Ch 3
Viewers 267

Demon's love
အပိုင်း 3
ငြင်းပယ်တယ်

ထိုစကားကိုကြားတော့ နန်းတော်ထဲရှိတဲ့ လူတွေအကုန်လုံးရဲ့မျက်နာဟာမဲ့ မှောင်လို့နေပြီး အကြည့်တွေဟာလည်းအေးစက်လိုနေတယ်။ အထူးသဖြင့် ဘုရင်လေးရဲ့ မျက်လုံးထဲကနေ "ဒီမိစ္ဆာကိုသတ်မယ်"ဆိုတဲ့ အကြည့်တွေဖျာနေပြီး မျက်နာအမှုအရာမှာလုံးဝကိုအေးစက်ပြီး ကျန်တာမတွေ့နိုင်တော့ဘူး။

ထိုအရာကိုရိပ်မိတဲ့ ဝတ်စုံနီနဲ့ကောင်လေး ကတော့ နူးညံ့ညင်သာသော်အသံဖြင့် ။ "စိတ်လျော့ပါဘုရင်လေး ကိုယ်က မိစ္ဆာတွေကို ဒီကိုတိုက်အောင်လုပ်တဲ့သူလည်း မဟုတ်သလို ကိုယ်ကမိစ္ဆာတွေကို ဒီလောက ကိုခေါ်လာတဲ့သူလည်းမဟုတ်ပါဘူးနော် နောက်ပြီး ကိုယ်ကိုယ်တိုင် က ဒီကိုလာတိုက်တဲ့ မိစ္ဆာနဲ့ အဆင့်မတူဘူး​နော်။ မိစ္ဆာတွေ ဒီလောက ကိုသွားတဲ့ချိန် ကိုယ်နည်းနည်း စိတ်ဝင်စားမိတာနဲ့ ဒီကိုလိုက်လာရင် ဘုရင်လေးကိုတွေ့ပြီး မြင်မြင်ချင်းသဘောကျလို့ လက်ထပ်ခွင့်တောင်းတာပါ။ ကိုယ်ကိုသာဘုရင်လေးလက်ထပ်မယ်ဆိုရင် ဘုရင်လေးဆန္ဒ အကုန်ဖြစ်စေရပါ့မယ်။ မိစ္ဆာတပ်ကိုလည်းရပ်တန့်ပေးပါ့မယ်။ "

ထိုစကားသံကြားတော့ဘုရင်ရဲ့မျက်နာကအေးစက်လာတယ်။ ​နောက်ပြီးဘုရင်လေးရဲ့ အညို့ဓာတ်ပြင်းတဲ့ မျက်လုံးတစ်စုံဟာ ထိုဝတ်နီနဲ့ကောင်လေးကို မီးလောင်ပြီးပြာကျသွားအောင်ထိကို စိုက်ကြည့်နေတယ်။ သူမဒေါသတွေ ဘယ်လောက်များသလဲဆို သူရဲ့လက်နဲ့ စာလွာတွေကိုတင်းတင်းကျပ်ကျပ်ကိုင်ထားတာကိုမြင်ရင် သိနိုင်ပေမဲ့ နန်းတေယ်ထဲကဘယ်သူမှအဲ့တာကိုမမြင်မိပါဘူး။

ဘုရင်လေးဟာကြားသူတိုင်းအရိုထဲထိအေးခဲသွားလောက်တဲ့ထိအသံဖြင့်
" ငါကိုယ်​ေတာ်တိုင်းပြည်က မင့်လိုမိစ္ဆာတစ်ကောင်ရဲ့အကူယူရအောင် ငါတိုလူသားတွေရဲ့အင့်အားကပျော့ညံတယ်လို့များထင်နေသလား"

