Chapter 109
Viewers 13k

🌌Extra 20.3



ရဲဘော် A: "ဘာလို့လဲဆိုတော့ ငါတို့က...ဆင်းရဲနေလို့လေ..."


ရဲဘော် B: "ဘာလို့လဲဆိုတော့ ငါတို့က မွဲတေနေလို့လေ…"


ရဲဘော် C: " ဘာလို့လဲဆိုတော့ ငါတို့မှာ ရှားပါးရင်းမြစ်တွေ ရှိလို့လေ…"


ရဲဘော် D: " ဘာလို့လဲဆိုတော့ ငါတို့ နည်းပညာက နောက်ပြန်သွားနေလို့လေ…"


ရဲဘော် E: " ဘာလို့လဲဆိုတော့ ငါတို့က အမြင်ကျဉ်းလို့လေ…"


ချန်ရှို " ပါးစပ်ပိတ်ထားကြတော့…"


" တော်သင့်ပြီ…"


ရဲဘော်အားလုံးက တစ်ပြိုင်နက်အော်လိုက်သည်။

" ငါတို့ကို တစ်ခုခုလှည့်စားထားတာပဲ ဖြစ်ရမယ်…"


ချန်ရှိုက ပြောလိုက်သည်။

" ငါ လုမော့ကို သွားရှာမယ်…"


ရဲဘော်များကလည်း အလောတကြီးပြောသည်။

" မြန်မြန်သွားရှာ…"


ချန်ရှို အလျင်စလိုထွက်သွားပြီးနောက် တံခါးရှေ့ရောက်သွားကာ တံခါးမခေါက်မီ အသက်ကို အမောတကော ရှုလိုက်သည်။


တံခါးက ပွင့်လာ၏။


[ အိုး… တခြားကမ္ဘာက ငါ့ရဲ့အစေခံ… ဘာလို့ ဒီလောက်နောက်ကျမှ ငါ့ကို ဖူးမျှော်ဖို့လာတာလဲ… ငါ့ဒေါသတွေကို အပြည့်အဝဖွင့်ထုတ်လိုက်မယ်ဆိုရင် လောကကြီးတစ်ခုလုံး အသူရာချောက်ကြီးဖြစ်သွားနိုင်တာကို မသိတာများလား… ]


ဆံပင်အနက်ရောင်နှင့် မျက်လုံးအနီရောင် ကလေးက အလွန်အကျူးဖြစ်သော ကိုယ်နေဟန်ထားကို ပြုလုပ်ထား၍ ချန်ရှိုက သူ့ကို ရင်ဆိုင်ရန် တည်ငြိမ်သွားသည်။


အခန်းထဲတွင် ကလေးနှစ်ယောက်သာရှိနေ၍ ချန်ရှို မေးလိုက်သည်။

" လုမော့ ဘယ်မှာလဲ…"


ကလေးနှစ်ယောက် သူ့ကိုကြည့်လိုက်သောအခါ ချန်ရှိုက အသက်ပြင်းပြင်းရှုလိုက်သည်။

" ငါ့မှာ ဒိုရေမွန်ရဲ့ ဘာသာပြန်စက်ရှိရင်ကောင်းမယ်လို့ တကယ်ကို ဆုတောင်းမိတယ်…"


သူ ကျိန်ဆဲနေစဉ်တွင် အခြားအခန်းတစ်ခု၏တံခါးက ကျွီခနဲပွင့်လာ၏။


ရှပ်အင်္ကျီဝတ်ဆင်ထားသော ငွေရောင်ဆံပင်အမျိုးသားတစ်ယောက်က ချန်ရှိုနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ချန်ရှိုက မျှော်လင့်ချက်မဲ့စွာဖြင့် သူ့ကို ကြည့်လိုက်သည်။

" လုမော့ ဘယ်မှာလဲ…"


တစ်ဖက်လူက သူပြောသည်ကို နားမလည်နိုင်ဟု မူလက မျှော်လင့်ထားသော်လည်း နောက်အခိုက်အတန့်တွင် ထိုလူ၏ နူးညံ့သောအသံကို ကြားလိုက်ရသည်။

