Chapter 21+22
Viewers 2k

👨‍❤️‍👨Chapter 21

 â€“ ရင်းနှီးမြုပ်နှံပေးဖို့ အလိုရှိသည်။




ကျိုင်ကျွင့်၏ ရုံးခန်းထဲမှ ထွက်လာသည့်အချိန် ဟယ်ယွင့်၏ မျက်နှာအမူအရာက မပြောင်းမလဲ ယခင်အတိုင်း ရှိနေသော်လည်း ရင်ထဲတွင်ဖြင့် မုန်တိုင်းထန်နေပြီဖြစ်သည်။


မူလက သူက ထုတ်ကုန်များ၏ ထုတ်လုပ်ရေးကို ရပ်ထားပြီး ဓါတ်ခွဲခန်း၂အတွက် ရန်ပုံငွေပေးဖို့ ကျိုင်ကျွင့်နှင့် ဆွေးနွေးရန် သွားခဲ့သော်လည်း ကျိုင်ကျွင့်က ငြင်းဆိုခဲ့လေသည်။ 


ကျိုင်ကျွင့်က ပွင့်ပွင့်လင်းလင်း ထုတ်မပြောသော်လည်း ဟယ်ယွင့်က သူ့ဆန္ဒကို နားလည်သည်။


သူနှင့် သွမ့်ရှူးထုံကြားတွင် ကျိုင်ကျွင့်က သေချာပေါက် သွမ့်ရှူးထုံကို ရွေးမည်ဖြစ်သည်။ သူက ထိုကိစ္စမျိုးကို တစ်ကြိမ်မက နှစ်ကြိမ်မက ကြုံခဲ့ရပြီးသားပင်။


ကွာခြားချက်က ယခုတစ်ကြိမ်တွင် သူ့ဘက်က လက်ဦးယူပြီး တောင်းဆိုလိုက်ခြင်း ဖြစ်နေသည်။


ပြဿနာက ကျိုင်ကျွင့် မဟုတ်ပေ။


သဘောမတူသည့် သွမ့်ရှူးထုံ ဖြစ်နေသည်။ 


သူက စင်္ကြံလမ်းဆုံးရှိ ပြတင်းပေါက်ရှေ့တွင် ရပ်နေရင်း အပြင်ဘက် လမ်းမပေါ်က ဥဒဟိုသွားလာနေသည့် လူများကို ငုံ့ကြည့်လျက် တစ်ချက်စဥ်းစားပြီးနောက် သူ့ဖုန်းနှင့် ဝီချတ်မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။


ဟယ်ယွင့်ဆီမှ မက်ဆေ့ချ်ပို့လာ၍ ချန်နင်က အံ့သြသွားရသည်။ သူက ရှီသွမ်းကို စိုးရိမ်သလို ကြည့်လိုက်မိသည်။


ရှီသွမ်းက ခေါင်းပင် မော့မလာချေ " ကိစ္စတစ်ခုခု ရှိလို့လား...."


ချန်နင် : ဥက္ကဌရှီရဲ့ အာရုံခံနိုင်စွမ်းက အံ့မခန်းပဲ....  


“ သခင်လေးသွမ့် အကြောင်းပါ...."


ထိုအခါမှ ရှီသွမ်းက ခေါင်းမော့ကြည့်လာပြီး အလုပ်မှ အာရုံလွှဲကာ သူ့ဆီ မေးလာသည် " သူ ဘာဖြစ်လို့လဲ...."


ချန်နင်က အခြေအနေကို အကျဥ်းချုပ် ပြောပြလိုက်သည် " သခင်လေးသွမ့်က ထုတ်ကုန်သစ်တစ်ခု လုပ်ခဲ့ပေမယ့် ရန်ပုံငွေအခြေအနေကြောင့် ထုတ်လုပ်လို့ မရဘူးဖြစ်နေပါတယ်...."  


