Ch 14
Viewers 269

အပိုင်း ၁၄
ငါမောင်လေးကိုသတို့သမီးလိုပြင်ပေး

ဘုရင်လေးဟာလည်းထိုတေးသံကိုကြားမိသော်ကြောင့်နားထောင်နေမိပေ။ သူရဲ့ရင်ထဲကဝေဒနာနဲ့ တေးသံရဲဲ့ဝမ်းနည်းမှုနဲ့ထပ်တူကျသော်အခါသူပိုပြီးဝမ်းနည်းနေမိတယ်။

သူဘာမှမလုပ်နိုင်ခဲ့ဘူး။သူဘိုးဘေးတွေတည်ထောင်ခဲ့တဲ့ တိုင်းပြည်ကို မကာကွယ်နိုင်ခဲ့ဘူး အခုသူလုပ်နိုင်တာက သူမျိုးဆက်ကိုအရောင်းစွင်းစေပြီးမှ သူ သမိုင်းကိုအရောင်းဆိုးပြီးမှရလာခဲ့တဲ့ အောင်ပွဲ မဟုတ်သေးဘူး ငြိမ်းချမ်းပွဲ မလိုချင်ခဲ့ဘူး ဒါပေမဲ့ သူမှာ ဒီဟာကိုလက်ခံယုံကလွဲ ကျန်တာမရှိဘူး သူရဲ့အားနည်းမှုအတွက် ဝမ်းနည်းနေမိတယ်။ ဒါပေမဲ့ဝမ်းနည်းယုံဘဲတက်နိုင်တယ်။ နောက်နေ့ ကျငြိမ်းချမ်းရေးအတွက် မိစ္ဆာဘုရင်မလာလိမ့်မယ် သူတို့ကိုဧည့်ခံဖို့ နောက်ပြီး လက်ထပ်ပွဲပါတခါတည်းကျင်းပရမှာ မလုပ်ချင်ဘူး ဒါပေမဲ့လုပ်ရမယ်။

ထိုသို့တွေးနေတုန်းရှိသေးတယ်။ ဘုရင်လေးရဲ့ဘေးနားကခစားနေတဲ့ ကုန်းကုန်းတစ်ယောက်က ။"အရှင်မကောင်းတော့ဘူးအရှင်"ဆိုပြီးပြေးလာတယ်။

ဘုရင်လေး။"ကုန်းကုန်းမင့်ဟာကအလောတကြီးနဲ့ ဘာဖြစ်လာတာလဲ့"

ကုန်းကုန်း ။"မိ....မိ...မိစ္ဆာ...မိစ္ဆာဘုရင်မ ဒီနန်းတော်ထဲရောက်လာနေပြီး"

ဘုရင်လေး။"တောက်! !!!!! ဒင်းတို့ကငါကိုယ်တော်နန်းတော်ကို ဇရပ်ကျနေတာဘဲတစ်ယောက်ပြီးတစ်ယောက်.....ကုန်းကုန်း အဲ့မိစ္ဆာမ ဘယ်မှာလဲ "

ကုန်းကုန်း ။"အရှင်ရဲ့နန်းဆောင်ရဲ့ ဥယျာဥ်ထဲမှာပါ"

ပြောလို့မပြီးသေးဘူးဘုရင်လေးဟာဒေါနဲ့မောနဲ့ထွက်သွားပြီး ဥယျဥ်ထဲကိုရောက်သွားလေတယ်။

ဥဟျာဥ်ထဲတွင်

ဥယျာဥ်အလှကိုခံစားဖို့ဆောက်ထားတဲ့ နေရာမှာ လက်ဖက်ရည်ကိုသောက်နေတဲ့ မိန်းမပျိုလေးကိုဘုရင်လေးဟာအနောက်ကျော်ပေးနေတဲ့ပုံစံနဲ့တွေ့မြင်လိုက်ရတယ်။အရမ်းကိုလှပသေးသွယ်တဲ့ကိုယ်ခန္ဓာရယ်အနောက်ကကြည့်ပေမဲ့ သူ့ခေါင်းကထွက်နေတဲ့ဦးချိုကိုတော့မြင်နေရတယ်။ ထိုဦးချိုကြောင့်ထိုမိန်းကလေးဟာ မိစ္ဆာဘုရင်မဆိုပြီး တစ်ထဒ်ချမှတ်ကာ

