Chapter-37.4
(အားပြည့်စေတဲ့ စွပ်ပြုတ်က သောက်ချင်တိုင်းသောက်လို့မရဘူး)
စီဆဲလ်သည် သူ၏လက်မကို အနည်းငယ်ကွေးလိုက်ပြီး လက်ချောင်းမှအဆစ်ဖြင့် သူ၏ဗိုက်မှ လိုင်းကို ထိလိုက်သည်။
ကျောင်းမြန်သည် မျက်ခုံးကို တင်းကြပ်စွာ တွန့်ကွေးထားသော်လည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့သောကြောင့် စီဆဲလ်ကို တွန်းထုတ်လိုက်သည်။
ကျောင်းမြန်ဘက်မှ တိုက်ခိုက်လာတော့မည်ကို စီဆဲလ်က သိထားသောကြောင့် ကျောင်းမြန်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်သည်။
"ကိုယ့်ကို ပုန်ကန်နေတာလား"
ကျောင်းမြန်၏ မျက်လုံးများ မှေးကျဥ်းသွားကာ
"ခင်ဗျား ပြောင်းလဲသွားပြီ"
"ဟင်"
စီဆဲလ်က မျက်ခုံးပင့်လိုက်ကာ ဘာရယ်....။
ကျောင်းမြန်က သူ၏ခြေထောက်များကို ကန်လိုက်သည်။
"လွှတ်တော့..!"
စီဆဲလ်က သူ့အောက်နှုတ်ခမ်းကို လျက်လိုက်ပြီး ပြောလေသည်။
"ဒါပေမယ့် မင်း ကိုယ့်ကို စိတ်ဆိုးတာ နီရဲနေတာပဲ"
ထိုသို့သော ကျောင်းမြန်သည် ပုံမှန်အချိန်ရှိ ကျောင်းမြန်နှင့် ကွာခြားသည်။
စိတ်တိုပြီး စိတ်ဆိုးတတ်သည်....အလွန်ချစ်စရာကောင်းသည်။
"ကောင်းပြီ လွှတ်ပေးလိုက်မယ်..."
ကျောင်းမြန်သည် ထိုစကားကိုကြားသောအခါ ချက်ချင်းဆိုသလိုပင် အမူအရာပျက်သွားပြီး မရုန်းကန်တော့ဘဲ ကုတင်ပေါ်တွင် မှောက်လျက်အိပ်ကာ ငါးအသေတစ်ကောင်လို မလှုပ်တော့ပေ။
စီဆဲလ် : "......."
စီဆဲလ် : "ဟားဟားဟား..."
စီဆဲလ် က ထပ်မရှုပ်တော့ဘဲ ပြောလိုက်သည်။
"မင်းကို မနှောင့်ယှက်တော့ဘူးမို့လို့ အိပ်တော့"
ကျောင်းမြန်သည် တစ်ဖက်သို့လှည့်သွားကာ စီဆဲလ်အားကြည့်ရန် လျစ်လျူရှုထားပြီး နောက်ပြန်ဆုတ်သွားသည်။
စီဆဲလ်က သူ့ပါးကို လက်တစ်ဖက်နှင့် ထိလိုက်ပြီး ကျောင်းမြန်၏ပခုံးကို နောက်တစ်ဖက်နှင့် ပုတ်လိုက်ပြီး
"မင်း သောက်ချင်လား"
...တုံ့ပြန်မှု မရှိပါ။
စီဆဲလ် : "ရှင်းချီပြန်ကောင်းလာတာနဲ့ ဆေးဝါးစက်ရုံလည်း အဆင်ပြေလာတာကို ဂုဏ်ပြုဖို့ ကိုယ်တို့ အိပ်ရာမဝင်ခင် သောက်ကြမယ်လေ...မကောင်းဘူးလား "
"....."
စီဆဲလ်က သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဆက်ပြောလေသည်-
“ဒါဆို မင်းကို လွှတ်ပေးမယ်လေ.."
ကျောင်းမြန် ဒေါသထွက်နေပြီဟု စီဆဲလ်က ထင်လိုက်သဖြင့် ဘာမှဆက်မပြောတော့ဘဲ မင်ရန်ကို ဖုန်းလှမ်းဆက်ကာ စံအိမ်တွင် သိမ်းထားသော အကောင်းစား ဝိုင်ပုလင်းများကို ယူလာရန် သူမကို မှာလိုက်သည်။
ဖုန်းခေါ်ပြီးနောက်တွင် စီဆဲလ်သည် ကိုယ်ကို ပြန်မတ်လိုက်ကာကျောင်းမြန်က သူ့ဘက်လှည့် ကာ စကားမပြောဘဲ သက်ပြင်းချလိုက်သည်ကိုမြင်လိုက်ရသောကြောင့် မေးလိုက်သည်။
"စိတ်ဆိုးနေသေးတာလား..."
