Chapter 184
Viewers 49k

💘Chapter 184 

နည်းဗျူဟာများ




“ဖေဖေ...ဦးဦးဝေ့က သားတို့အိမ်ကို ဘယ်တော့လာမှာလဲ” အဝတ်မပါသည့် ဘီစကစ်လေးက ရေချိုးခန်းထဲမှ မေးလာလေသည်။


ဘီစကစ်လေး ထိုသို့ မေးလာသည့်အခါ ကွတ်ကီး မှင်သက်သွားသည်။ ဘီစကစ်လေးက သူ့ကိုပုတ်လိုက်မှသာ သူ အသိပြန်ဝင်လာပြီး ပြောလိုက်သည်။


 â€œá€”á€ąá€Źá€€á€şá€›á€€á€şá€”á€Šá€şá€¸á€”á€Šá€şá€¸á€€á€źá€Źá€›á€„á€şá€•á€ąá€Ťá€ˇâ€ သူက ဝေ့ဟွားနှင့် လေးနက်သည့် ဆက်ဆံရေးတစ်ခုရှိနေပြီး ထိုအကြောင်းကို သူ့အဖေလည်းသိသွားပြီဖြစ်သည်။ ထို့ကြောင့် ဝေ့ဟွားအား သူ့အဖေနှင့်တွေ့ရန် ခေါ်လာဖို့အလျင်လိုလေသည်။ 


သို့သော်လည်း...။


ကွတ်ကီး ဘီစကစ်လေးကို ကြည့်လိုက်သည်။ ဘီစကစ်လေးက ဝေ့ဟွားနှင့် တထေရာတည်းတူနေသောကြောင့် သူ့အဖေ ချက်ချင်းသတိထားမိမှာ သံသယဝင်စရာမရှိချေ။ တကယ်တမ်း ဝေ့ဟွားက ဘီစကစ်လေး၏ အခြားအဖေတစ်‌ယောက်ဖြစ်သည်။ 


ဘီစကစ်လေးမွေးဖွားလာသည့်အချိန်တုန်းက သူ့အဖေ၏မျက်လုံးထဲမှ အကြည့်များကို ကွတ်ကီးပြန်တွေးလိုက်တိုင်း ထိုအကြည့်များက ဘီစကစ်လေး၏ အခြားအဖေတစ်ယောက်အား ရှင်းထုတ်ချင်နေကြောင်း ဖော်ပြနေသောကြောင့် သူခေါင်းကိုက်လာရသည်။ 


သိပ်မဝေးသည့်အနာဂတ်တွင် သူ့ကိုစောင်ကြိုနေသည့် ဒရာမာမှာ တစ်ခုပြီးတစ်ခုရှိနေလိမ့်မည်ဟု သူယုံကြည်လေသည်။ 


ဘီစကစ်လေး၏အသံက ကွတ်ကီး၏ အာရုံများကို ပြန်ခေါ်လိုက်သည်။ ဘီစကစ်လေးက ဆေးကြောပြီးသွားသည်ကို ကြည့်ရင်း ဘီစကစ်လေးကို ရေထဲမှ ထုတ်လိုက်ကာ တဘက်ဖြင့် ပတ်ပေးလိုက်သည်။ 


“ဖေဖေ...အခုဘာတွေတွေးနေတာလဲ” ဘီစကစ်လေးက ကွက်ကီး၏လည်ပင်းကို ဖက်တွယ်လာ၍ သိချင်စိတ်များဖြင့် မေးလာ၏။


ကွက်ကီးက ခေါင်းခါ၍ ပြောလာသည်။ “ဘာမှမဟုတ်ပါဘူး...ဒီအတိုင်း လျှောက်တွေးနေတာ”


ဘီစကစ်လေးအား ညအိပ်ဝတ်စုံဝတ်၍ ဆံပင်ကိုအခြောက်ခံပေးပြီး‌နောက် ကွက်ကီးက သူ့ကို သိပ်လိုက်သည်။ ထို့‌နောက် သူ့အခန်းထဲသို့ ပြန်၍ ကွန်ပျူတာအရှေ့တွင် ထိုင်လိုက်သည်။ 


