Chapter 23+24
Viewers 2k

👨‍❤️‍👨Chapter 23

 â€“ ရင်းနှီးမြုပ်နှံရန် အလိုရှိသည်။




နောက်တစ်နေ့ မနက်စောစောပိုင်းတွင် မန်နေဂျာယိုက အိပ်ယာထလာသည့်အချိန် သူ့ဇနီးက အလုပ်သွားပေပြီ။


တစ်ခါတရံ သူ တကယ်ပဲ သူ့မိန်းမ၏ ကုမ္ပဏီဆီ အပြေးသွားပြီး အထက်လူကြီးများကို မေးလိုက်ချင်မိသည်။


 á€˜á€Źá€œá€­á€Żá€ˇá€™á€ťá€Źá€¸ သူတို့လက်အောက်က ဝန်ထမ်းတွေကို နေ့တိုင်း အလုပ် အရမ်းခိုင်းရတာလဲ.... 


တစ်ခုကောင်းသည်က သူ့ဇနီးအတွက် ယူလာခဲ့သည့် လက်ဆောင်ဗူးက ဖွင့်ထားပြီးသား ဖြစ်နေသည့်အပြင် စားပွဲပေါ်တွင် ချယ်ရီပန်းပွင့်ရောင် ပုလင်းဝိုင်းလေးက တင့်တင့်တယ်တယ် ရှိနေသည်။


ယခုအကြိမ် ထုတ်သည့် နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်သစ်က တော်တော်လေးလှပြီး ထုတ်ပိုးမှုဒီဇိုင်နာ၏ စိတ်ရှည်သည်းခံမှုကို ပြပေးနေသည်။ ယခုဆိုလျှင် ထုတ်ကုန်ကလည်း ကြိုးစားအားထုတ်ခဲ့သလောက် ကောင်းကောင်းမွန်မွန် ထွက်လာသည်။ အိုက်ယား....


သူ့မိန်းမ မွေးနေ့ကတည်းကဆို တစ်ပတ်လောက်တောင် ရှိနေပြီ။ ဇနီးဖြစ်သူက မကြာခဏ အချိန်ပိုဆင်းရ၍ နှစ်ယောက်သား အချိန်အတူတူ မကုန်ဆုံးရသည်မှာ ကြာပြီဖြစ်သည်။ မန်နေဂျာယိုက သူ့ဇနီး၏ မျက်နှာကို လွမ်းလာသလို ခံစားရသည်။


သောကြာနေ့ညတွင် မန်နေဂျာယိုက ဧည့်ခန်းထဲက ဆိုဖာပေါ် လှဲနေရင်း တီဗွီကြည့်နေသည်။ သူက ရုတ်တရက် အရှေ့တံခါး သော့ဖွင့်သံ ကြားလိုက်ရ၍ တံခါးဘက်ကို ချက်ချင်း လှည့်ကြည့်မိသည်။


တံခါးက ပွင့်သွားပြီး ဒေါက်မြင့်ဖိနပ်သံက ကြမ်းပြင်ပေါ် ကျရောက်လာသည်။ ယင်းက ရင်းနှီးနေပြီး စိတ်လှုပ်ရှားစရာကောင်းသည့် အသံပင်။ [မန်နေဂျာယိုအတွက်ပေါ့]


သူက ဆိုဖာပေါ်က ချက်ချင်း ဆင်းလိုက်ပြီး ပြေးသွားလိုက်သည်။ သူက မိန်းမ၏အိတ်ကို ကူဆွဲပေးလိုက်ပြီး ဝမ်းသာလုံးဆို့နေသည့် အသံနှင့် ပြောလိုက်သည် " မင်း ဒီနေ့ စောစော ပြန်လာတာပဲ....မိန်းမ....ဒီနေ့ မိတ်ကပ်လိမ်းထားတာလား...."


အကြောင်းအရာက သိသိသာသာပင် ရုတ်ချည်းပြောင်းလဲသွားသည်။


ရွှီရှောင်ချင်က သူမ၏ မျက်ခုံးတန်းပြေပြေလေးကို တွန့်ချိုးမိသည်။ သူမက အရှေ့တံခါးကို ပိတ်လိုက်ပြီး မေးလာသည်


 " ရှင် ဘာတွေ ပြောနေတာလဲ...."


