Chapter 82
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 82 "ဒီမှာဘာတွေဖြစ်နေတာလဲ" အဲ့ဒါက ဖယ်ဆန်ပင်ဖြစ်သည်။ သူက လူနာကို ကြောက်မက်ဖွယ် အကြည့်နှင့် မေးလိုက်သည်။ ရုတ်တရက်ကြီး ဒါက ဘာဖြစ်တာလဲ။လူနာသည် သူမလက်ကောက်ဝတ်ကို လွတ်အောင် အပြင်းအထန်ကြိုးစားပြီး ပြန်ပြောလိုက်သည်။ "ဘာကိစ္စလဲ။နင် ငါ့ကို လွှတ်ပေးလို့ရမလား!" "လေဒီလူနာ!" တမင်တကာ လုပ်ထားသလိုမျိုးပင် ရိုယာသည် ဖယ်ဆန်နှင့် အတူရှိနေသော အစောင့်များထံမှ ဖမ်းထားခံလိုက်ရသည်။ကံဆိုးချင်တော့ စင်္ကြံလမ်းတွင် သူတို့ကို ကူညီဖို့ အစောင့်များ မရှိနေခဲ့ချေ။ "နင် တရားရုံးကို ထပ်ပြီး ခေါ်ခံချင်နေတာလား" သူမ အားကုန်သုံးကာ သူ့ကို တွန်းထုတ်ဖို့ ကြိုးပမ်းခဲ့သော်လည်း ဖယ်ဆန်မှာ မယိမ်းယိုင်တာကြောင့် လူနာ ဒေါသထွက်သွားခဲ့ရသည်။ ဖယ်ဆန်က သူနားမလည်နိုင်သလိုမျိုး ပြက်ရယ်ပြုလိုက်သည်။ "တရားရုံးလား။ဒါက ရယ်စရာမကောင်းဘူး။ ငါက မင်းကို စကားပြောဖို့ပဲ ခေါ်ခဲ့တာလေ။မင်း ဘာတွေပြောနေလဲဆိုတာ ငါ မသိဘူး။ ပြီးတော့ မင်းရဲ့ လှည့်ကွက်တွေက အလုပ်မလုပ်ဖြစ်ဘူးနော်။ငါက ဘာလို့ တရားရုံးကိုသွားရမှာလဲ" ဒါက ဘာအဓိပ္ပါယ်မရှိတာလဲ! ကဖျက်ကယက်နှင့်ရူးသွပ်သောစကားများကြောင့် ကြာလာတော့ လူနာ ဒေါသထွက်လာခဲ့တော့သည်။ သူတို့ စကားစပြောပြီး တစ်မိနစ်တောင် မပြည့်သေးခင်မှာပဲ သူက သူမကို ဒေါသထွက်အောင်လုပ်နိုင်ခဲ့သည်။ သူက တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ လူရှုပ်ပဲ။ ဆက်ဆံရေးလုပ်ဖို့ မဖြစ်နိုင်ခဲ့သည့် ဒီလူကို ဆင်ခြင်တုံတရားနဲ့ ပြောဖို့ ကြိုးစားတာက အဓိပ္ပါယ်မရှိနေပေ။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး။ လူနာသည် ထိုရပ်တည်ချက်ဖြင့် ဖယ်ဆန်၏ အရေးပါသော အစိတ်အပိုင်းများကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်သည်။ "...!" သို့သော် ကံမကောင်းစွာပင် ဖယ်ဆန်သည် ထိတ်လန့်သွားပြီး အလျင်အမြန် ရှောင်ကာ နောက်ဆုတ်သွားခဲ့သည်။ သူသာ ခပ်ပြင်းပြင်းအကန်ခံလိုက်ရရင် ကောင်းမှာပဲ။ လူနာသည် သူမ၏ နီရဲသွားသော လက်ကောက်ဝတ်ကို ပွတ်ရင်း ပါးစပ်ကို ဖွင့် လိုက်သည်။ "နင် ရိုယာကိုလည်း လွှတ်ပေးလိုက်။မဟုတ်ရင် ငါ အော်ဟစ်ပြီး လူတွေကို ဒီနား စုဝေးစေလိုက်မှာနော်" လတ်တလောတွင် လူနာ၏ ဂုဏ်သတင်းက သိသိသာသာ တိုးလာခဲ့တာကြောင့် လူများ စုရုံးလာပါက ဖယ်ဆန်အတွက် ကောင်းမှာမဟုတ်ပေ။ အထူးသဖြင့် ဖယ်ဆန်ကသာ အပြစ်ရှိသောသူဖြစ်နေတာကြောင့် ရိုယာကို ဖမ်းထားသော အစောင့်က သူ့ကိုလွှတ်ပေးခဲ့လိုက်သည်။ "လေဒီလူနာ! လေဒီလူနာ! မင်း အဆင်ပြေရဲ့လား" ရိုယာက လူနာဆီ အပြေးလာခဲ့ပြီး သူမကို ဖယ်ဆန်လက်ကနေ ကာကွယ်ချင်သလိုမျိုး သူမရှေ့တွင် ပိတ်ရပ်လာခဲ့သည်။ "အဆင်ပြေပါတယ်။ သွားကြရအောင်။ ဒီမှာ အချိန်ဖြုန်းစရာ မလိုဘူး" လူနာက ရိုယာကို လက်မောင်းကနေ ဆွဲလိုက်သည်။ဒီအရူးကို ပိတ်ဆို့တာနဲ့ပဲ သူ့ကို တားနိုင်မှာမဟုတ်ဘူး။ထို့ကြောင့် ရှောင်ရှားတာက ပိုကောင်းသော နည်းဗျူဟာပင်။ သူတို့ လျင်မြန်စွာ ထွက်သွားတော့မည့်အချိန်မှာပဲ ဖယ်ဆန်က လူနာကို ပိုလျှင်မြန်စွာ ပြောလိုက်သည်။ "အန်းသန့်စ်နဲ့ လမ်းခွဲလိုက်" " ...ဘယ်လို" ရုတ်တရက် လူနာသည် သူဘာပြောနေမှန်း နားမလည်နိုင်သလိုမျိုး သူ့ကို ပြန်မေးလိုက်သည်။ဖယ်ဆန်သည် သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး အန်းသန့်စ်နှင့် လမ်းခွဲဖို့ထပ်ပြောလိုက်သည်။ "သူနဲ့ လမ်းခွဲလိုက်လို့ ငါပြောနေတာ။ သူက မကြာခင် ကျရှုံးတော့မှာ။သူ့ကို ခက်ခဲမှုတွေကပဲ စောင့်နေတော့‌မှာကွ။အဲ့ဒါကို မင်းက ဘာလို့ သူနဲ့ လမ်းမခွဲသေးတာလဲ" သူဘအတည်ကြီး ပြောနေတာလား။အကယ်၍ အဓိပ္ပါယ်မရှိမှုက အဆင့်တွေရှိခဲ့ရင် သူ့ရဲ့ဒီပြောဆိုမှုက သမိုင်းမှာတောင် ကျန်ရစ်ခဲ့မယ့် အမြင့်ဆုံး အဆင့်ပဲဆိုတာ သေချာတယ်။ သူနဲ့ ပြိုင်ပြီးမငြင်းခုံတာက ပိုကောင်းသော်လည်း လူနာသည် ဒါက လုံးဝအဓိပ္ပာယ်မရှိဘူးလို့ထင်တာကြောင့် ပြန်မပြောဘဲမနေနိုင်ခဲ့ပေ။ "အဲဒါက နင်နဲ့ ဘာဆိုင်လို့လဲ" သူမက အန်းသန့်စ်နဲ့ လမ်းခွဲခွဲ မခွဲခွဲ သူက ဘာဆိုင်လို့ ဝင်စွက်ဖက်နေရတာလဲ။မဟုတ်ဘူး။ပြောရရင် သူတို့ ဆက်ဆံရေးက မကောင်းနေတာကို ပုံမှန်ဆို