Chapter 38.1
Viewers 7k

Chapter - 38.1

(သံယောဇဥ်ကြိုးများမှ လှုံ့ဆော်ခြင်း)

နောက်တစ်နေ့.....စီဆဲလ် ထလာသောအခါ ကျောင်းမြန်သည် သူ့အားရှောင်ရန်အတွက် စောစောထသွားကြောင်းတွေ့လိုက်ရသည်။

ဒီယုန်ပေါက် ကတော့......

စီဆဲလ်က သူ့ဘေးမှ အေးစက်နေပြီဖြစ်သော အိပ်ရာကို ထိကာ ခေါင်းကို ခါယမ်းလိုက်သည်။

စီဆဲလ်လည်း အလျင်အမြန်ထလိုက်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုလုပ်ကာ ပြင်ဆင်ပြီးနောက် အခြားသူများရှိရာ ကုသရေးခန်းသို့ထွက်လာခဲ့သည်။ 

ကုသရေးခန်းတွင် အယ်လန်နှင့် ကျောင်းမြန်တို့သည် ဝတ်စုံအပြည့်ဖြင့် သပ်သပ်ရပ်ရပ်ဖြစ်နေကြပြီး စီဆဲလ်နှင့် အတူသွားရန် အဆင်သင့်ဖြစ်နေကြလေသည်။

ဒီနေ့သည် စက်ရုံ တရားဝင်ဖွင့်ပွဲနေ့ ဖြစ်သည်။

ကုရှင်းချီသည် သူ့ကိုယ်ပေါ်မှ ဒဏ်ရာများအရှင်းမပျောက်သေးသောကြောင့် စီဆဲလ်က သူ့အား ဆေးရုံမှာပဲ ကုသမှုခံယူစေကာ လူများသော နေရာသို့ မလိုက်ခိုင်းခဲ့ပေ။

စီဆဲလ်သည် ကျောင်းမြန်အား တစ်ချက်ကြည့်လိုက်ရာ သူသည် အပင်များ၏ သဘာဝနှင့် လိုက်ဖက်နေသကဲ့သို့ နို့နှစ်ရောင်အပေါ်ထပ်အင်္ကျီအား အဖြူရောင်ရှပ်လက်ရှည်ဖြင့် အောက်တွင်ခံဝတ်ထားပြီး သူ၏ရှည်လျားလှပသော ငွေပြာရောင်ဆံနွယ်များက ပုခုံးထက်မှ ဝေ့ဝဲကာ ကျဆင်းနေပုံမှာ အလွန်ကျော့ရှင်းကာ ကြည့်ကောင်းနေလေသည်။

စီဆဲလ်က သူ၏မေးစေ့ကိုထိလိုက်ပြီး ပြောလိုက်သည်။
"ဒဏ္ဍာရီထဲက နတ်သူငယ်လေးလိုပါပဲလား.."

ကျောင်းမြန်ကလည်း ပြုံးလိုက်ပြီး ပြန်မေးလိုက်သည်-
"အဲ့ဒါဆို ခင်ဗျားက မုဆိုးလား"

စီဆဲလ်ဝတ်ဆင်ထားသည်မှာ အရေးကြီးသောနေ့ဖြစ်သောကြောင့် ကြွားဝါသည့် အသွင်ဆောင်နေကာ သူ၏အရှိန်အဝါသည် ဒီနေ့တွင် ပို၍ ပြင်းထန်နေပုံပေါက်သည်။ယနေ့တွင် သူသည် အနက်ရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မှောင်မိုက်သော အစိမ်းရောင်ကုတ်ကို ပုခုံးပေါ်တွင်တင်ထားကာ ဖက်ဒရေးရှင်းရှိ သူ၏ အဆင့်အတန်းကို ဖော်ပြထားလေသည်။ 

"ရို့....မင်းက ဘာကိုပြောချင်တာလဲ..မဟုတ်မှ မင်းနှလုံးသားလေးကိုရော ကိုယ်အမဲလိုက် မိသွားလို့လား...."

စီဆဲလ်က သူ့မေးစေ့ကို ထိထားလေသည်။

ကုရှင်းချီ ၏ မျက်လုံးများ ကျယ်လာပြီး အယ်လန်က နှစ်ယောက်စလုံးကို ရွံရှာစွာ ကြည့်လိုက်သည်။

တော်ကြပါတော့....!

