Chapter 112 (End )
Viewers 13k

🌌 Extra 21.2 ( End of Story)



လင်း : " ပစ်ထားလိုက်…"


သို့ရာတွင် ဆက်သွယ်ရေးစက်က အဆက်မပြတ်မြည်နေ၍ မည်သို့ပင်ဖြစ်စေ လျစ်လျူရှု့မရတော့ပေ။ လုမော့က ပြောစရာစကားမဲ့စွာဖြင့် လင်းကို မော့ကြည့်လိုက်သည်။ 


လင်းက အိပ်ရာပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်ပြီး ဆက်သွယ်ရေးစက်ကိုလှမ်းယူရန် ခန္ဓာကိုယ်ကို ကိုင်းလိုက်ပြီးနောက် သူ့အသံက အလွန်အေးစက်သည့် အသံတစ်သံအဖြစ် ပြောင်းလဲသွားသည်။

" မင်းစကားပြောဖို့ ၃စက္ကန့်ပဲ အချိန်ရမယ်…"


တစ်ဖက်မှ ကျန်းစုကွမ်း၏နှုတ်ခမ်းက သိသိသာသာပင် ရှုံ့မဲ့သွားသည်။ 

" ဆုပေးပွဲကိစ္စက ဆုံးဖြတ်ပြီးသွားပြီ… နောက်တစ်ပတ်ကျရင် ဧကရာဇ်အသစ်က လုမော့ကို ကိုယ်တိုင်ဆုချီးမြှင့်ပေးမယ်တဲ့… လုမော့ နိုးလာပြီဆိုတာကို ‌ဇာ့ဂ်မျိုးနွယ်တစ်ခုလုံး သိသွားကြပြီ… အဲ့တော့ နောက်ရက်ပိုင်းတွေမှာ နည်းနည်းအလုပ်များလိမ့်မယ် ဘော့စ်... ကိုယ့်ကိုကိုယ်လည်း ဂရုစ်ိုက်ပါဦး... ဟွားမင်နဲ့ ချန်းရှန်ကလည်း ငါ့ဆီမှာ ရှိသေးတယ်နော်… ငါက ဘာကိစ္စနဲ့ အမြဲတမ်း ကလေးထိန်းနေရတာလဲ…"


"ကလစ်" 


လင်းက လက်တစ်ဖက်တည်းဖြင့် ဆက်သွယ်ရေးစက်ကို နှစ်ပိုင်းဖြစ်သွားအောင် ဖိချေလိုက်သည်။ 


သူက အပိုင်းအစများကို လွှင့်ပစ်လိုက်ပြီးနောက် လုမော့ကိုကြည့်လိုက်သည်။ 

" ငါတို့ကိစ္စပဲ ဆက်လုပ်ရအောင်…"


လင်း၏ပါးပြင်မှ ချွေးများစီးကျလာပြီး သူ၏ နူးညံ့သောလည်တိုင်ပေါ် ကျဆင်းလာသည်။ 


သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး နီရဲနေသည့် မျက်နှာထက်တွင် စိတ်မကျေနပ်သည့် အမူအရာမျိုး ရှိနေသည်။ ငွေရောင်ဆံပင်နှင့် အနီရောင်မျက်ဝန်းများကြောင့် သူ့ပုံစံက နတ်ဆိုးနှင့်တူနေသည်။


လုမော့ ပြောလိုက်၏။

" ဒီကိုလာခဲ့…"


သူ့အသံက ဆိုးဆိုးရွားရွား အက်ရှနေခဲ့သည်။ 


သူတို့က အလွန့်အလွန်ရှည်လျားလှသော နေ့ရက်တစ်ရက်ကို အတူတကွဖြတ်သန်းခဲ့ကြသည်။ 


သူတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း စကားလုံးများစွာ ပြောလိုက်သကဲ့သို့ ခံစားခဲ့ရသည်။ 


သူတို့ တစ်ယောက်နှင့်တစ်ယောက် လုံးဝဥဿုံ ယုံကြည်ခဲ့ကြသည်။ 


သူတို့၏ အတိတ်ဘဝတွင် နောင်တများစွာနှင့် နာကျင်မှုများစွာကို ကြုံတွေ့ခဲ့ရသောကြောင့် ယခုချိန်မှစ၍ အရာအားလုံးကို အတူတကွရင်ဆိုင်ကြတော့မည်ဖြစ်သည်။


{ ပြီးပါပြီ }


စာရေးသူ - စတာပါ...