မန်နေဂျာယိုက သူမကို မလွတ်တမ်းကြည့်နေရင်း ပြန်ဖြေလာသည် " မင်းရဲ့အသားအရေက ပိုကောင်းလာတဲ့ပုံမို့လို့လေ....ဒါကြောင့် မင်း မိတ်ကပ်တွေ လိမ်းထားတယ် ထင်မိတာ..."


ရွှီရှောင်ချင်က ချက်ချင်း ပြုံးပြလာရင်း သူ့မျက်နှာကို ဖျစ်ညစ်လိုက်ပြီး နောက်ဆုံး ချီးကျူးလာသည်


 " ဒါတွေအားလုံးက ရှင့်ကို ကျေးဇူးတင်ရမှာပဲ...ကျွန်မခင်ပွန်းက တော်တော်လေး ကြည့်တတ်တဲ့ အမြင်ရှိနေတာလေ....ရှင် အဲ့ဒီskincareကို ဘယ်မှာ ဝယ်ခဲ့တာလဲ....ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မ စျေးထဲ သွားရှာတာလည်း မတွေ့ခဲ့ဘူး...." 


“ ဟမ်...." မန်နေဂျာယိုက ရွှီရှောင်ချင်နှင့်အတူ ဆိုဖာပေါ် ပြန်ထိုင်မိသွားသည် " ဘာskincareလဲ...."


ရွှီရှောင်ချင်က သူ့ကို ဆူပူလိုက်သည် " ရှင် ကျွန်မကို မွေးနေ့လက်ဆောင် ပေးထားတာ မဟုတ်ဘူးလား....ပုလင်းလှလှလေးထဲကလေ....ရှင်က ဘာမှန်းတောင် မသိပဲ ဝယ်လာခဲ့တာလား.....အတီးအတ လုပ်မနေနဲ့....မြန်မြန်ပြောတော့...."


မန်နေဂျာယိုခေါင်းထဲ တိန်ခနဲ ဖြစ်သွားရသည်။ သူက ရွှီရှောင်ချင်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူက သူမကို တစ်ပတ်လောက် မတွေ့ရသည့်အချိန် သူမမျက်လုံးအောက်က အရေးအကြောင်းများ ပါးလာပြီး အစက်အပြောက်များကလည်း အရောင်ဖျော့လာကာ အရေပြားက သိသိသာသာကို တင်းလာသည်။ သူမက တော်တော်လေး ငယ်သွားသလိုပင်။


သူက skincare ထုတ်ကုန်များအကြောင်း နားမလည်သော်လည်း ထိုသို့ မြန်မြန်ဆန်ဆန် ထိရောက်မှုရှိလာသည်က ရှား၍ သူကိုယ်တိုင်ပင် သတိထားမိလာရသည်။


“ မင်း တကယ်ပဲ ဟိုပုလင်းထဲက ဟာလေး သုံးလိုက်လို့ ဒီလို တိုးတက်လာတာလား...." မန်နေဂျာယိုက လက်မလျှော့သလို ထပ်မေးလာသည်။


ရွှီရှောင်ချင်က ခေါင်းညိမ့်ပြလာသည် " ဟုတ်တယ်လေ...တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ သုံးနေကျ ခရင်ကလည်း ကုန်သွားပြီး ဝယ်ဖို့ အချိန်မရှိ....ကံကောင်းလို့ ရှင်က ကျွန်မဆီ ဒါလေး ပေးခဲ့တယ်....လောင်ကုန်း...ရှင်က အရမ်း ဥာဏ်ကောင်းတာပဲ....အို့....ရှင် ဘယ်မှာ ဝယ်ခဲ့တယ်ဆိုတာ မပြောရသေးဘူးနော်....ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကလည်း ဝယ်ချင်နေကြတာ....ခဏခဏ မေးမေးနေကြလို့...." 


သူ့ဇနီး၏ မျှော်လင့်နေသော အကြည့်လေးကို ရင်ဆိုင်လိုက်ချိန် မန်နေဂျာယိုက လျှာခေါက်မတတ် ရှင်းပြလိုက်ရသည် " ဒါက....နွေဦးဆောင်းဦးခန်းမက ထုတ်ကုန်အသစ်လေ....ပြီးတော့ စျေးကွက်ထဲ မရောက်သေးဘူး...."


" ဒါဆို ရှင် ဘယ်လို ဝယ်ခဲ့တာလဲ..."


