Ch 13
Viewers 273

အပိုင်း ၁၃
သူနဲ့လက်မထပ်ခင်ထိ ဆံထုံးမထုံးဘူး

သခင်လေးကိုးရဲ့အတားကိုခံရတဲအချိန်မှာ ဆံထိုးထိုးမဲ့ မိန်းကလေးဟာလန့်သွားတယ်။ အဲ့တာကိုသတိထားမိတဲ့သခင်လေးကိုးဟာ ။ "မိန်းကလေးစိတ်တော့မရှိပါနဲ့ ကျနော်ရ​ဲ့မိသားစုဓလေ့အရ လက်ထပ်မဲ့သူကိုဆုံးဖြတ်ပြီးရင် သူနဲ့လက်မထပ်ခင် ဆံထုံးထုံးလို့မရဘူး အဲ့တာကြောင့်ရိုးရိုးလေးချည်ရင်ချည်ပါ ဒါမှမဟုတ်ရင် ကျစ်စာမိရိုးရိုးဖွဖွလေးကျစ်ပေးပါ။" သခင်လေးရဲ့စကားအဆုံး (ထူးဆန်းလိုက်တဲ့ ဓလေ့ပါ့ကော် ဒါပေမဲ့ရိုတာ သူသာမိစ္ဆာမဟုတ်ရင် ငါလေးခွက်မိမှာ)ဆိုပြိးထိုအစေခံတွေးနေမိတယ်။ ဒါကြောင့်သူမဟာ အစက ရိုးရိုးစည်းမယ်လိုတွေးပေမဲ့ ခဏကြာတော့ ကျစ်စာမှီးကျစ်ပေးမိသွားတယ်။ အမျိုးသားတစ်ယောက်ဟာ ကျစ်စာမှီးနဲ့သိပ်မလိုက်ပေ အထူးသဖြင့် ရုပ်ရင့်တဲ့ယောက်ျားလေးတွေပေါ့ သခင်လေးကိုးဟာဆွဲဆောင်မှုရှိသဖြင့်ကျစ်စာမှီးနဲ့ သူရဲ့ယောက်ျားပီသတဲ့မျက်နာနဲ့မလိုက်ဖူစလို့ပြောနိုင်တဲ့သူမရှိပေး။

အစေခံတွေဟာ ဆံပင်ကိုပြင်ဆင်ပြီးထွက်သွားမယ်အပြုမှာ သခင်လေးကိုး။"ဟိုလေး မိန်းကလေးတို့ ကျနော်ကိုလေဖြစ်နိူင်ရင် လက်သည်းခြေသည်းလေစတွေညှပ်ပေးနိူင်မလားဟင်...."ဆိုပြီးပြောလိုက်တယ်။ ထိုအပြောကြောင့်အစေခံလေးတွေကြောင်သွားတယ်။ သူတို့စိတ်ထင်တာက ဒီသခင်လေးက မိစ္ဆာမလို့ လက်သည်းရှည်ထားတယ်ပေါ့လေး ဒါကြေ​ာင့် ဖျက်ဖို့မလုပ်ခဲ့ပေ
အစေခံထဲကတစ်ယောက်။" ခွင့်လွတ့်ပါသခင်လေး။ သခင်လေးက မိစ္ဆာမလို့ မညှပ်ဖူးထင်လို့ မလူပ်ပေးမိတာပါ "ထိုအခါမှာသခင်လေးကိုးကအံသြတဲ့ မျက်နာနဲ့"မိစ္ဆာ ကျနော်ကိုမိစ္ဆာလိုပြောလည်းရပါတယ်။ ဒါပေမဲ့ ကျတော်က လက်သည်းရှည်မထားဘူး ဓားကိုင်တဲ့နေရာမှာအနှောက်ယှက်ဖြစ် လို့ပါ။ ဒီကိုမလာခင်လက်သည်း မညှပ်တာက လက်သည်းမညှပ်တက်လို့ပါ "

အစေခံတွေထဲက သခင်လေးကိုးရဲ့ ဝေယျာဝေစ္စကိုယ်တိုင်လုပ်ပေးတဲ့ ဆံပင်ထုံးတာအဝတ်ဝတ်တာလုပ်ပေးတဲ့နင်နင်ဟာ (a/n စောဏကိစ္စတွေကိုနင်နင်လုပ်ပေးတာပါ နောက်ပြီး သူသာမိစ္ဆာမဟုတ်ရင် ခွက်မိမှာဆိုတဲ့တစ်ယောက်ပါ) သူဟာထိုမိစ္ဆာကိုရင်းနှိးသလိုဖြစ်လာခဲ့တယ်။ မဖြစ်လို့လဲမရပေ သူ့ဘဝလုံးပြုစုပေးရမဲ့သခင်ဖြစ်နေပြီးဖြစ်သည် ။

သူမဟာလက်ညှပ်းကိုညှပ်ပေးရင် "သခင်လေး သခင်လေးကလက်သည်းမညှပ်တက်ရင် သခင်းလေးကအရင်ကလက်သည်းရှည်နဲ့နေတာလား။"

သခင်လေးကိုး။"ဟင်အင်း ဓားကိုင်ရတာနှောက်ယှက်လို့ လက်သည်းရှည်ထားဘူးး။"

