Chapter-37.3
(အားပြည့်စေတဲ့ စွပ်ပြုတ်က သောက်ချင်တိုင်းသောက်လို့မရဘူး)
"ဝင်ခဲ့ပါ"
ကျောင်းမြန် ချက်ချင်းထပြီး တံခါးဖွင့်ပေးလိုက်သည်။
အပြင်မှာရှိနေသူမှာ မာရှယ်နှင့် သူ၏ဇနီးဖြစ်သည်။
ကျောင်းမြန် အံ့ဩသွားကာ စိတ်ထဲတွင် မာရှယ်တို့ လင်မယားကို အပြစ်လုပ်မိထားတာ မရှိပါဘူး ဟု တွေးလိုက်မိသည်။ သူသည် စက်ရုံနှင့် ပတ်သက်၍ ဖိအားပေးခံရသည့်အချိန်တွင် မာရှယ်တို့ ဇနီးမောင်နှံနှင့် မိဖုရားကြီးတို့က ကူညီပေးခဲ့ကြသည်ဟု ကြားရသည်။ စီဆဲလ်ကလည်း လူအများ၏ အမြင်ကို ဖိနှိပ်ရန် ကူညီပေးခဲ့သေးသည်။
ကျောင်းမြန်သည် တိတ်တဆိတ် ခြေလှမ်းအနည်းငယ်ကို နောက်ပြန်ဆုတ်ကာ သူတို့နှစ်ဦးအတွက် ထိုင်ခုံကို ပြင်ဆင်ပေးလိုက်သည်။
"ဟေး၊ မင်း ဆေးရုံမှာ ရှိနေတယ်လို့ သတင်းကြားလို့ ပြီးတော့..ဒီဆေးရုံက အစားအသောက်တွေက သိပ်မကောင်းဘူးလို့လည်း ထင်လို့....မင်းအတွက် တစ်ခုခုယူလာပေးတာ..."
မာရှယ်၏ဇနီးက ကြင်နာစွာပြုံးကာ ပြောသည်အား ကျောင်းမြန်က အံ့သြနေခဲ့သည်။
ထိုအချိန်တွင် မာရှယ်၏ဇနီးသည် ပြုံးလိုက်ကာ စားပွဲပေါ်၌ ကြီးမားသော နေ့လည်စာ ထမင်းဘူးများကို တစ်ဘူးပြီး တစ်ဘူးဖွင့်ကာ
"ဒီမှာ..တရုတ်အစားအစာရော အနောက်တိုင်းအစားအစာရော အကုန်ပါတယ်...."
ကျောင်းမြန် သည် မာရှယ်၏ ဇနီးက စားပွဲပေါ်တွင် ချထားသည်များကို ကြည့်ကာ သူမအား လျင်မြန်စွာ တားလိုက်သည်-
"ကျွန်တော် အများကြီး မစားနိုင်ဘူး..."
"ရပါတယ် လာ..အတူတူစားရအောင်"
ကျောင်းမြန် : ".....!"
ဒါက အိပ်မက်များလား ဟု တိတ်တဆိတ် တွေးမိလိုက်သည်။
ကျောင်းမြန်သည် ရှက်ရွံ့နေသော်လည်း ယဉ်ကျေးသော အပြုံးလေးဖြင့် ထိုင်ချလိုက်ပြီး သူ့နှင့် ဆန့်ကျင်ဘက်ရှိ မာရှယ်ဇနီးမောင်နှံ၏ အမူအရာကို ကြည့်ကာ သူတို့ ဘာဖြစ်ချင်နေသည်ကို လုံးဝ မခန့်မှန်းနိုင်ပေ။
"လာ....အသားများများထည့်စား....မင်းကိုကြည့်ရတာ အရမ်းပိန်နေပြီ..."
မာရှယ်၏ဇနီးသည် အသားတစ်ပိုင်းကို လှီးဖြတ်လိုက်ပြီး ကျောင်းမြန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
ကျောင်းမြန် : "......"
