Ch 2
Viewers 259


အပိုင်း ၂
ကိုယ့်ကိုလက်ထပ်ပါ

ထိုမိစ္ဆာတွေရဲ့ရန်သူတွေကို ထာဝရရှင်သန်သူလို့လည်းခေါ်တယ်။ သူတို့ကလည်းလူသားဘဲ ကျင့်စဥ်ကြောင့် အဲ့လိုအစွမ်းထပ်နေခြင်းဖြစ်တယ် ။ သူတို့က ရာစုနှစ်ပေါင်းများစွာမှာ မိစ္ဆာတွေက အခုလို လူသားတွေကိုသတ်ဖြတ်ပြီး မိစ္ဆာလောက ကိုအခေါ် ခံရတဲ့သူတွေဘဲ ။ မိစ္ဆာလောက ကနေကြိုးစားရှင်သန်ရင် တစ်ယောက်တည်းသော် သူရဲ့ လမ်းညွန်မှုနဲ့ကျင့်စဥ်ကြောင့် သူတို့လည်းထာဝရ ရှင်သန်သူ ဖြစ်ခဲ့တယ်။ သူတို့က မိစ္ဆာတွေကို အချိန်ပြည့် စောင့်ကြည့်နေပြီ သူတို့ကိုတိုက်ဖို့ချောင်းနေတာ။ အခုလို သူတို့ရဲ့အရင်နေခဲ့တဲ့ ကမ္ဘာကို သွားတိုက်ခိုက်တာသိလို့လာကူတာ။ သူတို့ရဲ့ကျင့်စဥ်ကိုကျင့်တာ ကျွမ်းကျင့်ဖို့ အချိန်ပေးရပေမဲ့ အခုသူတို့ကိုယ်တိုင် ပူးပေါင်းတိုက်ပေးတယ်။ ဒါက လူသားတွေရဲ့အားဖြစ်ခဲ့တယ်။ ထာဝရရှင်သန်သူတွေနဲ့ ပူးပေါင်းတိုက်တယ်။ ခုခံနိုင်တာတွေရှိခဲ့တယ်။ မိစ္ဆာတွေကိုအထိနာအောင်တိုက်နိုင်ခဲ့တယ်။

ထိုလိုနွံ့ဆွဲသလို အနိုင်အရှုံးမကွဲ ပေမဲ့ မိစ္ဆာတွေသိမ်းပိုက်နိုင် ခဲ့တာတွေရှိခဲ့တယ် ။ ထိုစစ်က တစ်ခုတည်းသော် ကျွန်းရဲ့ အကြီးဆုံးနိုင်ငံရဲ့နယ်စပ်ကိုရောက်ရှိလာခဲ့တယ်။ ထိုနိုင်ငံရဲ့အရှင်သခင်ဟာ ဟွားချွမ်လို့ခေါ်တဲ့ ငယ်ရွယ် ထက်မြတ် ဘုရင် တစ်ပါးဖြစ်တယ်။ သူ့အသက် ၁၅လောက်ကတည်းက ထီနန်းကို အကိုတွေလက်ထဲက သိမ်းပိုက်နိုင်ခဲ့ သူဖြစ်သည့်အပြင် သူရဲ့ကျင့်စဥ်ကလည်းကောင်မွန်လှတယ်။ အခုလိုတိုင်းပြည်ကိုလာရောက်တိုက်တဲ့ မိစ္ဆာတွေကနယ် စပ်ကိုရောက်ပေမဲ့ သူမှာ အ​ကြောက်တရားမရှိဘူး အဲ့ဒါအပြင် သူ အရမ်းကိုစိတ်လှုပ်ရှားနေခဲ့တယ်။ သူရဲ့ချစ်သော်သူကိုလုယူခဲ့တဲ့ထိုမိစ္ဆာတွေကို နည်းနည်းလေးမှမကျန်အောင်လက်စားချေမဲ့ဆိုတဲ့ စိတ်နဲ့ပေါ့။