"...."
စီဆဲလ် က ရယ်မောပြီး ရှေ့ကို ငုံ့ကာ
"အိုကေ...ကိုယ်မှားသွားတာ..စိတ်မဆိုးနဲ့တော့နော်.... ဟုတ်ပြီလား"
"အင်း"
အိုင်း...ဒီလူက အကြမ်းဖက်တာကို ကြိုက်တာပဲ။
စီဆဲလ်သည် မချော့တော့ဘဲ ကျောင်းမြန်၏ ပုခုံးကို တိုက်ရိုက်ဆွဲကိုင်ကာ အတင်းလှန်ချလိုက်သည်။
သူ့ကိုမလှန်ချဘူးဆိုရင်......
စီဆဲလ်က ကျောင်းမြန်ကို တွေ့တော့ အံ့သြသွားသည်။
ဘာလဲ....
ကျောင်းမြန်ကို စီဆဲလ်က ရုတ်တရက်မြင်လိုက်ရချိန်တွင် ကျောင်းမြန်၏ မျက်နှာတစ်ခုလုံးအပါအဝင် ပါးပြင်များ လည်ပင်းနှင့် နားရွက်များသည် ခရမ်းချဥ်သီးကဲ့သို့ နီရဲနေသည်ကို တွေ့ရလေသည်။
ဒေါသထွက်နေတာ မဟုတ်ဘဲ ရှက်နေတာလား...!
ကျောင်းမြန် က စီဆဲလ်ကို ကန်ထုတ်လိုက်ပြီး စီဆဲလ်ကို ကျောပေးကာ မျက်နှာကို အုပ်ထားလိုက်သည်။
လူအများနှင့် ဆက်ဆံရာတွင် အဆင်မပြေသည့် ကျောင်းမြန်ကို အပြစ်တင်၍မရပါ...ဒါက သူ့အတွက် ပထမဆုံးအနေဖြင့် သူ့လို(စီဆဲလ်) ချောမောပြီး ရန်စတတ်သော သူနှင့် ပထမဆုံးအကြိမ် ရင်းနှီးခြင်းဖြစ်သည်။
ထိုသို့သော အရှက်ရဖွယ် မြင်ကွင်းကို စီဆဲလ်မှ မြင်တွေ့ပြီးချိန်တွင် ကျောင်းမြန်သည် တွင်းတစ်တွင်းတူးပြီးသာ ခုန်ချလိုက်ချင်သည်။
"အဟွတ်...အဟွတ်..အဟွတ်..."
စီဆဲလ်က အထိန်းအကွပ်မဲ့စွာ ရယ်လေသည်။
အို.....ဘုရားရေ.....!
စီဆဲလ်က ထိုသို့ပျော်ရွှင်စွာရယ်မောနေခြင်းသည် ကျောင်းမြန်က ချစ်စရာကောင်းနေသောကြောင့်ဖြစ်သည်။
ဒါပေမယ့် စီဆဲလ်က သူ့စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုရှိနေလေသည်။
ဒုတ်....ဒုတ်.....
စီဆဲလ်သည် ကျောင်းမြန်ကို ကြည့်လိုက်ချိန်တွင် သူ၏ရင်ဘတ်သည် ပေါက်ထွက်လာလုနီးပါး နှလုံးခုန်နှုန်း မြန်နေလေသည်။
စီဆဲလ်သည် ကုတင်ပေါ်တက်ပြီး ကျောင်းမြန်၏ ပခုံးပေါ် သို့ သူ့လက်ကို ပေါ့ပေါ့ပါးပါး တင်လိုက်သည်။
"အာ့မြန်....ကိုယ်....."
ဘန်း....
"ဗိုလ်ချုပ်ကြီး!!"
မင်ရန်က ဝိုင်သေတ္တာကို ပိုက်ကာ တံခါးကိုဖွင့်လိုက်ပြီး ပြောလေသည်-
"ဆရာ လိုချင်တာ ဘယ်ဝိုင်မှန်း အတိအကျမသိလို့ အကုန်ယူလာခဲ့တယ်..."
စီဆဲလ် : "...."
