Ch 7
Viewers 203

Demon's love
အပိုင်း၇
ဘုရင်လေးရဲ့တိုင်းပြည်ရဲ့ စစ်ပြေ ငြိမ်းမှု

အမချန်ရဲ့ စကားအဆုံးမှာ သူမရဲ့ ဝမ်းနည်းမှု လွမ်းဆွပ်တမ်းတမှုတွေပြည့်နေပြီး ကြင်နာမှုတွေနဲ့နူးညံ့နေပြီး သူ့ရဲ့ လွမ်းနာကို ရင်ထဲပူလောင်စေတဲ့ အရက်နဲ့ဖြေသိပ်ဖို့ ဘေးနားက သေရည်တစ်ခွက်ကို သောက်လိုက်တယ်။ သောက်အပြီးမှာတော့ "မင့်ပြောတဲ့ သဲလွန်စကဘာလဲ "

သခင်လေးကိုး ။ "ထာဝရနယ်မြေနဲ့ ကမ္ဘာမြေတို့ကျု ချိတ်ဆက်နေတဲ့ တံခါးပေါက်နဲ့ ဆန့်ကျင်ဘက်နေရာ ...​ဒီထပ်ပိုပြီးတော့ပြောပြလို့မရဘူး..."ဆိုပြီး သခင်လေးကိုးဟာ မျက်နာအနည်းငယ်ပျက် သွားတယ်။

အမချန်ကလည်း ပုံမှန်မျက်နာ နဲ့အတူ ဘေးနာကသေရည်ကို ယူ သောက်လိုက်တယ်။ သောက်ပြီးကျန်သေးတဲ့ သေရည်နဲ့အတူ ခွက်ကိုကြည့်ကာ အေးစက်တဲ့ အသံနဲ့အတူ " အဲ့အခြေအနေနဲ့ ငါကဒီကမ္ဘာကိုစစ်ပြုတာရပ်ရမှာလား... ငါကတည်နေရာ အတိအကျ ကိုသိချင်တယ်။ "

သခက်လေးကိုး။ "အမချန်အပေါ် မတရားတာမလုပ်ပါဘူး... ကျန်တော်က ဒီတိုင်းပြည်က အမလိုချင်တဲ့ အရာမရှိတာမလို့ ဒီတိုင်းပြည်ကိုတော့ မထိနဲ့ လို့ပြောချင်ယုံပါ"

အမချန်။ "ကောင်းပြီ...အဲ့တိုင်းပြည်ကလွဲကျန်တာ လုပ်လို့ရတာဆိုတဲ့ သဘောပေါ့.... အာ့ဆို ဒီတိုင်းပြည်ရဲ့ နောက်တိုင်းပြည်တွေကို ဆက်တိုက်ရမှာပေါ့... "

အမချန်ကဘေးနားက သူ့ရဲ့ လက်ထောက်ကိုကြည့်ပြီး လေသံမာမာနဲ့ "ငါ့ရဲ့ မောင်ဖြစ်တဲ့ သူရဲ့မဂ်လာပွဲကိုတက်ပြီး နောက်ထပ်တိုင်းပြည်ကို တိုက်မယ်။ အခုကစပြီး ငါနဲ့ အမျိုးတော်မဲ့ ဘုရင်လေးရဲ့တိုင်းပြည်ကို ဘယ်သူမှမထိနဲ့ နောက်ပြီး ဒီတိုင်းပြည်ရဲ့သုံပန့်တွေအကုန်ကို ပြန်လွတ်လိုက်။ ဒါဘဲ..."

သခင်လေးကိုးဟာ နောက်ထပ်တိုင်းပြည်တွေတိုက်မယ်ဆိုတဲ့ အကြောင်းလည်းကြားရော်မျက်နာကတည်လာပြီး.."အမချန် ဒါဘာသကဘာလဲ..."

မျက်နာမှာလူယုတ်မာအပြုံးလေးပန်ဆင်ထားသူမိစ္ဆာဘုရင် ဟာ" ဒီတိုင်းပါဘဲ ဒီကျွန်းကိုတိုက်ပြီး သိပ်မကြာခင် တိုင်ပြည်ကို မတိုက်စေချင်တဲ့ သူဆီကနေ သဲလွန်စကိုရတယ်။ အဲ့တော့ ဆက်တိုက်ရင် ထပ်ပြီးများသဲလွန်စရမလားလို့ပါ"

သခင်လေးကိုး ။ "အမချန်...."
အမချန် ။ "ဘာလဲ အဲ့သဲလွန်စပီစိလေးနဲ့ ငါက ဒီကျွန်း ကနေထွက်သွား ပေးရမှာလား "
သခင်လေးကိုး ။ "အမ သူကလွတ်တော့မှာပါ အဲ့တာကို ဘာလို့ဇွတ်ဖွင့်ချင်ရတာလဲ "
အမချန် ။ "နင် ဒါတွေမသိနိုင်ပါဘူး... ခံမှမခံစားရတာ... ထားပါ... ခံစားဖူးမှနားလည်းမဲ့ကိစ္စအတွက် အမ မောင်လေးကို ပြိုင်မငြင်းချင်ဘူး...ဒါပေမဲ့ အမ ဒီကျွန်းကို အလွတ်ပေးမှာမဟုတ်ဖူး... ။"
အမချန်ရဲ့ စကားရဲ့ အဆုံးမှာ ပြတ်သားတဲ့ရုပ်ဖြစ်နေခဲ့တယ်။ သခင်​လေးကိုးလည်း တိတ်တဆိတ်သာနေဝံတော့တယ်။ သူမက ဘေးနားက သေရည်ကိုမော့သောက်လိုက်ပြီး တစ်ခဏကြာတော့ မျက်နာဖုံးထဲကမျက်ဝင်းလေးမှာ ဝမ်းနည်းမှုအရိပ်အရောင်နဲ့ စကားကိုဆက် ပြောတယ်။ "အမက မင့်အပေါ်မရက်စက်ပါဘူး မင့်တိုမဂ်လာလက်ဖွဲ့အတွက် အမဘာမှမပြင်ရသေးဘူးဘယ်တော့လောက်လဲ။ "

