


"ရှင်လိုချင်ရင်…ကျွန်မကို ဘယ်လိုအပြစ်ပေးချင်လဲ”


ယောင်ကျိကျိုးက သူ့ခြေထောက်များကို ပုတ်ပြ၍ ပြောလိုက်သည်။


"ဒီမှာထိုင်…ကိုယ်နဲ့မျက်နှာချင်းဆိုင်ပြီး”


မင်လျိုရီကြားသောအခါ သူမက အသက်ပြင်းပြင်းရှူလိုက်ပြီး နှလုံးခုန်မြန်လာခဲ့သည်။ 


နွေရာသီဖြစ်သောကြောင့် မင်လျိုရီက ပါးလွှာသည့် ညအိပ်ဝတ်စုံကိုဝတ်ထားရာ သူမ၏ဖြူဖွေးပြီး 

လှပသည့်ပခုံးများက လှစ်ဟနေလျက်ရှိသည်။ မင်လျိုရီ၏မျက်နှာကနီရဲနေပြီး ကြည်လင်နေသည့် မျက်လုံးများတွင်တော့ အရည်လဲ့နေသည်။ 


ခဏတာ တွန့်ဆုတ်နေပြီးနောက် အံကြိတ်၍ ယောင်ကျိကျိုး၏ပေါင်ပေါ်တွင် ထိုင်လိုက်သည်။ 


မင်လျိုရီက စိတ်လှုပ်ရှားနေသောကြောင့် သူမ၏ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီးဖြစ်နေသည်။ သူမက ယောင်ကျိကျိုး၏မျက်လုံးများကို တည့်တည့်မကြည့်ရဲပေ။ သူမက မြင်းပေါ်မှစစ်သူကြီးတစ်ယောက်လို ခပ်ဝေးဝေးတွင်သာ တမင်ထိုင်နေသည်။ 


ယောင်ကျိကျိုး၏ အဝတ်အစားများကလည်း ပါးလျသောကြောင့် သူတို့နှစ်ယောက်က တစ်ယောက်၏ အပူငွေ့များနောက်တစ်ယောက်က ခံစား၍ရနေသည်။ ယောင်ကျိကျိုးက သူ့ခန္ဓာကိုယ်ကို လှုပ်လိုက်ရာ မင်လျိုရီ ချက်ချင်း ဟန်ချက်ပျက်သွားပြီး ယောင်ကျိကျိုး၏ စောင့်ကြိုနေသည့်ရင်ခွင်ထဲသို့ ပစ်ဝင်သွားတော့သည်။ 


ယောင်ကျိကျိုးက ယခုလေးတင် ကိုယ်လက်ဆေးကြောထားသောကြောင့် သူ့ထံမှလတ်ဆတ်သည့် ခံတွင်းသန့်ဆေးရနံ့ကို သိသိသာသာ ခံစားလိုက်ရသည်။ သူမ၏လက်များက ယောင်ကျိကျိုး၏ ပခုံးပေါ်တွင်ရှိနေသည်။ သူတို့နှစ်ယောက်က နီးကပ်စွာ ရှိနေသောကြောင့် သူတို့၏အသက်ရှူသံများကို ခံစားလို့ရနေကာ လေထုက ပူနွေးလာသည်။ 


မင်လျိုရီက ခေါင်းမော့၍ ယောင်ကျိကျိုး၏ မျက်လုံးများကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ခံစားချက်များ ရောပြွမ်းနေသည်ကို သူမတွေ့လိုက်ရသည်။ 


ယောင်ကျိကျိုး၏လက်များကကြီးပြီး လက်ချောင်းများကရှည်သွယ်သည်။ သူက လွယ်ကူစွာဖြင့် မင်လျိုရီ၏ခါးကို ရစ်ပတ်ထားလိုက်သည်။ 


“တစ်ယောက်ယောက်မှားတဲ့အခါ ကိုယ်တို့ ဘာလုပ်ကြလဲ”