ထိုအပြုအမူသည် အလွန် တုံးအသည့်ပုံပေါက်နေပြီး အနည်းငယ်ရှက်စရာကောင်းနေသော်လည်း ၄င်းသည် စေတနာဖြင့် ပြုလုပ်ပေးသည်မှန်း သိသာနေသည်။
ကျောင်းမြန်က မာရှယ်နှင့် သူဇနီး၏ ကြင်နာနေပုံအားကြည့်ကာ သူတို့နေရာတွင် တစ်ယောက်ယောက်က သူတို့အစားဟန်ဆောင်ပြီး ရောက်လာတာလား ဟုပင် တွေးမိလိုက်သည်။
ကျောင်းမြန်က တိုက်ရိုက်မေးလိုက်သည်။
"ခင်ဗျားတို့ ဒီကိုလာရတဲ့ အဓိက အကြောင်းအရင်းကို ပြောပြလို့ရမလား.."
မာရှယ်နှင့် သူ့မိန်းမသည် သူတို့ရှေ့မှကလေးကို ကြည့်လိုက်ရာ အလုပ်ကို ကောင်းကောင်းလုပ်တတ်ပြီး ဆတ်ဆတ်ထိမခံသည့်စိတ်ဖြင့် စကားကိုအေးဆေးစွာပြောတတ်သည်။မနာလိုမှုကင်းပြီး သတ္တိရှိသော ကလေးသာဖြစ်သည်။
စီဆဲလ်က သူ့ကို အရမ်းချစ်ပြီး အရမ်း စွဲလန်းနေတာ အံ့သြစရာ မရှိတော့ပါဘူး။
မာရှယ်၏ဇနီးသည် မျက်လုံးမှိတ်သွားသည်အထိ ပြုံးပြလိုက်သည်။
"ဘာမှမဟုတ်ပါဘူး မင်းကိုတွေ့ဖို့ပဲလာခဲ့တာ"
အမြဲတမ်း တည်တည်ငြိမ်ငြိမ်နှင့် အေးစက်သည့်မျက်နှာရှိသည့် မာရှယ်ကလည်းပြောလေသည်။
"စီဆဲလ်က အခု ပင်မအိမ်တော်ကို မလာတာကြာပြီလေ နောက်ကျရင် သူနဲ အတူလာဖို့ အချိန်ပေးလိုက်ပါဦး..."
"ဟုတ်တယ်... အခု မင်းကလည်းဆေးရုံရောက်နေတာ သူကစံအိမ်မှာ တစ်ယောက်တည်းနေတာဆိုတော့ ငါတို့နဲ့ လာတွေ့ဖို့ သူနဲ့အဖော်လိုက်ပေးမယ့် သူကမရှိဘူးလေ..."
မာရှယ်၏ဇနီးသည် သက်ပြင်းချလိုက်သည်။
ခဏကြာပြီးနောက်မှ ကျောင်းမြန် နားလည်လာသည်။
ဒါက.. စီဆဲလ် နှင့် သူတို့၏ဆက်ဆံရေးကို ပြုပြင်ဖို့ သူ့လက်ကို ငှားချင်နေတာလား။
နောက်ဆုံးတွင် ယခင်က အဖြစ်အပျက်အားလုံးသည် စီဆဲလ်၏ အောက်ဆုံးစည်းအား အကြိမ်ကြိမ် ထိခိုက်ခဲ့သောကြောင့် စီဆဲလ်သည် မာရှယ်တို့ လင်မယား နှင့် တမင်တကာ ကင်းကွာသွားခဲ့ပြီး ဆက်ဆံရေးမှာ အေးစက်လာခဲ့သည်။
"ကျွန်တော် သူနဲ့စကားပြောလိုက်ပါမယ်...."
ကျောင်းမြန် ခေါင်းသာ ညိတ်ပြလိုက်သည်။
"အိုင်း....."
မာရှယ်က ပြောလေသည်။
"အဲဒါတွေက... ငါတို့က စိတ်ထဲမထားတော့ပါဘူး...စီဆဲလ်...ဒီကလေးလည်း အငြိုးအတေးတွေ တဖြေးဖြေးနဲ့ လွှတ်ချနိုင်မယ်လို့ မျှော်လင့်မိတယ်..."
