Chapter 17+18
Viewers 1k

👨‍❤️‍👨Chapter 17

– ဇာတ်လိုက်နှင့် အပြိုင်အဆိုင် တိုက်ပွဲ




“ သူတို့ လုံးဝ အထဲဝင်လို့ ရမှာမဟုတ်ဘူးကွ...." 

လိရှောင်းက အကြည့်ပြင်းပြင်းတစ်ချက် ပို့လိုက်သည်။


သူ့ပတ်ဝန်းကျင်ရဲ့ လုံခြုံရေးတွေက အသီးအရွက်စားသတ္တဝါတွေနဲ့ ပြည့်နေတယ်လို့များ ထင်နေတာလား.... 


သွမ့်ရှူးထုံက ပြုံးပြလိုက်သည်


 " ဒါဖြင့် မိန်းကလေး လင်မန့်မန့်ကရော....'


လိရှောင်း၏ မီးလိုအကြည့်တို့ ချက်ချင်း ငြိမ်းသတ်သွားလေသည်။


လင်မန့်မန့်က သူနှင့် စေ့စပ်ထားသည့်သူ ဖြစ်သည်။ သူ့နှင့် စေ့စပ်ထားသည့်သူပင် သူ့အိမ်ထဲ ဝင်လို့မရလျှင် သူတို့အသိုင်းအဝိုင်း၌ ရယ်စရာပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။


" လင်မန့်မန့်က မင်းနဲ့ စေ့စပ်ထားတဲ့သူဆိုတော့ သေချာပေါက် ပိုလို့တောင် မင်းဆီလာခွင့် ရထားဦးမှာ....ဒါပေမယ့် မင်းက သူမကို မတွေ့ချင်ဘူး...အခုဆို မင်းနဲ့ မိန်းကလေးဖိန်းက တစ်ယောက်နဲ့တစ်ယောက် ဘာဆက်ဆံရေးမှ မရှိတော့တာကိုတောင် သူမတံခါးရှေ့ ပိတ်ရပ်ထားသေးတယ်....မင်းမှာ အပြစ်ရှိစိတ် နည်းနည်းလေးတောင် မဖြစ်မိဘူးလား...."


ယင်းက တော်တော်လေးကို တစ်ကိုယ်ကောင်းဆန်သည့်ဘက် ရောက်သွားသည့်အပြင် တစ်ဖက်သားအပေါ် မတရားသည့် လုပ်ရပ်တစ်ခု ဖြစ်နေသည်။


“ သူမက ငါ့အပိုင်....ဘာလို့ သူမကို ပြန်ခေါ်လို့ မရရမှာလဲ...." လိရှောင်းက စိတ်ပျော့မသွားချင်၍ အပြင်းအထန် ငြင်းဆန်လာသည်။ 


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်ရင်း လိရှောင်းရှေ့တွင်ပင် လင်မန့်မန့်၏ ဖုန်းနံပါတ်ကို အမြန်ဆက်သွယ်လိုက်သည်


 " မိန်းကလေးလင်....လိရှောင်းက လင်နန်စီရင်စုမှာ ဒဏ်ရာရသွားလို့ ရောက်လာပေးလို့ရနိုင်မလား...."


လိရှောင်းက သူ့ဖုန်းကို လှမ်းဆွဲချင်သလို လက်ရွယ်လာသည် " သူမကို ဘာတွေ လာဖို့ ပြောနေရတာလဲ....ငါမှ ထိခိုက်မထားတာ...."


သွမ့်ရှူးထုံက သူ့လက်ကို ရှောင်လိုက်ရင်း စကားမဆိုလိုက်သော်လည်း ဖုန်းတစ်ဖက်မှ လင်မန့်မန့်၏ အသံ ထွက်လာသည်။ " ရှင်က ကျွန်မနဲ့ စေ့စပ်ထားတဲ့သူလေ....ရှင်ထိခိုက်ထားရင် သေချာပေါက် ကျွန်မ လာရမှာပေါ့....ဘယ်နေရာ ထိသွားတာလဲ....ဒဏ်ရာက ပြင်းလား...." 


