Chapter 84
Viewers 8k

<ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး

Chapter 84>

* * *

ဖယ်ဆန်သည် စံအိမ်သို့မပြန်နိုင်ခဲ့ဘဲ တည်းခိုခန်းတစ်ခုတွင် တည်းခိုကာ ပျောက်ဆုံးနေသော မြို့စားများ၏ တည်နေရာကို လိုက်ရှာနေခဲ့သည်။

ပေးပို့ရမည့် သတ်မှတ်ရက်က ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး နန်းတော်မှ တစ်စုံတစ်ဦးသည် မြို့စားကြီးစံအိမ်သို့ လာရောက်နိုင်ဖွယ်ရှိသည်။

သူ ဒီပြဿနာကို မဖြေရှင်းနိုင်ပါက ပြန်လာချိန်တွင် ဘယ်လိုဒုက္ခမျိုးနဲ့ ရင်ဆိုင်ရမလဲဆိုတာ သူ မသိပေ။ ထို့အပြင် သူ့ကို လှည့်စားခဲ့သောတရားခံများကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။

ဖယ်ဆန် အပြင်းအထန်ရုန်းကန်ပြီးနောက် သတင်းကောင်းအချို့ကို ရရှိခဲ့သည်။ဘာရွန်ကောတန်မြို့စား၏ အစေခံတစ်ဦးနှင့်အဆက်အသွယ်ရရှိခဲ့သည်။

ဒေါသကြောင့် နီရဲနေသော မျက်လုံးများဖြင့် ဖယ်ဆန်သည် သူ့ကို ချက်ချင်းတွေ့ခဲ့လိုက်သည်။ ဘာကြောင့်ခေါ်တွေ့မှန်းမသိနေသော အစေခံသည် ဒေါသအလွန်အထွက်နေသော မျိုးရိုးမြင့်တစ်ဦးနှင့် ဆုံတွေ့ရတာကြောင့် သစ်ကိုင်းလို တုန်လှုပ်သွားပြီး သူ မကျူတွေ့းလွန်ခဲ့သော အပြစ်အတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့လိုက်သည်။

"ကျေး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ဒီတစ်ကြိမ်လောက် ခွင့်လွှတ်ပေးပါ!"

"ငါ့ကို မင်းရဲ့သခင်ဘယ်မှာလဲပြောစမ်း!"

တခြားဘာကိုမှ စိတ်မဝင်စားနေသော ဖယ်ဆန်က သူ့ကို လှမ်းအော်လိုက်သည်။ အစေခံက လန့်သွားပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ကျွန်..ကျွန်တော် သူ အင်ပါယာကနေ ခဏတဖြုတ် ထွက်သွားမယ်ဆိုတာကြားခဲ့ရတာပါ။သူဘယ်မှာနေလဲ အတိအကျမသိလို့ ကျွန်တော်...မပြောနိုင်ပါဘူး…!"

သူက အင်ပါယာကနေ ထွက်သွားတယ်! 

ဖယ်ဆန်သည် ရုတ်တရက် ခေါင်းကိုက်သွားပြီး သူ့နဖူးကို ကိုင်လိုက်သည်။သူက သူ့ကို စိတ်အားထက်သန်စွာ ရည်ရွယ်ချက်ဖြင့် လှည့်ဖြားခဲ့ပြီး အခုမှ ဒူးတုန်နေပုံရသည်။

"ဒါဆို စံအိမ်က ဘာလို့ လွတ်နေရတာလဲ။ အဖမ်းခံရမှာကြောက်လို့လား!"

"ကျွန်...ကျွန်တော် မသိပါဘူး...!သူက ရုတ်တရက်ကြီး အစေခံတွေအားလုံးကို ခွင့်တစ်ပတ်ပေးပြီး အိမ်ကနေ ထွက်သွားခဲ့တာပါ။ကျွန်တော် သိသမျှက ဒါအကုန်ပါပဲ...!"

"ချီးပဲ!"

