Ch 8
Viewers 265

အပိုင်း8.                          13.8.22
သုံပန်နဲ့စစ်ကြေးလာပေးခြင်း

ဘုရင်လေးအတော်လန့်သွားသလိုဒေါသလည်းထွက်သွားတယ်။ သူရဲ့ဒေါသဟာ မျက်နာမှာပေါ်နေတယ်။ ထိုမျက်နာပေါ်ကမကြေနပ်ချက်ဟာ သခင်လေးကိုးအဖို့ ချစ်ဖို့အလွန်ကောင်းနေတယ်။ သခင်လေးကိုးဟာဘုရင်လေးကိုဖတ်ပြီး ထိုဒေါသထွက်နေတဲ့မျက်နာကို နေရာလပ်မချန်အကုန်လုံးကို နမ်းပစ်ချင်တယ်။

သူတို့ခဏအကြာနှစ်ယောက်ထည်း လမ်းလျေယ်ကပြီးနောက် ဘုရင်လေးရဲ့ခံတပ်ကိုရောက်လာတယ်။ စစ်သားတွေ စစ်သူကြီးတွေဟာ လောက်ရောက်ကျိုကြတယ်။ ထို့ချိန်သူတို့ရဲ့ဘုရင်ကို ထိုအဝတ်နီနဲ့ သတိုးသမီးပါဝါအုပ်ထားတဲ့ မိစ္ဆာကပိုင်းစိုးပိုင်နက်နဲ့ လက်ကို ကိုင်ထားပြီး သူတို့ရဲ့အရှင် ဟာ လည်း လက်မခံချင်ဘဲအကိုင်ခံရတာကိုမြင်တော့ သူတို့ရင်ထဲအတော်ကို ကျေကွဲရတယ်။(ငါတို့ညံ့လို့ ငါတို့အရှင်မိစ္ဆာနဲ့ လက်ထပ်ရတာ ....ငါတို့အသုံးမကျလို့အခုလို.....)ထိုသို့အတွေးနဲ့အတူ စစ်သားတွေရဲ့ နှလုံးဟာငိုကျွေးလို့နေတယ်။ သူတို့ဘုရငမဟာသူတို့ကိုကြညိ့ပြီး "ကိုယ်တော်ရဲ့ ရဲ့ရင့်တဲ့စစ်သည်တို့ အခုကိုယ်တော်တို့ဟာမိစ္ဆာတွေနဲ့ စစ်ပြေငြိမ်းသွားပြီး အခုကစပြီး ငြိမ်းးချမ်းသွားပြီး "ထိုသို့အသံနဲ့ အတူ စစ်သည်တို့ရဲ့ ဝမ်းမြောက်စွာအော်သံကဟိမ်းမည်နေတယ်။ ဒါပေမဲ့ စစ်သည်တွေရဲ့ နှလုံးသားထဲကကျေကွဲတဲ့အော်ငိုသံကိုတော့ မမှီခဲ့ပါဘူး။

ဘုရင်လေးတို့စစ်တပ် တပ်စွဲရာနေရာကိုရောက်ပြီး သိပ်မကြာမှီ သမင်ချို၊လူခန္ဓာကိုယ်တစ်ပိုင်း သခင်ခန္ဓာကိုယ်တစ်ပိုင်းနဲ့ မိစ္ဆာတွေဘက်ကနေ တပ်မှုးတစ်ယောက်နဲ့ သုံ့ပန်းတွေကိုလာပို့လေတယ်။ ထိုသုံးပန်းဟာအရမ်းကိုများလွန်းတယ်။ ပြောရရင်ထိုသုံးပန်းဟာဘုရင်လေးရဲ့ ပြည်သူတွေအားလုံးနီးပါးရှိတယ်။

သုံပန်းတွေကိုခေါ်လာတဲ တပ်မှုးဟာ"သခင်ရဲ့အမိန့်အတိုင်း သခင်မလေးကိုး(ဘုရင်လေးကိုဆိုလိုချင်တာပါ)ရဲ့ပြည်သူတွေကို အကုန်လွတ်ပေးပြီပါပြီ သိပ်မကြာခင် ကျနော်တို့သခင်သက်သာတာနဲ့ တပ်ပြန်ဆုပ်ပေးပါမယ်။ "လို့ပြောခဲ့တယ်။