လိရှောင်း "....." သူက စကားမပြောချင်တော့သည်ထိ ဒေါသထွက်နေပြီ ဖြစ်သည်။


ဖြစ်စဥ်တစ်ခုလုံးကို နားထောင်နေခဲ့ရသည့် ဒရိုင်ဘာက မျက်ခုံးလှုပ်နေပေပြီ။


သွမ့်ရှူးထုံက ပြုံးပြလိုက်ရင်း စကားဆိုလာသည် " သူ့ဦးနှောက်ကို ထိသွားတာ....ဒီနေရာက ဆေးဝါးကုသမှုနဲ့ မရလို့ ယန်မြို့တော်ကို ပြန်ပြီး ကုသမှုခံယူလိုက်တာ ပိုကောင်းမယ်...."


[T/N: သွမ့်ရှူးထုံ .... နင်က တကယ် savageပဲ ....ကြိုက်သွားပြီ.....]


လင်မန့်မန့် " ဒါဆို ကျွန်မ အခုချက်ချင်း လာခဲ့ပါ့မယ်...."


လိရှောင်းက အမြန် အော်ပြောလိုက်ရသည် " လာဖို့မလိုဘူး....ငါ့ကို ပို့ပေးဖို့ ရှောင်ဝမ်း ရှိတယ်...." 


သူက သွမ့်ရှူးထုံကို အဓိပ္ပါယ်ပါပါ ကြည့်ပေးလိုက်သည်။ ဘုရားသိကြားမလို့ လင်မန့်မန့် ရောက်မလာပါစေနဲ့....သူက သူမနှင့်အတူ အရှုပ်ထုပ်ထဲ ရောက်သွားမည်ကို အမှန်တကယ် ကြောက်မိသည်။


သွမ့်ရှူးထုံ၏ အကြည့်က အေးစက်နေသည်။ သူက ကားဆီ ညွှန်ပြလိုက်သည်။


" အခုချက်ချင်း ကားထဲ ဝင်ပြီး ယန်မြို့တော်ဆီ မောင်းသွားလိုက်...."


လင်မန့်မန့် မလာအောင် တားဖို့ နည်းလမ်း မရှိ၍ လိရှောင်းမှာ သွမ့်ရှူးထုံကို ရန်မူသည့် အကြည့်နှင့်သာ ကြည့်လိုက်နိုင်ပြီး ကားပေါ်တက်သွားရသည်။


ကားလေးက အပြင်ဘက် မောင်းထွက်သွားပြီးနောက် သွမ့်ရှူးထုံမှာ နေရာမှာတင် ရပ်နေမိသည်။ ထို့နောက် သူက ဖိန်ရော့ဝိန်းဆီ ဝီချတ်မှ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။ မင်းက ဒီနေရာမှာဆို မလုံခြုံဘူး....လိရှောင်းက တစ်ကြိမ် လာပြီးပြီဆိုတော့ နောက်ထပ်လည်း လာနိုင်သေးတယ်....နေရာပြောင်းလိုက်ရင်ရော....


ဖိန်ရော့ဝိန်း : သူ သွားပြီလား....


သွမ့်ရှူးထုံ : အခုလေးတင် ထွက်သွားတာ....


ဖိန်ရော့ဝိန်း : ဒါဆို ကျွန်မ အောက်ထပ်ကို ဆင်းလာခဲ့မယ်.....ရှင့်ရဲ့ ပြဿနာကို အရင် ဖြေရှင်းပေးပါ့မယ်....နောက်မှ ဒီအကြောင်း ပြောကြရအောင်လေ....


သိပ်မကြာမီ ဖိန်ရော့ဝိန်းက လှေကားမှ ဖြေးဖြေးချင်း ဆင်းလာသည်။ သူမက တစ်ဆင့်ချင်းစီတိုင်းကို သေချာသတိထားပြီး ဆင်းနေရသည်။ သူမက ဆံပင်ကို ponytailလေး စည်းထားပြီး ခြေကျင်းဝတ်ထိ ရှည်သော ဂါဝန်ရှည်ကို ဝတ်ထားသည်။ သူမပုံစံက ပိန်ပိန်ရှည်ရှည်လေး ဖြစ်သည်။


သူမ၏ ကြည်လင်နေသော မျက်ခုံးတန်းများက ဝမ်းနည်းရိပ်တို့ စွန်းထင်းနေပြီး အသားအရေကလည်း နေရောင်ထဲက ပုလဲလုံးလေးလို ဝင်းလက်တောက်ပနေသည်။


သူမက နတ်သမီးလေးနှင့် တူသည်။ လိရှောင်း သဘောကျမိသည်မှာ မဆန်းပေ။


သူမက သွမ့်ရှူးထုံကို တွေ့လိုက်သောအခါ အနည်းငယ် အံ့သြသွားသော်လည်း ဖွဖွလေး ပြုံးပြလာသည်


 " ရှင် တော်တော် ပြောင်းလဲသွားတာပဲ...."