နောက်ဆုံးတွင် ဖာဆန်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ သူ့ထိုင်ခုံကို ကန်ထုတ်ကာ စားပွဲကို လှန်လိုက်သည်။ဆိုဖာကို ကန်ကျောက်ပြီး ပတ်ပတ်လည်က အရာအားလုံးကို လွှင့်ပစ်တော့သည်။

ကြောက်ရွံ့နေသော အစေခံသည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာထားပြီး သူ့ငိုသံများကို မျိုချရန် ရုန်းကန်ခဲ့လိုက်သည်။

သူ့ဒေါသများကို ခဏလောက်ဖြေလျော့ပြီးနောက် ဖယ်ဆန်သည် သူ့ကုတ်အင်္ကျီကိုတောင် မယူနိုင်တော့ဘဲ တည်းခိုခန်းကနေ ပြေးထွက်လာခဲ့သည်။ သူ၏ဦးတည်ရာမှာ အန်းတဲရိစ့်မားချက်စ်ဂိုဏ်းပင်ဖြစ်သည်။

* * *

"ငါတို့ မင်းကျေးဇူးကြောင့်ပဲ ကြီးမားတဲ့အမှားကို ရှောင်ရှားနိုင်ခဲ့တာပါ။ ငါတကယ်ကို ကျေးဇူးတင်ပါတယ်"

အင်ပါယာနန်းတော်စီမံခန့်ခွဲရေးဌာန၏ အကြီးအကဲ အန်းသန့်စ်အား ကျေးဇူးတင်ရှိကြောင်း ပြောလာခဲ့သည်။

အိမ်ရှေ့မင်းသား၏လက်ထောက်ထံမှ အန်းတဲရိစ့်မားချက်စ်ဂိုဏ်းကို ဆက်သွယ်ရန် ပထမဆုံးကြားရချိန်တွင် သူသည် ဘာအကြောင်းကြောင့်လဲဟု တွေးမိခဲ့သော်လည်း အတိအကျပင် သူ့တွင် လိုအပ်နေသော ပစ္စည်းများရှိကြောင်း ထွက်ပေါ်လာခဲ့သည်။

သူက ပေးပို့ရမည့်သတ်မှတ်ရက်ကို လွဲချော်ခဲ့သော မြို့စားကြီးရိုဒရီယန်မိသားစုထံ စာချုပ်ဖျက်သိမ်းကြောင်း အသိပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အန်းတဲရိစ့်မားချက်စ်ဂိုဏ်းနှင့် စာချုပ်အသစ်ချုပ်ဆိုရန် သွားရောက်ခဲ့သည်။

အချိန်မရှိတာကြောင့် ပစ္စည်းများကို ဦးစွာပို့ပေးရန် ရိုင်းစိုင်းစွာ တောင်းဆိုခဲ့သော်လည်း အန်းသန့်စ်က ထိုသို့ပြုလုပ်ရန် သဘောတူကြောင်းကို တောက်ပသောအပြုံးဖြင့် တုံ့ပြန်ခဲ့သည်။

၎င်းက မိုက်မဲသောလူသားများအား သနားကြင်နာမှုပေးလာသော လှပသည့်နတ်ဘုရား၏ မြင်ကွင်းတစ်ခုလိုပင်။

"ကိစ္စမရှိပါဘူး။ကျွန်တော်လည်း မထင်မှတ်ပဲ စီးပွားရေးပါတနာကောင်းကို ရခဲ့လို့ ဝမ်းသာပါတယ်"

အန်းသန့်စ်သည် သူ၏ ပြုံးရွှင်နေသောအမူအရာကို ထိန်းသိမ်းထားခဲ့သည်။ ဤကံကြမ္မာကို သူလည်း တိုက်ဆိုင်စွာ ပက်ပင်းကြုံတွေ့ခဲ့ဖူးသည်။

"ဒါပေမယ့် အိမ်ရှေ့မင်းသားရဲ့လက်ထောက်က အန်းတဲရိစ့်မားချက်စ်ဂိုဏ်းမှာ လိုအပ်နေတဲ့ ပစ္စည်းတွေရှိတယ်ဆိုတာ ဘယ်လိုလုပ် အတိအကျသိနေရတာလဲ။အဲ့ဒါက တကယ် ထူးဆန်းတယ်"

