ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၉၂)
မနက်ပိုင်းတွင် ရောက်ရှိလာသော အစီရင်ခံမှုတစ်ခုကြောင့် ဆိုဗက်စ်စတာမှာ ရူးသွားမလို ဖြစ်နေခဲ့သည်။
သူ အချိန်အတော်ကြာသည်အထိ ကောင့်မြို့စားအမ်ဘာ၏ နောက်ကြောင်းကို စုံစမ်းနေခဲ့သည်။
မကြာသေးမီက အံ့ဩဖွယ်အဖြစ်အပျက်တစ်ချို့ကို သိရှိခဲ့ပြီး သူ ပေါက်ကွဲထွက်လုမတတ် ဖြစ်နေရသည်။
ဒါပေမဲ့ ဒီကိစ္စကို အိုဖီလီယာက ဘယ်လိုတောင် လုပ်ရတာလဲ။ ကယ်လီယန်အတွက်နဲ့လေ!
ဆိုဗက်စ်စတာ သူ့ဇက်ပိုးသူ ဆွဲညှစ်နေလိုက်မိသည်။စိတ်က နောက်ကျိနေခဲ့၏။
"မင်း အခု ဒါကို ရပ်လိုက်လို့ ရပြီ။"
"ဘာ"
"အိမ်ရှေ့စံမင်းသားအပေါ် သွေးဆောင်ဖြားယောင်းနေတာကို ရပ်လိုက်တော့။"
ဆိုဗက်စ်စတာက စိတ်ပိုင်းဖြတ်ထားသောမျက်နှာဖြင့် အိုဖီလီယာကို ပြောလိုက်သည်။
"မင်းရဲ့ဦးနှောက်ကောင်းလေးကို ကိုယ့်အတွက် အသုံးပြုပေးဖို့ လိုတယ်။"
စိတ်ခံစားချက်များကို ချန်လှပ်ထားပြီးနောက် ထိုအချက်ကို အသိအမှတ်ပြုပေးရလိမ့်မည်။
အိုဖီလီယာက အမှန်ပင် လိမ္မာပါးနပ်သည်။သူ ထင်ထားသည်ထက်ပင် ပို၏။
ထို့ကြောင့် ဆိုဗက်စ်စတာက သင့်လျော်သည့် ကောက်ချက်ချမှုတစ်ခုကို ပြုခဲ့သည်။
အိုဖီလီယာက ကယ်လီယန်ကို ထပ်၍ချဥ်းကပ်နေမှုကို တားမြစ်ရမည်။
သို့သော်
"ကျွန်မ မလုပ်ချင်ဘူး။"
အိုဖီလီယာက အခိုင်အမာ ပြောလာသည်။
ဆိုဗက်စ်စတာမှာ ထိုအခိုက်အတန့်၌ ဘာကိုမှ မသိတော့သလို ဖြစ်သွားရ၏။
အိုဖီလီယာ ထိုသို့ ပြန်ဖြေမည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။
"ဘာကြောင့်လဲ ... မင်း ဘာကြောင့် မလုပ်ချင်ရတာလဲ။"
"ကျွန်မ ဒီလောက်အထိ အများကြီး လုပ်လာရပြီးမှ အလဟဿဖြစ်သွားမှာပေါ့။"
"..."
ဆိုဗက်စ်စတာ လက်သီးဆုပ်လိုက်မိပြီး နဖူးကို ထိလိုက်သည်။
သူ့ဒေါသကို ထိန်းထားလိုက်ရ၏။
အိုဖီလီယာက ထိုသို့ပြောရင်း မျက်ဝန်းများကမူ ဆိုဗက်စ်စတာကို ကြည့်နေခဲ့သည်။
"ရိုးသားလိုက်စမ်းပါ၊ရှင် ကျွန်မကို ပိုက်ဆံ ထပ်မပေးချင်တော့ဘူး၊ဟုတ်တယ်မလား။"
"အဲ့လို မဟုတ်ဘူး!"
