Chapter 39.1
Viewers 7k

Chapter -39.1

(ဗိုလ်ချုပ်ကြီး စီဆဲလ်က သူ့ကို လှည့်စားနေတာလား!!)

"ကိုကို သားကို နှင်းလူသားနောက်တစ်ရုပ် ထပ်လုပ်ပေးနော်.....ရလားဟင်...."

တိတ်ဆိတ်သွားသည်.....။

နေရာတိုင်းတွင် တိတ်ဆိတ်နေသည်....။

စီဆဲလ်သည် ကျောင်းမြန်ကို ထွေးပွေ့ထားပြီး သူ့ရင်ခွင်ထဲမှ ပြုံးနေသောသူကို ကြည့်လိုက်ရင်း စိတ်ရှုပ်ထွေးသွားသည်။ 

"မင်း..."

ကျောင်းမြန် မျက်လုံးကို အနည်းငယ်ဖွင့်လိုက်သည်။

စီဆဲလ်က ဓါတ်လိုက်သွားသကဲသို့ "ဝူး..." ကနဲ အော်ဟာ လွှတ်ချလိုက်ပြီး ကျောင်းမြန်ကို ပြူကျယ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ကျောင်းမြန်သည် သံသယစိတ်ဖြင့် ကြည့်လိုက်သည်။

ဘာမှားနေလို့လဲ....။

သူ့ရှေ့မှလူ နှင့် သူ့အတိတ် ကလေးဘဝတုန်းက လူနှင့် တစ်ထပ်တည်းတူနေသလိုပင်...။

စီဆဲလ်က သူ့ကိုယ်သူ ရူးသွားပြီဟု ထင်နေခဲ့သည်။

သူ့လည်ချောင်းက ယားယံလာပြီး တိုးတိုးလေးပြောလိုက်သည်။

"မင်း ကောင်းကောင်း အနားယူ" 

ထိုသို့ပြောပြီးနောက် စီဆဲလ်က ရှောင်ထွက်လာခဲ့သည်။

ကျောင်းမြန်သာ သတိရှိနေပါက စီဆဲလ်သည် ထွက်ပြေးသွားကြောင်း ကျိန်းသေပေါက် သိနေပေလိမ့်မည်။ 

စီဆဲလ်က ထွက်ပြေးသွားလေသည်။

"ဟား......."

စီဆဲလ်သည် လေယာဉ်ထဲမှ ထွက်လာပြီး ဥယျာဉ်နောက်ဘက်ရှိ စင်ကို မှီလိုက်ပြီး ခေါင်းကိုမော့လိုက်ပြီး မျက်လုံးများကို လက်ဖြင့်ပွတ်ကာ အသက်ကိုပြင်းပြင်းရှူလိုက်သည်။

ရူးသွားပြီ......။

"သေစမ်း...!"

ထို့နောက် နီးကပ်စွာရပ်နေသော အယ်လန်နှင့် မင်ရန်တို့နှင့် ထိပ်တိုက်ဆုံမိခဲ့သည်။ 

ထောင့်ဘက်ကို ရုတ်တရက်ကြည့်လိုက်ချိန်တွင် မြင်မားသောအရပ်နှင့် အနက်ရောင်လိုင်းများပြည့်နေသည့် မျက်နှာကို မြင်လိုက်ရချိန်တွင် အယ်လန်က ထိတ်လန့်သွားပြီး သူမျက်နှာပင် ဖြူစုပ်သွားသည်။

စီဆဲလ်သည် သူတို့နှစ်ဦး အထူးသဖြင့် ဥယျာဉ်အနောက်ဘက်မှ ထွက်လာသည့်ဘအမျိုးသားတစ်ဦးနှင့် အမျိုးသမီးကိုတွေ့လိုက်ရချိန်တွင် အမျိုးသမီး ၏မျက်လုံးများသည် နီရဲပြီး ရောင်ရမ်းနေလေသည်။ 

"မင်းတို့... မင်းတို့ဘာလုပ်နေကြတာလဲ" 

စီဆဲလ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ.... ငါတို့ဘာလုပ်နေလဲဆိုတာက အရေးမကြီးဘူး...အရေးကြီးတာက မင်းလည်း ငိုနေတာပဲလေ...ငါအခု ကန်းသွားပြီလား...."