———


ထိုအချိန်က လင်းတွင် တတိယမြောက်ဥကို ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ကြောင်း လုမော့သိရှိခဲ့သည်။ 


ထိုဥကို ကမ္ဘာမြေပေါ်မှလုမော့က ဖန်တီးခဲ့ခြင်းဖြစ်ပေသည်။ 


သူ ကြောက်လန့်သွားပြီး စကားပင် ရှင်းရှင်းလင်းလင်းမပြောနိုင်တော့ပေ။


သူ ရက်ပေါင်းများစွာကြာအောင် အိမ်မက်ဆိုးများ မက်ခဲ့သည်။ 


သူ့အိမ်မက်ထဲတွင်မူ တတိယမြောက်ဥက Thomas the Tank Engineအဖြစ် ပေါက်လာသည်ဟု အိမ်မက်မက်ခဲ့သည်။

[ T/N - ပုံထည့်ရတာ အဆင်မပြေဖြစ်နေလို့ မထည့်တော့တာပါ အဲဒီ Thomasကို တချို့ကတော့သိကြမှာပါ memeအဖြစ်သုံးတဲ့ ရထားပုံကြီးလေ🤣 ခန္ဓာကိုယ်ကရထားကြီးဆိုပေမယ့် မျက်နှာက လူမျက်နှာနဲ့ပါ ]



၎င်းဥက သူ့အိမ်မက်ထဲတွင် Ultramanအဖြစ်‌လည်း ပေါက်လာခဲ့သည်။


သူ ညလယ်ခေါင်တွင် လန့်နိုးလာပြီး ဥကိုစိုက်ကြည့်ကာ သူ့မျက်နှာက သရဲတစ်ကောင်သဖွယ် ဖြူဖျော့လာသည်။


လုမော့ ပြောပြသည်များကိုနားထောင်ပြီး လင်း၏မျက်နှာက ရှုံ့မဲ့သွားသည်။


လင်း : " သူ Ultramanအဖြစ် ပေါက်လာရင်လည်း အရမ်းတော့ မဆိုးပါဘူး ဟုတ်တယ်မလား…"


လုမော့ "..."


လင်း "..."


လင်းက သူ့ကို နှစ်သိမ့်လိုက်သည်။

" မင်း အရမ်းပင်ပန်းနေတာလား…"


၎င်းက ဖြစ်နိုင်ချေရှိပေသည်။


မကြာခင်ကျင်းပတော့မည့် ဆုပေးပွဲက လုမော့ကို ရူးနှမ်းအောင် ပြုလုပ်နေသည်။ ထိုပွဲက ကြီးကျယ်ခမ်းနားလွန်းသော ပွဲကြီးတစ်ပွဲ ဖြစ်လာလိမ့်မည်ဟု သူ့ကို မည်သူကမှ မပြောပြခဲ့ပေ။


၎င်းကို သာမန်အခမ်းအနားငယ်တစ်ခုဟုသာ လုမော့ထင်ခဲ့ပေသည်။

ဧကရာဇ်အသစ်က တခြားဇာ့ဂ်တစ်ယောက်ကို သူ့ရဲ့ဆက်ခံသူအဖြစ် ဘာလို့ရွေးရတာလဲ…


ဧကရာဇ်အသစ်က ဂုဏ်ကျက်သရေရှိပြီး ချောမောခံ့ညားသည့် အမျိုးသမီးဇာ့ဂ်တစ်ယောက်ဖြစ်သည်။ သူ၏ ရွှေရောင်ဆံပင်နှင့် မျက်လုံးများကြောင့် လုမော့က ဒဏ္ဍာရီလာ နေနတ်ဘုရား အပိုလိုကို သတိရမိသွားသည်။


ထိုသို့သော ပြိုင်ဘက်ကင်းအရှိန်အဝါမျိုးကြောင့် သူ့မျက်နှာကို မည်သူမှ တည့်တည့်မကြည့်ရဲကြပေ။ 


ထိုသို့သော ဧကရာဇ်အသစ်က လုမော့ပေါ်တွင် အနည်းငယ် စိုးရိမ်ကြောင့်ကြပေးနေပုံပေါ်သည်။ သို့ရာတွင် ၎င်းက လုမော့အတွက် အရေးမကြီးပေ။ သူက အေးချမ်းသောဘဝတစ်ခုကိုသာ အလိုရှိခြင်းဖြစ်သည်။ 


ဧကရာဇ်အသစ်က သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး အစေခံများကို ထွက်သွားခိုင်းလိုက်သည့်အချိန်တွင်မှ လုမော့အနည်းငယ် စိတ်ပူလာခဲ့သည်။ 


ဘာတွေဖြစ်နေတာလဲ...