မန်နေဂျာယိုက သတိထားပြီး ပြောလိုက်ရသည်။


" အာ.... မင်း သိတာပဲ....ငါနဲ့ သူတို့ဘက်က ဒါရိုက်တာကျိုင်နဲ့က ရင်းနှီးတယ်လေ....သူက အဲ့ဒီဘက်မှာ လုပ်တာ....မင်း သုံးနေတဲ့ ခရင် ကုန်သွားမှန်း တွေ့လိုက်လို့ အသစ်တစ်ခု ပေးချင်နေတာလေ....အဲ့ဒါနဲ့ ဒါရိုက်တာကျိုင်က ဒီထုတ်ကုန်အသစ်ကို အကြံပေးလာတယ်....တကယ်လည်း အဲ့လောက်ထိ ထိရောက်လိမ့်မယ်လို့ မသိခဲ့ဘူး...." 


ရွှီရှောင်ချင်က အံ့သြသွားရသည်။ " နွေဦးဆောင်းဦးခန်းမလား....ဟို သိပ်မပေါက်တဲ့ ဘရန်း....ရှင်ပဲ အရင်တုန်းက သူတို့ကို လှောင်ခဲ့တာ မဟုတ်ဘူးလား....ပိုက်ဆံမရှာနိုင်ဘူးဆိုပြီး ....ဒါပေမယ့် အခုထိ ထိပ်မှာ ရှိနေတုန်းပဲလေ...."


မန်နေဂျာယို : .....


ရွှီရှောင်ချင်က ထပ်ပြောလာသည် " ကျွန်မတော့ သူတို့ထုတ်ကုန်တွေက သုံးရလွယ်တယ်လို့ ထင်တယ်....ရှင် ပြောသလောက်လည်း မဆိုးပါဘူး...."


မန်နေဂျာယို : .....


အဲ့ဒါ အရင်တုန်းကလေကွာ။ သူသာ သူ့မိန်းမမျက်နှာ ပြောင်းလဲလာတာကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ခဲ့ရင် နွေဦးဆောင်းဦးခန်းမရဲ့ ထုတ်ကုန်က ဒီလောက် ထိရောက်နိုင်မှန်း ယုံမိမှာ မဟုတ်ဘူး။


ရုတ်တရက် လူငယ်လေး၏ ယုံကြည်ချက်အပြည့်ရှိနေသည့် ပုံစံလေးက ခေါင်းထဲ ပေါ်လာ၍ မန်နေဂျာကျိုင်က တုန်လှုပ်သွားရသည်။ ကြည့်ရတာ နွေဦးဆောင်းဦးခန်းမက ပြန်အသက်ဝင်လာတော့မယ် တူတယ်။


အမျိုးသမီးများအတွက် ထိုသို့ ပစ္စည်းကောင်းမျိုးက မှန်းဆ၍ မရနိုင်အောင်ပင် ဆွဲဆောင်မှုရှိလွန်းသည်။ နွေဦးဆောင်းဦးခန်းမက နွံနစ်နေသော်လည်း ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်နှင့် သေချာပေါက် တိမ်ပေါ်ထိ ရောက်သွားနိုင်လိမ့်မည်။


ထိုအခြေအနေထိ စဥ်းစားမိသွားချိန် မန်နေဂျာယိုက ချက်ချင်း ထရပ်လိုက်ပြီး ဝရံတာဘက် ထွက်ကာ ကျိုင်ကျွင့်ထံ ဖုန်းခေါ်လိုက်သည်။


ဒါက အလားအလာရှိတဲ့ ကုမ္ပဏီပဲ။ ရင်းနှီးမြုပ်နှံဖို့ ထိုက်တန်တယ် မဟုတ်ဘူးလား။




👨‍❤️‍👨



👨‍❤️‍👨Chapter 24

 â€“ အနီရင့်ကလည်း အနီရောင်ပါပဲ


[*T/N: အနီရင့်ကလည်း အနီရောင်ပါပဲ။ ဒါက တရုတ်ဆိုရိုးစကားရှိတယ်လေ။ နာမည်ဆိုးနဲ့ကျော်ကြားတာလည်း နာမည်ကြီးတာပါပဲဆိုတာ။ ဘာလို့လဲဆိုတော့ အခြေအနေနှစ်ခုလုံး ကလူသိများတာမို့လို့ပါ]


ရှန်းချွမ်ကောင်တီက လူဦးရေမများသလို နည်းလည်းမနည်းပေ။


နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်သစ်က ညတွင်းချင်း အောင်မြင်တော့မည့်ပုံပင်။