သူက ပေးပို့ရမည့်နောက်ဆုံးရက် မတိုင်ခင်တစ်ရက်အလိုတွင် ဂိုဏ်းကိုမိတ်ဆက်ပေးလာခဲ့ပုံမှာ ဆန်းကြယ်လှသည်။ပြီးတော့ ပြဿနာရှိနေမှန်းကို သူဘယ်လိုသိခဲ့တာလဲ။

တုံ့ပြန်မှုအနေဖြင့် အန်းသန့်စ်သည် ပြုံးရွှင်သော အမူအရာကို ထပ်ဝတ်ဆင်လိုက်ပြီး ညင်သာသော ရယ်သံဖြင့် ပြန်ဖြေခဲ့လိုက်သည်။

"ကြည့်ရတာ ကျွန်တော် နဲ့ မင်းသားနဲ့က အသိအကျွမ်းတွေမို့လို့ သူ့က မျက်နှာသာပေးခဲ့တဲ့ပုံပဲ။ကျွန်တော်က ဘယ်လိုကုန်ပစ္စည်းမျိုးတွေကို ကိုင်တွယ်တယ်ဆိုတာ သေချာပေါက် သိနိုင်တယ်လေ"

အန်းသန့်စ်သည် သူ နှင့် ကလ်လီယွန်ကြားက ဆက်သွယ်မှုကို အထူးတလည် ကြွားချင်ခဲ့တာမဟုတ်သော်လည်း ထိုတာဝန်ခံလူကို မလိုအပ်သော သံသယများ မ၀င်မီ ချုပ်နှောင်ထားရမည်ဖြစ်သည်။

အိမ်ရှေ့မင်းသားနှင့် သူ့ကြား ဆက်ဆံရေးရှိတယ်လို့ သိလာပါက တခြားသံသယများ ပေါ်လာခဲ့ရင်တောင် အသံကျယ်ကျယ် ထုတ်ပြောနိုင်မှာမဟုတ်ပေ။

"အာ! သိပါပြီ ! အဲဒါက အဓိပ္ပာယ်ရှိတယ်။မင်းက အိမ်ရှေ့မင်းသားနဲ့ အဆက်အသွယ်ရှိနေတာကိုး"

မျှော်လင့်ထားသည့်အတိုင်း အင်ပါယာနန်းတော်အရာရှိ၏ အမူအရာမှာ အလွန်ပျော့ပြောင်းသွားခဲ့သည်။အစထဲစ အတော်လေး ပျော့ပျောင်းနေခဲ့သော်လည်း အခုတော့ အရည်ပျော်လုနီးပါးပင်ဖြစ်နေတော့သည်။

"ကျေးဇူးပြုပြီး စာချုပ်ကို ပြန်သုံးသပ်ပေးပါ။ပြီးတော့ ဘာပြဿနာမှမရှိတော့ဘူးဆိုရင် မင်းရဲ့လက်မှတ်အတွက် ငါ ကျေးဇူးတင်မှာပါ။ဒီဆက်ဆံရေးကောင်းကို ရေရှည်တည်တံ့ဖို့ မျှော်လင့်ပါတယ်"

သံသယများ မရှိတော့သည့်အတွက်ကြောင့် စာချုပ်က ချောမွေ့စွာပဲ ပြီးဆုံးခဲ့သည်။အန်းသန့်စ်သည် စာချုပ်ကိုတိတ်တဆိတ် ပြန်သုံးသပ်နေချိန်မှာပဲ မလိုလားအပ်သော ဧည့်သည်တစ်ဦးက ဂိုဏ်းသို့ ရောက်လာခဲ့သည်။

"အန်းသန့်စ်! သောက်ကျိုးနည်း မင်းဘယ်မှာလဲ!"