" သူ အခန်းထဲမှာ အိပ်နေတယ်…"


လေသံက အနည်းငယ်ထူးဆန်းနေပြီး အသံထွက်က မရှင်းလင်းလှသော်လည်း ၎င်းက မန်ဒရင်းလေသံ ဖြစ်သည်။


ချန်ရှိုက အလိုလိုပြန်ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်…"


ထိုလူက အသံတိုးတိုးဖြင့်ရယ်ပြီး ထွက်သွားသည်။


ချန်ရှို ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးသည့်နောက် တစ်ခုခုကို အမှတ်ရသွား၍ ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာသည်။


ဒီဂြိုဟ်သားက ဒါတွေ အားလုံးကို ဒီတစ်ရက်တည်းနဲ့ သင်လိုက်တာလား… သူက ဘယ်လောက်တောင် ကျွမ်းကျင်နေတာလဲ…


သူတစ်ယောက်တည်းလား ဒါမှမဟုတ် သူတို့ဇာ့ဂ်ပိုးကောင်မျိုးနွယ်စုတစ်စုလုံးက ဒီလိုမျိုး အံ့ဩစရာစွမ်းရည်တွေ ပိုင်ဆိုင်ထားကြတာလား…


ချန်ရှိုက စိတ်လှုပ်ရှားစွာဖြင့် တံခါးကိုပိတ်လိုက်ပြီး အိပ်ရာအစွန်းတွင် ထိုင်ချလိုက်ကာ သူ့ရင်ထဲ လေးလံထိုင်းမှိုင်းစွာ ခံစားနေရ၏။ 


လုမော့က အိပ်ရာပေါ်တွင် အိပ်ပျော်နေဆဲဖြစ်ပြီး သူ၏ချောမောခံ့ညားသောမျက်နှာကို ခေါင်းအုံးဖြင့် ဖိကပ်ထားသည်။


" လုမော့…"


" လုမော့ရေ အိပ်ရာထတော့..."


" လုမော့ အဖွဲ့အစည်းက မင်းကို လိုနေပြီ…"


လုမော့ မျက်ခုံးများတွန့်ချိုးလိုက်ပြီး မျက်တောင်များက တုန်ယင်လာတာ နောက်ဆုံးတွင် မျက်လုံးများပွင့်လာ၏။ နေရောင်အောက်တွင် သူ့မျက်လုံးများထဲမှ ထူးဆန်းသောအစိမ်းရောင်တစ်မျိုး ရောင်ပြန်ဟပ်နေသည်။


သူ့မျက်လုံးများကို တဖြည်းဖြည်းဖွင့်လိုက်ပြီးနောက် မျက်နှာကို ခေါင်းအုံးတွင် ပြန်အပ်ထားလိုက်သည်။


ချန်ရှိုက စောင်ပေါ်မှတစ်ဆင့် သူ့ကိုပုတ်လိုက်သည်။

" မြန်မြန်ထတော့…"


လုမော့၏လက်က စောင်ထဲမှထွက်လာပြီး သူ့ဆံပင်များကို ညင်သာစွာဆွဲဖွလိုက်သည်။


" ဘာဖြစ်လို့လဲ…"

သူ ရေရွတ်လိုက်စဉ်တွင် လှုပ်ရှားမိသွားသောကြောင့် စောင်ကလျှောကျသွား၍ အနီကွက်များရှိနေသည့် ကျောပြင်ကို လှစ်ဟပြလိုက်သကဲ့သို့ ဖြစ်သွားသည်။


ချန်ရှိုက ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး စကားတစ်လုံးမှ မပြောနိုင်တော့ပေ။ 


လုမော့က သမ်းဝေလိုက်ပြီး ခြေထောက်များကွေး၍နေလိုက်ပြီး မျက်နှာကို လက်ဖြင့် ခဏကြာအောင် အုပ်ထားလိုက်သည်။ 