ထို့အသံကိုကြားတဲ့ဝတ်နီနဲ့ကောင်လေးကတော့ "အဲ့လိုမဆိုလိုပါဘူး။ ဘုရင်လေးကအရမ်းထပ်မြက်ပြီ အရမ်းကိုချောမောလှပတဲ့သူ မလို့ ကိုယ် ရင်ထဲ ထိ စွမ်းလမ်းမိလိ​ု့လာပြီးကမ်းလှမ်းတာပါ ဒါပေမဲ့ ဘုရင်လေးထပ်မြက်သလောက် လူသားဆိုတဲ့ အမျိုးကအရမ်းကိုပျော့ညံ့တယ်လေ။ ထာဝရ ရှင်သန်သူတွေက သူတို့ကိုသိုင်းကွက်တွေသင်ပေးထားတာတောင်မှ အခုထိ မိစ္ဆာတွေကို တောင့်ခံနိုင်ရုံဘဲရှိတာ မနိမ့်နင်းနိုင်သေးဘူးမလား ...."အထင်သေးပြီး ဂရုမစိုက်လိုတဲ့အသံနဲ့ ပြောလိုက်တယ်။

ထိုစကားကိုကြားတဲ့ဘုရင်လေးက ပိုပိုပြီးဒေါသထွက်လာတယ် ထို မျက်စိရှေ့က အတင့်ရဲတဲ့မိစ္ဆာကို တုတ်တုတ်မှမလှုပ်နိုင်အောင် ခန္ဓာကိုယ်ထဲသွေးတစ်စက်မှ မရှိသည်အထိ အပိုင်းပိုင်းခုတ်ပြီး သတ်ပစ်ရင်ကောင်းမလားလို့တောင်တွေးမိတယ်။ ထို့နောက်သူ့စိတ်ကိုတည်အောင်ထားပြီ "ငါကိုယ်တော်အသက်သေ သွားရင်တောင်မှ မိစ္ဆာတစ်ကောင် ကို လက်ထပ်ပြီး ချစ်မြတ်မနိုးနိုင်ဘူး"

ထိုစကားက နီရောင်ဝတ်စုံနဲ့ကောင်းလေးကတော့, ။ "အဟက်....အရှင် တစ်ခုတော့ပြောရဦးမယ်နော် ကိုယ်က အရှင်လက်မခံနိုင်ရင်လည်း ဘုရင်မလေးကိုရအောင်လုပ်လို့ရမဲ့နည်းလမ်းတွေအများကြီးဘဲ ရှိတယ်နော် ကိုယ်ချစ်ရတဲ့ သူလေးစိတ်ညစ်တာမလုပ်ချင်လို့ အရှင်ကိုရွေးချယ်ခိုင်းတာပါ ။ အရှင့်လေး အခုချိန်လေးမှာ လက်ခံလိုက်ရင် ဂုဏ်ရှိရှိနဲ့ နေနိုင်သလို့ ပြည်သူတွေကိုလည်း စ္ဆာရန်ကနေလည်း ကာကွယ်နိုင်တယ်...." ဆိုတဲ့ ပြောတဲ့စကားသံဟာ စောဏလိုနူးည့နေတာမျိုး မရှိဘဲ အေးစက်တည်ငြိမ်လွန်းတယ်။

ထိုစကားကိုကြားတဲ့ဘေးနားကလူတွေအကုန်လုံးရဲ့ဒေါသက ဘယ်လောက်ကြီးနေပြီလဲဆိုတာ မှန်းကြည့်လို့ကိုမရနိုင်ဘူး။

ထိုစကားဆုံးပြီးတစ်စက္ကန့်လောက်ငြိမ်သွားတယ် ငြိမ်ပြီး ခဏအကြာ ဝတ်နီနဲ့ကောင်လေးဟာ" ....ဒါမှမဟုတ်...မိစ္ဆာတွေလက်အောက် ကိုစစ်ရှုံးခံ ပြီး ကိုယ်ရဲ့ လိင်ကျွန်အနေနဲ့ နေမလား ဆိုတာကတော့.... "စကားပင်မဆုံးသေးဘူး ဘေးနားကရဲ့မက်တွေဟာပိုပြီး ထိုကောင်းလေးကို ဓားနဲ့ရွယ်ထားတယ်။ ဒါပေမဲ့ ထိုကောင်လေးဟာစကားကိုခဏမျှသာရပ်သွားပြီးဆက်ပြောလာခဲ့တယ်။