အဲ့ဒါက ဖယ်ဆန်ပင်။ အထောက်အထားများမရှိသော်လည်း သူ့စိတ်ထဲတွင် အန်းသန့်စ်သည် ဒီကိစ္စ၏ တရားခံဖြစ်မှန်းသေချာနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ပထမထပ်ရှိ ဝန်ထမ်းများက သူ့ကို ဖမ်းမိခဲ့ပုံရသည်။သို့သော်လည်း အင်အားသုံး၍ အော်ဟစ်ခြင်းကိုတော့ မတားဆီးနိုင်ခဲ့ပေ။

"ကျွန်တော် တောင်းပန်ပါတယ်။ဒါပေမယ့် အောက်ထပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေပုံရလို့ ခဏလောက် သွားခွင့်ပြုနိုင်မလား"

သူ့အသံက ဒုတိယထပ်ဧည့်ခံခန်းအထိ ရောက်လာခဲ့သည့်အတွက်ကြောင့် အန်းသန့်စ်သည် ခဏလောက် ခွင့်ပြုပါရန် တိုတိုတုတ်တုတ် ခွင့်တောင်းလိုက်သည်။

ရံဖန်ရံခါ ဆဲဆိုသံများကို ကြားနေရကာ အလွန်ပြင်းထန်ပုံရသည်။ ထို့ကြောင့် အရာရှိသည်လည်း အန်းသန့်စ်၏နောက်မှ သတိထားကာ လိုက်သွားခဲ့လိုက်သည်။

သူတို့ ပထမထပ်သို့ ဆင်းလာသည်နှင့် ဂိုဏ်းကဝန်ထမ်းများ၏ ချုပ်နှောင်ခြင်းကို ခံထားရသော ဖယ်ဆန်က ဒေါသများ ပေါက်ကွဲထုတ်နေတာကို တွေ့လိုက်ရသည်။သူ့မျက်လုံးများက နီရဲနေပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း အတည်ပြုလာခဲ့သည်။

"ဒါက ဘာအကျိုးနည်းအပြုအမူလဲ"

အန်းသန့်စ်သည် ထိုသနားစရာကောင်းသော မြင်ကွင်းကို ကြည့်ရင်း လက်နှစ်ဖက်ကို ပိုက်ကာ မေးလိုက်သည်။

"မင်း! မင်း လုပ်ခဲ့တာပဲ!"

"ဘာကိုလဲ"

"မင်းက မြို့စားတွေကို တခြားနိုင်ငံကို ပို့ပြီး ကုန်ပစ္စည်း ပို့တာကို တားဆီခဲ့တာပဲ!"

ဖယ်ဆန်သည် သူ့ဒေါသများကို မထိန်းနိုင်ဘဲ လွှတ်ထုတ်ခဲ့လိုက်သည်။အန်းသန့်စ်က ရယ်စရာကောင်းတာတစ်ခုခုကို ကြားလိုက်သလိုမျိုး ရယ်မောလိုက်သည်။

"ငါက ဘာလို့အဲ့လိုကိစ္စမျိုးလုပ်ရမှာလဲ။ မင်းမှာ သက်သေရှိလို့လား"

"အဲ့လိုမျိုးလုပ်မယ့် တစ်ယောက်ထဲသောသူက မင်းပဲလေ! မင်းရဲ့လုပ်ငန်းပါတနာတွေကို ငါယူသွားလို့ လက်စားပြန်ချေနေတာပဲ!"

သက်သေမရှိဘဲ စွပ်စွဲပြောဆိုလာသောကြောင့် ဂိုဏ၀န်ထမ်းများထဲမှ တစ်ယောက်ယောက်သည် ရယ်မောခဲ့လိုက်သည်။၎င်းမှာ ဖယ်ဆန်၏စကားများက ဟာပေါက်ရှိဖြစ်နေသောကြောင့် မဟုတ်ပေ။သူက သနားစရာကောင်းလွန်းနေလို့ပင်။

နောက်ကနေ အရိုက်ခံရရင်တောင် လက်တုံ့ပြန်ဖို့ အချိန်ယူကာအစီစဥ်ချတတ်သော အန်းသန့်စ်နှင့် နှိုင်းယှဉ်ပါက ယခုသည် သနားစရာကောင်းသော မြင်ကွင်းတစ်ခုပင်ဖြစ်သည်။