ဤရက်များအတွင်း ကျိုင်ကျွင့်က လမ်းလျှောက်ရင်း လေပေါ်ပျံဝဲနေသလို ခံစားရပြီး အားအင်အပြည့်ဖြစ်နေသည်။


မန်နေဂျာယိုဘက်က ချေးငွေကိစ္စ သဘောတူလာပြီးချိန်မှစ သူနှင့် ကုမ္ပဏီဝန်ထမ်းများက ထုတ်ကုန်သစ် ပြင်ဆင်ဖို့အတွက် မမောနိုင်မပန်းနိုင် အလုပ်လုပ်ကြရတော့သည်။


အားလပ်ပြီး လုပ်စရာမရှိ ဖြစ်နေခြင်းက တိုက်ခိုက်ချင်စိတ် ကုန်ဆုံးစေပြီး အလုပ်နှင့်လက်မပြတ်မှသာ နိုးနိုးကြားကြား ဖြစ်လာရသည်။


ကျိုင်ကျွင့်က ရင်ဘတ်ထဲကနေ သဘောတူနေမိသည်။


သူက မန်နေဂျာယို၏ ပြတ်ပြတ်သားသား ခွင့်ပြုချက်ကြောင့် သာမက ကျိုးလင်မျက်နှာက ရလဒ်ကြောင့် နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်သစ်ကို အတော်လေး ယုံကြည်ထားလေသည်။


ကျိုးလင်၏ မျက်နှာအကြောင်း ကုမ္ပဏီတစ်ခုလုံးက သိထားကြသည်။ အထွေထွေမန်နေဂျာ ဖြစ်သည့် သူတောင်မှ ထိုအကြောင်း ကြားဖူးလေသည်။


ထုတ်ကုန်သစ်၏ အစွမ်းက ဝက်ခြံနှင့်တင်းတိပ်များရှိသည့် ဒိုင်နိုဆောလို မိန်းကလေးကိုတောင် လှပသည့် လိပ်ပြာငယ်လေးအဖြစ် ပြောင်းလဲပေးနိုင်သည်။


သူက သွမ့်ရှူးထုံကို ထုတ်ကုန်သစ်အကြောင်း သေသေချာချာ မေးထားပြီးပြီဖြစ်သည်။ ဤမျက်နှာလိမ်းခရင်အသစ်က အရေးအကြောင်းများနှင့် ဝက်ခြံတင်းတိပ်များကို ချေဖျက်ပေးနိုင်သော ပိုမိုကောင်းမွန်သည့် အကျိုးသက်ရောက်မှုတို့ ပါရှိသော်လည်း သူ၏ အဓိကအားသာချက်က အသားအရေအရောင် ညီမျှအောင် လုပ်ပေးခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ထုတ်ကုန်အသစ်ကို ကြော်ငြာသည့်အခါ အသားအရောင်ကို ဦးစားပေး ညွှန်းရမည်ပင်။


အခြားသော လုပ်ဆောင်ချက်များ အတွက်ကမူ ယင်းက သုံးစွဲသူများအဖို့ မျှော်မှန်းမထားသည့်အရာ ဖြစ်သွားလိမ့်မည်။


ကျိုးလင်မျက်နှာကို မြင်ပြီးကတည်းက ကျိုင်ကျွင့်မှာ သွမ့်ရှူးထုံ၏ စကားများကို အကြွင်းမဲ့ ယုံကြည်သွားရသည်။ သူက စိတ်ဓါတ်တက်ကြွလာပြီး ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ နွေဦးဆောင်းဦးခန်းမ၏ ဂုဏ်သတင်းကို မြင့်တင်ရန် ကြိုးစားတော့သည်။


ကုမ္ပဏီ၏ ဌာနပေါင်းစုံမှ ဝန်ထမ်းများကလည်း စည်းလုံးလာကြသည်။ သူတို့အားလုံးက နွေဦးဆောင်းဦးခန်းမ၏ " ဘာမှမကောင်းဘူး" ဆိုသည့် နာမည်ကြီးကို ဖယ်ပစ်ချင်နေကြသည့်သူများပင်။


