Chapter 19+20
Viewers 1k

👨‍❤️‍👨Chapter 19



“ ကျွန်မ တော်တော်လေး ကလေးချစ်တတ်ပါတယ်...." ဖိန်ရော့ဝိန်းက ပြန်ဖြေလာသည်။


သူမက မိဘမဲ့တစ်ယောက် ဖြစ်သည်။ ဆွေမျိုးသားချင်းမရှိပဲ တစ်ယောက်တည်း ကြီးလာခဲ့ရသည့်သူ ဖြစ်သည်။ သူမဗိုက်ထဲက ကလေးလေးက သူမသွေးတစ်ဝက် ပါနေမှန်း စဥ်းစားမိသည့်အချိန် သူမရင်ထဲ ဝမ်းသာပျော်ရွှင်လာမိသည်။


သွမ့်ရှူးထုံက သူမအဖြေကို ကြားသောအခါ ဟာသနှောပြီး ချော့ပြောရန်သာ တတ်နိုင်တော့သည် 


" ဒါဆိုလည်း လိရှောင်းက သုတ်ပိုးလှူပေးထားတယ်လို့သာ သဘောထားလိုက်ပေါ့ကွာ...."  


ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်တို့နှစ်ခုကြားတွင် သတ်သတ်မှတ်မှတ်မျဥ်းမျိုး မရှိပေ။ ဖိန်ရော့ဝိန်းကလည်း ခံရသည့်သူ ဖြစ်နေသည်။ ကိုယ်ဝန်ဖျက်ချလိုက်၍ ရလာမည့် အကျိုးဆက်ကို သူမတစ်ယောက်တည်း ရင်ဆိုင်ခိုင်းလိုက်ဖို့က သူမအတွက် မမျှတပေ။ ထို့ပြင် သူတို့သုံးယောက်ကြားက ဖြစ်ပေါ်လာသည့် ကံဆိုးမှုအားလုံးကို သူမတစ်ယောက်တည်း ဒဏ်ခံနေရအောင်ကလည်း မတရားပေ။


ဖိန်ရော့ဝိန်း : ???


သူမက ကမ္ဘာသစ်တစ်ခုဆီ ရောက်မည့် တံခါးချပ်ကို ဖွင့်မိသွားသလိုပင်။


သူမက ကလေးဖျက်ချခြင်းမှ ဖြစ်လာနိုင်သည့် ကောင်းကျိုးဆိုးကျိုးများကို အချိန်အတော်ကြာအောင် စဥ်းစားတွေးတောနေခဲ့မိသည်။ ဖြစ်လာမည့် အကျိုးဆက်ကို စဥ်းစားကြည့်ရင်း လူပင် နောက်ပြန်ကျုံ့မိမလို ဖြစ်သွားရလေသည်။ 


သူမ တကိုယ်ကောင်းဆန်သည်ပဲ ပြောပြော ကိုယ်ထင်ရာ လုပ်သည်ပဲဆိုဆို ရှေ့ဆက်လျှောက်ရမည့် သူမဘဝအတွက် ဤအရာက မျှော်လင့်ချက်လေး ဖြစ်နေသောကြောင့် သူမအနေနှင့် မွေးလိုက်ဖို့ကို ပိုအားသန်မိသည်။


သူမ ဇာတိမြေကို ပြန်လာရသည့် အကြောင်းရင်းကလည်း လူတိုင်းနှင့် ဝေးရာတွင်နေပြီး သူတို့ကို ပြဿနာမပေးချင်၍ ဖြစ်သည်။


သွမ့်ရှူးထုံနှင့် ဆုံစည်းရလိမ့်မည်ဟု လုံးဝမျှော်မှန်းမထားခဲ့ရုံသာ။


ဖိန်ရော့ဝိန်းက အပြုံးလေးနှင့် စကားဆိုလာသည် 


" ကျေးဇူးပါ...သခင်လေးသွမ့်....ဒီနေ့ ကျွန်မကို ကူညီပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...."