သူငါ့ကို အကျပ်ကိုင်တော့မှာလား… ဒါမှမဟုတ် သွေးဆောင်ဖြားယောင်း တော့မှာလား…


ဒါမှမဟုတ် ငါ့ကိုစစ်ဆေးနေတာများလား…


အံ့ဩစရာကောင်းသည်မှာ ဧကရာဇ်အသစ်၏ နောက်ထပ်ပြုလုပ်လာသော လှုပ်ရှားမှုက လုမော့ကို လုံးဝ‌ဆွံ့အသွားစေခြင်းပင်။


မြင့်မြတ်ကာ ဂုဏ်သရေကြီးမြင့်သော ဧကရာဇ်က လုမော့ရှိရာသို့ လျှောက်လာပြီး သူ့ဝတ်ရုံအနားစကိုကိုင်၍ လုမော့ထံသို့ ပေးလိုက်သည်။


လုမော့: ဟမ်…


ဧကရာဇ် : " လူကြီးမင်းဆီကနေ ပထမဆုံးလက်မှတ်လေးများ ရနိုင်မလား…"


လုမော့: =_=


ဧကရာဇ်က သွားများပေါ်သည်အထိ ပြုံးပြလိုက်သည်။

" မင်း လုမော့ရဲ့ fan club ဆိုတာကိုသိလား…"


လု‌မော့၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားသည်။

" ကျွန်... ကျွန်တော် နည်းနည်းတော့ ကြားဖူးပါတယ်…"


အားးး ငါ့ကိုကယ်ကြပါဦး…


ဧကရာဇ်အသစ်က ဒါမျိုးကိစ္စတွေလည်း သိနေတာပဲလား…


ချီးပဲ ငါတကယ် လမ်းပျောက်နေပြီ… အခုလက်ရှိငါက အရင်လို ဆန်ကုန်မြေလေးကောင် မဟုတ်ဘူးလေ... အရမ်းရှက်ဖို့ကောင်းတာပဲ… ငါ့ကိုကယ်ကြပါဦး အား အား အားး...


" အိုး… တော်သေးတာပေါ့… ငါ့ရဲ့အားထုတ်မှုတွေက အလဟဿတော့ မဖြစ်ဘူးပဲ…"

ဧကရာဇ်၏ ပျော်ရွှင်သော အပြုံးက လုမော့က လုမော့ကို အလွန်အမင်း စိတ်မသက်မသာဖြစ်စေသည်။


လုမော့က စိတ်ညစ်ညူးစွာဖြင့် ဧကရာဇ်ကိုကြည့်လိုက်သည်။

" အရှင် ဘာပြောချင်တာများလဲဆိုတာ ကျွန်တော် မေးလို့ရမလား…"


" ဟုတ်သားပဲ…"

ဧကရာဇ်က လက်မထောင်ပြလိုက်သည်။

" လုမော့ fan clubရဲ့ခေါင်းဆောင်က တခြား‌သူမဟုတ်ဘူး ငါပဲ…"


လုမော့: =_=


သူ နောက်ဆုံးတွင် ဤဆုပေးပွဲ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီဖြစ်သည်။ 


၎င်းက ဧကရာဇ်၏ သူ့ကိုယ်ရေးကိုယ်တာဆန္ဒတစ်ခုကို ဖြည့်ဆည်းလိုက်သော တွေ့ဆုံပွဲတစ်ခုသာဖြစ်သည်။


ဧကရာဇ်က သူ့ကို ရိုးသားစွာဖြင့် ကြည့်လိုက်သည်။

" လူကြီးမင်း… ငါမင်းကို နှစ်စဉ်ရတဲ့ကို အခွန်ရဲ့ ငါးပုံတစ်ပုံ ပေးပါမယ်၊ အစိုးရ ဆိပ်ကမ်းအခွင့်အရေး ငါးပုံတစ်ပုံ၊ မိုင်းတွင်းတူးဖော်ရေးလုပ်ငန်းအခွင့်အရေးရဲ့ ငါးပုံတစ်ပုံတွေလည်းပေးပြီး တော်ဝင်ဘွဲ့တစ်ခုခု ချီးမြှင့်ပါမယ်… မင်းရဲ့မျိုးဆက်တွေကလည်း အချိန်တန်ရင် ဒီရာထူး၊အခွင့်ထူးတွေကို ဆက်ခံရမယ်…"


လုမော့က သူ့ကို အမြန်ဖြတ်ပြောလိုက်သည်။

" နေ... နေပါဦး…"


" အရှင် ဒါက ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော်မထင်ဘူး… အခုက အရမ်းကို ကတိုက်ကရိုက်ဖြစ်လွန်းတယ်..."