ဓါတ်ခွဲခန်း၁မှ လူများကလွဲလို့။


ယွမ်ဖန်က အချိန်ဖြုန်းရုံသက်သက် ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။ သူက ဤမြို့သေးသေးလေးတွင် စားလိုက်အိပ်လိုက်နှင့်သာ ဘဝကို ကုန်ဆုံးချင်သည်။ နေ့တိုင်း အလုပ်သွား လုပ်ဖော်ကိုင်ဖက်များနှင့် လေပေါလိုက် အခြားသူများကို လှောင်ပြောင်အပုပ်ချလိုက်နှင့် တစ်နေ့တာကုန်ဆုံးပြီး ရုံးဆင်းလာသည့်အချိန် ကတ်ကစားရင်း အပေါင်းအသင်းများနှင့် တစ်ခွက်တစ်ဖလား မော့လေ့ရှိသည်။ သူ့အတွက်တော့ နတ်စည်းစိမ်ခံစားနေရသည့် ရက်များပါပေ။ 


သို့သော်လည်း သူတို့အတင်းပြောနေခြင်းအား သွမ့်ရှူးထုံ ကြားသွားသည့် ထိုနေ့မှစ သူ့မှာ အာဏာပြခံရမည်စိုး၍ ပင်အပ်နှင့် ချုပ်အပ်ပေါ် ရောက်နေသလို ဖြစ်ခဲ့ရသည်။


ရိုးရိုးသားသားပြောရလျှင် ယခုအလုပ်ကို အဆုံးရှုံးမခံချင်ပေ။


သူက ရက်အနည်းငယ်ထိ ကြောက်နေခဲ့ရသော်လည်း အရာအားလုံးက အေးအေးချမ်းချမ်းနှင့် တည်ငြိမ်ဆဲ ဖြစ်နေ၍ တဖြေးဖြေး မေ့ပျောက်လာသည်။ သို့သော်လည်း တစ်လအတွင်း သွမ့်ရှူးထုံက အမှန်ပင် သုတေသနလုပ်နိုင်ခဲ့ပြီး ထုတ်ကုန်သစ်တစ်ခုကို ထုတ်လုပ်နိုင်ခဲ့သည်။


" အသစ်ရောက်လာတဲ့ အထက်လူကြီးတွေတိုင်းက သူတို့အာဏာကို ထုတ်ပြချင်လို့ ပြောင်းလဲမှုတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်လိမ့်မယ်" ဆိုသည့် စာကြောင်းက သူ့စိတ်ထဲ ပေါ်လာပြီး ယခုကိစ္စကို ပြောခြင်းဖြစ်မည်ဟု တွေးမိသည်။ အမှန်တွင်ဖြင့် ထုတ်ကုန်သစ်ဆိုသည်က အခြားထုတ်ကုန်သစ်လိုမျိုးသာ။ နွေဦးဆောင်းဦးခန်းမက နှစ်တိုင်း ထုတ်ကုန်သစ် အများအပြား ထုတ်ခဲ့လေသည်။ သို့သော်လည်း တစ်ခုမှ စျေးကွက်တွင် ပေါက်ရောက်ခဲ့သည်မျိုး မဖြစ်ခဲ့ဖူးပေ။


သို့သော်လည်း ယခုထုတ်ကုန်သစ်က အမှန်ပင် ထူးခြားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


ဒီအသစ်ရောက်လာတဲ့ လက်ထောက်ဒါရိုက်တာသွမ့်က တကယ် အရည်အချင်းရှိတာပဲ။


အဲ့လိုသာဆို ဘာပဲဖြစ်ဖြစ်ဆိုပေမယ့် သွမ့်ရှူးထုံက ထုတ်ကုန်သစ်ကို ပြင်ဆင်ပြီးတာနဲ့ သုတေသနဌာနကို ဖယ်ပစ်ချင်နေတယ်လို့လည်း သတင်းကြားနေရတာ။


ဘယ်လိုလုပ် သူက ဌာနတစ်ခုလုံးကို ဖယ်ပစ်လို့ရမှာလဲ။ ဝန်ထမ်းတွေကို ထုတ်ချင်နေတာပဲ ဖြစ်လိမ့်မယ်။


ယွမ်ဖန်က သူ့ကိုယ်သူနှင့် အခြားလုပ်ဖော်ကိုင်ဖက်များကို တိတ်တိတ်လေး နှိုင်းယှဥ်ကြည့်နေရင်း သွမ့်ရှူးထုံသာ ဝန်ထမ်းများကို အလုပ်ထုတ်မည်ဆိုပါက သူလည်း သေချာပေါက် အထုတ်ခံရမည့်အကြောင်း စဥ်းစားမိသွားသည်။    


