Ch 12
Viewers 270

အပိုင်း ၁၂
နန်းတော်သို့ပြန်ခြင်း part 2

သူတို့ရဲ့မိခင်နေရာကို မိစ္ဆာတစ်ကောင်ဝင်ရောက်မယ်ဆိုတာ သိတော့အသဲကွဲမတက်ဝမ်းနည်းရတယ်။ ဒါပေမဲ့ သူတို့ဝမ်းနည်းခြင်းဟာသူတို့အရှင်ရဲ့ ထိခိုက်မှုလောက်မရှိပေ။
်
စစ်ပြီးလို့နန်းတော်အပြန်မြို့တော်ကိုဖြစ်တဲ့အချိန်မှာ မိစ္ဆာစစ်တပ်ဟာလည်း တိုင်းပြည်ရဲ့နယ်စပ်ထိ ရွေ့လို့နေပြီ တချို့စစ်သည်တွေဟာ သူတို့ရအိမ်ကိုပြန်ရောက်လာကြတယ်။ စစ်သည်တွေသာမက အဖမ်းခံရတဲ့ ပြည်သူတွေပါလွတ်လာကြတယ်။ မိစ္တာတွေဟာလည်းသူတို့ရဲ့အိမ်သိမ်းခါးခြင်းကိုပြန်ရုတ်သိမ်းလိုက်ပြီး ဖြစ်သည်။ သူတိူ့ဟာနန်းတော်ကိုပြန်လာတဲ့ စစ်တပ်ကြီးကိုလာရောက်အားပေးကြတယ်။

စစ်တပ်ကြီးဟာနန်းတော်သို့ရောက်ပြီးသိပ်မကြာ စစ်သည်တွေကိုသူတို့ရဲ့အိမ်ကိုပြန်ခွင့်ပေးလိုက်တယ်။ နားရက်ပေါ့။ သခင်းလေးကိုးကိုတော့နန်းတော်ရဲ့အဆောင်တစ်ခုမှာနေခွင့်ပေးလိုက်တယ်။ ကောင်းတာတစ်ခုဟာ ဘုရင်လေးကစစ်ပွဲကြောင်းလက်ထပ်ခြင်း ကိုယ်လုပ်တော်ခန့်အပ်ချင်းမပြုရသေးတဲ့အတွက် အနောက်နန်းဆောင်ဟာ လူမရှိဖြစ်နေတယ်။ နို့မိုဆိုအနောက်ဆောင်ကိုယောက်ျားတစ်ယောက် ကိုဝင်ခွင့်ပြုရမယ့်အတွက် သူကိုခေါင်းကိုက်စေဦးမယ်။

နန်းဆောင်ကိုသခင်းလေးကိုးကိုပို့ပေးဖို့အစေခံတွေကိုထည့်ပေးပြီးထိုအစေခံတွေကို သခင်လေးကိုးရဲ့ ဝေယျာဝေစတွေကို လုပ်ပေးဖို့မှာလိုက်တယ်။ ထိုအစေခံတွေဟာ သူတို့ပြုစုရမဲ့သူဟာမိစ္ဆာဖြစ်တယ်ဆိုတာသိနေတယ်လေ။ သူတို့ကို စားသွားမလားမတော်သရော်လုပ်မလား ဆိုပြီးကြောက်ရွံနေတယ်။ ဒါပေမဲ့သူတို့ဟာ သူတို့အရှင်ရဲ့အမိန့်ကိုမနာခံလို့မရပေ ။ ဒါကြောင့်သူတို့ဟာအဆောင်းကို လိုက်ပို့နေပေမဲ့ သူတ်ု့ရဲ့ ကြောက်ရွံတုန့်နေမှုဟာ သိသာနေလေသည်။ ဒါကိုသခင်လေးကိုးဟာမြင်သော်လည်း ဒီတိုင်းထားလိုက်သည်။
(ဒီ မှာအမျိုးသမီး ငါကတစ်ခါမှ လူသားလည်းမစားဖူးပါဘူးပြီးမင့်တို့က ငါ့ကိုတောင်မမြင်ဖူးဘဲနဲ့ကြောက်နေတယ်ပေါ့)ဆိုပြီးစိတ်ထဲကတွေးရုံဘဲပေါ့

နန်းဆောင်သို့ရောက်တဲ့အခါ အစေခံတွေဝါ"သခင်လေးကိုသန့်စင်ဖို့ကူပါရစေ"ဆိုပြီးပြောတယ်။

သခင်လေးကိုးဟာသူဟိုးအရင်ကတည်းကတော်ဝင်တွေကို အစေခံတွေပြုစုတာမြင်ဖူးမိတယ်။ သူတို့ က ဘာမှမလုပ်ဘဲ လက်ကိုကားထားပြီးအစေခံတွေကအဝတ်ကူဝတ်ပေးတာတို့ တွေ့ဖူးတယ်။ တချို့ကရေးချိုးတဲ့ အခါတစ်ယောက်တည်းလုပ်ကြတယ်။ တစ်ချို့ကတော့အစေခံတွေကို ကူလုပ်ခိုင်းကြတယ်။ သူက သိပ်သဘောမကျတဲ့အတွက် "ငါဘာသာသန့်စင်လိုက်မယ် ဒါပေမဲ့ အဝတ်တော့ကူဝတ်ပေး ငါ့က်ိုကူဝတ်နေကျသူနဲ့ ကွဲသွားတာကြာပြီး" လို့ပြောပြီးရေချိုခန်းထဲဝင်ပြီးရေနွေးနဲ့ စိမ့်နေလိုက်တယ်။

