Chapter 83
Viewers 8k

ဇာတ်လိုက်လား?ငါ သူ့ကို မလိုချင်ဘူး - chapter 83


* * *

နောက်တစ်နေ့ မနက်စောစောတွင် ဖယ်ဆန်သည် မြို့စားများ၏အိမ်သို့ တစ်စုံတစ်ဦးကို စေလွှတ်ခဲ့လိုက်သည်။မတိုင်ခင်အထိ ကုန်ပစ္စည်းများ ချောချောမွေ့မွေ့ ပို့ပေးနေခဲ့သော်လည်း ယခုအချိန်မှ ဘာဖြစ်မှန်းမသိတာကြောင့် သူ စိတ်အနှောင့်အယှက်ဖြစ်နေရသည်။

"သခင်လေး ဖယ်ဆန်!"

ခဏအကြာတွင် ဆိုင်ယာသည် ဖယ်ဆန်ထံသို့ လာလည်ခဲ့သည်။ မကြာသေးမီက ဖယ်ဆန်၏ ဒေါသသည် အလွန်ပြင်းထန်လာသောကြောင့် သူမသည် ပုံမှန်ထက် အနည်းငယ်စောပြီး လာရောက်ခဲ့လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ဖယ်ဆန်သည် မနေ့ကထက်ပင် ပိုမပျော်နေပုံရနေသည်။ဆိုင်ယာက ဖယ်ဆန် ဘေးတွင် ထိုင်ချလိုက်ပြီး ဖယ်ဆန် စိတ်တည်ငြိမ်သွားစေရန် အစေခံတစ်ဦးယူလာသော လက်ဖက်ရည်ကြမ်းကို သူါဆီကမ်းပေးလိုက်သည်။

"ရှင် အိပ်ရောအိပ်ခဲ့ရဲ့လား။ရှင့်ကြည့်ရတာ ပင်ပန်းနေသလိုပဲ"

"… ငါအိပ်ခဲ့ပေမယ့် အစောကြီးနိုးလာခဲ့တာ"

"ဒါဆို ရှင့် မျက်လုံးတွေကို ခဏလောက်မှိတ်ထားလိုက်ရင်ရော ဘယ်လိုလဲ။ မိနစ်သုံးဆယ်လောက်ဖြစ်ဖြစ်လေ။ကျွန်မ ရှင့်ကို နှိုးပါ့မယ်"

ဆိုင်ယာက ဖယ်ဆန်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ပြီး ပြုံးပြခဲ့လိုက်သည်။ သူမက စိတ်အခြေအနေ ပေါ့ပါးအောင် ကြိုးစားလိုက်သော်လည်း ၎င်းက ဖြစ်ရပ်ဆိုးများဆက်တိုက်ကြုံနေရသော ဖယ်ဆန်ကို မကူညီနိုင်ခဲ့ပေ။

'အိပ်မပျော်လို့ နိုးလာတဲ့ဟာကို သူမက ငါမျက်လုံးတွေမှိတ်ဖို့ ဘယ်လိုတောင် မျှော်လင့်နေရတာလဲ'

သူမက အခြေအနေကို မသိဘဲ လေပြေအေးတရားလာနေတာကြောင့် သူ စိတ်အနှောင့်အယှက်ဖြစ်သလိုခံစားခဲ့ရသည်။

"အဆင်ပြေတယ်။ကိုယ့်မှာ အဲဒါအတွက် အချိန်မရှိဘူး။ကိုယ်က အန်းတဲရိစ့်မားချက်စ်ဂိုဏ်းက ကျန်နေသေးတဲ့ စီးပွားရေးပါတနာတွေနဲ့လည်း ညှိနှိုင်းရအုံးမှာမလား"

သူက ကုန်သည်ကြီးအချို့ကို စိတ်ချအောင် ထိန်းထားနိုင်ခဲ့သော်လည်း အန်းတဲရိစ့်မားချက်စ်ဂိုဏ်းက ယခုချိန်အထိ ဆက်လက် တောင့်ခံထားဆဲဖြစ်သည်။