သွမ့်ရှူးထုံက ခေါင်းယမ်းပြလိုက်သည် " ကျွန်တော့်ဘက်က အရင်ဆုံး အကူအညီတောင်းခဲ့တာပဲလေ....ပြီးတော့လည်း မင်းရဲ့သူငယ်ချင်းက မင်းကို အရမ်းစိုးရိမ်နေတယ်...."


ဖိန်ရော့ဝိန်းက ရုတ်တရက်ကြီး သူမကို သွမ့်ရှူးထုံ လာရှာသည့် အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွား၍ အနည်းငယ် မသိုးမသန့်ခံစားမိသည်။ အမှန်တွင်ဖြင့် သူမက လူတိုင်းနှင့်ဝေးရာတွင် နေဖို့ စီစဥ်ထားခဲ့သည်။ လိရှောင်းက သူမသူငယ်ချင်းဖြစ်သူကိုလည်း နှောင့်ယှက်နေမည်စိုး၍ သူမကို မပြောပြခဲ့ရာ နောက်ဆုံးတွင် သောကပေးခြင်းနှင့်သာ အဆုံးသတ်သွားခဲ့သည်။


သို့သော်လည်း လိရှောင်းက ဤနေရာထိ သူမကို လာရှာလိမ့်မည်ဟု ထင်မထားခဲ့ပေ။


" ကောင်းပါပြီ...ကျေးဇူးပါ...."


သိပ်မကြာမီ သောကြာနေ့သို့ ရောက်ရှိလာခဲ့သည်။


ကျိုးလင်က အလုပ်မသွားခင် မှန်ရှေ့ရပ်ပြီး မျက်နှာကို တစိမ့်စိမ့်ကြည့်ကာ တဖြေးဖြေးချင်း စိတ်ချသွားသည့် အပြုံးမျိုး ပြုံးလိုက်မိသည်။


သူမက လက်ထဲက နှာခေါင်းစည်းကို လွယ်အိတ်ထဲ ထိုးထည့်လိုက်ပြီး ခေါင်းမော့ကာ အိမ်အပြင်သို့ ထွက်သွားလိုက်သည်။


သူမက ဓါတ်လှေကားထဲ ဝင်သွားသည်နှင့် ဘေးအခန်းက အိမ်နီးချင်းအဒေါ်ကြီး အန်တီဝမ်နှင့် တိုးသွားလေသည်။


အန်တီဝမ်က သူမဆီ ခေါင်းမော့ကြည့်လာရင်း ပါးစပ်ဟကာ နှုတ်ဆက်စကားဆိုရန်ပြင်သည် " လင်လင်....အခု အလုပ်သွားတော့မလို့...." သူမ၏စကားလုံးများက တစ်ပိုင်းတစ်စ ပြတ်တောက်သွားပြီး စက္ကန့်အနည်းငယ်ခန့် တုံ့ခနဲဖြစ်သွားရသည်။ နောက်မှ မယုံကြည်နိုင်သော မျက်နှာအမူအရာတစ်ခု ပြလာသည်။ 


" လင်လင်....ညည်းမျက်နှာက ပိုကောင်းလာသလိုပဲ...."  


ကျိုးလင်က ယဥ်ယဥ်ကျေးကျေး ပြုံးပြလိုက်သည်။ သူမ၏မျက်ခုံးတန်းလေးများက ယခင်ကထက်ပိုပြီး နှစ်လိုဖွယ်ကောင်းနေသည် 


" အလုံးစုံကြီး ပိုကောင်းမလာသေးပါဘူး...."