ဆိုဗက်စ်စတာမှာ ထိန်းမထားနိုင်တော့ဘဲ ချက်ချင်း အော်ဟစ်လိုက်သည်။
"မင်းက ကယ်လီယန်နဲ့အတူရှိနေတော့ ကိုယ့်လမ်းကြောင်းပေါ် လာပိတ်နေပြီကွ !"
"ရှင်ပဲ ဒီလိုလုပ်ဖို့ ကျွန်မကို ပြောခဲ့တာလေ!"
အိုဖီလီယာသည်လည်း ထိန်းမထားတော့ဘဲ အသံကို မြှင့်လိုက်သည်။
"ကျွန်မက ရှင့်စကားတွေကို ယုံကြည်တယ်။ဒီတော့ ရှင် ဘာကြောင့် ရုတ်တရက်ကြီး ရပ်ခိုင်းရတာလဲ။မဟုတ်သေးဘူး၊ကျွန်မ မလုပ်ချင်ဘူး။အိမ်ရှေ့စံမင်းသား ကျွန်မဘက်မှာ ရပ်တည်လာပေးဖို့ တစ်နည်းနည်းနဲ့ လုပ်ရမှာပဲ။"
သူမ မသေနိုင်ဖို့ နေရာလေးတစ်ခု ချန်ထားဖို့တောင် မရည်ရွယ်ရတော့ဘူးလား။
အိုဖီလီယာ ထိုသို့ တွေးမိသည်။
ဆိုဗက်စ်စတာကတော့ အိုဖီလီယာ တွေးနေသည်ကို သိမည်မဟုတ်ပေ။
ထို့ကြောင့် သူ အနည်းငယ် ရှော့ခ်ရသွားခဲ့သည်။
"ပေါ်လာပြီပဲ ... မင်းက ကိုယ်နဲ့ဆန့်ကျင်ဘက်မှာ ရပ်မယ်လို့ ပြောချင်တာလား။"
ဆိုဗက်စ်စတာမှာ အနည်းငယ် ဗလာသက်သက်အမူအရာဖြင့် ပြောခဲ့သည်။အိုဖီလီယာကတော့ အရှုံးမခံဘဲ မေးစေ့ကို ပင့်လိုက်၏။
"ရှင် ဒုတိယမင်းသားအပေါ် ထောက်ပံ့တာ မရပ်သရွေ့ အဲ့လိုဖြစ်နေမှာပဲ။"
"အိုဖီလီယာ!"
"အင်း ... ကျွန်မနားတွေက အကောင်းကြီးပဲ၊တိုးတိုး ပြောပေးပါလား။"
"မင်း တကယ်ပဲ ...!"
အား!
ဆိုဗက်စ်စတာ ညည်းတွားလိုက်ပြီး ခြေထောက်ကို ကန်ကြောက်လိုက်မိ၏။
သွေးကြောများ ထောင်ထနေပြီး အလွန်ဒေါသထွက်နေပုံရပါ၏။
"မင်းက ကိုယ် ဖြစ်ချင်တာတွေကို ဘာလို့ အမြဲတမ်း မလိုက်လျောရတာလဲ။"
"ရှင် ကျတော့ရော!"
အိုဖီလီယာ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။
"ရှင်လဲ ကျွန်မ ဖြစ်ချင်တာတွေကို လိုက်လျောပေးခဲ့လို့လား !"
မှန်ပေ၏။
ထို့ကြောင့် ဆိုဗက်စ်စတာမှာ အနည်းငယ် ပြောစရာစကားမရှိ ဖြစ်သွားရသည်။
အား ... အား!
ဆိုဗက်စ်စတာ မျက်လုံးမှိတ်ထားရင်း ခေါင်းကို နောက်သို့ မှီထားလိုက်သည်။
ထိန်းချုပ်ထား။
မင်း ထိန်းချုပ်ထားရမယ်။
သို့သော် သူ ထိန်းချုပ်မထားနိုင်ပါပေ။
"မင်း အရမ်းလွန်လွန်းနေပြီနော်!"