"အဲ့လိုမဟုတ်ပါဘူး..."

အစက ကျောင်းမြန်သည် အံ့သြနေရာမှ နောက်တွင် မျက်နှာသေကြီးဖြင့် ပြန်ပြောလိုက်သည်-

"ကျွန်တော့်မှာ နှလုံးသားမရှိလို့ ခံစားချက်လည်းမရှိဘူး...ဆေးအသစ်လဲပြီးပြီဆိုတော့....သွားကြတာပေါ့"

အယ်လန်၏ မျက်နှာသည် ပြုံးရွှင်သွားသည်။

ဒီလိုမျိုး တစ်စုံတစ်ယောက်က ပြောလို့ရလို့လား...။

ကျောင်းမြန်က ဘာတွေကြုံခဲ့ရလို့ အခုလိုပြောရတာပါလိမ့်...။

စီဆဲလ်က သူ့နှာခေါင်းကို ထိလိုက်ပြီး .......
"သွားကြတာပေါ့ ...."

နောက်ဆုံးတွင် အားလုံးသည် ကုရှင်းချီအား နှုတ်ဆက်ကာ စက်ရုံသို့ ထွက်သွားကြသည်။

မတော်တဆထပ်မဖြစ်အောင် ကာကွယ်နိုင်ရန်လည်း ဖြစ်သလို အပင်ဆေးဝါးစက်ရုံအား အလှအပထက် ခိုင်ခံ့မှုနှင့် လုံခြုံရေးအား ဦးစားပေးကာ သတ္ထုအကာများဖြင့် ရှေးကျပြီး ရိုးရှင်းသောဒီဇိုင်းဖြင့်သာ ဆောက်လုပ်ခဲ့သည်။ရှေးကမ္ဘာမြေသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားချက်များပေးစွမ်းနေသောကြောင့် ကျောင်းမြန်သည် အပင်ကုထုံးသည် အတိတ်သို့ ပြန်သတိရသွားစေသလို ခံစားနေရသည်။

စက်ရုံရှေ့တွင် စင်မြင့်တစ်ခုနှင့် လေဝင်လေထွက်ကောင်းသော တဲကို စိုက်ထူထားပြီး အစားအသောက်နဲ့ ဝိုင်များ အများကြီး ချထားပေးကာ ယခုအချိန်တွင် တော်ဝင်မိသားစုများ အပါအဝင် ဂြိုဟ်အားလုံးမှ ကိုယ်စားလှယ်များ စုဝေးကာ ဖန်ခွက်တစ်ခွက်စီကိုင်ထားပြီး သောက်နေကြလေသည်။

စီဆဲလ်သည် ကျောင်းမြန်အား လေယာဉ်ပေါ်မှဆင်းရန် ကူညီပေးပြီးနောက်တွင် မကြာသေးမီက ဖက်ဒရေးရှင်းတွင်ကြီးမားသည့် မုန်တိုင်းကိုဖြစ်ပေါ်စေသော ဖက်ဒရယ်စုံတွဲသည် လူများစွာ၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည် ။

ကျောင်းမြန်သည် မျက်လွှာကိုချကာ လူတိုင်း၏ အဓိပ္ပါယ်အမျိုးမျိုးဆောင်နေသည့် အကြည့်များကို ဂရုမစိုက်ဘဲ လျှောက်လာခဲ့သည်။  

"ဗိုလ်ချုပ်ကျောင်း ရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ..."

"ဗိုလ်ချုပ်ကျောင်းနဲ့ ပတ်သက်တဲ့ ကောလဟာလတွေက အမှန်ပဲကို...လာပါ...တစ်ခွက်လက်ခံပေးပါ.."

"ဒီတစ်ခွက်က ဗိုလ်ချုပ်ကျောင်းကို ဂုဏ်ပြုတဲ့အတွက်ပါ....ကျုပ် ဆုတောင်းပါတယ် ခင်ဗျားနဲ့ ဗိုလ်ချုပ်ကျောင်း နှစ်တွေအကြာကြီးအထိသဟဇာတရှိရှိနဲ့ အလှအပတွေ ပိုင်ဆိုင်နိုင်ပါစေ..."