“ နွေဦးဆောင်းဦးခန်းမက သွမ့်မိသားစုလက်အောက်မှာပဲလေ...." ရှီသွမ်းက ပြောလိုက်ပြီးမှ ခေါင်းယမ်းလိုက်ရင်း ဆက်ပြောလာသည် 


" သူက သွမ့်မိသားစုရဲ့ အကူအညီကို မယူချင်တဲ့ပုံပဲ...." 


သွမ့်ရှူးထုံတွင် ကိုယ်ပိုင်မာနရှိမှန်း သူမြင်ခဲ့ရ၍ပင်။


ချန်နင်က ခေါင်းညိမ့်ပြလိုက်သည် " ကျွန်တော်လည်း အဲ့ဒီလို တွေးမိတယ်...." 


သခင်လေးသွမ့်သာ သွမ့်မိသားစုကို မှီခိုနေရသည့်သူဆိုလျှင် ရှန်းချွမ်ကောင်တီသို့ နာနာခံခံလေး ထွက်လာလိမ့်မည် မဟုတ်ပေ။


" စီးပွားရေးချေးငွေတွေ ယူလို့ရတာပဲလေ..."


ရှီသွမ်းက ထုတ်ကုန်သစ်သာ အလုံအလောက် ကောင်းမွန်ပါက နွေဦးဆောင်းဦးခန်းမမှာ ဤလမ်းကြောင်းကို ရယူနိုင်လိမ့်မည်ဟု ယုံကြည်သည်။


ချန်နင်က ဂရုတစိုက်ပြောလာသည်


 " ကျွန်တော် သိရသလောက် နွေဦးဆောင်းဦးခန်းမက အရင်တုန်းက ချေးငွေတွေ ယူခဲ့ဖူးတယ်...ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေမှာ အပြီးသတ်မပေးနိုင်ခဲ့တဲ့အတွက် ဘဏ်တွေနဲ့ သိပ်အဆင်မပြေနိုင်လောက်တော့ဘူး....အခုဆို နောက်ထပ်ချေးငွေ ယူလို့မရမှာ စိုးရိမ်မိတယ်...."   


သူ့စကားလုံးများက ယဥ်ယဥ်ကျေးကျေး သုံးနှုန်းထားခြင်းသာ။ 


အမှန်တရားက သည့်ထက်ပိုဆိုးလေသည်။


ရှီသွမ်းက အနည်းငယ် အံ့သြသွားပြီးနောက် ခဏအကြာတွင် စကားဆိုလာသည် 


" တကယ်လို့ ထုတ်ကုန်သစ်က ဆက်ပြီး ထုတ်လို့မရဖြစ်နေတယ်ဆိုရင် ငါ့ရဲ့ ကိုယ်ပိုင်ငွေထဲက ထုတ်ပြီး နွေဦးဆောင်းဦးခန်းမအတွက် ချေးပေးလိုက်ပါ...." 


သူ နေမကောင်း၍ ဆေးရုံတက်ခဲ့ရသည့် အချိန်က သွမ့်ရှူးထုံက ပြုစုပေးခဲ့၍ အစားပြန်ပေးခြင်းဟုသာ သဘောထားလိုက်မည်ပင်။


သူမှန်းထားသည့်အတိုင်း သွမ့်ရှူးထုံနှင့် ကျိုင်ကျွင့်တို့က ချေးငွေယူရန် ဘဏ်ကို ရောက်လာကြပြီး အုတ်နံရံများကို ဝင်တိုက်မိကုန်သည်။


ရှန်းချွမ်ကောင်တီက လူတိုင်းက နွေဦးဆောင်းဦးခန်းမမှာ ရေသေအိုင်တစ်ခု ဖြစ်မှန်း သိကြသည်။ သူတို့ကို ရင်းနှီးမြုပ်နှံပေးလျှင် အမြတ်ရနိုင်မည်မဟုတ်မှန်းလည်း သိထားကြသည်။


လွန်ခဲ့သည့်နှစ်ရက်အတွင်း ကျိုင်ကျွင့်မှာ သွမ့်ရှူးထုံနောက်လိုက်ရင်း ပြေးလွှားနေခဲ့ရ၍ ခြေထောက်များပင် ယိုင်နဲ့နေသည်။ သူ့အမြင်အရ ဟယ်ယွင့်က တောင်းဆိုလာခြင်းဖြစ်၍ သွမ့်ရှူးထုံအနေနှင့် ငြင်းလိုက်ဖို့ မလိုဟု တွေးမိသည်။ ဒါက မလိုအပ်တဲ့ ပြဿနာတွေ ရှာနေတာပဲ မဟုတ်ဘူးလား....


" ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့....မန်နေဂျာကျိုင်လည်း အလုပ်ကြိုးစားခဲ့ပြီးပြီဆိုတော့ အရင်ပြန်နှင့်လိုက်ပါလား...." သွမ့်ရှူးထုံက လမ်းမပေါ် ရပ်နေရင်း လမ်းပျောက်သလို ခံစားမိလာသည်။


ကျိုင်ကျွင့်ထွက်သွားပြီးနောက် သွမ့်ရှူးထုံ၏ ဝီချတ်မှ အသံမြည်လာသည်။


သူက ဖွင့်ကြည့်လိုက်ရာ ဖိန်ရော့ဝိန်းက ပုံနှစ်ပုံ ပို့လာမှန်း တွေ့လိုက်ရသည်။ ထိုပုံနှစ်ပုံက ထုတ်ကုန်၏ ထုတ်ပိုးမှုအတွက် ရေးဆွဲထားသည့် ပုံကြမ်းများဖြစ်နေသည်။


ပထမပုံက skincareပုလင်းလေး၏ ဒီဇိုင်းပုံ ဖြစ်ပြီး ကျန်သည့်ပုံက အပြင်ဘက်ဗူး၏ ဒီဇိုင်းပုံ ဖြစ်သည်။


ရိုးရိုးရှင်းရှင်းပုံစံလေးကြောင့် သွမ့်ရှူးထုံ၏ မျက်လုံးတို့ တောက်ပသွားရသည်။


ပုလင်း၏ကိုယ်ထည်က စိတ်ကူးယဥ်ဆန်ဆန် ချယ်ရီပန်းပွင့်ရောင်လေး ဖြစ်သည်။ အရောင်က ရေတံခွန်ငယ်တစ်ခုလို ပုလင်းအောက်ခြေမှ အထက်သို့ တစ်ဖြေးဖြေးအရောင်တောက်သွားသည်။ 


ပုလင်းတစ်ခုလုံးက မြူနှင်းတို့ အုံ့ဆိုင်းနေသည့်အတိုင်း မှုန်ပျပျအလှတရားကို ဖော်ပြနေသည်။ ပုလင်း၏ ကိုယ်ထည်ကကားသွားပြီး လည်ရိုးရှည်ရှည်နှင့် ဖြစ်သည်။ မျက်နှာပြင်ပေါ်က ရေးဆွဲထားသည့် အကွက်ပုံလေးများက လှပသက်ဝင်နေ၍ သုံးစွဲသူအမျိုးသမီးတို့အကြိုက်တိုင်းပင်။ 


ထိုပုလင်းကနေ အမွှေးနံ့တစ်ခုခု လွင့်မျောလာသလိုပင် ထင်မှတ်ရ၍ ထုတ်ကုန်သစ်၏ ကိုယ်ပိုင်ရနံ့နှင့် လိုက်ဖက်လှသည်။


သူက ချက်ချင်း စာပြန်ပို့လိုက်သည် : တကယ် အမိုက်စားပဲ....


ဖိန်ရော့ဝိန်း : ရှင်ကျေနပ်တယ်ဆိုရင် ကောင်းတာပဲပေါ့....