ပြိုလဲတော့မယ့် လူတစ်ယောက်နဲ့ တွဲနေတာကို ဝမ်းသာနေရမှာမဟုတ်ဘူးလား။ "အဲဒါက... " လူနာ၏ မေးခွန်းကြောင့် ဖယ်ဆန်သည် သူ့ပါးစပ်ကို ခဏပိတ်ထားမိလိုက်သည်။ သူလည်းပဲ သူက ဘာလို့ လူနာ နဲ့ အန်းသန့်စ်တို့ကို လမ်းခွဲစေချင်နေမှန်း နားမလည်နိုင်ပေ။ သို့သော် သေချာတာ တစ်ခုတော့ရှိသည်။ လူနာနှင့် အန်းသန့်စ်တို့အတူရှိနေကြသည်ကို သူမြင်ရ ကြားရတိုင်း သူ့ကိုယ်တွင်းထဲတစ်ခုခုက တင်းကျပ်စွာရစ်ပတ်လာသလိုခံစားရသည်။ ဒါကြောင့် သူတို့ သေချာပေါက် လမ်းခွဲသင့်သည်။ သူတို့စချိန်းတွေ့သည်မှစ အရာအားလုံးက ရှုပ်ထွေးလာခဲ့သည်။ဒါကြောင့် သူတို့ လမ်းခွဲလိုက်ပါ ဒီမသက်မသာဖြစ်မှုများက ပျောက်သွားလိမ့်မည်ဖြစ်သည်။ "အဲ့ဒါက ငါ့ကို ခံစားရဆိုးစေလို့ " "အရူးကောင်" ကျိုးကြောင်းဆက်စပ်နိုင်တဲ့ အဖြေတစ်ခု မျှော်လင့်မိတာက သူမ အမှားပဲ။ ဒီစကားဝိုင်းကို ဆက်ပြီး ပြောနေစရာ အကြောင်းမရှိတော့ဘူး။ ဟင့်အင်း သူက အစထဲစ ငြင်းခုံထိုက်သူ မဟုတ်ဘူး။ အဲ့တော့ ထွက်သွားတာက ပိုကောင်းတယ်။ သူမ၏စိတ်ပျက်မှုကို ဖုံးကွယ်မထားနိုင်စွာပင် လူနာသည် ဒုတိယအကြိမ်ထပ်တွေးမနေတော့ဘဲ နောက်လှည့်လိုက်တော့သည်။ ရိုယာသည်လည်း ထိုကဲ့သို့ တွေးနေပုံရပြီး တိတ်ဆိတ်စွာပင် အမြန်ထွက်သွားသော လူနာနောက်ကို လိုက်ခဲ့လိုက်သည်။ "လူနာ! ငါ့စကားတွေကို ပေါ့ပေါ့လေး မယူနဲ့။ သူက မကြာခင် လုံးဝကို လဲကျသွားတော့မှာ။သူနဲ့ လမ်းခွဲလိုက်တာ ပိုကောင်းတယ်။ ငါက အဲ့လို ဖြစ်အောင်လုပ်မှာ" လူနာသည် ဒေါနဲ့မောနဲ့ ခပ်ဆောင့်ဆောင့်ခြေလှမ်းလှမ်းကာ စင်္ကြံလမ်းထောင့်ကနေ ပျောက်ကွယ်သွားသည်နှင့် ဖယ်ဆန်၏ အသံက စင်္ကြံတွင် ပဲ့တင်သံထပ်သွားခဲ့သည်။ဖယ်ဆန်က ထိုနေရာကို ခဏကြာ စိုင်ကြည့်နေခဲ့သည်။ ဒီနေ့တွင် သူမျှော်လင့်ထားသည်ထက် ဒေါသထွက်တာ နည်းနေခဲ့သည်။ ဖြစ်နိုင်တာက အန်းသန့်စ်မပါပဲ သူမတစ်ဦးတည်းတွေ့ရတာကြောင့်ပင်။ တကယ်တမ်းတွင် ထိုမကောင်းဆိုးဝါးကောင်က လူနာနှင့် မလိုက်ဖက်ပေ။ သူမ အနားတွင် သူကလွဲပြီး ဘယ်သူမှမရှိတာ ပိုကောင်းပေသည်။ 'ငါ အန်းသန့်စ်ရဲ့ဂိုဏ်းက