ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး Chapter 81 အစထဲက သူတို့ကသာ ဆက်ဆံရေးထက် အမြတ်အစွန်းကိုရှာကြပြီး အန်းသန့်စ်ကို စွန့်ပစ်ခဲ့ကြသူများဖြစ်သော်လည်း ယခုအခါမှ ယခင်ကဆက်ဆံရေးအဟောင်းများကို လာဖော်ပြနေခြင်းမှာ အမှန်တကယ်င် ဈေးပေါလွန်းလှသည်။ "…" အပ်ဖြင့်ထိုးဖောက်ရင်တောင် သွေးထွက်လာနိုင်ချေမရှိသော အေးစက်စက် တုံ့ပြန်မှုကြောင့် ဘာရွန် နှင့် ဗိုင်းကောင့်တို့သည် သူတို့၏ ပါးစပ်များ ခဏပိတ်ထားခဲ့လိုက်ကြသည်။ အန်းသန့်စ် ပြောသလိုပင် သူတို့သည် အမြတ်အစွန်းကို ဦးစွာရှာခဲ့ခြင်းဖြင့် ဆက်ဆံရေးကို ရှုပ်ယှက်ခတ်စေခဲ့ပြီး ကျန်ရှိနေသော အသိစိတ်အနည်းငယ်က သူတို့ကို ထိုးနှက်လာခဲ့သည်။ "ခင်ဗျားတို့ ကိစ္စပြီးသွားရင် ကျေးဇူးပြုပြီး ပြန်ကြတော့။ခင်ဗျားတို့နှစ်ယောက်စလုံးရဲ့ ကျေးဇူးကြောင့် အလုပ်တွေနဲ့ ပြည့်နေလို့ ကျုပ် အလုပ်ရှုပ်နေတယ်" အန်းသန့်စ်က လွှင့်ပစ်လိုက်သော စာရွက်စာတမ်းများကို ပြန်ကောက်ယူပြီး တုံ့ပြန်ခဲ့လိုက်သည်။၎င်းက အကြောင်းပြချက်တစ်ခုမဟုတ်ပေ။သူတကယ်ပင် အလုပ်များနေတာဖြစ်ပြီး သူတို့သာ ဆက်ပြီး အသုံးမဝင်သောစကားများ ပြောမည်ဆိုပါက ထွက်ခွာသွားစေချင်သည်။ ၎င်းအပေါ် ဘာရွန်ကောလ်တန် နှင့် ဗိုင်းကောင့်ဂါမေတို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ ဒါပေါ့ သူတို့က သူ့ကိုစိတ်တိုအောင်လုပ်ခဲ့တာကြောင့် သူတို့ကို အလွယ်တကူပြန်လက်ခံမယ်လို့ မမျှော်လင့်ထားသော်လည်း ကောင်းကောင်းတောင် မကြားရဘဲ သူတို့ကိုထွက်သွားဖို့ပြောမယ်လို့တော့ စိတ်မကူးနိုင်ခဲ့ကြပေ။ ပြောရရင် သူသည်လည်း ဂိုဏ်းကို ကောင်းကောင်းလည်ပတ်စေနိုင်ဖို့အတွက် သူတို့ကို လိုပေသည်။လူနှစ်ယောက်သည် သူတို့၏မကျေနပ်ချက်များကို ထုတ်ဖော်ခဲ့ပြီး သူဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ သိချင်နေကြသည်။ "ငါတို့မရှိရင် ဂိုဏ်းလည်း လည်ပတ်နိုင်မှာ မဟုတ်ဘူးမလား! အဲ့ဒါကြောင့် ငါတို့က ပြန်လာမယ်ပြောနေတာကို မင်းဘာလို့ဒီလောက်ကြမ်းတမ်းနေရတာလဲ!" "အဟုတ်ပဲ! ငါတို့ ထုတ်ကုန်တွေက