ထို့နောက် တံတောင်ဖြင့်ထောက်ပြီး တဖြည်းဖြည်းချင်းထထိုင်လိုက်သည်။ 


သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အားပြတ်လပ်မှု အငွေ့အသက်များ ထုတ်လွှတ်နေ၍ ချန်ရှို မျက်ရည်များပင် ဝဲလာသည်။ 


လုမော့က သူ့ခန္ဓာကိုယ်ကို စောင်ဖြင့်လွှမ်းထားပြီး ခေါင်းငုံ့ထားကာ မသဲမကွဲလေသံဖြင့် ပြောလိုက်သည်။


လုမော့၏ပခုံးထက်သို့ လက်တစ်စုံက ညင်သာစွာရောက်ရှိလာသည်။ လုမော့ ငိုက်မျည်းစွာဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါ စိတ်ခံစားချက်များဖြင့်ပြည့်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ 


" လုမော့… မင်းမှာ ဒီလောက်မြင့်မြတ်တဲ့ ရိုးသားဖြောင့်မတ်စိတ်နဲ့ တာဝန်သိစိတ်ရှ်ိမယ်လို့ မထင်ထားခဲ့မိဘူး… မင်းက ကမ္ဘာဂြိုဟ်အတွက် တော်တော်လေး ကြိုးစားပေးခဲ့တာပဲ…"

ချန်ရှိုက မျက်ရည်များဝဲလာသည်။


လုမော့ ဇဝေဇဝါဖြစ်သွားသည်။

" ဟမ်…"


ချန်ရှိုက တစ်ယောက်တည်းဆက်ပြောနေသည်။

" အခုတော့ ငါ အကြောင်းအရင်းကို နားလည်သွားပြီ… ဒါကြောင့်ကိုး…"


လုမော့မျက်နှာကြောင့် ငါတို့ကို ဒီလိုတွေ ကူညီပေးမယ်လို့ ပြောတာကိုး...


သေနင်္ဂဗျူဟာ ၃၆မျိုးက တကယ်ကို အံ့ဩစရာကောင်းတာပဲ... ရှေးလူကြီးတွေက ငါတို့ကို လှည့်စားခဲ့တာ မဟုတ်ဘူးပဲ…


ချန်ရှိုက သူ့ပခုံးကိုပုတ်လိုက်သည်။ 

" မင်း... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ… တကယ်လို့ တစ်ခုခုလိုအပ်တယ်ဆိုရင် ငါ မင်းအစား ဆရာဝန်ကို ဆက်သွယ်ပေးမယ်… သူတို့တွေက စစ်ချွမ်းက အတွေ့အကြုံရှိဆရာဝန်တွေချည်းပဲ… ဘာမှ ရှက်စရာမလိုဘူး…"


လုမော့ ဇဝေဇဝါနှင့်ပင် ခေါင်းညိတ်ပြလိုက်သည်။

" အင်း ကောင်းပြီလေ…"


ချန်ရှိုက တစ်သျှူးတစ်ရွက်ယူပြီး သူ့မျက်ရည်များကိုသုတ်ကာ အခန်းထဲမှ ထွက်သွားသည်။ 


လုမော့ အိပ်ရာပေါ်တွင် ကြောင်အမ်းအမ်းဖြင့် သုံးစက္ကန့်ခန့်ထိုင်နေပြီးနောက် ပြန်လှဲချလိုက်သည်။


"စနစ်…"


"စနစ်…"


"စနစ်ရေ…"


သူ မျက်လုံးမှိတ်ထားပြီး ခေါင်းလည်းကိုက်နေသည်။ 

" မင်း အခု ထွက်မလာဘူးဆိုရင် ငါ အပေါ်ထပ်ကနေ ခုန်ချလိုက်တော့မယ်… အချိန်ကိုက်မဟုတ်လို့ ငါတစ်ခုခု ဖြစ်သွားမယ်ဆိုရင်လည်း ဂရုမစိုက်ဘူး…"


" မရဘူး မရဘူး… အဲ့လိုမလုပ်နဲ့…"