အယ်လန် သည် စီဆဲလ်၏မယုံကြည်နိုင်စရာကောင်းသည့် အချက်ကို ထောက်ပြလိုက်သည်။

စီဆဲလ်သည် မျက်လုံးကိုမှေးကျဥ်းကာ အယ်လန်အား အန္တရာယ်ရှိစွာ စိုက်ကြည့်လိုက်သည်။

"ငါ.....ငါက ကန်းနေတာပဲလေ.."

သူသည် အဖွဲ့ချုပ်၏ မင်းသားတစ်ပါးဖြစ်သော်လည်း လိုအပ်သလို ပျော့ပျောင်းနိုင်ပြီး သူ၏ရင်ဘတ်ကိုပွတ်ကာ ပြောလိုက်သည်။

"ငါ့မျက်လုံးတွေက အခြေအနေပိုဆိုးလာတာပဲ..." 

မင်ရန်သည် စီဆဲလ်၏ အကြည့်များကိုရှောင်ဖယ်လိုက်ပြီး သူမစိတ်ထဲတွင် ပြောသင့် မပြောသင့် ဝေခွဲမရ ဖြစ်နေသည်။

မင်ရန်ကိုမြင်လိုက်ချိန်တွင် စီဆဲလ်က မျက်ခုံးကို ပင့်ကာ မေးလိုက်သည်။

 "ဘာဖြစ်နေတာလဲ?"


"ကျွန်မ ...ကျွန်မ...." 

မင်ရန်က ခေါင်းငုံ့ကာ သူမ၏စကတ်ကို လက်ဖြင့် လိမ်နေလေသည်။

"သူမ စိတ်အခြေအနေမကောင်းဘူး..." 

အယ်လန်က စကားဝိုင်းကို ဖြိုခွင်းရန် ထွက်လာပြီး မင်ရန်ကို လက်ယမ်းပြကာ ပြောလေသည်။

"မင်းအရင်ပြန်နှင့်တော့ ငါ....ဗိုလ်ချုပ်ကြီးနဲ့ နောက်မှ ဆေးရုံကို ပြန်လာခဲ့မယ်...."

"ဟုတ်ကဲ့ပါ..." 

မင်ရန်က ခဏရပ်လိုက်ပြီး ဆက်ပြော၏။
"ဗိုလ်ချုပ်ကြီး ညကျရင် ကျွန်မ ပြောစရာရှိပါတယ်.."

မင်ရန်က သူမတတ်နိုင်သမျှကို ပြောရန် ဆုံးဖြတ်လိုက်ပြီး ထိုအချိန်ကဖြစ်ခဲ့သည်ကို အတည်ပြုမှာဖြစ်သည်။

"ကောင်းပြီ..."

ထိုပွဲအား အခြားသူများကို ဂရုစိုက်ရန်ထားခဲ့ကြပြီး အယ်လန်နှင့် စီဆဲလ်တို့သည် လေယာဥ်ပေါ်သို့ တက်လာကြပြီးနောက် အိပ်ပျော်နေသော ကျောင်းမြန်ကိုကြည့်ကာ တံခါးကို ညင်သာစွာပိတ်လိုက်သည်။

စီဆဲလ်နှင့် အယ်လန်တို့သည် ပင်မအခန်းရှိ ထိုင်ခုံအပျော့တွင်ထိုင်ကာ စီဆဲလ်က သူ့ရင်ဘတ်ကို ဖိလိုက်ပြီး ပြောလေသည်။

"ငါ အာ့မြန်ကို သဘောကျနေပြီထင်တယ်..."

အယ်လန်က မျက်တောင်ခတ်လိုက်သည်။

ဘာရယ်.....

စီဆဲလ် က သက်ပြင်းချလိုက်ပြီး ပြော၏။

"အစတုန်းက ငါ သူနဲ့ စာချုပ်နဲ့ လက်ထပ်ခဲ့တာ ...ငါသူ့ကို သဘောကျပါတယ်...ဒါပေမယ့် အဲ့ဒါက ရဲဘော်ရဲဘက်တစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို သဘောကျတယ်ပဲထင်ခဲ့တာ....ဒါပေမယ့် အခုကျတော့...."