သို့သော် ယခင်ဖြစ်ရပ်အပြီးတွင် ကျောင်းမြန်သည် သူ့အပေါ် လူတိုင်း ၏ သဘောထားမှာ အနည်းငယ် ကွဲပြားခြားနားနေသည်အား သတိပြုမိခဲ့သည် ။

ဖော်လံဖားများ ၊ ကောင်းမွန်သော ဆက်ဆံရေးကို လိုချင်သူများ အားလုံးသည် သူ့အပေါ်ပို၍ အာရုံစိုက်နေကြသည်။ထို့နောက် ဖက်ဒရယ်၏ ထိပ်တန်းအရာရှိများ နှင့်စစ်သားများသည် ကျောင်းမြန်အားနှုတ်ဆက်ရန် တစ်ယောက်ပြီးတစ်ယောက် ယဥ်ကျေးစွာ ရောက်လာခဲ့သည်။ 

မည်သို့ပင်ဖြစ်စေ ကျောင်းမြန်သည် ယခုအချိန်တွင် ဖက်ဒရေးရှင်း၏ 'အကျိုးပြုသူ' ဖြစ်ကြောင်း လူတိုင်းသိကြလေသည်။ ဗိုလ်ချုပ်ကြီး စီဆဲလ်သည် သူ့အား အလိုလိုက်ထားသည်။ ဗိုလ်ချုပ်ကုနှင့် တော်ဝင်မင်းသား အယ်လန်တို့ကလည်း သူနှင့် အနီးတွင် ရှိနေကြသည်။

"ကျေးဇူးတင်ပါတယ် " 

စီဆဲလ်သည် ဗိုလ်ချုပ်ကုအား ခေါ်သွားချိန်တွင် ကျောင်းမြန်တစ်ယောက်တည်းကျန်ခဲ့ကာ အဆုံးမရှိသော ခွက်ပေါင်းများစွာကို လက်ခံခဲ့ရသောကြောင့် သူ၏နှလုံးသားလေးသည် အနည်းငယ် စိတ်မချမ်းမသာ ဖြစ်နေလေသည်။ သူသည် အကြိမ်တိုင်းကို တစ်ငုံစီသာ သောက်ခဲ့သော်လည်း သူ၏ သောက်နိုင်စွမ်းသည် မမြင့်သောကြောင့် နည်းနည်းစီသောက်သည့် တစ်ငုံပေါင်းများစွာကပင် အကျိုးသက်ရောက်မှုရှိလေသည်။ 

စီဆဲလ်သည် ဗိုလ်ချုပ်ကုကို ဆွဲခေါ်သွားပြီးနောက် သူသည် ဆာတန်တော်ဝင်မိသားစုထံသို့ လာခဲ့လေသည်။

"ဆာတန်တော်ဝင်မိသားစုက အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုပဲ ပြောနေကြတာ.....အခု ဗိုလ်ချုပ်ကြီးကိုယ်တိုင် ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"  

ဗိုလ်ချုပ်ကုက အသံကျယ်ကျယ်ဖြင့် ပြောလေသည်။

လက်ထပ်ခြင်း.....။

စီဆဲလ်သည် မျက်ခုံးကို တွန့်ချိုးလိုက်သည် ။

သူ့ရှေ့တွင် ဝဖြိုးနေသော သက်လတ်ပိုင်းအရွယ်နှင့်လူသည် ဆာတန်ဂြိုလ်၏ ဘုရင်ဖြစ်ပြီး ဘုရင်ကြီးသည် ယခုအချိန်တွင် ပုဂ္ဂိုလ်ရေးအရလာရောက်ခြင်းဖြစ်ပြီး သူ့သမီးကိုလည်း ခေါ်ဆောင်လာလေသည်။

"ဘုရင်ကြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"

စီဆဲလ်က သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး ပြောလေသည်။

"မင်းကြီးနဲ့ မင်းသမီးကို ကျေးဇူးတင်ပါတယ် ၊ ဒီတစ်ခါပွဲကို အလျင်အမြန် တက်ရောက်ပေးတဲ့အတွက် ဆာတန်ဂြိုလ်ရဲ့ ရိုးသားမှုကို ဖက်ဒရယ်ပြည်ထောင်စုက အရမ်းတန်ဖိုးထားပါတယ်" 