အိုဖီလီယာ မှင်တက်သွားလေသည်။
"ဒါက ကျွန်မ ပြောချင်တဲ့စကားပါ၊ရှင်ကသာ အရမ်းလွန်လွန်းနေတာ!"
"ဟုတ်တယ်! ကိုယ်တို့နှစ်ယောက်လုံး လွန်တယ်!တကယ်ကို လွန်လွန်းတဲ့ တစ်စုံတစ်ယောက်နဲ့ ကိုယ်တို့ ဆုံတွေ့ခဲ့ရတာပဲ!"
"ဒါကြောင့်ပဲ ရှင် ကျွန်မကို ကွာရှင်းပေးသင့်တာလေ!"
အိုဖီလီယာ၏အော်သံကြောင့် ဆိုဗက်စ်စတာမှာ ခဏတာမျှ အသက်ရှူရပ်သွားရသည်။
သူက အမှန်ပင် ထိတ်လန့်သွားသော မျက်နှာထားဖြင့် အိုဖီလီယာကို ကြည့်လိုက်မိ၏။
မင်း ဘာလို့ ဒီလို ပြောနိုင်ရတာလဲ။
သူ မယုံကြည်နိုင်စွာဖြင့် နောက်ဆုတ်လိုက်မိသည်။ပြီးမှ လက်သီးဆုပ်၍ အော်လိုက်၏။
"ကိုယ် လုပ်မယ်! ကွာရှင်းတာ မဟုတ်လား။မင်းအတွက် ဒါကို လုပ်ပေးမယ်!"
"ဟုတ်ပြီ... ရှင့်ကို အများကြီးကျေးဇူးတင်ပါတယ် !"
ဟမ့်
အိုဖီလီယာက လက်ပိုက်၍ ခေါင်းကို တစ်ဖက်လှည့်လိုက်သည်။အိုဖီလီယာကို ကြည့်၍ အချိန်အကြာကြီး ရပ်နေမိသူ ဆိုဗက်စ်စတာမှာ နောက်ဆုံးတွင် အော်ဟစ်လိုက်၏။
"လုပ်ချင်တာ လုပ် ... မင်း လုပ်ချင်တာသာ လုပ်တော့!"
သူက အိုဖီလီယာကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"နောက်ပိုင်း ဘာဖြစ်လာပါစေ ကိုယ့်ဘက်က တာဝန်ယူပေးမှာ မဟုတ်ဘူး၊မင်း နားလည်လား။"
"ဟား ..."
အိုဖီလီယာ နှာမှုတ်လိုက်သည်။
"ကျွန်မလဲ ဒါကို ပြောချင်တာပဲလေ !"
သူမက နောက်လှည့်၍ ထွက်သွားရင်း ဆိုဗက်စ်စတာကို အော်ဟစ်လိုက်၏။
"ရှင် ...ရှင် သေနိုင်တာကြောင့်ပဲ!"
ဆိုဗက်စ်စတာ မကြားချင်ယောင်ဆောင်နေလိုက်ပြီး အိမ်ထဲဝင်လာလိုက်သည်။
အိုဖီလီယာမှာ သည်းထန်စွာ ကျဆင်းနေသော နှင်းများကို မျက်နှာမူ၍ နှုတ်ခမ်းကို ကိုက်လိုက်သည်။
ယနေ့မှာ သူမ ဆိုဗက်စ်စတာကို တိုက်ခိုက်ခဲ့သော ပထမဆုံး သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လေသည်။
*
ကျွန်မ ကုန်းထလိုက်မိသည်။
မနက်စောစော နေရောင်ခြည်က အခန်းထဲသို့ ကျဆင်းနေပြီး ကောင်းသောမနက်ခင်းလေး ဖြစ်ခဲ့သည်။
သို့သော် ကျွန်မအတွက်မူ ...
ကျစ်
ခံစားချက် မကောင်းပေ။
နိုးထလာသည်နှင့် စိတ်ခံစားချက် မကောင်းရသည်က ယနေ့မှ ပထမဦးဆုံး ဖြစ်ခဲ့သည်။
ငါ ဘာလို့ ဒီလောက်ထိ ခံစားချက်ဆိုးရွားနေရတာလဲ။
အဖြေမှာ ရိုးရှင်းလှ၏။
အဘယ့်ကြောင့်ဆိုသော် မနေ့က ဆိုဗက်စ်စတာနှင့်ကျွန်မ ရန်ဖြစ်ခဲ့ခြင်းကြောင့်ပင်။ထို့အပြင် ဆိုဗက်စ်စတာက အခန်းထဲသို့ ရောက်မလာခြင်းကြောင့်လည်း ဖြစ်၏။
မဟုတ်ဘူး ... ကျွန်မတို့ ရန်ဖြစ်ရုံပဲ ရန်ဖြစ်ခဲ့တာလေ။ဘာလို့ ရှင်က အခန်းထဲ မလာဘဲ တခြားနေရာမှာ အိပ်ရပြန်တာလဲ။
ကျွန်မ နှာမှုတ်လိုက်ပြီး ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည်။မကြာမီ အိုင်ရင်း ဝင်လာခဲ့၏။
"မဒမ် နိုးပါပြီလား။"
"အင်း... ဆိုဗက်စ်စတာ ရော။"
"သခင်က ရုံးခန်းထဲမှာလို့ ကျွန်မ သိထားပါတယ်။"
"တကယ်! သူ အလုပ်များနေတာလား။"
"ကျွန်မလဲ အဲ့လိုလို့ ထင်တာပါပဲ။"
သူ အလုပ်မများပါဘူး၊အလုပ်များချင်ယောင်ဆောင်နေတာပါ။
ကျွန်မ ရေရွတ်လိုက်သည်။
"အင်း"
ပြီးမှ ကျွန်မ နှာမှုတ်လိုက်သည်။
ငါပဲ အရင်ဆုံး တောင်းပန်ရလိမ့်မယ်လို့ ထင်တယ်။
သူ ဘယ်တုန်းကမှ တောင်းပန်တတ်တာ မဟုတ်ဘူး။
ပြီးတော့ ငါ ဘာမှလဲ အမှားမလုပ်ထားမိဘူးလေ၊ မဟုတ်ဘူးလား။
ကျွန်မ ဆိုဗက်စ်စတာ၏စကားများကို လိုက်နာပြီး ကယ်လီယန်ကို ကြိုးစားပမ်းစား သွေးဆောင်ဖြားယောင်းခဲ့သည်။ထို့ကြောင့် ယခု ကယ်လီယန်နှင့် ရင်းနှီးလာနိုင်ခဲ့ပြီ ဖြစ်၏။
သို့သော် ယခု ဆိုဗက်စ်စတာက ကျွန်မကို ကယ်လီယန်နှင့် ဝေးဝေးနေရန် ပြောနေခဲ့သည်။
မဟုတ်သေးဘူးလေ၊ဒါနဲ့ ဒါက ...ရှင် ကျွန်မကို ဘာတွေ လုပ်စေချင်တာလဲ။
ကျွန်မ သူပြောသည်ကို နားမထောင်ချင်ပေ။
ပထမဆုံးအနေဖြင့် ကျွန်မအပေါ် ကယ်လီယန် အများကြီး ယုံကြည်လာအောင် လုပ်ထားပြီး ယခုမှ ဝေးဝေးနေလိုက်မည်ဆိုလျှင် သူ ကျွန်မအပေါ် ပို၍ မုန်းတီးလာလိမ့်မည်။ထိုအခါ ဘာဖြစ်လာမည်နည်း။
နောက်ပိုင်း ငါ ပိုပြီး ခံစားရမှာပဲ။
ငါ ဒါကို ရပ်တန့်ဖို့ အသည်းအသန် ကြိုးစားနေရတာလေ။
မဟုတ်ဘူး ... ငါ ဒီလိုလုပ်လို့ မရဘူး။