သူကသန်မာသလိုဘဲ ထိုနယ်စပ်သာရောက်နေတဲ့မိစ္ဆာတွေကို သူရဲ့တိုင်းပြည်ကလူနဲ့ဘဲ မဟာမိတ်အဖွဲ့ စီကနေ အကူမပါဘဲ သူတိုင့်ပြည်ကို လာရောက် ကျူးကျော်တဲ့ သူတွေကို တိုက်ထုတ်နိုင်ခဲ့တယ်။ ဘယ်နစ်ကြိမ်မှန်းတောင်ရေတွက် လို့မရခဲ့ဘူး မိစ္ဆာတွေ တပ်ဆုပ်နေခဲ့ရတာ  သူရဲ့ဓားအောက်က မိစ္ဆာတွေအသက်ပျောက်ခဲ့ရတာ ဘယ်နစ်ယောက်မှန်းမသိခဲ့ဘူး ။ သူ အသက် ၁၇လောက်မ မိစ္ဆာတွေစကျူးကျော်ပြီး တစ်နှစ်တောင် နေ့ည မပျက် တိုက်နိုင်ခဲ့တယ်။ သေချာပေါက် တစ်နှစ်ကြာအောင်တိုက်နိုင်တာလည်း မဟာမိတ်အဖွဲ့ရဲ့ တပ်ကူကြောင့်ပါ။ သူရဲ့ အစွမ်းကဘယ်လောက်ထက်လည်းဆိုတော့ မိစ္ဆာလောကရဲ့ ဘုရင်မပါ သူမတိုင်းပြည့်အတွက် လာရောက်တိုက်လာတဲ့အထိဘဲ။

မိစ္ဆာ ဘုရင်မလည်း ရောက်လာကော် သူရဲ့ အောင်နိုင်မှုဟာ ချက်ချင်းဆိုသလို ရှုံးနိမ့်မှုကိုပြောင်းလဲခဲ့တယ်။ သူ့တိုင်းပြည်ကို ရဲ့ နန်းနေပြည်တော့အထိရောက်လာတဲ့အချိန် နန်းတော်အစီအဝေးဠ် အမတ်တွေဟာ "အရှုံးပေးပြီးတခြားတိုင်းပြည်ကိုထွက်ပြေး"ရန်ကိုသာ တိုက်တွန်းခဲ့တယ်။ ထိုအချိန် နန်းတော်ရင်ပြည်ကနေ နီရဲနေတဲ့အဝတ်ကို ဝတ်ပြီး တရုတ်သတို့သမီးလေးလို ခေါင်းမှပါဝါတစ်ထည်အုပ်ထားတဲ့ကောင်လေးက နန်းတော်ထဲက အစည်းဝေးခန်းထဲဝင်လာခဲ့တယ်။ ထိုမြင်ကွင်းကိုမြင်တဲ့ဘုရင်မဟာပုလ္လင်ပေါ်ကနေမက်တပ်ရပ်ပြီး

ဘုရင်။  "မင့်ကဘယ်သူလဲ ရဲမက်တွေဘယ်ရောက်နေတာလဲ ဘာလို့သူ့ကိုမတားတာလဲ"ဆိုတဲ့အပြောအပြင်ဘေးနားကဓားကိုဆွဲ ယူပြီး ဓားသွားဟာ ဓားအိမ်ကနေ ထွက်လာခဲ့ပြီး ထိုမက်တပ်ရပ်နေရဲ့နေရာကနေ ဓားရဲ့ဦးတည်ရာဟာ ထိုဝတ်နီနဲ့ကောင်ကလေး ဆီသို့ဦးတည်နေတယ်။

ဝတ်နီနဲ့ကောင်လေး ။ " ဒီကျွန်းရဲ့ အချမ်းသာဆုံး အကြီးမားဆုံးသော် တိုင်းပြည်ရဲ့ ထက်မြက်တဲ့ ဘုရင်ဟွားချွမ် ။ ကိုယ် မင့်ကိုလက်ထပ်ချင်တယ် ။ "

ထိုစကားကိုကြားတော့နန်းတော်က လူတွေအံသြတကြီးဖြစ်နေခဲ့တယ်။ ဘုရင်လေးဟာ သူရဲ့ဓားသွားကိုရုတ်သိမ်းပြီး သူရှေ့က တိုင်းပြည်အတွကပေးပို့ထားတဲ့ စာလွာတွေကို ဖွင့်ဖတ်နေပြီး ထိုဝတ်နီနဲ့ကောင်ကလေး ကို ဂရုမစိုက်လှည့်မကြည့်ဘဲနေနေတယ်။ ဒါပေမဲ့ သူဘေးနားမှာတော့ ရဲမက်တွေကဝန်းရံလိုနေတယ်။