"ပြည်ထောင်စုကနေ ဖိတ်ကြားတာက စနေဂြိုလ်အတွက်လည်း ဂုဏ်ယူစရာပါပဲ... တကယ်က ငါဒီတစ်ခါ လာတော့ ငါ့သမီးလေးကိုပါခေါ်လာခဲ့လိုက်တယ်....အဓိကကတော့ ပူးပေါင်း ထိမ်းမြားမှုအကြောင်းပြောဖို့ပါပဲ...."

ဆာတန်ဂြိုလ်မှ ဘုရင်က ပြုံးပြီး ဆက်ပြောလေသည်။
" ငါ့သမီးအငယ်ဆုံးလေးက ဗိုလ်ချုပ်ကြီးကို ခံစားချက်ရှိနေတာ ကြာပြီ... ဗိုလ်ချုပ်ကြီးက လက်ထပ်ပြီးပြီဆိုတာ သိလိုက်ရတော့ ငိုတောင်ငိုသေးတယ်"

စီဆဲလ်သည် ဆာတန်မှ မင်းသမီးအားကြည့်လိုက်ချိန်တွင် လှပသော မျက်လုံးများရှိသည့် မိန်းကလေးက သူ့ကို ရှက်ရွံ့စွာ ကြည့်နေသည်။

စီဆဲလ်က မျက်ခုံးကိုပင့်ကာပြောလိုက်သည်။
"ဆာတန်ဘက်ကလည်း သိပြီးသားဖြစ်မှာပါ..ကျုပ်က လက်ထပ်ပြီးပြီဆိုတာ..."

'ဒါပေါ့ ....စာချုပ်နဲ့ လက်ထပ်ထားတာလေ...'

ဆာတန်မင်းကြီးသည် အလွန်ပွင့်လင်းပြီး သူ၏ရင်ဘတ်ကို ပွတ်ကာ တည်ငြိမ်စွာဖြင့်ပြောလေသည်။

"အိမ်ထောင်ပြုပြီးသွားလည်း ဘာဖြစ်လဲ...ငါ့ရဲ့ အန်ဂျလာလေးက ဗိုလ်ချုပ်ကျောင်းလောက် ကြည့်မကောင်းသလို အသုံးမဝင်ပေမယ့် သူမက မိဖုရားငယ် နေရာလောက်ရရင်တောင် စိတ်မဆိုးပါဘူး...."

ဗိုလ်ချုပ်ကု : "......" 

စီဆဲလ် : "..."

.....!!!

အန်ဂျလာက မျက်လုံးလေးများ မှိတ်သွားသည်အထိ ချိုမြိန်စွာ ပြုံးလိုက်သည် ။ 

"ကျွန်မက ဗိုလ်ချုပ်ကျောင်းနဲ့တော့ မတူပါဘူး...သူက ရှင်နဲ့ ရန်ဖြစ်ကောင်းဖြစ်နိုင်တယ်....ကျွန်မက မိန်းကလေးဆိုတော့ ပိုပြီး ဂရုစိုက်ပေးနိုင်တယ်...မိသားစုကိုလည်း ပိုပြီးစောင့်ရှောက်နိုင်တယ် ပြီးတော့...ဗိုလ်ချုပ်ကျောင်းက စစ်သားတစ်ယောက်....တစ်နှစ်ပတ်လုံး စစ်မြေပြင်ကိုသွားနေရမှာ..ရှင့်အတွက် ကလေးမမွေးပေးနိုင်လောက်ဘူး....ဗိုလ်ချုပ်ကြီး...ကျွန်မက ရှင့်ကို ဒါတွေအကုန်ဖြည့်ဆည်းပေးနိုင်ပါတယ်.."

"......"