လုမော့ မျက်မှောင်ကြုတ်လိုက်သည်။


ဧကရာဇ်က ပြုံး၏။

" ဘာလို့ဖြစ်ရမှာလဲ… ဒါက ငါတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလေ…"


လုမော့ မေးလိုက်သည်။

" ဒါဆို…"


ဧကရာဇ်က လုမော့ကို နက်နက်နဲနဲ ကြည့်လိုက်သည်။

" မင်းက ဘာအကျိုးကျေးဇူးမှ မမျှော်ကိုးဘဲနဲ့ ဇာ့ဂ်မျိုးနွယ်တစ်ခုလုံးကို ပျက်စီးလုဆဲဆဲ အခြေအနေကနေ ကယ်တင်ပေးခဲ့တယ်လေ… မင်း သတိမေ့နေခဲ့တဲ့ ၂၇နှစ်လုံးလုံးမှာ ဇာ့ဂ်မျိုးနွယ်စုတစ်ခုလုံးက ဝမ်းနည်း၊ စိတ်ဓာတ်ကျနေခဲ့ရပြီးတော့ မလွတ်မြောက်နိုင်ခဲ့ဘူး…"


ဧကရာဇ်က လက်တစ်ဖက်ကို သူ့ရင်ဘတ်ပေါ်တင်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။

" မင်းလုပ်ခဲ့ပေးတဲ့အရာအတွက် ဘာမှပြန်မလုပ်ပေးနိုင်လို့ ငါတို့တွေ ခံစားခဲ့ရတယ်… အဲဒါကြောင့်မို့ ဒီအချိန်မှာတော့ ကျေးဇူးပြုပြီး ငါတို့ကို စိတ်လိုက်မာန်ပါလုပ်ခွင့်ပေးပါ…"


" ဒါက ဇာ့ဂ်မျိုးနွယ်စုတစ်ခုလုံးရဲ့ ဆန္ဒပါပဲ…"


" ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပေးပါ…"


———


လုမော့ ခေါင်းကုတ်လိုက်မိသည်။ သို့သော် အဆုံးတွင်မူ သူ ဧကရာဇ်ကို ငြင်းဆန်ခဲ့သည်။ အရှိန်အဝါကြီးမားလှသော ဧကရာဇ်အသစ်၏ စိတ်ပျက်မှုခံစားချက်များက လျှံကျမတတ်ဖြစ်နေခဲ့သည်။ 


သို့ဖြစ်၍ လုမော့က ရွေးချယ်စရာမရှိတော့ဘဲ အလွန်အကြူးမဖြစ်သည့် ကမ်းလှမ်းမှုအချို့ကို လက်ခံခဲ့၍ ဧကရာဇ်က အနည်းငယ်စိတ်ငြိမ်သွားခဲ့သည်။


သို့သော် အဆိုးဆုံးအပိုင်းက မရောက်ရှိလာသေးသည်ကို သူ မသိခဲ့ပေ။


သူ အိမ်ထဲမှ အိမ်ပြင်ကို မထွက်ရဲတော့ပေ။


သူ အပြင်ထွက်ချိန်တိုင်း လူအများက သူ့ကားထဲ စားစရာများ ပစ်ထည့်ပေးကြသောကြောင့် တောင်ကုန်းငယ်လေးတစ်ခုသဖွယ်ပင် ဖြစ်လာသည်။


၎င်းက ဧရာမစားသောက်ပွဲကြီးကဲ့သို့ပင်။


စနစ်က လုမော့အတွက် (ရူးသွပ်နေသောပရိသတ်များ၏ ရောင်ဝါ) ကို အနည်းဆုံးအထိ ထားခဲ့ပေးသော်လည်း သူက လူအများ၏ စိတ်အားထက်သန်မှုကို တောင့်မခံနိုင်ခဲ့ပေ။ စနစ်လည်း ထိတ်လန့်သွားရသည်။


" ဒါပေမဲ့ ဒါကြီးက အဆင့်အမြင့်ဆုံးရောင်ဝါလေ…"

