Chapter 37
Viewers 4k

👨‍❤️‍👨Chapter 37

– တရားမဝင် ဖမ်းဆီးတာက ပြစ်မှုမြောက်တယ်




ယာ့လန်က ဟိုင်မြို့တော်အခြေစိုက် နာမည်ကြီးလူသိများသော skincareကုမ္ပဏီတစ်ခု ဖြစ်သည်။


နွေဦးဆောင်းဦးခန်းမနှင့် ယှဥ်လိုက်လျှင် ယာ့လန်က သေချာပေါက် အထက်ဆင့်တွင် ရှိသော်လည်း ရှီလုပ်ငန်းစုနှင့် ယှဥ်လိုက်လျှင်ဖြင့် ပုရွက်ဆိတ်သာသာ ရှိသည်။


ရှီသွမ်း၏ အဆင့်အတန်းနှင့် အဆက်အသွယ်များအရ ထိုအကောင့်ပိုင်ရှင်ကို ရှာရန်က ဖုန်ခါသလောက်ပင် ရှိသည်။


သွမ့်ရှူးထုံက ဤအချက်ကို ကောင်းကောင်းနားလည်သဘောပေါက်သော်လည်း သူနားမလည်သည့်အချက်က ဘာအတွက်ကြောင့် ရှီသွမ်းက ဤကိစ္စသေးသေးလေးအပေါ် အာရုံထားပြီး ကူညီပေးနေသည့်အကြောင်းရင်းကို ဖြစ်သည်။


လူငယ်လေးက စကားဆိုမလာ၍ ရှီသွမ်းက နှုတ်ဖွင့်ပြီး မေးရတော့သည်


 " ရှူးထုံ...."


သွမ့်ရှူးထုံက အသိပြန်ဝင်လာသည်။ သူက လက်ထဲက ဘောပင်အဖုံးကို ဆွဲဆွဲကြည့်နေသည်။ သူ့မျက်လုံးများက အေးစက်သွားပြီး စူးရှလာသည်


 " ဒါရိုက်တာဟယ်ရဲ့ ပထမဆုံးအလုပ်က ယာ့လန်မှာ လုပ်ခဲ့တာလို့ ကြားဖူးတယ်...."


“အင်း..." ရှီသွမ်းက စက္ကန့်အနည်းငယ်ခန့် ရပ်သွားပြီးနောက် မေးလာသည် " မင်း တစ်ခုခု လိုအပ်တာရှိရင် ကိုယ့်ကို လာရှာပါ...."


လူငယ်လေး၏ မျက်လုံးထဲမှ အအေးဓါတ်များက ခဏချင်း အရည်ပျော်သွားပြီး အပြုံးတစ်ခုက မျက်နှာထက် ဖြန့်ကျက်လာသည် 


" ကောင်းပါပြီ....ကျေးဇူးတင်ပါတယ်...."


" ပြီးတော့လည်း...." ရှီသွမ်းက အနည်းငယ် တုန့်ဆိုင်းနေသော အသံနှင့် ပြောလာသည် 


" အခုက အင်တာနက်က မုန်တိုင်းမွှေနေတာ....မင်းမှာ အိမ်ပြောင်းဖို့ အချိန်ရှိမှာ မဟုတ်ဘူး....ကိုယ် မင်းကို လာကူဖို့ လူတစ်ယောက် လွှတ်လိုက်မယ်....ပြီးတော့ မိန်းကလေးဖိန်အတွက်လည်း သင့်တော်မယ့် အရာတွေ စီစဥ်ပေးပါ့မယ်..."


သွမ့်ရှူးထုံက မသိစိတ်ကနေ ငြင်းဆန်ချင်မိသည်။ သူက ဖိန်ရော့ဝိန်းကို မနက်ဖြန်ညတွင် လာကြိုမည့်အကြောင်း ပြောထားပြီးသား ဖြစ်နေသည်။ 


အွန်လိုင်းပေါ်က နှောင့်ယှက်မှုတွေက အပြင်မှာတော့ ဖြစ်မလာနိုင်ဘူးမို့လား။ ဒါပေမယ့် ဒါက ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု ဖြစ်နေတယ်။


သူက တတိယဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကြားထဲ ဝင်မပါနိုင်သလို တတိယဇာတ်လိုက်အတွက် အတားအဆီးတစ်ခုလည်း ဖြစ်မလာနိုင်ပေ။