အဖြူရောင်အလုံးလေးက အခန်းထောင့်မှ ခုန်ဆွခုန်ဆွဖြင့်ထွက်လာပြီး လုမော့ကိုယ်ပေါ် ခုန်တက်လာသည်။

" မော့မော့ မင်း တော်တော်ဆိုးတာပဲ… မင်း တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ... ဟမ်…"


စနစ်က ပဲစေ့သဖွယ် အနက်ရောင်မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

" မင်း မှတ်ဉာဏ်တွေ ပြန်ရသွားပြီလား…"


" အင်း ငါအခု အကုန်မှတ်မိသွားပြီ…"


လုမော့ မျက်လုံးတဖြည်းဖြည်းဖွင့်လိုက်သောအခါ သူ၏ မြစိမ်းရောင်မျက်ဝန်းများက နေရောင်ခြည်အောက်တွင် ရွှေရောင်ဆလက်လက်တောက်ပနေသည်။


သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။

" ငါ ချန်ရှိုဆီမှာ အငိုက်ဖမ်းခံရတော့မလို့…"


"...."


"...."


စနစ်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

" လင်းက မင်းကို အားကုန်ခါနီးဖြစ်အောင်လုပ်လိုက်လို့ မင်း သေရေးရှင်ရေး အခြေအနေထိရောက်သွားပြီး အဲ့အချိန်မှာ အကုန်လုံးကို မှတ်မိသွားတာများလား…"


လုမော့ "..."


စနစ် : " ငါတော့ စည်းကျော်မိပြီ…"


လုမော့: QVQ


လင်းရေ မင်းက လွန်လွန်းတယ်လေ QVQ


ငါက အခုချိန်မှာ ကမ္ဘာမြေပေါ်က လူသားတစ်ယောက်လေကွာ QVQ


———————


"ဒါဆို ငါတို့အခု ဘာလုပ်ကြမလဲ…"

လုမော့က အဝတ်အစားများ ဝတ်ပြီးနောက် မေးလိုက်သည်။

" အရင်ကလည်း ဒီအချိန်လောက်မှာပဲ ငါ ကူးပြောင်းသွားတာလို့ထင်တယ် ဟုတ်တယ်မလား... ငါ နောက်တစ်ခါ ကားတိုက်ခံလိုက်ရမလား…"


စနစ်က သူ့ကိုယ်လုံးပိစိလေးကို လှုပ်ခါလိုက်သည်။

" အချိန်ကျလာရင် မင်း သူ့အလိုလို ပြန်ရောက်သွားပါလိမ့်မယ်…"


လုမော့ ရပ်တန့်သွားသည်။

" ငါ ကားနဲ့အတိုက်ခံရပြီးတော့ သေသွားတာ သေချာလားသိချင်လို့ မင်းတို့တွေ ငါ့ကို လာရှာတာလို့ ထင်နေတာ…"


စနစ်က ဘောလုံးလေးတစ်လုံးသဖွယ်ကွေးပြီး တီးတိုးပြောလိုက်သည်။

" လင်းက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ မင်း မသိဘူးပဲ… ငါဆို ကြောက်လို့ သေခါနီးပဲ... ငါ့မှာ အီးတောင်မပေါက်ရဲဘူး… ငါ အဓိကခန္ဓာကိုယ်ဆီကိုသွားပြီး မြေပုံတောင်းမလို့လုပ်တုန်း လင်းက ငါ့ကိုဖမ်းမိပြီး ဒီအထိ ဆွဲခေါ်လာတော့တာပဲ…"


" ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ သူ ဘာလို့ မင်းကိုလာရှာလဲဆိုတာ ငါမသိဘူး... အချိန်တန်ရင် မင်းဘာသာ ပြန်ရောက်လာမှာပဲကို… မင်း ငါပြောတာကိုရော နားထောင်နေရဲ့လား..."