စျေးကွက်ရှယ်ယာရှိတယ်" အန်းသန့်စ်က စာရွက်စာတမ်းများကို ထပ်ပစ်ချလိုက်ပြန်သည်။ ထို့နောက် အေးစက်သော မျက်လုံးများဖြင့် ထိုလူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ သူတို့ကို အပိုင်းပိုင်းဆုတ်ဖြဲချင်နေသော အကြည့်ကြောင့် ဘာရွန်မြို့စား နှင့် ဗိုင်းကောင့်မြို့စားတို့သည် သူ့အကြည့်များကို မသိလိုက်ဘဲ ရှောင်မိသွားခဲ့ကြသည်။ သူတို့ မေ့သွားပေမယ့် အန်းသန့်စ်သည် ကောလဟာလတွေထဲက လူဖြစ်သည်။ "အဲ့စျေးကွက်ရှယ်ယာကို ဘယ်သူက လုပ်ခဲ့တယ်လို့ ထင်လဲ။ခင်ဗျားတို့ ကျုပ်နဲ့ စာချုပ်စချုပ်ချုပ်ချင်းတုန်းက ခင်ဗျားတို့ထုတ်ကုန်တွေ ရောင်းရခက်ခဲ့တာကို မမှတ်မိဘူးလား။ကြည့်ရတာ ခင်ဗျားတို့က အခြားစီးပွားရေးလုပ်ငန်းကိုလည်း တူညီတဲ့နည်းနဲ့ ကြီးပွားနိုင်မယ်လို့ မထင်ထားတဲ့ပုံပဲ" "…!" ထိုအဖြေနှင့်အတူ ဘာရွန် နှင့် ဗိုင်းကောင့်တို့သည် အန်းသန့်စ်က အခြားကုန်သွယ်ပါတနာများကို ရှာဖွေနေမှန်း သဘောပေါက်သွားခဲ့ကြသည်။ အမှန်တကယ်တွင် စာချုပ်များသည် အပြီးသတ်ပြီးပြီဖြစ်ကာ ဖြန့်ဖြူးဖို့အတွက် ကုန်ပစ္စည်းများ စုဆောင်းနေတာ ဖြစ်သည်။ဘာပဲဖြစ်ဖြစ် အဲ့ဒါက ဒီလူနှစ်ယောက်ကို ကပ်နေစရာ မလိုတော့ဘူးဟုဆိုလိုတာပင်။ သူတို့သည် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့ရသော အဖြစ်မှန်ကြောင့် ပါးစပ်ပင်မဖွင့်နိုင်တော့ပေ။ တစ်ယောက်ယောက်က သူတို့၏ ခေါင်းကို တူဖြင့် ရိုက်လိုက်သလို ခံစားလိုက်ရသည်။ ဘာလုပ်ကြမလဲ။သူတို့ ဘာလုပ်ရမှာလဲဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သူတို့ရဲ့တစ်ဘဝစာလုံး ဖယ်ဆန်ကို သူတို့ရဲ့ ကုန်ပစ္စည်းတွေ အလကားပေးဝေရမှာကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။ စိတ်ရှုပ်ထွေးစွာဖြင့် ခဏလောက်ဟိုဒိပတ်လျှောက်နေခဲ့သော ဘာရွန်က မကြာခင်မှာဘဲ အရာအားလုံးကို လွှတ်ချပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်ချလိုက်သည်။ "ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွတ်ပေးပါ! ဒါတွေအားလုံးက ငါ့အပြစ်တွေချည်းပဲ! အကယ်၍ ဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုရင် ငါတို့တစ်သက်လုံး ရိုဒရီယန်ရဲ့ဂိုဏ်းကို ပစ္စည်းတွေ အခမဲ့ ထောက်ပံ့ပေးသွားရလိမ့်မယ်။ ကျေးဇူးပြုပြီး ဒီတစ်ခေါက်လောက်တော့ ငါတို့ကို နည်းနည်းလောက်ကူညီပေးပါ!" သို့သော်လည်း အန်းသန့်စ်သည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြလာခဲ့ပေ။ ဒူးထောက်ရတဲ့ အဓိကအချက်က ဘာလဲ။ အဲ့ဒါက ဒီတိုင်း ကြမ်းပြင်ကို ဒူးနဲ့ထိလိုက်သည့် လုပ်ရပ်တစ်ခုမျှသာဖြစ်ပြီးအထောက်အကူဖြစ်စေသော လုပ်ဆောင်ချက်မဟုတ်ပေ။ ထို့အတွက်ကြောင့် ဗိုင်းကောင့်ဂါမေသည်လည်း ဘာရွန်ကောလ်တန်အနားတွင် ဒူးထောက်ထိုင်ချခဲ့လိုက်သည်။သူတို့ကို ထူးထူးခြားခြား မရှိစေသော်လည်း မြင့်မြတ်စွာ နေထိုင်နိုင်စေသည့် လုပ်ငန်းကို လက်လွှတ်မခံနိုင်ကြပေ။ "ငါတို့ အချိုးအစားလျှော့သွားရင်တောင် စိတ်မရှိပါဘူး။ မဟုတ်ဘူး ငါတို့ရဲ့ စာချုပ်ကိုဖျက်သိမ်းဖို့ နည်းနည်းလောက်ကူညီပေးမယ်ဆိုရင်တောင်မှ တစ်သက်လုံး ကျေးဇူးဆပ်သွားမှာပါ။ မင်း တောင်းသမျှ ငါတို့လုပ်ပေးပါ့မယ်။ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ငါတို့ကိုကူညီပေးပါ!" သူတို့သည် ပြန်လည်စာချုပ်ချုပ်ဆိုရန် မလိုအပ်ဘဲ ဖယ်ဆန်နှင့် စာချုပ်ဖျက်သိမ်းဖို့ အကူအညီပေးရုံဖြင့် ကျေနပ်ပေသည်။ နောက်ဆုံးတွင် အန်းသန့်စ်သည် သူတို့နှစ်ဦးအပေါ် စိတ်ဝင်စားကြောင်း ပြသလာခဲ့သည်။၎င်းက ကူညီဖို့သက်သက် ရည်ရွယ်ထားတာမဟုတ်သော်လည်း အစောပိုင်းက သူ့ကို လှည့်စားခဲ့သော ဖယ်ဆန်အား တစ်ပုံစံထဲလက်စားချေနိုင်မည့် နည်းလမ်း ဖြစ်သည်။ "ခင်ဗျားတို့ ကျုပ်ပြောတဲ့အတိုင်း လုပ်ဖို့ တကယ်ရည်ရွယ် ထားကြတာလား။ ယုံကြည်မှုပျောက်ဆုံးတာက ဒုတိယစိုးရိမ်စရာဆိုပေမယ့် အဲ့ဒါက မြို့စားကြီးမိသားစုကို ဆန့်ကျင်သလိုဖြစ်သွားနိုင်တယ်နော်" "ဟုတ်ကဲ့ပါ!