ထို့နောက် သွမ့်ရှူးထုံက ကျိုင်ကျွင့်ကို ဖုန်းခေါ်လိုက်လေသည်။




👨‍❤️‍👨



👨‍❤️‍👨Chapter 22

 â€“ ရင်းနှီးမြုပ်နှံပေးဖို့ အလိုရှိသည်။



ကျိုင်ကျွင့်က ဝေးဝေးပင် မရောက်သေးချေ။ သူက သွမ့်ရှူးထုံ၏ ဖုန်းခေါ်ဆိုမှုကို မြင်သောအခါ စိတ်ရှုပ်သွားရသည်။


သူက တစ်ဖက်လူ၏ ပြောစကားကို ကြားလိုက်ရချိန် ပိုပြီး နားမလည်နိုင်ဖြစ်သွားရသည်။


" ပုလင်းဆယ်လုံး အားချင်းလိုတာလား....ဒါပေမယ့် အခုက ထုတ်ဖို့ကလွဲရင် တစ်ခြားလုပ်စရာတွေ ရှိသေးတယ်....ဥပမာ ကုန်စည်ထုတ်ပိုးမှု စျေးနှုန်း စတာတွေ စေ့စပ်ဆွေးနွေးဖို့ လိုအပ်သေးတယ်...."   


“ ကျွန်တော် အမြန်လိုလို့ပါဗျာ....ဒီဇိုင်းပုံက ထွက်လာပြီးပြီ....ဆယ်ပုလင်းထုတ်တာလောက်တော့ ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ချင်မိတယ်....စျေးနှုန်းနဲ့ပတ်သက်လို့ စိတ်မပူပါနဲ့....ဒီဆယ်ပုလင်းက ရောင်းဖို့ရယ်လို့ မဟုတ်ပါဘူး...." 


သွမ့်ရှူးထုံက သူ့ဆုံးဖြတ်ချက်ကို ပြောလာသည် " အခုက ကျွန်တော်က ဒီဇိုင်းအတိုင်းလုပ်ဖို့ ပုလင်းဆယ်လုံး လုပ်ပေးမယ့်သူပဲ ရချင်တာပါ....အရမ်းကြီး မခက်ခဲလောက်ဘူးမို့လား...." 


နွေဦးဆောင်းဦးခန်းမက နှစ်စဥ်နှစ်တိုင်း skincareထုတ်ကုန်များ ထုတ်ခဲ့၍ ပြင်ပအပေါ်ယံထုတ်ပိုးမှုပိုင်းတွင် ကျွမ်းကျင်သူများ ရှိလေသည်။ ပုလင်းဆယ်လုံးလုပ်ဖို့ လူရှာရန်က အလွယ်လေးပင်။  


ကျိုင်ကျွင့်က စဥ်းစားကြည့်ပြီးနောက် သဘောတူလိုကိသည်။


သူလည်း ယန်မြို့တော်မှ သခင်လေးသွမ့်က မျှော်လင့်မထားသည့် အောင်မြင်မှုမျိုး ယူဆောင်ပေးနိုင်ပါ့မလား ကြည့်ချင်မိသည်။ 


ညှိနှိုင်းဆွေးနွေးပြီးနောက် သွမ့်ရှူးထုံမှာ ရုံးပိတ်ရက်များတွင်ပင် အအားမနေတော့ပေ။ သူက skincareပုလင်း ဆယ်လုံးစာအတွက် ဓါတ်ခွဲခန်းထဲတွင်သာနေပြီး အလုပ်လုပ်တော့သည်။ ပူးပေါင်းဆောင်ရွက်ပေးကြသည့် ထုတ်လုပ်မှုပညာရှင်များကလည်း တာဝန်ကျေကြပြီး တနင်္ဂနွေနေ့နေ့လည်တွင် ပုလင်းလှလှလေးများကို ပို့ပေးလာလေသည်။


အရာအားလုံးက အဆင်သင့်ဖြစ်နေ၍ သူတို့လိုအပ်သည့်အရာက အရှေ့ပိုင်းလေသာ။


[ T/N : အရေးကြီးတဲ့အရာတစ်ခုပဲ လိုတော့တာလို့ ပြောချင်တာပါ။ ဒီနေရာမှာဆို ချေးငွေ ဒါမှမဟုတ် ချေးငွေရနိုင်မယ့် အခွင့်အလမ်းကို ဆိုလိုလိမ့်မယ်]


