<ဇာတ်လိုက်လား? ငါ သူ့ကိုမလိုချင်ဘူး
Chapter 85>
* * *
ဖယ်ဆန်သည် အစေခံထံမှ ရှောင်ပြေးလာကာ ဘယ်နေရာပဲရောက်ရောက်ဆိုပြီး ဦးတည်ရာမဲ့ ထွက်ပြေးသွားခဲ့သည်။အဲ့ဒါက သူ မဆုံးဖြတ်နိုင်သောကြောင့် မဟုတ်ပေ။
တွေးကြည့်ပါက မြို့စားကြီး၏မျက်လုံးအောက်မှ လွတ်မြောက်နိုင်မည့် နေရာမရှိပေ။သူ့ဘေးပတ်ဝန်းကျင်တွင် လူအများကြီးရှိနေသည်ဟု သူထင်ခဲ့သော်လည်း အကြပ်အတည်းကြုံလာပြီး ပုန်းကွယ်ဖို့ကြိုးစားချိန်တွင် သူ မည်သူကိုမှစဉ်းစားလို့မရခဲ့ပေ။
ဒါပေါ့ လူတစ်ယောက်ကိုတော့စဉ်းစားမိသေးသည်။ဆိုင်ယာက သူ့ကို သေချာပေါက် ကူညီပေးနိုင်လောက်သော်လည်း သူမမိဘများကတော့ မကူညီချင်လောက်ပေ။
ထို့အပြင် သူမသည် လက်ရှိတွင် မြို့စားကြီး၏စံအိမ်၌ ရှိနေနိုင်ချေ ရှိတာကြောင့်သူမကလည်း သူ့ကိုကူညီနိုင်မည့် အနေအထားတွင်မရှိနေပေ။
'သေစမ်း!'
နောက်ဆုံးတော့ အခုအချိန်၌ သူ့ကို ကူညီနိုင်သောသူ တစ်ယောက်မှမရှိနေချေ။
မျှော်လင့်ချက်မရှိသော ချောက်ကမ်းပါးတစ်ခု၏ အဆုံးကိုရောက်နေသလိုပင်။ ဒါကြောင့် ဖယ်ဆန်သည် သတိမထားမိလိုက်ဘဲ မြင်းဇက်ကြိုးကို ပြင်းပြင်းထန်ထန် ဆွဲလိုက်ခဲ့မိသည်။
ထို့နောက် မြင်းသည် လန့်ဖျပ်ပြီး ရပ်ဖို့ ကြိုးစားသော်လည်း ၎င်း၏ ခြေထောက်များကာ ကောက်ကွေးကာ လဲကျသွားတော့သည်။
"အာ့!"
ထို့အတွက်ကြောင့် ဖယ်ဆန်သည်လည်း မြင်းပေါ်မှပြုတ်ကျကာ မြေပြင်ပေါ်သို့ တလိမ့်ခေါက်ကွေးကျသွားခဲ့သည်။
ပြေးနေသောမြင်းပေါ်မှ ပြုတ်ကျတာကြောင့် အကယ်၍ သူသည် ထိုနေရာမှာပဲ သေဆုံးသွားခဲ့ရင်တောင် မထူးဆန်းပေ။သို့သာ် ကံကောင်းထောက်မစွာဖြင့် သူတို့သည် ပျော့ပျောင်း ဖုန်ထူသော လမ်းပေါ်မှာ ရှိနေခြင်းဖြင့်ကြောင့် သူ့အသက်ကို ကယ်တင်လိုက်နိုင်ခဲ့သည်။
မြင်းသည် နာကျင်နေသော ခြေထောက်ဖြင့် မြေပြင်ပေါ်သို့ လှိမ့်ဆင်းသွားခဲ့သည်။
'သေစမ်း သေစမ်း သေစမ်း!'