ကွတ်ကီး၏ သေးသွယ်သည့်လက်ချောင်းများက ကွန်ပျူတာကို ထိလိုက်သည်နှင့် သူအပြုအမူအားလုံးက ပြောင်းလဲသွားတော့သည်။ ယခင်က ညင်ညင်သာသာရှိသော်လည်း ရှည်လျားပြီးသေးသွယ်သည့်လက်များက ကီးဘုတ်ကို ထိလိုက်သည်နှင့် ကွတ်ကီး၏အကြည့်များက ထက်ရှလာတော့သည်။ 


လျင်မြန်စွာ စာရိုက်နေသည့်အသံများက အခန်းထဲတွင် ပြည့်နေပြီး ကုတ်စာတန်းများက ကွန်ပျူတာမျက်နှာပြင်တွင် နေရာယူထားသည်။ ကွတ်ကီး စာရိုက်ပြီးသွားသည့်အခါ များပြားသည့် အချက်အလက်များနှင့် ပုံများက မျက်နှာပြင်တွင်ပေါ်လာတော့သည်။ 


ဤပိတ်ထားသည့်ဖိုင်ထဲတွင် လီနာ၏ အရှက်မဲ့နေသည့်ပုံများစွာ ရှိလေသည်။ အမျိုးသမီးကတော့ သူမတစ်ယောက်တည်းသာဖြစ်ပြီး ဓာတ်ပုံတစ်ပုံလျှင် ယောက်ျားတစ်ယောက်စီ ပြောင်းသွားလေသည်။ ထို့အပြင် အချို့ပုံများတွင် အမျိုးသားများစွာပင်ပါသေး၏။ လီနာ၏ ကိုယ်ရေးကိုယ်တာဘဝက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလေသည်။ 


သို့သော်လည်း ကွတ်ကီးက ထိုအရှက်မဲ့နေသည့် ပုံများကိုကြာကြာကြည့်မနေလိုက်ပေ။ 


ကွတ်ကီးက စုစည်းထားသည့်အချက်အလက်များကို ကြည့်နေရင်း မျက်နှာအမူအရာများက တဖြည်းဖြည်း မည်းမှောင်လာတော့သည်။ 


လီနာက ဝေ့ဟွားကို ဆေးခပ်ခဲ့သည့်နေ့ကို ပြန်တွေးရင်း ကွတ်ကီး ဒေါသထွက်လာပြီး မောက်စ်ကို အခန်းထဲသို့ ပစ်ပေါက်လိုက်တော့သည်။ 


HIV...


လီနာမော်ရေးတွင် တကယ်တမ်း HIV ရှိနေ၏။


HIV က ကြောက်ဖို့မကောင်းသော်လည်း ပိုကြောက်ဖို့ ကောင်းသည်က သူမတွင် HIV ရှိနေသည်ကို သိနေလျက်နှင့် ထိုကဲ့သို့ ပြုမူခဲ့သည်ပင်။ 


တကယ်လို့သာ...


တကယ်လို့သာ ကွတ်ကီးရဲ့နှလုံးသားက မပျော့ပြောင်းသွားဘဲ အဲဒီ့နေ့က ဝေ့ဟွားကို သွားမခေါ်ခဲ့ရင် လီနာ အောင်မြင်သွားလောက်လား...။ 


ပြန်တွေးကြည့်ရင်း ကွတ်ကီး ကြက်သီးများထလာခဲ့သည်။ ထို့နေ့က လီနာသာ အောင်မြင်သွားပါက ဖြစ်လာမည့် အကျိုးဆက်များက မတွေးရဲစရာပေ။ ဒီတစ်ခေါက် လီနာ၏အချက်အလက်များကို တူးဖော်လိုက်သည်က များစွာသော အရာများကို ဖော်ထုတ်မိလိမ့်မည်ဟု သိသော်လည်း ဤကဲ့သို့ ဆေးစစ်ဆေးချက်ကို တွေ့ရလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ 


လီနာက သူမတွင် HIV ရှိနေကြောင်း သိနေသည့်တိုင် ကိုယ်လက်နှီးနှောခြင်းများကို ဆက်လက် လုပ်ဆောင်နေဆဲပင်။ ၎င်းက လီနာက ကလဲ့စားဖြစ်နိုင်သည်။ သူမက ပိုးအား လူများစွာကို ကူးစက်စေပြီး သူမကဲ့သို့ ဖြစ်လာအောင် လုပ်နေချင်တာဖြစ်လိမ့်မည်။ 


