Ch 22
Viewers 275

အပိုင်း ၂၂
ကောလ ဟာလ

သမားတော်ဟာ သူဘာသာဆေးကုဆောင်မှာ ဆေးစပ်နေပြီး သူတပည့်ရဲ့ တော်ဝင်သမားတော်ကအထဲမှာလို့ပြောသံရဲ့ အဆုံးမှာ သူဟာ ဘာမှ မသိလိုက်ဘဲ သတိထားမိတဲ့ချိန် အရှင်နဲ့မိဘုရားခေါင်တို့အိပ်ဆောင်ရောက်နေမှန်းသိလိုက်ရတယ်။

ထိုအသိနဲ့အတူအပေါ်မော့ကြည့်လိုက်တော့ သူကိုအကျီကုတ်မှဆွဲ ပြီးခေါ်လာတဲ့ အမျိုးသမီးလိုလို အမျိုးသားသားလိုလို ကိုတွေ့ရတယ်။ သူဟာထိုလူက သူ့အရှင်လက်ထပ်ခဲ့တဲ့ မိဘုရားမှန်းသတိထားမိသွားတယ်။ သူဝတ်ထားတဲ့အကျီအရ ။ ထို့နောက်သူတစ်ခု စိတ်ထဲရိတ်ခနဲတွေးမိပြီး ဘုရင်အိပ်ရာသို့သွားလိုက်တဲ့ အချိန် သူစိုရိမ်မှု ဟာအတည်ဖြစ်သွားတယ်။

သူဟာအိပ်ရာပုလ္လင်ထပ်ကို သွားဖို့ခြေလှမ်းရာ သူ့ရဲ့ လည်ပင်းကို ဓားတစ်ချောင်းကထောက်ထားတာကိုသတိထားမိတယ်။ ထိုချိန် နားက အာကျိုးက "ရွမ်ရွမ်!!!!!"လို့ မာန်ပါပါပြောလိုက်တော့ "ကျန်မက သခင်အတွက်လုပ်ပေးတာ.... ဒီကိစ္စသာအပြင်ပေါက်ကြားရင် သေချာတယ် သခင်ရဲ့ချစ်ဇနီးကရှက်ကွဲ ခံရတယ်လို့ခံစားရပြီ သခင်ကိုမုန်းသွားလိမ့်မယ်"

ထိုစကားဟာအာကျိုးကိုတွေဝေစေပေမဲ့"ရွမ်ရွမ်အရင်ဆုံးသူကို့လွတ်လို့ ဘုရင်လေးကိုကြည့်ပါစေ"

ထိုခါမှ ရွမ်ရွမ်က သူ့သခင့်ရဲ့ချစ်ချစ်ကို ဆေးမကုရသေးဘူးဆိုတာသိတာ။ သူဟာလွတ်ပေးလိုက်ပြီးဆရာဝန်ကိုဆေးကုစေတယ်။

ဆရာဝန်ဆေးကုပြီး"အရှင်မ.... ယေက်ျားလေးတွေအတွက်အဲ့အရာက ပုံမှန်မိန်းကလေးတွေထပ်ကိုနာကျင်စေပါတယ်။ ဒါကြောင့်အရှင်က ဒဏ်ဖြစ်သွားတာပါ ... ခဏနေ ကျန်တော်မျိူးရဲ့ ဆေးငှာနကနေ ဆေးတစ်မျိုးပေးလိုက်ပါ့မယ် အရှင်ရဲ့ ဒဏ်ကိုလိမ်းပေးပါ နောက်ပြီး..........နောက်ခါကျဆင်ခြင်ပေးပါ"ပြောပြီးပြန်ခါနီးတွင် ရွမ်ရွမ်က သမားတော်ရှေ့ရပ်ပြီး "မင့်အနေနဲ့ ပါးစပ် ပိတ်စရမလိုဘူး.....အဲ့လိုဘဲအကြောင်းမှန်ကိုပြောပြစရာမလိုဘူး.... ကြိုက်တဲ့ကော်လဟာလဖြန်နိုင်တယ်မင့်အပါအဝင်တစ်ခြားဘယ်သူမဆိုအမှန် ထွက်လာရင် ထွက်တဲ့အပေါက်ကော် မင့်ကော်အသေဘဲ....အေးးးငါတို့မိစ္ဆာတွေကိုအထင်မသေးနဲ့နော် ငါတို့သိချင်ရင်အကုန်သိနိုင်တယ်။ နောက်ပြီးဆေးကိုဘုရင်မအတွက်ပြောပြီးပေး "