" ဟုတ်ကဲ့ပါ..." သူက သဘောတူလိုက်ရတော့သည်။


ဖုန်းချလိုက်ပြီးနောက် သွမ့်ရှူးထုံက ချက်ချင်း ထရပ်လိုက်ပြီး ဟယ်ယွင့်ကို သွားရှာတော့သည်။


ဟယ်ယွင့်ကလည်း သူ့အလာကို စောင့်နေခြင်းဖြစ်သည်။ သွမ့်ရှူးထုံကို မြင်ပြီးနောက် ပထမဆုံးဆိုလာသည့် စကားက " ငါ ယာ့လန်မှာ တစ်နှစ် အလုပ်လုပ်ခဲ့တယ်....ယာ့လန်ဥက္ကဌရဲ့သားက သုတေသနရလဒ်တွေအားလုံးကို ယူသွားခဲ့တာ...."


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်သည်။ ချန်နင်က ဟယ်ယွင့်နှင့် ဆက်ဆံရေးကောင်းလေသည်။ သူသာ ဟယ်ယွင့်ကို အဲ့ဒီအကောင့်ပိုင်ရှင်စစ်ကို ပြောခဲ့တဲ့သူဆိုရင် သူက ဒါကို မျှော်လင့်ထားပြီးသားမို့လို့ ဖြစ်လိမ့်မယ်။


“ ဒါဆို ယာ့လန်က ထင်ကြေးတွေ ပေးနေတာပေါ့..."


 á€žá€˝á€™á€şá€ˇá€›á€žá€°á€¸á€‘ုလက ဟယ်ယွင့်ဆီ မှတ်တမ်းတစ်ခု ကမ်းပေးလိုက်သည်။


 " သူတို့က ခင်ဗျားက နွေဦးပန်းနံပါတ်၁ကို လုပ်ခဲ့ပေမယ့် အလုခံလိုက်ရတာလို့ တွေးနေကြတာထင်တယ်...."


ဟယ်ယွင့်က မှတ်တမ်းကို ယူပြီး ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားရင်း မျက်ဆံများပင် တုန်ရီသွားရသည်။


" နွေဦးပန်းနံပါတ်၂မှာ မူပိုင်ခွင့် ရှိနေပြီလား..."


[T/N : လုပ်ငန်းစုရဲ့ မူပိုင်ခွင့်လိုမျိုးပါ]


သူက စာမျက်နှာအနည်းငယ်ခန့် အမြန်လှန်ကြည့်ပြီးနောက် နားမလည်သလို မေးလာသည် " အမာရွတ် ဖယ်ရှားတာလား...ဒီအဆင့်ကိုသာ အောင်မြင်နိုင်မယ်ဆိုရင် နွေဦးပန်းနံပါတ်၂က skincare ထုတ်ကုန်တွေရဲ့ အခွင့်အလမ်းထက်ကို ကျော်လွန်နေပြီ မဟုတ်ဘူးလား...."


ဟယ်ယွင့်က အလုပ်ကိစ္စများမှသာ စကားပိုပြောလေ့ရှိလေသည်။


သွမ့်ရှူးထုံက ခေါင်းညိမ့်ပြလိုက်ရင်း ဘောပင် ကမ်းပေးလာသည် " နွေဦးဆောင်းဦးခန်းမက အရင်က ဆေးဝါးခန်းမတစ်ခု ဖြစ်ခဲ့တာ....ဆေးဝါးနဲ့ပဲ စလုပ်ခဲ့တယ်....နောက်ပိုင်း skincareပိုင်းကို အထူးအနေနဲ့ လုပ်ခဲ့ပေမယ့် အချိန်တို နည်းဗျူဟာတစ်ခုပါပဲ...."


ဟယ်ယွင့်က သဘောပေါက်လေသည်။ သေသေချာချာ လေ့လာကြည့်ပြီးနောက် သူက အစီရင်ခံစာကို လက်မှတ်ထိုးပေးလိုက်သည်။


" ဒါရိုက်တာဟယ်...ယာ့လန်ရဲ့ ပန်းတစ်ပွင့်စီးရီးက ခင်ဗျားရဲ့ တီထွင်မှုလား သိချင်မိတယ်..."