သေတာပဲ! ဒါက ဘုရားသခင်ဆီက ကျိန်စာမဟုတ်ရင် ဒီလိုမျိုး ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးများ ဘယ်လိုလုပ် တစ်ခုပြီးတစ်ခုဖြစ်လာနိုင်ရတာလဲ။
သူ၏ လက်နှင့်ခြေများက ကျိုးသွားသကဲ့သို့ ကောင်းကောင်းမလှုပ်ရှားနိုင်တော့ချေ။ဖယ်ဆန်သည် မြေပြင်ပေါ်မှာပဲ ခဏလောက် လှဲနေရပြီး မျက်ရည်များ စီးကျလာတော့သည်။
သူ ဒီအတွက်နဲ့ မငိုချင်သော်လည်း လောလောဆယ်မှာတော့ မတတ်နိုင်ဘဲ ငိုမိခဲ့တော့သည်။
ဒါတွေအားလုံးက အဲ့မျိုးမစစ်ကောင် အန်းသန့်စ်ကြောင့်ပဲ။ ထိုလူယုတ်မာကောင် သူ့ဘဝတွင် ဝင်ရောက်စွက်ဖက်လာချိန်မှစ အရာအားလုံးက သနားစရာကောင်းလာခဲ့သည်။
အရာအားလုံးကို အဆိုးမြင်နေသောအခိုက်အတန့်တွင် လှပသောအိမ်ကြီးက ဖယ်ဆန်၏မျက်လုံးကိုဖမ်းစားသွားခဲ့သည်။
'နှင်းဆီစံအိမ်လား...'
၎င်းက လူနာ မနှစ်က ဝယ်ခဲ့သော နှင်းဆီစံအိမ်ပင်ဖြစ်သည်။သူသည် ဦးတည်ရာမဲ့ ထွက်ပြေးလာခဲ့သည်ဟု ထင်ခဲ့သော်လည်း သူတောင် မသိလိုက်ဘဲ လူနာ၏စံအိမ်အနီးသို့ သူရောက်လာခဲ့သည်။
သူမက အန်းသန့်စ်၏ တစ်ဘက်တည်းဖြစ်တာကြောင့် သူ့ကို မကူညီနိုင်သော်လည်း ဖယ်ဆန်သည် ဖြည်းညှင်းစွာထရပ်ကာ လူနာ၏အိမ်ဆီသို့ ဦးတည်သွားခဲ့လိုက်သည်။
"အယ်။ အယ်! ဒီမှာ အဆင်ပြေရဲ့လား!"
သူအိမ်ကြီးဆီသို့ ရွေ့လာခဲ့ရင်း လူနာ ၏ အစေခံတစ်ယောက်ကင ဖယ်ဆန်ကိုတွေ့သွားခဲ့သည်။သူ့အခြေအနေက အလွန်ဆိုးရွားနေတယ်ဆိုတာ သိသာထင်ရှားနေသည့်အတွက် အစေခံသည် တစ်ခြားလူများကို အလျင်စလို လှမ်းခေါ်ခဲ့လိုက်သည်။နောက်ဆုံးမှာတော့ လူများက ဖယ်ဆန်ကိုသယ်ဖို့ ရထားယူလာချိန်မှာပဲ ဖယ်ဆန် သတိလစ်သွားခဲ့သည်။
* * *
"သခင်မလေး! သခင်မလေး! အခုဆင်းလာမှရမယ်!"
အရေးတကြီးအသံကိုကြားရတာကြောင့် လူနာသည် စိတ်ရှုပ်ထွေးစွာဖြင့် အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။
"အိုး ဘုရားရေ... ဖယ်ဆန်လား!"
ထို့နောက် ရထားပေါ်မှ ခေါ်ဆောင်ခံလာရသော စုတ်ပြတ်သတ်နေသည့် ဖယ်ဆန်က သူမ၏ မျက်လုံးကို ဖမ်းစားသွားခဲ့သည်။
အိမ်က ထွက်ပြေးသွားသော လူငယ်တစ်ယောက်အနေနှင့် လှောင်ပြောင်ခံခဲ့ရတာ မကြာသေးသော်လည်း သူက ဒီမှာ လူနာတစ်ယောက်အနေဖြင့် ပေါ်လာခဲ့သည်။
"အာ... ကျွန်မတို့ ဘာလုပ်သင့်လဲ! ကျွန်မတို့ ဆရာဝန်ခေါ်လိုက်ရမလား!”