သူမမျက်နှာတွင် ဝက်ခြံဖုတစ်ချို့ ကျန်နေသေးသော်လည်း ယခင်ကလို ဝက်ခြံအပြည့်နှင့်မျက်နှာထက်စာလျှင် ပိုကောင်းလာသည်ကတော့ အမှန်ဖြစ်သည်။ နောက်ပြီး သူမ၏ တင်းတိပ်များကလည်း ပိုပြီး ပါးလာခဲ့သည်။ လက်ရှိသူမရုပ်ရည်က ယခင်ကလောက် ကြောက်စရာမကောင်းတော့ပေ။ သာမန်လူအများစု၏ ရုပ်ရည်အဆင့်ထဲ ရောက်လာပြီဖြစ်သည်။ 


အန်တီဝမ်က မျက်မှောင်ကြုပ်လိုက်ရင်း မေးလာသည်


 " ညည်းက မိတ်ကပ်လိမ်းထားလည်း မဟုတ်ဘူးလားလို့....အစက်အပြောက်တွေ မမြင်ရတော့ဘူးရော....ညည်းကို ပြောဦးမယ်...ညည်းရဲ့ မျက်နှာအခြေအနေမျိုးနဲ့ ထသွားထလာမိတ်ကပ်မျိုး မလိမ်းသင့်ဘူး....မဟုတ်ရင်...."


ဓါတ်လှေကားတံခါးက ပွင့်သွားလေသည်။


ကျိုးလင်က အရင်ဦးအောင် ထွက်သွားလိုက်ပြီး အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည် " ကျွန်မ အလုပ်သွားရတော့မယ်....အန်တီဝမ်....နောက်မှတွေ့မယ်နော်....."


သူမက တစ်ချက်လေးမှ စိတ်လှုပ်မရှားမိပေ။


စက်ဘီးလေးစီးနေသည့်အချိန်အတွင်း သူမက လက်ကိုလွှတ်ပြီး လေထဲ တိုးဝှေ့ကာ ကျယ်ကျယ်လောင်လောင် ရယ်ပစ်လိုက်ချင်မိသည်။ 


မနက်၈နာရီ ၅၀မိနစ်တွင် နွေဦးဆောင်းဦးခန်းမအပေါက်ဝသို့ ဝန်ထမ်းများက တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ အချို့က အဖော်များနှင့် စကားတပြောပြော ဝင်လာကြပြီး အချို့က ဟိုသည်လျှောက်ကြည့်ရင်း အလျင်မလိုသည်ပဲ အေးအေးလူလူပင်။


ကောင်းဖန်းက အထွေထွေမန်နေဂျာ၏ အတွင်းရေးမှူးဖြစ်သည်။ သူမက မနက်တိုင်း ရုံးစောစောလာပြီး ကျိုင်ကျွင့်အတွက် wolfberry နှင့်ဂန္ဓမာပန်း လက်ဖက်ရည် တစ်ခွက်ကို ဖျော်ပေးရသည်။


[T/N wolfberryက အနီရောင်ရှည်ရှည်ချွန်ချွန် ဘယ်ရီသီးမျိုးပါ ဂန္ဓမာပန်းနဲ့ တွဲစပ်ပြီး လက်ဖက်ရည်ကြမ်း လုပ်သောက်ကြလေ့ရှိပါတယ်]


သူမက ယနေ့မနက်မှ အိပ်ယာထနောက်ကျသွားခဲ့သည်။ သူမက ဒေါက်မြင့်ဖိနပ်သံဆူဆူညံညံနှင့် အဆောက်အဦးထဲ ဝင်လာသည့်အချိန် နှာခေါင်းစည်းတပ်မထားသည့် ကျိုးလင်ဘေးနား ဖြတ်လျှောက်မိသွားသည်။


ကောင်းဖန်းက ရှေ့နည်းနည်းရောက်သွားပြီးမှ သူမမြင်ခဲ့သည့်အရာကို ပြန်စဥ်းစားမိသည်။ ချက်ချင်းတုံ့ခနဲရပ်သွားပြီး နောက်ပြန်လှည့်ကြည့်မိသည်။ သူမမျက်လုံးတို့က ကျိုးလင်၏ မျက်နှာဆီမှ အကြည့်မခွာနိုင်တော့ပေ။ အံ့သြလွန်း၍ နှုတ်ကနေ မေးလိုက်မိသည်


 " ကျိုးလင်....နင့်မျက်နှာက ပိုကောင်းလာတာလား...."