ထိုသိုပြောပြီးသမားတော်ကို ပြန်လွတ်လိုက်တယ်။ ထို့နောက်ကောလဟာလတစ်ချို့ထွက်လာတယ်။ အဲ့တာကတော့ သူတို့အသက်အတွက်နှစ်နာခံခဲ့တဲ့သူတို့အရှင်ဟာ မဂ်လာဦးညမှာ သူလက်ထပ်တဲ့ မိစ္ဆာရဲ့ စိတ်ဝိညဥ်စုပ်ယူခြင်းကို ခံရပြီး အခုထိအိပ်ရာကနေမထနိုင်ဖြစ်နေတယ်ဆိုတာရယ် သမားတော်လာရောက်တော့လည်းသမားတော်ရဲ့စိတ်ဝိညဥ်ပါစားဖို့လုပ်တာရယ်။ နောက်သမားတော်စိတ်ဝိညဥ်က မကောင်းလို့လွတ်လားတာရယ် ။ စသည်ဖြင့် အမှန်မဟုတ်တာတွေပြန်ကုန်တယ်။

ထိုကောလဟာလကြောင်​့ မိဖုရားခေါင်နန်းဆောင်မှာ အလုပ်လုပ်ချင်တဲ့သူဟာမရှိတော့ပေ။ ဒါပေမဲ့အခုချိန်မှာတော့ အာကျိူးကတော့ ဘုရင်လေးကိုဆေးတိူက်ဖို့နဲ့အလုပ်ရှုပ်နေပါတယ်။ ညညဥ်နက်လောက်ကျမှ ဘုရင်လေနိုးလာပါတယ်။ သူနိုးလာတော့ သူပထမဆုံးခံစားချက်ဟာ သူရေသောက်ချငိတယ်။ ဒါကြောင့်ရေလို့ပြောလိုက်တဲ့ချိန် သူရဲ့လက်ထဲကိုရေခွက်ဂရုတစိုက်ပေးကာ သူကိုသောက်ဖို့ရာကူပေးတဲ့ လူတစ်ယောက်ကိုတွေ့လိုက်တယ်။ ရေသောက်ဖို့ထလိုက်တော့ သူရဲ့ခါးဟာ နှိုင်းယှက်မရအေညင်နာကျင်နေတယ်။ မဟုတ်ဘူးတကိုယ်လုံးကိုနာကျင်နေတယ်။ ကံမကောင်းတာကညကကိစ္စတွေကိုသူမှတ်မိနေတယ်။

ပထမ နိုးခါစမလို့ရှင်းရှင်းလင်းလင်းမမြင်ရပေမဲ့ ရေသောက်ပြီးခဏအကြာမှာတော့ သူတွေ့လိုက်တဲ့ သူဟာ ဆံပင်ကို ဖဲကြိုးလေးစီးပြီး မဂ်လာဦးညက ဒီကျီအချို့ကိုပြန်ဝတ်ထားတဲ့ သူကိုမြင်လိုက်ရတယ်။ မျက်နာလေးဟာချောမောလှပပါတယ်။ သူတောင်ငေးမိတဲ့အထိ ဒါပေမဲ့နှမြော စရာ ထိုအလှပိုင်ရှင်က သူအရမ်းမုန်းတဲ့ သူဖြစ်နေတာကိုဘဲ ။

သူလှည့်စားခံမိသလိုခံစားရတယ် ညကထိုမိစ္ဆာရဲ့မိန်းမပုံစံ သူနုလုံးထဲက မထွက်ဘူး အရမ်းကိုလှတယ် အခုလည်း ကြည့်မိတိုင်းသူကို စွဲလမ်းစေတယ်။ ဒါပေမဲ့ သူဦးနောက်ထဲမှတ်ထားရမယ်။ ထိုသူက သူရဲ့ရန်သူ မေ့လို့မရဘူး။

သူအတွေးနစ်နေချိနိ သူမုန်းဆုံးအသံက ။"ဘုရင်လေး သက်သာလား.... ဟိုလေ အစာလေးဘာလေးစားမလား?..."

ထိုအသံကိုကြားရာကိုကြည့်တော့မျက်နာငယ်လေးတစ်ခုတွေ့ရတယိ။ မနေ့ညကသူ ကဘဲမဟုတ်တာခံထားရတဲ့ ရုပ်နဲ့ ။ သူ(ဘုရင်လေး)ကထိုသူကို(အားကျိုး)ကို သတ်ချင်မိတယ်။ ဒါပေမဲ့ ထိုသူက သးလက်ထပ်ယူထားတဲ့ သူရဲ့ဇနီး နည်းနည်းဘဲအပေါ်အောက်လွဲသွားယုံဘဲ ။ ဒါကသူညံတာလို့တွေးပြီးဖြည်သင့်ပေမဲ့ မဖြည်နိုင်ဘူး။ ထိုတွေးနဲ့အတူ ဒေါသထွက်တဲ့အသံနဲ့ "ငာကိုယ်တော်အခုဖြစ်ချင်ဆုံးဆန္ဒက မင့်ဒီအခန်းထဲကနေထွက်သွားဖို့ဘဲ...... !!! ...သွား!!!"

1.8.2023..........................moonlight z