'ဒီလိုလူက အင်ပါယာမှာတစ်ခုထဲရှိတဲ့ မြို့စားကြီးမိသားစုရဲ့ အမွေဆက်ခံသူတဲ့လား'

ဖယ်ဆန်သည် သတ်မှတ်ရက်ကို ဖောက်ဖျက်ပြီး စာချုပ်ကို ပျက်သွားစေခဲ့သော်လည်း အင်ပါယာနန်းတော်၏ အရာရှိက ၎င်းမှာ ကောင်းမွန်သောအရာဖြစ်နိုင်သည်ဟု တွေးပြီး သက်ပြင်းချနိုင်ခဲ့လိုက်သည်။

"မင်း မစွမ်းဆောင်နိုင်တာနဲ့ပဲ သူများတွေကို မနှောင့်ယှက်သင့်ဘူး။အထူးသဖြင့် မင်းဒီလိုမျိုး မိုက်မဲနေပုံနဲ့။မင်း ဘယ်သူမဆို ဂိုဏ်းကို ဦးဆောင်နိုင်မယ်လို့ ထင်နေတာလား"

အန်းသန့်စ်သည် မကောင်းမကျ အပြုသဘောမကျသော တုံ့ပြန်မှုတစ်ခု ပေးခဲ့လိုက်သည်။၎င်းကို ပြီးပြည့်စုံသော ဝန်ခံမှုအဖြစ်မှတ်ယူပြီး ဖာဆန်သည် သူ၏ ဒေါသကို အန်းသန့်စ်ထံ ထပ်မံ ဖော်ပြခဲ့သည်။

"ဘယ်တော့မှ! ငါ ဘယ်တော့မှ မင်းကို ဒီတိုင်းလွှတ်ပေးမှာမဟုတ်ဘူး! မင်းရဲ့ဂိုဏ်းရော! မင်းမိသားစုရော။ ဘယ်တော့မှပဲ!"

"မင်း ကြိုက်သလိုသာလုပ်။မင်း ဘာလုပ်မလဲဆိုတာ ငါစောင့်နေမယ်။ဒီတော့ ဒီကလူအများကြီးကလည်း မင်း ငါ့ကို နောက်ကနေချောင်းတိုက်မယ်လို့ပြောနေတာ မြင်ပြီးသွားပြီပဲ"

ထိုစကားပြောပြီး အန်းသန့်စ်သည် ဖယ်ဆန်ကိုခေါ်ထုတ်သွားရန် လက်ဟန်ပြခဲ့သည်။ယခင်အချိန်ကဆိုပါက ဒီအခြေအနေကို သုံးရက်လောက် ဖြည်းဖြည်းချင်း အရသာခံကာ ထိုင်ကြည့်နိုင်ခဲ့ပေမယ့် ယခုတော့ ပိုပျော်စရာကောင်းသော အရာများ ရှိနေသည်။

သူ၏ ထိုကဲ့သို့ဘက်ခြမ်းကိုမြင်ရသလောက် နောက်ဆိုရင် သူသိပ်မကြိုက်သောလူများနဲ့တောင် မဆက်အဆံလုပ်နိုင်မည်ဟု ထင်သည်။

ယခုတော့ ဖယ်ဆန်၏ သနားစရာကောင်းနေသောပုံကိုမြင်ရသည်ထက် လူနာနှင့် အချိန်ဖြုန်းရသည်က ပိုပျော်စရာကောင်းပေသည်။

"ငါ့ကို လွှတ်စမ်း။ မျိုးမစစ်ကောင်တွေ! ငါ့ကို လွှတ်လို့ ပြောနေတာ မကြားဘူးလား!"

သန်မာသောဝန်ထမ်းများထံမှ ချုပ်ခံထားရသော ဖယ်ဆန်သည် သနားစရာကောင်းသောပုံစံဖြင့် ဆွဲထုတ်ခံခဲ့ရသည်။

မကြာခင်မှာပဲ ဝန်ထမ်းများက သူ့ကို ဂိုဏ်းရှေ့မှာ ပစ်ချပြီး လက်များကို ဖုန်ခါလိုက်ကြကာ အဆောက်အဦးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။

"သ..သခင်လေး ဖယ်ဆန်!"