သူ တအံ့တဩဖြင့် ရေရွတ်နေခဲ့ပြီး စိတ်ဓာတ်ကျသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ 

" အဲဒါ တကယ်အသုံးမဝင်ဘူးတဲ့လား… အဟင့် အဟင့် အဟင့်... မရဘူးလေ အဲ့လိုမဖြစ်ရဘူး…"


လုမော့က တည်ငြိမ်စွာဖြင့်သာ ငှက်ပျောသီးအခွံနွှာနေသည်။

" ငါတို့ ကမ္ဘာမြေကိုပဲ ပြန်သွားရအောင်… အဲ့မှာဆိုရင် ဘယ်သူမှ ငါ့ကိုမသိဘူးလေ…"


လင်း၏ တတိယမြောက်ဥကို ကမ္ဘာပေါ်တွင် မွေးဖွားခဲ့၏။


၎င်းက ထူးဆန်းသော ဥတစ်မျိုးဖြစ်သည်။


ဥပေါ်တွင် မည်သည့်ပုံစံမှ မပါဝင်သည့်အပြင် ၎င်းက အဖြူရောင်ဥလည်း မဟုတ်ပေ။ ထိုဥက တစ်ပြင်လုံး မည်းနက်နေသည့် ဥတစ်လုံးဖြစ်သည်။


လုမော့က ဥကို လက်ဖြင့်တောက်ကြည့်ပြီး ပြောလိုက်သည်။

" အိုး… ဘဲဥလေးပဲ…"


လင်းက တည်ငြိမ်စွာဖြင့် အမှန်ပြင်ပေးလိုက်သည်။

" စူပါမန်းဆားငန်ဥပါ…"


လုမော့: =_=


လင်းကတော့ တကယ်ကို လင်းပါပဲ…


သူက တစ်လအတွင်းတွင် ကမ္ဘာမြေပေါ်မှ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ရင်းနှီးလာခဲ့သည်။


လင်းက အဖြူရောင် မာကာပန်တစ်ချောင်းယူပြီး ဥပေါ်တွင် စာရေးတော့မည့်အချိန်၌ လုမော့က သူ့လက်ထဲမှ ဆွဲလုလိုက်သည်။

" မင်း ဘာရေးမလို့လဲ…"


လင်းက သူ့ကို ဖြူစင်စွာကြည့်နေသည်။

" စူပါမန်းဆားငန်ဥ လေ…"


မင်း အဲဒီကားတွေ ဘယ်လောက်တောင် ကြည့်ထားတာလဲ…


လုမော့၏ အမူအရာက ချက်ချင်းပင် စူပုပ်ပုပ်ဖြစ်သွားသည်။

" ပထမတစ်ယောက်တုန်းက လုချန်းရှန်၊ ဒုတိယတစ်ယောက်က လုဟွားမင်လေ တတိယတစ်ယောက်ကျမှ စူပါမန်းဆားငန်ဥတဲ့လား…"


(T/N - ဟွားမင်နဲ့ ချန်းရှန်ကတော့ အမြွှာပါ၊ အရှေ့မှာတော့ ချန်းရှန်ကို အစ်က်ိုဆိုပြီးပြောခဲ့ဖူးပါတယ် )


လင်း၏ မျက်လုံးက အရောင်တောက်ပသွားသည်။

" ဟုတ်တယ်လေ…"


လုမော့က သူ၏ အိမ်သူဘုရင်မကိုကြည့်ပြီး ခေါင်းမကိုက်ဘဲ မနေနိုင်တော့ချေ။


" လျှို ဝေ့ တိ ဟွမ် ဝမ် " အစရှိသော တရုတ်အက္ခရာစာလုံးများကို ခန္ဓာကိုယ်များပေါ်တွင် တက်တူးထိုးလေ့ရှိသော နိုင်ငံခြားသားများအကြောင်းကိုလည်း လုမော့ တွေးလိုက်မိသည်။


" ထားပါ ကိုယ်လုပ်လိုက်မယ်…"


မသိမသာ ယိမ်းထိုးသွားပြီး မျှော်လင့်တကြီးဖြစ်နေဟန်ရသော အနက်ရောင်ဥကို လုမော့ တစ်ချက်ကြည့်လိုက်သည်။


ခဏတွေးတောပြီးသည့်နောက်တွင် လုမော့က ဥပေါ်တွင် စာလုံး၃လုံး ရေးလိုက်သည်။


[ လုကျွင်းဟောက် ]