ဝတ်နီနဲ့ကောင်လေး။ "အရှင် ကိုယ်က ဘုရင်လေးကို သိမ်းပိုက်ချင်ရင် အစောကတည်းက ဟိုမိစ္ဆာအဖွဲ့နဲ့ပူးပေါင်းလိုက်ရင် အခုချိန်ထိတောင်မလိုဘူး တန်းပြီး ဘုရင်လေးဟာကိုယ်ရဲ့ ခင်ပွန်းဖြစ်လာမှာ...ခင်ပွန်းဆိုတာထပ်ကျွန်ပေါ့ "လောင်ရယ်တဲ့အသံနဲ့ပြောလေတယ် ။

တစ်ခါ​လေးနက်တဲ့အသံနဲ့ "ဒါပေမဲ့ ကိုယ်က ကိုယ်ရဲ့အရှင်ဘုရင်​လေး ဝမ်းနည်းမှာ မလိုလားဘူး အဲ့တာကြောင့် ကိုယ်မိစ္ဆာအဖွဲ့ကို အကူမပေးခဲ့ဘူး အခုချိန်ထိစောင့်ပြီး အရှင်ကို ဂုဏ်ရှိရှိ လက်ထပ်ခွင့်တောင်းတာပါ ။ အရှင် သိထားဖို့က ကိုယ်ရဲ့အစွမ်းကသာမာန်မဟုတ်ဖူး ။.... ကိုယ့်ရဲ့အရှင် လည်းသတိထားမိမှာပါ လုံခြုံရေးတင်းကျပ်တဲ့ ဒီနန်းတော်ထဲကို ကိုယ်တစ်ယောက်ထဲ အေးဆေးဝက်လာ နိုင်ကတည်းက သတိထားမိမှာပါ ။ အဲ့တော့....ကိုယ်ပြောချင်တာက.. အရှင်...အခုလက်ခံရင်
..အဲ့မိစ္ဆာတွေရန်ကနေကာကွယ်ပေးနိုင်တယ်...ဒါပေမဲ့ ငြင်းမယ်ဆိုရင်တော့ ကိုယ်ကအဲ့မိစ္ဆာအဖွဲတောင်မလိုဘူး အခုချက်ချင်းတိုင်းပြည်ကို ဖျက်ဆီးပြီး ကိုယ်တို့လောကကိုခေါ်သွားရတယ်။... အဲ့တော့ ကိုယ်ရဲ့ ချစ်ရသူ ဘုရင်လေး ဘဲဆုံးဖြတ်ပါ... သြော်ဒါနဲ့နောက်ဆုံးအနေနဲ့ပြောမယ်နော်...မိစ္ဆာတပ်ကနေပြည်တော်ဆီရောက်ခါနီးပြီးအချိန်မရှိတော့ဘူနော်" လို့သတိပေးတဲ့အသံလည်းပြီးရော် ထိုကောင်လေးဟာ သူရဲ့ချစ်ရသူလေးဆီကို မော့ကြည့်လိုက်တယ်။

ကောင်လေးရဲ့ချစ်ရသူဘုရင်လေးဟာသူရဲ့ မာန အကြီးအကျယ်ထိခိုက်လာတဲ့အတွက် ကောင်းကင်တောင်ပြိုကျလောက်အောက် ဒေါသ ထွက်နေပေမဲ့ ထိုကောင်လေးရဲ့စကားဟာ အမှန်ဖြစ်နေတယ်။ သူတို့ဆီးရောက်လာတဲ့ ထိုကောင်လေးဟာ သူရဲ့ရဲရင့်တဲ့ရဲမက်တွေကို မသတ်သလို ထိုရဲမက်တွေ သတိမထားမိဘဲနန်းတော်ကိုရောက်လာခြင်းဖြစ်တယ်။

26.3. 2022