သခင်လေးကိုး ။ "ဒါက ကျန်တော်ရဲ့ဘုရင်လေးသဘောဗျာ ကျန်တော်က ဖြစ်နိုင်ရင်နက်ဖြန်လောက်လုပ်ချင်တာဗျ ရက်သတ်မှတ်ပြီးရင် ကျန်တော်ဖိတ်လိုက်ပါမယ်။ "

အမချန် ။ "အင်း အမ မင့်ရဲ့မျက်နာကြောင့် မင့်တို့ မဂ်လာဆောင်ပြီး တစ်နှစ်လောက် စစ်ပွဲကိုရပ်ဆဲမယ်။ ဒါအမလုပ်နိုင်တဲ့နောက်ဆုံးအရာဘဲ ကလေးမင့်ဒီလောက်နဲ့ကျေနပ်နော် နောက်ပြီး...... "လို့ပြောတုန်း အမချန်ဟာခေါင်းကိုက်လာတယ် သူဟာခေါင်းကိုခဏကိုင်လိုက်တော့ သူမဘေးနားက ကောင်မလေးတစ်ယောက်က ဘေးနားကနေထဖို့ကူပြီ "သခင်လေးကိုး သခင်မချန်က သခင်လေးတစ်ဆယ် အချုပ်ခံရပြီးကတည်းက စိတ်တွေမကောင်းဖြစ်ပြီး လူပါနေမကောင်းဖြစ်နေပါတယ်။ ဒါကြောင့် သခင်မလေးချန်ကိုအနားယူခွင့်ပြုပါဦး.... ဧည့်သည်ကိုပို့ဆောင်ပေးပါဦး"

အမချန်ကအဲ့လိုပုံစံဖြစ်သွားတော့ သခင်လေးကိုးဟာ အနည်းငယ်ဝမ်းနည်းသွားခဲ့တယ် ။ နောက်ပြီး အမချန်ရဲ့လက်ထောက်ကို ပြောခဲ့တယ်။ "အမချန်ကိုဂရုစိုက်ပေးပါ နောက်ပြီး သူနဲ့ပတ်သတ်ပြီး တောင်းပန်ပါတယ်လို့လဲပြောပေးပါ ကျန်တော်တို့ညီကိုလည်းမတက်သာလို့ပါလို့"

လက်ထောက်။ "ဟုတ်ကဲ့ပါသခင်လေး သေချာမှာလိုက်ပါ့မယ်"ဆိုပြီး ဂါဝါပြုပြီး မိစ္ဆာဘုရင်မကိုသယ်ကား တဲထဲကနေထွက်သွားတယ်

သခင်လေးကိုးကလည်း ဝမ်းနည်းစွာတဲ့လေသံနဲ့ "ကိုယ်ရဲ့ဘုရင်လေး တောင်းပန်ပါတယ် ကိုယ် မင့်ရဲ့နိုင်ငံဘဲကယ်နိုင်တယ် ဒီကျွန်းကိုတော့ လက်လျော့ရမယ် အမချန်ကလုပ်မယ်ဆိုတကယ်လုပ်မဲ့သူမလို့ပါ"

ဘုရင်လေး။ "မင့်ရဲ့ဂတိအတိုင်းပြည်ကို ကယ်ပြီးပြီး မနက်ဖြန်ကျ ငါကိုယ်တော် နဲ့ထိမ်းမြားမယ် ဒါပေမဲ့ ငါကိုယ်တော်မင့်ကိုချစ်လာမယ်လို့တော့ မမျော်လင့်နဲ့ "ပြောဆိုပြီးတာနဲ့ ရှေ့ကနေထွက်သွားခဲ့တယ်။

ထိုစကားကိုချစ်စရာကောင်းတယ်လို့တွေးနေတဲ့ သခင်လေးကိုးဟာ(ဘယ်လောက်တောင်ချစ်ဖို့ကောငိးလိုက်လဲ ကိုယ်ဘုရင်လေးရယ် မင့်ဘယ်လောက်ရုန်းရုန်း ကိုယ်ကတော့ မင့်ကိုယ်ကိုစွဲလမ်းတဲ့ တစ်ရက်တော့ရှိလာစေရမယ်) ဆိုပြီးအပြုံးလေးနဲ့တွေးကာ"ဝေ.....ကိုယ်ကိုစောင့်ဦးလေ...ကိုယ်အိမ်ပြန်လမ်းမသိဘူးရယ်..."

ထိုစကားကိုကြားတော့ဘုရင်လေးတစ်ယောက်(ပေါ်တင်ကြီးညာတာဟ...သူဘဲနန်းတော်ထဲတစ်ယောက်တည်းလာပြီးတော့ နောက်ပြီးဒီနေရာလည်းသူခေါ်လာတာကို) ဆိုပြီးတွေးနေတုန်းရှိသေးတယ် သူ့ရဲ့လက်ကိုဟိုတစ်ယောက်က အသားယူကိုင်ပြီးနေပြီး

13.8.2022
Moonlight z