"အင်း အဲ့လိုလုပ်လိုက်ပါ! ပြီးတော့ မြို့စားကြီးအိမ်တော်ကိုလည်း ဆက်သွယ်-"
သူမ စကားမပြီးခင်မှာပဲ ဖယ်ဆန်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး လူနာ၏ ဂါဝန်စကို လှမ်းဆွဲလာခဲ့သည်။
".....ကျေးဇူးပြုပြီး ငါ့အဖေ့ကို မဆက်သွယ်ပါနဲ့"
သူ ဘာသောက်ကျိုးနည်းတွေ လာပြောနေတာလဲ။ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေရနေတာတောင် မိသားစုကို မခေါ်ဖို့တောင်းဆိုနေတာလား။
အဲ့ဒါက အဓိပ္ပာယ်မရှိသောကြောင့် လူနာသည် ဖယ်ဆန်၏လက်ကို ပြင်းထန်သောအမူအရာဖြင့် ခါချလိုက်သည်။ထို့နောက် ရုတ်တရက်ကြီး ဖယ်ဆန်သည် ထရန် သူတတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားလိုက်သည်။
"နင် ဘာလုပ်နေတာလဲ!"
"မင်း ငါ့အဖေကို ဆက်သွယ်မယ်ဆို ငါ ဒီတိုင်းထွက်သွားလိုက်မယ်"
ထိုစကားကိုကြားပြီးနောက် လူနာသည် သူ၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးချင်မိသွားသည်။ မဟုတ်ဘူး ထွက်သွားတာက စိတ်ကူးကောင်းတစ်ခုဖြစ်သော်လည်း သူသွားမယ်ဟုပြောနေရင်တောင် မသွားနိုင်တာက ပြဿနာဖြစ်သည်။
သူ မူးလဲပြီး ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။အဲ့ဒါက ကံမကောင်းစွာဖြင့် သူမကို လူသတ်သမားအဖြစ် အမှုပတ်သွားစေလိမ့်မည်။
နည်းအမျိုးမျိုးဖြင့် ဒေါသထွက်နေသော လူနာသည် ဖယ်ဆန်၏ ပခုံးကိုတွန်းကာ ပြန်မှီခိုင်းလိုက်သည်။
"ကောင်းပြီ၊ ကောင်းပြီ! ငါ မြို့စားကြီးကို မဆက်သွယ်တော့ဘူး ကောင်းပြီလား!"
လူနာ၏ တုံ့ပြန်မှုက ဖယ်ဆန်အား သံသယကိုပျောက်စေပုံရကာ စိတ်အေးလက်အေးဖြင့် မျက်စိမှိတ်သတိလစ်သွားခဲ့တော့သည်။
"သခင်မလေး... မြို့စားကြီးအိမ်တော်ကရော…"
"အခုလောက်လောဆယ်တော့ ဆရာဝန်ကို အရင်ဆက်သွယ်လိုက်။သူ့ကို ဖာဆန်ကို လုံလုံလောက်လောက် ကုသပေးဖို့ ပြောလိုက် ဒါမှ သူမသေမှာ"
ထိုသို့ပြောပြီး လူနာသည် အလွန်စိတ်ရှုပ်ထွေးစွာဖြင့် ပြေးထွက်သွားခဲ့တော့သည်။
* * *
"မြင်းပေါ်က ပြုတ်ကျတယ်လို့ ပြောပေမယ့် ကံကောင်းထောက်မပြီး အဲ့ဒါက ထင်သလောက် မပြင်းထန်ဘူး။ ဘယ်ဘက်လက်မောင်းနဲ့ ညာဘက်ခြေထောက်က အရိုးနည်းနည်းအက်သွားပြီး တခြားခန္ဓာကိုယ်မှာတေယ့ ပွန်းပဲ့ဒဏ်ရာတွေလောက်ပဲ ရှိပါတယ်"