နင်နင်..။"ဒါဆိုဘယ်လိုလုပ်လဲ့အရင်တုန်းက"

သခင်လေးကိုး။"ညှပ်ပေးနေကျသူရှိတယ်။"

နင်နင်။"ဒါဆိုအခုညှပ်ပေးနေကျသူကကော်"

သခင်လေးကိုး.။."ကွဲသွားပြီ"
နင်နင်.။".......""ကွဲသွားပြီဆိုတာ"
သခင်လေးကိုး။."ဟုတ်တယ်ကွဲသွားတာငါဒီကမ္ဘာရောက်ပြီးသိပ်မကြာခင်ဘဲ ကွဲသွားတာနှစ်ချို့နေပြီ"နင်နင်ဟာသူ့ရဲ့သခင်ဟာထို့လောက်ကြောက်စရာမရှိဘူးလို့တွေးမိတယ်။ ဒါပေမဲ့တခြားအစေခံတွေကတော့သူလိုမဟုတ်ပေ။ လက်သည်းညှပ်ပြီးတဲ့အချိန်မှာ နင်နင်ဟာ"သခင်လေး ညစာစားဖို့ပြင်ဆင်းပေးရတော့မလားသခင်လေး" ဆိုတော့သခင်လေးကိုးက ဟာသူမစားဘဲနေရတာကြာပြီဖြစ်တဲ့အတွက် အွန်းလို့ပြောမိသွားတယ်။ နောက်ပြီး သူစားချင်တဲ့မီနှူးတွေရေရွတ်နေတယ်။ ရေရွတ်အပြီးမှာ အစေခံတွေထဲကတစ်ယောက်က "ဒီတစ်ယောက်ကလူသားမစားလို့တော်သေးတယ်.." လို့တိုးတိုး ပြောနေတဲ့အသံသခင်လေးကိုးဟာကြားသွားတော့ "ငါကလူသားစားတဲ့မိစ္ဆာမဟုတ်ပါဘူး"လိုဖြေလိုက်တယ်။ သခင်လေးရဲ့အသံဟာ စိတ်ဓာတ်ကျနေတဲ့ အသံတွေပါရော်နေပြီးသခင်လေးရဲ့ စိတ်ထဲမှာ (သူလည်းငါ့ကိုလူသားစားတယ်လိုများတွေးနေမလား) လို့တွေးပြီးတော့ နင်နင်ဘက်ကိုလှည့်ကြည့်ကာ။"တော်ပြီးယူမလာနဲ့တော့ငါမစားတော့ဘူး"ဆိုပြီးပိတ်လိုက်တယ်။

ထိုအခါနင်နင်ဟာစိတ်ပူပြီးတော့"သခင်လေးအဆင်ပြေပေါ့မလားမနက်ကတည်းကသခင်လေဘာမှမစားရသေးဘူးကြားတယ်။ "
သခင်လေးကိုး။"ငါကမင့်တို့တွေတွေးသလိုမိစ္ဆာတစ်ကောင်ပါ စားစရာမလိုဘူး အစာမရှိဘဲနစ်ပေါင်းများစွာရှင်နိုင်တယ်။ ငါကငါပျော်ရွင်မှုအတွက်ဘဲစားတာများတယ်။ နောက်ပြီးငါ တစ်ယောက်ထည်းဥယျာဥ်ထဲလျောက်ချင်တယ်။ နောက်ပြီး နင်နင် ဒီမှာတူရီယာတစ်မျိုးမျိုးရှိလား ပုလွေတို့ဘာတို့ပေါ့။"
နင်နင်,။"ဟုတ်ကဲ့ ရှိပါတယ်။ပုလွေသွားယူပေးရမလား"

သခင်လေးကိုး။" အွန်း"

နင်နင်ဟာပုလွေကိုယူစေပြီးသခင်လေးကိုးကိုပေးလိုက်တော့သူဟာအခန်းပြင်ထွက်ကာမိုးပေါ်ကိုခုန်တက်ပြီးပုလွေမှုတ်နေခဲ့တယ်။ ထိုပုလွေသံဟာလွမ်းနေတဲ့သံ ပူဆွေးနေတဲ့သံတွေနဲ့ စည်နေတယ်။ ခဏကြာတော့ ပုလွေသံကိုအဖော်ပြုပေးတဲ့သံလ်ု ထွက်ပြောလာတယ်။ အဲ့တာဟာလေတိုက်ခြင်းကြောင့်သစ်ရွက်ကနေထွက်ပေါ်လာတဲ့အသံဖြစ်တယ်။ နင်နင်ဟာထို အသံကိုနားထောင်ရင်းသူစိတ်ထဲဝမ်းနည်းလာခဲ့တယ်။ နောက်အစေခံတွေကိုပြန်ခိုင်းပြီးသူလည်းလုပ်စရာရှိတာသွားပြင်နေတယ်။ သခင်လေးကိုးရဲ့ ပုလွေသံဟာ သူနေတဲ့ နန်းဆောင်တင်မက နန်းတွင်းတခွင်ပါပျံနှံနေတယ်။ နားထောင်တဲ့သူအပေါ် ပူးဆွေးဝမ်းနည်းမှုတွေပေးလို့နေတယ်။
8.10.2022
Moonlight z