ကွတ်ကီး ဒေါသကြောင့် တုန်ယင်လာရသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ သူက ရထားသည့်ဆေးစစ်ချက်ရလဒ်အား လီနာ၏အဖေ ဖင်ဂယ်လ်မော်ရေးဆီသို့ ပို့လိုက်တော့သည်။ 


ဖင်ဂယ်လ်မော်ရေးက ထိုအကြောင်းကိုသိသွားသည်နှင့် လီနာအား ယူအက်စ်သို့ ပြန်ခေါ်ရန် အာဏာသုံး၍ လုပ်ဆောင်လိမ့်မည်ဟု သူ ယုံကြည်သည်။ ဖင်ဂယ်မော်ရေးက ဤစက်ဆုပ်ဖွယ်ကောင်းသည့် အခြေအနေအား မော်ရေးမိသားစု၏ အခြားမိသားစုဝင်များလက်ထဲသို့ ရောက်မသွားစေချင်‌‌ပေ။ ကွတ်ကီးက လီနာ၏ အချက်အလက်များကို ဟက်နေသည့်အချိန်က မော်ရေးမိသားစု၏ လက်တလောအခြေအနေများကိုလည်း စစ်ဆေးကြည့်ခဲ့သည်။ မော်ရေးမိသားစု၏ လက်ရှိခေါင်းဆောင်က ပြင်းပြင်းထန်ထန်ဖျားနာနေပြီး ဆေးရုံတင်ထားရသောကြောင့် မော်ရေးမိသားစုတွင် အိမ်တွင်းရေးပြဿနာများ ပြင်းထန်နေသည်။ ဤအခိုက်အတန့်တွင် ဖင်ဂယ်လ်မော်‌ရေးက ထိုအချက်အလက်ကို သူ့ကိုဆန့်ကျင့်မည့်လူများ၏ လက်ထဲသို့ ရောက်ပြီး သူ့ကိုတိုက်ခိုက်မည့်လက်နက်အဖြစ်ခံလိမ့်မည်မဟုတ်ပေ။


ပေးပို့သည်ဆိုသည့် ခလုတ်ကိုနှိပ်ပြီးသွား‌သော်လည်း ကွတ်ကီးဒေါသထွက်နေသေးသည်။ သို့သော် သူလျင်မြန်စွာနှင့် စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်ပြီး ဝေ့ဟွားကိုဖုန်းခေါ်လိုက်သည်။ စကားပြောသည့်အချိန်တွင် သူ့အသံ၌ ဖုံးကွယ်မထားနိုင်သည့် စိုးရိမ်ပူပန်ခြင်းများနှင့် အလျင်လိုခြင်းများ ပါဝင်နေသည်။ 


“ဝေ့ဟွား...လီနာနဲ့ နီးနီးကပ်ကပ် ထိစပ်ခဲ့တာမျိုးရှိလား...ဒါမှမဟုတ် သွေးတို့၊ တံတွေးတို့နဲ့ ထိတွေ့မိတာမျိုး”


ဝေ့ဟွားက ကွက်ကီး၏မေးခွန်းကြောင့် အနည်းငယ်အံ့ဩသွားသော်လည်း သူသတိထားမိသွားချိန်တွင် ကွတ်ကီးဆိုလိုသည်ကို နားလည်သွားသည်။ 


“ရှောင်ချီချီ...လီနာ့မှာ...”


“ဟုတ်တယ်...လီနာ‌မော်‌ရေးက HIVပိုး သယ်ဆောင်ထားတဲ့သူပဲ...ကျေးဇူးပြုပြီး ငါ့မေးခွန်းကို ဖြေစမ်းပါ” ကွတ်ကီးက အတိုချုပ်ရှင်းပြလိုက်သော်လည်း နှလုံးကတော့ ပေါက်ထွက်မတက် ခုန်နေသည်။ သူမေးခဲ့သည့် မေးခွန်းထဲမှ အခြေအနေများမှ တစ်ခါသာမှန်ခဲ့ပါက ဝေ့ဟွားလည်း HIVပိုးနှင့် ထိတွေ့နိုင်ချေမြင့်သည်။ 