ကျောင်းမြန်က စကားမပြောခဲ့ပေ။
စီဆဲလ်၏ အကျင့်ကို သူသိသည်။ သန်မာသည် ၊ မာနကြီးသည် ၊ တစ်ပါးသူအား စိတ်ချမ်းသာအောင်ပြောပေးမည့်သူမဟုတ်ပေ။
"ကျောင်းမြန်...မင်းက စီဆဲလ်နဲ့ စကားပိုပြောပေးပေါ့.... မိသားစုဆိုတော့ သွေးက ရေထက်ပျစ်ပါတယ်...ဟုတ်တယ်မလား"
ကျောင်းမြန်က လတ်လတ်ဆတ်ဆတ် ချက်ထားသော အသားကို စားနေသည်အား ခဏရပ်လိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့ မာရှယ်တို့ဇနီးမောင်နှံက ကျွန်တော်ကို လာတွေ့သွားတယ်ဆိုတာ ပြောလိုက်ပါမယ်..."
ကျောင်းမြန် က စီဆဲလ်၏ကိစ္စများကို ဝင်မစွက်ဖက်သင့်ဘူးဟု ခံစားလိုက်ရသည်။
"အင်း.."
မာရှယ်၏ဇနီးက ကျောင်းမြန်၏ ပန်းကန်ထဲသို့ ဟင်းတွေထည့်ပေးရင်း ပြောလိုက်သည်။
"တစ်နေ့ကျရင် ငါရယ် မာရှယ်ရယ် စီဆဲလ်ရယ် မင်းရယ် ငါတို့ မြေးလေးတွေနဲ့ ငါတို့မိသားစုပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ မျှော်လင့်ပါတယ်"
ဘာရယ်...?
မာရှယ်၏ဇနီးက ပြုံးကာ ပြော၏။
"ကျောင်းမြန် ! မင်းနဲ့ စီဆဲလ်က အိမ်ထောင်ကျတာလည်းကြာနေပြီ....တခြား ဘာကိစ္စမှတော့ မရှိပါဘူး...ဒါပေမယ့် ငါရယ် မာရှယ်ရယ် ကြယ်တစ်စင်းလုံးက မင်းတို့ရဲ့ သားသမီးတွေကို မျှော်နေကြတာ...."
လူတိုင်းက အမှန်တရားကိုသိပြီးဖြစ်သည် ကလေးရှိရှိ မရှိရှိ ကိစ္စမရှိသော်လည်း အကယ်၍ မရှိလျှင်.....
စတားကွန်ရက်ပေါ်မှ အင်တာနက်သုံးစွဲသူများအကြောင်းကို စဥ်းစားမိချိန်တွင် ကျောင်းမြန်က သူ့နောက်ကျောတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။
အကုန်လုံးက သူတို့နှစ်ယောက်အား အခန်းထဲ အတင်းထည့်ပိတ်ချင်နေသလို ဖိအားပေးခံရသကဲ့သို့ အမြဲခံစားနေရသည်။
"ရောက်နေတာလည်း ကြာနေပြီ"
မာရှယ်က မျက်မှောင်ကြုတ်ကာ ပြောလေသည်။
"မင်းမှာ ပြဿနာတစ်ခုခုရှိရင် မရှက်နဲ့..မင်း မိဖုရားကြီးကို ပြောလို့ရတယ်...သူတို့မှာက အတွေ့အကြုံ ရှိတယ်"
"ဟုတ်ကဲ့ပါ..."
ကျောင်းမြန်သည် အမြန်စားလို့ပြီးရန်သာ စိတ်အားထက်သန်နေသည်။
"ဒီ့ထက် ကြိုးစား"
မာရှယ်၏ဇနီးက သူမအိတ်ထဲမှ အပူခံအိတ်ကို ထုတ်လိုက်ပြီး ပြော၏။
"ဒါက မင်းနဲ့ စီဆဲလ်အတွက် ညဘက်ကျရင် သောက်ဖို့ မမေ့နဲ့နော် ဒါ ငါကိုယ်တိုင် ပြုတ်ထားတာ မို့လို့ သောက်ရမယ်နော်..!"