ချဉ်းကပ်မှုသည် ပြင်းထန်လွန်းသဖြင့် စီဆဲလ်သည် ခဏ ငြိမ်ကျသွားသည်။

ကလေးမွေးပေးမည် ဆိုသော ကတိကိုလည်းပေးခဲ့သေးသည်။

စီဆဲလ်က ရယ်လိုက်ကာ.....
"အဲ့ဒါဆိုးတာပဲ...ကျုပ်က တစ်လင် တစ်မယားစနစ်ပဲ ကျင့်သုံးတယ်.."

"ဗိုလ်ချုပ်ကြီးမှာ ခင်ပွန်းတစ်ယောက်ပဲရှိတာပါ မိန်းမတစ်ယောက်မှ မရှိသေးပါဘူး"

အန်ဂျလာက ချိုမြိန်စွာ ပြုံးလိုက်သည် ။

"အိုး....ဗိုလ်ချုပ်ကြီး...ရှေးကမ္ဘာမြေကြီးရဲ့ ဘုရင်တွေနဲ့ ယနေ့ခေတ်ရဲ့ ခေါင်းဆောင်တော်တော်များများမှာ လက်တွဲဖော်တွေက ရှိနေပါတယ်....သူတို့ရဲ့ ထိပ်ဆုံးမှာတော့ယောက်ျားတစ်ယောက်ရှိနေပေမယ့် နောက်ထပ် ဇနီးမယား နည်းနည်း ထပ်ထားဖို့ဆိုတာ သူတို့အဆင့်အတန်းနဲ့ဆို ဖြစ်နိုင်ပါတယ်..."

စီဆဲလ်က သူ့နှာခေါင်းကို ထိလိုက်ပြီး ပြုံးလိုက်ကာ ပြန်ပြောလိုက်သည်။

"ယောကျ်ားတစ်ယောက်က သူ့မှာ လက်တွဲဖော်တွေ အများကြီးရှိတာကို ဂုဏ်ယူသင့်တယ်လို့ မထင်ဘူး .....ပြောင်းပြန်ပြောရရင် ယောကျာ်းတစ်ယောက်က သူသွားတဲ့ နေရာတိုင်းမှာ သူနဲ့ လက်တွဲညီတဲ့ လက်တွဲဖော်တစ်ယောက်ပဲ လိုတယ်...အဲ့ဒါကမှ အမှန်ပဲ..."

စီဆဲလ်၏ စကားကြောင့် သားအဖနှစ်ယောက်စလုံး အံ့သြသွားကြသည်။

"မင်းသမီး လှပပြီး သွက်သွက်လပ်လပ်ရှိတာပဲ..သူမနဲ့ ပိုပြီးသင့်တော်တဲ့ လက်တွဲဖော်ကို ရှာတွေ့မှာပါ..." 

စီဆဲလ်က အန်ဂျလာနှင့် စေ့စပ်ပေးသော လက်ထပ်ပွဲကို ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

အန်ဂျလာက အနည်းငယ် မကျေနပ်ပေ။

စီဆဲလ်ထွက်သွားပြီးနောက် ဆာတန်ဘုရင်က သူမ၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

"အဆင်ပြေသွားမှာပါ...အဖေတို့ မြို့တော်မှာ ရက်နည်းနည်းကြာအောင်နေရမှာလေ..."

စီဆဲလ်သည် မူလက ကျောင်းမြန်ကိုရှာဖို့ သွားချင်သော်လည်း ကတ်စပါက စစ်သားတစ်ဦးက အရက်မူးကာ စက်ရုံထဲသို့ ဝင်ဖို့လုပ်ရာ တားလိုက်ချိန်တွင် ထိုစစ်သားက အရင်က စီဆဲလ်နှင့်အတူ တိုက်ပွဲဝင်ခဲ့ဖူးသည့် အဆင့်မြင့်အရာရှိဖြစ်ပြီး သူ၏ ချိုသာသောအပြုံးက အလွန်ဖော်ရွေနေသောကြောင့် သာမန်လူများက သူ့ကို မတားဆီးနိုင်ခဲ့ပေ။