သူက အဲ့ဒါကို လူနာ၏ ရွှေတွင်းကြောင့်လို့ထင်တာကြောင့် သူ့ကိုဒေါသထွက်လာစေခဲ့သည်။

ဖယ်ဆန်သည် စာရွက်စာတမ်းများကို ထပ်မံကောက်ယူလိုက်ပြန်သည်။အကယ်၍ သူ ကုန်သည်များကို မယူနိုင်ပါက ဖျက်ဆီးပစ်လိုက်တာက လုံလောက်နိုင်သည်။ထို့အတွက်ကြောင့် သတင်းအချက်အလက်များကို သူလိုအပ်ပေသည်။

"သခင်လေး ဖယ်ဆန်…"

ဆိုင်ယာသည် သူ့ကို နှစ်သိမ့်ပေးဖို့ ကြိုးစားသော်လည်း အလုပ်မဖြစ်တာကြောင့် စိတ်ပျက်သလို ခံစားလိုက်ရသည်။သူမက အကူအညီဖြစ်လိုသော်လည်း ယခုအချိန်မှာ သူမတွင် သူ့ကိုကူညီရန် နည်းလမ်းမရှိနေပေ။

အကယ်၍ သူမက ဖယ်ဆန်နှင့် စကားထပ်စကားပြောရန် ကြိုးစားပါက သူဒေါသထွက်လာနိုင်သည်ဟု အကြံပြုနေသော လေထုကြောင့် ဆိုင်ယာသည် မကြာခင်တွင် အရင်က သူ့ပုံစံအတိုင်း ပြန်ဖြစ်လာမယ်လို့ မျှော်လင့်ရင်း တိတ်တဆိတ်သာ ကြည့်နေခဲ့လိုက်သည်။

"သခင်လေး ဖယ်ဆန်!"

သူ မနက်စောစော၌ မြို့စားများ၏ စံအိမ်သို့ စေလွှတ်ခဲ့သော လူအနည်းငယ်က ပြန်ရောက်လာခဲ့သည်။

သူတို့သည် အထောက်အကူဖြစ်စေနိုင်သော ရှာတွေ့ချက်များကြောင့် ပြန်လာခဲ့သည်ဟုထင်ပြီး ဖယ်ဆန်သည် စိတ်သက်သာရာရစပြုလာသည်။ငို့သော် သူတို့က မထင်မှတ်ထားသော သတင်းကို ယူဆောင်လာခဲ့သည်။

"ကျွန်တော် စံအိမ်ဆီ သွားခဲ့ပေမယ့် အဲ့မှာဘယ်သူမှရှိမနေဘူး!"

"…ဘာဖြစ်တယ်"

သူတို့ ဘာကိုဆိုလိုမှန်းကို သူနားမလည်နိုင်ပေ။ဖယ်ဆန်၏ စိတ်ရှုပ်ထွေးနေသော တုံ့ပြန်မှုကြောင့် ထိုလူက အခြေအနေများကို ထပ်မံရှင်းပြခဲ့လိုက်သည်။

"ကျွန်တော်တင်မကဘူး တခြားသူတွေရဲ့အိမ်ကိုသွားခဲ့တဲ့သူတွေကလည်း သူတို့ဘယ်သူမှမတွေ့ခဲ့ရဘူးလို့ပြောပါတယ်။ အစေခံတွေတောင်မှ အကုန်လုံးပျောက်သွားတော့ ကျွန်တော်တို့ ဘာတွေဖြစ်နေတာလဲလို့ မမေးနိုင်ခဲ့ပါဘူး!"

"ဘာ!"

ဒါ ဘယ်လိုတောင် အဓိပ္ပာယ်မရှိလိုက်တဲ့ စကားလဲ! 

ဖယ်ဆန်သည် သူ့ရုံးခန်းထဲကနေ အမြန်ထွက်လာခဲ့လိုက်သည်။

"သခင်လေး ဖယ်ဆန်!"