မြင်းပေါ်မှ ပြုတ်ကျခဲ့သော်လည်း ထိုသို့သော ဒဏ်ရာများသာ ရခဲ့သည်။ ဖယ်ဆန်သည် အမှန်တကယ်ပင် အမျိုးသားဇာတ်ဆောင်ဖြစ်ပုံရသည်။
လူနာသည် စိတ်ထဲ တိတ်တဆိတ်အံ့အားသင့်နေချိန်တွင် ခဏလောက် အနားယူပါက မကြာမီ ပြန်ကောင်းမွန်လာမည်ဟု ဆရာဝန်က ပြောလာခဲ့သည်။
"သူ့အစားအစာကို ဂရုစိုက်ပြီး တတ်နိုင်သမျှ ငြိမ်ငြိမ်လေးပဲနေမယ်ဆိုရင် မကြာခင် ပြန်ကောင်းလာမှာပါ။ကျွန်တော် ဆေးတွေပြင်ဆင်ရင် ပြန်လာခဲ့ပါမယ်"
လူနာက သူမကို ခေါင်းညွှတ်ပြပြီး အခန်းထဲမှ ထွက်သွားသော ဆရာဝန်ကို ပြန်နှုတ်ဆက်ခဲ့လိုက်သည်။
သူတို့နှစ်ယောက်တည်း ရှိတော့သည်နှင့်နှင့် လူနာသည် ဖယ်ဆန်၏ ပခုံးကိုရိုက်ကာ ဒေါသကိုထုတ်ပြလိုက်သည်။
"အဲဒါက သောက်ကျိုးနည်းဘာလဲ။နင်ရူးနေတာလား။နင့်ဘာသာနင် သေချင်ရင် တစ်ယောက်တည်းသေလေ။ဒီနားမှာ ဘာလို့ လာရှုပ်ရတာလဲ!"
သူမသည် အရိုးအက်သွားသော ဘယ်လက်နှင့် ညာခြေကို အကြိမ်ရာနှင့်ချီ ရိုက်လိုက်ချင်သော်လည်း သူမသည် ဒဏ်ရာရနေသောနေရာများကို ရိုက်ပြီးမှ ကျေနပ်မှုရတန်သော လူအမျိုးအစားမဟုတ်တာကြောင့် ဖယ်ဆန်၏ ပခုံးကိုသာ ရိုက်ခဲ့လိုက်သည်။
သို့သော် ဖယ်ဆန်ကတော့ သိပ်စိတ်ဝင်စားမနေပေ။ မဟုတ်ဘူး လူနာက မြို့စားကြီးကို မဆက်သွယ်ဘဲ သူ့ကိုကူညီခဲ့သည့်အတွက် သူတော်တော်ပျော်သွားခဲ့တာဖြစ်သည်။
အန်းသန့်စ်ထံမှ လှည့်စားခံခဲ့ရသော လူနာ သည် မှားယွင်းသော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်မှာ သေချာသော်လည်း သူမ၏ အနက်ရှိုင်းဆုံးတွင် သူ့အပေါ် မြတ်နိုးနေသေးသည်မှာ သံသယဖြစ်စရာမရှိပေ။
"သခင်မလေး ဧည့်သည်ရောက်လာပါပြီ"
ဖယ်ဆန် ထိုသိုတွေးနေချိန်မှာပင် အစေခံတစ်ဦးက တံခါးလာခေါက်ပြီး ဧည့်သည်ရောက်လာကြောင်း ပြောလာခဲ့သည်။
ထိုစကားကိုကြားတော့ လူနာသည် ဖယ်ဆန်ကိုဆက်မရိုက်နေတော့ဘဲ သူမ၏အဝတ်အစားများကို သပ်ရပ်အောင်လုပ်ကာ တုံ့ပြန်ခဲ့လိုက်သည်။
"သူတို့ကို ဝင်လာခိုင်းလိုက်"
ဧည့်သည်လား။
ဖယ်ဆန်က ၎င်းမှာ အန်းသန့်စ်ဖြစ်နိုင်သည်ဟု သံသယရှိပြီး တံခါးဝကို စူးစိုက်ကြည့်လိုက်သည်။
သို့သော် ကံကောင်းသည်လား ကံမကောင်းသည်လားမသိစွာပဲ ၎င်းက အန်းသန့်စ် မဟုတ်ခဲ့ပေ။ထို့အပြင် လူနာ၏ အသိဧည့်သည်လည်း မဟုတ်ချေ။
"လေဒီဆိုင်ယာ..!"