စီဆဲလ်က သူ့နှာခေါင်းကို ထိလိုက်ပြီး ဆက်ပြော၏။

"တစ်ခုခုတော့ ...မှားနေပြီထင်တယ်" 

"အဲဒါဆို.. မင်းက သူ့ကို ကြိုက်တာလား..... တကယ်ကြိုက်လား" 

အယ်လန်က ထိတ်လန့်စွာဖြင့် အော်လိုက်သည်-
"အဲ့ဒါက ပိုမကောင်းဘူးလား...မင်းတို့က လက်ထပ်ပြီးသားလေ..."

"မဟုတ်ဘူး"

"ဟမ်"

စီဆဲလ်က ပြတ်သားစွာပြောလိုက်သည်။

"ငါချစ်တဲ့သူက ရှောင်ကျစ်ပဲ..."
(T/N- ရှောင်ကျစ်က ခုနစ်ကလေးကိုပြောတာပါ)

"....."

အယ်လန်သည် အရင်တုန်းက စီဆဲလ်မူးနေတုန်းက ပြောခဲ့သည့် စကားများကို ပြန်စဥ်းစားပြီး မှတ်မိသွားသည်။၊

ရှောင်ကျစ် သည် ထိုနှစ်တွေအတွင်းက ဓာတ်ခွဲခန်းတွင်ရှိသည့် နောက်ထပ်ကလေးတစ်ဦးဖြစ်သည်။

"ဟမ်... မဟုတ်သေးပါဘူး၊ မင်း သူ့ကို မှတ်မိနေသေးတာလား.....မဟုတ်မှ မင်း အဲ့ကတိကို အခုထိထိန်းနေတုန်းလား" 

အယ်လန်က မျက်လုံးကြီးပြူးကာ ဆက်ပြောလေသည်။

"အစ်ကိုကြီးရယ်....အခုပဲ ဆယ်နှစ်နှစ်တောင်ရှိနေပြီ....အကယ်၍ ကလေးလည်းသေသွားပြီဆိုရင် အခုဆို သူ့အရိုးတွေပဲ ရှိတော့မှာ...အသက်ရှင်နေရင်တောင် မင်းကို မှတ်မိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး...အခု မင်းရှာနေတာလည်း နှစ်တွေ ဒီလောက်ကြာနေပြီ...အရင်တစ်ခုက ဖြစ်နိုင်ချေပိုရှိနေမယ်ထင်တယ်....."

"ပါးစပ်ကိုပိတ်ထား......!" 

စီဆဲလ်၏မျက်နှာသည် မှောင်မိုက်သွားပြီး သူ့မျက်လုံးများတွင် မုန်တိုင်းထန်နေလေသည်။

"သူသေမှာ......မဟုတ်ဘူး။"

"ဒါပေမယ့် မင်း အခုတခြားတစ်ယောက်ကို ချစ်နေပြီမို့ အဲ့ဒါကအရေးမကြီးတော့ဘူးလေ" 

အယ်လန်က သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

"တာ့ကော....မင်း ကိုယ်ဘာသာကိုယ်တော့ တွင်းမတူးဘူးမလား.....မင်းကိုယ်မင်းရော အခြားသူတွေကိုပါ အရှက်မရစေဘဲနဲ့ ဗိုလ်ချုပ်ကျောင်းနဲ့ ကောင်းကောင်းနေသွားရမှာမဟုတ်ဘူးလား...."

စီဆဲလ်က တိတ်ဆိတ်နေသည်ကို မြင်တော့ အယ်လန်က တိုးတိုးလေးမေးလိုက်သည်။

"အဲ့လူက မင်းနှလုံးသားထဲမှာ ချစ်နေတာလား...စွဲလမ်းမှုတစ်ခုပဲလား..."

'ဒီလောက်နှစ်တွေကြာနေပြီကို.....'

"ငါအထင်.....မင်းမေ့ပစ်သင့်နေပြီ....
"

"ငါ သူကို ချစ်တယ်ဆိုတာသေချာတယ်....ချစ်တာကနေမှ စွဲလမ်းသွားတာ...."

