Ch 5
Viewers 274

Demon's love
အပိုင်း ၅
ကျန်တော်လက်ထပ်ပွဲလာခဲ့နော်

ထိုလေဝါနယ်တံတိုင်းဟာ မြို့ရိုးအပြည့်ကိုကာပြီး မြို့တော်တစ်ခုလုံးကို ဝန်းရံကာကွယ်ပေးလိုက်တယ်။ အပြင်ကလူဘယ်သို့သော်သူကမှ ထိုတံတိုင်းကိုဖျက်လို့မရပါဘူး။ ထိုတစ်ချိန်တည်းမှာဘဲ ကောင်းကင်ကနေပြီး အေးစက်မာကျော်ပြတ်သားတဲ့အသံ တစ်ခု " ဒီနယ်မြေကို သိမ်းပိုက်ချင်နေတဲ့ မိတ်ဆွေတို့ သင့်တို့ ဒီကနေပြီး ရှေ့ဆက်ပြီး မတိုက်နဲ့ နဟုတ်လို့ကတော့..... ထာဝရနယ်မြေရဲ့ သခင်လေး၉က ရက်စက်တယ်လို့ မဆိုကြနဲ့.... "နောက်ဆုံးစကားလုံးမှာ ထိုမိစ္ဆာလေးရဲ့ အသံဟာ သွေးဆာနေတဲ့ အသံတွေကိန်းအောင်းလို့နေတယ်။ 

ထိုအသံကြားရာကို ခေါင်းမော့ကြညိ့တော့ လေပေါ်မှာကိုယ်ဖော့ပညာလိုလိုနဲ့ ရပ်နေတဲ့ သတိုးသမီးအနီးရောင်ဝတ်ဆုံကိုဝတ်ထားတဲ့ သူရာ် သူ့ရဲ့လက်ကနေ အဆင့်မြင်တော်ဝင်မျိုးနွယ်လို့ထင်ရတဲ့ သူကိုပွေ့ချီထားတယ်။ နောက်ပြီး သတို့သမီးခေါင်းဆောင်းကို ဆောင်းထားတဲ့အတွက် မိစ္ဆာတွေဟာ မျက်နာကိုမမြင်ရဘူးဖြစ်နေတယ် ။ နောက်ပြီး ထိုအသံကိုကြားပြီး မိစ္ဆာတွေက တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး ဝါးခနဲ့ ပြိုင်တူနီးပါးရယ်မောကြလေတယ်။

ထို့နောက် မိစ္ဆာတစ်ကောင်က "အရမ်းရယ်ရတယ်။ မင့်ကိုယ်မင့်များငါ့တို့ရဲ့ မြင့်မြတ်တဲ့နယ်မြေ ထာဝရနယ်မြေရဲ့ သခင်လေးများထင်နေတာလား ။ ကိုယ်ကို လာတိုက်တဲ့ရန်သူကို ဟာသပြောပြီး အုတက်သေစေချင်တာတော့ မဟုတ်ပါဘူးနော်။ " ဖိုသို့ရယ်မောနေသောအသံကနေ မာကြောသောအသံသို့ပြောင်းသွားပြီး "မင့်ကိုမင့် သခင်လေး၉ လို့ပြောရဲရအောင်ဘယ်သူကများ သတ္တ်ိပေးလိုက်တာလဲ ။ သခင်လေး၉က ဒီပျင်းစရာကောင်းတဲ့ နယ်မြေမှာ လာဖို့နေနေသာသာ စိတ်ထဲတဲကတောင်မတွေးဘူးကွ"ဆိုပြောလိုက်တယ်။

ထိုအခါဝတ်နီနဲ့ ကောင်းလေးက "အို..... ငါဒီမြေကိုစိတ်ဝင်စားတယ် မဝင်စားဘူးလို့ပြောရအောင် မင့်တို့တွေက ငါ့အကြောင်းဘယ်တုန်းကသိလိုက်လဲ... နောက်ပြီးငါနှစ်ခွန်းပြောရတာမကြိုက်ဖူးနော်..."ဆိုတဲ့ အသံဟာတည်းဖြည်းဖြည်း မာကြောလာပြီး ဒေါသလေးပါ ပါလာတယ်။