စီးပွားရေးပါတနာအားလုံးကို အမြန်ဆွဲထုတ်ဖို့လိုတယ်။ သူ့အတွက် လူနာရဲ့ရွှေတွင်း အကြီးဆုံးပါတနာဖြစ်နေ‌မှာ။အဲ့တော့ ငါက သူတို့ကြားက ဆက်ဆံရေးကို တစ်နည်းနည်းနဲ့ ဖြတ်တောက်နိုင်ဖို့ နည်းလမ်းရှာရမယ်' လုပ်ငန်းစဉ်အတွင်း ရွှေတွင်း၌ ပြဿနာရှိပြီး လူနာက ယခင်ကလိုမျိုး နှိမ့်ချသောဘဝသို့ ပြန်ရောက်ရှိသွားရင် ဆိုးမည်မဟုတ်ပေ။ ထိုအချိန်များတုန်းက လူနာ၌ မည်သည့်ဂုဏ်မောက်သော အတွေးမျိုးမှမရှိနေဘဲ အိမ်ကြီးထဲတွင်သာ တိတ်ဆိတ်စွာနေကာ သူ့ကို အမြဲတမ်းနွေးထွေးစွာ ကြိုဆိုခဲ့သည်။ "သခင်လေး ဖယ်ဆန် သွားဖို့အချိန်ရောက်ပါပြီ" အတွေးပျောက်နေသော ဖယ်ဆန်ကို အစောင့်က တိုက်တွန်းခဲ့လိုက်သည်။၎င်းက မှန်ပေသည်။ သူ တာဝန်ခံနှင့် တွေ့ဆုံဖို့ အချိန်ကနီးကပ်လာပြီဖြစ်သည်။ ပျောက်ကွယ်သွားသည့် လူနာ၏ခြေရာများကို ခဏတာမျှရှာဖွေနေခဲ့သော ဖယ်ဆန်သည် မကြာမီပဲ လှည့်လိုက်တော့သည်။ မကြာခင် အန်းသန့်စ် လုံးဝပြိုကျသွားသည့်အခါကျ သူမလည်း ထိုမျိုးမစစ်ကောင် အနားမှာ ဆက်နေနိုင်တော့မှာ မဟုတ်ဘူးဟုတွေးလိုက်မိတော့သည်။ * * * ခဏအကြာတွင် ဘာရွန်ကောလ်တန်နှင့် ဗိုင်းကောင့်ဂါမေတို့သည် အန်းသန့်စ်ဆီသို့ ထပ်မံရောက်လာခဲ့သည်။သူတို့၏ နီမြန်းနေသော မျက်နှာများက သူတို့သည် နောက်ဆုံးတွင် စောင့်မျှော်နေသော သတင်းကို မေးမြန်းရန် ရောက်လာကြောင်း ညွှန်ပြနေသည်။ "ရက်ချိန်းစီစဉ်ပြီးပြီ။သူပြောတာ သူတို့က အင်ပါယာနန်းတော်နဲ့ စာချုပ်ခဲ့တယ်တဲ့။ ကုန်စည်အမြောက်အမြားကို မှန်မှန်ထောက်ပံ့ဖို့တောင်းဆိုခဲ့တယ်" အင်ပါယာနန်းတော်… အန်းသန့်စ်သည် သူမျှော်လင့်ထားသည်ထက် ပိုကြီးသော ဖောက်သည်ကြောင့် ရယ်မောလိုက်သည်။ သူသည် သူတို့အား ဤနယ်ပယ်တွင် နောက်တစ်ကြိမ် ခြေမချနိုင်တော့အောင် သူတို့၏ နာမည်ဂုဏ်သတင်းကို ဖောက်သည်များနှင့် ဖျက်ဆီးရန် ရည်ရွယ်ခဲ့သော်လည်း ကြည့်ရတာ သူတို့သည် ယခုအခါ အင်ပါယာကိုပင် စွန့်ခွာသွားရဖွယ်ရှိသည်။ သူ ဒီပြဿနာကို ကောင်းမွန်စွာဖြေရှင်းနိုင်က သူ့ရှေ့ကလူများသည်လည်း ကြွက်သေများကဲ့သို့ အသက်ရှင်နေထိုင်ရမည်ဖြစ်သည်။ ဖယ်ဆန်ကို