သူမက အံ့သြစိတ်နှင့် မေးလိုက်၍ လေသံက တော်တော်လေး ကျယ်သွားရာ အနီးနားက ဝန်ထမ်းများကပါ ရပ်ပြီး ကျိုးလင်ကို ကြည့်လာကြသည်။


ပထမဆုံးအကြိမ် လူများစွာထံမှ အကြည့်ခံရဖူး၍ ကျိုးလင်က စိတ်လှုပ်ရှားလာပြီး စိတ်ထဲ ရှက်နေပြီဖြစ်သော်ငြား တည်ငြိမ်ချင်ယောင်ဆောင်ထားရသည်။


ပြန်လှည့်ကြည့်လိုက်ရင်း သူမက အနည်းငယ် တုန်ယင်နေသော အသံနှင့် ပြန်ဖြေလာသည်


 " နည်းနည်းလေး ပိုကောင်းလာတာပါ....အရှင်းကြီး ကောင်းလာတာမျိုး မဖြစ်သေးပါဘူး...."


ကျိုးလင်က အမြဲတမ်း ကိုယ့်ကိုယ်ကို နှိမ့်ချတတ်သည်။ သူမမျက်နှာက တော်တော်လေး တိုးတက်လာသော်လည်း လူပေါင်းများစွာဆီမှ စိုက်ကြည့်ခံနေရ၍ မတတ်နိုင်ပဲ ခေါင်းငုံ့ပြီး အဆောက်အဦထဲ သွက်သွက်ဝင်လိုက်ရတော့သည်။


အချို့တီးတိုးပြောဆိုသံများက သူမနားထဲ ရောက်ရှိလာ၍ လမ်းလျှောက်နေသည့် အရှိန်ကို မြင့်လိုက်ရာ ဓါတ်ခွဲခန်း၂သို့ မြန်မြန်ဆန်ဆန် ရောက်သွားသည်။


သွမ့်ရှူးထုံက စမ်းသပ်ချက်လုပ်သည့် စားပွဲရှေ့ ရပ်ရင်း သုတေသနအစီရင်ခံစာကို ပြင်ဆင်နေသည်။ သူမကို မြင်သောအခါ ဖွဖွလေးပြုံးပြလာသည်


 " ခဏနေရင် မန်နေဂျာကျိုင်နဲ့ သွားတွေ့ဖို့ လိုက်ခဲ့ရမယ်နော်..."


ကျိုးလင်က ခေါင်းညိမ့်ပြလိုက်သည် " ဟုတ်ကဲ့..."


လူငယ်လေးက ဓါတ်ခွဲခန်းကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး အရပ်ရှည်သည့်သူဖြစ်၍ စားပွဲခုံကို မှီပြီးရပ်နေသည်။ သူ့အနောက်ဘက်ဆီက ပြတင်းပေါက်မှ နေရောင်ခြည် တိုးဝင်လာသည်။သူ့နောက်ကျောကို နေရောင်ထိုးနေ၍ သူ့အပြုံးက နွေးထွေးသက်ဝင်နေသည်။


ထိုခဏ ကျိုးလင်၏ နှလုံးသားထဲ ကျေးဇူးတင်လေးစားသည့်စိတ်တို့ အလုံးအရင်း ဝင်ရောက်လာခဲ့သည်။


ဒါရိုက်တာသွမ့်သာ ရှိနေလို့ကတော့ နွေဦးဆောင်းဦးခန်းမလည်း တိုးတက်ကြီးပွားလာနိုင်သည်ဟု သူမ စဥ်းစားနေမိသည်။



👨‍❤️‍👨



👨‍❤️‍👨Chapter 20




အထွေထွေမန်နေဂျာ ရုံးခန်းထဲတွင် ဖြစ်သည်။


ရေသောက်နေစဥ် တံခါးခေါက်သံက အနှောင့်အယှက် ပေးလာ၍ ကျိုင်ကျွင့်က စိတ်ညစ်သွားမိသည်။ မနက်စောစောစီးစီး ဘယ်အရူးက စိတ်ညစ်စရာလာပေးတာလဲကွာ....