ညကောင်းကင်ယံအောက်တွင် ဆံပင်အနက်ရောင် အမျိုးသားဇာ့ဂ်နှင့် ‌ဆံပင်ငွေရောင် အမျိုးသမီးဇာ့ဂ်တို့က ပြတင်းပေါက်ဘောင်ပေါ်တွင် ဘေးချင်းကပ်လျက်ထိုင်နေပြီး အနက်ရောင်ဥလေးက အမျိုးသားဇာ့ဂ်၏ရင်ခွင်ထဲတွင် အသိုက်ဖွဲ့နေနေသည်။


အခန်းထဲတွင်မူ ဟွားမင်နှင့် ချန်းရှန်တို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။


အဖြူရောင်အလုံးလေးဖြစ်သောစနစ်က ခုန်ဆွခုန်ဆွနှင့် အနက်ရောင်ဥလေးကို ကြည့်နေသည်။


သူက မမွေးဖွားလာသေးသော ကလေးငယ်လေးကို မြင်နေရပုံပေါ်သည်။


အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်လုံးများနှင့် ကလေးငယ်လေးက လုမော့နှင့်အလွန်တူပေသည်။


စနစ်က သူ့မျက်နှာလေးကိုအုပ်ထားပြီး တွေးလိုက်မိသည်။ 

ကောင်းလိုက်တာ… လုမော့ကတော့ သေချာပေါက်ကို ပျော်နေမှာပဲ… လင်းကတော့ ပိုပျော်နေလိမ့်မယ်…


အခုတော့ သူတို့နှစ်ယောက်ကို မပြောပြသေးတာပဲ ကောင်းပါတယ်…ဟီးဟီးဟီး...


စနစ်က ဤသို့ဆုံးဖြတ်လိုက်သည်။


ခဏအကြာတွင် ကြယ်တစ်စင်းက ကောင်းကင်ယံမှ လျှပ်တပြက် ကြွေကျလာသည်။


လင်းက လုမော့၏နှုတ်ခမ်းထောင့်ကိုနမ်းပြီး ပြောလိုက်သည်။

" လုမော့… ဟိုမှာ ကြယ်ကြွေနေတယ်…"


လုမော့က "အင်း" ဟု အသံပြုပြီး ပြောလိုက်သည်။

" မင်းအခု ဆုတောင်းလို့ရပြီလေ…"


" မင်းရော ဘာဆုတောင်းချင်လဲ…"


လုမော့က ခဏတာ အလေးအနက်တွေးလိုက်၏။ 

" ကိုယ် လောလောဆယ်တော့ ဘာမှမတွေးမိသေးဘူး…"


လင်းက ရယ်လိုက်သည်။

" ငါရောပဲ…"


ဒါဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့လူအားလုံး သူတို့အတွက် အအေးချမ်းဆုံးနေရာကို ရှာတွေ့ကြပါစေလို့ပဲ ဆုတောင်းလိုက်ကြတာပေါ့…


လုမော့နဲ့ လင်း လိုမျိုးလေ…


[ ပြီးပါပြီ ]


🌌🌌🌌


နောက်ဆုံးတော့ extraတွေ အကုန်လုံးလည်းပြီးသွားလို့ ဇာတ်လမ်းလေးလည်း အဆုံးသတ်သွားခဲ့ပါပြီရှင်🥹 ပြောရရင် လုမော့တို့ မိသားစုအခန်းလေးတွေ များများဖတ်ချင်သေးတာ extraမှာလည်း ကလေးတွေအကြောင်းက နည်းနည်းပဲပါလိုက်တယ်🥺


ကလေးလေးတွေကလည်း ချစ်ဖို့ကောင်းပေမယ့် ဒီထဲမှာတော့ မီက စနစ်လေးကို အချစ်ဆုံးပဲ သူက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လုမော့ဘက်က ရပ်တည်ပေးခဲ့တာ၊ သူ့

အဓိက ခန္ဓာကိုယ်ဆီကို ပြန်လိုက်သွားရင် ရရဲ့သားနဲ့ လုမော့ဘေးမှာပဲ နေပေးခဲ့တယ် က်ိုယ်ကတော့ သူ့ကိုအရမ်းလည်းချစ် အရမ်းလည်း အူယားတယ်😭


လုမော့တို့ မိသားစုလေးကို ချစ်ပေးခဲ့ကြတဲ့ စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် နောက်novelတွေမှာ ပြန်တွေ့ကြမယ်နော်💙