ရပါတယ်!" လူနှစ်ယောက်သည်ဘ အပြုသဘောဆောင်သော အဖြေကို လျင်မြန်စွာ ခေါင်းညိတ်သဘောတူလိုက်ကြသည်။အကယ်၍ သူတို့သာ အနှစ်တစ်ရာ စာချုပ်ကို အဆုံးသတ်နိုင်ပါက ဘာမဆို လုပ်နိုင်တယ်လို့ ခံစားရသည်။သူတို့သည် ရှေ့တစ်လက်မကိုတောင် မမြင်နိုင်ဘဲ အဆိုးဆုံးရွေးချယ်မှုများ ပြုလုပ်ခဲ့မိကြသည်။အန်းသန့်စ်က ခါးသီးသော အပြုံးကို ပေးလိုက်ပြီး သူတို့ နောက်လုပ်ရမည့်အရာများကို ဖြည်းညှင်းစွာ ရှင်းပြလိုက်သည်။ * * * "သခင်လေး ဖယ်ဆန်။ ဘာရွန်ကောလ်တန်က ပြန်ရောက်လာပြန်ပြီ။ကျွန်တော်တို့ ဘာလုပ်လိုက်သင့်လဲ။သူက ဒီတစ်ခေါက် ဗိုင်းကောင့်ဂါမေနဲ့ လာခဲ့ပါတယ်" နောက်တစ်နေ့နံနက်စောစောမှာပင် ဘာရွန်ကောလ်တန်က နောက်ထပ်တြွေရန် တောင်းဆိုလာခဲ့တာကြောင့် ဖယ်ဆန် မျက်မှောင်ကြုတ်မိလိုက်သည်။သူတို့ ဒီစာချုပ်ကို ဘယ်လိုမြင်နေလို့လဲ။ ၎င်းက တရားမျှတသော စာချုပ်တစ်ခုဖြစ်သော်လည်း သူတို့ကဘာလို့ ပြန်ပြန်ရောက်လာနေရတာလဲဆိုတာ သူနားမလည်နိုင်ပေ။ သူတို့ကို လျစ်လျူရှုလိုက်တာသည် စိတ်အနှောင့်အယှက်သာ ဖြစ်ရမည်ဖြစ်တာကြောင့် ဖယ်ဆန်သည့် ဘာရွန်ကောလ်တန်ကို နောက်တစ်ကြိမ် အကြံဉာဏ်ပေးရန် ဆုံးဖြတ်ခဲ့လိုက်သည်။ ယနေ့အစပြုပြီး သူတို့ကိုနောက်တဖန်ပြန်မထကြွနိုင်အောင် နှိမ်နှင်းရန် တွေးတောလိုက်သည်။ "သူတို့ကို ဝင်ခိုင်းလိုက်" ဖယ်ဆန်၏ခွင့်ပြုချက်ရပြီးမကြာမီ ဘာရွန်ကောလ်တန် နှင့် ဗိုင်းကောင့်ဂါမေတို့ပေါ်လာခဲ့သည်။ သို့ပေမယ့် ထူးဆန်းစွာပင် မနေ့ကနဲ့မတူဘဲ သူတို့သည် တုန်လှုပ်ခြောက်ခြားမှု သို့မဟုတ် မကျေနပ်သော မျက်နှာများမရှိနေကြချေ။ သူတို့ကြည့်ရသည်မှာ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဖို့လာသလိုပင် စိတ်အေးလက်အေး ရှိနေပုံရသည်။ "ဘာကိစ္စလဲ" သို့သော် မနေ့က သူ့ကို စိတ်အနှောင့်အယှက်ပေးခဲ့သောကြောင့် ဖယ်ဆန်သည် ကြင်ကြင်နာနာ စကားမပြောနိုင်ခဲ့ပေ။သတိထားနေသော ဖယ်ဆန်နှင့်မတူဘဲ ဘာရွန်ကောလ်တန်သည် နူးညံ့သောအပြုံးတစ်ခုဖြင့် မနေ့ကအတွက် တောင်းပန်ခဲ့သည်။ "ငါ မနေ့က အရမ်းရိုင်းသွားခဲ့တယ်လို့ထင်တယ်။ဒါကြောင့် အရင်ဆုံး ငါ တောင်းပန်ပါရစေ။ ပြေစာကိုတွေ့တော့ ငါ အရမ်းရှော့ရသွားလို့ မင်းရဲ့ခံစားချက်တွေကို ထည့်မစဉ်းစားခဲ့မိတာပါ" မျှော်လင့်ထားသည့်အတိုင်း သူတို့၏အလွန်လိုက်လျောညီထွေဖြသ်သောသဘောထားထားကြောင့် ဖယ်ဆန်သည် သတိထားနေမှုကို ချက်ချင်းလျှော့ချခဲ့လိုက်သည်။ အစကတည်းစ စာချုပ်က ဒီလိုမျိုးပြုလုပ်ခဲ့တာဖြစ်လို့ သူတို့မှာ ငြင်းခုံစရာ အကြောင်းရှိမနေပေ။ ဖယ်ဆန်သည် အခြားသူများ၏ အခြေအနေကို လုံးဝ ဂရုမစိုက်ပေ။ "ခင်ဗျားနားလည်တဲ့အတွက် ဝမ်းသာပါတယ်" သူတို့သည် စာချုပ်နှင့် လိမ်လည်ခံရလုနီးပါးဖြစ်ခဲ့သော်လည်း ဖယ်ဆန်ကြည့်ရတာ အနည်းငယ်မျှပင် အပြစ်ရှိစိတ်ခံစားနေရပုံမရချေ။ ထို့ကျေးဇူးကြောင့် ဘာရွန်ကောလ်တန်သည်လည်း သူ၏အသိစိတ်ကို လုံးဝစွန့်လွှတ်နိုင်ခဲ့သည်။ "ခင်ဗျားတို့ အဲ့ဒါကိုပဲ ပြောဖို့လာခဲ့တာလား" ဗိုင်းကောင့်ဂါမေကလည်း သူ့အား မကန့်ကွက်ဘဲ သူတို့နဲ့အတူရှိနေသောကြောင့် ဖယ်ဆန်သည် ဗိုင်းကောင့်ဂါမေဆီပါ လက်ဟန်ပြပြီး မေးလိုက်သည်။ ၎င်းက တခြားကိစ္စရှိသေးလားလို့ မေးသောမေးခွန်းပင်။ ထိုကြောင့် ဘာရွန်ကောလ်တန်သည် အလျင်အမြန်ပင် အဓိကအချက်ကိုသွားခဲ့လိုက်သည်။ "အိုး ဒါပေါ့ အဲ့ဒါပဲမဟုတ်ပါဘူး။တကယ်တော့ ငါက ငါ့ရဲ့ ၀င်ငွေကို နည်းနည်းလေးတိုးချင်မိလို့လေ။အဲ့ဒါကြောင့် ပမာဏပိုများများ ထောက်ပံ့တာကို အကြံပြုချင်လို့လာခဲ့တာပါ" "ပမာဏပိုများများလား" "ဟုတ်တယ်။အစက အလွန်အကျွံထုတ်ရင် ဈေးကျသွားမှာကို စိုးရိမ်လို့ ပမာဏကို ရည်ရွယ်ချက်ရှိရှိ ကန့်သတ်ထားပေမယ့် အခုတော့ အမြတ်အစွန်းကန့်သတ်ချက်တွေကြောင့် နောက်ထပ်ထုတ်ဖို့ အချိန်တန်ပြီလို့ ထင်တယ်" "ငါ့အမြင်ကလည်း အတူတူပဲ။အဲဒါကြောင့် ငါလည်း သူ့နဲ့အတူ လာခဲ့လိုက်တာ။ဒါပေါ့ မင်းက ကုန်သွယ်ဖက်ပါတနာအသစ်တွေကို စိတ်ချစေအောင်ထားရမယ်မလား။ မင်း ဘယ်လိုထင်လဲ" ပမာဏကြီးမားစေရန် သေးငယ်သောပမာဏကိုပင် ထပ်ပေါင်းထည့်ခြင်းက ဗိုင်းကောင့်ဂါမေအား ဘာရွန်ကောလ်တန်ကို ပံ့ပိုးကူညီလာသည့် ခံယူချက်ဖြစ်လောက်သည်။ ဖယ်ဆန်ကလည်း ၎င်းကို ခဏလောက် စဉ်းစားခဲ့လိုက်သည်။တကယ်တော့ ပမာဏကို တိုးပေးမယ်ဆိုတာက ကြိုဆိုရမည့် ကိစ္စဖြသ်သည်။ မကြာသေးမီက ကုန်သွယ်ဖက်တစ်ဦးပြောခဲ့သည့် ဇာတ်လမ်းကောင်းတစ်ခု ရှိခဲ့သည်။၎င်းက အင်ပါယာနန်းတော်ပင်ဖြစ်သည်။ အင်ပါယာနန်းတော်သည် ကြီးမားပြီး လူဦးရေများပြားတာကြောင့် အဆမတန် များပြားစွာ စားသုံးနိုင်သော