" ဝင်လာပါ"


ကောင်းဖန်းက သွမ့်ရှူးထုံနှင့် ကျိုးလင်ကို အခန်းထဲ ခေါ်လာသည်။ ကျိုင်ကျွင့်မှာ ချက်ချင်းပင် မျက်နှာထား ပြောင်းသွားလေသည်။ သူက ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ရင်း နှုတ်ဆက်လိုက်သည်။ မျက်နှာထက် အပြုံးတစ်ခု ဆင်မြန်းလိုက်ရင်း မေးမြန်းလိုက်သည်


 " ကိစ္စတစ်ခုခုရှိလို့ပါလား....ဒါရိုက်တာသွမ့်...." 


သူက တတ်နိုင်သမျှ လေသံကို နူးညံ့သိမ်မွေ့ထားလေသည်။


သွမ့်ရှူးထုံက ရယ်ချင်စရာကောင်းသည်ဟု ထင်မိသော်လည်း သူတို့ကိုယ်သူတို့ သူဌေးကြီးလို ပုံဖမ်းနေသည့် စီမံခန့်ခွဲရေးဌာနက စီနီယာများထက်စာလျှင် ကျိုင်ကျွင့်လို ရည်မှန်းချက်လည်းမရှိ နာနာခံခံလည်း ရှိသော သူမျိုးကို မန်နေဂျာအဖြစ် ရထားသည့်အတွက် သူကံကောင်းသည်ဟု တွေးမိသည်။  


“ မန်နေဂျာကျိုင်.... ကျွန်တော် အရင်က တင်ပြခဲ့တဲ့ ပရောဂျက်အသစ်က အောင်အောင်မြင်မြင် တိုးတက်လာပါပြီ....ဒါက သုတေသနအစီရင်ခံစာပါ....ကြည့်ကြည့်ပါဦး...." သွမ့်ရှူးထုံက စကားရပ်လိုက်ရင်း အချက်ကျကျပြောလာသည် " တကယ်လို့ အဆင်ပြေမယ်ထင်ရင် ကျေးဇူးပြုပြီး ထုတ်လုပ်ရေးနဲ့ စျေးကွက်တင်ရောင်းချရေးအတွက် ရင်းနှီးမြုပ်နှံငွေကို တတ်နိုင်သမျှ စီမံခန့်ခွဲပေးပါဦး...." 


ကျိုင်ကျွင့်က အစီရင်ခံစာကို ယူလိုက်ပြီး ကောင်းဖန်းနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။


ကောင်းဖန်းက ရုံးခန်းထဲက ထွက်သွားပေးလိုက်ပြီး တံခါးပိတ်ပေးသွားလေသည်။


“ဒါရိုက်တာသွမ့်....ဒီလိုမျိုး လုပ်ရိုးလုပ်စဥ်တွေအတိုင်း လုပ်နေဖို့ မလိုပါဘူးဗျာ...."


 á€€á€ťá€­á€Żá€„်ကဝွင်အက ရယ်မောလိုက်သည်


 " ဒါရိုက်တာသွမ့်က ထုတ်လုပ်ရေးပိုင်းကို စီမံချင်တယ်ဆိုရင် စကားတစ်ခွန်းလောက် ပြောလိုက်ရုံပါပဲ....ကျွန်တော် အခုချက်ချင်း ဌာနအားလုံးဆီ တာဝန်ပေးလိုက်ပါမယ်ဗျာ...."