ဒုတိယအချက်အနေဖြင့် ဆိုဗက်စ်စတာက တစ်နည်းနည်းဖြင့် သံသယဖြစ်စရာကောင်းနေသည်။
ကျွန်မတို့ ကွာရှင်းသင့်သည်ဟု အစောပိုင်း ပြောခဲ့စဥ်ကတည်းက သူ ထူးဆန်းသောအကြောင်းအရာများ ပြောခဲ့သည် မဟုတ်ပါလော။ထို့အပြင် သူက ကျွန်မနှင့်ကယ်လီယန် အတူရှိနေသည်ကို သဘောမကျပုံ ရလေသည်။
ထိုအဖြစ်အပျက်များက စိတ်ခံစားချက်တစ်ခုကို ခန့်မှန်းလာစေနိုင်သည်။
သူ ငါ့ကို ကြိုက်နေတာလား သိချင်လိုက်တာ။
ဒါပေမဲ့ မဖြစ်နိုင်ဘူး။
ဒီလို ရိုင်းစိုင်းတဲ့ယောကျ်ားက တစ်ယောက်ယောက်ကို ကြိုက်နေတာလားလို့ သိချင်မိတယ်။
အဲ့လို မဟုတ်ဘူးလို့ ထင်တယ်။ပြီးတော့ အဲ့လို မဟုတ်လောက်ဘူးလို့ မျှော်လင့်ရတာပဲ။
ဆိုဗက်စ်စတာက ငါ့ကို ကြိုက်နေတယ်ဆိုရင် ...။
ငါ ခေါင်းကိုက်လာပြီ။
ကျွန်မ သူ့ကို မကြိုက်ဘူးဟု ပြောခဲ့သော်လည်း ထိုသို့ မဟုတ်ပေ။
သို့သော် ကွာရှင်းခြင်းကို လက်လျှော့ရလောက်သည်အထိ သူ့ကို ကြိုက်ရသည်ဟု မဆိုလိုပါပေ။
ထို့ကြောင့်သာ ကျွန်မ ဆိုဗက်စ်စတာကို တစ်နည်းမဟုတ် တစ်နည်းဖြင့် ရှောင်ရှားနေရလေသည်။
"ပထမဆုံး ငါ ဒီနေ့ အပြင်ထွက်ဖို့ လိုတယ်။"
ကျွန်မ ဆိုဗက်စ်စတာထံ အပြေးအလွှား မသွားလိုပေ။
"နင် ပြင်ဆင်ပေးနိုင်မလား။"
"အာ ...ဟုတ်ကဲ့"
အိုင်ရင်း ခေါင်းငြိမ့်၍ ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ မဒမ် ..."
သူမက ဂရုတစိုက် မေးလေသည်။
"ဘာပဲဖြစ်ဖြစ် မဒမ်နဲ့သခင် ရန်ဖြစ်ခဲ့ကြတာ မဟုတ်ဘူးလား။"
"ဘာ ...ဘာကြောင့်လဲ၊မဟုတ်ပါဘူး။"
ကျွန်မ အံ့ဩတကြီး ပြောလိုက်လျှင် အိုင်ရင်းက စိတ်သက်သာရာရသကဲ့သို့ အသက်ရှူထုတ်ပြီး ရင်ဘတ်ကို သပ်ချလိုက်လေသည်။
"တော်သေးတာပေါ့၊ကျွန်မ သိချင်နေခဲ့တာ။"
"ဘာဖြစ်လို့လဲ၊ နင် ဘာတွေ ကြားခဲ့လို့လဲ။"
"မဟုတ် ... အဲ့လို မဟုတ်ပါဘူး။"
အိုင်ရင်း၏စကားများက မသဲမကွဲဖြစ်သွားသည်။ချက်ချင်းပင် သူမ၏မေးစေ့ကို ပင့်လိုက်ပြီး လက်ပိုက်လိုက်၏။"တကယ်တော့ မဒမ် မှန်ပါတယ်။ဒီစကားကို မနက်ကမှ လက်ထောက်ဆီက ကြားခဲ့ရတာပါ။သခင်က တကယ်ကို စိတ်အခြေအနေဆိုးရွားနေတယ်လို့ ပြောပါတယ်။"
"တကယ်လား!"