စီဆဲလ်သည် မင်ရန်ကို မျက်ထောက်နီကြီးဖြင့် စိုက်ကြည့်နေလေသည် ။
မင်ရန်လည်း တုန်လှုပ်စွာဖြင့် ပြန်ကြည့်မိသည်။
ထို့နောက် မင်ရန်သည် ကျောင်းမြန်၏ နီရဲနေသောပန်းသီးနီးပါး ရဲနေသည့် မျက်နှာနှင့် ကျောင်းမြန်၏ ပခုံးပေါ်ရှိ စီဆဲလ်၏ လက်များကို တွေ့လိုက်ရသည်။
မင်ရန် : "...."
QAQ.
မင်ရန်က တုန်တုန်ယင်ယင်ဖြင့်
“ငါပဲ ဖြစ်ပြန်ပြီလား..”
စီဆဲလ် က သူ့သွားတွေကို အံကြိတ်ပြီး
"မင်းပြောချင်တာ မင်း...မဟုတ်ဘူးလား!"
"ကျွန်မ မဟုတ်ဘူး ကျွန်မမလုပ်ဘူး!!" ...
QAQ.....ဂလက်စီက စူပါခင်ပွန်း ချက် ထဲနေတိုင်းဝင်ကြည့်နေသည့် မိန်းကလေးတစ်ယောက်က ဂလက်စီ ခင်ပွန်းတွေရဲ့ ခံစားချက်တွေကို ဖျက်စီးမိပြန်ပြီ......။
ဘယ်လို ဖြစ်နေရတာလဲ.....။
"မင်းဝင်မလာခင် တံခါးမခေါက်တတ်ဘူးလား!"
စီဆဲလ်က သူ့လက်ကို ရုတ်လိုက်ပြီး ပြောလိုက်သည်။
“အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူးဆိုတော့ တံခါးခေါက်ရမှန်းတောင် မသိတော့ဘူးပေါ့”
“ခေါက်လိုက်တယ် !!”
မင်ရန်က စိတ်ဆိုးသွားပြီး-
"ကျွန်မတကယ်ခေါက်တယ်...ဒါပေမယ့် ဆရာ မကြားဘူး!"
"....."
စီဆဲလ် ဒေါသအရမ်းထွက်ပြီး မင်ရန် ကို ကန်လိုက်ချင်နေပေမယ့် သူမက သူ့အတွင်းရေးမှူးဖြစ်နေလေသည်။
စီဆဲလ်က ထိုမိုက်မဲသောမိန်းကလေးအား အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
"ဝိုင်ပုလင်းတွေချခဲ့...ပြန်တော့ .."
နှစ်ယောက်လုံး၏ နှလုံးသားများ နာကျင်နေသည်။
"ဟုတ်ကဲ့.."
မင်ရန်က သေခြင်းတရားမှ လွတ်ငြိမ်းချမ်းသာခွင့်ရသွားသကဲ့သို့ ဝိုင်သေတ္တာကို အမြန်ချလိုက်ပြီး ရှောင်ထွက်သွားလေသည်။
"အရူး.."
ကျောင်းမြန်သည် သူတို့နှစ်ဦး၏ နောက်ပြောင်ခြင်းကို ခံခဲ့ရပြီး သူ့မျက်နှာပေါ်ရှိ အပူများ တဖြည်းဖြည်း လျော့နည်းလာသည်။
မင်ရန်၏အသွင်အပြင်သည် ထိန်းမနိုင်သိမ်းမရဖြစ်နေကာ မရေရာသောလေထုကို ဖြိုခွဲပစ်လိုက်သည်။
စီဆဲလ်က သည် ဝိုင်ပုလင်းများကို ရွေးနေပြီးကျောင်းမြန်က ထကာ အိပ်ယာဘေးတွင် စောင့်ဆိုင်းနေလေသည်။
"လာ သောက်ရအောင်"
စီဆဲလ် သည် ဝိုင်တစ်ပုလင်းကို အမှတ်တမဲ့ ကောက်ယူပြီး သူတို့နှစ်ဦးအတွက် လောင်းထည့်လိုက်သည်။
နှစ်ယောက်သား ကုတင်ခေါင်းရင်းကို မှီပြီး လက်ထဲမှ ခွက်များကို ကိုင်ကာ ဝိုင်သောက်ကြလေသည်။
ခံစားချက်မရှိဘူးဟုထင်ရသော်လည်း နှစ်ယောက်လုံးသည် ယခုအခြေအနေတွင် ကျေနပ်နေကြပြီး ဤမငြိမ်မသက်မှုများအပြီးတွင် သူတို့၏ အနားယူမှုကို အခုမှ ခံစားရလေသည်။
ညသည် ပိုမှောင်လာသည်နှင့်အမျှ ပြတင်းပေါက်မှ လရောင်များ ဖြာကျလာသည်။
"စီဆဲလ်"
ကျောင်းမြန်က ခွက်ကို လှုပ်ခါပြီး မေးလေသည်-
"ခင်ဗျား မိဘတွေနဲ့ ညှိနှိုင်းမှာလား.."