တနင်္လာနေ့ အလုပ်ပြန်ဝင်သည့်အချိန် သွမ့်ရှူးထုံနှင့် ကျိုင်ကျွင့်တို့က ဘဏ်မန်နေဂျာတစ်ယောက်ဆီ ထပ်သွားကြသည်။


မန်နေဂျာယိုက သူတို့နှစ်ယောက်ကို မြင်သောအခါ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားပြီး မျက်နှာအမူအရာကလည်း အေးစက်သွားသည်။ သူက မကူညီပေးချင်သည်မျိုး မဟုတ်ပဲ နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်များအပေါ် ယုံယုံကြည်ကြည် မပုံအပ်ရဲခြင်းပင်။ 


နွေဦးဆောင်းဦးခန်းမက စျေးကွက်ထဲ တော်တော်များများ ထုတ်ခဲ့ဖူးသော်လည်း ဝက်ဝက်ကွဲအောင်မြင်သည်ထိ မည်သူမျှ မလုပ်နိုင်ခဲ့ပေ။


ဘဏ်ဆိုသည်က ပရဟိတအဖွဲ့အစည်း မဟုတ်ချေ။ သူတို့က အကျိုးအမြတ်မရနိုင်သည့် စီးပွားရေးကို လုပ်လိမ့်မည် မဟုတ်ပေ။ 


မန်နေဂျာယို၏ မျက်နှာပေါ်က ငြင်းဆန်နေသည့် အရိပ်အရောင်ကို မြင်သောအခါ ကျိုင်ကျွင့်၏ မျက်နှာက ရှက်ရဲရဲသွားပြီး သက်ပြင်းကျိတ်ချမိသည်။ နွေဦးဆောင်းဦးခန်းမရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့သူက ကုမ္ပဏီအပြင်မှာဆို တကယ် မျက်နှာသာပေးမခံရဘူးပဲ....


သွမ့်ရှူးထုံက ရှက်မသွားပဲ ဘာမှမဖြစ်သလို မျက်နှာနှင့် ပြောလိုက်သည် " မန်နေဂျာယို စိုးရိမ်ဖို့ မလိုပါဘူး....ဒီနေ့ မန်နေဂျာကျိုင်နဲ့ ကျွန်တော် ဒီနေရာကို မဖိတ်ခေါ်ပဲ ရောက်လာရတဲ့ အကြောင်းကိစ္စက ချေးငွေအတွက် မဟုတ်ပါဘူးဗျာ...အရင်နှစ်တွေတုန်းက နွေဦးဆောင်းဦးခန်းမကို စောင့်ရှောက်ပေးတဲ့အတွက် ခင်ဗျားတို့ဘဏ်ကို ကျေးဇူးတင်လို့ပါ...ကျေးဇူးပြုပြီး ဒီလက်ဆောင်သေးသေးလေးကို ကြင်နာစွာ လက်ခံပေးပါဗျာ...."


ထောင့်မှန်စတုဂံပုံ လက်ဆောင်ဗူးလေးက မန်နေဂျာယိုရှေ့ ရောက်လာသည်။


မန်နေဂျာယိုက တစ်စက္ကန့်မျှ အံ့သြသွားသော်လည်း အမြန်လက်ယမ်းပြလိုက်ရသည်။


သူက ဒီလှည့်စားမှုမျိုးထဲ ပစ်ကျသွားမှာ မဟုတ်ဘူး...