သွမ့်ရှူးထုံ၏ မျက်ခုံးတန်းတို့ စုကျုံ့သွားသည်။ ကန့်ကွက်မလာခြင်းက ကောင်းသည့် အရာတစ်ခု ဖြစ်သော်လည်း ကျိုင်ကျွင့်၏ အလုပ်အပေါ် သဘောထားသည့် စိတ်က သူ့ကို စိတ်ပျက်စေသည်။


ကျိုင်ကျွင့်က ဖုန်းကိုင်ရန်ပြင်လိုက်ချိန် တစ်ခုခု တွေးမိသွား၍ မေးလိုက်သည် " သွမ့်မိသားစု ရင်းနှီးမြုပ်နှံရေးက ပမာဏဘယ်လောက် ရှိတာလဲ...."


သွမ့်ရှူးထုံ " ....ဒါက ဘယ်လိုလုပ်ပြီး သွမ့်မိသားစုနဲ့ ပတ်သက်သွားရတာလဲ...."


ကျိုင်ကျွင့် : ???


သွမ့်မိသားစုရဲ့ မင်းသားလေးက ထုတ်ကုန်သစ်တစ်ခု လုပ်ချင်နေတာလေ....ဒါကြောင့် သွမ့်မိသားစုက ထောက်ပံ့ပေးရမှာ မဟုတ်ဘူးလား....


" နွေဦးဆောင်းဦးခန်းမကရော...." သွမ့်ရှူးထုံက မေးလိုက်သည်။


ကျိုင်ကျွင့်က ခါးသက်သက် ပြုံးပြလာသည်


 " ကျွန်တော်တို့ လုပ်ခဲ့တဲ့ ရင်းနှီးမြုပ်နှံမှုတွေက တစ်ခါမှ အမြတ်အစွန်း မရဖူးသေးလို့ပါ...." 


သွမ့်ရှူးထုံက မျက်မှောင်အသာကြုံ့မိသည်။ သူတွေးထားသည်က မှားသွားလေသည်။ သူက ကျိုင်ကျွင့်ဘက်က အေးအေးဆေးဆေး ဖြစ်နေခြင်းက နွေဦးဆောင်းဦးခန်းမတွင် ထုတ်ကုန်သစ်အတွက် ရင်းနှီးမြုပ်နှံပေးနိုင်စွမ်းရှိနေခြင်းကြောင့် ဖြစ်မည်ဟု ထင်ခဲ့လေသည်။


ရင်းနှီးမြုပ်နှံမည့် ကိစ္စနှင့် ပတ်သတ်၍ သူ့ဘက်က စိတ်မပူခဲ့မိသည်မှာ အချိန်တော်တော်ကြာပြီဖြစ်၍ ပြဿနာနှင့် ထိပ်တိုက်ရင်ဆိုင်ရသည်ထိ သူ့မှာ မစဥ်းစားမိသေးပေ။


နွေဦးဆောင်းဦးခန်းမ၏ လက်ရှိအခြေအနေနှင့် ဆိုလျှင်လည်း ထုတ်ကုန်သစ်ကို ရင်းနှီးမြုပ်နှံပေးဖို့က တကယ် မဖြစ်နိုင်ပေ။


သွမ့်ရှူးထုံ၏ မျက်နှာအမူအရာက တစ်ခုခုရှိနေ၍ ကျိုင်ကျွင့်က သူစကားပြောမှားသွားမှန်း မသဲမကွဲ အာရုံရလိုက်သည်။ သူက သွမ့်ရှူးထုံကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ရင်း အလျင်စလို ပြောလာသည်


 " ကုမ္ပဏီရဲ့ ရန်ပုံငွေအများစုက ဓါတ်ခွဲခန်း၁မှာပဲ မြုပ်နှံတာ များတယ်....ဒီလိုလုပ်ရင်ရော....ကျွန်တော် သူတို့ထုတ်ကုန်ကို အရင်ဆုံး ဖြတ်ထားလိုက်ပြီး သူတို့အတွက် ရင်းနှီးမြုပ်နှံပေးမယ့် ရန်ပုံငွေကို ခဏဖယ်ထားလိုက်မယ်လေ...." 