နှင်းဆီစံအိမ်ကိုရောက်လာသောဧည့်သည်မှာ ဖယ်ဆန်၏ချစ်သူ ဆိုင်ယာကလွဲပြီး အခြားဟုတ်ပေ။ဖယ်ဆန် ထွက်လာခဲ့ပြီးနောက် သူမသည် အိပ်ရေးအလွန်ပျက်နေပုံရကာ ပုံမှန်လိုမဟုတ်ဘဲ ဖြူဖပ်ဖြူရော်ဖြစ်ခဲ့သည်။
သူမနောက်တွင်တော့ သူရင်းနှီးနေသော မျက်နှာများဖြစ်ကြသည်။သူတို့က မြို့စားကြီး၏ အစေခံများပင်။
သူတို့သည်လည်း ဆိုင်ယာနှင့် မကွာခြားနေကာ ဖျော့တော့နေသောပုံပေါက်နေကြပြီး အထဲသို့ အမြန်ဝင်လာခဲ့ကြသည်။
"ဘာလို့လဲ...! ငါတို့ မဆက်သွယ်ဖို့ သဘောတူထားတယ် မဟုတ်ဘူးလား!"
ဖယ်ဆန်က အော်ဟစ်သောကြောင့် လူနာသည် သူဘာတွေပြောနေတာလဲလို့ မေးနေသလိုမျိုး လက်နှစ်ဖက်ကိုပိုက်ကာ တုံ့ပြန်ခဲ့လိုက်သည်။
"နင် ငါ့ကို မြို့စားကြီးကိုမဆက်သွယ်ဖို့ပဲပြောခဲ့တာလေ။အဲ့တော့ ငါလည်း နင့်ရဲ့ချစ်သူ ဆိုင်ယာကိုဆက်သွယ်ခဲ့လိုက်တာ။ ဟုတ်ပြီလား။ နင် မကြိုက်ဘူးဆိုရင် အစောထဲက ဆိုင်ယာနဲ့မဆက်သွယ်ဖို့ပါ ပြောထားသင့်တယ်လေ"
ဒါပေါ့ သူဒီလိုပြောခဲ့မယ်ဆိုရင်လည်း သူမက အစေခံ ဒါမှမဟုတ် အိမ်တော်ထိန်းတစ်ယောက်ယောက်ကို ဆက်သွယ်အုံးမှာ သေချာပေသည်။
သူက နာကျင်နေပေမယ့်လည်း ဖယ်ဆန်ကို စံအိမ်ထဲကနေ အမြန်ထွက်သွားအောင်လုပ်ရမည်ဖြစ်သည်။
သူမသည် နောက်ဆုံးတွင် ငြိမ်းချမ်းမှုကို ပြန်လည်ရရှိခဲ့သော်လည်း သူနှင့် ထပ်မံ အဆက်အဆံပြုရခြင်းမှာ သူမ မလိုအပ်သော အရာတစ်ခုဖြစ်သည်။
"မင်းဘယ်လိုလုပ်....မင်း ဘယ်လိုလုပ် ငါ့အပေါ် ဒီလိုလုပ်ရက်ရတာလဲ!"
လူနာကို ဆန့်ကျင်နေသော ဖယ်ဆန့် စကားများ၏ အဓိပ္ပါယ်ကို သဘောပေါက်သွားပြီးနောက် သူ့ကို စိတ်ပူပြီး မအိပ်နိုင်ခဲ့သော ဆိုင်ယာသည် သူမ၏မျက်လုံးများထဲ အန္တရာယ်ရှိသောအကြည့်ကို ပြသလာခဲ့သည်။
၎င်းကို ပထမဆုံးသတိထားမိသွားသည်မှာ လူနာဖြစ်သည်။ဆိုင်ယာက ဒီတစ်ခါလည်း သူမကို အဓိပ္ပါယ်မဲ့စွာပြောပြီး ထပ်ကာအပြစ်တင်လာမည်ကို စိုးရိမ်မိသွားခဲ့သည်။
ဖြောင်း-!
