Ch 10
Viewers 255

အပိုင်း10
ဘုရင့်ရဲ့ အထူးတပ်ဖွဲ့

ဘုရင်လေးကဆူညံသံကြားတော့ တဲအပြင်ကနေထွက်ကြည့်တော့ တပ်ကလူတွေအကုန်လုံးတစ်နေရာထဲမှာ ဝိုင်းစုနေကြတယ်။ အဲ့တာမြင်တော့ သူနဲ့နီးတဲ့စစ်သားလေးကိုမေးလိုက်တယ်။ "ဘာဖြစ်နေကြတာလဲ။ "
စစ်သား"အရှင်ကိုလျောက်တင်ပါတယ်။ မိဖုရားလောင်းနဲ့ စစ်သားတွေနဲ့ ရန်ဖြစ်နေတာပါတဲ့ " 

ဘုရင်လေးဒေါသထွက်လာပြီး"ဘာ"ဆိုတဲ့ စကားပြောအပြီးမှာ သြဇာညောင်းတဲ့အသံနဲ့ "ရပ်ကြစမ်း"ဆိုထွက်လာတယ်။ ဘုရင်လေးရဲ့ဒေါသပါတဲ့ထိုအသံထွက်လာပြီးနောက်မှာ
စစ်သားတွေအကုန်လုံးဟာဘုရင်လေးဘက်ကိုလှည့်ကြည့်လာတယ်။ ရန်ဖြစ်နေတဲ့စစ်သားတွေပါအပါအဝင်ပေါ့ ။ နောက်တော့ ရန်ဖြစ်နေတဲ့နေရာဆီသို့ ဘုရင်လေးအတွက် လမ်းဖယ်ပေးကြတယ်။ ဘုရင်လေးလည်း လမ်းအတိုင်းတည့်တည့် သွားပြီး နောက် သခင်လေးကိုး အနားကိုရောက်တဲ့အခါ "မင့်ကငါကိုယ်တေယ်ရဲ့ စစ်သားတွေကို ရန်စနေတာလား မင့်ကဘာလိုချင်နေတာလဲ"

သခင်လေးကိုး ဟာ မရင့်လွန်း မနူးညံလွန်းတဲ့ နူးညံ့တဲ့အသံဖြင့် "ကိုယ်ရဲ့ဘုရင်လေး အထင်နည်းနည်းလွဲနေတဲ့ပုံဘဲ။ ကိုယ်ရဲ့ဘုရင်လေးမင့်ဘဲ စဥ်းစားကြည့်လေ အခုဖြစ်တဲ့ရန်ပွဲက အယောက်သုံးဆယ်နဲ့တစ်ယောက် နောက်ပြီးကိုယ်က လက်နက်မဲလေ သူတို့ကလက်နက်နဲ့လေ အဲ့တာကို ကိုယ်ကသူတို့ကိုစတဲ့ပုံထင်နေတာလား"

ထိုစကားဟာဘုရင်လေးရဲ့ ဟာ ဒေါသထွက်တဲ့အသံနှင် "ဘယ်သူစတာလဲ မှန်မှန်ဖြေကြ" ထိုစကားသံရဲ့အဆုံးမှာ သခင်လေးကိုးကိုရန်စတဲ့ စစ်သည်လေးဟာရှေ့ထွက်လာပြီး "ကျန်တော်မျိုးကစပြီး သူကိုဓားနဲ့ထိုးတာပါ ကျန်တဲ့ သူတွေက ကျန်တော်ချခံရပြီးအထင်နဲ့ကူတာပါသူတို့မှာအပစ်မရှိပါဘူး" ထိုနောက် တစ်​ယောက်ပြီးတစ်ယောက် "ကျန်တော်စတာပါ ကျန်တော်အမှားပါ "ဆိုပြီးအကုန်လုံးစလာတယ်။

ဘုရင်လေး။" အတင့်ရဲလိုက်တာ မင့်တို့ကောင်တွေ အပစ်ရှိတယ်။ သိတယ်မလား ဘာဘဲဖြစ်ဖြစ်သူကမင့်တို့ရဲ့ ဘုရင်မဖြစ်လာမဲ့သူဘဲ နောက်ပြီးငါကိုယ်တော်ရှေ့မှာအဲ့လို့အတင်ရဲလာတယ်။ အဲ့တော့မင့်တို့တွေကို တော်ဝင်မိသားစုကိုတိုက်ခိုက်တဲ့အပစ်နဲ့ သေဒဏ်ချမှတ်....။"ထိုစကားမဆုံးခင်