ဘုရင်။ "မင့်ကဘယ်သူလဲ ငါကိုယ်တော်ကဘာ့ကြောင့် မင့်ကိုလက်ထပ်ရမှာလဲ ငါကိုယ်တော်က တွေ့ကရလူကို လက်ထပ်တက်တဲ့လူမျိုးမဟုတ်ဖူး နောက်ပြီး ငါကိုယ်တော်ကမင့်ရဲ့ မိဘဆွေမျိုးတွေအကြောင်းလည်းမသိဘူး နောက်ပြီး ငါကိုယ်တော်ရဲ့ အစွမ်းထက်တဲ့ ရဲမက်တွေကို ကျော်ပြီး ငါကိုယ်တော်ရဲ့ မြင့်မြတ်တဲ့ နန်းဆောင်ကို လာနိုင်တယ်ဆိုကတည်းက မင့်ဟာသာမာန်သူမဟုတ်ဖူး မင့်ရဲ့သရုပ်မှန်ကိုပြော"

ဝတ်နီနဲ့ကောင်လေး ။ "ကိုယ်က ဒီကဘုရင်လေးကို နစ်တွေကြာသဘောကျမီလို့လာရောက်လက်ထပ်ဖို့ ကမ်းလှမ်းရခြင်းဖြစ်တယ်။ နောက်ပြီးကိုယ့်ရဲ့ မိဘရဲအမည်ပြောလည်း ဘုရင်သိမှာမဟုတ်ပါဘူး ။ ကိုယ်က မိစ္ဆာလောကသား  ကိုယ့်​ရဲ့ ရည်ရွယ်ချက် က ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်နိုင်ဖို့ပါ။"

ဝတ်နီနဲ့ကောင်ကလေး ရဲ့ပါးစပ်ကနေ မိစ္ဆာလောက ဆိုတဲ့အသံကြားတော့ ဘေးနားကအမတ်တွေကြောက်လန်းပြီ သူ့ဘေးနာကရဲမက်တွေဟာပိုသတိကြီးလာပေမဲ့ ဘုရင်လေးကတော့ သူရဲ့ထပ်မြက်တဲ့မျက်လုံးဟာ စာလွာမှာဘဲ တည်ရှိနေပြီး သူရဲ့နှုးည့ံပြီးချစ်ဖို့ကောင်းတဲ့ နှုတ်ခမ်းကနေ

ဘုရင် ။ "မင့်က မိစ္ဆာဆိုတာ ငါကိုယ်တော်ရိပ်မိပြီးသား မင့်ရဲ့ အဝတ်ကနေထွက်နေတဲ့ လက်က ရှည်လျားတဲ့ လက်သည်း ဖိနပ်မဝင်ထဲတွေခြေထောက် လမ်းလျောက်ရင် မြေကြီးပေါ်ကနေကြားရတဲ့ မင့်ရဲ့ခြေထောက်က ခြေသည်းသံ ကမင့်ဘယ်သူဆိုတာဖော်ပြနေတာဘဲ နောက်တစ်ခုက ငါကိုယ်တော်ကမိစ္ဆာကို အရမ်းရွံ့ရှာတယ်ဆိုတဲ့သတင်းမကြားမိဘူးလား "

ဝတ်နီနဲ့ကောင်လေး ။ "သိပါတယ် ။ ကိုယ်ရဲ့ ချစ်လှစွာသော ကိုယ်ရဲ့ဘုရင်လေးဟာ မိစ္ဆာတွေကို မုန်းတီးမှန်းသိလို့ အခုချိန်မှလာရောက်ရ ခြင်းဖြစ်တယ်။ ကိုယ် မှာကမ်းလှမ်းချက်ရှိပါတယ်။ ကိုယ်ကိုလက်ထပ်ပြီး ဘုရင်ရဲ့ မိဖုရားဖြစ်ခွင့်ပေးရင် ဘုရင်ရ​ဲ့တစ်သက် ဒီ တိုင်းပြည်ကိုမိစ္ဆာတွေ မျက်စီနဲ့ကိုစောင်းမကြည့်စေရပါဘူး"

15.3.2022