နေရာတစ်ခုဖြစ်သည်။ထို့ကြောင့် လက်ရှိ ဖြန့်ဖြူးနေသော ပမာဏဖြင့် ၎င်းကို စီမံခန့်ခွဲ၍မရနိုင်ဟု ထင်ကာ ဆွေးနွေးရန် စဉ်းစားနေကြသည်။ "သခင်လေးဗင်းဆင့်က အစထဲက ပမာဏများများ ပိုထုတ်စေချင်နေတာ။ငါက အဲ့အချိန်တုန်းက စိတ်မဝင်စားတဲ့အတွက် အမြဲတမ်း ငြင်းဆိုခဲ့ပေမယ့် အခုအချိန်က ကောင်းနေပုံရလို့ အကြံပြုတာပါ" အန်းသန့်စ်၏ကမ်းလှမ်းမှုကို ပယ်ချခဲ့သော်လည်း သူ့ကိုတော့ဖြင့် အထူးခွင့်ပြုပေးမည်ဟု ကြားသိရချိန်တွင် ဖယ်ဆန်၏ စိုးရိမ်မှုများ ရပ်တန့်သွားခဲ့သည်။ အရေအတွက်အားလုံးကို မဖြန့်ဝေနိုင်ရင်တောင်မှ သိုလှောင်အခကြေးငွေကို ကောက်ခံနိုင်သည်။ ထို့ကြောင့် ဘာမှဆုံးရှုံးစရာမရှိနေသည့်အတွက် စိတ်ပူစရာမလိုနေပေ။ "ကောင်းပြီ။ အဲ့ဒါကို လုပ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း ကုန်သွယ်ဖက်အသစ်တွေ တိုးလာဖို့အတွက် စဉ်းစားနေတာ။အခု အဲဒါကို အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီ။ခင်ဗျားတို့ ဘယ်နေ့မှာ ပေးပို့နိုင်မယ်လို့ ထင်လဲ" "အာ! ဖောက်သည်တွေက စိတ်ချရတယ်ဆိုရင် ငါချက်ချင်းပြင်ဆင်ပေးပါ့မယ်။ တကယ်တော့ ငါ့ကိုယ်ရေးကိုယ်တာ ဂိုဒေါင်ထဲမှာ အများကြီး စုထားပြီးသားမို့ ပြင်ဆင်ဖို့လိုတောင် မလိုလောက်ဘူး" "ငါလည်း သိပ်အချိန်ယူရမယ်လို့ မထင်ဘူး။ ဖောက်သည်အသစ်တွေ ဆုံးဖြတ်ချက်ချပြီးသွားကြတဲ့အခါကျ ငါ့က်ု ချက်ချင်း အသိပေးလိုက်ပါ။မင်း အများကြီးရောင်းနိုင်ဖို့ မျှော်လင့်တယ်" အလွန်တက်ကြွနေသော အမျိုးသားနှစ်ဦးက ဖယ်ဆန်၏နှလုံးသားကို အနည်းငယ် လှုပ်ခတ်သွားစေခဲ့သည်။ အင်ပါယာနန်းတော်နှင့် သဘောတူညီချက်က စိတ်ချရပါက ၎င်းကို ကမ္ဘာက အသိအမှတ်ပြုမှာ သေချာသည်။၎င်းက သူဘွဲ့ကို မခံရယူသေးခင် သိသာထင်ရှားသော အောင်မြင်မှုတစ်ခု ဖြစ်လာလောက်သည်။ "နားလည်ပြီ။ ဖောက်သည်အသစ်ကို ဆုံးဖြတ်ပြီးတာနဲ့ ခင်ဗျားတို့ဆီ ဆက်သွယ်လိုက်မယ်။အဲ့ဒါက သေချာပေါက် အချိန်ကြာမှာမဟုတ်ဘူး။ ဆွေးနွေးလက်စ ရှိနေတာဆိုတော့" ဖယ်ဆန်တွင် သံသယအရိပ်အယောင်တစိုးတစိမှမရှိတာကြောင့် ဘာရွန်ကောလ်တန် နှင့် ဗိုင်းကောင့်ဂါမေ တို့သည် ကျေနပ်ပြုံးများကို အပြန်အလှန်ဖလှယ်ခဲ့လိုက်ကြသည်။ * * * အန်းသန့်စ်ဆီက အရာအားလုံးကို ကြားခဲ့ရတာကြောင့် လူနာလည်း သူ့ကို စိတ်မပူနေတော့ပေ။ သူက ကိစ္စများကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်သော လူတစ်ယောက်ဖြစ်သည်။ လူနာသည် ရို့စ်မယ်ရီအား အန်းသန့်စ်တွင် အရေးပေါ်အခြေအနေပြင်ဆင်ထားတာရှိကြောင်း ယောင်ဝါးဝါးပြောခဲ့လိုက်သည်။၎င်းက အလွန်အထိမခံသောကိစ္စဖြစ်သောကြောင့် မားကွစ်မြို့စား နှင့် မားကွစ်မြို့စားကတော်ကလွဲ အခြားမည်သူ့ကိုမျှ မပြောသင့်ဟုလည်း သတိပေးခဲ့သည်။ ထို့ကြောင့် သူမ၏စိုးရိမ်ပူပန်မှုများကို ပြေလျော့သွားပြီးနောက် လူနာသည် သူမ၏ပုံမှန်ဘဝသို့ ပြန်သွားခဲ့ပြီး ခဏအကြာတွင် စာတစ်စောင်လက်ခံရရှိခဲ့သည်။ ၎င်းက ဗိုင်းကောင့်ဖလော်ရာမြို့စားကတော် ထံမှ စာတစ်စောင်ဖြစ်သည်။ [ကျွန်မ သမီးလေးရဲ့ ရိုင်းစိုင်းမှုအတွက် အလေးအနက် တောင်းပန်ပါတယ်] စာသည် ဖလော်ရီ၏ ရိုင်းစိုင်းသောအပြုအမူအတွက် တောင်းပန်ကြောင်း စတင်ခဲ့ပြီး ယခု သူမသည် လူနာကို တောင်းပန်မပြီးမချင်း အပြင်ထွက်ခြင်းမှ တားမြစ်ခံခဲ့ရတာကြောင့် မည်သူနှင့်မျှ တွေ့ဆုံ၍မရကြောင်း ဖော်ပြထားခဲ့သည်။ 'ဒီလိုသမီးမျိုးက ဒီလိုအမေမျိုးဆီကနေ ဘယ်လိုလုပ်လာနိုင်ရတာလဲ' ၎င်းသည် အတိတ်က အဖြစ်အပျက်တစ်ခုဖြစ်ပြီး တောင်းပန်မှုကို လက်ခံဖို့ သူမတွေးထားသော်လည်း တောင်းပန်မှုမပြီးမချင်း အပြင်ထွက်ဖို့ တားမြစ်ထားခံထားရသည်ဆိုသောအကြောင်းက အတော်လေးကို ကြည်နူးစရာကောင်းပေသည်။ လူနာက စာကိုခေါက်ပြီး အဝေးထားလိုက်ချိန်တွင် ရိုယာက သူမတံခါးကို ခေါက်လာခဲ့သည်။။ "လေဒီလူနာ သွားဖို့အချိန်ရောက်ပါပြီ" ထို့ကြောင့် လူနာသည် အခန်းထဲမှထွက်ကာ သူနှင့်အတူ ရထားပေါ်သို့တက်ခဲ့လိုက်သည်။ "ရလဒ်တွေက ဘယ်တော့ထွက်မှာလဲ" "ဧကရာဇ်ရဲ့ ခွင့်ပြုချက်လိုသေးတော့ နှစ်ပတ် ၃ ပတ်လောက်တော့ ကြာလိမ့်မယ်ထင်တယ်။ သူက ပရဟိတပရောဂျက်တွေကို ဦးစားပေးလုပ်တဲ့အတွက် ဒါကမြန်မြန်ရလောက်မှာပါ" ရိုယာ၏အကူအညီဖြင့် ပရဟိတပရောဂျက်အတွက် လိုအပ်သောစာရွက်စာတမ်းများနှင့် အစီအစဉ်များအားလုံးကို