Ch 23
Viewers 263

အပိုင်း ၂၃ 

အရံဇနီးနဲ့ ကိုယ်လုပ်​ေတာ်တော်ကောက်ရန် 


အာကျိုး။"ကိုယ်ထွက်သွားမှာပါ...ဒါပေမဲ့ဆေးသောက်လိုက်ဦးနော် ကိုယ်ဆေးလည်းလိမ်းပေးထာတယ်သိလား" ထိုရှေ့မကြည့်နောက်မကြည့်တဲ့ စကားကြောင့်ဘုရင်လေး ဒေါသဟာပိုလိုတောင်ထွက်လာပြီး ဘေးနားက ရှိတာနဲ့ပေါက်ကာ"ထွက်သွား...!!!"ဆိုတဲ့ အသံထွက်လာတယ်။ 


ထိုအသံကြားတာနဲ့ တစ်ချိန်တည်းအာကျိုဟာကုတ်ကုတ်လေးထွက်သွားတယ်။ ခဏကြာတော့ အခုဘယ်ချိန်ရှိပြီလဲ ကိုသိချင်လို့ ဘေးနားကအစေခံတွေကိုခေါ်တယ်။ ဒါပေမဲ့ အတော်ကြာတဲ့ အထိထွက်မလာ​တေ့ဒေါသထွက်လာခဲ့ ။ ဒေါသထွက်ထွက်နဲ့"ခေါ်နေတာမကြားတာလားမလာသေးဘူးလား။"ဆိုပြိးပြောတော့ တံခါးဝကနေပန်းနုရောင် အကျီနဲ့ ကောင်မလေးတစ်ယောက်ဝင်လာတယ်။ သူထိုမိန်းကလေးကိုသိတယ်။ ဟိုမိစ္ဆာရဲ့ လက်နင်ဆိုတဲ့ဟာ ။


ရွမ်ရွမ်က"သခင်မလေး ဘာကိစ္စရှိလို့လဲ။" ဆိုပြောတော့ ရွမ်ရွမ်ရဲ့အသူံးနှုန်းဟာ ဘုရင်လေးသိက္ခာကိုထိခိုက်စေတယ်။ ထိုအသံကိုကြားတာနဲ့ ခဏအတွင်း။"ဘာ.....!!!! "ဘုရင်လေးတွေးမိတယ်။ သူအရှက် သူသိက္ခာအကုန်မြောင်းထဲရောက်ကုန်ပြီ ။ ထိုအသံကြားတာနဲ့အာကျိုးကဝင်လာပြီး"ရွမ်ရွမ် ဘုရင်လေးကိုဘာသွားပြောတာလဲကွာ "ဆိုပြီးပြာပြာနဲ့ ဘုရင်လေးဆီကိုသွားခဲ့တယ်။ ဘုရင်လေးကိုယ်ကိုလက်နဲ့ထိခါနီးချိန်တွင် လက်ကိုဖြန်းခနဲရိုက်ခံလိုက်ရပြီ"မထိနဲ့..ထွက်သွား...ငါမင့်မျက်နာကိုမကြည့်ချင်ဘူး မင့်အသံကိုဆိုပိုဆိုး.."ထိုသို့ပြောပြီးရွမ်ရွမ်ကိုကြည့်ကာ"ငာ့ကိုသခင်ကတော်လို့မခေါ်နဲ့ နောက်ပြီ ငါခေါ်တာနန်းတွင်းအပျိုတော် တွေကို မင့်ကဘာလို့လာ "


ထိုစကားကိုကြားကာ ရွမ်ရွမ်ဟာ မထိပြုံးပြုံးပြီ "မင့်ဘာသာဘာကြီးဖြစ်နေနေ မင့်ကငါသခင်နဲ့ လက်ထပ်ရင် သခင်ကတော်ဘဲ နောက်ပြီး မင့်ရဲ့နေရာ(position)ကိုငါသိတယ်လေ "


ဘုရင်လေး။..။"မင့်...."ဆိုတဲ့စကားလုံးကိုသာထွက်လာနိုင်တယ်။ 


ထိုချိန်တိတ်ဆိတ်နေတဲ့အာကျိုးဟာ။"ရွမ်ရွမ်မရိုင်းရဘူး သူကိုသခင်လိုဘဲခေါ်ဒါမှမဟုတ်ရင် နန်းတော်ကလူတွေခေါ်သလို အရှင်လိုခေါ်..."လို့ပြောပြီးဘုရင်လေးဘက်မျက်နာလှည့်ကာ"ကိုယ်မင်နဲ့မဂ်လာဦးချိန် တခြားသူတွေသိမှာ မလိုလားလို့ သူတို့ကိုအပြင်ထွက်ခိုင်းထားတာ စိတ်မပူနဲ့သိလား ဘုရင်လေးကိစ္စအကုန်ကို ကိုယိဘဲလုပ်ပေးတာသန့်ရှင်းတာရော်ဆေးလိမ်းတာရော် "


ထိုစကားကိုကြားတော့ဘုရင်လေးကဒေါသကြီးစွာနဲ့ အသံကိုဖိပြောပြီး"ပါးစပ်ပိတ်..."