"မရည်ရွယ်ထားဘူး။"
စီဆဲလ်သည် ခွက်ထဲက အနီရောင်အရည်များကို လှုပ်ခါလိုက်ပြီး ပြော၏-
"ကိုယ့်ကို မဖြောင်းဖျနဲ့ ...မင်းကိုယ့်ကို စည်းရုံးမယ်ဆိုရင် ကိုယ် ဒေါသထွက်ရလိမ့်မယ်..."
"မဟုတ်ဘူး"
ကျောင်းမြန်က သူ့ကို ဖြောင်းဖျဖို့ ရည်ရွယ်ချက်မရှိဘူးဟု စိတ်ထဲမှ ပြောလိုက်သည်။
စီဆဲလ်က ကုတင်ခေါင်းရင်းကို မှီပြီး
"ဒီဝိုင် ဘာဖြစ်နေတာလဲ... နည်းနည်းပြင်းတယ်"
"ဟင်..."
စီဆဲလ်သည် သူ့ဘေးက စားပွဲငယ်လေးပေါ် သို့ဝိုင်ခွက်ကို တင်လိုက်ပြီး သူ့ပုခုံးများကို ပွတ်လိုက်ကာ ပြောလေသည်။
"နည်းနည်းပူတယ်နော်"
ကျောင်းမြန်သည် စီဆဲလ်ကို ပြောစရာစကားမဲ့စွာ ကြည့်လိုက်သည်။
သူ့၏ ပါးလွှာတဲ့ တီရှပ်က ဝတ်ထားတာနှင့် မဝတ်ထားတာက ကွာခြားမှုမရှိပေ။
ဒါတောင်....ပူနေသေးတာလား..။
သို့သော်....စီဆဲလ်၏မျက်နှာနှင့် အသားအရည်သည် အမှန်တကယ်နီရဲသွားလေသည်။
ကျောင်းမြန် : ".....!!"
ဒီဝိုင်က မပြင်းဘူးမလား.....။
စီဆဲလ်သည် သူ့ထက် အဆပေါင်းများစွာ ပိုသောက်နိုင်လေသည်။
စီဆဲလ်က သူ့ပုခုံးများကို ပွတ်သပ်ရင်း ပဟေဠိဆန်စွာ တွေးလိုက်သည်။
"ဟင်... ဘာဖြစ်နေတာလဲ၊ ဒီဝိုင်က အရမ်းပြင်းလို့လား..မဟုတ်သေးဘူး...."
ဝိုင်က မပြင်းဘူးလေ။
စီဆဲလ်က အံ့အားသင့်သွားပြီး တစ်ခုခုကို ခံစားလိုက်ရသည်.....။
စီဆဲလ်၏ အသက်ရှုသံသည် တဖြည်းဖြည်း ပို၍ လေးလံလာသည်။
ကျောင်းမြန်သည် စီဆဲလ်၏ တဲငယ်လေးကို ကြည့်ကာ ငြိမ်သက်နေခဲ့သည်။
ကျောင်းမြန်သည် ဝိုင်ခွက်ကို ကြည့်ကာ ချလိုက်ပြီး အမူအရာမဲ့စွာဖြင့် အိပ်ရာမှ ထလိုက်သည်။
"ကျောင်းမြန်....."
စီဆဲလ်က ကျောင်းမြန်ကို ပြုံးပြပြီး ပြော၏။
"မင်း စမိသွားပြီ..."
".....!"
ကျောင်းမြန်၏ နားထိပ်လေးက အနည်းငယ်နီနေပြီး နားလည်မှုလွဲလွယ်သော စကားလုံးဖြစ်သည်။
"အဲဒါ ကျွန်တော်..မဟုတ်ဘူး၊ အဲဒီဟင်းရည်က ခင်ဗျားအတွက်ပဲလေ...!"
"မင်း ကိုယ့်ကိုသောက်ခိုင်းတာလေ!"