ဆိုင်ယာက သူ့နောက် အလျင်စလိုလိုက်ခဲ့လိုက်သော်လည်း သူမ၏ ဒေါက်ဖိနပ်နှင့် ထူထဲသောဂါဝန်ကြောင့် ဖယ်ဆန်၏အရိပ်ကိုအမှီလိုက်ရန်ပင် ခက်ခဲနေသည်။

ဖယ်ဆန်သည် ဆိုင်ယာကို အနောက်တွင်ထားခဲ့ကာ တစ်ယောက်တည်း အနီးဆုံးစံအိမ်ဖြစ်သော ဘာရွန်ကောလ်တန်၏စံအိမ်ဆီသို့ သွားခဲ့ပြီး အမှန်တကယ်ပင် ဗလာဖြစ်နေ၍ အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေသော စံအိမ်နှင့် ရင်ဆိုင်ခဲ့လိုက်ရသည်။

အစေခံများ၏ အရိပ်များကိုပင် မမြင်ရသောကြောင့် ၎င်းက သေချာပေါက် အစီအစဉ်ဆွဲထားသော အခြေအနေတစ်ခုဖြစ်ပုံရသည်။

"ဘာတွေ...ဒီမှာ ဘာတွေဖြစ်နေတာလဲ!"

ဖယ်ဆန်သည် ဒေါသတကြီးဖြင့် ဘာရွန်ကောလ်တန်မိသားစု စံအိမ်၏ အပြင်ဘက်နံရံကို ကန်ပြီး အော်ဟစ်လိုက်သည်။၎င်းကိုကြားပြီး တစ်ယောက်ယောက် ပေါ်လာရင် ကောင်းလိမ့်မည်။သို့သော် ကံမကောင်းစွာပင် လူတိုင်းမရှိနေသော အိမ်ကြီးတွင် ဖယ်ဆန်၏ အသံကသာ ပဲ့တင်သံထပ်သွားခဲ့သည်။

'ငါ..ငါ တခြားနေရာတွေကို စစ်ကြည့်ရမယ်...!'

သူ အခြားမြို့စားများလည်း မရှိတော့ကြောင်း သတင်းများ ကြားသိခဲ့ရသော်လည်း ၎င်းက မသေချာသော ကိစ္စဖြစ်သည်။ ဖယ်ဆန်သည် ဗိုင်းကောင့်ဂါမေ၏စံအိမ်သို့ အမြန်သွားခဲ့လိုက်သည်။

သို့သော် နောက်တသ်ကြိမ်ထပ်ပြီး မည်သူမျှ ရှိမနေခဲ့ချေ။ ဗိုင်းကောင့်ဂါမေ၏စံအိမ်တွင်လည်း လူအရိပ်တစ်စကိုတောင်မှ မတွေ့ခဲ့ရပေ။

အဓိပ္ပာယ်မရှိတာ...

ဖယ်ဆန်၏ ခြေထောက်များ ခွင်ကျသွားကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။

* * *

ထို့နောက် ဖယ်ဆန်သည် ကျန်မြို့စားများ၏ စံအိမ်များအားလုံးကို သွားရောက်ကြည့်ရှုခဲ့သည်။သို့သော် သူတို့ကြိုတင်စီစဉ်ထားခဲ့ကြသလိုပဲ စံအိမ်များအားလုံး လွတ်နေသောကြောင့် သူ မည်သူနဲ့မျှ မဆုံတွေ့နိုင်ခဲ့ပေ။

နောက်ဆုံးတွင် ဖယ်ဆန်သည် ထိုသူတို့၏ ကိုယ်ပိုင်ဂိုဒေါင်များကိုပင် စုံစမ်းခဲ့သော်လည်း မျှော်လင့်ထားသလိုပင် ထိုနေရာတွင်လည်း ဘယ်သူမှ၊ ဘာမှမရှိနေခဲ့ပေ။

သူ ဒီတိုင်းဘာမှမလုပ်ဘဲ ထိုင်မနေနိုင်သည့်အတွက်ကြောင့် ဖယ်ဆန်သည် ဘာမဆိုရှာရန် လူများ လွှတ်ခဲ့လိုက်သည်။

ထိုသို့ဖြင့် တစ်နေကုန်ကြာသွားပြီး နောက်တစ်နေ့တွင် အင်ပါယာနန်းတော်မှ အရာရှိတစ်ဦးက မြို့စားကြီးအိမ်တော်သို့ ရောက်လာခဲ့သည်။

"ဘယ်လို။ အင်ပါယာနန်းတော်က လာတာလား"