မန်နေဂျာယိုက စူးရှသည့် အကြည့်နှင့် သူ့ကို ကြည့်လာသည်။ သွမ့်ရှူးထုံက မတတ်နိုင်ပဲ ပြုံးပြလိုက်ရသည်။ သူက လက်ဆောင်ဗူးလေးကို ဖွင့်ပြလိုက်ရာ ချယ်ရီပန်းပွင့်ရောင် မြူနှင်းမှုန်များ ခြယ်ထားသည့် ပုလင်းလေး ပေါ်ထွက်လာသည်။


ပစ္စည်းက မြင်ရသူကို နွေးထွေးတောက်ပနေသည့် နွေဦးရောင်ခြည်လို ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။


မန်နေဂျာယိုက သူ့ကို အံ့သြသည့် အကြည့်နှင့် ကြည့်လာသည်။


" ဒါက နွေဦးဆောင်းဦးခန်းမရဲ့ ထုတ်ကုန်အသစ်ပါ....အမျိုးသမီးတွေရဲ့ အသားအရေအတွက် အထူးထုတ်လုပ်ထားတာပါ....အရည်အသွေးကလည်း ပြောစရာမလိုအောင်ပါပဲ...."


 á€žá€˝á€™á€şá€ˇá€›á€žá€°á€¸á€‘ုလက မန်နေဂျာယို၏ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ စကားရပ်လိုက်ပြီးနောက် ထုတ်ကုန်ကို စျေးပန်းမခင်းတော့ပဲ စကားစဖြတ်လိုက်တော့သည် 


" ဒါက လက်ဆောင်သေးသေးလေးပါပဲ....ပြစ်ဒဏ်ချနေတာ မဟုတ်ပါဘူး...."


[ T/N : ဒီ "လက်ဆောင်သေးသေးလေးပါပဲ....ပြစ်ဒဏ်ချနေတာ မဟုတ်ပါဘူး" ဆိုတဲ့ စကားကလေ တစ်ယောက်ယောက်ကို လက်ဆောင်ပေးတဲ့အခါမှာ ယဥ်ယဥ်ကျေးကျေး ပြောလိုက်တာမျိုးပါ။ အဆင့်မြင့်တဲ့သူကို တန်ဖိုးနည်း လက်ဆောင်မျိုးပေးတဲ့အခါမှာလည်း သုံးပါတယ်။]


မန်နေဂျာယို : ဒါက သာမန်မဆန်တဲ့ သာမန်လက်ဆောင်တစ်ခုပဲ....


တိုက်တိုက်ဆိုင်ဆိုင် လာမည့်နှစ်ရက်အတွင်း သူ့ဇနီး၏ မွေးနေ့ကလည်း ရှိနေသည်။


သူ့အိတ်ကပ်ထဲတွင်လည်း ပိုက်ဆံအပို မရှိတော့၍ ကောင်းကောင်းမွန်မွန်လေး ဝယ်ပေးဖို့ မတတ်နိုင်ဖြစ်နေသည်။


နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်များက ဝက်ဝက်ကွဲ အောင်မြင်ခြင်းမျိုး မရှိခဲ့သော်လည်း ထုတ်ကုန်၏ အရည်အသွေးက စိတ်ချရပြီး ဘေးထွက်ဆိုးကျိုး မရှိခဲ့ဖူးပေ။ မျက်နှာလိမ်းလိုက်လျှင်ပင် ပြဿနာမရှိသည့် ထုတ်ကုန်များ ဖြစ်သည်။


ပုလင်းလေးက အရမ်းလှသည်။ ဇနီးဖြစ်သူကို ဤပစ္စည်းလေး ပေးလိုက်လျှင် အဆူခံရတော့မည် မဟုတ်ပေ။


ဤအကြောင်း စဥ်းစားလိုက်ရင်း သူက ယဥ်ယဥ်ကျေးကျေး ငြင်းချင်ယောင်ဆောင်လိုက်ပြီးနောက် လက်ဆောင်ကို လက်ခံလိုက်သည်။ နောက်ပြီး သူက ပြောလိုက်လေသည်


 " ကျွန်တော် တကယ်ပဲ ဒါကို ဆုံးဖြတ်ပေးလို့ မရပါဘူး....ခင်ဗျားတို့ ချေးငွေလျှောက်ထားဖို့ပဲ ကူညီပေးနိုင်မယ်...."