သခင်လေးကိုး။ "နေဦး....ဘုရင်လေး သူတို့က ကိုယ်ကိုတိုက်တာ အဲ့တော့ သူတို့ကိုအပစ်ပေးခွင့်ကို ကိုယ်ကိုပေးပါလား ။"

ဘုရင်လေး။ "အပြစ်ချမှတ်ရမှာငါကိုယ်တော်ရဲ့တာဝန်ဘဲ ။ ငါကိုယ်တေယ်ရဲ့ဆုံးဖြတ်ချက်ကိုသံသယ ဝင်တာလား။"

သခင်လေးကိုး။"မဟုတ်ပါဘူး။ ကိုယ်ကတွေးမိတာ အမချန်ရဲ့လုပ်ရက်ကြောင့် မင့်ဆီမှာ စစ်သားဆိုတာသိပ်မရှိတော့ဘူး အဲ့တော့ သူတို့ကိုသတ်ရမယ်ဆို သူတို့အသက်ကနမြောစရာဘဲ ကိုယ်သူတို့ကိုမသတ်စေချင်ဘူး။"

ဘုရင်လေး။"အို... ဒါဆိုဘယ်လိုလုပ်ချင်လဲ"

သခင်လေးကိုး။"သူတို့ကို ကိုယ်ဆီပေး ကိုယ်သူတို့ကို သိုင်းသင်ပေးမယ်။ လေ့ကျင့်ပေးမယ်။ မင့်အတွက် အင်အားကောင်းတဲ့အထူးတပ်ဖွဲ့ ဖြစ်လာစေရမယ်။ သူတို့ကိုယ် သူတို့ကိုသင်တဲ့အချိန်ကလွဲ သူတို့ကိုယ်အမိန့်ကို နာခံစရာမလိုဘူး ။ သူတို့ကမင့်အမိန့်နဲ့ဘဲ လှုပ်ရှားမဲ့ အစွမ်းထက်တဲ့ တပ်ဖွဲလုပ်ပေးမယ်။ သူတို့အခုလိုတိုက်တာမင့်အတွက် အဲ့တော့ကိုယ်ခွင့်လွတ်တယ်။ ဘယ်လိုသဘောရလဲကိုယ့်ရဲအရှင်"

ဘုရင်လေး။ "သဘော"ဆိုပြီးစိတ်မပါလက်မပါနဲ့ပြောပြီးထွက်ခွာသွားတယ်။

ထိုနောက်သခင်လေးကိုးဟာ"ကဲ..မင့်တို့ရှေ့ကရှိနေတဲ့ မင့်တို့တွေမုန်းပါတယ်ဆိုတဲ့ ငါက အခုမင့်တို့ရဲ့ဆရာဘဲ ။ပုံမုန်ဆိုမျက်နာပြပြီးနှုတ်ဆက်သင့်ပေမဲ့ ဘုရင်လေးကငါ့မျက်နာမမြင်သင့်ဘူးလေဟုတ်တယ်မလား မင့်တို့ရဲ့ရိုးရာလေ လက်မထပ်ခင် သတို့သားနဲ့သတို့သမီးနဲ့ကမတွေ့သင့်ဘူးဆိုတော့ မျက်နာကို လက်ထက်ပွဲ ပြီးမှပေါ့ကွာ။ဟားးးဟားးးး ကဲ့မိတ်ဆက်မယ် ငါ့အမည်က ကျိုးအား တစ်ချို့ကသခင်လေးကိုးလို့ခေါ်တယ် တချို့ကဓားနတ်ဘုရားလို့ခေါ်တယ်။ ငါကဓားကလွဲကျန်တာမသုံးတက်ဖူး မင့်တို့ကိုဓားသိုင်းကို ကျွမ်းကျင်အောင်သင်ပေးမယ်။ အဲ့မတိုင်ခင် မင့်တို့ရဲ့ပျော့်ညံတဲ့ ခန္ဓာကိုယ်ကိုလေ့ကျင့်ပေးမယ်။ မင့်တို့တွေ ငါကို အမွေးတိုင်ငါးတိုင်ကုန်တဲ့အထိ စိတ်ကြိုက်တိုက်နိင်တယ်။ ငါကမင့်တို့ကိုရှောင်ဘဲရှောင်မယ်။ ဒါပေမဲ့ .....မင့်တို့ရှုံးရင် ငါပေးတဲ့အပစ်ခံယူရမယ်။ အခုတော့အပစ်က ဒီတပ်စခမ်းကိုး အပတ်ပေါင်းတစ်ရာ ပြေးရမယ် မပြီးမချင်း ထမင်းမစားရဘူး။ ကဲအဲ့တော့ ပြေးပေတော့ တ.ပည်.လေး.တွေ"


17.8.2022
Moonlight z