ထိုဖြစ်နိုင်ချေကို တွေးရင်း ကွတ်ကီး ဘယ်လိုခံစားနေရလဲ မသိတော့ပေ။ သူ ဝေ့ဟွားနှင့် ကိုယ်လက်နှီးနှောမိထားသောကြောင့် သူကိုယ်တိုင် HIV ပိုးနှင့် ထိတွေ့မိလားကိုပင် မတွေးမိချေ။ ယခုတွင် သူတွေးနိုင်သည့် တစ်ခုတည်းသောအရာက ဝေ့ဟွား၏ လုံခြုံမှုကိုသာဖြစ်သည်။ သူက ဝေ့ဟွားကို သူ့အရှေ့၌ ရှိနေရန်ပင် မျှော်လင့်မိသည်။ သို့မှသာ သူ သူ့ကို သေချာစစ်ဆေးကြည့်လို့ရမည်ဖြစ်သည်။ 


ယခုတွင် ဝေ့ဟွားက သူနှင့်အတူရှိနေလျှင်တောင်မှ အရာအားလုံးကို သူတစ်ယောက်တည်း ဆုံးဖြတ်၍မရကြောင်း သူကောင်းကောင်းနားလည်သည်။ 


ဖုန်း၏တစ်ဖက်တွင်တော့ ဝေ့ဟွားက ကွတ်ကီး၏ ရှင်းပြချက်များကိုနားထောင်ပြီးနောက် အခြေအနေ၏ အလေးအနက်ကို နားလည်သွားတော့သည်။ သူက မှတ်ဉာဏ်များကို စစ်ဆေးလိုက်ကာ လီနာ၏ တံတွေး၊သွေးတို့ဖြင့် ထိစပ်မှုရှိခဲ့လား ပြန်တွေးလိုက်သည်။ သို့သော်လည်း ခေါင်းထဲ၌ ဘာမှပေါ်မလာခဲ့ချေ။


“ကိုယ်ဘာမှမတွေးနိုင်ဘူး” ဝေ့ဟွား ရိုးသားစွာနှင့် ဖြေလိုက်သည်။


ကွတ်ကီးက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။ “မနက်ဖြန်ကျရင် ဆေးရုံကိုသွားပြီး စစ်ဆေးဖို့လိုလိမ့်မယ်”


ဤနည်းလမ်းကသာ သူ့စိတ်ကို တည်ငြိမ်စေနိုင်လိမ့်မည်။ 


“ကောင်းပြီ” ဝေ့ဟွားက တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။ အခြေအနေ၏ အတိမ်အနက်ကို သူသေချာ နားလည်သည်။ သူသာ တကယ် ကူးစက်ခံထားရလျှင် သူနှင့် ကွတ်ကီးတို့ အတူရှိခဲ့သည့်ညက ကွတ်ကီးကိုလည်း ကူးစက်သွားနိုင်ချေရှိသည်။


“-ီးပဲ” ဝေ့ဟွားမနေနိုင်ဘဲ ဆဲရေးလိုက်ကာ သူ့အနားရှိခုံကို ကန်လိုက်သည်။ သူ့စိတ်အခြေအနေမှာ ‌လေးလံလာတော့၏။


ထို့နောက်တွင် သူတို့နှစ်ယောက်လုံးက ဘာမှမပြောကြဘဲ ဖုန်းလည်းမချကြချေ။ တစ်‌ယောက်အသက်ရှူသံကို တစ်‌ယောက် နားထောင်နေကာ စိုးရိမ်ပူပန်နေသည့် နှလုံးသားများမှာ တည်ငြိမ်လာတော့သည်။ 


“မနက်ဖြန်ကျရင် သွားစစ်ဆေးကြရအောင်” သူတို့ တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။ 


“ကောင်းပြီ” အဖြေကိုလည်း တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။ 


ရုတ်တရက် သူတို့နှလုံးသားများ ဘာကြောင့် ပေါ့ပါးသွားရလဲ နားမလည်နိုင်ဘဲ နှစ်ယောက်သားရယ်လိုက်ကြသည်။ 


“ရှောင်ချီချီ...စောစောအိပ်တော့...ဂွတ်နိုက်” ဝေ့ဟွား ပြောလိုက်သည်။ 


“ဂွတ်နိုက်” ကွတ်ကီး ဖုန်းတစ်ဖက်မှ ထွက်လာသည့် အနမ်းခြွေသံများကို လျစ်လျူရှု၍ ပြန်ပြောလိုက်သည်။  


“ရှောင်ချီချီ...ကိုယ်မင်းကို အနမ်းတွေပေးနေတယ်လေ...တုံ့ပြန်သင့်တာပေါ့” နှလုံးသားများ ပြေလျော့သွားခြင်းနှင့် အတူ ဝေ့ဟွားက ရွှတ်နောက်နောက်ဖြစ်လာသည်။