စီဆဲလ်က ပြန်လှည့်လိုက်ပြီး ထိုသူ့ဆီ အရင်သွားဖို့လိုနေသည်။

တစ်ဖက်တွင်လည်း အားလုံးသိကြသည့်အတိုင်း ကျောင်းမြန်က မူးနေလေပြီ။ 

ကျောင်းမြန်၏ အားနည်းချက်မှာ ဝိုင်အား မည်သို့ငြင်းရမှန်းမသိသောကြောင့် စိတ်ညစ်နေပြီး ထိုအချိန်တွင် သူ၏ မျက်လုံး နှင့် နားရွက်များက နီရဲနေပြီး ပါးစပ်ထဲတွင် မွှေးပျံ့နေလေသည်။

သူသည် ငြိမ်ငြိမ်လေး ရပ်နေရုံဖြင့် သူ၏မျက်နှာတွင် အေးစက်သော အမူအရာရှိနေသောကြောင့် အပြင်လူများက သူ၏ လက်ရှိအခြေအနေအား မခန့်မှန်းနိုင်ကြပေ။

"ဗိုလ်ချုပ်ကျောင်း !"

ကျောင်းမြန်က ထိတ်လန့်တုန်လှုပ်သွားပြီး နောက် သူ့ဆီသို့ စကတ်ဖောင်းဖောင်းလေးကို ဝတ်ဆင်ထားသည့် လှပသော မိန်းကလေးကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးက သူမကိုယ်သူမ မိတ်ဆက်လာသည်-

"ငါ့နာမည်က အန်ဂျလာပါ ...စနေဂြိုလ်က အငယ်ဆုံးမင်းသမီးပါ..."

ကျောင်းမြန်က ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး သဘာဝကျသော လှုပ်ရှားမှု တစ်ခု ပြုလုပ်ပြလိုက်သည်။

အန်ဂျလာက သူမ နှလုံးသားထဲမှ အရမ်းသိချင်နေသည်မှာ ဗိုလ်ချုပ်ကျောင်းသည် ဗိုလ်ချုပ်ကြီး စီဆဲလ်၏ လက်တွဲဖော်သာမက သူအားကိုးရသည့် လုပ်ဖော်ကိုင်ဖက်ဖြစ်နေသည်မှာ အမှန်လား ဟုပင်ဖြစ်သည်။

ပြောတော့....ဉာဏ်ရည်ထက်မြက်တယ်ဆို အခု ဒီပုံက ဘာဖြစ်လို့ ပျင်းစရာကောင်းတဲ့ ပုံဖြစ်နေတာလဲ..။

ဒါပေမဲ့...ကျောင်းမြန်က အနည်းငယ် ပျင်းရိနေလျှင်ပင် ကြည့်ကောင်းနေဆဲဖြစ်ရာ အန်ဂျလာက ပြုံးကာမေးလိုက်သည်။

"ဗိုလ်ချုပ်ကျောင်းက အရမ်းကြည့်ကောင်းတာပဲ... လျှို့ဝှက်ချက်များရှိနေတာလား..."  

ကျောင်းမြန်က သူ့ခြေထောက်ကို ကြည့်ပြီး အကြာကြီး ငြိမ်နေလိုက်ပြီး ရယ်လိုက်သည်။

"မရှိပါဘူး" 

"တကယ်လား ဒါဆိုရင် ငါ့မှာ မျက်နှာကို ဂရုစိုက်ဖို့နဲ့ အစိုဓာတ်ထိန်းဖို့ မီးတောင်က ရွှံ့နဲ့လုပ်ထားတဲ့ မျက်နှာဖုံးတွေ ရှိတယ် အဲ့ဒါ ဗိုလ်ချုပ်ကို ပေးမယ်လေ ဘယ်လိုလဲ..."

".... ဟုတ်ကဲ့!"

ကျောင်းမြန်က ခေါင်းညိတ်လိုက်သော်လည်း သူ့စိတ်ထဲတွင်....'မီးတောင်လား....သူမ ဘာတွေပြောနေတာလဲ......"

အန်ဂျလာက သူမ၏ စိတ်ထဲမှပြောနေခဲ့သည်..ဘယ်လို စိတ်တိုစရာကောင်းတဲ့ ငတုံးမျိုးလဲ...

အန်ဂျလာက ရုတ်တရက် စီဆဲလ်ကိုရရန် ယုံကြည်မှုရှိလာပြီး သူမအတွက် အခက်အခဲမရှိလောက်တော့ဘူးဟု ခံစားလာရသည်။

သူမရှေ့မှလူအား ဗလာမျက်ဝန်းများဖြင့်ကြည့်ကာ အကြံထုတ်နေလေသည်။

"ဗိုလ်ချုပ်ကျောင်း....နင်ကတတ်လား.."

