Chapter 38.2
Viewers 7k

Chapter - 38.2

(သံယောဇဥ်ကြိုးများမှ လှုံ့ဆော်ခြင်း)

ကျောင်းမြန်က ပြောလေသည်-
"ကျွန်တော် စန္ဒရားတီးတတ်တယ်" 

ထို့နောက် ကျောင်းမြန်သည် မိုချင်း၏ လက်ထဲမှ ရုန်းထွက်ကာ အန်ဂျလာနှင့်အတူ စင်ပေါ်သို့ တက်သွားသည် ။

မိုချင်းက တုန်လှုပ်သွားသည် ။

နှလုံးသားမှာ အပြောင်းအလဲရှိသွားပြီလား.....။ 

ကျောင်းမြန်က သူမကို မထွက်ခွာခင် သူဒီဂိမ်းမှာ အနိုင်ရဖို့ လိုသည် ဟုပြောခဲ့သည်။

ရှုံးလို့မဖြစ်ဘူး.....။

ကျောင်းမြန်သည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူမကြုံဖူးသေးသောအရာအတွက် သူ့နှလုံးသားထဲတွင် ပြင်းထန်သောစစ်ပွဲတစ်ခု ဖြစ်ပေါ် နေလေသည်။

အန်ဂျလာက လုံးဝကိုသတိမထားမိဘဲ စင်မြင့်ပေါ်သို့ ကျောင်းမြန်အားခေါ်သွားကာ  မိုက်ကရိုဖုန်းကို ယူလိုက်ပြီး ပြုံးလိုက်သည် ။

"အားလုံးပဲ မင်္ဂလာညနေခင်းပါ" 

.....!!!

ပရိသတ်များသည် စီဆဲလ်၏ တရားဝင်ခင်ပွန်း ကျောင်းမြန် နှင့် စီဆဲလ်အား လက်ထပ်လိုသည့် အချစ်ပြိုင်ဘက် အန်ဂျလာတို့အား စင်မြင့်ပေါ်တွင် အတူရပ်နေသည်အားမြင်လိုက်ရချိန်တွင် မေးရိုးများ ပြုတ်ကျသွားတော့သည်။ ကျောင်းမြန် ခံစားရမည်ကို စိုးရိမ်နေကြသူများရှိသလို မင်းသမီးဘက်မှ ဖရဲသီးစားချင်သူများလည်း ရှိနေလေသည်။

"ဗိုလ်ချုပ်ကျောင်း နဲ့ ကျွန်မတို့ နှစ်ယောက်စလုံးက စန္ဒယားတီးတာ ကောင်းတယ်ဆိုလို့ အားလုံးကို အကဲဖြတ်လို့ရအောင် ဖျော်ဖြေဖို့ သံစဥ်တစ်ချို့တီးပြပါမယ်..."

ပွဲအခမ်းအနားရှိ စင်ပေါ်မှာ တစ်စုံတစ်ယောက်က ဖျော်ဖြေသည်မှာ အံ့သြစရာမဟုတ်သလို စီဆဲလ် ကိုယ်တိုင်လည်း သူငယ်စဥ်အခါက အယ်လန်၏ စင်ပေါ်သို့ ဆွဲခေါ်ခြင်းကို ခံရဖူးသည်။ 

ဒါပေမယ့် ကျောင်းမြန် နဲ့ အန်ဂျလာ အတူတူရှိနေတာကတော့.....နည်းနည်း....

ကျောင်းမြန် က အလေးအနက်ထားပြီး စကားလုံးတစ်လုံးချင်း ဖြည်းညင်းစွာပြောလေသည်-

"မဟုတ်ဘူး၊ ကျွန်တော်တို့က ပြိုင်ပွဲဝင်နေတာ"

ဒါက ဂိမ်းကောင်းတစ်ခုမဟုတ်ဘူးလား...။

အန်ဂျလာ : "....."