“မပေးပါဘူး” ကွတ်ကီးက ချက်ချင်း ငြင်းဆန်လိုက်သည်။ 


“မွ...မွ...မွ” ကွတ်ကီး၏ ငြင်းဆန်မှုကို တုံ့ပြန်သည့်အနေဖြင့် ကွတ်ကီး မတုံ့ပြန်မချင်း လက်မလျှော့မည့်အလား အနမ်းများခြွေနေလိုက်သည်။


ကွတ်ကီးသည်းမခံနိုင်တော့ဘဲ ဖုန်းထဲသို့ အနမ်းခြွေသံတစ်ခု ပေးပို့လိုက်သည်။ ထို့နောက် တစ်ခုခုက သူ့လက်ကို လောင်နေသည့်အလား ဖုန်းချလိုက်တော့သည်။ 


ဖုန်းတစ်ဖက်တွင်တော့ ကွတ်ကီး၏ အနမ်းခြွေလိုက်သည့်အသံက နားထဲတွင် ပဲ့တင်သံထပ်နေရင်း ဝေ့ဟွားက အရူးတစ်ယောက်ကဲ့သို့ ပြုံးလိုက်ကာ ‌ပျော်ရွှင်နေတော့သည်။ 


သို့သော်လည်း ဖုန်းချပြီး သိပ်မကြာခင်တွင် ဝေ့ဟွား၏ မျက်နှာအမူအရာများက မည်းမှောင်၍ လေးနက်သွားသည်။ 


သူကလက်ထဲရှိ ဖုန်းကိုဖွင့်၍ နံပါတ်တစ်ခုကိုခေါ်လိုက်၏။


ဖုန်းခေါ်ဆိုမှုက လျင်မြန်စွာနှင့် ချိတ်ဆက်သွားကာ ဝေ့ဟွားက တိုက်ရိုက်ပြောလိုက်သည်။ “ငါ့ကို လူတစ်‌ယောက်ရှာပေး...တွေ့တာနဲ့ သူမကို အခန်းထဲပိတ်ထား...အချိန်ကျလာရင် သူမအတွက် တစ်‌ယောက်ယောက် ရောက်လာလိမ့်မယ်”


“ကောင်းပြီ” အခြားတစ်ဖက်မှ ခပ်ပြတ်ပြတ်တုံ့ပြန်လာ၏။


“ပြီးတော့...မင်းရဲ့ ညီအစ်ကို‌တွေကို ဘောင်းဘီတွေ သေချာထိန်းဖို့ပြောထား...အဲ့မိန်းမက မသန့်ရှင်းဘူး” ဝေ့ဟွားက အသေးစိတ်မပြောလိုက်သော်လည်း သတိတော့ပေးလိုက်သည်။ 


“သူတို့သတိထားပါလိမ့်မယ်” ဖုန်းတစ်ဖက်မှလူက ကစားပွဲများတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် သူဖြစ်ပြီး ဝေ့ဟွားပြောသည့် “မသန့်ရှင်းဘူး” ဆိုသည့် အဓိပ္ပာယ်ကိုချက်ချင်း နားလည်လိုက်သည်။ HIV က နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ထိတွေ့မိသူတိုင်းမှာ ဆိုးဝါးသည့် အကျိုးဆက်များကို ခံစားရလိမ့်မည်။


ဝေ့ဟွားက ဖုန်းချလိုက်ကာ အကြည့်များက အဆုံးမဲ့နေသည့် ညတွင် ပျောက်ဆုံးသွားတော့သည်။ 


....


တစ်ဖက်တွင်တော့ ကွတ်ကီးက ဝေ့ဟွား၏ စီစဥ်မှုများကို သတိမထားမိပေ။ ဝေ့ဟွားနှင့် ဖုန်းပြောပြီးနောက် သူ့ကွန်ပျူတာက မက်ဆေ့ချ်ရောက်ကြောင်း အချက်ပြလာသည်။ 