မြို့စားကြီးရိုဒရီယန်၏မေးခွန်းကို အစေခံက ဦးညွှတ်ပြီးပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်။ သခင်လေး ဖယ်ဆန်က မနေ့ကထဲစ အိမ်ပြန်ရောက်မလာသေးတော့…"

သောက်ကျိုးနည်း ရုတ်တရက်ကြီး အင်ပါယာနန်းတော်က ဘာပြောချင်နေလို့လဲ။

ဖယ်ဆန်စီစဉ်ထားသောကိစ္စမှာ အလျင်စလို ဆုံးဖြတ်ချက်ဖြစ်တာကြောင့် ဖယ်ဆန်သည် မည်သည့်အရာကိုမျှ သတိမထားမိခဲ့သော မြို့စားကြီးအား ဘာကိုမှသတင်းမပို့ခဲ့ပေ။

"သူက ဧည့်ခန်းထဲမှာ စောင့်နေပါတယ်"

မြို့စားကြီးသည် အခြေအနေကို နားမလည်နေသော်လည်း စောင့်ဆိုင်းနေသော တော်ဝင်နန်းတော်မှ ဧည့်သည်ကို လျစ်လျူရှုခြင်းက မသင့်တော်ပေ။

မြို့စားကြီးက ခဏလောက် မျက်မှောင်ကြုတ်လ်ုက်ပြီး ထိုင်ခုံပေါ်မှထကာ ဧည့်ခံခန်းဆီ ဦးတည်သွားခဲ့လိုက်သည်။

"ရုတ်တရက် လာခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်။သခင်လေး ရိုဒရီယန်က ဒီနေ့ ပေးပို့ရမယ့်နောက်ဆုံးရက်ရောက်တာတောင်မှ ကုန်ပစ္စည်းတွေ့ မပို့လာသေးလို့ ဒီလို လာတွေ့ရတာပါ"

"ကုန်ပစ္စည်းလား"

"အာ အဲဒါက…"

အတိအကျ ဘာအကြောင်းကို ပြောနေတာလဲဆိုသော မြို့စားကြီး၏ မေးခွန်းကြောင့် အင်ပါယာနန်းတော်မှ တာဝန်ရှိသူသည် အခြေအနေများကို ရှင်းပြလိုက်သည်။နောက်ဆုံးတွင် မြို့စားကြီးသည် ဘာဖြစ်နေမှန်း သိခဲ့ရပြီးနောက် ဖယ်ဆန်နှင့်ပတ်သတ်ပြီး တစ်စုံတစ်ခု မှားယွင်းနေမှန်း သဘောပေါက်သွားခဲ့သည်။

မဟုတ်ပါက ဖယ်ဆန်သည် ပေးပို့ရမည့် နောက်ဆုံးနေ့မတိုင်မီ တစ်ရက်အလိုတွင် ပျောက်သွားခဲ့မည်မဟုတ်ချေ။

"...သူ အပြင်ကပြန်ရောက်လာတာနဲ့ မင်းကို ဆက်သွယ်လိုက်မယ်။ကြည့်ရတာ ပမာဏများလို့ သယ်ယူပို့ဆောင်ရေး ခက်ခဲနေတဲ့ပုံပဲ။ငါ သူ အရမ်းအလုပ်ရှုပ်နေတာကို တွေ့ရသားပဲ။ သူ ဒီနေ့ ပစ္စည်းတွေ ပို့ပေးမှာပါ"

"ဒါက စိတ်သက်သာရာရစေတာပဲ။ နားလည်ပါပြီ။ပစ္စည်းတွေက အခုလျော့နည်းနေတာဆိုတော့ ကျေးဇူးပြုပြီး မြန်မြန်လေး ပို့ပေးပါ"

မြို့စားကြီး၏ အာမခံချက်ကြောင့် စိတ်သက်သာရာရသွားပြီး အင်ပါယာနန်းတော်မှ အရာရှိက ပြန်သွားတော့သည်။ မြို့စားကြီးသည် ထိုသူ၏ရထား မြင်ကွင်းမှပျောက်သွားကြောင်း အတည်ပြုပြီးသည်နှင့် ဒေါသကို လွှတ်ထုတ်ကာ ဖယ်ဆန်ကို ရှာဖွေခဲ့တော့သည်။