စီဆဲလ်က ဆိုဖာထဲသို့ လက်သည်းများနစ်ဝင်မတတ် သူ့လက်များကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

"သူ့အကြောင်းမပြောတော့တာနဲ့ ငါသူ့ကိုမေ့သွားတာ မဟုတ်ဘူး....ငါသူ့ကို ဆက်ရှာနေတုန်းပဲ...."

ရေခဲမြစ်စနစ်က လက်နက်ချပြီးနောက်တွင် စီဆဲလ်သည် သူ့ကိုရှာဖွေရန် လူများကိုတိတ်တဆိတ် စေလွှတ်ခဲ့သည်။

သို့သော် ထိုလူသည် ဤကမ္ဘာမှ လုံးဝပျောက်ကွယ်သွားသကဲ့သို့ နှစ်ပေါင်းများစွာကြာသည်အထိ ခြေရာပင်ရှာလို့မရခဲ့ပေ။

"အဲ့ဒါဆို ဗိုလ်ချုပ်ကျောင်းက ဘာဖြစ်သွားမလဲ။" 

အယ်လန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

စီဆဲလ်သည် တိတ်ဆိတ်နေလေသည်။

သူအခု ဘာလုပ်ရမည်ဆိုတာ တကယ်မသိတော့ပေ။

အယ်လန်က သူ့မေးစေ့ကိုထိလိုက်ပြီး ပြောလေသည်-

"ငါပြောပြမယ်... ငါ့အထင် မင်း ဗိုလ်ချုပ်ကျောင်းကို လက်မထပ်ခင်က အချင်းချင်း တိုက်ခိုက်ခဲ့တဲ့ စစ်မြေပြင်မှာကတည်းက ကြိုက်သွားတာထင်တယ်"

စီဆဲလ်က အယ်လန့်ကို လှည့်ကြည့်လိုက်သည်။

အယ်လန်က ဆက်ပြောလေသည်။

"မင်း ဗိုလ်ချုပ်ကျောင်းနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ သူ့ကိုဆက်ဆံတာနဲ့ သူများတွေကိုဆက်ဆံတာနဲ့ မတူဘူးလို့ မင်းမထင်ဘူးလား... အဲဒီလူကို မင်းမကြိုက်ဘူးဆိုရင် သူ့ကို ဒီလိုလုပ်မှာမဟုတ်ဘူး"

စီဆဲလ်က သူ့သွားတွေကို ကြိတ်လိုက်ပြီး အယ်လန့် ကိုကြည့်လိုက်သည်- 

" အရင်က မင်းကိုပြောပြတယ်ဆိုတာ မင်းကို အဖြေတစ်ခု ရှာစေချင်လို့ပြောပြခဲ့တာ...အဲ့ဒါကို အခုဘာလို့စိတ်ပျက်စရာကောင်းအောင် ပြောနေရတာလဲ..."

အယ်လန်လည်း အံကြိတ်ကာပြောလေသည်။ 

"ဘာလို့ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုတာ မင်းမသိဘူးလား.....ပြန်မသုံးသပ်ဘူးလား...ဘာလို့ခေါင်းမာနေတာလဲ...အတိတ်ကို လွှတ်ချလိုက်လို့မရဘူးလား.....လေယာဥ်ကို မောင်းတော့ ..သွားမယ်"

အထဲတွင် တိတ်ဆိတ်နေလေသည်။

စီဆဲလ် က စကားမပြောသလို အယ်လန်ကလည်း ကျားအမြီးကို အတင်းအကြပ်မရိုက်ရဲပေ။

ခဏအကြာတွင်.... 

စီဆဲလ် : "ငါ လွှတ်မချနိုင်ဘူး..."

"ဟင်"

စီဆဲလ် က သူ့မျက်လုံးများကိုမှိတ်ပြီး ပြောလိုက်သည်-

 "မေ့လိုက်ဖို့က မဖြစ်နိုင်ဘူး" 

"အဲဒါ...."

"ငါ မသိတော့ဘူး..."

