Ch 6
Viewers 256

Demon's love
အပိုင်း ၆
မဟူရာအိုးရဲ့တည်နေရာ ရဲ့ သဲလွန်စ

ကောင်းကင်ပေါ်ကနေ သခင်လေး၉ ဆင်းလာပြီးနေယက်သူ့ရဲ့ လက်ထဲကပါလာတဲ့ ဒေါသအိုး ဘုရင်လေးကို မြေကြီးပေါ်ချပေးလိုက်တယ်။ မြေပေါ်ချပြီးနောက် "မိစ္ဆာဘုရင်မနဲ့ မင့်နဲ့ ဘာတော်လဲ" လို့မေးချင်တဲ့မျက်နာလေးနဲ့ ဒေါသအိုးပေါက်လေးကို လက်ကနေဆွဲပြိိး မလွတ်တမ်းကိုင်ဆောင် ထားတယ်။ နောက်ပြီး အူမြူးနေတဲ့ အသံနဲ့ "ကျဲကျဲ(အမ) ကျန်တော်တို့ ဆွေးနွေးစရာနေရာလေး....."ဆိုခေါင်းလေးကို ဟိုလှည့်ကြည့်ဒီလှည့်ကြည့်နေလေတယ်။

ထိုစကားသံကြားတဲ့ ဘုရင်မချန်ဟာ ဟူးခနဲ့သက်ပြင်းချပြီး "စစ်သည်တို့တပ်ဆုပ်..."ဆိုတဲ့အသံကိုပြောလိုက်ရတယ်။ နောက်ပြီး သူရှုံးပေးပါတယ်ဆိုတဲ့လေသံနဲ့" မင့်ကတော့ ကွာ တကယ်ကို မနိုင်သခင်ဘဲ... ငါ့ကိုတပ်ဆုပ်မဆုပ်အောင်လုပ်နိုင်တယ်။ "

သခင်လေး ၉ ။ "ဟီးးးးဟီးးး..အမကလည်း.. ကျန်တော်က အမလိုချင်တာနဲ့ အပေးယူလုပ်မှာပါနော်... ဟွန့်..အမလည်းသိရဲ့သားနဲ့...ကျန်တော်တို့ထာဝရနယ်ရဲ့ သခင်လေးက ဘယ်တုန်းကများ အလကားယူဖူးလို့လဲ...."ဆိုတဲ့ ချွဲသံလေးနဲ့ပြောလေတယ်။

ဘုရင်မလေးကတော့ "အေးးးထာဝရနယ်ရဲ့ သခင်လေးတွေက အလကားမယူပေမဲ့ သခင်မလေးကတော့ ငါ့နှလုံးကို အလကားယူသွားတယ်လေ."ဆိုတဲ့ မကျေနပ်တဲ့လေဖြင့်တိုးတိုးလေးပြောလိုက်တယ်။

ထိုသို့သော်ပြောပုံကိုကြားရတဲ့ မိစ္ဆာတပ်သားတွေဟာ ပါးစပ်တေယင်မပိတ်နိုင်သလို သူ့တိုင်းပြည်ကိုကာကွယ်ပေးမယ်ဆိုတဲ့ ထိုမိစ္ဆာယုတ်ဟာ သူတို့ကိုလာတိုက်တဲ့ မိစ္ဆာဘုရင်မကို အမခေါ်ပြီးရစ်သီသီလုပ်နေတဲ့ အတွက် တင်းနေလေတယ်။

မိစ္ဆာတွေရဲ့တပ်ရဲ့ စခန်းနေရာကိုရောက်တော့ ဘုရငိလေးတစ်ယောက်ရဲ့မာနက ပြောနေတယ်။ "မင့်အဲ့ထဲမဝင်နဲ့ "ဆိုပြီးတော့ပေါ့။ ဘုရင်လေး မဝင်ချင်တာကိုသိတဲ့ သတို့သမီးလေး(သခင်လေးကိုး)ဟာ "ဘာလဲ....ကိုယ့်ရဲ့ဘုရင်လေးက..မဝင်ချင်လို့လား...ဒီထဲကတစ်ချို့အရာက ကိုယ့်ဘုရင်လေး ကို စိတ်တိုစေမယ် ထင်တယ်။ ဒါဆိုကျဲ(အမ)ကို နေရာပြောင်းဖို့ပြောလိုက် မယ်လေ။" ပျားသကာရည်လောင်းထားတဲ့ အသံနဲ့ ချစ်ရတဲ့ သူကိုမေးလေတယ်။