ပန်းတစ်ပွင့်က လတ်တလောနှစ်များတွင် ယာ့လန်က ကြော်ငြာခဲ့သည့် ထုတ်ကုန်ဖြစ်သည်။ သွမ့်ရှူးထုံက နွေဦးဆောင်းဦးခန်းမသို့ စစဝင်လာသည့်အချိန် ထိုအကြောင်းကို လေ့လာဆန်းစစ်ကြည့်ခဲ့သည်။ စျေးကွက်ထဲက အခြားသော ထုတ်ကုန်များနှင့်ယှဥ်လျှင် အမှန်တကယ် အကျိုးသက်ရောက်မှုရှိလေသည်။


ဟယ်ယွင့်က အမှန်တရားကို ဖုံးကွယ်မနေတော့ပေ။


 " ငါက အဲ့ဒီတုန်းက တကယ်ပဲ ပန်းတစ်ပွင့်သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ခဲ့တာ...."


ယာ့လန်လို ကုမ္ပဏီကြီးကပင် ကာလတစ်ခုအတွင်း ထုတ်ကုန်တစ်ခုမှ မထုတ်နိုင်သေးပေ။ ယေဘုယျအားဖြင့် သူတို့ဘက်က ပရောဂျက်ကြီးများကို ဖယ်ရှားပစ်လိုက်၍ ဖြစ်နိုင်သည်။ ထိုကာလက ဟယ်ယွင့်၏ အရည်အချင်းများက ထိပ်တန်းအဆင့်ဖြစ်ခဲ့၍ ကုမ္ပဏီ၏ အမိန့်အရ သုတေသနအဖွဲ့တစ်ခုကို ဦးဆောင်ခဲ့ရသည်။


ပန်းတစ်ပွင့်ဆိုသည့် အမည်ရှိ ထုတ်ကုန်ကို အောင်အောင်မြင်မြင်ဖန်တီးပြီးသည့်အချိန် သူ၏ ထူးချွန်ထက်မြက်မှုက စကားနှင့် ပြော၍မရလောက်အောင် သာလွန်ခဲ့သော်လည်း လက်တွေ့ဘဝက သူ့အိပ်မက်အား ရွှံ့ဗွက်ထဲသို့ တွန်းချခံခဲ့လေသည်။


နောက်ဆုံး သူ ယာ့လန်မှ ထွက်သွားရန် ရွေးချယ်ခဲ့သည်။


ရက်စက်သည့် လောကဓံကို ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ရပြီးနောက် ဟယ်ယွင့်က သတ္တိမဲ့လာပြီး အသက်ရှင်ရန်အတွက် ရှန်းချွမ်ဒေသလို ဝေးလံခေါင်သီသည့် နေရာဆီ ပြေးခဲ့ရတော့သည်။


ယခုကိစ္စတွင် ထိုအကောင့်ပိုင်ရှင်က ဟယ်ယွင့် ကြုံခဲ့ရသည်များကို ဖွင့်ချလိုက်သော်လည်း သူတို့ တကယ်လိုအပ်သည့်အရာက သွမ့်ရှူးထုံက အခြားသူများကို အနိုင်ကျင့်ပြီး ထိုထိပ်တန်းထုတ်ကုန်ကို လုယူခဲ့ပါသည် ဆိုသည့်အကြောင်း လူများ သံသယဝင်စေရန်အတွက် ဖြစ်သည်။


ယင်းက စက်ဆုပ်ဖွယ်ကောင်းသော နည်းဗျူဟာတစ်ခု ဖြစ်သော်လည်း အကျိုးသက်ရောက်မှုကိုဖြင့် ငြင်း၍မရနိုင်ပေ။


ထိုအကောင့်ပိုင်ရှင်၏ လမ်းပြမှုကြောင့် အင်တာနက်သုံးစွဲသူများက သွမ့်ရှူးထုံ ခိုးခဲ့သလားဆိုပြီး သံသယဝင်ကုန်ကြတော့သည်။ အမှန်တွင်ဖြင့် ဟယ်ယွင့်က ပညာရေးနောက်ခံ လှပသည်။ သခင်လေးသွမ့်၏ အမှတ်နိမ့်နိမ့်များထက် အများကြီး ယုံချင်စရာကောင်းနေသည်။