ဘုရင်လေး ။"ခင်များတို့ တွေကိုမောင်နှမဆိုတာ ငါကိုယ်တော်အခုတော့ယုံပြီ လူများနန်းတော်ကိုခွင့်ပြုချက်မရှိဘဲ ညဥ်နက်ကြီးလာတာ တူချက်....ပြန်တွေ့ရတာဝမ်းသာပါတယ်။ မိစ္ဆာဘုရင်မခင်မျ"လို့ပြောပြီး အမချန်ရဲ့ ရှေ့ကိုသွားကာကြည့်လိုက်တယ်။ သူမရဲ့အလှဟာ ဘုရင်ဖြစ်တဲ့ သူကို အိန္ဒြရည်သိက္ခာတွေတောင့်မေ့နိုင်တယ်။ အရမ်းကိုလှပတဲ့မျက်နာ ကျောက်စမ်းရောင်မျက်လုံး နှင်းဆီရောင် နှုတ်ခမ်း စသည်တို့ဖြင့်(a/n မျက်နာကိုပုံဖော်အောင်မရေးနိုင်သေးတာခွင့်လွတ်ပါ) နက်မှောင်တဲ့ ဆံကေသာ ကို တစ်ဝက်စီတစ်ဝက်ချပုံစံဖြင့်ခက်ရိုးရိုးလေးသာစီးထားပြီး သူရဲ့ဝတ်ဆုံဟာ အတွင်းစိမ်းနုရောင်ကိုမှာအပေါ်ရုံအဖြုပါးလေးဝတ်ထားတဲ့အတွက် မျက်လုံးနဲ့လိုက်ဖက်ကား လူကိုပိုမိုကြည့်လို့ကောင်းစေတယ်။(a/n သခင်လေးကိုးလိုမဟုတ်ဘူးပေါ့ သူကသူဝတ်ရတဲ့ ဝတ်ဆုံနဲ့မလိုက်ဖူး)

ဘုရင်လေး။"မင့်ကမိစ္ဆာမဆိုတဲ့ အချက်ကိုဖယ်လိုက်ရင် အရမ်းကိုလှတဲ့မိန်းကလေးဘဲ ငါကိုယ်တော်တစ်ခါမှ ဒီလောက်လှတဲ့သူကိုမမြင်ဖူးဘူး။"

အမချန်။" ဖွီးးးး ဟားးးဟားးးငါရယ်ရမလားငိုရမလားတောင်မသိဘူး ဒီကမ္ဘာမှာရှိတဲ့ ဘုရင်တွေဟာ တစ်အိမ်ထောင်တည်းမနေဘူးဆိုတာငါသိတယ်။ ငါတို့နေရာမှာလည်းတစ်ချို့ကတစ်အိမ်ထောင်တည်းမနေပါဘူး။ ဒါပေမဲ့ ကိုယ်ရဲ့အမဖြစ်လာမဲ့သူကိုဘူးတာတော့ ငါတိုကမ္ဘာမှာတောင်မရှိဘူး။"

ဘုရင်လေး ။"ငါကိုယ်တော်ကဘုရင်မရဲ့အလုကိုချီးကျူးတာပါငါကိုယ်တော်ရဲ့သိက္ခာကိုမစော်ကားနဲ့"

အမချန်။"အဲ့လိုဆိုရင်တောင် ခွင့်လွတ်ပါ။ ငါတော့မင့်ကြည့်ပြီး ငါမောင်အတွက်ရင်လေးတယ်။ ဘာဘဲ ဖြစ်ဖြစ်မင့်ကငါ့မောင်တစ်ယောက်တည်းဘဲ အတည်တကျမယူဘူးလေး။ ဟုတ်တယ်မလား"

ဘုရင်လေး။"ယောက်ျားတစ်ယောက်က ငါကိုယ်တော်ထီးနန်းအတွက် ကလေးမွေးပေးနနိုင်လို့လား"

အမချန်။"တကယ်လိုပေးနိုင်တယ်ဆိုရင်ကော်"

ဘုရင်လေး။"ယောက်ျားတစ်ယောက်က ကလေးမွေးတယ်ဆိုတာမဖြစ်နိုင်တဲ့ကိစ္စ ဒါပေမဲ့ သူကမိစ္ဆာဆိုတော့မပြောနိုင်ဘူးပေါ့ တကယ်လို့ရလာရင်လည်း မိစ္ဆာတစ်ကောင်ကို ထီးနန်းပေးမှာမဟုတ်ဖူး"