ဖရဲသီးစားသူများ : "......"

အန်ဂျလာက ပြုံးပြီး ပြောလေသည်။
"ကောင်းပြီလေ ... ဗိုလ်ချုပ်ကျောင်း ကိုယ်တိုင် က ဒီလိုပြောတယ်ဆိုတော့ ကျွန်မတို့ရဲ့ ကျွမ်းကျင်မှုနဲ့ ပြိုင်ကြရအောင်..." 

"အင်း"

သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ရှိ စန္ဒယား တစ်လုံးစီတွင် ဝင်ထိုင်လိုက်ကြသည်။

ပရိသတ်များက ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး စင်မြင့်ပေါ်သို့ အာရုံစိုက်ကာ ကြည့်ရှုခဲ့ကြပြီး ဒီနှစ်၏ အထူးသတင်းအား စောင့်ဆိုင်းနေကြသည်။

အခြားတစ်ဖက်တွင် စီဆဲလ်သည် အရာရှိကို တိုက်ရိုက်နှင်ထုတ်လိုက်ပြီး တခြားလူများနှင့် အတူ ထွက်လာသည့်အချိန်တွင် မင်ယန် နှင့် တခြားအတွင်းရေးမှူးဖြစ်သည့် အယ်ဗင်တို့အား သူဆီ အလျင်အမြန်လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"မကောင်းတော့ဘူး.....မကောင်းတော့ဘူး!"
 
မင်ရန်က သူ့ရှေ့တွင် ရပ်လိုက်လေသည်။

အယ်ဗင်ကလည်း သူ့ရှေ့တွင်ရပ်ကာ ပြောလိုက်သည်။

"ဗိုလ်ချုပ်ကျောင်းက ရန်သူကို သူ့အရည်အချင်း တွေထုတ်ပြတော့မယ်..."

စီဆဲလ် : "...."

မင်ရန်ကလည်း အယ်ဗင်နှင့်အတူရပ်ကာ ပြောလိုက်သည်။

"ဗိုလ်ချုပ်ကျောင်းနဲ့ မင်းသမီး အန်ဂျလာ တို့က သူတို့ စန္ဒယားစွမ်းရည်တွေထုတ်ပြကြတော့မယ်..."

စီဆဲလ်က ထိုစကားကို ကြားလိုက်ချိန်တွင် မျက်ခုံးကို ပင့်လိုက်လေသည်။

ကျောင်းမြန်က အဲ့လို ပြောင်းလဲတတ်တဲ့သူလား..။

စန္ဒယားတီးပြီး တိုက်ခိုက်မယ်ပေါ့...။

"ဗိုလ်ချုပ်ကြီး...ကျွန်တော်တို့ သွားကြည့်မှရမယ်.."

မင်ရန် နှင့် အယ်ဗင်တို့သည် စီဆဲလ်၏ ဘယ်နှင့် ညာမှနေကာ ပွဲထဲသို့ ပြန်လာခဲ့သည်။

ဤအချိန်တွင် စင်ပေါ်၌ စလိုက်မီး များထွန်းထားပြီး စီဆဲလ်သည် အနက်ရောင်နှင့် အဖြူရောင် ခလုတ်များကို သူ၏ လက်ချောင်းများဖြင့် ထိထားသည့် စန္ဒယားနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် အမျိုးသားကို တွေ့လိုက်ရသည်။

စီဆဲလ်သည် ကျောင်းမြန်၏ မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်ကို မြင်လိုက်ရသောကြောင့် သူ၏နှလုံးသားလေး လှုပ်ခတ်သွားသည်။

ဒါက ......ဘယ်လိုဖြစ်ရတာလဲ။

မင်ရန်၏ မျက်လုံးများလင်းလက်သွားပြီး
"အာ...ဗိုလ်..ဗိုလ်ချုပ်ကျောင်းက အချစ်အတွက် တိုက်ပွဲဝင်နေတာ ထင်တယ်.."