အနီရောင်ဝတ်စုံနဲ့ မိစ္ဆာလေး(သခင်လေး ၉)ရဲ့စကားအဆုံးမှာ စောဏ တိုက်ဖို့ပေးတဲ့ မိန်းကလေးရဲ့ အသံထွက်လာတယ်။ ဒီတစ်ခါမှာတော့သူမရဲ့အသံဟာ နူးညံပြီး ချော့မော့နေတဲ့လေသံ ဘက်ကိုပြောင်းလဲသွားခဲ့တယ်။ "ကိုယ့်ရဲ့ မောင်လေးက.... ကိုယ့်ရဲ့လမ်းမှာပိတ်မလို့လား... ကိုယ်က ကတိပေးပြီးသား မဟူရာအိုးကို ရှာမတွေ့မချင်း မရပ်ဖူးဆိုပြီးတော့လေ...အဲ့ကတိဖျက်ဖို့ပြောနေတာလား...ကိုယ်က အဲ့ကတိအတွက် ၉လေးကို သတ်ရမယ်ဆိုလည်းဖြစ်တယ်နော်  " နူးညံနေတာကနေတဖြည်းဖြဘ် မာကျော်လာတယ်။ ထိုအသံကြားရာဘက်ကို သခင်လေး ၉ လှညိ့ကြည့်လိုက်တော့ အမဲရောင်မျက်နားဖုံး ဟာလှပသော်ကနုတ်တို့နဲ့ ထုဆစ်ထားပြီး မျက်နာဖုံးရဲ့ညာဘက်မှာ အဖြုရောင်ငှက်မွေး လေးတစ်ခု ထည့်သွငိးထားတယိ။ နောက်ပြီး သစ်ကိုင်းခတ်လို​သေးသွယ်လှပတဲ့ ချိုတစ်ခုကခေါင်းပေါ်ကနေလှပစွာရှိနေပြီး ဆံပင်ကိုစစ်သည်တစ်ယောက်ကို အပေါ်ကိုမိုးမိုးမြင့်မြင့်စည်းထားပြီး သရဖုတစ်ခုနဲ့ထိန်းထားတယ်။ နောက်ပြီး သွေးရောင် ဝတ်စုံ ဝတ်ပြီး ကြက်သွေးရောင်မြင်းပေါ်မှ ဝင့်ဝင့်ကြွားကြွားထိုင်နေတယိ။ မြင်းရဲ့သဏ္ဠာန်ကလည်း စစ်မြင်းဆိုတဲ့ ဂုဏ်ကိုမလျော့စေဘူး ကြွက်သားအပြည့်နဲ့အပြင် အားမာရှိတဲ့ပုံနဲ့ တိုက်ဖို့အားသန်က နှာကိုခဏခဏမှုတ်မှုတ်ထုတ်နေတယ်။ မြင်းပေါ်ကအမျိုးသမီးဟာ အရမ်းရှည်တဲ့ လှံတစ်ခုကိုကိုင်ထားတယ်။ ထိုလှံတုတ်ရဲ့ ထိပ်နားမှာ အဖြုရောင်အဝတ်တစ်ခုကိုစည်းထားပြီး လှံရဲ့တိုင်ဟာ သံမဏီနဲ့ထုလုပ်ထားပြီး တိုင်ပတ်ပတ်လှညိကို နဂါးနဲ့ကျား စစ်ထိုးနေတဲ့ သဏ္ဠာကို လည်းထုစစ်ထားတယ်။ သေးငယ်တဲ့သဏာန်ဖြစ်ပေမဲ့ လှံကိုလှပနေစေတယ်။

ထိုမိန်းကလေးကိုမြင်တော့ "အမချန်... ချန်ကျဲကျဲ...ကျဲကျဲ(အမ) သိလား ကျန်တော်လက်ထပ်တော့မယ်... ကျန်တော်လက်ထပ်ပွဲလာခဲ့နော်.. ."လို့ပြောပြီး လက်ထဲကပွေ့ချီထားတဲ့ အမျိုးသားလေးကိုမြောက်ပြပြီး "ဒါကျန်တော်လက်ထပ်မဲ့သူဗျ..."ပြောပြီး အေးစက်တဲ့အသံနဲ့ "ကျန်တော် လက်ထပ်ပွဲမလို့ မောင်တစ်ယောက်အပေါ် ချစ်တဲ့အမရဲ့ မေတ္တာကိုရှေ့တန်းတင်ပြီး ဒီတိုင်းပြည်ကိုလွတ်ပေးလို့မရဘူးလား...နောက်ပြီးကျန်တော်ရဲ့ ဘုရင်လေးကို ဒီတိုင်းပြည်ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတာဗျာ...ကျဲလညိးသိတာဘဲ ကျန်တော်လည်းကျဲရဲ့ မောင်ပီတတဲ့သူမလို့.. ကတိတည်ရမယ်ဗျ..."လို့ပြောတယ်။

အဲ့စကားကြားတော့ မိန်းကလေးစစ်သည်တော်ဟာ "အမရဲ့မောင်လေးကိုမော့ကြည့်ပြီး ပြောရတာလည်ညောင်းတယ်ကွယ်..အောက်ဆင်းခဲ့ပါဦး..."လို့ပြောတော့ကောင်းကင်က သခင်လေးဟာ အောက်ကိုဆင်းလာတယ်။

******************************
အပိုင်းတို

သခင်လေး ၉ "ကျန်တော် လက်ထပ်ပွဲလာခဲ့နော်"

ဘုရင်လေး "ဒီကောင်ငါ့တိုင်းပြည်ကိုကာကွယ်ပေးမှာကော်ဟုတ်ရဲ့လား😑"

28.4.2022