ယင်းက ဆရာကြီးအဆင့်က မည်သူဆိုသည့်အကြောင်း သက်သေပြနေသည့်အတိုင်းပင်။


ထိုအချိန်တွင် ဖုန်ရန်က ဘေးကနေ၍ ပေါက်ပေါက် စားနေလေသည်။ သူမက မီးညွှန့်ထဲ သူမကိုယ်သူမ အလွယ်လေး ပစ်မချသေးပေ။ သူမက ပထမတစ်ကြိမ်ကလည်း မျက်နှာဖြတ်ရိုက်ခံရပြီးပြီဖြစ်၍ ယခုဖြစ်နေသည့် ကိစ္စကို တစ်ချက်ကြည့်ရုံနှင့် သိလေသည်။


အချို့အင်တာနက်သုံးစွဲသူတွေက အရူးလုပ်ရလွယ်တယ်....ပြီးတော့ ကြည်လင်နေတဲ့ ကောင်းကင်ကြီးမှာ မျက်လုံးရှိတယ် ဆိုတဲ့ အကောင့်ပိုင်ရှင်က သူ့တို့ကို ဦးဆောင်နေတာ...


ထိုပညာရေးနောက်ခံ ကောင်းသည့်သူ၏ နာမည်ကို တွဲမရေးထားသော်လည်း လက်လေးတစ်ချက် နှိပ်လိုက်သည်နှင့် နွေဦးဆောင်းဦးခန်းမ သုတေသနဌာန၏ လက်ရှိဒါရိုက်တာက မည်သူမှန်း အလွယ်လေး ရိုက်ရှာနိုင်သည်။


ဤသည်က ဟယ်ယွင့်ကို ဖော်ထုတ်လိုက်သည်နှင့် ဘာမှမကွာပေ။


ဟယ်ယွင့်၏ သရုပ်မှန်က ပေါ်လာ၍ သူ့၏ ယခင်က နစ်နာချက်များကလည်း သေချာပေါက် ဖော်ထုတ်ခံရတော့မည် ဖြစ်သည်။


စာနာသနားနေကြသည့်သူများ ရှိသလို ပြစ်တင်ဝေဖန်နေကြသည့် သူများလည်း ရှိကြသည်။ ဟယ်ယွင့်က အရည်အချင်း လုံးဝမရှိပဲ အထင်ကြီးခံချင်ရုံသက်သက် လုပ်ခဲ့သည်ဆိုပြီး တွေးနေကြသည့်သူများပင် ရှိလေသည်။


စဥ်းစားတတ်သည့်သူ တစ်ယောက်က အောက်တွင် ကောမန့်ဝင်ရေးလာသည်။


[" မူရင်းပို့စ်တင်တဲ့သူက skincareလောကက ဆရာကြီးတွေအားလုံးကို ဝေဖန်နေတာပဲ.... ဒါက သွမ့်ရှူးထုံကို နာမည်ဖျက်ချင်လို့ ဟယ်ယွင့်ကို ဖော်လိုက်တာများ ဖြစ်နိုင်မလား....ဒီလိုဖြစ်ဖို့ မျှော်မှန်းထားတာဆိုရင် တကယ် နားမလည်နိုင်စရာပဲ...."]


ကုမ္ပဏီကြီးတိုင်းက သူတို့ရဲ့ ပုံရိပ်ကို တန်ဖိုးထားတတ်ကြတယ်။ အဲ့ဒီအကောင့်ပိုင်ရှင်က ယာ့လန်ကဆိုရင် ဘာလို့ သူတို့က ယာ့လန်ကို ဒီအရှုပ်အရှင်းထဲ ပါခိုင်းရတာလဲ။


သွမ့်ရှူးထုံက ဤအချက်ကို နားမလည်နိုင်ဖြစ်နေသည်။ သူတို့က သူ့ကို နွံနစ်စေချင်တာနဲ့ပဲ သူတို့ပုံရိပ်ကို ဂရုမစိုက်မှာတော့ မဟုတ်လောက်ဘူးမို့လား။