လုမော့က လေးလေးနက်နက်စဉ်းစားနေရာမှ အသိစိတ်ပြန်ဝင်သွားပြီး ပြုံးပြလိုက်သည်။

" ဆောရီး ငါအတွေးလွန်နေလို့…"


" ဟမ့်… ဘယ်ဟာက ငါ့ထက်ပိုပြီး အရေးကြီးနေတာလဲ…"

စနစ်က သူ့အမွေးလေးများကို ခါလိုက်သည်။

" ငါမင်းကို သတိပေးလိုက်မယ်နော် အခုက ငါ့ကိုအာရုံစိုက်ရမယ့် အချိန်ပဲ... ငါ့လိုမျိုး အရမ်းကောင်းတဲ့စနစ်ကို မင်း ဘယ်နေရာမှာ သွားရှာနိုင်မှာလဲ…"


လုမော့က အလိုက်အထိုက်ဖြစ်အောင် ပြောလိုက်သည်။

" ဟုတ်တာပေါ့ ဟုတ်တာပေါ့ ဟုတ်တာပေါ့…"


အမှန်တွင် သူက တစ်ခုခုအကြောင်းကို တွေးနေခဲ့သည်။ 


လုမော့ မေးလိုက်သည်။

" အခု မင်းရဲ့ လုပ်ဆောင်ချက်တွေအားလုံး သုံးလို့မရတော့ဘူးလား…"


စနစ်က အလေးအနက်တွေးကာ ပြန်ဖြေလိုက်သည်။

" မှတ်တမ်းတင်တဲ့ လုပ်ဆောင်ချက်ကလွဲလို့ အားလုံးကို အဓိကခန္ဓာကိုယ်က ပြန်ယူသွားပြီ… ဒါပေမဲ့ အဓိကခန္ဓာကိုယ် ပြော‌တာတော့ ငါက နောက်ဆက်တွဲမစ်ရှင်ကို မှတ်တမ်းယူထားသင့်သေးတယ်တဲ့... စူးစမ်းလေ့လာရမှာတို့ ဘာတို့က်ိုပေါ့…"


တစ်နည်းဆိုရမယ်ဆိုရင် အခုလက်ရှိစနစ်က အဆုံးအစမဲ့ သိုလှောင်နိုင်တဲ့ မိုဘိုင်းကင်မရာလိုပဲ ဖြစ်သွားတာပေါ့…


လုမော့ ငုံ့ကြည့်လိုက်သည်။

" ‌ဒါဆို မင်း ဒီနှစ်တွေအတွင်းမှာ လင်းရဲ့အကြောင်းအားလုံးကို မှတ်တမ်းတင်ထားလား…"


" ဒါပေါ့… မင်း ကြည့်ချင်သေးလား…"

စနစ်က အားတက်သရောဖြင့် ခေါင်းညိတ်ပြသည်။


" ကြည့်မယ်…"


စနစ်က ကြမ်းပြင်ပေါ်ခုန်ဆင်းသွားပြီး သူ့ခန္ဓာကိုယ်ဝိုင်းဝိုင်းလေးကိုလှုပ်ယမ်းလိုက်သည့်အခါ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်။


ထိုအလင်းရောင် ထွက်ပေါ်လာသည်နှင့် လုမော့က မူးဝေမှုလှိုင်းတစ်မျိုးကို ခံစားလိုက်ရသည်။


မြင်ကွင်းတစ်ခုပြီးတစ်ခုက သူ့စိတ်ထဲတွင် စာရွက်လှန်လိုက်သကဲ့သို့ ပေါ်လာတော့၏။


—————


တစ်ခုသောဆောင်းရာသီ ပူနွေးသော မီးပုံဘေးတွင်…


လုမော့က စုတ်တံကိုကိုင်ထားပြီး သူ့ရှေ့မှ ပန်းချီစက္ကူပေါ်တွင် ငရဲစာ‌လိပ်ပုံကို ပန်းချီဆွဲနေသည်။


အခန်းထဲတွင် ဟွားမင်က လင်း၏နံဘေး၌ ထိုင်နေစဉ် ချန်းရှန်က ဗီရိုကြီးတစ်ခုပေါ် မတ်တတ်ရပ်ကာ သူ ယခုလေးတင် သင်လာသော မန္တန်ကို ရွတ်နေသည်။