“ မလိုပါဘူး...." သွမ့်ရှူးထုံက ပြတ်ပြတ်သားသား ငြင်းလိုက်သည် "


 á€œá€ąá€Źá€œá€ąá€Źá€†á€šá€ş ထုတ်ကုန်သစ် ထုတ်မယ့် အစီအစဥ်ကို ရပ်ထားလိုက်ပါဦး....ကျွန်တော် သုတေသနဌာနကို အရင်ဆုံး ပြန်သွားလိုက်ဦးမယ်...."


အကယ်၍ ယခင်ထုတ်ကုန်အချို့၏ ထုတ်လုပ်ရေးများကို ရပ်ဆိုင်းပစ်ဖို့ လိုနေလျှင်ပင် သူအနေနှင့် ချက်ချင်း မလုပ်နိုင်သေးပေ။


ပေးထားပြီးသား ရန်ပုံငွေကို လုယူရအောင်ကလည်း ဓါတ်ခွဲခန်း၁ကို မလေးစားရာရောက်သည်။


သူ့အနေနှင့် အခြားနည်းလမ်းတစ်ခုကို စဥ်းစားဖို့လိုသည်။


ဓါတ်ခွဲခန်းထဲ ပြန်လာသည့်အချိန် ပထမဆုံးအနေနှင့် သူ့အကောင့်ကို စစ်ကြည့်လိုက်ရာ စုစုပေါင်း တစ်သိန်းကျော်ကျော်လောက်သာ ရှိ၍ မလောက်ငှပေ။


ငွေကြေးအတွက် အကူအညီပေးမည့်သူကို ရှာရန်က ခက်ခဲလေသည်။


သူက အခုလောလောဆယ် ထိုအမှန်တရားကို ခံစားနေရပြီဖြစ်သည်။


သွမ့်ရှူးထုံက တိတ်တဆိတ် စိတ်ဓါတ်ကျနေသည့်အချိန် သူ့ကို မြင်နေရသည့် ကျိုးလင်ကလည်း စိတ်ချမ်းမသာပေ။ ထုတ်ကုန်သစ်က သိသိသာသာပင် ရလဒ်ကောင်းသော်လည်း ရန်ပုံငွေမရှိ၍ ထုတ်လုပ်၍ မရဖြစ်နေသည်။


ထိုနည်းတူစွာ ကျိုင်ကျွင့်ကလည်း သောကရောက်နေပြီဖြစ်သည်။ သူက သခင်လေးသွမ့်မှာ ဘာထုတ်ကုန်မှ ထုတ်နိုင်လောက်မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း သူတွေးထားသည်နှင့် ဆန့်ကျင်စွာ သခင်လေးသွမ့်က သုတေသနတစ်ခုကို ဦးဆောင်ပြီး တစ်လအတွင်း အစီရင်ခံစာတင်နိုင်ခဲ့သည်။


သူက နှစ်ပေါင်းများစွာ ကြာအောင် အထွေထွေမန်နေဂျာ လုပ်လာ၍ ဘာမှနားမလည်သည်မျိုး မဟုတ်ပေ။ အစီရင်ခံစာထဲကအတိုင်းဆိုလျှင် ထုတ်ကုန်အသစ်က တကယ် အံ့သြစရာကောင်းသည့် ပစ္စည်းမျိုး ဖြစ်သည်။


သို့သော်လည်း ယခုတွင် ဘဏ္ဍာရေးအခြေအနေကြောင့် ထုတ်ကုန်သစ်ကို ထုတ်ပေးလို့မရဖြစ်နေသည်။ သွမ့်ရှူးထုံ စိတ်ကွက်သွားမှာကိုလည်း ကြောက်ရ၍ တစ်နေ့လုံး ရုံးခန်းထဲတွင် နေပြီး နည်းလမ်းတွေ့ရန် ကြိုးစားစဥ်းစားနေရသည်။