သူ့သွင်ပြင်တင်မကပဲ ပုံစံအနေအထားနှင့် မျက်လုံးအကြည့်တို့ပါ ပြောင်းလဲနေသည်။


သွမ့်ရှူးထုံကလည်း ပြုံးပြလာသည် " ကျွန်တော်က အခု အလုပ်အပေါ်မှာ အာရုံစိုက်နေပြီရယ်....ဒီတစ်ကြိမ် ကျွန်တော့်ကို ကူညီပေးရမှာနော်....." 


ဖိန်ရော့ဝိန်းက ခေါင်းညိမ့်ပြလိုက်ရင်း ကြိုတင်သတိပေးလာသည် " ကျွန်မက ရှင်လိုချင်တဲ့ပုံစံကို မဆွဲနိုင်လောက်ဘူး.....စမ်းကြည့်ရုံပဲ တတ်နိုင်မှာ...." 


သို့သော်လည်း သွမ့်ရှူးထုံက သူမစကားလုံးများကို ငြင်းဆန်ပါသည်။


မူရင်းစာအုပ်ထဲတွင် ဖိန်ရော့ဝိန်းက ဒီဇိုင်းပညာ၌ အလွန်ပါရမီပါသည့်သူ ဖြစ်သည်။ ယခင်က အသားအရေထိန်းသိမ်းရေး ထုတ်ကုန်များအတွက် ဒီဇိုင်းမဆွဲပေးဖူးသော်လည်း သူမအနေနှင့်ဆိုလျှင် ပြဿနာမရှိနိုင်လောက်ပေ။


သွမ့်ရှူးထုံက ဤအချက်နှင့်ပတ်သတ်ပြီး ယုံကြည်ချက် ရှိလေသည်။


" ကိစ္စမရှိပါဘူးဗျာ..." သူက ဖိန်ရော့ဝိန်းကို နွေဦးဆောင်းဦးခန်းမဆီ ဦးဆောင်ခေါ်သွားလိုက်သည်။


 " မင်း လိမိသားစုကုမ္ပဏီကနေ အလုပ်ထွက်လိုက်ပြီဆိုတော့ တစ်ခြားအလုပ်ရှာဖို့ စဥ်းစားထားပြီလား...."


ဖိန်ရော့ဝိန်းက ခေါင်းငုံ့လိုက်ရင်း ခါးသက်သက် ပြုံးလိုက်သည် " အဲ့ဒီအကြောင်းကို နောက်မှ ပြောကြတာပေါ့...."


ယန်မြို့တော်ရှိ ကုမ္ပဏီအများစုက လိမိသားစုနှင့် ဆက်စပ်နေ၍ သူမမှာ အလုပ်ဝင်ခွင့် မရချေ။ သူမမှာ မတတ်နိုင်ပဲ ဇာတိမြေတွင် လတ်တလော ပုန်းရှောင်နေဖို့ ဖြစ်သွားရင်း ခဏတာ အနားယူရန် ကြိုးစားနေရသည်။


စိတ်ချယုံကြည်ရသည့် အလုပ်တစ်ခု ရခဲ့ရင်ဖြင့် သေချာပေါက် ပိုကောင်းလေသည်။


" မင်း စိတ်မရှိရင် ကျွန်တော့် ကုမ္ပဏီကို လာခဲ့ပါလား....အခု တကယ် လူမရှိဘူး ဖြစ်နေတာ...မင်း ကျွန်တော့်ကုမ္ပဏီကို လာမယ်ဆိုရင် ကျွန်တော့်ကို ကူပေးလို့လည်း ရပြီ....ကျွန်တော့်ကုမ္ပဏီက ဆက်ဆံရေးလည်း ကောင်းပါတယ်....မင်းနဲ့လည်း နီးတာပဲလေ...တစ်ချက်ရွေ့ နှစ်ခုရပေါ့...." 


