Ch 11
Viewers 193

အပိုင်း 11
နန်းတော်သို့ပြန်သွားခြင်း part (1)

အရှုံးကိုလက်မခံချင်ခံချင် ပေမဲ့ သူတ်ု့ရဲ့အရှင်ဟာထိုမိစ္ဆာ ကြီးဆီမှာသူတို့ကိုအပ်ခဲ့ပြီး ထိုမိစ္ဆာကြီး စကား နားမထောင်ချင်ရင်တောင် မရတော့ဘူး ထို့ကြောင့်မကျေနပ်ကျေနပ်နဲ့ ပြေးပါလေရော် သူတို့ဟာစစ်သားတွေဖြစ်တဲ့အတွက် ထိုအပြေးဟာ သိပ်ပြီးသူတို့အပေါ်ဝန်မပေ ။ ဒါပေမဲ့ သိပ်မကြာခင်မှာ စစ်တပ်ကလူတွေက နန်းတော်ကိုပြန်တော့မယ်။ ထိုအချိန်မှာ သူတို့က ပြေးလို့မပြီးသေးရင် သူတို့က စစ်စခန်းမှာကျန်နေခဲ့မှာ ဒါ့အပြင်သူတို့ဟာပြေးထားတဲ့အတွက် ဗိုက်ဆာမိမှာ ထိုချိန်ဘယ်သူမှမရှိတဲ့ ဒီနေရာမှာသူတို့ကြည်ဘဲဆိုသေနိုင်တယ်။

သူတို့ထဲကတစ်ယောက်က "ဟေးးသိပ်မကြာခင် နန်းတော်ပြန်ရတော့မှာမဟုတ်ဖူးလား၊ အဲ့ချိန်သာ......"လို့တိုးတိုးပြောလာတယ်။်
နောက်တစ်ယောက် "သူ.ကိုဘယ်လိုခေါ်ရမှာ"
နောက်ထပ်တစ်ယောက်"ဆရာလို့ခေါ်ရလား သူပြောတဲ့အမည်တွေထဲက တစ်ခုခေါ်ရမှာလား"
နောက်တစ်ယောက် "မေးကြည့်ရအောင် "ဆိုပြီးတစ်ယောက်တစ်ခွန်းပြောနေကြတယ်။

ခဏကြာတော့ သူတို့ထဲက ကျိုအားကိုအရင်တိုက်တဲ့သူက" ဝေ ခင်များကို ကျုပ်တို့ကဘယ်လိုခေါ်ရမှာလဲ"

ထိုစကားသံကြားတော့သခင်လေးကိုးကလှည့်ကြည့်လားပြီး"အခုငါနဲ့မင့်တို့ရဲ့ဆက်ဆံရေးကဘာလဲ"

စစ်သားတွေကတစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး"ဆရာတပည့်ပါ"လို့ပြောတယ်။

ကျိုအား(သခင်လေးကိုး) ။."အဲ့တော့မင့်တို့ ငါ့ကိုဆရာလို့မခေါ်သင့်ဘူးလား"ဘဝင်မြင့်နေတဲ့ မျက်နာထားဖြင့် 😎

အားလုံးဟာရဲ့မျက်နာဟာ(ခေါ်မဲ့အစားလဲသာသေချင်တယ်🤢)ဆိုတဲ့မျက်နာဘေးလေးဖြင့်ကြည့်နေတယ်။

ထို့နောက်သခင်လေးကိုးအား ။ "ကျန်တော်တို့တွေ ခဏနေရင်နန်းတော်ကိုပြန်ကြတော့မှာလေ အဲ့တော့ကျန်တော်တို့ လည်းစစ် မြေပြင်ကနေပြန်ရတော့မှာလေ လေ့ကျင့်ရေးကွင်းမှဘဲ....."