အာကျိုးလည်း ငြိမ်ငြိမ်လေးနေလိုက်ပြီ မကြာခင်တွင် နန်းတွင်းအစေခံတွေလာရောက်ကာ ဝတ်ရုံတော်လဲပြီး ဘုရင့်နန်းဆောင်ကိုပြန်သွားတော့တယ်


နောက်တစ်နေ့ ညီလာခံဆီသွားတော့ မင်းမှုထမ်းတွေကော် ဘုရင်ကပါ မျက်နာမကောင်းကြဘူး ဘုရင်ရဲ့ လက်ထပ်ပွဲက သးတို့ရဲ့အသုံးမကျမှုကိုထောက်ပြနေတာဖြစ်တယ်။ 


အထူးသဖြင့် စစ်သူကြီးတွေရဲ့ မျက်နာပိုဆိုးတယ်။ 


စစ်သူကြီးဟန်။ ။ "အရှင် ရဲ့ ကိစ္စ ဒီစစ်သူကြီးမကောင်းလို့ဖြစ်ရတာပါ သေသင့်ပါတယ်အရှင်"စစ်သူကြီးရဲ့ မျက်နာဟာ တော်တော်ဆိုးပြီး သူကိုယ်သူစိတ်ပျက်နေပါတယ်။ 


နောက်တခြားအမတ်တွေဟာလည်းသူတို့ အရှင် ရဲ့ ဖြူဖက်နေတဲ့ မျက်နာရယ် နောက် နန်းတွင်းမှာထွက်နေတဲ့ကောလဟာလရယ်တို့ကြောင့် သူတို့မှာ စိတ်ပူနေလှတယ် တော်ကြာ သူတို့အရှင်ရဲ့ စိတ်ဝိညဥ်ကို မိစ္ဆာတွေစုပ်ယူကုန်လိမ့်မယ် 


ထို့ကြောင့် အမတ်ချုပ်ကြီးက ဦးဆောင်ကရှေ့ထွက်ပြီ "အရှင် ဒီလူအိုကြီး အရှင်တွက် စိတ်ပူလွန်းလှပါတယ် ကျေးဇူးပြုပြီဒီကျွန်အိုကြီးရဲ့အကြံကို နားဆင်ပေးပါ "


ဘုရင်လေးရဲ့ ခေါင်းငြိမ့်တာကိုမြင်တော့ 

အမတ်ချုပ်ကြီး။ ။ "အရှင် အရံဇနီးနဲ့  ကိုယ်လုပ်တော်တင်မြောက်ကြောင်းပါ အစဥ်ဆို ဧကရီတင်မြောက်ပြီ တစ်နှစ်အကြာမှ ဆိုပေမဲ့ အရှင်ကိုညတိုင်းသာ စိတ်ဝိညဥ်အစုပ်ခံရရင် အရှင်အသက်အန္တရာယ်စိုးရိမ်လှကြောင်းပါဘုရား"


အားလုံးကလည်းတက်ညီလက်ညီနဲ့ လျောက်တင်ကြတယ်။ ဘုရင်လေးဟာဒီကောလဟာလကိုသိထားတဲ့အတွက် ဒေါသ သိပ်မထွက်တော့ခြေ ဒါပေမဲ့ အရံဇနီးနဲ့ကိုယ်လုပ်တော်ခန့်အပ်ရမယ် ဧကရီနန်းတက်တာတောင်မကြာသေးတဲ့ ချိန်မှာဆိုတော့ ဘုရင်လေးရဲ့ စိတ်ဓာတ်အရမလုပ်ချင်ပေ။ 


ထိုမိစ္ဆာ ကသူတိုင်းပြည်ကို ကာကွယ်မယ်ကတိပေးခဲ့တာ သူရဲ့ခန့်မှန်းချက်အရ ထိုမိစ္ဆာ သူတိုင်းပြည်ကိုကာကွယ်ဖို့အတွက် လျိုဝှက်ချက်တစ်ခုနဲ့လှယ်လည်ခဲ့ရတယ်။ ဒါတော့သချာတယိ။ သူ့အနေနဲ့ သူလက်ထပ်တဲ့ သူအပေါ်ကောင်းမွန်ပေးသင့်တယ်။ ဒါပေမဲ့ ထိုမိစ္ဆာကိုတာ နေတိုင်းညတိုင်း အိပ်နေရရင် သူဟာလုံးပါးပါးနိုင်တယ်။ ထိုသို့တွေးရင်သူခေါင်းငြိမ့်ပေးခဲ့တယ်။ သူအနေနဲ့ ထိုနေ့ကတည်းက စကားတောင်ပြောချင်စိတ်မရှိခဲ့ဘူး ။


A/N ( စာမေးပွဲပြီးမှup ပါမယ်နော်)