"ကျေးဇူးတင်ပါတယ်”
ကျောင်းမြန်လည်း ရွေးချယ်စရာမရှိတော့ဘဲ ယူလိုက်ရသည်။
“ဒါက.. "
"ကျန်းမာရေး ကောင်းစေတဲ့ ဆေးကောင်းတစ်လက်ပဲ..."
မာရှယ်၏ဇနီးသည် သူမ၏သွားများ အကုန်မြင်ရသည်အထိ ပြုံးရယ်နေလေသည်။
သူတို့နှစ်ယောက် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ စီဆဲလ်က အိမ်ပြန်ရောက်လာသည်။
"ကိုယ့်မိဘတွေ လာသွားတာလား..!"
စီဆဲလ်တံခါးကို တွန်းဖွင့်ပြီးသည်နှင့် မေးလိုက်သည်။
"မင်းကိုကြည့်ရတာ အားနာနေသလိုပဲ...."
ကျောင်းမြန်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။
"ဘယ်လိုရောက်လာလဲတော့မသိဘူး သူတို့ကိုကြည့်ရတာ ဖော်ရွေပါတယ်...ကျွန်တော့်အတွက်လည်း နေ့လည်စာယူလာသေးတယ်..."
စီဆဲလ်သည် သံသယကြီးစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
"တကယ်ပြောတာ ခင်ဗျားကြည့်လေ..."
ကျောင်းမြန်က စီဆဲလ်အား အပူခံအိတ်အား ပေးလိုက်ကာ ဆက်ပြောလေသည်။
"ဒီစွပ်ပြုတ်က ခင်ဗျားအတွက် သူတို့ထားပေးခဲ့တာ...ခင်ဗျားအမေပြောတာတော့ သူကိုယ်တိုင်ချက်ထားတယ်လို့ပြောတာပဲ...."
စီဆဲလ်က လှောင်လိုက်ကာ.....
"မသောက်ဘူး သွန်ပစ်လိုက်.."
"ဟင်.."
ကျောင်းမြန် က မျက်ခုံးကိုပင့်လိုက်ပြီး ပြောလေသည်။
"စေတနာနဲ့ လုပ်ပေးသွားတာကို ခင်ဗျားက ဖြုန်းတီးမလို့လား..."
စီဆဲလ်က ဆွံ့အသွားသည်။
ကျောင်းမြန်က ပြုံးပြီး မေးလိုက်သည်။
"ဒါဆို...ကျွန်တော်..ဒါကို ဘေစင်မှာပဲ သွန်လိုက်တော့မယ်နော်..."
"ထားလိုက်ပါတော့..."
စီဆဲလ်က ရှေ့သို့ တိုးလာပြီး ပြောလေသည်။
"ဟင်းချို တစ်ပန်းကန်ပဲမလား...ဟင်းချိုမှာ အပြစ်မရှိပါဘူး..."
ကျောင်းမြန်က ပေါ့ပါးစွာ ပြုံးလိုက်သည်။
ဒီအနေအထားကိုကြည့်ရတာတော့ ဖြည်းဖြည်းချင်း အလျော့ပေးနေပုံရသည်။
ကျောင်းမြန်က ကောင်းကင်ကို မော့ကြည့်လိုက်ချိန်တွင် မိုးချုပ်နေပြီဖြစ်သည်။
"ဗိုလ်ချုပ်ကြီး ဒီကို ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ.."
"ကိုယ်အလုပ်ပြီးသွားတဲ့အချိန်မှာ မင်းဆီကို ကိုယ့် မိဘတွေရောက်နေတယ်ကြားလို့ မင်းအနိုင်ကျင့်ခံနေရတယ်ထင်ပြီး ရောက်လာတာ..."
"ဘယ်လိုဖြစ်ပြီး..."
ကျောင်းမြန်က ပြုံးပြကာ..
"သူတို့ ကျွန်တော့်ကို မရိုက်နိုင်ပါဘူး"
"ဒီလူတွေနဲ့ ကြယ်ကွန်ရက်က အင်တာနက်ပေါ်ကလူတွေက မင်းကို မရိုက်နိုင်ပေမယ့် အနိုင်ကျင့်နိုင်နေတုန်းပဲ..."