သခင်လေးကိုး ။"နောက်ပြီးမင့်တို့ကဘာလဲ ငါ့ရဲ့ အမိန့်ကိုလွန်ဆန်ချင်တာလား" ဆို့တဲ့အမေးအပြင် သခင်လေးကိုရဲ့ အရိုးထဲထိအေးစက်နိုင်တဲ့ အသံပါကြားလိုက်ရတယ်။

ဒါပေမဲ့ သခင်လေးကိုးရဲ့တပည့်တွေဟာ စစ်သားတွေဖြစ်တဲ့အတွက်ထို့အသံနဲ့ ကျင့်သားရနေပြီဖြစ်တယ်။ စစ်သားတွေထဲကတစ်ယောက်ဟာ"ကျနော်တို့အရှင်ကိုခများကတိပေးပြီးသားလေ ခင်မျ ကျနော်တို့ ကိုအမိန့်မပေးပါဘူးလို့" ထိုစကားသံအပြီး "ဟုတ်တယ် ဟုတ်တယ်" ဆိုတဲ့ အသံတွေနဲ့ မကျေနပ်တဲ့လေသံတွေပေါ်လာတယ်။

သခင်လေးကိုး။ "မင့်တို့ကိုအမိန့်မပေးဘူးဆိုတာတော့ ကြားတယ်။ မင့်တို့ကို သင်ကြားဖို့အတွက် ဆရာအနေနဲ့အမိန့်ပေးမယ်လို့ပြောခဲ့တာကို မကြားတာလား သဘောမပေါက်တာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်တာလား" သခင်လေးကိုးရဲ့ အသံဟာဒေါသတွေ နှစ်မြုပ်နေပြီ လူသတ်ချင်တဲ့အရှိန် လည်းထုတ်လွှနေတယ်။

သခင်လေးကိုး ။."ကောင်းပြီး ငါမင့်တို့နဲ့ သိုင်းပြိုင်မယ်။ အများနဲ့တစ်ယောက်ဘဲ ။ငါက သစ်ချောင်းလေးဘဲကိုင်မယ်မင့်တို့ကတော့ ဓားအစစ်ကိုသုံးခွင့်ပေးမယ်။ မင့်တို့ရဲ့ကိုယ်ပေါ် ခြစ်ရာလေးတစ်ခုတောင် မထင်အောင်နေကြ မဟုတ်ဖူး မသေအောင်နေကြ " လို့ပြောရင် သူရဲ့လက်ဟာမိစ္ဆာပီသစွာလက်ချောင်းတွေလှုပ်လာတယ်။ လူသားတွေကိုသတ်မဲ့အတိုင်း ဒါ့ပြင် သူရဲ့ လက်သည်းနဲ့ပါပေါင်းလိုက်ရင် အလွန်ကြောက်သွားမှာသေချာတယ်။ သခင်လေးကိုးက ဘေးနားမှလျောက်ကြည့်ပြီး တွေ့ကရာ သစ်ချောင်းလေးယူလိုက်တယ်။

သခင်လေးကိုး။ "အရမ်းဆိုးတဲ့ ကလေးတွေကို သင်ပြရမှာ ဆရာတစ်ယောက်ရဲ့ တာဝန်ဘဲ စိတ်မပူပါနဲ့ ငါမင့်တို့ကိုတစ်ချဘဲချမှာ မသေအောင်နေကြ"

သခင်လေးကိုးကိုင်လိုက်တဲ့သစ်သားချောင်းဟာအရမ်းကို ပါးလှပါတယ်။ အားမထည့်ဘဲချိုးရင်တောင် ကျိုးနိုင်တဲ့အနေအထားပါ။ သခင်လေးကိုးကောက်ယူခဲ့တဲ့ ဒုတ်ကိုကြည့်ပြီး စစ်သည်းတွေက သူတို့ကိုလားပြီ အထင်သေးတာဘဲ။ ( သူကိုသူတို့စောဏချတဲ့ကိစ္စရှုံးခဲ့တာကိုလက်ခံပါတယ်။ ဒါပေမဲ့ အခုလို့ တုတ်တစ်ချောင်းနဲ့ သူတို့ကိုမသေအောင်နေကြပါဆိုတာကြီးက ဒုတ်တစ်ချောင်းရဲ့ရိုက်ချက်နဲ့ဘဲသူတို့ကသေသွားမှာဆိုတဲ့သဘောလား) ဆိုပြီးသူတို့တွေတွေးနေခဲ့တယ်။ သူတို့ရဲ့မာနကိုထိခိုက်ခဲ့တယ်။