သူ့ ကွန်ပျူတာဆီသို့ ပြန်သွားလိုက်ရင်း ထိုမက်ဆေ့ချ်မှာ ဖင်ဂယ်လ်မော်ရေးဆီမှဖြစ်ကြောင်း မြင်လိုက်ရသည်။ ဤကိစ္စက သေးငယ်သည့် ကိစ္စမဟုတ်ပေ။ ဖင်ဂယ်လ်မော်ရေးက ယူအက်စ်သို့ရောက်သွားပြီး အလုပ်အများကြီးက သူ့ကိုစောင့်ကြိုနေသော်လည်း သူ့ဆီသို့ ရည်ရွယ်ချက်ရှိရှိ ပေးပို့လာသည့် ဤအချက်အလက်ပေါက်ကြားသွားသည်နှင့် သူ့ကိုဖော်မပြနိုင်သည့် ထိခိုက်မှုများ သက်ရောက်လာနိုင်သည်။ 


ထို့ကြောင့် သူက အခန်းထဲတွင်ရှိနေသည့် အခြားသူများကို ထွက်သွားခိုင်းလိုက်ပြီး သူနှင့် ထိုမက်ဆေ့ချ်ကိုပို့လာသည့် ဟက်ကာနှင့်သာ ကျန်ရှိစေလိုက်သည်။


“ဟယ်လို...တောင်းဆိုချင်တာများရှိလား” ဖင်ဂယ်လ်မော်ရေးက ဟက်ကာကို ရန်မစဘဲ အလိုရှိမှုကိုသာ စဥ်းစားပြီး တုံ့ပြန်လာသည်က သူ၏ ထိုးထွင်းသိမြင်နိုင်စွမ်းကိုဖော်ပြနေ၏။


ဟက်ကာတစ်ယောက်၏ အင်အားက တိုင်းတာမရနိုင်ပေ။ အထူးသဖြင့် မော်ရေးမိသားစုကိုတောင် ထိပါးလာနိုင်သည့် လူတစ်‌ယောက်ဆိုလျှင် ပိုဆိုးလေသည်။ 


ကွတ်ကီးက မျက်နှာပြင်ပေါ်ရှိ မက်ဆေ့ချ်ကိုကြည့်၍ စာပြန်ရန် အလျင်မလိုလိုက်ချေ။ ထိုအစား သူက ကုတ်အရှည်ကြီးပို့ပေးလိုက်သည်။ ဤကုတ်က ဖင်ဂယ်လ်မော်‌ရေးဆီသို့ ရောက်သွားချိန်တွင် မော်ရေးမိသားစုမှ အခြားဆက်ခံသူတစ်ယောက်၏ အီးမေးလ်လိပ်စာ ဖြစ်သွား၏။ ဖင်ဂယ်လ်မော်ရေးက မည်သူ၏ အီးမေးလ်လိပ်စာမှန်း နှိပ်ကြည့်စရာမလိုချေ။ ချက်ချင်းပဲ နှလုံးခုန်မြန်လာတော့သည်။ သူခြိမ်းခြောက်ခံနေရကြောင်း နားလည်လိုက်သည်။ 


“မင်းရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးဖို့ အကောင်းဆုံး လုပ်နိုင်တယ်” ဖင်ဂယ်လ်မော်ရေးက လျင်မြန်စွာဖြင့် စာပြန်လိုက်သည်။ သူ့အားပြန်လည်ထောက်လှမ်းရန်အတွက် ဟက်ကာတစ်ယောက်ကို ဆက်သွယ်ဖို့ တွေးလိုက်သော်လည်း ဤလှုပ်ရှားမှုကိုမြင်ပြီးနောက် သူတွန့်ဆုတ်သွားသည်။ 


ဒီအချက်အလက်က သူ့ပြိုင်ဘက်တွေဆီ ရောက်သွားနိုင်လောက်လား...။ ပေးပို့သည်ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည့် အချိန်တစ်ခုတွင် တားဆီးရန် သူ့တွင်အင်အားမရှိချေ။ ထို့အပြင် ဤဟက်ကာက ကျွမ်းကျင်လွန်းသည်။ သူသာ ထောက်လှမ်းရန်ကြိုးစားလိုက်လျှင် ထိုဟက်ကာက ၎င်းကို ဖြန့်ဝေလိုက်လိမ့်မည်။ ထိုသို့ ဖြစ်လာပါက ဟက်ကာ အချက်အလက်ကို ဖင်ဂယ်လ်မော်ရေး၏ ပြိုင်ဘက်များဆီသို့ ပေးပို့လိုက်ပြီး သူ့ကြိုးစားအားထုတ်မှုများအားလုံးက သဲထဲရေသွန်ဖြစ်သွားစေလိမ့်မည်။




💘