စီဆဲလ်က စိတ်ပျက်သွားသည် ။

ဒီကိစ္စက တကယ်ရော ဖြစ်နိုင်လို့လား။

အာ...ဒီလူ သူ့ကို ထပ်ပြီး ဆွဲဆောင်နေပြန်ပြီလား...။

စီဆဲလ်သည် ပြုံးချင်ချင်ဖြစ်နေသော သူ၏ နှုတ်ခမ်းထောင့်များကို လက်ဖြင့် ကာထားပြီး အရိုင်းဆန်စွာ ပြုံးလိုက်သည်။

"သူဒီလောက် မနာလိုဖြစ်လိမ့်မယ်လို့ ငါမထင်ထားဘူး...."
 
'ရှင် ငြင်းနေမယ်ဆိုလည်း အခုထိ ဘာလို့မသွားသေးတာလဲ....'

စင်ပေါ်ရှိ ကျောင်းမြန်သည် စီဆဲလ်၏ ရူးသွပ်ပြီး ဒရမ်မာဆန်သော အတွေးများအား မသိဘဲ အန်ဂျလာအား လက်ယမ်းပြကာ ပြောလိုက်သည်။

"အမျိုးသမီးကို ဦးစားပေးပါတယ်"

အန်ဂျလာက တုန်လှုပ်သွားပြီး ကျောင်းမြန်က သူမကို အရင်ရွေးချယ်ခွင့်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဖယ်ဒရေးရှင်း၏ စန္ဒရားပြိုင်ပွဲများကို အပိုင်း သုံးပိုင်းခွဲထားပြီး ပထမအပိုင်းနှင့် ဒုတိယပိုင်းများကို ပထမလူက သီချင်းကို ရွေးချယ်ခွင့်ရှိပြီး အရင်စတီးရသည်။ ဒုတိယလူက ပထမလူ အဆုံးသတ်ထားသည့် နေရာမှစကာ သီချင်းအား အပြီးသတ်ရလေသည်။

"ဒန်...." 

အန်ဂျလာက ပထမသံစဥ်ကို စတီးလိုက်ပြီး သူမ၏ လက်ချောင်းများကြားမှ ဂီတသံစဥ်များက လွင့်မျောလာလေသည်။ အစပိုင်းတွင် သံစဥ်က နူးညံ့လေသည်။ သို့သော် နောက်ပိုင်းတွင် သံစဥ်က ပြောင်းသွားကာ မြူးကြွ ကခုန်နေသော သံစဥ် အဖြစ်သို့ ပြောင်းလဲသွားသည်။

စီဆဲလ် ဘေးတွင်ရပ်နေကာ စန္ဒယားကိုလည်း သင်ယူဖူးသည့် တော်ဝင်မျိုးနွယ်ဖြစ်သည့် အယ်လန်က ပြောလိုက်သည်။

"ဒါက ဖက်ဒရေးရှင်း ဂီတစာမေးပွဲမှာ မေးတဲ့ သီချင်းပဲ...အရမ်းကို အနုပညာဆန်တယ်..ကြည့်ရတာ မင်းသမီးက ဗိုလ်ချုပ်ကျောင်းကို ပညာစမ်းနေတယ်ဆိုတာ သင်ဖူးတဲ့သူတိုင်းသိတယ်...."

