Ch 9
Viewers 260

အပိုင်း9
လက်ထပ်ပွဲ မတိုင်ခင်

ထိုထွက်သွားတဲ့ တပ်မှုးပြောခဲ့တဲ့ စကားထဲက သခင်မလေးကိုးဆိုတာ သူတို့ဘုရင်မလေးကိုပြောတာ ဆိုတာသတိထားမိတယ်။ စစ်သားတွေအကုန်ဒေါသထွက်နေခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ အရှုံးသမားဖြစ်တဲ့အတွက် မာန်လျော့ရုံသာတက်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ထိုဝတ်ရုံနီနဲ့ မိစ္ဆာကို ဒေါသမျက်လုံးနဲ့ ကြည့်လိုက်မိတယ်။ (မိစ္ဆာတွေကိုမုန်းတယ် ။ သူတို့ကြောင့်ငါ့တို့ရဲ့ သာယာနေတဲ့ ဘဝလေးဟာငရဲဖြစ်စေတာ မကောင်းဆိုးဝါးတွေ ​သေသင့်တယ်)အစရှိသဖြင့်သူတို့ရဲ့ရင်ထဲကရန်ညိုဟာတိုးပွားလို့နေတယ်။

နောက်ပြီးရန်ညိုးတိုးပွားလာတာနဲ့အတူသူတို့ရဲ့ အနစ်နာခံခဲ့တဲ့ ဘုရင်လေးကိုလည်း သူတို့ရဲ့သစ္စာတရားဟာပိုလိုခိုင်မြဲစေတယ်။ ဘယ်လို အခြေအနေဘဲ ဖြစ်ဖြစိယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့လက်ထပ်ဖို့ ဖိအားပေးခံရတာဟာသူတို့အဖို့ ရင်နင့်ဖို့ကောင်းအောင်နာကျင်နေခဲ့တယ်။ သူတို့ရဲ့ဘုရင်ရဲ့နေရာဟာဘယ်အပိုင်းဘဖြစ်နေပါစေ ။ သူတိုအရှင် ဟာဖိအားပေးခံရတာကိုတွေးကြည့်ယုံနဲ့တင် အူးထဲအသဲထဲကိုနာကျင်ရတယ်။
*************************
တပ်စွဲထားတဲ့နေရာရဲ့ တဲတစ်ခုထဲမှာ စစ်သူကြီး ၊ စစ်ဗျူဟာမှုး၊ စသည့်စစ်ဘက်ဆိုင်ရာ အကြီးအကဲရယ် ဘုရင်လေးရယ် သခင်လေးကိုးရယ် အထဲမှာရှိနေတယ်။ တစ်ယောက်မှစကားမပြောဘဲတိတ်ဆိတ်လို့နေတယ်။  သေချာပေါ်သခင်လေးကိုးကတော့ ဘုရင်လေးရဲ့ လက်ကို ကိုင်ထားဖို့ကမမေ့ပါဘူး။

ထိုကိုင်ထားတဲ့လက်ကိုဘုရင်လေးဟယစတင်ဖြုတ်လိုက်ပြီး "အပြင်မှာတစ်ယောက်ယောက်ရှိလား...."ခေါ်လိုက်တဲ့ အသံဟာတိတ်ဆိတ်မှုကို ဖြိုခွင်းလို့နေတယ်။ သိပ်မကြာခင်မှာဘဲအပြင်ကနေစစ်သားတစ်ယောက်ဝင်လို့ရောက်လာလေတယ်။

ဘုရင်လေး။ "သူ ကိုနားဖို့ ခေါ်သွားလိုက် "

ထိုအမိန့်စကားအပြီးမှာစစ်သားဘေးဟာဦးညွန့်ပြီး"လူကြီးမင်း ဒိဘက်ကြွပါ"

သခင်လေးကိုးလည်းအပြင်ထွက်သွားရော် စစ်တပ်ပိုင်းကအကြီးအကဲတွေဟာ ချက်ချင်းဆိုသလို ထိုင်ခုံပေါ်ကဆင်းပြီး ဒူးထောက်ကား "အရှင်ကျန်တော်တို့ သေသင့်ပါတယ်။ ကျန်တော်တို့ကိုအပြစ်ပေးပါ ။ ကျနော်တို့ ညံခဲ့လို့ အခုလိုမိစ္ဆာတစ်ကောင်ကိုလက်ထပ်ရတာပါ ။ ကျနော်တို့​သေသင့်ပါတယ်။ "

ဘုရင်လေးဟာခုံပေည်မှာရှိတဲ့ရေနွေးခွက်ကိုသောက်ရင်း "ဒါကမင့်တို့ညံ့တာမဟုတ်ဖူး သူတို့ကိုက စွမ်းလွန်းတာ မင့်တို့တင်မကဘူး ဒီကဘယ်သူမဆိုသူတို့ကိုနိုင်ဖို့ဆိုတာမဖြစ်နိုင်တဲ့ ကိစ္စဘဲ ။ စိတ်ထဲမထားနဲ့ "