ခဏကြာတော့်သခင်လေးကိုးဟာရေချိုးသန့်စင်ပြီးအတွင်းဝတ်စားကိုဝတ်ကာ ထွက်လာခဲ့တယ်။ သူဟာဆံပင်တွေထိပါသေချာသန့်စင်ထားတာဖြစ်ပြီး သူရဲ့ရုပ်ရေကိုသေချာမြင်ရတဲ့အစေခံတွေ ခဏတာစွံအသွားတယ်။ တကယ်ဆိုသခင်ကိုအစေခံတွေကခွင့်ပြုချက်မရှိဘဲမကြည့်သင့်ပေမဲ့ဝေယျာဝေစ္စလုပ်ဖို့ကြည့်မိတာဖြစ်တယ်။

တည်ကြည်လေးနက်တဲ့ မျက်လုံး အရမ်းကိုအေးစက်နိုင်ပေမဲ့အခုကြည့်နေတဲ့ မျက်လုံးတွေမှာနွေးထွေးမှုတွေကိန်းအောင်းနေတယ်။ မျက်ခုံးကလည်းအရမ်းကိုပြီးပြည့်စုံပြီးလှပနေတယ်။ ယောက်ျားပိသတဲ့မေးရိုး မြင်းဖြောင့်တွေတောင်အရှုံးပေးရတဲ့နာတံ တွေ မိန်းကလေးတွေဟာနှုတ်ခမ်းနီဆိုးရပေမဲ့ ထိုသူကတော့ဆိုးစရာမလိုဘဲ ရဲ့တင်နေတဲ့ နှတ်ခမ်းနဲ့ သူရဲ့အကြည့်ဟာမိန်းကလေးတွေ အရည်ပျော်နိုင်စေတယ်။ နတ်မှောင်ပြီးပိတုန်းရောင်လိုမျိုးဖြစ်နေတဲ့ ဆံကေသာ အရမ်းကိုပြီးပြည့်စုံနေတယ်။ နောက်ဆူံးတစ်ခုဘဲ မျက်စက်တွေဟာရဲနေတာတစ်ခုဘဲ မဟုတ်ရင်သူဟာမိစ္ဆာဆ်ုတာယုံမဲ့သူတောင်မရှိပေ။ သူရဲ့ဆွဲဆောင်မှုအောက်မှာခဏမိသွားတဲ့အစေခံတွေဟာ သခင်လေးကိုးလက်ကိုကားလိုက်တဲ့အချ်န်ပြန်သတိရလာတယ်။ သူတို့ဟာ သူတို့အရှင် သခင်လေးကိုးအတွက်ပေးထားတဲ့ အဖြူရောင်အဝတ်ပေါ်မှာ ဝါးပုံတွေထိုးထားလို့နေပြီး အတွင်းဝတ်ဟာစိမ်းနုရောင်လေးနဲ့ဆို သူကိုတော်တော်ကြည့်ကောင်းစေတယ်။

သခင်လေးကိုး ။"ဒါဘုရင်လေးပေးတာလား"လို့မေးတော့အစေခံတေ့်ဟာဟုတ်ကဲ့ဖြေတာနဲ့"ဘုရင်လေးက ငါကိုမမြင်းဖူးပေမဲ့ ငါနဲ့လိုက်အောင်ရွေးနိုင်သားဘဲ" မှန်ပါတယ်။ သူနဲ့လိုက်ပါတယ်။ ဒါပေမဲ့မျက်လုံးနီလေးသာမရှိရင်ပေါ့။

အစေခံတစ်ယောက်။ "သခင်လေး ဆံပင် လုပ်ပေးပါရစေ။" ထိုသို့ပြောတာနဲ့ အလှပြင်တဲ့နေရာကို ထိုင်ပြီးသူ့ရဲ့ လှပတဲ့ ဆံကေသာကို ပြုပြင်တာလက်ခံပေးတယ်။ နက်မှောင်လှတဲ့ဆံကေသာကိုအသေချာဖ်ိးပြီး ဆံထုံးထုံးပြီးတဲ့ချိန် ဆံထိုးကိုထိုးခါနီး
သခင်လေးကိုး။"နေဦး။"
A/n ဒီမှာတရုတ်ရဲ့ရှေးဓလေ့ကိုအတုယူပြီး ရေးသားထားတာဖြစ်တဲ့အတွက်ယောက်ျားလေးတွေထုံးပြီးတဲ့အခါထိုးတဲ့ဆံထိုးကိုပြောတာပါနော် သာသာက နည်းနည်းနားမလည်းတာကြောင့်အမှားပါရင်ခွင့်လွတ့်ပါ

8.10.2022.
Moonlight z