ယောင်ကျိကျိုးက အက်ရှနေသည့် အသံဖြင့်မေးလိုက်သည်။ 


မင်လျိုရီ၏မျက်တောင်များ တုန်ယီသွားသည်။ ယောင်ကျိကျိုး သူမကို ထိထားသည့်နေရာမှ ယားကျိသည့် ခံစားချက်လေးမှာ ပျံ့နှံ့လာသည်။ 


“သူတို့အရိုက်ခံရတာလား”


မင်လျိုရီ နူးညံ့စွာ မေးလိုက်သည်။ 


ယောင်ကျိကျိုး ပြောစရာစကားမဲ့သွားရသည်။ သူ့စိတ်ထဲတွင် မြင်ကွင်းများစွာ ဖြတ်ပြေးသွားပြီး မနေနိုင်ဘဲ တံတွေးမျိုချလိုက်မိသည်။ သူက မင်လျိုရီကို ခြောက်လှန့်မိမှာ စိုးရိမ်သောကြောင့် အခြေခံများလောက်သာ သင်ကြားပေးမည်ဟု ဆုံးဖြတ်လိုက်သည်။


ယောင်ကျိကျိုးအသံက ဆွဲဆောင်မှုပြည့်ပြည့်နှင့် ထွက်ပေါ်လာသည်။


"အခု ကိုယ့်ကိုနမ်း” 


သူက အခြားသူများကို အမိန့်ပေးနိုင်သည့်ဩဇာညောင်းသောအသံဖြင့် မွေးဖွားလာသောကြောင့် လူအများကိုရွံရှာစက်ဆုပ်မှု မဖြစ်စေပေ။ 


‘အခုပြစ်ဒဏ်အနေနဲ့နမ်းတာကို သတ်မှတ်လိုက်တာလား’


မင်လျိုရီက ယောင်ကျိကျိုးအား တအံ့တဩဖြင့် ကြည့်လိုက်ရာ သူ့မျက်နှာသည်လည်း အနည်းငယ် အနီရောင်သမ်းနေသည်ကို တွေ့လိုက်ရသည်။ 


ယောင်ကျိကျိုး၏ မျက်လုံးများက တစ်ဝက်လောက်မှေးထားသောကြောင့် မျက်လုံးအချို့အဝက်ကိုသာ မြင်နေရသည်။ သူ့မျက်လုံးထဲမှ “ကြယ်ရောင်”များက ပြည့်လျှံနေသည့်ပုံပင်။ ငှက်မွှေးနှင့်တူသည့် မျက်တောင်များလည်း စိတ်လှုပ်ရှားနေသည့်အတိုင်း အနည်းငယ်တုန်ယင်နေသည်။ 


အညှို့ငင်ခံလိုက်ရသည့်အလား မင်လျိုရီ နှလုံးခုန်ပိုမြန်လာသောကြောင့် ခေါင်းငုံ့ပစ်လိုက်သည်။ 


မင်လျိုရီက ပထမဆုံး ယောင်ကျိကျိုး၏ 

နှာခေါင်းထိပ်လေးကို နမ်းလိုက်သည်။ ထိုအချင်းအရာကြောင့် ယောင်ကျိကျိုး စိတ်လှုပ်ရှားလာခဲ့သည်။ ထို့နောက် တစ်ဆက်တည်းတွင် မင်လျိုရီက သူ့နှုတ်ခမ်းများကို နမ်းလာလေသည်။ 


မင်လျိုရီ၏လှုပ်ရှားမှုများက မတည်မငြိမ်ဖြစ်နေပြီး အစီအစဥ်မကျဘဲ နမ်းနေလေသည်။ ယောင်ကျိကျိုးက နှုတ်ခမ်းကိုစေ့လိုက်ပြီး မင်လျိုရီကိုနမ်းခွင့်ပေးထားလိုက်သည်။