မထင်မှတ်ပဲ ဆိုင်ယာသည် ဖယ်ဆန်၏ ပါးကို ရိုက်လိုက်သည်။
"လေဒီ... ဆိုင်ယာ"
ဖယ်ဆန်သည် ဖြစ်ပျက်သွားသမျှကို နားမလည်နိုင်ဘဲ ဆိုင်ယာအား မှင်တက်နေသော မျက်နှာဖြင့် ခေါ်လိုက်သည်။
အဲ့ဒါက အချက်ပြလိုက်သလိုပင် ဆိုင်ယာ၏လှပသောမျက်လုံးများမှ ကြည်လင်သောမျက်ရည်များက စီးကျလာခဲ့ပြီး ဖယ်ဆန်၏ပါးကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန်ထပ်ရိုက်ကာ သူမထိန်းထားခဲ့သော ဒေါသများကို သွန်ပစ်လိုက်သည်။
"ရှင် ဘယ်လိုလုပ်ပြီး ကျွန်မအပေါ် ဒီလိုလုပ်နိုင်ရတာလဲ ဖယ်ဆန်! ဘယ်လိုလုပ်ပြီး!"
အို ဘုရားရေ။
လူနာသည် အံ့သြသွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။
"ရှင် ဘယ်လိုလုပ် လေဒီပဲလ်ကို ထပ်လာရှာရပြန်တာလဲ။ကျွန်မမှာတော့ အမြဲတမ်း အဲ့ဒါက မဟုတ်ပါဘူးလို့ ယုံကြည်ခဲ့ရတာ!ကျွန်မ လေဒီပဲလ်မှာ အပြစ်မရှိမှန်းသိတာတောင် ရှင့်ကိုပဲယုံကြည်ခဲ့တာ!"
ဆိုင်ယာက ဖယ်ဆန်၏ ရင်ဘတ်ကို ထုရိုက်ပြီး ကြမ်းပြင်ပေါ်သို့ လျှောကျသွားခဲ့သည်။
"ရှင် အဲ့လိုပြောတဲ့အတွက်ပဲ ဖယ်ဆန်! ကျွန်မ ရှင့်ကိုချစ်လို့ပဲ ဖယ်ဆန်! အဲ့ဒါကြောင့် ကျွန်မ ယုံကြည်ခဲ့တယ်။ဒါပေမယ့် ရှင်ဘာလို့ အချိန်တိုင်း ကျွန်မကို ဒီလိုမျိုး စိတ်ပျက်စေတာလဲ။ ဘာလို့လဲ ဘာလို့လဲလို့!"
ဆိုင်ယာသည် ယခင်က သူမနေအိမ်၌ လူနာတွေ့ဖူးခဲ့သည့်အတိုင်း ကလေးတစ်ယောက်လို စငိုတော့သည်။
'ဒီတော့ သူမက ဖယ်ဆန်ကို ဟိုတုန်းထဲက သံသယရှိခဲ့တာပေါ့'
သို့သော် သူမသည် သူ၏ မဟုတ်မမှန်သော စကားများကိုယုံခဲ့သည်အထိ သူ့ကို အရမ်းချစ်ခဲ့သည်။ယခု သူက ထိုကဲ့သို့ တုံ့ပြန်မှုကို ပြခဲ့ပြီး သူမ၏ ယုံကြည်မှုကို ပျက်ပြားစေခဲ့သည်။
"မင်း ဘာတွေပြောနေတာလည်းဆိုတာ ကိုယ်နားမလည်ဘူး လေဒီဆိုင်ယာ...!"
ဖယ်ဆန်သည် နောက်ဆုံးတွင် ကုတင်ပေါ်မှထလာကာ မိုးကြိုးပစ်ခံလိုမျိုး တုံ့ပြန်လာခဲ့သည်။
ဆိုင်ယာက ငိုနေတာကို ရပ်လိုက်ပြီး ဖယ်ဆန်ကို ခြိမ်းခြောက်သော မျက်လုံးများဖြင့် ထပ်စိုက်ကြည့်လိုက်ပြီး သူကို ကုတင်ပေါ်ကနေ အစွမ်းကုန်တွန်းထုတ်ကာ နှင်းဆီစံအိမ်မှ တစ်ယောက်တည်း ထွက်သွားခဲ့တော့သည်။
"အား!"