သွမ့်ရှူးထုံက ထိုပဟေဠိကို အဖြေမရှာနိုင်သေးခင် သွမ့်စစ်ဖူဆီမှ ဖုန်းဝင်လာသည်။


သူ့အစ်မက အမြဲတမ်း အပြောင်းအလဲမရှိ မိုးကြိုးသွားနှင့် လေပွေလို လူမျိုးပင်။


[T/N : တိကျမြန်ဆန်တဲ့သူကို ပြောတာပါ]


“ငါတို့ မိဘတွေက လိုင်းသိပ်မကြည့်ကြဘူး...ကုမ္ပဏီကလူတွေက သတိထားမိနေကြရင်တောင် သူတို့ဘက်ကတော့ စပြောကြမှာ မဟုတ်ဘူးလေ....ငါလည်း သူတို့ကို စိတ်မပူစေချင်တာနဲ့....အဲ့ဒီအကောင့်ပိုင်ရှင်က ယာ့လန်ကပဲ...ဒါပေမယ့် သူနဲ့ ယာ့လန်ကြားမှာ စိတ်ဝမ်းကွဲနေကြတာ....သူက ဒီအခွင့်အရေးကို သုံးပြီး ဒီနယ်ပယ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်ရုံသက်သက်ပဲ...." 


သွမ့်ရှူးထုံက စိတ်အေးသွားသလို သက်ပြင်းချမိသည် ။


" အခုမှ အဓိပ္ပါယ် ရှိသွားတော့တယ်...ဒါပေမယ့် ဒီလူနဲ့ ယာ့လန်ကြားမှာ ဘယ်လိုမျိုး သဘောထားကွဲပြားနေတာလဲ...."


သူတို့လည်း ဟယ်ယွင့်လိုမျိုး တစ်ပုံစံတည်း ကြုံခဲ့ရတာတော့ မဖြစ်နိုင်ဘူးမို့လား။


သူမှန်းတာ မမှားခဲ့ပေ။ သွမ့်စစ်ဖူက ပြန်ဖြေလာသည်။


 " သူက သူ့ရဲ့သုတေသနရလဒ်တွေ ဖိအားပေးခံရပြီး အလုခံလိုက်ရလို့ မကျေမနပ်ဖြစ်နေတာ....ဒါပေမယ့် သူက တော်တော်လေး သည်းခံပေးထားပြီးပါပြီ....နောက်တော့ မင်းက နာမည်ကြီးနေတာကို မြင်သွားပြီး တိုက်တိုက်ဆိုင်ဆိုင် ဟယ်ယွင့်အခြေအနေကိုလည်း သိချင်လို့ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာ...."


ဒါက ငါးသေမလား ပိုက်ကွန် ကွဲမလားဆိုတဲ့ အခြေအနေကြီး မဟုတ်ဘူးလား။


[T/N : ဒါက တရုတ်အသုံးအနှုန်း တစ်ခုပါ။ သေမလားရှင်မလား ရုန်းကန်ရတာကို ပြောတာပါ။ ဒီကိစ္စမှာတော့ အဲ့ဒီလောက်ထိ မပြင်းထန်ဘူးလို့တော့ ယူဆပေမယ့် သူက ဒီနယ်ပယ်ရဲ့ အညစ်အကြေးတွေကို ဖော်ထုတ်ဖို့ အသက်စွန့်ထားရသလိုမျိုး ဖြစ်ဖို့များပါတယ်]


ယာ့လန်က သူ့ကို ဆက်ထားတော့မည် မဟုတ်ကာ အခြားကုမ္ပဏီများကလည်း သူ့ကို အလုပ်ခန့်တော့မည် မဟုတ်ပေ။ သူက သွမ့်ရှူးထုံကိုလည်း ရေဆိုးလောင်းချလိုက်၍ နွေဦးဆောင်းဦးခန်းမက သေချာပေါက် သူ့ကို အလုပ်ခန့်လိမ့်မည် မဟုတ်ပေ။


" ကျေးဇူးပါ....အစ်မ..." သွမ့်ရှူးထုံက ဖြူဖြူစင်စင် ပြုံးလိုက်သည် " အစ်မက အလုပ် အရမ်းများပေမယ့် ကျွန်တော့်ကို ကူညီနေသေးတယ်...."