စီဆဲလ်သည် မျက်ခုံးကို ပင့်လိုက်သည်။

အန်ဂျလာက အဆုံးသတ်လိုက်ပြီးနောက် ကျောင်းမြန်အား ပြုံးကာကြည့်နေလိုက်သည်။

ကျောင်းမြန်က မည်သည့်အမူအယာမှမပြဘဲ သူ၏လက်ချောင်းများအား ကီးဘုတ်ပေါ်သို့တင်ကာ သံစဥ်များကို စတင် တီးခတ်လိုက်သည်။ လက်ချောင်းများသည် အဖြူရောင်နှင့်အနက်ရောင် နုတ်များပေါ် နှိပ်၍ တီးခတ်နေသည်မှာ မည်သည့်ဖိအားမှ မရှိဘဲ ဒုတိယအပိုင်းအား ပြီးပြည့်စုံစွာ အဆုံးသတ်လိုက်သည်။

ဒီရလဒ်သည် ပုံမှန်ဖြစ်သော်လည်း ဒါသည် အလှည့်အပြောင်းတစ်ခုဖြစ်နေလိမ့်မည်ဆိုသည်အား သိနိုင်ပေလိမ့်မည်။

ချက်ချင်းဆိုသလိုပဲ မမျှော်လင့်ထားသော လက်ခုပ်သံများ ထွက်လာခဲ့သည်။

လူတိုင်းသည် စစ်မြေပြင်တွင်သာ ပျော်မွေ့တတ်သော ဗိုလ်ချုပ်ကျောင်းက စန္ဒယားကို မည်သို့ တီးခတ်ရမည်ကို ကောင်းကောင်းသိနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

တော်ဝင်မိသားစုသည် ဂီတတူရိယာများကို သိနေသည်မှာ မထူးဆန်းသော်လည်း ဗိုလ်ချုပ်ကျောင်းက ဒါကို ကောင်းကောင်းသိနေသည်မှာအလွန် အံ့သြစရာကောင်းသည်။

စီဆဲလ်သည် ကျောင်းမြန်အား ပြုံးကာ ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲထိပါ ပြုံးနေလေသည်။

အန်ဂျလာသည် သူမ၏ စိတ်ထဲတွင် ရလဒ်ကွာခြားမှုအကြောင်းကို တွေးနေလေသည်။

ကျောင်းမြန်.... သူ..ဒီစန္ဒယားကို တကယ်ကောင်းကောင်းတီးနိုင်လိမ့်မည်ဟု သူမ မထင်ထားပေ။ သူမသည် အလွန်အံ့သြဖွယ်ကောင်းသည့် အရာကို ရှာတွေ့သွားခြင်းဖြစ်သည်။

"ဒန်...ဒန်..!"

စီဆဲလ်သည် အယ်လန်ကို လှည့်ကြည့်လိုက်သည်။

အယ်လန်ကပြောလိုက်သည်။

"ဒါ....ဒါက...ခြောက်ခြားဖွယ် တီးလုံးပဲ..."

စတားကွန်ရက်တွင် 'ခြောက်ခြားဖွယ်ကောင်းသော စိတ္တဇတီးလုံး' နှင့် ' ခြောက်ခြားဖွယ် သရဲတီးလုံး' အဖြစ် လူသိများလေသည်။

"ဘာလို့လဲ...."

"ဒီသီချင်းက အရမ်းမြန်တယ် ....ဒီအပိုင်းကို တီးခတ်နိုင်တဲ့သူတွေက ရေဘဝဲလက်တွေလိုပဲ မှတ်ထားတဲ့ မှတ်စုတွေကို စည်းချက်ကျအောင် အမြန်တီးကြရတာ .....လက်ချောင်းတွေက ရှုပ်ထွေးလုနီးပါးပဲ....ဒီသီချင်းရဲ့ နောက်ခံအကြောင်းက မိန်းကလေးတစ်ယောက်က သူတစ်ဖက်သတ်ချစ်ရဲ့ ကောင်လေးကို သွားတွေ့ဖို့ သူမရင်တွေခုန်ပြီး စိတ်လှုပ်ရှားတဲ့ အကြောင်းရေးထားတာ...."

သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ဤအပိုင်းသည် ကလဲ့စားချေတတ်သော မိန်းကလေး၏ တေးသွားအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

စီဆဲလ်က တိတ်တိတ်လေး တွေးလိုက်မိသည်။

'ဒီသီချင်းက စိတ်ခံစားမှုကို အစပျိုးတဲ့ သီချင်းမဟုတ်ဘဲနဲ့ နှလုံးရောဂါရစေတဲ့ သီချင်းမျိုးမဟုတ်ဘူးလား...'

"ဒန်....ဒန်....ဒန်း...."

အန်ဂျလာသည် ကီးဘုတ်ကို သေချာကြည့်လိုက်ပြီး သူမ ၏ လက်ချောင်းဆယ်ချောင်းသည် ညင်သာစွာဖြင့် သံစဥ်နုတ်တိုင်းကို တိတိကျကျ နှိပ်လိုက်သည် ။

အန်ဂျလာ အဆုံးသတ်ခါနီးတွင် အယ်လန်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလေသည်။

"ဗိုလ်ချုပ်ကျောင်းကို သူမထောင်ချောက်ဆင်နေတယ်..."

"ဟင်"

အယ်လန်က ဆက်ပြောလေသည်-

"ဒီသီချင်းရဲ့ ဒုတိယပိုင်း....ပြောချင်တာက ဗိုလ်ချုပ်ကျောင်း တီးရမယ့် အပိုင်းက ပထမပိုင်းထက် နှစ်ဆပိုမြန်တယ်..."

"ဟမ်" 

စီဆဲလ် က သူ့မေးစေ့ကို အသာလေးထိလိုက်သည်။

သူသည် သိပ်စိုးရိမ်မနေဘဲ ကျောင်းမြန်၏ ပျင်းတိပျင်းရွဲ အမူအရာကို ကြည့်လိုက်သည်နှင့် သူ့မှာ(ကျောင်းမြန်) ယုံကြည်မှုရှိနေကြောင်း သိလိုက်သည်။

ယခုအချိန်တွင် ကျောင်းမြန်၏ အမူအရာသည် 
အန်ဂျလာ စန္ဒယားတီးနေသည်ကို ကြည့်ရသည်မှာ လူပြက်တစ်ယောက်က သူ့ရှေ့တွင် ခုန်ပေါက်နေသည်ကို ကြည့်နေရသကဲ့သို့ဖြစ်နေသည်။

"သူ စတီးတော့မယ်!" 

အယ်လန်သည် ထိုမိန်းကလေးကို စိုက်ကြည့် လိုက်သည်။

ကျောင်းမြန်သည် အပြုံးတစ်ခုကို ဖွဖွပြုံးလိုက်ပြီး သူ၏ လက်ချောင်းများကို ကီးဘုတ်ပေါ် အသာအယာတင်လိုက်သည်မှာ တစ်ထပ်တည်းကျလုနီးပါးဖြစ်နေပြီး သဲသဲကွဲကွဲ မမြင်ရတော့ဘဲ အဖြူရောင် ပုံရိပ်သာကျန်နေတော့သည်။

"ဟေး" 

အယ်လန် : "သူ တကယ် အရှိန်မြှင့်လိုက်တာလား...ဗိုလ်ချုပ်ကျောင်းက ရူးသွားပြီလား.."

စင်ပေါ်တွင် ကျောင်းမြန်သည် အချိန်မရွေး လဲကျတော့မည့်အနေအထားဖြစ်နေသောကြောင့် ပြိုင်ဆိုင်လိုသည့် အကြည့်များကို ဂရုမစိုက်ဘဲနေရာ သူ၏ ရှည်လျားလှပပြီး ပျော့ပျောင်းသော ငွေပြာရောင်ဆံနွယ်များသည် ယခုအချိန်တွင် ဒီဧရိယာတစ်ခုလုံးတွင် အာရုံ အဖမ်းစားနိုင်ဆုံးအရောင်ဖြစ်လေသည်။ 

သံစဉ်တိုင်း နုတ်တိုင်းသည် အရှိန်အဟုန်ဖြင့် ပြီးပြည့်စုံလေသည်။ ကျောင်းမြန်သည် သာမန်ကလေးသီချင်းတစ်ပုဒ်တီးခတ်နေသကဲ့သို့ တစ်စက်ကလေးမျှ ထိတ်လန့်တုန်လှုပ်မှုမရှိဘဲ အေးဆေးစွာ တီးခတ်နေလေသည်။

နောက်ဆုံးသံစဥ်ကို အဆုံးသတ်ပြီးချိန်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မတုန့်ပြန်ကြပါ။

အယ်လန်က ရူးသွပ်စွာ လက်ခုပ်တီးလိုက်ပြီး သူစတီးလိုက်ပြီးနောက် ပွဲတစ်ခုလုံးတွင် လက်ခုပ်သံများ ဆူညံ ကျယ်လောင်သွားပြီး နားစည်များပင် ကွဲလုမတတ်ပင်။

ခန်းမထဲရှိ လူတိုင်းသည် ကျောင်းမြန်ကို သဘောကျနေကြပြီး မင်းသမီးလေးတစ်ယောက်က စန္ဒယားတီးတတ်သည်ဟု ကျန်လူများက ချီးမွမ်းကြသော်လည်း ပုံမှန်တီးတတ်သည်နှင့် ဒီအတိုင်းအတာထိ တီးတတ်သည်မှာ မတူညီပေ။ ချဲ့ကားပြောဆိုခြင်း မဟုတ်သော်လည်း ရှားပါးသော ငါးဖက်မြင် ကိုယ်ထည်တစ်ခုကဲ့သို့ပင်ဖြစ်နေသည်။ 

စီဆဲလ်၏မျက်နှာသည် ဂုဏ်ယူမှုအပြည့်ရှိသည်။

ကျောင်းမြန်သည် သူ့လက်ထပ်မည့် လက်တွဲဖော်ဖြစ်ထိုက်ပါသည်.....!

ကျုပ်တို့သည် စိန်ခေါ်မှုများကို မကြောက်သည့်အပြင် စိန်ခေါ်ခွင့်လည်း မပြုနိုင်ပေ။

ကျောင်းမြန်က သူ့နှုတ်ခမ်းများကို တင်းကြပ်စွာစိ ထားပြီး အလင်းရောင် အနည်းငယ်အောက်တွင် လူတိုင်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြကာ အနည်းငယ် မာနကြီးသော်လည်း ရွံရှာဖွယ်မကောင်းဘဲ လူတိုင်းက သူ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိမှု နှင့် ထက်မြက်မှုတို့ဖြင့် ဆွဲဆောင်ခံလိုက်ရသည်။

ပရိသတ်နည်းနည်းထဲတွင် စီဆဲလ်လည်း ပါနေသောကြောင့် ထိတ်လန့်သွားသည်။

ကျောင်းမြန်သည် စန္ဒယားရှေ့တွင်ထိုင်ကာ နှုတ်ခမ်းကိုတွန့်ကွေး ပြုံးနေချိန်တွင် စီဆဲလ် ၏ အတွေးထဲတွင် ပုံရိပ်တစ်ခုသည် ရုတ်တရက် ပေါ်လာလေသည်။

အခန်းကျဉ်းလေးထဲတွင် ရိုးရှင်းစွာ စန္ဒယားတီးနေသော ကောင်လေးက မြေပြင်မှ ခြေတံတိုတိုလေးများဖြင့် ကုလားထိုင်တစ်လုံးပေါ်တွင်တက်ကာ ထိုင်နေလေသည်။

ကောင်လေးသည် ဂီတတွင် ပါရမီပါပြီးငယ်ရွယ် သေးသော်လည်း ဂန္ထဝင်သီချင်းများကို ကောင်းကောင်း တီးခတ်နိုင်နေပြီဖြစ်သည်။

"ကိုကို....သား တီးတာကောင်းလား.."