[ ဟူဟူလာ - ပျံသန်းစေ ]


ဟွားမင်၏လက်ထဲမှ စာအုပ်က တုံ့ပြန်လာသည်။ 


ဟွားမင်က နှုတ်ခမ်းမဲ့လိုက်ပြီး အောင်နိုင်သူပုံစံနှင့် သူ့အစ်ကိုကို တစ်ချက်ကြည့်လိုက်သည်။

" ကျေးဇူးပြုပြီး မှော်ပညာတတ်သလိုလို ဘာလိုလို ဟန်ဆောင်နေတာကို ရပ်လ်ိုက်ပါလား... မင်းမှာ စိတ်စွမ်းအင်တွေ ပေါလွန်းလို့ ဘယ်နေရာမှာသုံးရမယ်ဆိုတာ မသိတော့တာလား…"


ချန်းရှန်က သူ့လက်ထဲမှ မှော်တုတ်တံကို ဝှေ့ယမ်းလိုက်သည်။ 

" သေမျိုးကောင်…ဒါက မဟာမှော်ပညာပဲ… အသူရာချောက်က အရှင်သခင်ရဲ့ ဂုဏ်သိက္ခာကို ညစ်ညမ်းအောင်လုပ်လို့ မရဘူးကွ…"


သူက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။

" ဟုတ်တယ်မလား ပါပါး…"


အနက်ရောင်ဆံပင်၊ အစိမ်းရောင်မျက်လုံးနှင့် အမျိုးသားဇာ့ဂ်က စုတ်တံကို ချလိုက်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း သူ့အမူအရာက ရုတ်ချည်းအေးခဲတောင့်တင်းသွားသည်။


လင်းက မော့ကြည့်လိုက်သည်။


ချန်းရှန်ကလည်း စိတ်ရှုပ်ထွေးသွားဟန်ဖြင့် လုမော့ကို ကြည့်လိုက်သည်။

" ပါပါး…"


အမျိုးသားဇာ့ဂ်၏မျက်နှာက အလျင်အမြန်ပင် ဖြူဖျော့သွားပြီး သူ၏အရပ်ရှည်ရှည်ပုံရိပ်က တဖြည်းဖြည်းလဲကျသွားသည်။


" လုမော့…"


လင်းက အမြန်ပြေးလာပြီး လုမော့ကိုဖမ်းလိုက်သည်။ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေပေသည်။

" လုမော့… လုမော့…"


သွေးစာချုပ်ဖြင့် ချိတ်ဆက်ထားမှုကလည်း ပျောက်ကွယ်သွားခဲ့သည်။


လင်းက ဖြစ်ပျက်နေသည်များကို နားလည်သွားသော်လည်း လုမော့ ထွက်ခွာသွားသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။


" လုမော့… မင်း ငါနဲ့တူတူနေမယ်ဆိုပြီး ကတ်ိပေးခဲ့တယ်မလား..."


" မင်း ငါ့ကို လိမ်ခဲ့တာပဲ…"


လင်းက စိတ်ပျက်အားငယ်စွာဖြင့် လုမော့ကို ကြည့်လိုက်သည်။

" ငါအခု မင်းကို ဘယ်နေရာမှာ လိုက်ရှာရတော့မှာလဲ… ငါ စကြဝဠာကြီးရဲ့အဆုံးကိုသွားရင်တောင်

မှ မင်းကိုရှာတွေ့ပါ့မလား…"


သားပေါက်လေးနှစ်ကောင်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ဖြစ်ပျက်နေသည်များကို နားမလည်ပေ။


လင်းက လုမော့ပခုံးပေါ် မျက်နှာအပ်ထားလိုက်သည်။ လုမော့၏ခန္ဓာကိုယ်က အသက်မျှင်းမျှင်းရှုနေဆဲဖြစ်သော်လည်း နောက်ထပ် နိုးထမလာတော့ချေ။



🌌🌌🌌