ယွမ်ဖန်က ဤသို့ သက်သက်သာသာနေရသည့် ဘဝမျိုးကို မစွန့်လွှတ်ချင်ပေ။ သူက ဤရက်များအတိုင်း ဆက်ပြီး သက်သက်သာသာ နေသွားချင်မိသည်။


ထုတ်ကုန်အသစ်က စျေးကွက်ထဲကို ရောက်တော့မည်ဖြစ်သည်။ မန်နေဂျာကျိုင်က ရှော့ပင်းမောလ်များ၏ ကြော်ငြာနေရာအားလုံးကို ဝယ်ထားပြီး အရောင်းဝန်ထမ်းများကို နွေဦးဆောင်းဦးခန်းမ၏ ထုတ်ကုန်သစ်ကို ကြော်ငြာပြီး ပြောပေးဖို့ ရှော့ပင်းမောလ်က စီမံခန့်ခွဲရေးဝန်ထမ်းများနှင့်လည်း ဆွေးနွေးထားခဲ့သည်။


ကုမ္ပဏီ ကျဥ်းထဲကျပ်ထဲ ရောက်နေတုန်းမှာတောင် သူအထုတ်မခံရဘူးဆိုတော့ ကုမ္ပဏီတိုးတက်လာတဲ့အချိန်မှာ ဘာလို့ အောင်မြင်မှုကို နည်းနည်းလေးတောင် သူမခံစားနိုင်ရမှာလဲ။


သတင်းတွေကြားတာတော့ ကျိုးလင်က သွမ့်ရှူးထုံနောက် လိုက်ခဲ့လို့ ဒီတစ်ခေါက် တော်တော်ပွသွားတာတဲ့။


ယွမ်ဖန်က ဦးနှောက်ကို အလုပ်ပေးပြီး စဥ်းစားကြည့်သော်လည်း ဘာအကြံမှ ထွက်မလာနိုင်ပေ။


သူက အချိန်တော်တော်ကြာသည်ထိ ယခုလိုမျိုး အားအားယားယားနေနိုင်ဦးမည် ထင်ခဲ့သော်လည်း မျှော်လင့်မထားစွာ တနင်္လာနေ့အစည်းအဝေးတွင် ဟယ်ယွင့်က ကုမ္ပဏီတွေ ဝန်ထမ်းများ လျှော့ချမည့်အကြောင်း ပြောသွားခဲ့သည်။ ထို့ကြောင့် သုတေသနဌာနက ဝန်ထမ်းများက လှုပ်လှုပ်ရွရွဖြစ်သွားကြသည်။ ကျိုးလင်မှလွဲပြီး လူတိုင်းက အလုပ်ထုတ်ခံရမှာ ကြောက်နေကြသည်ပင်။


ယခင်က ကျိုးလင်နှင့် ဆက်ဆံရေးမပြေပြစ်ခဲ့သူများလည်း ယခုဆို သူမကို ကပ်ဖားရပ်ဖားလုပ်လာကြသည်။ ကျိုးလင်က လျစ်လျူရှုသာနေပြီး ခေါင်းငုံ့ကာ ဘာမှမပြောပဲ သွမ့်ရှူးထုံ၏ ခြေလှမ်းနောက်သာ အမှီလိုက်ခဲ့သည်။ 


သူမက ဒါရိုက်တာသွမ့်နှင့်အတူ ထုတ်ကုန်အသစ်များ တီထွင်ထုတ်လုပ်ရဦးမည်ဖြစ်သည်။ ထိုလူများအတွက် သူမမှာ အချိန်မရှိပေ။


ကုမ္ပဏီက ဝန်ထမ်းဖယ်ရှားမည်ဟု ပြောခဲ့သော်လည်း ချက်ချင်း လူနည်းနည်းပဲ ရွေးလိုက်ရန်က မဖြစ်နိုင်ပေ။ အလုပ်သမားများ၏ အလုပ်လုပ်သည့် စွမ်းဆောင်ရည်နှင့် အခြား အခန်းကဏ္ဍတို့ပေါ် မူတည်ပြီး ဆုံးဖြတ်ရမည်ဖြစ်သည်။ 