မင်လျိုရီ အံ့ဩသွားသည်။ အရင်အခေါက်တွေ သူတို့နမ်းကြတုန်းက ဤသို့မဟုတ်ချေ။ ခြင်္သေ့က သားကောင်နှင့်ဆော့ကစားနေသလို ယောင်ကျိကျိုးက စိတ်အခြေအနေကောင်းနေပြီး သူမ စိတ်ရှိသလို နမ်းခွင့်ပေးထားခဲ့သည်ပင်။ 


သူ့မိန်းမလေးက လက်လျှော့တော့မည်ကို ခံစားမိသောကြောင့် သူကချက်ချင်း မင်လျိုရီ၏ခါးကိုဆွဲ၍အနမ်းကို နက်ရှိုင်းစေလိုက်သည်။ ယောင်ကျိကျိုးက မင်လျိုရီ၏သွားများကို လျှာထိပ်လေးနှင့် ကျွမ်းကျင်စွာဖွင့်လိုက်ပြီး ချိုမြိန်မှုများကို ချက်ချင်းခံစားလိုက်သည်။ 


ယောင်ကျိကျိုး ဆက်မထိန်းနိုင်တော့ဘဲ မင်လျိုရီအား ရင်ခွင်ထဲသို့ထည့်၍အတင်းအကြပ်နမ်းတော့သည်။ မင်လျိုရီ ငြင်းဆန်ချင်သော်လည်း ယောင်ကျိကျိုးက သူမကိုချုပ်ကိုင်ထားသည့် လက်များကို ပိုတင်းကြပ်လိုက်ပြီး အနမ်းကိုလက်ခံရန် တွန်းအားပေးနေသည်။ သူမ၏ခန္ဓာကိုယ်က တဖြေးဖြေးပျော့ခွေလာကာ ယောင်ကျိကျိုး၏ ရင်ခွင်ထဲသို့ လုံးဝနစ်ဝင်သွားတော့သည်။ 


မင်လျိုရီက အနမ်းကြောင့် မိန်းမောနေ၏။ သူမ၏ မျက်လုံးထောင့်များမှာနီနေပြီး မျက်ရည်စလေးများလည်း တွဲခိုနေသည်။ 


အချိန်အကြာကြီးနမ်းရှိုက်ပြီးမှ ယောင်ကျိကျိုး သူမကိုလွှတ်ပေးလိုက်သည်။ မင်လျိုရီ၏ခန္ဓာကိုယ်က ပျော့ခွေသွားသည်။ ထို့နောက် သူမက ပါးစပ်ဖွင့်၍ ယောင်ကျိကျိုး၏ လည်တိုင်ကို ကိုက်လိုက်သည်။ ကိုက်ရာက သူ၏ဖြူဖျော့နေသည့် လည်တိုင်ပေါ်တွင် ကျန်နေခဲ့သည်။ 


ယောင်ကျိကျိုးက တစ်ခုခုဆက်လုပ်မည်ကို ကြောက်ရွံ့သောကြောင့် မင်လျိုရီက ချက်ချင်းက ယောင်ကျိကျိုးခန္ဓာကိုယ်ပေါ်မှ ဆင်း၍စောင်ထဲသို့ ပြေးဝင်သွားတော့သည်။ 


ယောင်ကျိကျိုး၏စိတ်များက သူ့မိန်းမ၏နို့နှစ်ရောင်ပခုံးများတွင် ရှိနေဆဲဖြစ်သည်။ လက်ရာက ဖျော့တော့နေသော်လည်း သူ့မိန်းမ၏ဖြူဖွေးသည့်အသားအရေပေါ်တွင် ထင်ထင်ရှားရှားရှိနေသည်။ သူ့မိန်းမ၏ အသားအရေက တကယ်ကို နူးညံ့သည်ဟု ယောင်ကျိကျိုး တွေးလိုက်သည်။



🥰