[*T/N: တစ်ချက်ရွေ့ နှစ်ခုရ= ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်မိတာကို ပြောတာပါ]


သွမ့်ရှူးထုံက သူမကို အမှန်တကယ် အလုပ်ခန့်ချင်မိသည်။ လိမိသားစုက ဒီလိုပါရမီရှင်မျိုးကို သေချာမထိန်းသိမ်းခဲ့ဘူး....သူမကိုသာ နွေဦးဆောင်းဦးခန်းမအတွက် ရလိုက်မယ်ဆိုရင် တကယ့်မဟာ အခွင့်အရေးကြီးပဲ.... 


သွမ့်ရှူးထုံက စိတ်ရင်းဖြူစင်သည့်သူဖြစ်၍ ဖိန်ရော့ဝိန်းက သူမကို စိတ်ခံစားချက် အကြောင်းပြချက်များကြောင့် အလုပ်ခန့်ခြင်း မဟုတ်မှန်း မြင်နေရသည်။ သူ၏ကမ်းလှမ်းချက်ကြောင့် သူမရင်ထဲ လှိုင်းခတ်သွားမိသည်။


ဒါက....သူမက ဗိုက်ကလေးကို စမ်းလိုက်မိသည်။ သူမဗိုက်ထဲက ဤအသက်သေးသေးလေးကို ထိန်းထားရမည်လား ထိန်းမထားရမည်လား အဖြေမထုတ်ရသေးပေ။




👨‍❤️‍👨



👨‍❤️‍👨Chapter 18




သွမ့်ရှူးထုံက အလှလေးတစ်ယောက်ကို နွေဦးဆောင်းဦးခန်းမထဲ ခေါ်လာခဲ့၍ ဝန်ထမ်းများ၏ စကားပြောဂရုထဲ ချက်ချင်း ပွက်လောရိုက်ကုန်ကြလေသည်။


ကူညီတတ်သည့် လူကောင်းတစ်ယောက်က တိတ်တိတ်လေး ဓါတ်ပုံ ရိုက်ထားခဲ့ပြီး စကားပြောဂရုထဲ ပို့စ့်တင်လိုက်သည်။ စကားပြောဂရုထဲ ချက်ချင်း တိတ်ကျသွားပြီးနောက် ကျားမမရွေး ခွေးအုပ်ကြီး လိုက်ပါလာကြသည်။ 


ဓာတ်ပုံထဲတွင် သွမ့်ရှူးထုံက ဖိန်ရော့ဝိန်းဘက်ကို ခေါင်းစောင်းပြီး စကားပြောနေခြင်း ဖြစ်သည်။ သူ့မျက်နှာထက် နေမွန်းတည့်ချိန် ရွှေအိုရောင် နေခြည်နုနုက ပက်ဖြန်းနေ၍ အသားအရေက ဝင်းပနေသည်။ သူ၏ အနည်းငယ် ညွတ်ကိုင်းနေသည့် မက်မွန်ပန်းပွင့်ရောင် မျက်လုံးလေးများက နူးညံ့ပျော်ဝင်နေပြီး မျက်တောင်စိပ်စိပ်လေးများက တစ်မူထူးခြားနေသည်။


ဖိန်ရော့ဝိန်းက သူ့ပြောစကားကို နားထောင်နေရင်း နတ်သမီးလေးလို အပြုံးလေး ပေးနေသည်။


နှစ်ယောက်လုံး၏ ရုပ်ရည်က တော်တော်လေး ထင်းထွက်နေသည်။ ရုပ်ရှင်စတားများနှင့်ပြိုင်လျှင်ပင် ရှုံးကြမည့်သူများ မဟုတ်ပေ။ လူတော်တော်များများက နတ်ဘုရားအဆင့် ရုပ်ရည်ပိုင်ရှင်နှစ်ယောက်ကို တွဲတွေ့လိုက်ရ၍ အံ့သြမင်သက်သွားကြပြီး အော်ငိုကြတော့သည်။