လက်စားချေရန် ပါဝင်ကတိပြုလာခဲ့ကြသော အခြားမြို့စားများလည်း ပါဝင်သည်။ 'ငါက သူတို့အကြံအစည်အတွက် ကွက်တိပဲ' ၎င်းက ရှောင်လွှဲလို့ မရပေ။သူက ထိုကိစ္စမှာ အန္တရာယ်များကြောင်း သေချာ ရှင်းပြခဲ့သော်လည်း သူတို့ စာချုပ်ကို ဖျက်သိမ်းနိုင်သရွေ့ မည်သည့်အရာကိုမဆို စေတနာ့‌ဝန်ထမ်းအရ လုပ်ဆောင်ရန် ဆန္ဒရှိနေခဲ့သည်။ "ဒါဆို ပြီးခဲ့တဲ့ တစ်ခေါက်က အကြံပေးခဲ့တဲ့အတိုင်း ဆက်လုပ်လိုက်။ကျုပ် ခင်ဗျားကိုထပ်ပြောမယ်။ခင်ဗျားကို မေးခွန်းထုတ်လာတဲ့အခါကျရင် ဆင်ခြေပေးတတ်ရမယ်" "ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ! ငါ နားလည်ပါတယ်! ဒါပေမယ့် စိုးရိမ်တာတစ်ခုတော့ရှိတယ်…" ဝမ်းမြောက်စွာသဘောတူခဲ့သော ဘာရွန်ကောလ်တန်သည် စိုးရိမ်မှုအနည်းငယ်ပြသလာခဲ့သည်။ "သတ်မှတ်ရက်မှာ ကုန်ပစ္စည်းတွေ မသွင်းရင် အင်ပါယာနန်းတော်က ဘာဖြစ်သွားမှာလဲ" ထိုမှသာ သူတို့သည် သူကိုယ်သူတို့ ဘယ်ကိစ္စထဲပါဝင်နေတာလဲဆိုတာ သဘောပေါက်သွားပုံရသည်။ အခြားသူများပါ ပါဝင်ပြီးဖြစ်တာကြောင့် ၎င်းက အလွန်နောက်ကျလွန်းနေပြီဖြစ်ကာ မိုက်မဲသောမေးခွန်းတစ်ခုပင်ဖြစ်သည်။ "အဲဒါက ခင်ဗျားတို့ စိုးရိမ်ရမယ့်ဟာလို့မထင်ဘူး" အန်းသန့်စ်က အေးစက်စွာ တုံ့ပြန်ခဲ့လိုက်သည်။ သူတို့သည် လက်ရှိတွင် အကြောင်းပြချက်တစ်ခုကြောင့် အကြံဉာဏ်များ မျှဝေနေကြရသော်လည်း သူတို့မှာ လွန်ခဲ့သော သုံးလခန့်ကပင် အန်းသန့်စ်ကို သစ္စာဖောက်ခဲ့ကြသူများဖြစ်သည်။ဒါကြောင့် သူ့ဆီက ကောင်းမွန်သော စကားလုံးများကိုတော့ မမျှော်လင့်နေသင့်ပေ။ "ခင်ဗျားတို့အတွက် စာချုပ်ကိုဖျက်နိုင်ရုံနဲ့ မလုံလောက်ဘူးလား။ တခြားအရာတွေကို ဝင်စိတ်မပူနေနဲ့ ကိုယ့်အလုပ်အပေါ်ကိုသာ သစ္စာရှိ။ခင်ဗျားတို့ အသုံးမဝင်တဲ့အရာတွေကို စိတ်ပူနေရင် အရာအားလုံးကို ရှုပ်ယှက်ခတ်သွားနိုင်တယ်" စကားဝိုင်းက အဲ့ဒီမှာပဲ ပြီးသွားခဲ့သည်။ အဓိကအချက်များအားလုံးကို ခြုံပြောပြီးဖြစ်တာကြောင့် စကားများများပြောရန် မလိုအပ်တော့ပေ။ အန်းသန့်စ်က သူတို့ကို ကူညီနေတယ်လို့ ထင်ပြီး အနည်းငယ် ရင်းနှီးနေပြီဟု ခံစားနေရသော