စီဆဲလ်က မျက်ခုံးကို ပင့်ပြီး ဆက်ပြောလေသည်။
" မင်းကလည်း အနိုင်ကျင့်ချင်စရာကောင်းနေတာကို..."
ကျောင်းမြန်က ခဏငြိမ်သွားပြီး သူနှင့် ဆန့်ကျင်ဘက် ဆိုဖာပေါ်တွင် ပျင်းရိပြီး ပေါ့ပါးသော အသွင်ဖြင့် ထိုင်နေသော စီဆဲလ်ကိုကြည့်လိုက်ပြီး ဟင်းချိုသောက်ရန် ဘူးအဖုံးကိုဖွင့်ကာ မေးလိုက်သည်။
"ဗိုလ်ချုပ်ကြီး..."
"စီဆဲလ်"
စီဆဲလ်က ဟင်းချို တစ်လုတ်ကို မျိုချလိုက်ပြီး ပြောလိုက်သည်။
"ကိုယ့်မှာ နာမည်ရှိတယ်.."
ကျောင်းမြန်က အံ့သြသွားပေမယ့် မသိချင်ယောင်ဆောင်လိုက်ပြီးမေးလိုက်သည်-
"လူတွေအကုန်လုံးက ဒီဆေးပင်ကို မယုံဘဲ ဝါဒဖြန့်တယ်လို့ ထင်နေကြပေမယ့် ခင်ဗျားက ဘာလို့ ကျွန်တော်ကို ယုံပေးတာလဲ....အရင်က ခင်ဗျားကိုကယ်ခဲ့ဖူးလို့လား..."
"အကုန်လုံးတော့ မဟုတ်ပါဘူး"
စီဆဲလ်သည် အပူထိန်းဘူးကိုချပြီး ဆက်ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကိုယ်က အလောင်းအစားလုပ်ရတာ ကြိုက်လို့ ပြီးတော့ ရှုံးသွားမှာလည်း မကြောက်တတ်ဘူးလေ..."
ကျောင်းမြန်က မျက်ခုံးကို တွန့်ချိုးထားသော်လည်း နားမလည်ပေ။
"ဒါကို ထားလိုက်ပါတော့...အားလုံးက ဒီလိုပဲပြောကြတာ မဟုတ်ဘူးလား...အဖွဲ့ချုပ်မှာ မင်းကို ကိုယ် ကာကွယ်ပေးမှာပဲ...."
စီဆဲလ်က မျက်ခုံးကိုပင့်လိုက်ရင်း..
"ထုံးစံအတိုင်းပဲပြောရရင်...မင်းကို ဘယ်သူမှအနိုင်မကျင့်စေရဘူး ...ကိုယ်ခွင့်မပြုဘူး.."
ကျောင်းမြန်က ပြုံးကာ ခေါင်းကိုငုံ့လိုက်သည်။
ညသည် တော်တော်နောက်ကျနေလေပြီ...။
စီဆဲလ်က စွပ်ပြုတ်သောက်ပြီးနောက် ပြတင်းပေါက်ကို လှမ်းကြည့်ရင်းပြောလိုက်သည်။
"ဒီည ကိုယ် မင်းနဲ့ အိပ်မယ်..."
ကျောင်းမြန်က ရုတ်တရက် အံ့သြသွားပြီး မသိစိတ်မှ အိပ်ရာ ကိုလှမ်းကြည့်လိုက်သည်။
အိပ်ရာက ကြီးပေမယ့်......တစ်ခုပဲရှိတယ်..။
ကျောင်းမြန် : ကျွန်တော် ဆိုဖာပေါ်မှာ အိပ်လိုက်မယ် "
"ဘာလို့ ဆိုဖာပေါ်မှာ အိပ်မှာလဲ ခုတင်ပေါ်မှာ မဆန့်လို့လား.."
စီဆဲလ်က ထကာ အင်္ကျီကို ချွတ်ကာ ရေချိုးခန်းဆီသို့ လျှောက်သွားသည်။
"ကိုယ့် အတွက်ခေါင်းအုံးတစ်လုံးယူလိုက် ဒီည အတူတူအိပ်မယ်"
ကျောင်းမြန် : "......"