သွမ့်ရှူးထုံက သုတေသနဌာနတွင် လက်ထောက်ဒါရိုက်တာအဖြစ်နှင့် ရှိနေသည်မှာ လဝက်ကျော်ပြီ ဖြစ်သည်။ နေ့စဥ်နေ့တိုင်း သူက ဓါတ်ခွဲခန်းထဲတွင်ဖြစ်ဖြစ် အိမ်ပြန်လမ်းတွင်ဖြစ်ဖြစ် ရှိနေတတ်သည်။ သူက စကားသိပ်မပြောပဲ သိုသိုသိပ်သိပ်နေသည့်သူ ဖြစ်သည်။ တဖြည်းဖြည်းနှင့် ဝန်ထမ်းများက သူတို့ကြားထားသည့် မကောင်းသတင်းများကြောင့် သူ့အကျင့်မကောင်းလောက်ဟု ခန့်မှန်းထားခဲ့မိရာ ယခုမူ ထိုအတွေးများကိုပင် စွန့်ပစ်လိုက်ကြရတော့သည်။


သွမ့်ရှူးထုံ၏ ထင်းထွက်နေသော ရုပ်ရည်ပါ ထပ်ပေါင်းလိုက်သော် ဤသခင်လေးသွမ့်က အခြားသော ဒါရိုက်တာများထက် ပိုပြီး ကြည့်ကောင်းချောမောမှန်း တွေးလာကြသည့် မိန်းကလေးအရေအတွက်ပင် ပိုများလာသည်။ သူက သူတို့ဌာန၏ လက်ထောက်ဒါရိုက်တာ ဖြစ်နေသည့်အတွက်လည်း ဂုဏ်ယူနေကြသည်။


ဝန်ထမ်းများက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ခန့်မှန်းနေကြသည့်အချိန် သွမ့်ရှူးထုံက ဖိန်ရော့ဝိန်းကို ဓါတ်ခွဲခန်း၂ဆီ ခေါ်သွားပြီ ဖြစ်သည်။


ကျိုးလင်က စမ်းသပ်ချက်လုပ်သည့် စားပွဲရှေ့တွင် ထိုင်နေရင်း ပစ္စည်းများကို နေရာချနေသည်။ ရုတ်တရက် သွမ့်ရှူးထုံက မိန်းမလှလေးတစ်ယောက်ကို ခေါ်ပြီး ဝင်လာသည်ကို မြင်သောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။


သူမက အရမ်းလှတာပဲ.....ပြီးတော့ အသားအရေလည်း အရမ်းလှတယ်.....


တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်လိုက်ကြပြီးနောက် သွမ့်ရှူးထုံက အကြောင်းအရာကို တည့်တည့်သွားလိုက်သည် 


" ဒါက ကျွန်တော် လုပ်ထားတဲ့ နမူနာပါ....ကြည့်ကြည့်ပါဦး...."


သေချာပေါက် သူက ဖိန်ရော့ဝိန်းကို ခေါ်လာရခြင်းက သူ့ထုတ်ကုန်ကို ဒီဇိုင်းရေးဆွဲခိုင်းရန် အဓိက မဟုတ်ပဲ ဟိုတိရစ္ဆာန်ကောင် လိရှောင်းအကြောင်း မစဥ်းစားမိအောင် စိတ်အပြောင်းအလဲဖြစ်ရန် ခေါ်ခဲ့ခြင်းဖြစ်သည်။


နမူနာပစ္စည်းက ကြည်လင်နေသော ဖန်ပုလင်းနှင့် ထုတ်ပိုးထားလေသည်။ လှပသော ချယ်ရီရောင် အနှစ်ရည်လေးများက ကြည့်လိုက်သည်နှင့် သဘောကျစရာကောင်းလှသည်။ ဖိန်ရော့ဝိန်းက အနီးသို့ ယူကြည့်လိုက်ပြီး အနံ့ခံကြည့်လိုက်သည်။ ပန်းပွင့်နံ့လေးများက သူမနှာခေါင်းထဲ တိုးဝင်လာရင်း ကြော့ရှင်းလှပသည့် ခံစားချက်မျိုး ဖြစ်စေသည်။ 


သူမခေါင်းထဲ အစီအစဥ်များစွာ ပေါ်လာသည်။ သူမမှာ ချက်ချင်းပင် ဘောပင်နှင့် စာရွက်လွတ်ပေါ် ချရေးချင်မိသည်။


သွမ့်ရှူးထုံက သူမ၏ အံ့အားသင့်သွားသော ပုံစံနှင့် ရစ်မူးနေသည့် အကြည့်လေးကို မြင်လိုက်ရပြီးမှ စိတ်အေးသွားရသည်။ သူ မပြောခဲ့ဘူးလား....ဇာတ်ကြောင်းကနေ ဇာတ်လိုက်မကို ပေးထားတဲ့ အရည်အချင်းမျိုးက နံရံကိုပစ်ပေါက်ဖို့ မဟုတ်နိုင်ပါဘူးလို့.... 