"အဲ့အရူးကောင်စုတ်က ဘယ်ရောက်သွားတာလဲ။ အင်ပါယာမိသားစုအတွက် ကြီးမားတဲ့ ကုန်ပစ္စည်းပမာဏထောက်ပံ့မှုဟုတ်လား။ ဒီလောက်ခက်ခဲတဲ့အလုပ်ကို အချိန်တိုအတွင်း ဆုံးဖြတ်ခဲ့တာလား"

အန်းသန့်စ်ထံမှ လုပ်ငန်းပါတနာအများအပြားကို လုယူနိုင်ခဲ့ခြင်းကြောင့် ၎င်းသည် လွန်ခဲ့သောလအနည်းငယ်ကပင် သည် ကောင်းမွန်ပုံပေါ်ခဲ့သော်လည်း ထိုကဲ့သို့ ရယ်စရာကောင်းသော မတော်တဆမှုက ထပ်မံဖြစ်ပွားခဲ့သည်။

"သူ့ကို မြန်မြန်သွားရှာကြစမ်း! ပြီးတော့ သူ ဒီနေ့ချက်ချင်း ကုန်ပစ္စည်းတွေ ပို့ပေးနိုင်မလားစစ်ဆေးခဲ့!"

မြို့စားကြီး၏ အော်သံကြောင့် အစေခံများသည် ဖယ်ဆန်ကိုရှာရန် အမြန်ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့အနက် အချို့မှာ ဖယ်ဆန်သည် အင်ပါယာနန်းတော်သို့ ကုန်ပစ္စည်းများ မပို့နိုင်တော့သည်ကို သိသော်လည်း မလိုအပ်ဘဲ ပြဿနာထဲပါသွားမည်ကို စိုးရိမ်သဖြင့် ပါးစပ်ပိတ်ထားခဲ့ကြသည်။

* * *

တစ်ချိန်တည်းမှာပင် အိမ်ရှေ့မင်းသား ကလ်လီယွန်သည် မမျှော်လင့်ထားသော ဧည့်သည်တစ်ဦးနှင့် တွေ့ဆုံနေခဲ့ရသည်။

"မင်း ငါ့ကိုလာရှာရမယ့်နေ့ရောက်လာမယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။ အင်ပါယာပြိုလဲတော့မယ့်ပုံပဲ"

ကလ်လီယွန်သည် ခွင့်မပြုဘဲ ဆိုဖာပေါ် ထိုင်နေသော အန်းသန့်စ်ကို ပြောခဲ့လိုက်သည်။ အင်ပါယာပြိုလဲမည်ဆိုသော စကားကို ဒုတိယအကြိမ်ကြားလိုက်ရချိန်တွင် အန်းသန့်စ်သည် သူ ဧကရာဇ်မင်းရှေ့မှာဆိုရင် ထိုကဲ့သို့ပြောနိုင်အုံးပါ့မလားဟု တွေးမိလိုက်သည်။

"အင်း တွေးကြည့်ရရင် မင်းနဲ့ ကစားရတာက ပျော်စရာအကောင်းဆုံးလိုပဲ"

"မင်းကို ရိုက်ရရင် ပိုပြီးတောင်ပျော်ဖို့ကောင်းလိမ့်မယ်"

အန်းသန့်စ်သည် မြို့တော်မှ မထွက်ခွာမီမှသာ ကလ်လီယွန်၏အထောက်အထားကို ရှာတွေ့ခဲ့သည်။အဲဒီမတိုင်ခင် နှစ်နှစ်အတွင်း သူတို့ဆုံတွေ့ကြချိန်တိုင်း သူ့ကို နောက်ပြောင်သည့် ကလ်လီယွန်ကို ထပ်ခါတလဲလဲ ရိုက်နှက်ခဲ့သော အမှတ်တရများက လွင့်ပျံလာခဲ့သည်။

"ဟားဟားဟား!"