စီဆဲလ်က အကျိုးသင့် အကြောင်းသင့် ပြောသောကြောင့် သူငြင်း ဖို့ အဆင်မပြေပေ။
သူ့ပုံစံက အားငယ်နေတဲ့ပုံပေါက်နေလို့ မငြင်းမိတာလား.....။
ကျောင်းမြန်သည် ခေါင်းငုံ့ကာ လက်ချောင်းများကို ကစားနေလိုက်သည်။
ဒါက ဖြစ်သင့်လို့လား....။
အနည်းဆုံးတော့ သူတို့ကြားတွင် ခင်မင်မှု ရင်းနှီးမှု နှင့် လက်ထပ်စာချုပ်တွေတော့ ...
အင်း အဲ့ဒါပဲလေ......!
အဲဒါကို သိပြီးနောက်တွင် ကျောင်းမြန်သည် စီဆဲလ်အတွက် အိပ်ရာပြင်ရန် အေးဆေးစွာ ထသွားလိုက်သည်။
ရေချိုးပြီးနောက် စီဆဲလ်သည် မီးခိုးရောင်နှင့် အဖြူရောင်ရောစပ်ထားသည့် ပိုးသား ညဝတ် အင်္ကျီကို ဝတ်ဆင်ထားလေသည်။ ညအိပ်ဝတ်စုံသည် အသားနှင့်ကပ်ကာ ကွက်တိကျနေသောကြောင့် ထိုအမျိုးသား၏ ကြွက်သားအပြည့်ကိုဖုံးအုပ်ထားပြီး ရင်ဘတ်ရှိ Vလိုင်းသည် အနည်းငယ် ဟိုက်နေသောကြောင့် လည်ပင်းမှကြွက်သားများကိုလည်း ရက်ရက်ရောရောဖော်ပြထားသည်။
ထိုအချိန်တွင် စီဆဲလ်သည် ကုတင်ပေါ်၌ လဲလျောင်းနေပြီး သူ့လက်များက ပါးပြင်များကို ထောက်ထားကာ မျက်လုံးများကို အနည်းငယ်မှိတ်ထားပြီး ညဝတ်အင်္ကျီ၏ ခါးတွင် ချည်နှောင်ထားသော ကြိုးများ လျော့ရဲနေသည်။
ကျောင်းမြန်၏ နှလုံးသားသည် အနည်းငယ် လှုပ်ရှားသွားသည်။
အလှအပရှုထောင့်မှကြည့်လျှင် စီဆဲလ်သည် ညှို့ဓါတ်ပြင်းကာ သူ၏ ယောက်ျားဆန်သော အမျိုးသားဟော်မုန်းများသည် အလွန်ဆွဲဆောင်မှုရှိကာ ရန်လိုမှုအပြည့်ရှိနေသည်။
ပြောပြရမည်ဆိုလျှင် ကောင်းကင်ဘုံက မာနကြီးသော နတ်သားတစ်ပါးသာ....
ကျောင်းမြန်က သူ့အားကြည့်နေသည်ကို စီဆဲလ် ကမြင်လိုက်ချိန်တွင် သူ့ခါးတွင် ချည်ထားသော ကြိုးကို ဆွဲကာ ပြောလေသည်။
"ကိုယ့်မှာ abs တွေရှိတယ်...မင်းကြည့်ချင်လား"
"....."
ကျောင်းမြန် : "ကျွန်တော့်မှာလည်း ရှိတယ်"
"အင်း....ဟုတ်လား...ကိုယ် ကြည့်ချင်တယ်.."
".......!"
စီဆဲလ်က သူ၏နှုတ်ခမ်းကို ကိုက်ကာ..ကျောင်းမြန်အနားသို့တိုးလာပြီး လက်တစ်ဖက်က ဘေးကို ထောက်လိုက်ပြီး တစ်ဖက်က ကျောင်းမြန်၏ အင်္ကျီအနားစကို ဆွဲထားကာ ဆို၏။
"ကြည့်မယ်လေ..."
".....!"
"ဗိုလ်ချုပ်ကြီး....!"
"ဗိုလ်ချုပ်ကြီး......စီဆဲလ်!"