"ကျွန်တော် မကတတ်ဘူး..."

အန်ဂျလာက မျက်လုံးကိုမှိတ်ပြီး မေးလိုက်သည်။
"ဒါဆို ငါ နင့်ကို သင်ပေးရမလား" 

"မလုပ်ပါနဲ့"

ကျောင်းမြန်က ဆက်ပြောလိုက်သည်။
"စီဆဲလ်က ပြီးရင်...ပြသနာလာရှာလိမ့်မယ်"

" ...."

အန်ဂျလာ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ စင်မြင့် ပေါ်ရှိ စန္ဒယား ကို ညွှန်ပြပြီးမေးလိုက်သည်။

"ဗိုလ်ချုပ်ကျောင်း...စန္ဒယားတီးတတ်လား.." 

"တီးတတ်တယ်"

"ဒါဆို....ငါတို့ ပြိုင်ကြမလား" 

အန်ဂျလာက စီဆဲလ်၏ ရှေ့တွင် သူမ၏ ကျွမ်းကျင်မှုအား ချပြနိုင်တော့မည့် အခွင့်အရေးအားတွေးကာ ပျော်ရွှင်နေခဲ့သည်။

"မင်းသမီး ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပေးပါ...."

ကျောင်းမြန်က အံ့အားသင့်သွားပြီး သူ့နောက်ကနေ အေးဆေးတည်ငြိမ်သော အမျိုးသမီးအသံတစ်ခု ထွက်လာပြီး လှည့်ကြည့်လိုက်ချိန်တွင် သူ့နောက်မှာ အရပ်ရှည်ပြီး မျက်နှာကျက လေးထောင့်နည်းနည်းဆန်ကာ ထက်မြက်ပုံရသည့် အမျိုးသမီးတစ်ဦးရပ်နေတာကို တွေ့လိုက်ရသည်။ 

"ဗိုလ်ချုပ်ကျောင်း ..ဆရာမူးနေပြီမို့လို့ ကျွန်မ ဆရာ့ကို အနားယူဖို့ ခေါ်သွားပေးပါ့မယ်" 

ကျောင်းမြန်က ခဏရပ်ကာ စဥ်းစားလိုက်ပြီးနောက် ထိုအမျိုးသမီးသည် စီဆဲလ်၏ အထွေထွေ အတွင်းရေးမှူး တစ်ယောက်ဖြစ်သော မိုချင်း ဖြစ်ကြောင်း သတိရသွားသည်။ 

မိုချင်း ကျောင်းမြန်အား ဦးညွှတ်ပြကာ သူ၏လက်ကိုဆွဲလိုက်ပြီး ပြောသည်။

"ဗိုလ်ချုပ်ကြီး က ဆရာ့ကို စောင့်ရှောက်ဖို့ ကျွန်မကို အမိန့်ပေးထားလို့ပါ..."

"ခဏနေပါဦး......"

အန်ဂျလာက စိုးရိမ်စွာဖြင့် သူမ၏ စကတ်ကိုမကာ လျှောက်လာပြီး ပြော၏။

"ဗိုလ်ချုပ်ကျောင်းက ငါနဲ့ စန္ဒယားတီးပြိုင်မယ်လို့ပြောခဲ့တာ...."

'နင်က စပ်စုတဲ့မိန်းမပဲ!'

မိုချင်းက အနည်းငယ် စိတ်ပျက်သွားသည်။

ကျောင်းမြန်က ခေါင်းကို လှည့်လိုက်ပြီး မေးလိုက်သည်-
"ပြောမိလို့လား...."

"နင် မပြိုင်ရဲဘူးလား....ငါနဲ့ပြိုင်ဖို့ သတ္တိမရှိဘဲ ကြောက်နေလို့လား..."

အန်ဂျလာက မြေပြင်ပေါ်သို့ ခြေထောက်ကို ဆောင့်နင်းလိုက်သည်။

"ကျွန်တော် ကြောက်လို့မဟုတ်ဘူး"