ဘာက ရယ်စရာကောင်းနေမှန်းမသိသော်လည်း ကာလ်လီယွန်သည် ဟက်ဟက်ပက်ပက် ရယ်မောလာခဲ့သည်။အန်းသန့်စ်သည် ကလ်လီယွန်ကိုလာရှာခဲ့သည့် သူ့ကိုယ်သူ အလွန်စိတ်ပျက်သွားခဲ့မိသည်။

ဘယ်‌လောက်ပဲ အလုပ်ကို ပြီးပြည့်စုံအောင် ကိုင်တွယ်ရဖို့ပဲဆိုဆို ဒီလူကို ဘာလို့ အထူးတလည် တွေ့ဆုံရမှာလဲဟု သူ တွေးမိလိုက်သည်။

"ဒါဆို ဘာကိစ္စရှိလို့လဲ။မင်းငါ့ကိုတွေ့ဖို့သက်သက်တော့လာတာမဟုတ်တာ သေချာတယ်"

ကလ်လီယွန်သည် ခဏတာ ရယ်မောပြီးနောက် အန်းသန့်စ်၏မျက်နှာချင်းဆိုင်တွင် တည်ငြိမ်အေးဆေးသော အမူအရာဖြင့်ဝင်ထိုင်လိုက်သည်။သူက ပေါ့ပေါ့ပါးပါးဟန်ရှိသော်လည်း အချိန်ကိုကြည့်နေတာကြောင်ြ အိမ်ရှေ့မင်းသားသည် အလုပ်ရှုပ်နေပုံရသည်။

အန်းသန့်စ်လည်း အတူတူပင်။ ဒါကြောင့် သူ ထပ်နှောင့်နှေးမနေတော့ဘဲ လိုရင်းကို ပြောလိုက်သည်။

"ဒီနေ့ပဲဖြစ်ဖြစ် မနက်ဖြန်ပဲဖြစ်ဖြစ်ပြဿနာတစ်ခု ပေါ်လာလိမ့်မယ်။မင်း ငါ့ကို ဖြေရှင်းချက်အတွက် ဆက်သွယ်လို့ရတယ်လို့ ပြောဖို့ လာခဲ့တာ"

ဟမ် သူဘာတွေပြောနေတာလဲ။

ကလ်လီယွန်သည် ပြဿနာတစ်ခုဖြစ်လာတော့မှာကို ကြိုမြင်နေပုံရသော အန်းသန့်စ်အား ခဏတာမျှ ခေါင်းစောင်းကာ ကြည့်နေခဲ့လိုက်သည်။

"မင်း ဘာအကြောင်းပြောနေတာလဲ"

"မင်း မကြာခင် သိလာရလိမ့်မယ်။ အခုတော့ ငါ အရမ်းအလုပ်ရှုပ်နေလို့ သွားတော့မယ်"

အန်းသန့်စ်သည် တိုတိုတုတ်တုတ် အသိပေးချက်ချန်ထားခဲ့ပြီး မဆိုင်းမတွပင် ရုံးခန်းထဲမှ ထွက်လာခဲ့သည်။နောက်တွင်ကျန်ခဲ့သော ကလ်လီယွန်သည် အရမ်းမြန်ပြီး ချက်ခြင်း ထွက်ခွာသွားသော အန်းသန့်စ်ကြောင့် ကြောင်သွားခဲ့သည်။

"ဘာလဲဟ။တကယ်ကြီး ဒါပဲလား။ဒါဆိုရင် မင်းဘာလို့လာနေသေးတာလဲ။ စာနဲ့ အကြောင်းကြားရင် ရနေပြီကို"

စကားအနည်းငယ်ဖလှယ်ကြပြီး မျက်နှာကို ကြည့်ဖို့ လာလည်တန်ကြသော တခြားသူငယ်ချင်းများနှင့် မတူဘဲ ဘာလို့ သူက ဒီလို နမိတ်မကောင်းသော သတိပေးချက်ကို ချန်ထားပြီး ထွက်သွားဖို့ အထူးတလည် ရောက်လာခဲ့တာလဲ။ ဒါက သူ့ရဲ့ ပင်ကိုယ်စရိုက် ဟုတ်မနေဘူး။

ကလ်လီယွန်သည် သိချင်စိတ်ပြင်းပြသွားပြီး သူ့လက်ထောက်ကို ချက်ချင်းခေါ်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် အင်ပါယာ နန်းတော်မှာ ပြဿနာတစ်ခုခုရှိနေလ သွားရှာကြည့်လိုက်"

"…!"