ကောင်လေးက သူရှိရာသို့လှည့်ကြည့်ပြီး ပြုံးကာပြောလေသည်-
"သား ကောင်းကောင်းတီးပြပြီးရင်...သားကိုဖက်ထားပေးပါနော်..."

...........

"ဒါ....မဖြစ်နိုင်ဘူး...!" 

စင်ပေါ်တွင် အန်ဂျလာက သူမ၏ အောက်နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်ထားလေသည်။

ဘယ်လိုဖြစ်ရတာလဲ....။

ဘယ်လိုနည်းနဲ့လဲ......။

အန်ဂျလာ၏ မျက်နှာသည် အနည်းငယ်ဖြူဖျော့သွားပြီး သူမတွင် ယခင်ကမရှိခဲ့သည့် ကျောင်းမြန်အား ထိတ်လန့်သည့် ခံစားချက်ကို ခံစားလိုက်ရပြီး တုန်လှုပ်သွားသည်။

ဘယ်လိုလုပ်ရမလဲ.....။

ကျောင်းမြန် : "ဒီတစ်ခါ မင်းသမီးက အဆုံးသတ်ပါ သံစဥ်ကို ကျွန်တော်ရွေးမယ်..ရတယ်မလား.."

အန်ဂျလာ : "နင်.... လူတိုင်းတီးလို့ရပြီး လူသိများတာကိုပဲ ရွေးရမယ်..."

ဤစကားများထွက်လာသည်နှင့် တပြိုင်နက် ကျောင်းမြန်၏ အရှိန်အဝါသည် သိသိသာသာ ပိုတိုးသွားသည်။ 

အယ်လန် : "သူမ စင်ပေါ်မှာ ထိတ်လန့်နေလို့ အမှားတွေလုပ်မိနေပြီ....ဗိုလ်ချုပ်ကျောင်းကို လွှမ်းမိုးနိုင်ဖို့ တကယ် ခက်တာပဲ...."

အယ်လန့် စကားဆုံးသောအခါတွင် စီဆဲလ် သည် သူ့ဘေးမှ တုန်လှုပ်နေသည်ကိုတွေ့လိုက်ရသောကြောင့် မျက်မှောင်ကြုတ်ကာ စီဆဲလ် ၏ ပုခုံးကို နှစ်သိမ့်သည့် အနေဖြင့် ပုတ်ပေးလိုက်သည်။

စီဆဲလ် အထိတ်တလန့်ဖြစ်နေသည်ဟု သူထင်ခဲ့သည်။

"ဟမ်" 

စီဆဲလ်သည် သူ၏နှာခေါင်းကိုထိလိုက်ကာ နောက်ဆုံးတွင် သူ၏ပါးစပ်မှလက်ကိုဖယ်လိုက်ပြီး အယ်လန် သည် ထိုနေရာတွင် ကြီးမားသောအပြုံးတစ်ခုကိုတွေ့လိုက်ရသည်- 

"အာ့မြန် ကအရှုံးမပေးဘူးဆိုတာ အစကတည်း ကသိတယ်"

"ကျစ်" 

သူ၏ နှစ်သိမ့်မှုကို ဖြုန်းတီးလိုက်သောကြောင့်အယ်လန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"သူ စန္ဒယားတီးတာကို မြင်ဖူးလား"

စီဆဲလ် က မဖြေခဲ့ပေ။

စင်ပေါ်မှာ နှစ်ချီပြီးသွားချိန်တွင် ကျောင်းမြန်က ပြော၏။

"ဒါဆို တောင်တန်းတွေ ပင်လယ်တွေဆီ လွှတ်ထုတ်ပြီး....တီးကြမလား.."