“အိုင်း...…” 

အယ်လန်က ခေါင်းငုံ့လိုက်ကာ မည်သည့်စကားမှ မပြောတော့ပေ။

အယ်လန် လည်း သူ့စိတ်ထဲတွင် အံ့သြသွားသည်။

စီဆဲလ် သည် မာနကြီးပြီး အမြဲတမ်းယုံကြည်မှုအပြည့်ရှိနေတတ်သည်။ ယခုကဲ့သို့ စီဆဲလ် စိတ်ဓါတ်ကျနေသည့်ပုံစံအား အယ်လန် တစ်ခါမှ မမြင်ဖူးပေ။ 

ဒါ... သူနဲ့ လုံးဝမတူနေဘူး။

လေယာဉ်သည် ဆေးရုံသို့ရောက်ရှိလာပြီးနောက် အယ်လန်သည် ဤတိုက်ပွဲကွင်းမှ အမြန်ထွက်ခွာသွားခဲ့သည်။

စီဆဲလ် သည် ပင်မခန်းထဲတွင် တစ်ယောက်တည်း ထိုင်ကာ သက်ပြင်းချလိုက်သည်။

သူသည် လေယာဉ်ပေါ်မှ ထွက်မသွားသေးပေ။

"ဗိုလ်ချုပ်ကြီး...."

မိုချင်းက အစီရင်ခံစာတစ်စောင်ကိုယူလာပြီး တင်ပြလိုက်သည်။ 

"ဒါက နယ်စပ်ဒေသရဲ့ စိုက်ပျိုးရေးအစီရင်ခံစာပါ" 

"အင်း" 

စီဆဲလ် သည် ၎င်းကို သာမန်ကာလျှံကာ ယူကာ လှန်ကြည့်လိုက်သည်။

မာရှယ် ခရစ်သည် အုပ်ချုပ်မှုကို ပြန်လည်သိမ်းပိုက်ပြီးနောက်တွင် တော်ဝင်မိသားစု၏ အာဏာသည် တဖြည်းဖြည်း အားနည်းလာကာ ရေခဲပြင်စနစ်နှင့် အဖွဲ့ချုပ်ကြား ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပိုမိုနီးကပ်လာပြီး အရေးအကြီးဆုံးမှာ နယ်စပ်ဒေသ၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။

"ကောင်းပြီ" 

စီဆဲလ်သည် ဒေတာကို တစ်ချက်ကြည့်လိုက်သည်။ ဂရပ်တက်လာခြင်းမှာ အတော်လေး ကောင်းမွန်ပါသည်။

"ဟုတ်ကဲ့ အခု ဘယ်အရာရှိကို ပထမဆုံးကွင်းဆင်းခရီးကို လွှတ်မလဲဆိုတာ ဆရာ့ကို မေးချင်လို့ပါ..."

မိုချင်းသည် ဖိုင်တွဲမှ အချက်အလက်များကို လှန်ကြည့်ကာ ဆက်ပြောလိုက်သည်။ 

"ဗိုလ်မှူး ကာဒန်က ဆန်ခါတင်စာရင်းက ထိပ်ဆုံးထဲမှာပါပါတယ်.....ရေခဲမြစ်နဲ့ ပူးပေါင်းတဲ့နေရာမှာ ကျွန်မတို့ဘက်က ရိုးသားမှုကို ပြလို့ရပါတယ်...ဗိုလ်မှူးကုနဲ့ နယ်စပ်မှာ အတူတိုက်ပွဲဝင်ဖူးတဲ့ ဗိုလ်မှူး ဝုဒ်လည်း ရှိပါတယ်.... ပြီးတော့ မြေပြင်အနေအထားနဲ့ ရင်းနှီးသူဆိုရင် ဒုဗိုလ်မှူးကြီး ကျန်းဘင်း လည်းရှိ......"

"ကောင်းပြီ။"

စီဆဲလ်က သူ့လက်ကို ဝှေ့ယမ်းပြီး ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။ 

"ဒီခရီးကိုသွားဖို့ ဘယ်လောက်ကြာမှာလဲ"

"သုံးရက် နှစ်ည။"

စီဆဲလ် :"ဒါဆို ငါကိုယ်တိုင်သွားမယ်..."