ဘယ်လိုတောင် ကျယ်ပြန့်တဲ့ ညွှန်ကြားချက်ကြီးလဲ... ဘယ်ကနေ စပြီး ဘယ်မှာ အဆုံးသတ်ရမှာလဲ။

စကားလုံးများက သူ့လျှာဖျားအထိ ရောက်လာခဲ့သော်လည်း ၎င်းက ပထမဆုံး ကြားရသော အဓိပ္ပါယ်မဲ့သည့် ညွှန်ကြားချက်မဟုတ်တာကြောင့် လက်ထောက်သည် ဦးညွှတ်ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

နန်းတော်တစ်ခုလုံးကို ပြဿနာတစ်စုံတစ်ရာရှိမရှိကို အလျင်စလိုအရေးတကြီး စစ်ဆေးရန်လိုသောကြောင့် အချိန်သည် အဓိကဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ပြဿနာကြီးကြီးမားမားတစ်ခုရှာတွေ့ခဲ့သောကြောင့် နောက်နေ့တွင် လက်ထောက်က ကလ်လီယွန်ကို သတင်းပို့ခဲ့လိုက်သည်။

"ရိုဒရီယန်အိမ်တော်နဲ့ စာချုပ်ချုပ်ထားတဲ့ ကုန်ပစ္စည်းတွေက ပေးပို့ရမယ့်နောက်ဆုံးရက်အထိ ရောက်မလာသေးပါဘူး။ အဲ့ဒါတွေက စားဖိုဆောင်မှာ အဓိကအသုံးပြုတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်လို့ လျော့နည်းသွားရင် ဒုက္ခရောက်မှာပါ။ အကြီးဆုံးပြဿနာကတော့ အဲ့ဒါပါပဲ အရှင့်သား။ ပြီးတော့…"

လက်ထောက်သည် မှတ်စုများကိုကြည့်ပြီး သေသေချာချာ အစီရင်ခံရန် ကြိုးစားနေသောကြောင့် ကြည့်ရတာ ပြဿနာများစွာရှိနေသည့်ပုံပင်။

"အာ လုံလောက်ပြီ။ဒါက လုံလောက်တယ်"

ကလ်လီယွန်သည် အန်းသန့်စ်ကြောင့် ပြဿနာဖြစ်ရခြင်းဖြစ်သည်ကို ရှင်းလင်းနေသောကြောင့် ကျန်စကားများကို ဖြတ်ခဲ့လိုက်သည်။

'အဲ့တော့ ဒီကိစ္စကြောင့် စာပို့မယ့်အစား သူကိုယ်တိုင် လာပြောရတာပေါ့လေ'

သူက စာရေးလိုက်ပါက အထောက်အထား တစ်ခုခုကို ချန်ထားခဲ့မိမှာကို ကြောက်နေတာဖြစ်နိုင်သည်။

သူသည် ငယ်စဉ်ကပင် ဒေါသကို မထိန်းနိုင်ဘဲ ရူးသွပ်စွာ စွဲကိုင်ထသော်လည်း ယခုတော့ တစ်ဖက်လူကို သူ့စကားသူ စားအောင် မည်သို့လုပ်ရမည်ကို သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

"ဟ!"

ကလ်လီယွန်သည် မသိလိုက်စွာပင် ရယ်မောလိုက်မိသည်။ ပေးပို့ရမည့် နောက်ဆုံးရက်တွင် ပစ္စည်းများနှောင့်နှေးစေအောင် ဘယ်အရာကဖြစ်ခဲ့တာလဲ။သူ အတိအကျမသိသော်ငြားလည်း ၎င်းက အလွန်စိတ်ဝင်စားစရာကောင်းပုံရသည်။

"ဒီကိစ္စကို သက်ဆိုင်ရာဌာနကို တင်ပြလိုက်ပါ။ ပြီးတော့ အန်းတဲရိစ့်မားချက်စ်ဂိုဏ်းကို ဆက်သွယ်လိုက်"

အန်းသန့်စ်၏ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် ဤစိတ်ဝင်စားဖွယ်ကောင်းသော တိုက်ပွဲက မည်ကဲ့သို့ အဆုံးသတ်မည်ကို သူမြင်ချင်မိသည်။

TK Team (chapter 83)