နောက်ပြီးတော့ သူက သူ့ထုတ်ကုန်အပေါ် ယုံကြည်ချက် ရှိတဲ့သူ....


" ဒါက ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီးတွေ အတွက်လည်း သင့်တော်တယ်...."


သွမ့်ရှူးထုံက သူ့ထုတ်ကုန်၏ အကျိုးသက်ရောက်မှုကို ပြောပြချင်ရုံသက်သက် စကားဆိုလိုက်သော်လည်း "ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီး" ဆိုသည့် စကားက ဖိန်ရော့ဝိန်းကို အနာထိသွားစေနိုင်မှန်း နောက်မှ သဘောပေါက်သွားမိသည်။


ဖိန်ရော့ဝိန်းက သတိမပြုမိချေ။ သူမက ခေါင်းငုံ့လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြုံးပြလာသည် " အရမ်း ကောင်းတယ်...." သူမက ဤကိစ္စအကြောင်း ကြားလိုက်ချိန် သူမခေါင်းထဲ စိတ်ကူးတစ်ခု ဖြစ်ပေါ်လာသည်။


သူမ မျက်လုံးတန်းကြားရှိ ဝမ်းနည်းနေသည့် အငွေ့အသက်များက ပျောက်ကွယ်သွားရင်း စိတ်ကူးအကြံအစည်များ ပေါ်လာမှုကြောင့် ပျော်ရွှင်မှုများ အစားထိုးဝင်ရောက်လာသည်။ 


သူမက နမူနာပစ္စည်းကို အသာအယာ ပြန်ချလိုက်သည်။ သူမနှုတ်ခမ်းထောင့်လေးများကလည်း ဖြေးဖြေးချင်း ကော့ညွတ်သွားလေသည်။


" ကျွန်မစိတ်ထဲ အကြံပေါ်လာပြီးပြီရယ်....ဆွဲတာပြီးသွားရင် ရှင့်ဆီ လာပို့ပေးပါ့မယ်...."


" ကောင်းပါပြီ...." သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်ရင်း နွေဦးဆောင်းဦးခန်းမ၏ အပေါက်ဝထိ လိုက်ပို့ပေးလိုက်သည်။


ဖိန်ရော့ဝိန်းက တစ်လှမ်းနှစ်လှမ်းခန့် လျှောက်သွားပြီးနောက် ပြန်လှည့်ကြည့်လာသည်။ သူမက ပါးစပ်ဟလိုက်ရင်း တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း တွန့်ဆုတ်နေလေသည်။


သွမ့်ရှူးထုံက သူမကို တိတ်တိတ်လေး စောင့်နေလိုက်သည်။


ရှင်းသန့်ဖြူစင်သည့် အမျိုးသမီးငယ်လေးက နောက်ဆုံး သတ္တိမွေးလိုက်ရင်း ဒွိဟဖြစ်စေသော မေးခွန်းတစ်ခုကို မေးလာသည်


 " သခင်လေးသွမ့်....တကယ်လို့ ကိုယ်က တစ်ခုခုလုပ်လိုက်မယ် ....အဲ့ဒါကလည်း ဘဝတစ်လျှောက်လုံးကို သက်ရောက်မှုရှိစေတဲ့ အရာမျိုးဖြစ်နေတယ်....ဒါပေမယ့် အခုလောလောဆယ် ကိုယ်က နောက်ပိုင်းမှာ နောင်တရမလား မရဘူးလားဆိုတာ သေချာမသိသေးဘူးဆိုရင်ရော သခင်လေးသွမ့် ဘယ်လိုလုပ်မလဲ...."   