"ဒါပေမဲ့ မဒမ်က တစ်မနက်လုံး မျက်မှောင်ကြုတ်ထားလို့ ကျွန်မ ထုတ်မေးမိတာပါ။မဒမ်တို့ ရန်မဖြစ်ထားဘူးဆိုတော့ တော်ပါသေးရဲ့။"
အိုင်ရင်းက ပြုံး၍ ပြောလိုက်သည်။
"မဒမ်တို့နှစ်ယောက်လုံး စိတ်ခံစားချက် မကောင်းကြတာလဲ ဖြစ်နိုင်တာပါပဲ။"
အိုင်ရင်းရေ
သူမ ဒီကိစ္စကို သတိမထားမိသည်က ကမ္ဘာပေါ်တွင် အကောင်းဆုံး ဖြစ်ပုံရသည်။
ကျွန်မတို့ ရန်ဖြစ်ထားသည်မှာ သိသာလွန်းပါ၏။
ကျစ်
ကျွန်မ စုတ်သပ်လိုက်ပြီး ဆံပင်ကို အနောက်သို့ သပ်တင်လိုက်မိသည်။
"အမှန်ပဲ ... ငါ့ခံစားချက်တွေ မကောင်းဘူး။ဒီတော့ အပြင်ထွက်ပြီး ပိုက်ဆံနည်းနည်းလောက် သုံးသင့်တယ်။"
ဆိုဗက်စ်စတာ၏ပိုက်ဆံကို ပြောခြင်း ဖြစ်၏။
"ဒီတော့ အဆင်သင့်ပြင်လိုက်ရအောင်။"
*
ဆိုဗက်စ်စတာမှာ ယခုထိ ဒေါသဖြစ်နေခဲ့သည်။
ကျွန်မက ရှင့်စကားတွေကို ယုံကြည်တယ်။ဒီတော့ ရှင် ဘာကြောင့် ကျွန်မကို ရုတ်တရက်ကြီး ရပ်ခိုင်းရတာလဲ။မဟုတ်သေးဘူး၊ကျွန်မ မလုပ်ချင်ဘူး။အိမ်ရှေ့စံမင်းသား ကျွန်မဘက်မှာ ရပ်တည်လာပေးဖို့ တစ်နည်းနည်းနဲ့ လုပ်ရမှာပဲ။
ဒါကြောင့်ပဲ ရှင် ကျွန်မကို ကွာရှင်းပေးသင့်တာ!
သူမက ဒီလို ပြောရတယ်လား!
ဆိုဗက်စ်စတာမှာ မျက်နှာကို လက်ဖြင့်အုပ်ထားရင်း မျက်မှောင်ကြုတ်ထားမိ၏။
သူမက သူ လိုချင်သည့်အတိုင်း ဘယ်သောအခါမှ မလှုပ်ရှားတတ်သည့် အမျိုးသမီးတစ်ယောက်နှင့် တူသည်။
ဆိုဗက်စ်စတာ အံကြိတ်ရင်း ခေါင်းပြန်မော့လိုက်သည်။
ပြီးနောက် သူ တွေးလိုက်မိသည်။
အစကတည်းက ခလုတ်မှားနှိပ်ခဲ့မိပုံပင်။
သူမကို ကယ်လီယန်အပေါ် ဖြားယောင်းရန် ပြောလိုက်မိကတည်းက သူ မှားယွင်းသွားခဲ့သည်။
ဒါပေမဲ့ ...
ထိုအချိန်တုန်းကမူ ၎င်းကသာ အကောင်းဆုံးရွေးချယ်မှု ဖြစ်ခဲ့သည်။
ထို့အပြင် သူ အိုဖီလီယာကို ကြိုက်မိသွားမည်ဟု အမှန်ပင် မသိခဲ့သဖြင့် ထိုသို့ ပြောမိခဲ့သည်။
သူမအပေါ် ချစ်မိသွားလိမ့်မည်ဟု မည်သူကများ သိလိမ့်မည်နည်း။
TK Team
++++++++