သူ့အတွင်းရေးမှူး ကောင်းဖန်းကလည်း သူစိုးရိမ်နေသည့်အရာကို ထဲထဲဝင်ဝင် နားလည်လေသည်။


သူမကြောင့် ကုမ္ပဏီက လူတော်တော်များများက သခင်လေးသွမ့်က ထုတ်ကုန်သစ်တစ်ခု ထုတ်ခဲ့နိုင်ကြောင်း သိထားလေသည်။ ကံမကောင်းစွာ ကုမ္ပဏီက ရန်ပုံငွေမရှိ၍ ထုတ်မပေးနိုင်ဖြစ်နေသည်။ ယခုဆို သူလည်း ဓါတ်ခွဲခန်းထဲ စိတ်ဓါတ်ကျနေမှာဖြစ်သလို မန်နေဂျာကျိုင်ကလည်း စိတ်ညစ်နေမည်ပင်။ 


ဟယ်ယွင့်က အခြားသူများနှင့် ရောရောနှောနှော မနေသော်လည်း သူ့ဆီ ရောက်လာသည့် စကားသံများကို တားဆီး၍မရချေ။


သူက ထိုအကြောင်း ကြားသောအခါ ချက်ချင်း မေးလိုက်မိသည် 


" သူ တကယ်ပဲ သုတေသနလုပ်ပြီး အောင်အောင်မြင်မြင် ထုတ်နိုင်ခဲ့တာပေါ့...."


သုတေသနဝန်ထမ်းက ခေါင်းညိမ့်ပြလာသည်။


“ ဟုတ်တယ်....သုတေသနအစီရင်ခံစာက ရောက်ပြီးနေပြီ...ဒါပေမယ့် ကြားရတဲ့အတိုင်းဆိုရင် သတင်းက အမှားကြီးထင်ပါတယ်....ဘယ်လိုလုပ် အဲ့ဒီလိုထုတ်ကုန်မျိုး တကယ်ရှိနိုင်မှာလဲ...." 


အခြားသော သုတေသနဝန်ထမ်းမလေးတစ်ယောက်က ဝင်ပြောလာသည်


 " သတင်းအမှား မဖြစ်နိုင်ဘူးနော်....ကျိုးလင်မျက်နှာကို တွေ့ခဲ့တယ်မို့လား....ငါ ကြားတာတော့ သူမက ထုတ်ကုန်သစ်ကို သုံးပြီး တစ်ပတ်အတွင်း ကောင်းလာတာတဲ့...."


ကုမ္ပဏီတွင် လျို့ဝှက်ချက်ဆိုသည်မျိုး မရှိချေ။ ထို့ပြင် ကျိုးလင်က ထုတ်ကုန်သစ်ကို ပရိုမိုးရှင်းဆင်းသည့်အနေနှင့် သူမမျက်နှာကို ပြခဲ့သည်။ တစ်ယောက်ယောက်က မေးလာလျှင်လည်း သူမက အမှန်အတိုင်း ပြောပြလိမ့်မည်ပင်။


သုတေသနဝန်ထမ်းများက စုစု စုစုနှင့် စကားပြောမပြတ်ကြတော့ပေ။ ဟယ်ယွင့်က တစ်ခဏမျှ ငြိမ်နေရာမှ သုတေသနဌာနမှ ထွက်သွားပြီး အထွေထွေမန်နေဂျာ ရုံးခန်းဆီ လျှောက်သွားလိုက်သည်။


စာရေးသူမှာ ပြောစရာရှိပါတယ်....


စိတ်ချထား....သခင်လေးလိက နောက်ပိုင်းကျ ဂရုစိုက်ခံရတော့မှာနော်....



👨‍❤️‍👨