ဖယ်ဆန်ကိုရှာရန် အန်းတဲရိစ့်မားချက်စ်ဂိုဏ်းဆီ ရောက်လာခဲ့သော မြို့စားကြီးမှ အစေခံတစ်ဦးသည် သူ့ကို ထိုကဲ့သို့အရှက်တကွဲ အခြေအနေမျိုးတွင် တွေ့ရှိခဲ့ရသည်။

သခင်လေးဖယ်ဆန်က ဘာလို့ ဒီလိုအခြေအနေမျိုး ဖြစ်နေရတာလဲ...?! 

သူ့က ညစ်ပတ်သော အင်းဆက်ပိုးကောင်လိုမျိုးဆက်ဆံခံရကာ ဆွဲထုတ်ခံရတာကို မြင်လိုက်ရတော့ အစေခံလည်း ပြောစရာ စကားများ ပျောက်ရှသွားခဲ့သည်။

"သ-သခင်လေး ဖယ်ဆန်။မြို့စားကြီးက သခင်လေးကို ရှာနေပါတယ်။ လေဒီဂရန်းဒါကလည်း သခင်လေးကို အရမ်းစိုးရိမ်နေပါတယ်"

သူက အမှန်တော့ မြိုစားကြီးသည် ဒေါသဖြစ်နေတာ‌ဖြစ်ကြောင်းကို မပြောနိုင်ခဲ့ပေ။၎င်းက အနည်းငယ် ဒေါသထွက်ရုံမျှတောင်မဟုတ်ပေ။သူက ဖယ်ဆန်ကို အပိုင်းပိုင်းဆွဲဖြဲချင်နေတာဖြစ်သည်။

သူ ထိုသို့မပြောခဲ့သော်လည်း ဖယ်ဆန်က သတိထားမိပြီး နေရာမှ အလျင်အမြန် ထလာခဲ့သည်။သူ ဒီကိစ္စကို ဖြေရှင်းမပြီးမချင်း မြို့စားကြီးဆီကို ပြန်မသွားနိုင်နေပေ။

"သခင်လေး ဖယ်ဆန်! သခင်လေး ဖယ်ဆန်!"

အစေခံက သူမြို့စားကြီးဆီပြန်တော့မယ်ထင်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော် ဖယ်ဆန်သည် ဂိုဏ်း၏ နောက်တွင်ချည်ထားခဲ့သော မြင်းကိုစီးကာ သူထက် လျှင်မြန်စွာ အဝေးသို့ထွက်သွားခဲ့သည်။

"သခင်လေး ဖယ်ဆန်!"

အလျင်လိုနေကာ အချိန်နှောင်းလာသည်နှင့်အမျှ မြို့စားကြီး၏ ဒေါသများက တိုးလာမည်ဖြစ်တာကြောင့် အစေခံသည် ဘာလုပ်ရမှန်းမသိဘဲ ခြေထောက်များ တဆတ်ဆတ်တုန်ကာ ကျန်နေခဲ့တော့သည်။

* * *

"သခင်လေးဖယ်ဆန် ဒီကို ရောက်လာသေးလား"

လူနာသည် မမျှော်လင့်ထားသော ဧည့်သည်ကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ မြို့စားကြီးမိသားစုမှာလာတယ်ဆိုသော ထိုလူက ဘာအကြောင်းကို ပြောနေတာလဲဆိုတာ လူနာသိချင်မိသွားသည်။

"မလာပါဘူး သူက ဘာလို့ဒီကိုလာရမှာလဲ"

သူက အိမ်က ထွက်ပြေးတတ်တဲ့ ဆယ်ကျော်သက်လေးမှ မဟုတ်တာ။သူက ဘာလို့ သူများအိမ်မှာ သူ့သခင်ကို လာရှာနေရတာလဲ။