စီဆဲလ်သည် ကျောင်းမြန်၏ အဝတ်စများကို ကိုင်လိုက်ချိန်တွင် ကျောင်းမြန်က မျက်နှာတစ်ခုလုံးနီရဲနေကာ စီဆဲလ်၏ အနှောင့်အယှက်ပေးနေသည့် လက်များကို သူ၏ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ပြောလိုက်သည်။
"စီဆဲလ်.....ဘာလို့ နှောင့်ယှက်နေတာလဲ..."
စီဆဲလ်က ရယ်လိုက်သည်။
ကျောင်းမြန်သည် အမြဲတစေ နူးညံ့သိမ်မွေ့သော်လည်း သူနှင့် ပတ်ဝန်းကျင်မှ လူများကြားတွင် မမြင်ရသော တံတိုင်းတစ်ခုရှိနေပြီး လူအများနှင့် မိုင်ပေါင်းထောင်ချီကွာဝေးနေလေသည်။
ကျောင်းမြန်သည် အခြားသူများနှင့် မရင်းနှီးချင်ပေ။
"ကိုယ် abs ကိုကြည့်ချင်တာလေ...ဘာလို့မကြည့်ခိုင်းတာလဲ..."
ကျောင်းမြန် က ပိုတွန့်ဆုတ်နေလေလေ စီဆဲလ်၏ ရယ်မောသံက ပိုကျယ်လာလေလေဖြစ်သည်။
ကျောင်းမြန်၏ နှုတ်ခမ်းထောင့်များကို ငုံ့ကြည့်လိုက်ချိန်တွင် သူက ပို၍ပင် စနောက်ချင်သွားသည်။
"ကြွက်သားနည်းနည်းလေးပဲကို...မပြချင်ဘူးလား"
"အာ့မြန်...အာ့မြန်...မြန်မြန် လို့.."
စီဆဲလ်က ကျောင်းမြန်ကိုဖိထားရင်း.....
"ကိုယ့်ကိုပြလို့...."
ကျောင်းမြန်က လွန်ခဲ့သောမိနစ်အနည်းငယ်က သူ့ပါးစပ်ကို သွားပိတ်ချင်သွားသည်။
"ဒါဆို ကိုယ့်ကို ညာနေတာလား....မင်းမှာ abs မရှိဘူးမလား.."
"အင်း ကိုယ်သိပြီ....အဲ့ဒါကြောင့်....မင်းက ကိုယ်မြင်မှာဆိုးလို့ အတင်းကာထားတာကိုး....."
"ခင်ဗျား....."
ကျောင်းမြန်သည် နောက်ဆုံးတွင် မတတ်နိုင်တော့ဘဲ သူ့ဘက်သို လှည့်ကာ မျက်လုံးများကို တင်းကြပ်စွာပိတ်ထားလိုက်သည်။
"ကြည့်..."
စီဆဲလ်လည်း ဆက်မရယ်နိုင်တော့ဘဲ ကျောင်းမြန်၏ အင်္ကျီအား မလိုက်သည်။
သူ၏ အသားအရည်သည် စီဆဲလ်ကဲ့သို့ တောင့်တင်းကာ ကြမ်းတမ်းမနေဘဲ ဝမ်းဗိုက်ပေါ်တွင် အနည်းငယ်ပေါ်လွင်ကာ လှပသောအသွင်ရှိသည် ချောမွေ့သော ကြွက်သားလိုင်းတစ်ခုရှိနေလေသည်။
စီဆဲလ်သည် မျက်ခုံးကို အနည်းငယ်ပင့်ကာ ကျောင်းမြန် ၏ဗိုက်ကို ကာရန် လက်ကို လှမ်းလိုက်သည်။
"စီဆဲလ်....."
ကျောင်းမြန်က မျက်လုံးများကို မှိတ်ထားပြီး အံကြိတ်ကာ ပြောလိုက်သည်။
"ကောင်းပြီ....သေချာကြည့်..."
"ကိုယ်ကြည့်ပြီး ကိုင်ချင်လာပြီ..."
စီဆဲလ်က အတိအကျပြောလိုက်သည်။
"မဟုတ်ရင် ကိုယ်ကျေနပ်မှာ မဟုတ်ဘူး..."
"....."