ဘုရင်လေးဟာထိုစကားတွေထဲက သခင်မလေးဆိုတာသူ့ကိုရည်ညွန်းမှန်း သိခဲ့တယ်။ သူဟာယောက်ျားတစ်ယောက် ရှင်ဘုရင်တစ်ယောက်ဖြစ်ပြီး တစ်ဖက်ကသူ့အားသခင်မလေးကိုးလို့အခေါ်ခံရတော့ သူ့အတော်ဒေါသထွက်သွားတယ်။ ဒါပေမဲ့ သူလက်ထပ်မဲ့သူကို ထိုမိစ္ဆာတွေက သခင်လေးကိုးလို့ခေါ်တော့ သူဟာလည်းအလိုလိသခင်မလေးက်ုးဖြစ်သွားတယ်။ သူနားလည်ပေမဲ့လက်မခံနိုင်ဘူး သူဟာမိန်းမတစ်ယောက်မဟုတ်ဘူးလေ။ ဒါပေမဲ့ အားမသန်တော့မာန်ဟာလျော့ရတယ်။ သူရဲ့ဒေါသကိုအတက်နိုင်ဆုံးဖျောက်ပြျိး"အင်း"တစ်လုံးဘဲပြောလာတယ်။ နောက်ပြီးထိုတပ်မှုးဟာ သုံးပန်းနဲ့အတူ ရိပ်က္ခာ ရွှေငွေတွေပါထည့်ပေးလာတယ်။

မိစ္ဆာတပ်မှုး "ဒါက ကျနော်တို့ဘက်ကမပေးလည်းရပေမဲ့ ကြင်နာတက်တဲ့ ကျန်တော်တို့သခင်က စစ်လျော်ကြေးနဲ့ တိုင်းပြည်ပြန်တည်းထောင်နိုင်အောင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ လက်ထပ်ပွဲသတ်မှတ်ပြီးရင် လာရောက်အကြောင်းပေးဖို့ပါ သခင်ကမှာလိုက်ပါတယ်။ "

ထိုတပ်မှုးဟာထို့သို့ပြောရင် သူတို့ဘုရင်မပေးခိုင်းတဲ့ရတနာ ရိက္ခာတွေကိုပေးပြီးပြန်လှည့်သွားခဲ့တယ်။သူပြန်သွားပြီ နောက် ထိုတပ်မှုးကို ရန်လိုနေတဲ့ မျက်နာတွေဖြင့်ကြည်နေတဲ့ ဘုရင်လေးရဲ့ စစ်သည်တွေက တည်ရှိနေတယ်။ သူတို့ရဲ့မခံရပ်နိုင်တဲ့ကိစ္စအတွက်သူတ်ု့ဟာထိုတပ်မှုးကို ရန်လုပ်လို့မဖြစ်နိုင်ဘူး ထိုတပ်မှုးဟာသူတစ်ယောက်တည်းနဲ့ သူတို့ညီနောင်ပေါင်းရာချီပြီးသတ်ခဲ့တယ်။ နောက်ပြီး အခုထိုမိစ္ဆာတွေလာပို့တဲ့ သူတို့ရဲ့ညီနောင် တွေဟာ မိစ္ဆာတွေရဲ့ကစားခြင်းကိုခံရတယ်။ ခြေကိုယ်အကောင်းတိုင်းဆိုပေမဲ့ ဒဏ်ရာ​တွေ ေကြည့်ရှုလို့မကောင်းအောင်ပင်ရှိနေတယ်။ ဒါပေမဲ့ ပြည်သူတွေဟာ လုံးဝဒဏ်ရာရှိမနေဘူး သူတို့အံသြမိတယ်။ သူတို့ကြားတာ က စစ်သားတွေဘဖြစ်ဖြး် ပြည်သူဘဖြစ်ဖြစ်ကျားမ ကလေးလူကြီးမရွေးသူတို့ဟာကစားကြတယ်။

ခြေလက်တွေမရှိတာမျိုး ကျွန်လိုခိုင်းစေတာမျိုး လိင်ကျွန်လိုမျိုးပါဖြစ်စေပေမဲ့ ယခုသူတို့ရဲ့ပြည်သူတွေမှာ မှည့်တစ်ပေါက်တောင်မစွင်းဘူး ။ ဘုရင်လေးရဲ့စစ်သည်တွေဟာ သူတို့မိစ္ဆာတွေအပေါ်ရန်လိုနေတာ သိတဲ့အတိုင်းပြန်မယ်လုပ်နေတဲ့ တပ်မှုးဟာလှည့်ပြီး "ငါတို့သခင်က သခင်လေးကိုးဒီလိုလုပ်မယ်ဆိုတာ ခန့်မှန်းမိလို့ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေ စစ်သုံးပန်းတွေကို မှည့်တစ်ပေါက်မှ မစွင်းအောင်လုပ်ခိုင်းပေမဲ့ စစ်သုံးပန်းတွေရဲ့ပါးစပ်စည်းမစောင့်ကြောင့်လုပ်တာပါ သခင်ကိုးဒါတော့ကျနော်တို့ကိုခွင့်လွတ်ပေးပါ ဒါကသခင်နဲ့မဆိုင်ပါဘူး။" ထိုသို့ပြောသံကြားတေယ့ သခင်ကိုးဟာခေါင်းငြိမ့်လာတယ်။ ထိူ့နောက်ထိုတပ်မှုးဟာထွက်သွားတယ်။

13.8.2022
Mooonlight z