နောက်ရက်များတွင်လည်း သွမ့်ရှူးထုံနှင့် ကျိုင်ကျွင့်တို့က ဤအစီအစဥ်အတိုင်းသွားပြီး အခြားဘဏ်မန်နေဂျာများကို ထုတ်ကုန်အသစ် ပို့ပေးခဲ့သည်။


ကုမ္ပဏီသို့ ပြန်သည့်လမ်းတွင် ကျိုင်ကျွင့်က မေးလာသည် " ဒါရိုက်တာသွမ့် အခု ဘာဆက်လုပ်မှာလဲ...." 


သွမ့်ရှူးထုံက အေးအေးဆေးဆေး ပြန်ဖြေလာသည်


 " စောင့်ရမှာပေါ့..."


သူက သူ့ထုတ်ကုန်အပေါ် ယုံကြည်ချက်ရှိသည်။ တစ်ယောက်ယောက်က ထုတ်ကုန်အသစ်၏ စွမ်းရည်ကို သိပြီးသွားသည်နှင့် နွေဦးဆောင်းဦးခန်းမက အခွင့်အရေးကို ဖမ်းဆုပ်နိုင်လိမ့်မည်ပင်။


ကြာသပတေးနေ့ အလုပ်ဆင်းသည့်အချိန်တွင် မန်နေဂျာယိုက အံဆွဲထဲမှ နူးနူးညံ့ညံ့ ဗူးရှည်လေးကို ထုတ်လိုက်ပြီး အိမ်အပြေးပြန်လာခဲ့သည်။


ပြောကာမှ ကျိုင်ကျွင့်နှင့် ထိုကောင်လေးကို ကျေးဇူးတင်ရမည်ပင်။ သူတို့သာ အချိန်မီ လက်ဆောင်ပို့မလာခဲ့လျှင် သူလည်း သူ့ဇနီးကို ဘာလက်ဆောင်ပေးရမလဲ တကယ်မသိပေ။


နှင်းဆီပန်းများက ခဏခဏ ပေးဖြစ်၍ သူ့ဇနီးလည်း ရိုးအီသွားပြီဖြစ်သည်။ လက်ဝတ်ရတနာများကလည်း အသစ်တဆန်းမဖြစ်မိပေ။


သူ့ဇနီးက ခြိုးခြံချွေတာသည့်သူ ဖြစ်သည်။ သူသာ လက်တွေ့မဆန်သော ပစ္စည်းများအပေါ် ပိုက်ဆံသုံးမိလျှင် နားပူအောင် အပြစ်ပြောခံရလိမ့်မည်မှာ မလွဲပေ။


အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်ရတာ လွယ်ကူမနေဘူးပဲ။


သူက စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်စိတ် ရောပြွန်းနေသည့် ခံစားချက်နှင့် အိမ်ပြန်လာသည့်အချိန် အချိန်ပိုဆင်းနေရ၍ အိမ်ပြန်နောက်ကျမည့်အကြောင်း သူ့ဇနီးဆီမှ ဝီချတ်ကနေ မက်ဆေ့ချ် ပို့လာသည်။


အခု သူ တစ်ယောက်တည်း ညစာစားရတော့မှာပေါ့။


မိုးကောင်းကင်ကြီးကပါ လိုက်လျောမပေးတာ စိတ်မကောင်းစရာပဲ။ သူမ အချိန်ပိုဆင်းရင် ညလယ်လောက်မှ ပြန်ရောက်တာ။

 

[ T/N မိုးကောင်းကင်ကြီးကပါ လိုက်လျောမပေးတာ။ စီစဥ်ထားတဲ့အတိုင်း ဖြစ်မလာတာကို ပြောတာပါ။]


မန်နေဂျာယိုက ထိန်းမထားနိုင်တော့၍ အိပ်ရာပေါ် ပစ်လှဲရင်း အိပ်မောကျသွားလေသည်။


လက်ဆောင်ဗူးလေးက စားပွဲပုလေးထက် တိတ်တဆိတ် မှေးတင်နေလျက်။




👨‍❤️‍👨