အမချန်။"ဖွိီးးးဟီးးဟီးး ငါတ်ု့ လို့ ထာဝရရှင်သန်သူတွေက ထီးနန်းဆိုတာအရမ်းပျင်းဖို့ကောင်းတဲ့အရာဘဲ အကယ်၍ မင့်ကငါတူကို ထီးနန်းအမွေပေးမယ်ဆိုရင်တော့ငါက ခိုးပြီးပြေးရုံဘဲရှိတယ်။ ဟားးဟားးး ကောင်လေးမင့်က မနေ့ကရန်သူဖြစ်နေတဲ့ ငါကိုစကားကောင်းတော့ပြောသား ။"

ဘုရင်လေး။"ရန်မှုနေတော့ရော်ဘာရမှာမလို့လဲ ရန်သူဖြစ်ခဲ့တာမှန်ပေမဲ့ ငြိမ်းချမ်းရေးယူပြီးပြီဘဲ နောက်ပြီး မတော်ချင်တဲ့အမျိုးဖြစ်လာမှာမလား အဲ့တာတွေထပ်လာရင်းကိစ္စကိုပြောပါ ကိုယ်တော်မှာ မဖိတ်ခေါ်ထားတဲ့ဧည့်သည်ကို ဧည့်ခံဖို့အချိန်မရှိဘူး"

အမချန်။"ဖူးးးဟားးဟားး မင့်ကချစ်ဖို့ကောင်းသား သေမျိုးတစ်ယောက်ကို ငါ့ရဲ့မောင်ကဘာလို့ရွေးလည်းသိသွားပြိး ဟားးဟားးး ကဲထားပါ လာရတဲ့အကြောင်းက မနက်ဖြန်လက်ထပ်ပွဲ ကျ ငါမောင်ကို သတို့သမီးလိုပြင်စေချင်တယ်။ ပြင်ပေးတဲ့သူက ငါကိုယ်တိုင်ဘဲ ဖြစ်ချင်တယ်။ "

ဘုရင်လေး။"အဲ့တာကသဘော"

အမချန်။"ဝတ်ဆုံတ်ု့လိုအပ်တဲ့ အရာတွေကို ငါကဘဲ လုပ်ပေးမယ်။".

ဘုရင်လေး။."သဘော"

အမချန် ။ "ဒါဆိုခွင့်ပြုပါဦး နောက်ပြီး ငါမောင်လေးလိုဖြစ်တော့မှာဆိုတော့ အမချန်လိုဘဲခေါ်လို့ရတယ်နော်။." ပြောပြီး အမချန်က ထလိုက်ပြီး အဆောင်ရဲ့ အပြင်ဘက်ကိုထွက်ပြီး ကောင်းကင်ကိုမော့ကြည့်ရင်း သူ့ရဲ့ဦးချိုကစအရောင်တောက်လာပြီး တစ်ကိုယ်လုံးအရောင်တောက်လာတယ်။ နောက်တော့ အမချန်ဟာလက်တစ်ဖက်ကို ကောင်းကင်ကိုမြောက်ကိုကိုယ်ကိုတစ်ပတ်ခုန့်လှည့်လိုက်တော့ ဘေးနားကလေးတွေတိုက်လာပြီး ခန္ဓာကိုယ်ဟာတဖြည်းဖြည်းရှည်ထွက်လာကာ သူ့ရဲ့ ခန္ဓာကိုယ်ဟာနဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားတယ်။ ဒါကိုမြင်တဲ့ ဘုရင်လေးဟာ မျက်လုံးပြူးသွားမိတယ်။ (အဲ့တာနဂါးလား)

နဂါးဟာကောင်းကင်ကိုလှပစွာပျံသန်းသွားတယ်။ ဖြစ်ချင်တော့ ဘုရင်လေးဟာ အစေခံတွေ ကိုခေါ်မလာတော့ သူတစ်ယောက်တည်းမြင်လာမိတယ်။ဘုရင်လေးဟာစိတ်ထဲကနေပြီ(ငါကိုယ်တော်ကိုယ်ကိုယ်ကိုယ်နဂါး(ကောင်းကင်ရဲ့သားတော်) လို့သတ်မှတ်ပေမဲ့ တကယ် နဂါးမဟုတ်ဖူး ဒါပေမဲ့ သူမက ကျတကယ်နဂါးဖြစ်နေပါ့ကော်လားဒါပေမဲ့ သူမကငါတို့ကိုဖျက်ဆိီးခဲ့တယ်ဆိုတာတော့ပြောင်းလဲမှာမဟုတ်ဖူး)



9.10.2022
Moonlight z