အရည်အချင်းရှိသည့်သူများက ကြောက်မနေကြသလို အဆက်အသွယ်ရှိသည့်သူများကလည်း ကြောက်မနေကြပေ။ အရည်အချင်းလည်းမရှိ အဆက်အသွယ်လည်းမရှိသည့် ယွမ်ဖန်တစ်ယောက်သာ ကြောက်လွန်း၍ တုန်နေလေသည်။


နောက်ဆုံးတွင် ကုမ္ပဏီက သူ့အလိုလိုက်ပြီး သူ့ကို ကြာကြာ စိတ်ဒုက္ခမပေးခဲ့ပါချေ။


[ T/N : အပေါ် စာကြောင်းကလေ ထေ့ငေါ့ပြီး ပြောလိုက်တာပါနော်။ ကောင်းကောင်းနားလည်ကြပါ့မလားမသိ။]


နောက်နေ့တွင် ယွမ်ဖန်က ထုတ်ပယ်ခံရသည့် သတိပေးစာကို လက်ခံရရှိခဲ့သည်။


သူက ထိုစာကို ရရှိခဲ့သည့်အခိုက် ခေါင်းမှစ ခြေဖျားထိ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ သူနှင့်အတူ အရည်အချင်းမရှိသော်လည်း အဆက်အသွယ်ရှိသည့် လူတစ်ယောက်စ နှစ်ယောက်စလည်း အံ့သြသွားကြလေသည်။  


ထိုလူများက တစ်ယောက်ကိုတစ်ယောက် အပြန်အပြန်အလှန်လှန် ကြည့်နေမိရင်း ရွေးစရာမရှိပဲ မကျေနပ်ချက်ကို မြိုသိပ်ကာ ပစ္စည်းသိမ်းပြီး နွေဦးဆောင်းဦးခန်းမထဲမှ ထွက်သွားရတော့သည်။


နွေဦးဆောင်းဦးခန်းမ၏ အပြင်ဘက်သို့ လျှောက်လာခဲ့ရင်း ယွမ်ဖန်က ဒေါသကြောင့် မျက်နှာနီရဲနေသည်။ သူ့မျက်နှာမှ ထွက်လာသည့် ဒေါသအခိုးအငွေ့များကြောင့် မျက်နှာက အရုပ်ဆိုးသွားလေသည်။


“ ဖာ့ခ်....သူတို့က ဒီလောင်ဇီကို ထုတ်ရဲတယ်ပေါ့လေ...." သူက ဒေါသထွက်လွန်း၍ တံခါးကို ကန်စောင့်ရင်း ပိတ်ပစ်လိုက်သည်။


[ T/N: လောင်ဇီဆိုတာက ကိုယ့်ကိုယ်ကို အပေါ်စီးကနေ ပြောတာဖြစ်ပါတယ်]


အစောင့်က မှန်ပြတင်းပေါက်ကနေ သူ့ကို စိုက်ကြည့်နေသည်။ ထိုအစောင့်က ယွမ်ဖန်ဆီ လက်ညှိုးထိုးရင်း သူမကြားနိုင်သည့် အရာတစ်ခုခုကို ပြောနေသည်။ သို့သော်လည်း ကောင်းသည့်အရာ မဟုတ်မှန်းတော့ သေချာသည်။


ယွမ်ဖန်က ပိုစိတ်တိုလာ၍ နောက်လှည့်ပြီး ကျိန်ဆဲလိုက်သည် " အခုဆို သောက်အစောင့်တောင် ငါ့ကို လာအနိုင်ကျင့်နေရတာက...."


အခြားသူများက ယခုအခြေအနေကြောင့် စိတ်ညစ်သွားသော်လည်း ဆိုးဆိုးဝါးဝါးတော့ မဖြစ်မိပေ။ သူတို့လည်း အဆက်အသွယ်ရှိသောသူများ အထုတ်ခံရမည့်အချိန် ရှိလာနိုင်မှန်း ကောင်းကောင်းသိသည်။ 


မည်သို့ဆိုစေ သူတို့၏ မိသားစုတွင် အဆက်အသွယ်များရှိသေး၍ အခြားအလုပ်တစ်ခုကို ထပ်ရှာနိုင်သေးသည်။


သူတို့မှာ ယွမ်ဖန်၏ ဒေါသနှင့် အကူအညီမဲ့နေမှုကို မစာနာပေးနိုင်ပေ။ ယွမ်ဖန်က ဤသည်ကို သိနေသော်လည်း လက်မလွှတ်နိုင်သေးရုံသာ။



👨‍❤️‍👨