ခဏလောက်ကြာအောင်စဥ်းစားပြီးမှဘုရင်လေးဟာ "နေပါစေ....ရပါတယ်။...နောက်ပြီး...ဒီကိုမဝင်ချင်တာ ငါကိုယ်တော်က...ရန်သူကို အလကား ထောက်လှမ်းသလိုဖြစ်ပြီး...မမျှတမှာဆိုးလိုပါ။"အသံတိုးတိုးလေးနဲ့ ပြောလေတယ်။မျက်နာကတေယ့ မိစ္ဆာလေး (သခင်​လေးကိုး)ကို မျက်နာလွဲထားသတဲ့ ။ ဒါပေမဲ့ သခင်လေးကိုးဟာ ထိုလွဲထားတဲ့မျက်နာမှာ မကျေနပ်မှုနဲ့ နှုတ်ခမ်းလေးဆူနေမယ်လို့ခံစားမိတယ်။ သခင်လေးကိုးဟာ ဒီအခြေအနေကိုသဘောကျ မိတယ်။ သူချစ်ရတဲ့ သူရဲ့ စိတ်တိုနေတဲ့ ပုံ ၊ ရှက်နေတဲ့ပုံ ၊ ဒေါသထွက်တဲ့ပုံ ၊ ကျင်နာတက်တာတွေ ဘုရင်ကောင်းပီသတာတွေ ပြည်သူကို ပထမထားကြည့်တက်တာတွေ သဘောကျမိတယ်။

ထိုသို့သော် ချစ်စရာကောင်းတဲ့ ပုံလေးကိုမြင်ပြီး သတိုးသမီးဝတ်မိစ္ဆာလေး(သခင်လေးကိုး)ဟာ သဘောကျတဲ့ ရယ်သံလေးထွက်ပြီး လက်ကို တင်းတင်းဆုပ်ကာ. "မဖြစ်ပါဘူး ကို့ယ်ရဲ့ဘုရင်လေးရယ် ... သူတို့က ဘုရင်လေးရဲ့ ရန်သူဆွေမဟုတ်တော့ဘူး...အဲ့ကြောင့် အဲ့ကိစ္စကိုစိတ်ထဲမထားပါနဲ့ " ဆိုပြီး ချိုသာအေးမြနေတဲ့ အသံနဲ့ပြောလေတယ်။တစ်ဆက်တည်းမှာဘဲ"ကိုယ်ကိုအထင်မသေးစေချင်ဘူး ကိုယ်က ကတိဖျက်မဲ့ လူစားမျိုးမဟုတ်ပါဘူး"ဆိုပြီး ပြောတဲ့အသံကြားတော့ ဘုရင်လေးဟာ သူမှားကြောင်းသိသော်လေသံဖြင့် တိုးတိုးလေးနဲ့"အဲ့လိုသဘောမျိုးမဟုတ်ပါဘူး"

တပ်စခန်းရဲ့တဲထဲမှာ

အမချန်။ "ထိုင်ကြပါ.... မောင်လေးက ..ကိုယ်နဲ့သီသန့်တွေ့ချင်တယ်ဆိုလို့....ပြောပါ ဘာကိစ္စလည်း...ဒီကအမတော်ကို တိုက်ပွဲရပ်ဖို့ပြော ဖ်ို့အတွက်တေယ့မဟုတ်ပါဘူးနော်။..."

သခင်လေးကိုး။ "အမကလည်း...အချင်းချင်းမသိတာကျနေတာဘဲ...ကျန်တော်က အပေးအယူလုပ်မှာပါလို့... စောဏကလည်းပြောပြီးသားလေ.... အမလိုချင်တဲ့....မဟူရာအိုးတည်နေရာရဲ့ သဲလွန်စနဲ့....ဒီတိုင်းပြည်ကို လည်းမယ်... " ထိုစကားအဆုံး အမချန်က တစ်ခဏ စဥ်းစားနေဟန်နဲ့ ရှိနေတယ်။.

သခင်လေးကိုး။ "ဘာလဲ...မလုပ်ချင်ဘူးလားး... ကျန်တော်အစကတည်းကသိတယ်နော် အမရဲ့အကြံ..."

အမချန်။"ဘာကိုလဲ"

သခင်လေးကိုး။."ဘာကိုကမှာလဲ ကျန်တော်ဆီက သတင်းအစ်ချင်လို့ ဒီကျွန်းကို ပထမဆုံးစသိမ်းတယ်ဆိုတာ သိတယ်နော်.. ဘာလို့လဲဆိုတော့ ချိတ်ပိတိတံခါးနဲ့ နီးတဲ့ ဒီကျွန်းမမှာ မဟူရာအိုးမရှိဘူးဆိုတာ အာမခံနိုင်တယ်လေ ." ဆိုပြီး သူဘက်က အသာရနေတဲ့ ပုံစံနဲ့ ပြောနေဘေတယ်။

အမချန်။ "အင်းဟုတ်တယ်။....မင့်ကဒီကျွန်းမှာ စိတ်ဝင်စားနေတာ တစ်ခုရှိတယ်ဆိုတာ ရိပ်မိလို့ မင့်ပေါ်လာအောင်လုပ်လိုက်တာ....ငါသူကိုတွေ့ချင်လို့မဟုတ်ပါဘူး...စည်းကမ်းကိုကျော်ပြီးတွေ့လို့မရမှနိးသိပါတယ်။ ဒါပေမဲ့ သူမျက်လုံးပွင့်တဲ့ အချိန်လေး ငါ့မျက်နာလေးကိုမြင်စေချင်တယ်။ ငါမသေသေးဘူးဆိုပြီးတော့လေ။"
****************************************
29.4.2022