ဖယ်ဆန်သည် ကျိုးနေသော လက်ဖြင့် ကြမ်းပြင်ပေါ်တွင် သူ့ကိုယ်သူ ထောက်ထားကာ နာကျင်စွာ အော်ဟစ်လိုက်သည်။ လူနာသည် သူ၏နာကျင်မှုကို ရိပ်မိလိုက်ပြီး မျက်မှောင်ကြုတ်မိလိုက်သည် ။
ဘုရားရေ အေးအေးဆေးဆေး နေတတ်တဲ့သူတွေက ဒေါသဖြစ်တဲ့အခါ ပိုကြောက်စရာကောင်းတယ်လို့ သူတို့ပြောကြတာ အမှန်ပဲဖြစ်ရမယ်။သူမ ဘယ်လိုတောင် ဒဏ်ရာရနေတဲ့လူတစ်ယောက်ကို ကုတင်ပေါ်ကနေ တွန်းချနိုင်ရတာလဲ။ဒီတစ်ခါတော့ သူ့လက် ကျိုးသွားလိမ့်မှာ အသေအချာပဲ။
"အာ... တောင်းပန်ပါတယ်။ဒါပေမယ့် ရှင်တို့တွေ သူ့ကို ခေါ်ပြီး ထွက်သွားပေးလို့ရမလား။ကျွန်မတော့ သူ့ကို အမြန်မကုသရင် သူ့လက် ဒါမှမဟုတ် ခြေထောက်က အသုံးချနိုင်တော့မှာ မဟုတ်ဘူးလို့ထင်တယ်"
လူနာ စကားမဆုံးခင်မှာပဲ မြို့စားကြီး၏ အစေခံများက ဖယ်ဆန်ကို အလျင်အမြန် သယ်ဆောင်သွားခဲ့ကြသည်။
မြင်းပေါ်က ပြုတ်ကျခဲ့သည့်အပြင် အခုလည်း ခုတင်ပေါ်က ပြုတ်ကျပြန်တာကြောင့် လူနာပြောခဲ့သလို အမြန် ဆေးကုသမှု ခံယူရန် လိုအပ်နေပြီဖြစ်သည်။
"…ကောင်းပြီ"
သူတို့က ကျေးဇူးတောင်မတင်သွားကြပေ။သူမက ဆက်သွယ်ပေးခဲ့သော်လည်း သူတို့သည် ကျေနပ်မှုမရှိသော အေးစက်စက်မျက်နှာများဖြင့် နှုတ်ဆက်စကားလေးသာ ချန်ထားခဲ့ပြီး မြို့စားကြီးအိမ်တော်၏ အိမ်တော်ထိန်းဦးဆောင်ကာ လေပြင်းတစ်ခုလိုမျိုး အိမ်ကြီးထဲမှ အမြန်ပျောက်ကွယ်သွားခဲ့ကြသည်။
'ဟူး ကြည့်ပါအုံး ငါကကူလည်းကူညီရသေးတယ်.... နောက်တစ်ခါကျ ဒီလိုဖြစ်လာရင် ငါ သူ့ကို တောထဲမှာပဲ ဒီတိုင်းထားပစ်ခဲ့လိုက်မယ်'
အားလုံး ပျောက်ကွယ်သွားပြီးကြသည်နှင့် ငြိမ်းချမ်းမှုက နှင်းဆီစံအိမ်သို့ ပြန်ရောက်လာခဲ့သည်။
မဟုတ်သေးဘူး။ သူမ အဲ့ဒါကိုမျှော်လင့်ထားပေမယ့်လည်း အမျိုးသားဇာတ်လိုက် နဲ့ အမျိုးသမီးဇာတ်လိုက်က ဒီလိုကြောက်စရာကောင်းအောင် လမ်းခွဲလိုက်ကြတာကို ငြိမ်းချမ်းမှုလို့ ခေါ်လို့ရနိုင်အုံးပါ့မလား။
သံသယဖြစ်စရာများရှိသော်လည်း အခုအချိန်မှာတော့ လူနာသည် သူမလက်ထဲရှိ တစ်ပူကငြိမ်းသွားတာကြောင့် တစ်ဖက်ကိုလှည့်ကာ အိမ်ကြီးထဲသို့ ဝင်ရောက်ပျောက်သွားခဲ့တော့သည်။
TK TEAM (Chapter 85)