“ မင်း ကိုယ်ဝန်ရှိနေတာလား...." သွမ့်ရှူးထုံက သူမက ကလေးကိစ္စကို ပြောနေခြင်းမှန်း မှန်းဆမိ၍ တည့်တည့်မေးလိုက်တော့သည်။


ဖိန်ရော့ဝိန်း ".... ရှင် ဘယ်လိုလုပ် သိနေတာလဲ...."


သွမ့်ရှူးထုံက ပြန်ဖြေလိုက်သည် " မင်းက အခု ကလေးကို ဖျက်ချချင်နေတာမို့လား....ဒါပေမယ့် မင်းလုပ်လိုက်ရင် မင်းရဲ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိလာမလားပဲ....."  


သူက မူရင်းဇာတ်ကြောင်းကို ကြိုးစားပြီး စဥ်းစားကြည့်လိုက်ရင်း နောက်ဆုံးတွင် ခေါင်းထဲက ဆွဲထုတ်နိုင်ခဲ့သည်။


မူရင်းစာအုပ်ထဲတွင် ဇာတ်လိုက်မက ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ရ၍ အနည်းငယ် ကြောက်လန့်နေခဲ့သည်။ သူမက ကလေးဖျက်ချလို့ ရနိုင်မလား ဆရာဝန်ကို မေးကြည့်ခဲ့သည်။ နောက်ဆုံးတွင် ဆရာဝန်က ကလေးဖျက်ချလိုက်လျှင် သူမခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါး ထိခိုက်သွားမည်ဖြစ်ပြီး နောက်အနာဂတ်တွင်လည်း ကိုယ်ဝန်ဆောင်နိုင်တော့မည် မဟုတ်ဟု ပြောခဲ့လေသည်။


သူမက ကလေးဖျက်ချရန် စိတ်မကူးခဲ့ဖူးပေ။ သူမက အကြောက်လွန်နေ၍သာ မေးကြည့်ခဲ့ခြင်းဖြစ်သည်။ ဆရာဝန်က ဤသို့ပြောလာသည့်အခါ သူမက ထိုကိစ္စနှင့်ပတ်သက်ပြီး လမ်းစမရှာတော့ပေ။


သို့သော်လည်း ယခုတွင် သူမက ကြောင်တောင်တောင်နိုင်ပြီး ခက်ခဲသည့် အခြေအနေတွင် ရှိနေသည်။  


ဖိန်ရော့ဝိန်းက သူဘယ်လိုသိသွားလဲ သိချင်မိသော်လည်း ခေါင်းသာငြိမ့်ပြလိုက်သည်။


သွမ့်ရှူးထုံမှာ ခေါင်းကိုက်လာရတော့သည်။ ကလေးမွေးခြင်းက သူမဂုဏ်သိက္ခာကို အနည်းငယ် ထိခိုက်စေနိုင်သော်လည်း ဖျက်ချလိုက်ပါက သူမတစ်ဘဝလုံး မိခင်ဖြစ်ရတော့မည် မဟုတ်ပေ။ 


သူက သေသေချာချာ စဥ်းစားကြည့်သည်။ မူလဇာတ်ကြောင်းတွင် လိရှောင်းက ဖိန်ရော့ဝိန်း ထွက်သွားပြီးနောက် စီးပွားရေးကို ဇောက်ချလုပ်ကိုင်ရင်း မြန်မြန်ဆန်ဆန် ကြီးပွားတိုးတက်လာကာ မိဘများကို လွန်ဆန်နိုင်သည့် သတ္တိရှိလာပြီး လင်မန့်မန့်နှင့် စေ့စပ်ကြောင်းလမ်းထားသည့် ကိစ္စကို ယတိပြတ် ဖြေရှင်းနိုင်ခဲ့သည်။


ကတ္တရာစေးဆိုသော်ငြားလည်း ဖိန်ရော့ဝိန်း၏ အနာဂတ်အတွက် လမ်းဖောက်ပေးနိုင်ခဲ့သည်။


ရှက်နေရှာသည့် ဖိန်ရော့ဝိန်းဘက်ကို မျက်နှာမူလိုက်ရင်း သွမ့်ရှူးထုံက ဖျက်ချမည့်အကြောင်း မပြောနိုင်၍ သေသေချာချာ မေးခွန်းထုတ်လိုက်သည်


 " မင်း ကလေးချစ်တတ်လား...."



👨‍❤️‍👨