ဘာရွန်ကောလ်တန် နဲ့ ဗိုင်းကောင့်ဂါမေတို့သည် ကို့ရို့ကားယား မျက်နှာများဖြင့် ထွက်ခွာသွားခဲ့ကြသည်။ 'အားလုံး ပြီးသွားရင် ငါ နည်းနည်းတော့ အနားယူမှပဲ' အန်းသန့်စ်သည် ဆိုဖာထဲ နက်နဲစွာ နစ်မြုပ်နေပြီး တွေးလိုက်မိသည်။ စာချုပ်ဖျက်သိမ်းချိန်မှစကာ ယခုချိန်ထိ အိပ်ချိန်သုံးနာရီကျော်လောက်ကလွဲလို့ သူ ကောင်းကောင်း အနားမယူရသေးပေ။ သူသည် အလွန်သန်မာစွာ မွေးဖွားလာခဲ့ပြီး ဘယ်တုန်းကမှ အထူးတလည် အနားယူချင်တာမျိုးမရှိခဲ့သော်လည်း အကြောင်းတစ်ခုခုကြောင့် မကြာသေးမီက အနားယူခြင်းကို များစွာ လွမ်းနေခဲ့သည်။ 'အင်း အဲ့တာက အနားယူတာမဟုတ်တာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် ငါ အနားယူရင်းနဲ့ တွေ့မယ့်လူ ဖြစ်နိုင်တယ်' အတူတူရှိနေရုံနှင့် သူ့ကို ရွှင်လန်းစေမည့်သူ။ သူဘယ်တုန်းကမှ ဂရုမစိုက်ဖူးသော မွေးနေ့ကိုတောင် ဂရုစိုက်ပေးသည့်သူနှင့် ထမင်းအတူစားပြီး ဝိုင်အေးအေးဆေးဆေး သောက်ချင်မိသည်။ ဒီလိုလုပ်နိုင်ဖို့အတွက် သူ့အလုပ်တွေ မြန်မြန်ပြီးဖို့ လိုအပ်သည်။အလုပ်က မျှော်လင့်ထားသည်ထက် ပိုကြီးလာသောကြောင့် သင့်လျော်သော ပြင်ဆင်မှုမရှိဘဲ သူ စိတ်အေးသက်သာစွာအနားယူနိုင်မည်မဟုတ်ပေ။ အန်းသန့်စ်သည် ထရပ်လိုက်ပြီး တစ်စုံတစ်ဦးကို ကမန်းကတန်းရှာခဲ့လိုက်သည်။ * * * "…ဘာ။ ပြင်ဆင်မှုတွေ မပြီးသေးဘူးလို့ ပြောနေတာလား" ဖယ်ဆန်သည် သတ်မှတ်ရက်ရောက်ဖို့ နှစ်ရက်သာကျန်တော့ချိန်တွင် ကုန်ပစ္စည်းများမှာ စီစဉ်နေဆဲဖြစ်ကြောင်း သတင်းကို ကြားခဲ့ရသည်။ သူတို့ပြောတော့ ဂိုဒေါင်ထဲမှာ ကုန်ပစ္စည်းတွေ အများကြီး စုထားတယ်ဆို ဘာလို့ သူက ကုန်ပစ္စည်းတွေရဲ့ အရိပ်ကိုတောင် မမြင်ရသေးတာလဲ။ ဘာရွန်ကောလ်တန်က ပြုံးပြီး သူ့ကို စိတ်မပူပါနဲ့ဟု တုံ့ပြန်ခဲ့သည်။ "အဆင်ပြေပါတယ်။ငါတို့က ကုန်ပစ္စည်းတွေတင်ဖို့ပဲ ကျန်တော့တာ။နှစ်ရက်တောင် ကျန်သေးတာပဲဟာ။မနက်ဖြန်ကျ အားလုံးပြီးသွားမှာမို့ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ" "မဖြစ်သေးပါဘူး။ကျွန်တော် အဖွဲ့အစည်းနဲ့ သယ်ယူပို့ဆောင်ရေးမှာ ကူညီဖို့ လူတွေ လွှတ်လိုက်မယ်" ဖယ်ဆန် ပြော‌လာသောစကားများသညါ ဘာရွန်အတွက် အဆိုးဆုံးဖြစ်သည်။ သို့သော် ၎င်းက မျှော်လင့်ထားတာ ဖြစ်သောကြောင့် ဘာရွန်သည် ရယ်မောပြီး သဘောတူလိုက်သည်။ "ဒါဆို မနက်ဖြန် မနက်စောစောလောက်ပို့ပေးဖို့ တောင်းဆိုလို့ရမလား။ တကယ်တော့ ကုန်တွေ တင်ရ ရွှေ့ရတာနဲ့ ပတ်သတ်ပြီး နည်းနည်း စိုးရိမ်နေတာ။ဒါပေမယ့် မင်းက ကူညီပေးမယ်ဆိုတော့ စိတ်ချသွားသလို ခံစားရတယ်" အကယ်၍ငြင်းလိုက်ပါက သူ စိတ်မတင်မကျဖြစ်သွားမှာပင်။သို့သော သတ်မှတ်ထားတဲ့ အချိန်တစ်ခုနဲ့ 'မနက်ဖြန်' လို့ပြောလိုက်ရင်တော့ သူ နည်းနည်းတော့ စိတ်သက်သာရာရသွားလိမ့်မည်။ ဖယ်ဆန်က ခေါင်းညိတ်ပြပြီး ထိုင်ခုံပေါ်မှ မတ်တပ်ထရပ်လိုက်သည်။ "ဒါဆို ကျွန်တော် အခုသွားတော့မယ်။ မနက်ဖြန်မနက်စောစောကျ လူတွေပို့လိုက်မယ်။ နှောင့်နှေးဖို့မရှိဘူးဆိုတာ သေချာပါစေ။ထောက်ပံ့မှုနောက်ကျရင် ကျွန်တော်က ယုံကြည်ချက်နည်းနည်း ဆုံးရှုံးနိုင်တယ်ဆိုပေမယ့် ခင်ဗျားတို့က‌တော့ အရာရာ ဆုံးရှုံးသွားနိုင်တယ်" ခြိမ်းခြောက်မှုမဟုတ်သော ခြိမ်းခြောက်မှုကိုချန်ထားခဲ့ပြီး ဖယ်ဆန်သည် ဘာရွန်၏ စံအိမ်ကြီးမှ အမြန်ထွက်ခွာသွားခဲ့သည်။ ဘာရွန်ကောလ်တန်သာမက အခြားသော မြို့စားများကလည်း သတ်မှတ်ရက် နီးကပ်လာသော်လည်း ကုန်ပစ္စည်းများ ပြင်ဆင်မှု မပြီးဆုံးသေးသောကြောင့် သွားရောက်ရန် လိုအပ်သော နေရာများစွာရှိသေးသည်။ ဖယ်ဆန်၏ ရထားတွဲ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ဘာရွန်ကောလ်တန်သည် သူ့ဇနီးနှင့် သားသမီးများကို ရှာဖွေရန် သွားခဲ့လိုက်သည်။ "မြန်မြန်ပြင်ထားကြ။ငါတို့ နေမဝင်ခင် အင်ပါယာထဲကနေ ထွက်သွားရမယ်" အင်ပါယာမှ ထွက်ခွာတော့မည့် ရုတ်တရက်သတင်းကို ဘာရွန်၏ကလေးများက ခေါင်းညိတ်ပြလိုက်ကြပြီး အစေခံများနှင့်အတူ သူတို့အခန်းတွင်းသို့ ပျောက်ကွယ်သွားခဲ့ကြသည်။ ဘာရွန်မြို့စားကတော်သည် တစ်ခုခုမှားနေသည်ကို သတိပြုမိပြီး သူမ၏ စိုးရိမ်သောကရောက်သော အမူအရာကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ TK Team (chapter 82 )