သခင်လေးကိုးကသူရဲ့စပြီဆိုတဲ့အသံနဲ့ အတူလျင်မြန်တဲ့အလျင်နဲ့ စစ်သည်တွေထဲက တစ်ယောက်နားရောက်ချလာလိုက်တယ်ထိုလူငယ်ဟာ သခင်လေးကိုးကိုမြင်ခါမှ သူနားရောက်နေပြီဆိုတာသိသိချင်းဓားနဲ့အကာယူဖို့ပြင်လိုက်တယ်။ ထိုနည်းသူသခင်လေးကိုးဟာလည်းသူရဲ့ တုတ်ချောင်းကိုမိုးပေါ်မြောက်ပြီးခုတ်ချဖို့ရွယ်ကာ ခုတ်ချမယ်လုမယ်ဆဲဆဲ ဘုရင်လေးရောက်လားကာ။ "မင့်သူတ်ု့ကို ဒီနေ့အနားပေးသင့်တယ်ထင်တယ်။ နောက်ကျမှသင်သင့်တယ်နောက်ပြီးခဏနေရင် နန်းတော်ကိုပြန်မယ် ။ သူတို့ကိုလုပ်စရာရှိတာလုပ်ခိုင်းလိုက်ပါ " ဘုရင်လေးရဲ့စကားသံကြောင့်သခင်လေးဟာတုတ်ကိုကိုခုတ်ချတာကို ရပ်လိုက်ပေမဲ့ သူရဲ့ 90ဒီဂရီလောက်မြောက်ရာကနေအနည်းငယ်အောက်ကိုခုတ်ချထားတဲ့အရှိန်ဟာ လေဖိအားတစ်ခုလိုဖြစ်ပြီး စစ်သည်တွေဟာ သူတို့ မြေပြင်ကိုလဲကျသွားတယ်။ လဲကျယုံတင်မဟုတ်ဘဲ မြေကြီးထဲသေးငယ်သေယ်ပမာဏလောက်ငုတ်ဝင်သွားတယ်။

နောက်တော့သူတို့ဆွေးတေမိတယ်။( ငါတို့တကယ်တုတ်စာမမိတဲ့အတွက် ဘုရားသခင်နဲ့အရှင့်ကိုကျေးဇူးတင်ရမယ်။,.) ဆိုပြီး နောက်တစ်ခုသူတွေးမိတာက ထိုမိစ္ဆာက သူတို့ မသိနိုင်တဲ့အဆင်မှာရှိတယ်။ သူတို့ကိုထိုမိစ္တာလက်ထဲက ကယ်မဲ့သူမရှိတော့ဘူး
်
တိုင်းပြည်ရဲ့အကျပ်တည်းဆူံးမိစ္ဆာနဲ့စစ်ခင်းခြင်းကိုရပ်တန်းန်ုင်ခဲ့တယ်။ စစ်ပြေငြိမ်းတဲ့ခါတိုင်းသူပြည်သားတွေပြောရမယ်အချိန်ဆိုပေမဲ့ အခုတော့ပြည်သူပြည်သားတွေ မပျော်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဒီစစ်ပွဲငြိမ်းအောင်လုပ်နိုင်တဲ့ အကြောင်းကိုသိနေလိုဘဲ အကြောင်းက မိစ္ဆာအထီးတစ်ကောင်ကို ဘုရင်ဟာလက်ထပ်ရုံတင်မဟုတ်တရားဝင်မိဖုရား ရာထူးပါပေးရမယ်ဆိုတဲ့ အကြောင်းကြောင့်ဖြစ်တယ်။


8.10.2022
Moonlight z