စစ်သူကြီး။ "အရှင် သူကိုဘယ်လိုလုပ်ပေးရမလဲ တကယ်ဘဲ ကျန်တော်တို့ရဲ့ မိဘုရားခေါင်လုပ်ခိုင်းမလို့လား။"

ဘုရင်လေး။"ငါကိုယ်တော် ကသူနဲ့အပေးအယူလုပ်တာ သူဘက်ကပေးစရာရှိတာပေးပြီးပြီး ငါဘက်ကလည်းအဲ့ကတိကိုတည်ရမယ်။ စိတ်မကောင်းပေမဲ့ သူကမင့်တို့ရဲ့ မိဘုရားခေါင်းဖြစ်လာမှာဘဲ။ အခုတပ်စွဲထားတဲ့နေရာနဲ့ နန်းတေယ်နဲ့မဝေးဘူး သူကိုမနက်ဖြန်ငါ့ကိုယ်တော်ရဲ့ မိဘုရားအဖြစ်တင်မြောက်မယ်လို့ ကတိပေးပြီးသွားပြီး။ ဒါဘဲ အသင့်ပြင်ထားကြ။"

"အမိန်အတိုင်းပါ,,"
****************************
နားနေဖို့လိုက်ပို့တဲ့တစ်လျောက်မှာသခင်လေးကိုးဟာ သူအပေါ်ထားတဲ့ စစ်သားတွေရဲ့အမုန်းကြောင့် ဝိုင်းကြည့်နေတာကိုသတိထားမိတယ်။ မကြာခင်ထချတော့မယ် ပြင်နေတာရော် သူတို့က မီးပုံဘေးနာမှာစားသောက်နေတဲ့ပုံလုပ်နေပေမဲ့ သူတို့ဘေးရဲ့ ဓားကိုကိုင်နေတာကိုသတိထားမိတယ်။ ဒါပေမဲ့ အမှူအရာမပျက် ဆက်လက်လျောက်နေတယ်။ လျောက်ရင်းလျောက်ရင်း နဲ့နောက်ကနေ စစ်သားတစ်ယောက်ကအရှိုန်နဲ့သူအားဓားနဲ့ လာထိုးလာတယ်။

ထိုအရာကိုကြိုသိနေတဲ့ သခင်လေးကိုးဟာတန်းကိုဘေးကိုရှောင်လိုက်တယ် ။ ဘောကိုရှောင်လိုက်တာဖြစ်တဲ့အတွက် ဓားနဲ့လာထိုးတဲ့စစ်သားလေးဟာအရှိန်လွန်သွားတယ်။ ထိုအရှိန်လွန်နေတဲ့ စစ်သားလေးကို လက်တစ်ဖက်နဲ့ ပြန်ဖမ်းပြီးချုပ်ထားလိုက်တယ်။

သူတို့ရဲ့ ညီနောင်အချခံလိုက်ရတော့ အနီးအနားရှိ နော်ကထပ် စစ်သားနှစ်ဆယ်ကိုးယောက်ဟာ သခင်လေးကိုးကိုလာချလာကြတယ်။ သူတို့ကအများနဲ့တစ်ယောက်ဖြစ်တဲ့အပြင် အများကလက်နက်နဲ့ တစ်ယောက်ထည်းသောသူက လက်နက်မဲ့ ဖြစ်နေပေမဲ လက်နက်နဲ့ အများက တစ်ယောက်တည်းသော်လက်နက်မဲ့ကို ချစ်ရာလေးတောင်ထင်အောင်မစွမ်းဆောင်နိုင်ခဲ့ဘူး ။ ချစ်ရာလေးမပြောနဲ့ ခေါင်းပေါ်က သတိုးသမီးပဝါလေးတောင် အောက်ကျအောင်မလုပ်နိုင်ဘူး

သူတို့ချတဲ့အသံဟာတဖြည်းဖြည်းကျယ်လောင်လာကာ တစ်တပ်လုံးကြာလာပြီးတတပ်လုံးရောက်ချလာတယ်။ ဒါပေမဲ့ ရောက်လာတဲ့တပ်သားတွေဟာ ဒဏ်ရာရတဲ့လူတွေဖြစ်နေလို့ဘဲလားတော့မသိ သူတို့ကို ရောက်လာတဲ့သူအများကမကူဘဲ အားသာပေးနေတယ်။ ထိုအားပေးသံကြောင့်လားမသိ ခဏကြာတော့ ဘုရင်လေးရောက်ချလာတယ်။

ဘုရင်လေး"ဘာတွေဖြစ်နေတာလဲ

14.8.2022
Moonlight z