လူနာ၏ အေးစက်သော တုံ့ပြန်မှုကြောင့် အစေခံသည် ခေတ္တတုံ့ဆိုင်းသွားပြီး တောင်းဆိုချက်တစ်ခုကို လုပ်လိုက်သည်။

"...ဒါဆို သခင်လေးဖယ်ဆန် ရောက်လာခဲ့ရင် ကျေးဇူးပြုပြီး မြို့စားကြီးအိမ်တော် ကို ဆက်သွယ်ပေးပါ"

"အင်း…ကောင်းပြီ သူလာခဲ့ရင် ငါလုပ်မယ်"

၎င်းက တကယ့်ကို ထူးဆန်းသော တောင်းဆိုမှုတစ်ခု ဖြစ်သော်လည်း ခက်ခဲသော ကိစ္စမဟုတ်တာကြောင့် လူနာလည်း ပြတ်သားစွာ တုံ့ပြန်ခဲ့လိုက်သည်။

ထို့နောက် သူက ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနေ လူ၏အိမ်မှ အမြန်ထွက်ခွာသွားခဲ့သည်။

"သခင်မလေး၊ ဘာတွေဖြစ်နေတာလဲ။သူက ဘာလို့ သတင်းစာလေးဖယ်ဆန်ကို ဒီမှာ ရှာရတာလဲ"

"အင်း...ငါလည်း အဲ့ဒါမေးချင်နေတာ။ ဒါပေမယ့် သူထွက်သွားပြီ"

"ဖြစ်နိုင်တာက သူ ထွက်ပြေးသွားတာများလား။အသက်နှစ်ဆယ့်နှစ်နှစ် ရှိနေတာတောင်လေ"

လော်ရာက ၎င်းအပေါ် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

ဒါပေါ့ အသက်နှစ်ဆယ့်နှစ်နှစ်အရွယ်လည်း အကြောင်းပြချက်တစ်ခုခုရှိရင် ထွက်ပြေးနိုင်သော်လည်း ထွက်ပြေးသောသူက မြို့စားကြီးအိမ်တော်၏ အမွေဆက်ခံသူဖြစ်မယ်ဆိုရင် နည်းနည်းတော့ အဓိပ္ပါယ်မဲ့လှသည်။

ထို့ကြောင့် အစေခံ၏ လာရောက်မှုကို ဂရုထားမနေတော့ဘဲ လူနာသည် ဘယ်ရွန်ထံမှ သူမရရှိထားသောစာကို စတင်ဖတ်ရှုခဲ့လိုက်သည်။ အစေခံ၏လာရောက်မှုက သူမကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

အလုပ်က လမ်းကြောင်းမှန်ပေါ်ရောက်နေပြီစ်တာကြောင့် သူခဏနားနိုင်တော့မှာဖြစ်ပြီး မကြာခင် မြို့တော်ကို လာခဲ့မယ်လို့ ပြောထားတာဖြစ်သည်။

၎င်းက ဘယ်ရွန်၏ ဆုံးဖြတ်ချက် မဟုတ်ပေ။ ယခုအချိန်အထိ ရရှိထားခဲ့သော အစီရင်ခံစာများအပေါ် အခြေခံ၍ အဆင်ပြေပြီဟု ယူဆသောကြောင့် လူနာက ၎င်းကို ဦးစွာ အကြံပြုခဲ့ခြင်းဖြစ်သည်။

'အကြာကြီးနေမှ ငါ့အဖေမျက်နှာကို မြင်ရတော့မယ်'

ငါ သူ တင်ရဲ့ လမ်းညွှန်ချက်တွေနဲ့ ပိုကျန်းမာလာလားသိချင်မိတယ်။

သူမသည် ထိုသို့သောအတွေးများဖြင့် ဘယ်ရွန်ထံ ပြန်ပို့ရန် စာတစ်စောင်ရေးနေချိန်မှာပဲ တစ်စုံတစ်ဦးက လူနာ၏အိမ်သို့ လာရောက်ခဲ့သည်။

TK Team (Chapter 84)