သွမ့်စစ်ဖူက ထိုစကားချိုချိုလေးများနှင့် အသားမကျပေ။ သူမက ချောင်းဖွဖွဆိုးလိုက်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်


 " နင်က ငါ့မောင်လေးပဲလေ....ပြီးတော့ နင်ပို့လိုက်တဲ့ နွေဦးပန်းနံပါတ်၁က တကယ် ထိရောက်တာဟ....အမေရော ငါရော နှစ်ယောက်လုံး သုံးနေကြတာ..."


သွမ့်စစ်ဖူနှင့် သခင်မကြီးသွမ့်တို့၏ မျက်နှာက အသားအရေမညီခြင်း မရှိသော်လည်း နွေဦးပန်းနံပါတ်၁က အစိုဓါတ်ဖြည့်ပေးပြီး အရေးအကြောင်းဖယ်ပေးသည့် စွမ်းရည်တို့ ရှိနေသေးသည်။ ထိုပစ္စည်းကို သုံးပြီးနောက်ပိုင်း သူတို့နှစ်ယောက်လုံး၏ အသားအရေက အမှန်တကယ် ပိုမိုနုပျိုသွားလေသည်။  


သွမ့်ရှူးထုံက ရင်ထဲ ထိသွားရသည်။ သူက တစ်ခဏမျှ တုန့်ဆိုင်းသွားပြီးနောက် မေးလိုက်သည် 


" အစ်မရော နွေဦးပန်းနံပါတ်၁ကို ကျွန်တော်ကိုယ်တိုင် လုပ်ထားတယ်ဆိုတာကို ယုံလား...."


သူမက သံသယ နည်းနည်းလေးမှတောင် မဝင်ဘူးလား။


သွမ့်စစ်ဖူက တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလာသည် ။


" နင့်ရဲ့ အကျင့်ကို ငါတို့ သိတယ်လေ....နင်က ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ သူများပစ္စည်းကိုတော့ ခိုးမှာ မဟုတ်ဘူး...နင် မမှတ်မိလောက်တော့ဘူး....နင်ငယ်ငယ်တုန်းက အဖိုးနဲ့အတူတူ ဆေးပညာသင်ခဲ့တာလေ... အထူးသဖြင့် ဆေး ထုတ်လုပ်ရတာကို သဘောကျခဲ့တာ....ငါတို့အတွက်တောင် ဆေးထုတ်လေးတွေ ကိုယ်တိုင် လုပ်ပေးခဲ့သေးတယ်....ငါတို့မှာ အဲ့ဒါလေးတွေ ရှိသေးတယ်ရော...."


ဆေးက ကုန်သွားပြီ ဖြစ်သော်လည်း ဆေးထုပ်အခွံကဖြင့် ကျန်နေသေးသည်။


" အဖိုးက နင့်မှာ ပါရမီရှိတယ်ဆိုပြီး အမြဲတမ်း ချီးကျူးခဲ့တာ....ဒါပေမယ့် အဖိုး ဆုံးသွားတော့ နင်လည်း...."


ပြောရင်း သွမ့်စစ်ဖူက စကားရပ်လိုက်သည် " ငါ ဒီမှာ လုပ်စရာလေးတွေ ရှိသေးလို့ နောက်အားမှ ဆက်ပြောကြတာပေါ့...."


စူပါဝူးမန်းက ဖုန်းချသွားလေသည်။


[*T/N: အောင်မြင်နေတဲ့ လုပ်ငန်းရှင် အမျိုးသမီးကို ပြောတာပါ]


သွမ့်ရှူးထုံက လက်ထဲက ဖုန်းကို ကြည့်နေမိသည်။ သူက ရုတ်တရက် နှုတ်ခမ်းပင့်ပြီး ပြုံးလိုက်မိသည်။ သူ၏ မျက်လုံးများက စိတ်အေးချမ်းသွားသည့် ခံစားချက်များနှင့် ပြည့်နှက်နေလသည်။


မိသားစုရဲ့ ယုံကြည်မှုကို ရထားတာ တကယ် ကောင်းတာပဲ။


မူလခန္ဓာကိုယ်ပိုင်ရှင်၏ မြုပ်နှံထားသော မှတ်ဥာဏ်များက သွမ့်စစ်ဖူ၏ စကားများကြောင့် တဖြေးဖြေး စိတ်ထဲ ပြန်ပေါ်လာခဲ့လေသည်။