အန်ဂျလာ ခဏကြောင်အသွားပြီး တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရသွားသည်။

ဒီသီချင်းသည် အရမ်းရိုးရှင်းသော စစ်သီချင်းဖြစ်သည်။

အနည်းဆုံးတော့ သူမ ဆိုးဆိုးဝါးဝါး မလုပ်မိလောက်ပေ။

အန်ဂျလာက အသက်ပြင်းပြင်းရှူလိုက်သည်။

အခွင့်အရေးရှိပါသေးတယ်....။

အခြားသူများ မသိကြသေးသော်လည်း ကျောင်းမြန်က ထိုသီချင်းကိုရွေးချယ်ခဲ့သောကြောင့် အနိုင် အရှုံးကို စီဆဲလ်က သိပြီးဖြစ်လေသည်။ 

ဒီသီချင်းသည် စစ်သားများ စစ်မချီတက်ခင်တွင်တီးကြသည့် စစ်သီချင်းဖြစ်ကြောင်း ကြားဖူးနားဝရှိလေသည်။

စစ်၏သဘောကို သိနေသော ကျောင်းမြန်နှင့်သီချင်းကိုသာသိပြီး စစ်ပွဲအကြောင်းကို ဘာမှမသိသည့် ကလေးမက ဘယ်လိုမျိုး တီးလို့ရနိုင်ပါ့မလဲ....။

တကယ်တော့ ကျောင်းမြန်သည် သိပ်ပြီး မစဥ်းစားခဲ့ပေ။ သူရွေးရမည့် အလှည့်ဖြစ်သောကြောင့် သူ့စိတ်ကြိုက် သူတွေးထားပြီးသားသီချင်းကိုရွေးခဲ့ခြင်းဖြစ်သည်။

ဤအပိုင်းသည် ခက်ခဲမည်မဟုတ်သော်လည်း စစ်သားများ စစ်မချီတက်မီ လုပ်ရသည့် ထုံးတမ်းစဉ်လာတစ်ခုရှိသည်။

ပထမပိုဒ်သည် နှေးကွေးသော သံစဥ်ဖြင့်စပြီး....တစ်ခုပြီး တစ်ခု နိမ့်ကျသွားသည့် အစဥ်အလာဖြစ်သည်။

ဖျော်ဖြေရေးမစမီ ငြိမ်သက်နေသော လေထုကို ခံစားရစေရန် ပရိသတ်များသည် တဖြည်းဖြည်း တိတ်ဆိတ်သွားကာ ခံစားချက်များ ဖြည်းဖြည်းချင်း နစ်မြုပ်သွားကြသည်။

စီဆဲလ်သည် မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

ထို့နောက် အန်ဂျလာ က ဆက်တီးရလေသည်။

"ဒေါင်..ဒေါင်..." 

စီဆဲလ် : "...."

စီဆဲလ်သည် သူမအား အောင်မြင်စွာ နှင်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။

စီဆဲလ်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ကောင်းကောင်းမတီးနိုင်တော့သည့် အန်ဂျလာအား ကြည့်လိုက်စဥ် သူမသည် ထိတ်လန့်ကာ နုတ်တစ်ခုကိုပင် မှားနေပြီဖြစ်သည်။

အန်ဂျလာသည် သူမကိုယ်သူမ မရေမရာဖြစ်သွားပြီ နောက်ဆုံးတွင် 'မြန်မြန်တီးပြီး မြန်မြန်ထွက်သွား ရမယ်'ဆိုသည့် အတွေးသာရှိတော့ကာ မူလက နှေးကွေးလေးလံသော သံစဥ်များကို သူမက လျင်မြန်စွာတီးခတ်ခဲ့ပြီး သီချင်းသည် ဤကဲ့သို့ ပြီးဆုံးသွားခဲ့သည်။

ကျောင်းမြန်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ အန်ဂျလာ၏ အနိုင်အရှုံးတိတိကျကျမသိရသေးခင် အလွယ်တကူ အရှုံးပေးသွားသည်ကို မကျေမနပ်ဖြစ်နေလေသည်။