စီဆဲလ်သည် သူ့အမေကို ရိုးရှင်းစွာ သဘောကျမိသွားသည်။
ဒါ ဘယ်လို အံ့သြဖို့ကောင်းတဲ့ အကြံလဲ...။
"ကျွန်တော်မသိဘူး...!"
ကျောင်းမြန်သည် မာရှယ်၏ ဇနီးအား အကြွင်းမဲ့ ယုံကြည်နေလေသည်။
တိုက်ဆိုင်လိုက်တာ!
ကံမကောင်းစွာဖြင့် ယခုအချိန်တွင် မာရှယ်၏ဇနီးက ကျောင်းမြန်ကို ဆက်သွယ်လာလေသည်။
"ကျောင်းမြန်.....!မင်း အဲ့စွပ်ပြုတ်ကို စီဆဲလ်ကို သောက်ခိုင်းလိုက်ပြီလား..."
အသံက အတော်လေး အရေးတကြီး ဖြစ်နေသည်။
"ကျွန်တော်......"
ကျောင်းမြန်သည် ခဏတာ စကားမပြောနိုင်တော့ပေ။
မသောက်ခင် မေးရမှာလေ...အခုက သောက်လိုက်ပြီဆိုတော့ မေးဖို့ မသင့်တော်တော့ဘူးမလား...။
"သူ့ကို မတိုက်နဲ့တော့နော်...အဲ့ဒါ မိဖုရားကိုပေးဖို့ လုပ်ထားတဲ့ အားတိုးဆေးဖြစ်နေတာ အဲ့ဒါကို မသိဘဲနဲ့ ယူလာပြီး မင်းကို ပေးမိလိုက်တာ...အခု မင်းသိပြီနော် ...အဲ့ဒါ အခု တစ်ခုခုဖြစ်သွားရင်...ငါမသိဘူးနော်.."
"....."
သစ်သားသည် လှေဖြစ်လာပြီးပြီ....ကရိန်းကြီးကလည်း မာကျောလာပြီ မို့လို့ အချိန်နှောင်းသွားပြီ။
ကျောင်းမြန်က ဖုန်းချလိုက်ပြီးနောက် စီဆဲလ်ကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဒါကိုကြားလား... မဒမ်က အဲ့လိုပြောခဲ့တာမဟုတ်ဘူး"
ကွာခြားမှုရှိလို့လား....။
စီဆဲလ်က အံကြိတ်လိုက်ပြီး ပြောလေသည်-
"အခု မင်းဘာပြောချင်သေးလဲ"
"အိမ်သာက... ဟိုမှာ"
ကျောင်းမြန်သည် နားရွက်နီနီလေးများဖြင့် ခေါင်းငုံ့ကာ လက်ကို မြှောက်လိုက်ပြီး ရေချိုးခန်းသို့ သွားသည့်လမ်းကို စီဆဲလ်အား ပြလိုက်သည်။
စီဆဲလ် : "....."
ကျောင်းမြန်က သူ့ခေါင်းကို ငုံ့ထားရင်း ပြောလိုက်သည်။
"ကျွန်တော်တို့က စာချုပ်နဲ့ လက်ထပ်ထားတာမို့လို့ ခင်ဗျားကို ဘာမှမလုပ်ပေးနိုင်ဘူး..."
စီဆဲလ်က ရယ်ကာ မတ်တပ်ရပ်လိုက်ပြီး အိမ်သာ ဆီသို့ လျှောက်သွားလိုက်သည်။
"ဘန်း...."
အိမ်သာတံခါးက ပိတ်သွားလေပြီ။
ထိုအခါမှ ကျောင်းမြန် စိတ်သက်သာရာ ရသွားသည်။
စီဆဲလ် ထွက်လာပြီးနောက် ကျောင်းမြန်က အိပ်ပျော်သွားပြီး စီဆဲလ်က ၎င်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခံရသည်ဟု သံသယရှိခဲ့သည်။
သို့သော် နောက်ဆုံးတွင် ညသည် ကုန်ဆုံးသွားပြီး၊ ၎င်းသည် အချိန်မရွေး ခပ်ပါးပါးမျဥ်တစ်ကြောင်းကို ဖြတ်ကူးရန် သွေးဆောင်နေသည့် အန္တရာယ်နှင့် ပြည့်နှက်နေလေသည်။
ကျောင်းမြန်သည် ထိုအတွေးကြောင့် သူ့နှလုံးသား တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည် ။
ထူးဆန်းသည်...!