ယင်းက ကာလကြာပြီဖြစ်သည့် မှတ်ဥာဏ်တစ်ခု ဖြစ်နေ၍ ရှင်းရှင်းလင်းလင်း မရှိချေ။ သူက ဝိုးတိုးဝါးတားသာ မြင်နေရသည်။


သူက အဖိုးသွမ့်မှာ ဆရာဝန်နှင့် လူနာကြားက အငြင်းပွားမှုကြောင့် သေသွားခဲ့ရသည်ကိုသာ မသဲမကွဲ မှတ်မိလိုက်သည်။ ဤသို့ ကံဆိုးမိုးမှောင်ကျသည့် အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကံကြမ္မာက လှုပ်ခတ်သွားခဲ့လေသည်။ သို့သော်လည်း အဖိုးသွမ့်က မြေးဖြစ်သူက သူ့အရည်အချင်းကို ဖြုန်းတီးမပစ်လောက်ဟု မျှော်လင့်ထားခဲ့သည်။ သူ့နှလုံးသားက နာကျင်စရာ အတိတ်ခံစားချက်များနှင့် ပြည့်နှက်နေသည်။


မူလခန္ဓာကိုယ်ပိုင်ရှင်၏ ပင်ကိုယ်စိတ်ထားက နူးညံ့ပြီး ကြင်နာတတ်သည်။ မဟုတ်ပါက သူက ဇာတ်လိုက်မဘေးနားနေပြီး သစ္စာရှိရှိ ရပ်တည်ပေးလိမ့်မည် မဟုတ်ပေ။


ထိုအခိုက် ဖိန်ရော့ဝိန်းက ရုတ်တရက် ဝီချတ်ကနေ မက်ဆေ့ချ် ပို့လာသည် :


[ ရှင်ပြောခဲ့တဲ့ အိမ်ငှားပေးမယ့် သူငယ်ချင်း ရှိတယ်ဆိုတာလေ....လုံခြုံရေးလည်း ကောင်းပြီး ရှန်းချွမ်အပန်းဖြေအိမ်ယာဝန်းထဲမှာ ရှိတဲ့ အိမ်ဆိုတာ....ကျွန်မ ကြည့်ခဲ့ပြီးပြီ....အဲ့ဒီနေရာက ဗီလာတွေ အပြည့်ပဲ....ငှားခက တကယ်ပဲ ယွမ်တစ်ထောင့်ငါးရာပဲ ကျတာလား....]


[T/N: ဘာသာပြန်တဲ့အချိန်တုန်းက ယွမ်၁၅၀၀က အမေရိကန်ဒေါ်လာ ၂၃၂.၆၈ဒေါ်လာပဲ ရှိသေးတာပါ]


ယန်မြိုတော်တွင် အခန်းသေးသေးလေး တစ်ခန်း ငှားလျှင်ပင် ယွမ်၁၅၀၀ထက် ကျော်လေသည်။ ရှန်းချွမ်ကောင်တီက ဝေးလံခေါင်ဖျားသော အရပ်ဖြစ်သော်လည်း ဗီလာတစ်ခုအတွက် ယွမ်၁၅၀၀က အလွန် နည်းလှသည်။


သွမ့်ရှူးထုံက ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဖိန်ရော့ဝိန်းသာ သူ့အိမ်မှန်း သိသွားပြီး သူမကို နေခွင့်ပေးကာ သူက အခြားတစ်ယောက်အိမ် ပြောင်းနေရမှန်း သိသွားခဲ့လျှင် သေချာပေါက် သဘောတူလိမ့်မည် မဟုတ်ပေ။


သူက သူငယ်ချင်းတစ်ယောက်က တောင်းဆိုထားလို့ ကြားကနေ လုပ်ပေးနေရတဲ့ နေရာကနေ သရုပ်ဆောင်နေတာ ဆိုတော့ ပေါက်ကရပြောလိုက်ဖို့ပဲ တတ်နိုင်တော့တယ်။  


ထို့ကြောင့် သူက ရွှန်းရွှန်းဝေအောင် ပြန်ဖြေပေးလိုက်သည် 

[: ဒါက ကျွန်တော့် သူငယ်ချင်းက စျေးသတ်မှတ်ထားတာပါ...]


ဖိန်ရော့ဝိန်း :[ ကျေးဇူးတင်ပါတယ်...]