မိုချင်း အံ့အားသင့်သွားသည်။

ထို့နောက် မိုချင်းက ထို့သို့တွေးခဲ့သည်။ ရေခဲမြစ်နှင့် အဖွဲ့ချုပ်တို့သည် ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် ဤကဲ့သို့သော ပရောဂျက်ကြီးတစ်ခုတွင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး အရာအားလုံးသည် ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ စီဆဲလ် ကိုယ်တိုင်လုပ်ဆောင်ခြင်းက ပိုသင့်လျော်လေသည်။

"ဒါဆို ကျွန်မ အဆင်သင့်ပြင်လိုက်ပါမယ်....ဗိုလ်ချုပ်ကျောင်းအတွက်လည်း ပတ်ဝန်းကျင်ကောင်းကောင်းမှာ ပြင်ဆင်ထားလိုက်ပါမယ်..."

"သူ မသွားဘူး...." 

စီဆဲလ်က ဆက်ပြောလေသည်။

"နယ်စပ်က နေရာကောင်းမဟုတ်ဘူး...ငါတစ်ယောက်တည်းသွားလို့ရတယ်...သူက မြို့တော်မှာ စက်ရုံကိစ္စတွေနဲ့ အလုပ်ရှုပ်နေမှာ...."

"ဟုတ်ကဲ့ "

မိုချင်းက သူမစိတ်ထဲတွင် ရှုပ်ထွေးသွားသော်လည်း မေးရန်အဆင်မပြေသောကြောင့် ဘာမှမမေးခဲ့ပေ။

စီဆဲလ် သက်ပြင်းချလိုက်ပြန်သည်။

ထိုရုပ်ပုံနှစ်ခု၏ ထပ်တူကျမှုသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း စီဆဲလ် မှ သဘောပေါက်ခဲ့ပြီး သူ၏ တုန်လှုပ်ချောက်ချားနေသော အမူအရာသည် ကျောင်းမြန်ကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် သူသည် ရက်အနည်းငယ်လောက် တစ်ယောက်တည်း စဥ်းစားရန် ခေတ္တထွက်ခွာရန် အခွင့်အရေးကို ယူခဲ့ခြင်းဖြစ်သည်။

ကျောင်းမြန် နိုးလာသောအခါတွင် စီဆဲလ်သည် ထွက်သွားခဲ့ပြီးဖြစ်ရာ ထိုသတင်းကြားချိန်တွင် မင်ရန် က သူ့ကို ရေတပ်ဗိုလ်ချုပ်စံအိမ်သို့ ပြန်ခေါ်သွားခဲ့သည်။

ကျောင်းမြန်သည် တလမ်းလုံး ဆွံ့အနေသည်။

မင်ရန်က မေးလိုက်သည်-
"ဗိုလ်ချုပ်ကျောင်း.. အရင်က ဖြစ်ခဲ့တာတွေကို မှတ်မိလား"

ကျောင်းမြန် က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။

"သိပ်မမှတ်မိတော့ဘူး... ပြန်စဉ်းစားကြည့်ရအောင်"

အရက်မူးနေချိန်တွင် သူလုပ်ခဲ့သည်များကို သတိပြန်ရချိန်တွင် ကျောင်းမြန်က အနည်းငယ် စိတ်ဆိုးသွာ္ပြီး ရှက်သွားခဲ့သည်

' ငါ့ကိုယ်ငါမထိန်းနိုင်လောက်အောင် တကယ်မူးသွားတာပဲ...'

သို့သော် စိတ်ရှုပ်ထွေးမှုများစွာထဲတွင် ကျောင်းမြန်သည် နွေးထွေးသော ပွေ့ဖက်မှုအောက်တွင် ရှိနေသည်ဟု ခံစားမိသည်။

ထိုပွေ့ဖက်မှုသည် သူနဲ့အတူ လူအုပ်ကို ထားခဲ့ပြီး အဆင်ပြေ မပြေအား နွေးထွေးစွာမေးကာသူ့ကို ပွေ့ဖက်ပြီး ချော့လေသည်။ 

တကယ်ကို... နွေးထွေးတယ်။

မင်ရန် က ပြောပြသည်။

"ရှင်နဲ့ မင်းသမီး အန်ဂျလာနဲ့ စန္ဒယားတီးပြိုင်ကြတာ...အခု ကြယ်ကွန်ရက်မှာ ပေါက်ကွဲကုန်ကြပြီ...."