အပြီးသတ်နိုင်ခဲ့သည်။ ကျန်သည်မှာ စာရွက်စာတမ်းများကို တင်ပြပြီး ဧကရာဇ်၏ ခွင့်ပြုချက်ရယူဖို့သာ ဖြစ်သည်။ အခုအချိန်မှာတော့ လူနာသည် ရိုယာကို လိုချင်လာတော့သည်။တစ်ကြိမ် နှစ်ကြိမ်မျှမဟုတ်ဘဲ အသေးအဖွဲကိစ္စများအားလုံးကို ဂရုစိုက်ရန် လပေါင်းများစွာကြာအောင် အတူနေခဲ့သည့်အတွက် သူမ အလွန်ကျေးဇူးတင်မိသည်။ သူ့ဆီက အလကားအကူအညီယူမယ့်အစား သူ့ကို လစာမြင့်မြင့်ပေးပြီး တရားဝင်အလုပ်ခန့်လိုက်တာက ပိုကောင်းမှာမဟုတ်ပေဘူးလား။ ဒါပေါ့ ရိုယာက မားကွစ်မိသားစုကို စွန့်ခွာပြီး သူမကို ရွေးချယ်ရမယ့် ပြဿနာတစ်ခုကရှိနေသည်။ ထိုအကြောင်းကို တွေးရင်းနဲ့ပင် ရထားက အင်ပါယာနန်းတော်သို့ ဆိုက်ရောက်လာခဲ့သည်။ လူနာသည် ရဲတိုက်ကို လှည့်ပတ်သွားလာရင်း ရိုယာအား စပ်စုစွာ မေးလိုက်သည်။ "ရှင် မားကွစ်မိသားစုမှာ တစ်သက်လုံး အလုပ်လုပ်ဖို့ အစီအစဉ်ရှိလား။ ရှင် ဘယ်လောက် အရည်အချင်းရှိလဲဆိုတာကို ကြည့်ရသလောက် ရှင့်ကို လစာပိုမြင့်မြင့်နဲ့ကမ်းလှမ်းဖို့ ဆန္ဒရှိတဲ့ မိသားစုရှိလောက်မှာ ကျွန်မယုံတယ်" ပြီးတော့ အဲဒီမိသားစုက ကျွန်မပဲ။သူမ၏ အဓိပ္ပာယ်များပြည့်နေသော မေးခွန်းက ရိုယာကို မျက်လုံးပြူးကျယ်သွားစေခဲ့သည်။ သူ့ကို အရမ်းတန်ဖိုးထားသည်ဟု ခံစားမိသော်လည်း သူ့ကို တိုက်ရိုက်မေးလာမယ်လို့တော့ မမျှော်လင့်ထားပေ။ ထို့အပြင် လူနာက သူ့ကိုအလုပ်ခန့်မယ်လို့ ပြောခဲ့မယ်ဆိုရင် ၎င်းသည် ဝမ်းသာအားရ ကြိုဆိုရမည့် အပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ အစတွင် သူမအား အန်းသန့်စ်ကို ယဉ်ပါးအောင်လုပ်နိုင်သူဟုတွေးခဲ့တာကြောင့် အထင်အမြင်ကောင်းလာစေရန် ကူညီပေးခဲ့သော်လည်း ယခုမူ လူနာ နှင့် အမှန်တကယ် အလုပ်တွဲလုပ်ချင်သည်။ ရိုယာက သူ့ကိုကျေးဇူးပြုပြီး ယူလိုက်ပါဟု တောင်းဆိုတော့မည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ယောက် ပေါ်လာပြီး လူနာ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလာခဲ့သည်။ သူက လူနာရော ရိုယာရော ကောင်းကောင်းသိသော သူတစ်ယောက်ပင်.... TK Team (chapter 81)