သွမ့်ရှူးထုံက စာပြန်မပို့တော့ပေ။ သူက ဖုန်းကို အိပ်ကပ်ထဲ ထည့်ထားလိုက်သည်။ 


ကြည့်ရတာ ဖိန်ရော့ဝိန်းက လမ်းပျောက်နေလို့ ဖြစ်မယ် ...မဟုတ်ရင် သူ့အကူအညီကို လွယ်လွယ်လေး လက်ခံမှာ မဟုတ်ဘူး။


ဒုက္ခရောက်နေတဲ့သူကို ကူညီပေးရမှာပေါ့။ ဖိန်ရော့ဝိန်း တတ်နိုင်သမျှ ပြောင်းလာလို့ရအောင် ဒီနေ့ည သူအိမ်ပြန်ပြီး အထုပ်သိမ်းမှပါ ..မဟုတ်ရင် လိရှောင်း ပြန်ရောက်လာလို့ သူမတားလိုက်နိုင်မှာ စိုးမိတယ်။


လိရှောင်းက သူထင်ထားတာထက်ကို ပိုရူးနေတာ။ 


နောက်တစ်နေ့တွင် ဖိန်ရော့ဝိန်းကို ဆက်သွယ်လို့မရသည့်အခါ သွမ့်ရှူးထုံက တစ်ခုခု ဖြစ်နေမှန်း နားလည်သွားခဲ့သည်။


သူက ဖိန်ရော့ဝိန်းနေသည့် နေရာသို့ အရင်ဆုံး ပြေးသွားလိုက်သည်။ ခဏကြာ တံခါးခေါက်သည့်တိုင် ဘာမှ ပြန်ဖြေလာခြင်း မရှိပေ။ ဘေးအခန်းက ကြင်နာတတ်သော အိမ်နီးချင်းတစ်ယောက်က ဖိန်ရော့ဝိန်းမှာ မနေ့က ပစ္စည်းဝယ်ထွက်သွားပြီးကတည်းက ပြန်မလာဟု ပြောပြခဲ့လေသည်။


သွမ့်ရှူးထုံက ချက်ချင်း လိရှောင်းကို ဖုန်းဆက်လိုက်ရာ လိရှောင်းက အမြန် ဖြေလာသည်။


" သွမ့်ရှူးထုံ..."


" လိရှောင်း....ဖိန်ရော့ဝိန်း ဘယ်မှာလဲ...."


" မင်း ဘာတွေ ပြောနေတာလဲ....ငါ နားမလည်ဘူး...." လိရှောင်းက မထူးခြားသလို ပြန်ဖြေလာသည်။


ဒေါသစိတ်က သွမ့်ရှူးထုံခေါင်းထဲ ဝင်ရောက်လာသည်။ လိရှောင်း၏ အကျင့်အတိုင်းဆို သူ မလုပ်ထားဘူးဆိုရင် ဖိန်ရော့ဝိန်း ပျောက်နေတာကို သိတာနဲ့ ဒီလို အေးအေးဆေးဆေး ဖြစ်နေမှာ မဟုတ်ဘူး။


သူက လေသံကို ကြောက်စရာကောင်းအောင် တိုးလိုက်ရင်း သတိပေးလိုက်သည်။


 " တရားမဝင် ဖမ်းဆီးတာက ပြစ်မှုမြောက်မှန်း မင်းသိသင့်တယ်...."


" ဟ..." လိရှောင်းက လှောင်ရယ်လိုက်သည် " မင်း ဘာတွေပြောနေမှန်း ငါမသိဘူး...."


ပြောပြီးသည်နှင့် ချက်ချင်း ဖုန်းချသွားသည်။


သွမ့်ရှူးထုံက ထပ်ခေါ်သော်လည်း မအားသေးပါဟုသာ ပြန်ဖြေလာသည်။


သူက အပြစ်ရှိသလို ခံစားမိပြီး သူ့ကိုယ်သူ ညံ့ဖျင်းသည်ဟု ထင်မိသည်။


 á€–á€­á€”á€şá€›á€ąá€Źá€ˇá€á€­á€”á€şá€¸á€€ လိရှောင်းကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လိရှောင်း၏ အပြုအမူက အောက်ဆုံးအဆင့်ထိ ရောက်နေပေပြီ။



👨‍❤️‍👨