"ဟင်..."

ဟုတ်လို့လား......။

သူ့ကို ရေခဲမြစ် အင်ပါယာ၏အမြဲအေးခဲနေသော ရေကန်များထဲတွင် ထည့်ပိတ်ထားလိုက်သလိုပင်.....။

တောင်တန်းတွေနဲ့ ပင်လယ် သီချင်းကိုတောင် ပြိုင်လိုက်သေးသည်။ 

သေလိုက်ပါတော့....!

ကျောင်းမြန် ပြန်မှတ်မိလာသည်။

".....!!"

မျက်နှာကို လက်ဖြင့်အုပ်ကာ ရှက်ရွံ့စွာဖြင့် သူ့နေရာတွင် ချက်ချင်း လဲကျကာသေဆုံးသွားချင်ခဲ့သည်။

သူဘာလုပ်ခဲ့တာလဲ......!

သူသည် တကယ်ပဲ သူ၏ 'အချစ်ပြိုင်ဘက်'နှင့် လူမြင်ကွင်းတွင် ယှဥ်ပြိုင်မိခဲ့ပြီး သူမကို အလွန်သွေးကြီးသော သီချင်း နှင့်ပင် နှိပ်စက်ခဲ့သေးသည်။

အစိတ်စိတ်အမွှာမွှာပြန့်ကျဲနေသော အမှတ်ရစရာများသည် တဖြေးဖြေး စုစည်းလာလေသည်။

ကျောင်းမြန်သည် ဤအချိန်တွင် သူ့အား"နွေးထွေးမှု" ပေးသည့်အရာအား နားလည်လိုက်သည်။

အမှန်တွင် သူကို... စီဆဲလ် က လူမြင်ကွင်းတွင် အခန်းထဲကို တောက်လျှောက် သယ်သွားခဲ့ခြင်းဖြစ်သည်...။

ဗိုလ်ချုပ်ကျောင်းမြန်မှာ အသက်ရှင်ဖို့ အကြောင်းပြချက် ဘာမှ မကျန်တော့ပါ။

သူ့ကိုယ်သူ ရွံရှာလွန်းနေသော်လည်း ကျောင်းမြန်သည် တာမီနယ်ကို ဖွင့်လိုက်ပြီး ကြယ်ကွန်ရက်တွင် သူအားမည်သို့ ဝေဖန်ထားသည်ကို သိရရန် ဝင်ရောက်ခဲ့သည်။

#ဗိုလ်ချုပ်ကျောင်းသည် သူ၏ပြိုင်ဘက်ကို ချစ်ခြင်းမေတ္တာဖြင့် အနိုင်ကျင့်ခဲ့သည်။

#ဗိုလ်ချုပ်ကြီးရဲ့ယောက်ျား၊ သူရှိနေသ၍ သူ့ယဆီက မင်းလုယူလို့မရဘူး [ခွေးခေါင်း]

#ဗိုလ်ချုပ်ကျောင်း က စန္ဒယားတီးတတ်တယ်

#ဂလက်ဆီခင်ပွန်းများသည် အချစ်ကိုပြသကြသည်

#ဗိုလ်ချုပ်ကြီး စီဆဲလ် ရဲ့ အချစ်နဲ့ မင်းသမီးလေး 

ဒီလောက်ဆို လုံလောက်ပါပြီ....။

ကျောင်းမြန်သည် တောင်နံရံနှင့် ပြေးဆောင့်ရန် မစောင့်နိုင်သကဲ့သို့ မနေ့ကအချိန်ကိုပြန်သွားပြီး သူ့လက်ထဲမှ ဝိုင်ခွက်ကို တတ်နိုင်သမျှ လွှတ်ပစ်ချင်နေလေသည်။

အခုချိန်တွင် ကြယ်ပွင့်ကွန်ရက်က သူတို့ ဆွေးနွေးနေကြပြီဖြစ်သည်။